Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 30, 2013

အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ(မေးခွန်းနဲ့အဖြေအထွေထွေ)

Q and A Over 18 Readings (115)
1. သမီး အသက်က ၂၃ နှစ်ပါ။ အိမ်ထောင်ကျတာ တစ်နှစ်လောက်ရှိပါပြီ။
2. ကျွန်တော် လိင်ဆက်ဆံတုန်း ကွန်ဒုံးပေါက်ပြဲသွားပါသည်။
3. ကျွန်မ နေ့စဉ်သောက်ဆေးကိုဖြတ်ထားတာ သုံးလကျော်ပါပြီရှင့်။
4. လွန်ခဲ့သော ၁ လလောက်က ကျွန်တော် ကွန်ဒုံးမပါဘဲ
5. My name is (့). Now I am working in (့).
6. ကျွန်တော့်ကောင်မလေးက ဒီလ 1 ရက်နေ့က ရာသီလာပြီး 6 ရက်နေ့မှာ အတူနေမိလို့
7. အရေးပေါ်တားဆေး ထပ်တိုက်လိုက်ပါတယ်။
8. ကျနော်အသက် ၂၅ ပါ။
9. ကျွန်တော့ အသက်က ၂၅ ပါ။ မူးယစ်ဆေး ဖြတ်ထားတာ
10. သမီး ပထမကိုယ်ဝန်ရှိတုံးက OG က Primolut n, Macforman
11. မိန်းမကိုယ်ကနေ သွေးညစ်ညစ်တွေ ဆင်းပါတယ်။
12. တကယ်လို့ ကိုယ်ဝန်ရှိနေတယ်ဆိုရင် ကျွန်မ ကေသီပန်ဆေးထုပ်တွေ
13. ကျွန်မ မိန်းမကိုယ်က အဖြူမဆင်းတာကြာပါပြီ။
14. သမီးအသက် (၂ဝ) ရှိပါပြီ၊ သမီးမှာ ချစ်သူရှိပါတယ်။

Sat, Jan 26, 2013 at 2:48 PM
သမီး အသက်က ၂၃ နှစ်ပါ။ အိမ်ထောင်ကျတာ တစ်နှစ်လောက်ရှိပါပြီ။ သမီးအမျိုးသားနဲ့ နောက်ဆုံးအကြိမ်ဆက်ဆံခဲ့တာ တစ်ပါတ်လောက်ရှိပါပြီ။ ဆက်ဆံပြီးတော့ သွေးနည်းနည်းထွက်ပါတယ် သွေးထွက်တာလည်း ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး စိုးရိမ်ရလားလို့ပါ။ ပြီးတော့ သမီး အခုရာသီလာပြီးသွားပါပြီ ဆီးခဏခဏသွားချင်နေပါတယ် ဆီးသွားရင်လဲ နည်းနည်းစီပဲ သွားပါတယ်။ ဆီးခုံတစ်ဝိုက်လဲ အောင့်နေပါတယ်။ ဆီးပူညောင်းကျရောဂါများ ဖြစ်နေမလားမသိပါ။ ကျန်လကဏာတော့ ဘာမှမပြပါဘူး ဆေးခန်းသွားပြဖို့များလိုမလားလို့ပါဆရာ။

သွေးဆင်းတာကို မစိုးရိမ်ပါနဲ့။ ဆီးအောင့်တာ ၂ မျိုးဖြစ်နိုင်တယ်။ ဘာဘဲဖြစ်ဖြစ် ပိုးတခုခုဝင်တာဖြစ်မယ်။ တခြားဟာလဲ ထည့်စဉ်းစားရမှာဘဲ။
Norflox 400mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက်သောက်ပါ။ ၂ ရက်နဲ့ သက်သာမလာသေးရင် Doxicycline တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်ပါတွဲသောက်ပါ။ လိုသေးရင်မေးပါ။

Sat, Jan 26, 2013 at 8:27 AM
ကျွန်တော် လိင်ဆက်ဆံတုန်း ကွန်ဒုံးပေါက်ပြဲသွားပါသည်။ ထိုအချိန်တွင် ယောက်ျားလေး သုတ်ရည်မထွက်သေးပါ။ ထို့နောက် မိမိဘာသာ လက်နှင့်သုတ်ထွက်အောင်ပြုလိုက်ပါသည်။ အဲ့ဒါရောဂါကူးနိုင်ပါသလားသိချင်ပါသည်။ ဖြစ်နိုင်ရင် ကူးနိုင် မကူးနိုင် အဖြေကိုလိုချင်ပါတယ်။

