Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 5, 2018

အမှောင်တကာ့ အမှောင်ထဲ သိပ်ကြောက်ဖို့ကောင်းတဲ့ ကာမအမှောင်ဆိုတာ”…
















သမီးဖြစ်သူသည်လည်း ပညာဥာဏ်ရှိတယ်ဆိုတာကို ဖခင်ကသိတော့ကောင်းပြီသမီး ဟုပြောလိုက်လေသည်!!











သမီးမှ အဖေမမှားပါဘူး အဖေတင်မဟုတ် ယောင်္ကျားတိုင်း မိန်းမတိုင်း ကာမ နှင့် ထိတွေ့လျှင် သတိတွေအသိတွေ ပျောက်တတ်တာ သဘာဝပါဟုပြောပြီး မနက်ကိုဘုရင်ကြီးဆီမှာ လျှောက်ချေလော့ဟု ပြောလိုက်၏!!!



















K.M.M

” အမှောင်တကာ့ အမှောင်ဆိုတာ”

*တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးသည်သူ့မှာရှိသော ပညာရှိများကို အဖြေတစ်ခု ရှာခိုင်းလေသည်!!

ဘုရင်ကြီးကိုယ်တိုင် မသိသေးသောကြောင့် ပညာရှိများကိုမေးခြင်းဖြစ်သည်!!

တစ်ကယ်လို့ သူစိတ်တိုင်းကျတဲ့ အဖြေမရရင်အားလုံးကို ပြည်နှင်ဒဏ်ပေးမည်ဆိုသော အမိန့်တော်ပါမိန့်လိုက်သေသည်!!

*ဘုရင်းကြီး မေးသောမေးခွန်းမှာ ….

@အမှောင်တကာ့အမှောင်တွင် ဘယ်အမှောင်သည် အမှောင်ဆုံးနည်းဟု@မေးသောမေးခွန်းဖြစ်သည်!!

တစ်ယောက်ယောက်က ဖြေနိုင်မယ်ဆိုရင် ရပြီ!! မဖြေနိုင်ရင်တော့ ပြည်နှင်ဒဏ်ပေါ့!!၇ ရက်အချိန်ပေးလိုက်လေသည်!!

*ပညာရှိတွေလည်း စဉ်းစားကြတာပေါ့လေ!!တစ်ချို့ကလည်း အင်းးအလင်းရောင်မရှိတဲ့ အခန်းကျဉ်းသည် အမှောင်ဆုံး !

မြေအောက်ခန်း အလင်းမရှိရင် အမှောင်ဆုံးတိမ်တွေဖုံးနေတဲ့ လမသာတဲ့ သန်းခေါင်ယံသည် အမှောင်ဆုံးမိုးမှောင်ကျပြီး လမရှိ ကြယ်မရှိက အမှောင်ဆုံး !စသဖြင့်တွေးတောနေကြ အဖြေထုတ်နေကြတာပေါ့!!

ပညာရှိတစ်ဦးသည် ဒါတွေလောက်တော့ ဘုရင်လည်း သိလိမ့်မည်!!

ဒီအဖြေကိုနှစ်သက်လိမ့်မည်မဟုတ် သေချာစဉ်းစားမှ ရမည်ဆိုပြီး စဉ်းစားလိုက်တာ မနက်ဖြန်ဆို ၇ ရက်သာပြည့်တော့မည်!!အဖြေမရပါပဲ အခက်တွေ့နေပါသည်!!

*မစားနိုင်မသောက်နိုင် တမှိုင်မှိုင်တတွေတွေ ဖြစ်နေ၏ဖခင် ခုလိုဖြစ်နေတာကို မြင်သောအခါ သမီးမှ မေးလေသည် အဖေ ဘာများညစ်နေပါသလဲဟုမေးလေသည်!!

ဖခင်ကလည်းဒီလိုဖြစ်နေသည်ဟုပြသနာကို ရှင်းပြလေသည်!!

