Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 29, 2013

အရေပြားပြဿနာ အဖြေရှာ

26 January 2013  |

လေ့ကျင့်ခန်းလုပ်တာက ဝက်ခြံ မပေါက်အောင် ကာကွယ်ပေး နိုင်သလား။

လေ့ကျင့်ခန်း လုပ်တာကြောင့် အကျိုးကျေးဇူး များစွာ ရရှိစေနိုင်ပါတယ်။ စိတ်ခံစားမှု ကောင်းမွန်တာ၊ ကိုယ်ခန္ဓာ ပုံပန်းသဏ္ဌာန် ကြည့်ကောင်းတာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာစတဲ့ ကောင်းကျိုး တွေကို ပေးစွမ်းနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာကြောင့် ရှိပြီးသား ဝက်ခြံတွေကို ပျောက်စေသလား ဆိုတာ မသိသေးပေမယ့် ဝက်ခြံကိုတော့ ပိုမဆိုးစေပါဘူး။ လေ့ကျင့်ခန်း လုပ်တာကြောင့် သွေးစီးဆင်းမှုကောင်း မွန်ပြီး ချွေးပေါက်တွေကိုပွင့်စေကာ စိတ်ဖိစီးမှုကို လျော့ကျစေတာကြောင့် နောက်ထပ်ဝက်ခြံတွေ ထွက်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

လက်သည်းတွေမှာ ကန့်လန့်ဖြတ်အစင်းတွေပေါ်ပြီး လက်သည်းထိပ်တွေ ဆိုးဆိုးရွားရွား ကွာကျနေပါတယ်။ ဘာဖြစ်နိုင်ပါသလဲ။

လူတစ်ယောက်ရဲ့ လက်သည်းမှာ အပြောင်း အလဲဖြစ်တာက ခန္ဓာကိုယ် ကျန်းမာရေးအခြေအနေ ပြောင်းလဲတဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ လက်သည်းတွေမှာ အစင်းကြောင်းတွေ ဖြစ်ပြီး ပွန်းပဲ့ တာက ကူးစက်ပိုးဝင်တာ၊ အာဟာရချို့တဲ့တာနဲ့ တခြား ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင် ပါတယ်။ ဒါကြောင့် ဖြစ်ရတဲ့ အခြေခံအကြောင်းရင်း ကိုရှာဖို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အရေပြားမှာ အမာရွတ်တွေ သိသိသာသာ တွေ့နေရပါတယ်။ လျော့ပါးအောင် ဘယ်လို လုပ်သင့်ပါသလဲ။

အမာရွတ်ပျောက်ဆေးခရင်မ်ကို လိမ်းပေးရင် တဖြည်းဖြည်းနဲ့ အမာရွတ်အရောင် ဖျော့သွားပါလိမ့်မယ်။ အမာရွတ်က လုံးလုံးပျောက် သွားတာမျိုးတော့ ဖြစ်နိုင်ခြေ နည်းပါတယ်။ အဲဒီလို ဖြစ်ချင်ရင် အရေပြား အထူးကု ဆရာဝန်နဲ့ ပြပြီး လေဆာနည်းနဲ့ ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

ဇွန်

No comments:

Post a Comment