မိန်းကလေးမှာ ပိုးရှိနေရင်၊ ယောက်ျားလေးရဲ့ လိင်အင်္ဂါမှာ သွေး+အရည်ဝင်လာစေနိုင်မဲ့ အပါက်အပြဲ-အနာအဆာရှိနေရင်တော့ ပိုးဝင်ချင်ဝင်နိုင်တယ်။
သုက်ထွက်ခြင်းနဲ့တော့ မသက်ဆိုင်ပါ။ ပြောပြချက်အရ ထိစပ်ချိန်တော့ နည်းတယ်လို့မှတ်ယူနိုင်တာပေါ့။
ရာနှုန်းပြည့်တော့ မပြောနိုင်ပါ။ ဖြစ်ခဲ့ပြီးသားအတွက် မစိုးရိမ်ပါနဲ့။ အကာအကွယ်မပါဘဲ ဆက်ဆံမိတာတောင်မှ အခါတိုင်းကနေ မကူးတတ်ပါ။
ကောင်းတာကတော့ နောက် ၃-၆ လမှာ ဆေးစစ်ပါ။
ဒီကြားထဲမှာ ခံစားရတာရှိလဲ ထပ်မေးချင် မေးနိုင်ပါတယ်။
HIV ပိုးကို ၃ လ(သို့) ၆ လမကွာဘဲ ဝင်ဝင်ချင်း စစ်လို့ရတဲ့သွေးရှိတယ်လို့သိရပါတယ်။ ဟုတ်ပါသလား။ အဲ့ဒီသွေး အမည်ကိုသိချင်ပါတယ်။
HIV - How to live with a positive person အတူနေမယ် မကူးစေရ http://dts-medicaleducation-adult.blogspot.in/2012/05/hiv-how-to-live-with-positive-person.html
HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါများ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-acute-infection.html
HIV and CD4 စီ-ဒီ-ဖိုး http://dts-medicaleducation-adult.blogspot.in/2012/05/hiv-and-cd4-and-viral-load.html
HIV and Oral Sex ပါးစပ်သုံးပြီး လိင်ဆက်ဆံတာနဲ့ (အိတ်ခ်ျအိုင်ဗွီ) http://dts-medicaleducation-adult.blogspot.in/2012/03/hiv-and-oral-sex.html
HIV Duo Test ဆိုတာဘာလဲ http://dts-medicaleducation-adult.blogspot.in/2012/07/hiv-duo-test.html
HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ http://dts-medicaleducation-adult.blogspot.in/2012/03/hiv-faq.html
HIV latest news သတင်းများ http://dts-medicaleducation-adult.blogspot.in/2012/05/hiv-latest-news.htmlAIDS themes HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-medicines-side-effects-1-art.html
HIV medicines Side effects (2) ART ဆေး ဘေးထွက်-ဆိုးကျိုးတွေ နည်းအောင်နေခြင်း http://dts-medicaleducation-adult.blogspot.in/2013/01/hiv-medicines-side-effects-2-art.html
HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-opportunistic-infections.html
HIV screening tests စမ်းသပ်နည်းများ http://dts-medicaleducation-adult.blogspot.in/2012/11/hiv-screening-tests.html
HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/hiv-sexual-transmission-hiv.html
HIV Testing Kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducation-adult.blogspot.in/2013/01/hiv-testing-kits.html
HIV Tests (1) စမ်းသပ်နည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-1.html
HIV Tests (2) စမ်းသပ်နည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-2.html
HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.com/2011/03/hiv-tests.html
HIV victims in Myanmar မြန်မာ့ HIV-AIDS တိုက်ဖျက်ရေး၏ သားကောင်များ http://dts-medicaleducation.blogspot.com/2011/12/victims-of-myanmars-hivaids-struggle.html
HIV ကာကွယ်ဆေး မျောက်တွေကို စမ်းသပ်နေပြီ http://dts-medicaleducation-adult.blogspot.in/2013/01/hiv.html
HIV အတွက် Truvada ဆေး http://dts-medicaleducation-adult.blogspot.in/2012/07/hiv-truvada_17.html
HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-edurant-fda.html
HIV-AIDS drugs (1) ခုခံအားကျရောဂါ ဆေးတွေ (၁) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-aids-drugs-1.html
HIV-AIDS drugs (2) ခုခံအားကျရောဂါ ဆေးတွေ (၂) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-aids-drugs-2.html
HIV အတွက် တနေ့တခါ သောက်ရမဲ့ ဆေးသစ် http://dts-medicaleducation-adult.blogspot.in/2012/05/hiv.html
HIV-AIDS Myths and Facts (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား http://dts-medicaleducation-adult.blogspot.in/2013/01/hiv-aids-myths-and-facts.html

