Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 25, 2016

ရွမ္းျပည္နယ္ NLD ေခါင္းေဆာင္မ်ားအား ရာထူးခ်၊ ထုတ္ပယ္သည့္ ကိစၥ ဦးဝင္းထိန္ အနိုင္ရ


NLD ပါတီ၏ ဗဟိုအလုပ္အမွုေဆာင္ အျဖဲ့ဝင္ ဦးဝင္းထိန္ / ဧရာဝတီ


By ထက္နိုင္ေဇာ္ 25 November 2016

အာဏာရ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ပါတီမွ ရွမ္းျပည္နယ္ ေခါင္းေဆာင္မ်ားကို ရာထူးခ်ျခင္း၊ ထုတ္ပယ္ျခင္းတို႔ႏွင့္ ပတ္သက္၍ ကာယကံရွင္မ်ား၏ အယူခံမွုကို ျပန္လည္ ၾကားနာခဲ့ရာ ပါတီ အယူခံ ခုံ႐ုံးက ဦးဝင္းထိန္ကို အနိုင္ေပးလိုက္ေၾကာင္း သတင္းရရွိသည္။

“ေတာင္ႀကီးက အယူခံ ၃ မွု ရွိတယ္။ ေဒၚခင္မိုးမိုးနဲ႔ ဦးတင္ေမာင္တိုးတို႔ အယူခံက ပယ္ခ်ခံရတယ္။ သူတို႔ ရွုံးသြားတာ ေပါ့။ ေဒၚမီးမီးနဲ႔ ေဒၚယူမီေဇာ္တို႔ရဲ့ အယူခံကိုေတာ့ လက္ခံလိုက္တယ္။ အရင္တာဝန္ပဲ ျပန္ေပးအပ္လိုက္တယ္။ ဒီေန႔ CEC (ဗဟိုအလုပ္အမွုေဆာင္ ေကာ္မတီ) က အတည္ျပဳလိုက္ၿပီ။ အယူခံ ခုံ႐ုံးက တင္ျပတဲ့ အတိုင္းပဲ အတည္ျပဳလိုက္ တယ္။ သူတို႔ သုံးသပ္တာကေတာ့ အရွည္ႀကီးပဲ” ဟု NLD ပါတီမွ ဗဟိုအလုပ္မွုေဆာင္ အဖြဲ႕ဝင္ ဦးဝင္းထိန္က မီဒီယာမ်ားသို႔ ေျပာသည္။

ယေန႔ ေန႔လယ္ပိုင္းက ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာဝင္း အတြင္းရွိ ယူနီစန္ စားေသာက္ဆိုင္တြင္ ျပဳလုပ္သည့္ NLD ပါတီ ဗဟိုအလုပ္အမွုေဆာင္ အစည္းအေဝးတြင္ အထက္ပါ အတိုင္း ဆုံးျဖတ္လိုက္ျခင္း ျဖစ္ၿပီး ယင္း အစည္းအေဝး အၿပီးတြင္ ဦးဝင္းထိန္က ေျပာဆိုျခင္း ျဖစ္သည္။

“ေနာက္ဆုံး အမိန႔္ခ်လိုက္တာ ကေတာ့ ေဒၚခင္မိုးမိုး၊ ဦးတင္ေမာင္တိုးတို႔ရဲ့ အယူခံေတြကို ပလပ္လိုက္တယ္။ တင္ေမာင္တိုးကိုေတာ့ ပါတီက ထုတ္ထားတယ္။ ေဒၚခင္မိုးမိုးကိုေတာ့ ဥကၠ႒ ရာထူးက ထုတ္လိုက္တာေပါ့” ဟု ဦးဝင္းထိန္က ဆိုသည္။

ယခု ဆုံးျဖတ္ခ်က္ကို ပါတီက တရားဝင္ အေၾကာင္းၾကားျခင္း၊ ထုတ္ျပန္ျခင္း မရွိေသးေသာ္လည္း ေသခ်ာေနၿပီ ျဖစ္သျဖင့္ တရားမၽွတမွု မရွိဟု ခံစားရေၾကာင္း ရွမ္းျပည္နယ္ NLD ပါတီ ဥကၠ႒ အျဖစ္မွ ပါတီဝင္အျဖစ္သို႔ ရာထူးခ် ခံလိုက္ရသူ ေဒၚခင္မိုးမိုးက ဧရာဝတီသို႔ ေျပာသည္။

