Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 6, 2018

အိမ္သာထဲ၌ ဆယ္ေက်ာ္သက္အရြယ္ခယ္မေလးကို အဓမၼက်င့္ေနတုန္း ေယာကၡမနဲ႔ မိေသာအခါ

စစ္ကိုင္းတိုင္းဒသႀကီး၊ ကသာၿမိဳ႕နယ္တြင္ ၁၉ ႏွစ္အရြယ္ရွိခယ္မျဖစ္သူကို ခယ္အိုျဖစ္သူက အိမ္သာအတြင္းသို႔ေခၚေဆာင္ကာအဓမၼျပဳက်င့္ေစာ္ကားသြားခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း ကသာၿမိဳ႕မရဲတပ္ဖြဲ႔ထံမွ သိရသည္။

ျဖစ္စဥ္မွာကသာၿမိဳ႕မရဲစခန္းသို႔ ႏို၀င္ဘာလ ၂၉ ရက္၊ ညေန ၅ နာရီခြဲခန္႔က ေပါမၿမိဳင္ေက်းရြာ၌ေနထိုင္သူ အသက္ ၆၂ ႏွစ္အရြယ္အမ်ိဳးသားႏွင့္အသိသက္ေသမ်ားေရာက္ရွိလာၿပီး ၎၏သမီးကို သားမက္ျဖစ္ေသာ စံသိန္း(၄၇)ႏွစ္ကအဓမၼျပဳက်င့္ေစာ္ကားသြားသည့္အတြက္ အမႈဖြင့္တိုင္တန္းလိုျခင္းျဖစ္ေၾကာင္း ေျပာဆိုသည္ဟုသိရသည္။

က်ဴးလြန္ခံရသူသမီးမွာ အသက္(၁၉)ႏွစ္ျဖစ္ၿပီး ယင္းေန႔နံနက္ ၈ နာရီခန္႔ကတရားလိုမွာ ကိစၥတစ္ခုျဖင့္အသိေနအိမ္သို႔ထြက္သြားခဲ့ၿပီးဇနီးျဖစ္သူမွာလည္း ေစ်းသြားေနသည္ျဖစ္ရာ ေနအိမ္၌ သမီးမွာက်န္ေနရစ္ခဲ့ေၾကာင္း တိုင္ၾကားခ်က္အရ သိရသည္။

အိမ္သာထဲ၌ ဆယ္ေက်ာ္သက္အရြယ္ခယ္မေလးကို အဓမၼက်င့္ေနတုန္း ေယာကၡမနဲ႔ မိေသာအခါ 2

နံနက္ ၁၀ နာရီခန္႔တြင္ တရားလိုအိမ္ျပန္ေရာက္ရွိလာရာ အိမ္ေရွ႕၌ အိမ္ခြဲေနၿပီျဖစ္ေသာသမီးႀကီး၏ခင္ပြန္း စံသိန္း(၄၇)ႏွစ္၏ဆိုင္ကယ္ရပ္တန္႔ေနသည္ကိုျမင္ေတြ႔ခဲ့ရာ အလည္လာသည္ဟုထင္မွတ္၍ အိမ္ေပၚတက္ၾကည့္ေသာ္လည္း သမီးငယ္မွာလည္းရွိမေနသည့္အတြက္ ေနာက္ေဖးဘက္သို႔သြားၾကည့္ခဲ့ေၾ ကာင္း သိရသည္။

ထိုအခ်ိန္၌ ေနာက္ေဖးရွိအိမ္သာအတြင္းကသမီးငယ္၏ ၿငီးတြားသံမ်ားၾကားရသည့္အတြက္ တံခါးကိုေဆာင့္ဆြဲဖြင့္လိုက္ရာ သမီးမွာငိုယိုလ်က္ေျပးထြက္လာၿပီး သားမက္စံသိန္းကအဓမၼျပဳက်င့္ေစာ္ကားေနမႈကို ပက္ပင္းတိုးမိသြားခဲ့ရာ “ကြ်န္ေတာ္မွားပါတယ္၊ ခြင့္လႊတ္ေပးပါ”ဟူ၍ သားမက္ကဒူးေထာက္မတတ္ရွိခိုးေတာင္းပန္ခဲ့ေၾကာင္း တရားလိုကေျပာသည္။