Thu, Jan 24, 2013 at 11:31 PM ကျွန်မ နေ့စဉ်သောက်ဆေးကိုဖြတ်ထားတာ သုံးလကျော်ပါပြီရှင့်။ ပြီးခဲ့တဲ့လထိ ရာသီသွေးလာပါတယ်။ ဒီလမှာ တပတ်လောက် ရက်လွန်နေပါတယ်။ ခုထိမလာသေးပါဘူး။ ပြီးခဲ့တဲ့လရာသီသွေးမလာခင်ကတည်းက အမျိုးသားကလည်း ခရီးထွက်သွားပါတယ်။ ခုထိပြန်မရောက်သေးပါဘူး။ ဒီကြားထဲ အတူမနေထားဘူးလို့ ပြောချင်တာပါရှင့်။ အဲဒါ ကိုယ်ဝန် ဖြစ်နိုင်ပါသလားရှင်။ ဒီကြားထဲ ကျွန်မလည်း ရာသီသွေးကလည်း ပြီးခဲ့တဲ့လအထိ လာထားတော့ ကိုယ်ဝန် မရှိနိုင်သေးဘူးဆိုပြီးပဲ ထင်နေတာပါ။ ခုရက်လွန်နေတော့မှ စိတ်က မဝေခွဲတတ်ဖြစ်လာလို့ပါ။ ဆီးလည်း မစစ်ဖြစ်သေးလို့ပါရှင့်။ ခါတိုင်းလည်း ရက်နည်းနည်းတော့ နောက်ကျတတ်ပါတယ်။ ကိုယ်ဝန် မျှော်လင့်နေတဲ့ အချိန်မို့ အားကိုးပြီးမေးမိတာပါရှင့်။ ဆီးမစစ်ဘဲတော့ ပြောမရသေးပါ။ ရာသီနောက်ဆုံးလာတဲ့နောက် အတူမနေခဲ့တာဆိုရင်တော့ အခုနောက်ကျတာ ကိုယ်ဝန်မဟုတ်နိုင်ပါ။ ဆုတောင်းပေးပါမယ်။ Thu, Jan 24, 2013 at 11:31 PM
ကျွန်မ နေ့စဉ်သောက်ဆေးကိုဖြတ်ထားတာ သုံးလကျော်ပါပြီရှင့်။ ပြီးခဲ့တဲ့လထိ ရာသီသွေးလာပါတယ်။ ဒီလမှာ တပတ်လောက် ရက်လွန်နေပါတယ်။ ခုထိမလာသေးပါဘူး။ ပြီးခဲ့တဲ့လရာသီသွေးမလာခင်ကတည်းက အမျိုးသားကလည်း ခရီးထွက်သွားပါတယ်။ ခုထိပြန်မရောက်သေးပါဘူး။ ဒီကြားထဲ အတူမနေထားဘူးလို့ ပြောချင်တာပါရှင့်။ အဲဒါ ကိုယ်ဝန် ဖြစ်နိုင်ပါသလားရှင်။ ဒီကြားထဲ ကျွန်မလည်း ရာသီသွေးကလည်း ပြီးခဲ့တဲ့လအထိ လာထားတော့ ကိုယ်ဝန် မရှိနိုင်သေးဘူးဆိုပြီးပဲ ထင်နေတာပါ။ ခုရက်လွန်နေတော့မှ စိတ်က မဝေခွဲတတ်ဖြစ်လာလို့ပါ။ ဆီးလည်း မစစ်ဖြစ်သေးလို့ပါရှင့်။ ခါတိုင်းလည်း ရက်နည်းနည်းတော့နောက်ကျတတ်ပါတယ်။ ကိုယ်ဝန် မျှော်လင့်နေတဲ့ အချိန်မို့ အားကိုးပြီးမေးမိတာပါရှင့်။