“ဒီေန႔လယ္ ၁ နာရီေက်ာ္မွ ဒီသတင္းကို သိရတယ္။ ရွမ္းျပည္ NLD ဥကၠ႒ ေနရာကို ဦးဝင္းထိန္က အစားထိုး ေနခ်င္တာ ဆိုေတာ့ ဒီအေျဖက ေမၽွာ္လင့္ၿပီးသား ပါ။ ၿပီးေတာ့ ခုံ႐ုံးကလည္း ဘာအာဏာမွ မရွိဘူးဆိုတာ သိတယ္။ ဒါေပမယ့္ က်မကို ဘယ္အခ်က္နဲ႔ ၿငိလို႔ ထုတ္တာလဲ ဆိုတာေတာ့ သိခ်င္ေသးတယ္” ဟု ေဒၚခင္မိုးမိုးက ေျပာသည္။

ပါတီမွ ထုတ္ပယ္ခံရသူ ဦးတင္ေမာင္တိုး ကလည္း ယင္းကိစၥကို ေဒၚခင္မိုးမိုး၏ ေဖ့ဘုတ္စ္ စာမ်က္ႏွာတြင္ တင္ျပထား သျဖင့္ သိရေသာ္လည္း ပါတီမွ တရားဝင္ အေၾကာင္းမၾကားေသး သျဖင့္ မည့္သည့္ မွတ္ခ်က္မွ မျပဳလိုေၾကာင္း ဧရာဝတီသို႔ ေျပာသည္။

NLD ပါတီ၏ ဗဟို အတြင္းေရးမွူး အဖြဲ႕ဝင္တဦး ျဖစ္သူ ဦးဝင္းထိန္၏ ရွမ္းျပည္နယ္ ခရီးစဥ္အတြင္း ရွမ္းျပည္နယ္ NLD ဥကၠ႒ ေဒၚခင္မိုး မိုး၊ ပါတီဝင္ ေဒၚမီးမီးႏွင့္ ေဒၚယူမီေဇာ္တို႔ကို ရာထူးမွ ခ်ထားျခင္း၊ ေတာင္ႀကီးခရိုင္ NLD ဥကၠ႒ ဦးတင္ေမာင္တိုးကို ႏွုတ္မိန႔္ျဖင့္ ထုတ္ပယ္ျခင္းတို႔ ေဆာင္ရြက္ခဲ့သျဖင့္ ကာယကံရွင္မ်ားက ပါတီသို႔ အယူခံ တင္သြင္းရာ ၂ ဖက္စလုံးကို စစ္ေဆးၿပီးေနာက္ ယခုကဲ့သို႔ ဆုံးျဖတ္လိုက္ျခင္း ျဖစ္သည္။
Irrawaddy

