Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 19, 2012

လှပသော ဆံပင်ပုံသွင်းစေနိုင်မည့် ခေါင်းဘီးနှစ်မျိုး

ဆံပင်ကို လှပနေစေဖို့ ပုံသွင်းချိန်မျိုးမှာ သင့်ဆံသားကို လှပနေစေဖို့ ပုံသွင်းနည်းမျိုး စုံရှိပါတယ်။ ဆံပင်ပုံသွင်းမယ် ဆိုရင် ခေါင်းလျှော် ပြီးလို့ ဆံပင်သားတွေ မခြောက်သေးခင် အချိန်မျိုး မှာ ပုံသွင်းပေးဖို့ လိုပါတယ်။ သင့်ဆံပင်ပုံစံကို ဖြောင့်စင်းနေစေ ချင်တာလား၊ လှိုင်းတွန့်လေးတွေ (အနွယ်) ဖြစ်စေချင်တာလားဆိုတာ ကိုသိရှိပြီး ဖန်တီးနိုင်စေဖို့ ခေါင်းဘီးကလည်း အရေးပါ ပါတယ်။
ဆံသားဖြောင့်စင်းနေစေချင်ရင်
ဆံသားဖြောင့် စင်းနေစေချင်တယ်ဆိုရင် တော့ အမွေးနုလေး တွေနဲ့ ပြုလုပ်ထားတဲ့ ဝက်မှင်ဘီးလို အပျော့ စားကို သုံးပေးရမှာပါ။ ခေါင်းလျှော်ပြီးလို့ ဆံ သားတွေ မခြောက်ခင်မှာ ဆံပင်ကို ဘီးအကျဲနဲ့ အရင် ဆုံးရှင်း လိုက်ပြီး ရှင်းသွားတဲ့ ဆံပင်သားပေါ်ကို ဝက် မှင်ဘီးနဲ့ လေမှုန်ကာ ဖြီးပေးလိုက် ရင် ဖြောင့်စင်းလှ ပတဲ့ ဆံသားကို ပုံသွင်းနိုင်မှာပါ။

လှိုင်းတွန့်ပုံစံ ဆံသားဖြစ်ချင်ရင်
သတ္တုချောင်းလေးတွေရဲ့ ထိပ်မှာ ရော်ဘာ သီးလေးတွေ နဲ့ပြုလုပ်ထားတဲ့ ဘီးမျိုးကို သုံးပေးရမှာ ပါ။ ခေါင်းလျှော် ပြီး ဆံသားတွေကို ဘီးအကျဲနဲ့ရှင်းပြီးချိန် မှာ လေမှုတ်ရင်း ဖော်ပြပါဘီးနဲ့ ဆံသားတွေ ကိုအခြောက် ခံပါ။ ဆံသားတွေ ခြောက်ခါနီးမှာ ဘီးနဲ့ဆံသားတွေကို လိပ်ထားပြီး ၁၀ စက္ကန့်လောက် လေ
မှုတ်ပေးပါ။ လှိုင်း တွန့်ပုံစံ ဆံသားလေးကို ရရှိစေမှာပါ။
- ဆံပင်ကောက်သားတွေကို ကြာရှည်ခံပြီး ပိုမို လှပတဲ့ လှိုင်းတွန့်တွေရဖို့ လေမှုတ်စက်ကို အပူသုံးပေး ဖို့လိုပါတယ်။ အေးတဲ့အနေအထားနဲ့ ဆံသားအ ခြောက်ခံပြီး ပုံသွင်းရင်တော့ ကောက်သားက သိပ်ပြီး မလှပါဘူး။ ဆံပင်ပုံသွင်းချိန် ခေါင်းဘီးမှာဆံသားတွေ ကပ်ငြိနေတတ်ပါတယ်။

No comments:

Post a Comment