သို႔ေသာ္တရားလိုမွာ ေက်းရြာလူႀကီးမ်ားထံသို႔သြားေရာက္အေၾကာင္းၾကားၿပီး ယင္းေန႔တြင္ပင္အမႈဖြင့္တိုင္တန္းခဲ့သည့္အတြက္ ကသာၿမိဳ႕မရဲတပ္ဖြဲ႔ကမုဒိမ္းတရားခံစံသိန္း(၄၇)ႏွစ္ကိုဖမ္းဆီးကာ ပုဒ္မ-၃၇၆ ျဖင့္ အမႈဖြင့္ၿပီး ကာယကံရွင္ႏွစ္ဦးစလံုးကို ႏို၀င္ဘာလ ၃၀ ရက္၌ေသြးစစ္ေဆးစစ္ျခင္းမ်ားျပဳလုပ္ၿပီးျဖစ္ကာ တရားစြဲတင္ရန္ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

 ျမင့္လြင္(ကသာ)



#Unicode Version#
စစ်ကိုင်းတိုင်းဒသကြီး၊ ကသာမြို့နယ်တွင် ၁၉ နှစ်အရွယ်ရှိခယ်မဖြစ်သူကို ခယ်အိုဖြစ်သူက အိမ်သာအတွင်းသို့ခေါ်ဆောင်ကာအဓမ္မပြုကျင့်စော်ကားသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ကသာမြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာကသာမြို့မရဲစခန်းသို့ နိုဝင်ဘာလ ၂၉ ရက်၊ ညနေ ၅ နာရီခွဲခန့်က ပေါမမြိုင်ကျေးရွာ၌နေထိုင်သူ အသက် ၆၂ နှစ်အရွယ်အမျိုးသားနှင့်အသိသက်သေများရောက်ရှိလာပြီး ၎င်း၏သမီးကို သားမက်ဖြစ်သော စံသိန်း(၄၇)နှစ်ကအဓမ္မပြုကျင့်စော်ကားသွားသည့်အတွက် အမှုဖွင့်တိုင်တန်းလိုခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟုသိရသည်။

ကျူးလွန်ခံရသူသမီးမှာ အသက်(၁၉)နှစ်ဖြစ်ပြီး ယင်းနေ့နံနက် ၈ နာရီခန့်ကတရားလိုမှာ ကိစ္စတစ်ခုဖြင့်အသိနေအိမ်သို့ထွက်သွားခဲ့ပြီးဇနီးဖြစ်သူမှာလည်း ဈေးသွားနေသည်ဖြစ်ရာ နေအိမ်၌ သမီးမှာကျန်နေရစ်ခဲ့ကြောင်း တိုင်ကြားချက်အရ သိရသည်။

အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ 2

နံနက် ၁၀ နာရီခန့်တွင် တရားလိုအိမ်ပြန်ရောက်ရှိလာရာ အိမ်ရှေ့၌ အိမ်ခွဲနေပြီဖြစ်သောသမီးကြီး၏ခင်ပွန်း စံသိန်း(၄၇)နှစ်၏ဆိုင်ကယ်ရပ်တန့်နေသည်ကိုမြင်တွေ့ခဲ့ရာ အလည်လာသည်ဟုထင်မှတ်၍ အိမ်ပေါ်တက်ကြည့်သော်လည်း သမီးငယ်မှာလည်းရှိမနေသည့်အတွက် နောက်ဖေးဘက်သို့သွားကြည့်ခဲ့ေြ ကာင်း သိရသည်။

ထိုအချိန်၌ နောက်ဖေးရှိအိမ်သာအတွင်းကသမီးငယ်၏ ငြီးတွားသံများကြားရသည့်အတွက် တံခါးကိုဆောင့်ဆွဲဖွင့်လိုက်ရာ သမီးမှာငိုယိုလျက်ပြေးထွက်လာပြီး သားမက်စံသိန်းကအဓမ္မပြုကျင့်စော်ကားနေမှုကို ပက်ပင်းတိုးမိသွားခဲ့ရာ “ကျွန်တော်မှားပါတယ်၊ ခွင့်လွှတ်ပေးပါ”ဟူ၍ သားမက်ကဒူးထောက်မတတ်ရှိခိုးတောင်းပန်ခဲ့ကြောင်း တရားလိုကပြောသည်။

သို့သော်တရားလိုမှာ ကျေးရွာလူကြီးများထံသို့သွားရောက်အကြောင်းကြားပြီး ယင်းနေ့တွင်ပင်အမှုဖွင့်တိုင်တန်းခဲ့သည့်အတွက် ကသာမြို့မရဲတပ်ဖွဲ့ကမုဒိမ်းတရားခံစံသိန်း(၄၇)နှစ်ကိုဖမ်းဆီးကာ ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ပြီး ကာယကံရှင်နှစ်ဦးစလုံးကို နိုဝင်ဘာလ ၃၀ ရက်၌သွေးစစ်ဆေးစစ်ခြင်းများပြုလုပ်ပြီးဖြစ်ကာ တရားစွဲတင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source – မြင့်လွင်(ကသာ)
ပီတာသင်္ဃန်းကျွန်း

No comments:

Post a Comment