ဆီးမစစ်ဘဲတော့ ပြောမရသေးပါ။ ရာသီနောက်ဆုံးလာတဲ့နောက် အတူမနေခဲ့တာဆိုရင်တော့ အခုနောက်ကျတာ ကိုယ်ဝန်မဟုတ်နိုင်ပါ။ ဆုတောင်းပေးပါမယ်။

Sun, Jan 27, 2013 at 6:17 PM
လွန်ခဲ့သော ၁ လလောက်က ကျွန်တော် ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံမိပါတယ်။ ဆက်ဆံပြီး ၂ ၇က်ကြာမှာ အထွေထွေရောဂါကု ဆရာဝန်နှင့် တိုင်ပင်ပါတယ်။ ဆရာဝန်က lvz 500 ဆိုသောဆေးကို ၁ ရက်ကို ၁ လုံးနှင့် ၇ ရက်သောက်ခိုင်းပါတယ်။ ၂ ပါတ်ကြာရင်စစ်လို့ရတယ်လို့လဲပြောလိုက်ပါတယ်။ ဒါကြောင့် ၃ ပါတ်လောက်မှာ ကျွန်တော် သွားစစ်ပါတယ်။ အဖြေလည်းကောင်းပါတယ်။ လုံးဝစိတ်ရှင်းချင်ရင် ၅ လကျော်ရင်လာစစ်လို့ မှာလိုက်ပါတယ်။ ကျွန်တော်သိချင်တာက ဆေးသောက်ထားတဲ့အတွက် ၅ လကျော်၇င်ကောစစ်လို့ရပါလား။ အစောဆုံးနဲ့ အမှန်ဆုံး စစ်လို့ရမဲ့နည်းလေးကို သိချင်လို့ပါ။

သောက်ရတဲ့ဆေးက Levofloxacin hemihydrate ခေါ်တဲ့ ဗက်တီးရီးယားတွေကိုနိုင်တဲ့ဆေးဖြစ်တယ်။ HIV ဆိုတာက ဗိုင်းရပ်စ်ဖြစ်လို့ ဒီလိုဆေးမျိုးတွေနဲ့ မသေဘူး။ ဒါကြောင့် HIV စစ်လို့ရပါတယ်။ အဖြေမှန်သာပေါ်ပါမယ်။

Sun, Jan 27, 2013 at 7:22 PM
My name is (့). Now I am working in (့). I am from (့) state and I am 32 years old now. I still can't use Burmese to write to you because i haven’t practice writing Burmese with computer. So i write in English to you. I have a wife now. Already been 1 year living together. But my problem when we having sex are i cannot stand so long. After just a few minute, sperm come out. Very fast. I can't control. I’ve tried my way to stay long but failed. So may i have your advice or any way to cure my fastness? Or is it disease to cure. At night, if i want to take a pee also cannot control. If i tried, I feel pain and I can't sleep.

Don't worry much. You are not alone. Please read these writings and follow the advices. You will definitely improve. If you have any further questions, ask me.
Erectile Dysfunction 10 Things ယောက်ျားတွေကို ဒုက္ခပေးနိုင်တဲ့ အချက် (၁ဝ) ချက် http://dts-medicaleducation-adult.blogspot.in/2012/03/10-things-that-can-deflate-your.html
Erectile Dysfunction ပန်းသေ-ပန်းညှိုး http://dts-medicaleducation-adult.blogspot.in/2012/03/erectile-dysfunction-ed.html
Erectile Dysfunction Medicines (1) ကျား-လိင်အင်္ဂါ မသန်မာစေတဲ့ဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/ed-medicines.html
Erectile Dysfunction Medicines (2) ကျား-လိင်အင်္ဂါ သန်မာစေတဲ့ဆေးများ http://dts-medicaleducation-adult.blogspot.in/2012/08/erectile-dysfunction-ed.html
Erectile Dysfunction Risk ပန်းသေ-ပန်းညှိုး သာက်ဆေး သတိပေးချက် http://dts-medicaleducation-adult.blogspot.in/2012/03/erectile-dysfunction-risk.html

