Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 19, 2013

ဗိုလ်ချုပ်အောင်ဆန်းဈေး အကြီးစား ပြင်ဆင်ရန် ကျပ်သိန်း ၃၅၀၀ ခန့် အသုံးပြုမည်


Thursday, 20 June 2013

ရန်ကုန်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်း ဈေးကြီးကို အကြီးစား ပြင်ဆင်မှု ပြုလုပ်မည်ဖြစ်ပြီး ယင်းအတွက် ငွေကျပ်သိန်း ၃၅၀၀ ခန့် အသုံးပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
မှ သိရသည်။
...
ရန်ကုန်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေးမှာ နိုင်ငံခြား
သား ဧည့်သည်များ စိတ်ဝင်စားသည့် နေရာတစ်ခု ဖြစ်နေပြီး ရှေးဟောင်း
သမိုင်းဝင် အမွေအနှစ်ကို ထိန်းသိမ်းနိုင်ရန် ပျက်စီးနေသော အပိုင်းများအား အကြီးစားပြင်ဆင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

အကြီးစားပြင်ဆင်မှုကို ယခုဘဏ္ဍာရေးနှစ်အတွင်း ပြုလုပ်မည်ဖြစ်ပြီး မေလ
အတွင်းက ပြင်ဆင်မည့် နေရာများကို စစ်ဆေးရေး အဖွဲ့မှ သွားရောက်
စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းဈေးအား အကြီးစား ပြုပြင်ရာတွင် ဈေးကြီး၏ အဓိက ဗဟိုဈေးရုံ ခေါင်မိုးပိုင်းအား ဦးဆုံးပြင်ဆင်မည် ဖြစ်ကြောင်း၊ ဈေးကြီး၏ ခေါင်မိုးအပိုင်းသည် နှစ်ကာလ ကြာမြင့်မှုကြောင့် အုတ်ကြွပ်များကွဲခြင်း၊ သဘာဝအလျောက် ချို့ယွင်း
လာခြင်း၊ အလင်းရောင်အတွက် ထားရှိသောမှန်များ ကွဲအက်ပျက်စီးခြင်း စသည်တို့ ရှိနေကြောင်း သိရသည်။ ယင်းပျက်စီးမှုများအား မူလလက်ရာ
မပျက် ပြင်ဆင်သွားမည်ဖြစ်ပြီး ဈေးကြီး၏ အရှေ့ဘက် အေရုံ၊ ဘီရုံ၊ စီရုံ၊ ဒီရုံနှင့် အနောက်ဘက် အေရုံ၊ ဘီရုံ၊ စီရုံနှင့် ဒီရုံတို့ရှိ လိုအပ်သည့် အပိုင်းများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ပြင်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။

အကြီးစား ပြင်ဆင်မှုအတွက် လိုအပ်သော ငွေကြေးများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကုန်အကျခံ သွားမည်ဖြစ်ပြီး ဈေးသူဈေး
သားများထံမှ ငွေကြေးကောက်ခံမည် မဟုတ်ကြောင်းနှင့် ပြင်ဆင်မှုကာလ
အတွင်း ဈေးသူဈေးသားများ အရောင်းအ၀ယ် မပျက်စေရန် ပြုလုပ်ပေး
မည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းဈေးသည် ဆိုင်ခန်း ၁၈၂၃ ခန်းရှိသော "က" အဆင့် ရှေးဟောင်းဈေးကြီး ဖြစ်သည်။

eleven media group

No comments:

Post a Comment