
ဒါနရှင် လုံမငယ် တစ်ဦး က အိမ်ယာမဲ့ တောင်းရမ်း သူ တစ်ဦးကို ငွေကြေး လှုဒါန်း စဉ် ၎င်း ၏ အလှုခံ ဖျော်ရည် ခွက် ထဲ စေ့စပ် လက်စွပ်ပြု တ် ကျသွား သည် ကို ရိုးသား စွာ ဖြင့် ပြန်ပေးသည့် ကန်ဆက် စီးတီးမှ ဘေးရေး ဟဲရစ် အား အင်တာနက် တွင် ရံပုံ ငွေ ရှာဖွေ ပွဲ ပြု လုပ် ရာ
ဒေါ်လာ ကိုးသောင်း နီးပါး ရရှိထား သည်။
တောင်းရမ်း သူ ဘီလ်ဟေးရစ် အား ငွေကြေးပေးကမ်းသည့် ဆာရာဒါလင် နှင့် သူမ ၏ ခင်ပွန်း ဘီလ် ကရာစီ တို့  က လက်စွပ် ပြန်ပေးရာ တွင် ဆုကြေးငွေ လည်း ချီးမြှင့် ခဲ့ ပြီး ရံပုံငွေ ရှာသည့် အင်တာနက် ၀ဘ်ဆိုတ် ဖြစ်သည့် GIVE FORWARD မှ နေ ၍ ဟေးရစ် ၏ ရိုးသား မှုကို နှိုးဆော် ခဲ့ ရာ လူအများ အပြား က တစ်ဒေါ်လာ မှ သည် ဒေါ်လာ နှစ်ထောင် အထိ လှုကြရာ ၎င်း ကိုယ် တိုင် မည် သို့  မျှ မျှော် လင့် မထားသည့်ငွေကြေး ပမာဏ ကို ရရှိခဲ့ သည်။
ဆာရာဒါလင် က လက်စွပ် ပျောက်သွား မှန်း သိချိန် တွင် ကျွန်မ အရမ်းကို ငိုချင်တယ်။ ကျွန်မ တို့  ရဲ့  စေ့ စပ် လက်စွပ် ပါ ။ လက် စွပ် မှာ ပါတဲ့ စိန် ဆို တဲ့ တန်ဖိုး ထက် အများ ကြီး ပို တယ်။
ဘီလ်ဟေးရစ် ကို လှုနေတုန်း ပြုတ်ကျသွားတယ်။ နောက်ပြန်ရ လိမ့်မယ်လို့  မထင် ခဲ့ မိဘူး ။ သူ့  ကို ဂုဏ်ယူ လို့  မဆုံးဘူး ဟု ကန်ဆက် စီတီး သတင်း သို့  ပြောသည်။
Photo : KCTV
Freedom News Group(Burma) Facebook
No comments:
Post a Comment