Mon, Jan 28, 2013 at 9:25 AM
ကျွန်တော့်ကောင်မလေးက ဒီလ 1 ရက်နေ့က ရာသီလာပြီး 6 ရက်နေ့မှာ အတူနေမိလို့ Ecee2 တိုက်လိုက်တယ်လို့ ပြောဖူးပါတယ်ဆရာ။ အဲ့ဒါ 13 ရက်နေ့မှာ ရာသီထပ်လာတယ်လို့ ပြောပြီးတော့ မေးခဲ့ပါတယ်ဆရာ။ ရာသီလာတာတော့ပုံမှန်ရက်အတိုင်း 5 ရက်လာတယ်လို့ပြောပါတယ်ဆရာ။ အဲ့ဒါ 13 ရက်နေ့က ရာသီစလာပြီးတော့ မနေ့က20.1.2013 မှာ အတူတူထပ်နေလိုက်ပါတယ်။ ဆရာပြောသလို ကွန်ဒုံးသုံးဖို့ လုပ်ထားပေမဲ့ မနေ့က အဆင်သင့်လည်း မပါလာတော့ မသုံးမိပါဘူး။ သုတ်ရေတွေကို အပြင်ထုတ်တဲ့နည်း လုပ်ခဲ့ပေမဲ့ စိတ်မချလို့ပါဆရာ။ မှတ်မှတ်ရရ Ecee2 ကိုတိုက်တာ 3 ကြိမ်ရှိသွားပါပြီ။ ဒီလလည်း 6.1.2013 ကတိုက်ထားတော့ တစ်ပတ်ဘဲခြားပြီး ရာသီပြန်လာတဲ့အတွက် ထပ်လည်းမသောက်ရဲတော့ဘူးလို့ ပြောပါတယ်။ သုတ်ရေပြင်ပထုတ်ခဲ့ပေမဲ့ စိတ်မချလို့ ကျွန်တော်ဘာလုပ်သင့်လဲ မသိလို့ပါဆရာ။ အရေးကြီးလို့ပါ။ တကယ်လို့လုံးဝစိတ်မချရလို့ Ecee2 ထပ်သောက်ပါဆိုလည်း 24 နာရီအတွင်း အချိန်မှီလေးဖြစ်ချင်လို့ပါ။ ဖြစ်နိုင်ရင်တော့ ဆေးမသောက်ရဘဲနဲ့ ဘယ်လိုနည်းလမ်းလေးရှိလည်း သိနိုင်မလဲလို့ပါ။ ကူညီပေးပါအုံးဆရာ။

အရေးပေါ်တားဆေးလိုပါအုံးမယ်။ ရာသီရက်ထပ်ပြောင်းပါမယ်။ ကိုယ်ဝန်ကိုတားချင်တာက အဓါကဆိုရင် ရာသီရက်ကို မေ့ထားပြီးဖြစ်လာကိုသာ ရက်အသစ်မှတ်ပါ။ ရာသီဆင်းတာ ရက်နီးရင်၊ ဆင်းတာလဲများရင် သွေးအားကောင်းဘို့ သံဓါတ်ဆေးသာသောက်ပါ။ မူးချင်တာဖြစ်ရင် နားပါ။ ရေ-အရည်များများသောက်ပါ။

Mon, Jan 28, 2013 at 9:25 AM
အရေးပေါ်တားဆေး ထပ်တိုက်လိုက်ပါတယ်။ အရင်တစ်ပတ်က 21 ရက်နေ့ကဆေးသောက်ပြီး ခုဒီနေ့ 28.1.2013 မှာ ရာသီပြန်ထပ်လာနေပါတယ်။ ဆရာပြောတဲ့အတိုင်း သံဓာတ်အားဆေးတွေလည်း တိုက်ထားပါတယ်။ ဒါပေမဲ့ 1 လထဲမှာဘဲ ရာသီကခုတစ်ခါနဲ့ဆို 3 ခါရှိနေပါပြီ။ စိုးရိမ်လို့ပါ။ ပြီးတော့ ပုံမှန်တားဆေးတိုက်မယ်ဆိုရင် ရာသီလာတဲ့ ဒီနေ့စပြီးတိုက်ရမှာပေါ့နော်။ ရာသီလာနေစဉ်မှာ ဆက်ဆံမိရင် ဘာမှမဖြစ်လောက်ဘူးလား။

Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html
Emergency pills Effectiveness အရေးပေါ်တားဆေး ထိရောက်မှု http://dts-medicaleducation-adult.blogspot.in/2012/11/emergency-pills.html

Sun, Jan 27, 2013 at 9:00 PM
ကျနော်အသက် ၂၅ ပါ။ ကျန်ခဲ့တဲ့တစ်နှစ်လောက်က ၄ ကြိမ် ၅ ကြိမ်လောက် ကာမလိုက်စားခဲ့ဖူးပါတယ်။ အကာကွယ်တော့သုံးပါတယ်။ ခုကျနော့်ကိုယ်ခန္ဓာမှာ ယားပါတယ်။ ကုတ်လိုက်ရင်အနီရောင်တွေကျန်ခဲ့ပါတယ်။ နောက်ပုံမှာပါတဲ့အတိုင်းပါပဲ။ ကျနော့်ရဲ့လိင်တံမှာ လည်းယားလာပါတယ်။ ကုတ်လိုက်ရင်အဲလိုဖြစ်သွားပါတယ်။ လိင်တံရဲ့ထိပ်မှာလည်း အနာသေးသေးလေးတွေထွက်ထွက်လာပါတယ်။ ပျောက်လည်း ၃ ရက် ၄ ရက်ပဲ ပြန်ပြန် ထွက်လာပါတယ်။ အဲတာဘာကြောင့်ဖြစ်တာလည်းသိချင်ပါတယ်။ ဘာလုပ်သင့်လည်းပြောပြစေချင်ပါတယ်။ HIV လက္ခဏာလား။

Penile Lesions (1) ကျားအင်္ဂါ အနာများ (၁)

Sun, Jan 27, 2013 at 11:51 AM
ကျွန်တော့ အသက်က ၂၅ ပါ ။ မူးယစ်ဆေး ဖြတ်ထားတာ ၁ နှစ် ရှိပါပြီ။ ဆေးလိပ်တော့ မပြတ်သေးဘူး။ မူးယစ်ဆေး သုံးခဲ့တဲ့ အကျိုးကြောင့်လား မသိဘူး အခု အစား အအိပ် နဲနဲပျက်တာနဲ့ နေလို့မကောင်းဘူး။ နှလုံး ခုန်နှူံးလည်း အရမ်းမြန်လာတယ်။ အလိုလိုလည်း မောနေတယ်။ အဲဒါ ဘာလုပ်တင့်တယ်ဆိုတာ ညွှန်ကြား ပေးပါလို့ အကူအညီ တောင်းပါတယ်။

Congratulations! ဆေးဖြတ်နိုင်တဲ့အတွက် ချီးကျူးတယ်။ အခုဖြစ်တာအတွက် ဆရာဝန်ပြသေးလား။ နှလုံးခုန်နှုန်း သိသလား။ အားဆေး တခုခုကောသောက်လေးသလား။ အစားအသောက် စားနိုင်လား။ ညအိပ်လို့ရသလား။

Tue, Jan 29, 2013 at 1:38 PM
သမီး ပထမကိုယ်ဝန်ရှိတုံးက OG က Primolut n, Macforman သောက်လို့ရတာလို့ ပြောတယ်ဆရာ။Primolut n က ရာသီမှန်စေတယ်လို့ ပြောတော့ အဲဒါဆက်သောက်နေတုံး ကလေးရှိသွားရင် သူ့မှာ Side Effect ရှိမလားဆရာ။ ရှိမှန်းမသိသေးခင် သောက်နေလို့ ရပါသလားဆရာ။

