Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013

“ဟေတီသဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းရေးတွင် ပင်မလာ ပါဝင်ကူညီ”


 
ဟောလီးဝုဒ် မင်းသမီး ပင်မလာ အန်ဒါဆန်သည် ဟေတီနိုင်ငံသို့ ရောက်ရှိနေပြီးနောက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေး ကဏ္ဍတွင် ပါဝင် ကူညီ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခင်ကတည်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီ တစ်ဦးအဖြစ် နာမည်ကြီးသော ပင်မလာသည် ဟေတီရှိ NGOအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လယ်မြေတိုးချဲ့ခြင်းကြောင့် သစ်တောများကို မီးရှို့ခြင်းအား ကာကွယ်ရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Baywatch ဇာတ်လမ်းတွဲများမှ မင်းသမီးဟောင်းသည် INGA Foundationနှင့် ပူပေါင်းကာ လယ်မြေ စိုက်ပျိုးခြင်းအတွက် တောမီးရှို့ခြင်းများမှ ကာကွယ်ရန် နည်းလမ်းများကို ဖြန့်ဝေသွားနိုင်ရန် ကြိုးစားနေသည်။

ထိုအစီအစဉ်တွင် ဟွန်ဒူးရပ်စ်နိုင်ငံမှ NGO အဖွဲ့များကလည်း ပါဝင် ကူညီရန် ကမ်းလှမ်းထားသည်။ ပင်မလာသည် ကမ္ဘာကြီး ပူနွေးလာမှုကို တားဆီးဆန့်ကျင်သည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြိုးစားသူ တစ်ဦးဖြစ်ပြီး သစ်တောများ ပြုန်းတီးမှုတွင် လယ်ယာစိုက်ပျိုးရေး နည်းစနစ်ကို ပြောင်းလဲခြင်းသည် အဓိက သော့ချက် အဖြေတစ်ခုဟု ယူဆထားသည်။

ဟေတီသည် အနောက်ကမ္ဘာတွင် အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်ပြီး (၂၀၁၀)ပြည့်နှစ်က ဖြစ်ပွားသည့် ကမ္ဘာကျော် ငလျင်ကြီးကြောင့် ပိုမို ချွတ်ခြုံကျလာခဲ့သည်။

ပင်မလာက "ကျွန်မ ဟေတီကို သွားခဲ့တဲ့ အဓိက ရည်ရွယ်ချက်က INGA Foundaitonနဲ့အတူ လယ်ယာ စိုက်ပျိုးရေးနဲ့ သစ်တောတွေ ပြန်လည် ထိန်းသိမ်း ဖြည့်ဆည်းရေး လုပ်ငန်းကို အဲဒီနိုင်ငံမှာ ဦးစားပေး လုပ်ဆောင်စေချင်လို့ ဖြစ်ပါတယ်။ စားနပ်ရိက္ခာ လုံလောက်ဖူလုံဖို့ရော၊ သစ်တောတွေ ထိန်းသိမ်းဖို့ကိုပါ ယှဉ်တွဲ လုပ်ဆောင်နိုင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်"ဟု သတင်းထောက်များအား ပြောကြားသွားသည်။

Planet Myanmar Network Facebook

No comments:

Post a Comment