သမီးက နားထောင်ပြီး သောအခါ အဖေသိချင်သော အဖြေကို သမီးပေးမည်!!

ညသန်းခေါင်ယံ အိမ်ဘေးက လူမနေတဲ့ အခန်းမှာအဖြေသွားယူလိုက်ပါဟု ပြောလိုက်လေသည်!!

သမီးဖြစ်သူသည်လည်း ပညာဉာဏ်ရှိတယ်ဆိုတာကို ဖခင်ကသိတော့ကောင်းပြီသမီး ဟုပြောလိုက်လေသည်!!

ဒါပေမယ့် စိတ်ထဲမှာစိုးရိမ်နေသေးတာပေါ့ အဖြေမှန်ပါ့မလားနှင့်!!!

*ညသန်းခေါင်ယံလည်း ရောက်တယ်ဆိုရင်ပဲဖခင်ကြီးက အခန်းရှိရာသို့လာလေသည်!!

အခန်းသည်မီးရောင်မှိန်ပြပြ လေးနှင့် ဝိုးတဝါးဖြစ်နေသည်!!

အခန်းအတွင်းသို့ လိုက်ကာစကို ဖွင့်ပြီးအဝင်တွင် မြင်လိုက်ရသည်က မိန်းမတစ်ယောက် အဝတ်စလစ်ဖြင့် ဆွဲဆောင်မှုအပြည့်နှင့် စိတ်ကိုမြူစွယ်နေသည်!!

အမတ်ကြီးလည်း စိတ်တွေထကြွလာကာရှေ့သို့တိုးလာလေသည်!!

တစ်ဖြေးဖြေးနီးလာသောအခါမျက်လုံးထဲတွင် ထိုမိန်းမသည် သမီးဖြစ်သူနှင့် တူနေသည်ကို သတိထားမိပေမဲ့ အကြည့်နှင့် ခြေလှမ်းများလည်း မရပ်ခဲ့ပါ!!

သမီးဖြစ်သည်ကို သေချာသော်လည်း ကြံရွယ်ထားသောစိတ်အာရုံကိုလည်း မရပ် တဏှာစိတ်တို့သည် ထကြွလျှက် အသိပျောက်ခါ နေလေတော့သည်!!

*ထိုအခါတွင် သမီးဖြစ်သူက အဝတ်များကို ဆွဲကာလိုက်ပြီး အဖေသတိထားလော့ဟု ပြောလိုက်လေသည်!!

အဖေလိုချင်သော အဖြေသည် ဒါပါပဲဟု ပြောလိုက်၏!!

ထိုအခါမှ ဖခင်အမတ်ကြီးလည်း သတိဝင်သွားကာ ငါမှားပြီ ငါရှက်လိုက်တာ သိက္ခာတရားတွေ ကျပါပြီ ဟု နောင်တတွေ ရနေသည်!!

သမီးမှ အဖေမမှားပါဘူး အဖေတင်မဟုတ် ယောကျင်္ားတိုင်း မိန်းမတိုင်း ကာမ နှင့် ထိတွေ့လျှင် သတိတွေအသိတွေ ပျောက်တတ်တာ သဘာဝပါဟုပြောပြီး မနက်ကိုဘုရင်ကြီးဆီမှာ လျှောက်ချေလော့ဟု ပြောလိုက်၏!!!

*ညီလာခံတွင် ဘုရင်ကြီးသည် ပညာရှိများဖြေသောအဖြေများကို နားထောင်ပြီး လိုချင်သော အဖြေမရဖြစ်နေပြီးဒေါသထွက်နေချိန် နောက်ဆုံးတစ်ယောက်အဖြစ် အမတ်ကြီးကို မေးလေသည်!!

အမတ်ကြီးမှ မှန်လှပါဘုရား ဘုရင်မင်းကြီးမေးသော အဖြေကို ရရှိလာပါသည်ဟု လျှောက်တင်လေသည်!