Primolut and N Penorit အမျိုးသမီးသုံးဆေးများ

Tue, Jan 29, 2013 at 2:07 PM
မိန်းမကိုယ်ကနေ သွေးညစ်ညစ်တွေ ဆင်းပါတယ်။ ရာသီလာ သလိုလဲ မဟုတ်ပါ။ နံလဲ အရမ်းနံပါတယ်။ အနံ့ ဆိုးတာကြောင့် ဘာဖြစ်တာလဲ သိချင်ပါတယ်။ တစ်ခါတစ်လေ ဖြူဖြူညစ်ညစ် အရည်တွေ ဆင်းပါတယ်။ အများကြီးလဲ မဟုတ်ပါ။ နည်းနည်းစီ ဆင်းတာပါ။ ဖြစ်တာ ကြာနေပြီဖြစ်ပါတယ်။ ဘာဖြစ်နိုင်ပါလဲရှင်။

Women smell အမျိုးသမီး အနံ့မကောင်းခြင်း

Tue, Jan 29, 2013 at 2:32 PM
တကယ်လို့ ကိုယ်ဝန်ရှိနေတယ်ဆိုရင် ကျွန်မ ကေသီပန်ဆေးထုပ်တွေ (၇)ထုပ် သောက်ထားတော့ ကလေးကို ပြဿနာရှိနိုင်ပါသလားရှင်။ ကျွန်မဆက်သောက်သင့်လား။ အေးအေးဆေးဆေး ကျွန်မဘာမှမဖြစ်ပဲနဲ့ ကလေးပျက်သွားနိုင်လား။ အဲလိုမှမဟုတ်ရင်တော့ ကျွန်မ အဲဒီကလေးကို မွေးချင်ပါတယ်။ ကျွန်မက ဆေးရုံဆေးဆိုင် မသွားချင်လို့ အဲဒါသောက်မိတာပါ.။ ဒီအတိုင်းလေးနဲ့ ပြီးသွားချင်လို့ပါ။

မြန်မာဆေး၊ တိုင်းရင်းဆေးတွေကို ဆရာသိပ်မသိပါ။ ဒီဆေးမျိုးက ရာသီဆင်းစေအောင်လုပ်ပေးတာဖြစ်မယ်။ ကိုယ်ဝန်ရှိနေလို့ ဆက်တည်မြဲရင် ကလေးကို စိုးရိမ်စရာ သိပ်မရှိဘူးလို့ ယူဆပါတယ်။ သုတေသနလုပ်တာတော့ ဆရာမသိပါ။ ဖျက်ဆေးမဟုတ်ရင် ကလေးကို မထိခိုက်စေပါ။

Tue, Jan 29, 2013 at 7:13 PM
ကျွန်မ မိန်းမကိုယ်က အဖြူမဆင်းတာကြာပါပြီ။ ကျွန်မအိမ်ထောင်ပြုပြီးတာ ၁ လကျော်ပဲ ရှိပါသေးတယ်ရှင့်။ ယခု တခါမှမဖြစ်ဖူးတာမျိုး ခံစားနေရပါတယ်။ ကျွန်မမိန်းမကိုယ်က အဖြူအနှစ်လိုလို အရောင်က သိပ်မဖြူဘဲနဲ့ နည်းနည်း ဝါကြံ့ကြံ့ (ပြည်တည်) ရောင်လို အနှစ်မျိုးတွေဆင်းပြီး အင်မတန်ယားယံပါတယ်ရှင့်။ ကျွန်မမကြာခဏဆိုသလို ဆေးကြောသန့်စင်လိုက်ရင် သက်သာပေမယ့် ဘောင်းဘီဝတ်လို့ ဘောင်းဘီမှာပေကျံရင် မိန်းမကိုယ်နဲ့ကပ်ပြီး ထပ်မံယားယံပါတယ်ရှင့်။ ကျွန်မက ရုံးဝန်ထမ်းဖြစ်ပါတယ်။ ဘောင်းဘီမကြာခဏလဲဖို့ရာလည်း အဆင်မပြေလှပါဘူး။ အခုကုတ်လွန်းလို့ မိန်းမကိုယ်က အသားတွေတောင်ပေါက်ရာ ပြဲရာ ဖြစ်နေပါတယ်ရှင့်။ ဆရာရှင့် ကျွန်မအတတ်နိုင်ဆုံး သန့်ရှင်းရေးလုပ်ပါသော်လည်း ဝေဒနာခံစားရသည်မှာ ၁ ပတ်ကျော်နေပါပြီရှင့်။ ကျွန်မကို လမ်းညွှန်မှုလေး ပြောပြပေးပါဆရာ။

Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း

Wed, Jan 30, 2013 at 3:20 PM
သမီးအသက် (၂ဝ) ရှိပါပြီ၊ သမီးမှာ ချစ်သူရှိပါတယ်။ သမီးချစ်သူနဲ့ လွန်ခဲ့သော ရက်ပိုင်းလောက်က သူနဲ့အတူနေမိပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် သူနဲ့  ဆက်ဆံမိမလိုဖြစ်တာပါဆရာ။ (့)။ ခဏနေတော့ သမီးစိတ်ထဲက ကြောက်လာတယ်ဆရာ။ (့)။ သမီးကိုယ်ဝန်ရနိုင်ပါသလားဆရာ။ အကာအကွယ်တော့မရှိပါ။ ရက်ရှောင်နည်းသုံးပါတယ်ဆရာ။ သုတ်ရည်မျိုချမိတော့ ကိုယ်ဝန်ရနိုင်ပါသလားဆရာ။ (့)။ ဘာမှထူးခြားချက်တော့ မတွေ့ သေးပါဘူးဆရာ။ ဘာဆေးတွေသောက်ရမလဲဆရာ။ ပြီးတော့ (့)။ ဘယ်လိုလုပ်ရမလဲဆရာ။

အစဆုံးအကြိမ်မှာ စိုးရိမ်တာ လူအများမှာဖြစ်တတ်ပါတယ်။
ယောက်ျားသုက်ရည်က ပြီးဆုံးချိန်မှာသာထွက်တာမို့ ပြောပြသလောက်နဲ့တော့ မိန်းမအင်္ဂါထဲကို ဝင်သွားမယ်မထင်ပါ။ ရက်ရှောင်တာရော၊ သုက်ရည်အပြင်စွန့်ထုတ်နည်းပါ သဘာဝအရကိုယ်ဝန်တားနည်းတွေမှန်ပါတယ်။ ဒါပေမဲ့ ရာနှုန်းပြည့်လို့တော့ ပြောမရပါ။
သုက်ရည်ကို ပါးစပ်ထဲဝင်တာ၊ မျိုချတာကြောင့် လုံးဝ ကိုယ်ဝန်မရစေပါ။
ဒီလိုအခြေအနေကနေ ဆက်တိုးလာဘို့သာများတာမို့ ကြိုတင်ကာကွယ်မှု စနစ်တကျလုပ်သင့်ပါတယ်။ ဆရာ့ (ဆိုက်) ထဲမှာ အားလုံးလိုလိုရေးထားတယ်။ သိလိုတာရှာဖတ်ပါ။ ရှာမရရင်လဲပြောပါ။


1 comment:

  1. ဆရာခင်ဗျာ ကျွန်တော့်မှာ ယူဖို့ထိရည်ရွယ်ထားတဲ့ ချစ်သူရှိပါတယ်။သူနဲ့ကျွန်တော် မပြည့်စုံသေးလို့ မယူဖြစ်သေးကြပါဘူး။ ဒါပေမယ့် တစ်လတစ်ခါလောက်တော့ အတူတူနေဖြစ်ပါတယ်။နေတိုင်းလည်း အမြဲလိုလိုအကာအကွယ်သုံးပါတယ်။တစ်ခါတစ်လေမှသာမသုံးဖြစ်တာပါ။အခု သူရာသီလာတာ တစ်ပတ်လောက်နောက်ကျနေပါတယ်။ပုံမှန်ဆို နောက်ကျနေကျက ၃ ၄ ရက်ပဲလို့ပြောပါတယ်။အဲဒါကြောင့် နှစ်ယောက်လုံး စိတ်ပူနေကြပါတယ်။ကိုယ်ဝန်တွေဘာတွေများ ရှိနေပြီလားလို့၊ခုချိန်မှာ မိသားစုအခြေအနေကြောင့် ယူလို့မဖြစ်သေးပါဘူး။အဲဒါဘယ်လိုများ လုပ်ဆောင်ရမလဲဆိုတာ အကြံဥာဏ်လေးပေးပါဦးဆရာခင်ဗျာ။

    ReplyDelete