- 17 November 2012 |
- By Health Digest
သုတေသန ပြုလုပ်ချက်များအရ အရက်အကြီးအကျယ် စွဲနေသူ ၁၄၉ ဦးအား ၁၄ နှစ်ကြာ လေ့လာခဲ့ရာမှာ အမျိုးသမီး အရက်စွဲသူများက အခြား အမျိုးသမီးများထက် အသက် စော စော သေဆုံးနိုင်ခြေ ၅ ဆပိုများ ကြောင်း တွေ့ခဲ့ရပါတယ်။ အရက် စွဲအမျိုးသားများက အခြားသော အမျိုးသားများထက် သေဆုံးနှုန်း ၂ ဆ ပိုများပါတယ်။ အရက်စွဲသူများ ဟာ ပျမ်းမျှခြင်းအားဖြင့် အခြားသူ များထက် အသက် ၂၀ ခန့် စောပြီး သေဆုံးလေ့ရှိကြောင်း သိရပါတယ်။ အမျိုးသမီးများဟာ အရက်ကြောင့် အဆိပ်သင့်မှု ပို၍ ဖြစ်လွယ်ပါတယ်။ အမျိုးသားများထက် ပို၍လည်း အရက်စွဲတဲ့ အဖြစ်ရောက်လွယ် ပါတယ်။ အချိန်တိုတို အတွင်းမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်း ခံစားရပါတယ်။ အရက်စွဲခြင်းကြောင့် နှလုံးသွေးကြော ရောဂါ၊ ဦးနှောက်ထိခိုက်ပျက်စီးခြင်း နှင့် ကျောက်ကပ်နှင့် အသည်းရောဂါ ပို၍ဖြစ်နိုင်ခြေ များကြောင်း သိရပါတယ်။
မောင်
No comments:
Post a Comment