@အမှောင်တကာ့အမှောင်ထဲတွင် ကာမ အမှောင်သည်အမှောင်ဆုံး@ ဟု လျှောက်တင် အဖြေပေးလေသည်!!

*တစ်ခြားအမှောင်တို့သည် မှောင်သော်လည်း မမှားပါ ! မမြင်သော်လည်း မမှားပါ !မှားခဲ့သော် တစ်ခဏသာမှားမည် !

ကြယ်ရောင် လရောင် မရှိသောညသည် စိတ်ကိုတော့ မမှောင်စေပါ မျက်လုံးကိုသာ မှောင်စေပါသည်!!

မြေအောက်ခန်းသည် မှောင်သော်လည်း မြေနံ့တော့ မပျောက် အခန်းမှာ ရှိချိန်မှာသာ မှောင်သည်အခန်းအပြင်တွင် မမှောင်နိုင်တော့ပါ! ညအမှောင်များသည်လည်း နေ့တွင်မမှောင်နိုင်တော့ပါ ညမှာသာမှောင်ပါသည်!!

*ကာမအမှောင် ကိလေသာတဏှာ အမှောင်သည်စိတ်ကိုလည်း မှောင်စေသည် ဘဝကိုလည်းမှောင်စေသည်သံသရာကိုလည်း မှောင်စေသည် !

ဒီလိုအမှောင်သည် ပြန်လည်လင်းလက်ဖို့အတွက် အင်မတန်မှ မလွယ်သလို !

ဒီအမှောင်သည် ကောင်းသောအနံ့ လည်းပျောက် ကောင်းသောအကြံလည်းပျောက် ကောင်းတဲ့ သိက္ခာလည်းမဲ့ ကောင်းတဲ့ အရှက်တရားလည်းကင်း မှားမှန်းသိသည်ကိုပင် မှားပါစေဟု ရေစုန်မျောတဲ့ အထိဖြစ်တတ်ပါသည် ဘုရား

ဒါကြောင့် …လောကတွင် ရှိသော အမှောင်တကာ့အမှောင်တွင် ကာမကိလေသာ အမှောင်သည် အမှောင်ဆုံး ကြောက်စရာအကောင်းဆုံးသာ ဖြစ်ပါသည်ဟု ဖြေလိုက်သောအခါဘုရင်ကြီး နှစ်ခြိုက်တော်မူသည်!!

နောက်နေ့တွင် ဘုရင်ကြီးနှင့် အမတ်ကြီးသည် နန်းတော်မှစွန့်ခွါပြီး တောထွက်တော်မူပြီး တရားအားထုတ်ကြ၏!!

*ပုံပြင်ကတော့ ဒါပါပဲဗျာ ဒါပေမယ့် စာရေးသူပြောချင်ပါသေးတယ် ဗျာ!!

ပညာရှိပါတယ်ဆိုတဲ့ လူလည်း မှားတတ်တယ်။မထင်မှတ်သူဆီမှလည်း တန်ဖိုးကြီးတဲ့ အဖြေမှန်ရတတ်တယ်။

ခက်ခဲတဲ့အဖြေတွေကို သိက္ခာတွေရင်းပြီးမှ ရနိုင်တတ်တယ်။ခက်ခဲတဲ့အဖြေကို သိက္ခာတွေကိုရင်းပြီး ပေးရတတ်တယ်။

အမှောင်ဆုံးသော ကြောက်စရာအကောင်းဆုံးသောကာမ ကိလေသာစိတ်ကို သေချာထိန်းသိမ်းကြပါ ။

သေချာသတိထားကြပါဟု ပြောရင်း အဆုံးသတ်ပါ၏….!!

ဝန်ခံချက်###ကျုပ်လည်း ကြိုးစားပါဦးမည်!!!!!

ဘာအရောင်မှ ခြယ်မထားပါ!!!




K.M.M

No comments:

Post a Comment