  • အဘ ဦးဝင္းထိန္တို႔ အလိမ္မခံရေစဖို႔ 
  •  ဒု၀န္ႀကီးေဒါက္တာထြန္း၀င္းကို တာ၀န္မွ ရပ္စဲျခင္းအေၾကာင္းရင္း ရွင္းျပရန္ စုိက္ပ်ဳိးေရးပညာရွင္မ်ား ေတာင္းဆုိ
  • ''ဒီမိုက​ေရစီ​ေခတ္​ကာလမွာ ျဖစ္​သင္​့ျဖစ္​ထိုက္​တဲ့ ဆံုးျဖတ္​ခ်က္​ မဟုတ္​ဖူး” ​-ေဒါက္​တာထြန္​းဝင္​း
  • သိမ္းဆည္းခံ လယ္ယာေျမမ်ား မူလပိုင္ရွင္ထံ ျပန္ေပးမည္ဟု လယ္/ဆည္ ဒုဝန္ႀကီးေျပာ
  • ရာထူးမွ အထုတ္ခံရမွု အေၾကာင္းျပခ်က္ မေပးဟု ဒု ဝန္ႀကီး ေဒါက္တာ ထြန္းဝင္း ေျပာ  
  • အစိုးရသက္တမ္းအတြင္း ပထမဆံုးအျဖစ္ ဒုဝန္ႀကီးတစ္ဦးအား တာဝန္မွရပ္စဲ 
  •  ေဒါက္တာထြန္းဝင္းကို တာဝန္မွ ရပ္ဆိုင္းသည့္ အေၾကာင္းရင္း အစိုးရက ရွင္းရမည္
  •  ၿငိမ္းခ်မ္းေအး – ဗိုလ္ႀကီးေဟာင္း ဦးဝင္းထိန္ေရး စာအုပ္ႏွင့္ ပတ္သက္၍
  •  ဂ်ာနယ္တစ္ခုတြင္ပါရွိေသာ အင္တာဗ်ဳးအေပၚ ပန္းနဲ႔ေပါက္သလိုပါပဲဟု ဦးဝင္းထိန္ျပန္လည္ေျဖရွင္း
  • မဘသအဖဲြ႕ရဲ႕ ေတာင္းဆိုခ်က္ကို ဦးဝင္းထိန္ တုန္႔ျပန္
  • (NLD)ပါတီဝင္ ဒုဥကၠဌေဟာင္း ဦးၾကည္ေမာင္ဇနီးျဖစ္သူ ေဒၚၾကည္ၾကည္သာကြယ္လြန္
  • NLD လစ္လပ္ အလုပ္အမွုေဆာင္ အဆင့္ဆင့္ ေရြးမယ္  
  • NLD ပါတီ၏အာမခံခ်က္ ၆ ခ်က္
  •   ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံး ၀န္ႀကီးအျဖစ္ အျငိမ္း စားသံအမတ္ၾကီး ဦးေက်ာ္တင့္ေဆြကို ခန္႔အပ္မည္
  • NLD အမတ္(၁၅)ဦး တိုင္ၾကားခံရ
  • ႐ိုဟင္ဂ်ာဆိုေသာ စကားလံုးသည္ သမိုင္းတြင္ မရွိဟု NLDဆို
  • NLD အတြင္းေရးမွူး ၅ ဦးထားၿပီး ေဆာင္ရြက္မယ္
  •  ၂၀၀ရ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလမှာ ပြည်သူနဲ.အတူ ချီတက်ခဲ့ကြတဲ့၀န်ကြီးချုပ်များ
  •   ဥပေဒစိုးမိုးေရး ႏွင့္ လာဘ္ေပးလာဘ္ယူပေပ်ာက္ေရး ဦးစားေပးမည္ဟု ဧရာဝတီတိုင္း ဝန္ႀကီးခ်ဳပ္ သစ္ေျပာ)
  • NLD အစုိးရလက္ထက္ တပ္မေတာ္ေန႔ အမည္ေျပာင္းမည္)
  • NLD အစိုးရမွ ဦးေဆာင္ဖြဲ႔စည္းမည့္ ေကာ္မရွင္အဖြဲ႔မ်ားတြင္ တာ၀န္ထမ္းေဆာင္ရန္ ၈၈ မ်ဳိးဆက္အား ကမ္းလွမ္းမႈ ၈၈ အဖြဲ႔မွ လက္မခံ
  •  ေဒၚစု NLD ဥကၠ႒ ဆက္လုပ္မည္  ေဒၚစု NLD ဥကၠ႒ ဆက္လုပ္မည္
  • ..............
    NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖြဲ့ဝင် ဦးဝင်းထိန် / ဧရာဝတီ


    By ထက်နိုင်ဇော် 25 November 2016

    အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ရှမ်းပြည်နယ် ခေါင်းဆောင်များကို ရာထူးချခြင်း၊ ထုတ်ပယ်ခြင်းတို့နှင့် ပတ်သက်၍ ကာယကံရှင်များ၏ အယူခံမှုကို ပြန်လည် ကြားနာခဲ့ရာ ပါတီ အယူခံ ခုံရုံးက ဦးဝင်းထိန်ကို အနိုင်ပေးလိုက်ကြောင်း သတင်းရရှိသည်။

    “တောင်ကြီးက အယူခံ ၃ မှု ရှိတယ်။ ဒေါ်ခင်မိုးမိုးနဲ့ ဦးတင်မောင်တိုးတို့ အယူခံက ပယ်ချခံရတယ်။ သူတို့ ရှုံးသွားတာ ပေါ့။ ဒေါ်မီးမီးနဲ့ ဒေါ်ယူမီဇော်တို့ရဲ့ အယူခံကိုတော့ လက်ခံလိုက်တယ်။ အရင်တာဝန်ပဲ ပြန်ပေးအပ်လိုက်တယ်။ ဒီနေ့ CEC (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) က အတည်ပြုလိုက်ပြီ။ အယူခံ ခုံရုံးက တင်ပြတဲ့ အတိုင်းပဲ အတည်ပြုလိုက် တယ်။ သူတို့ သုံးသပ်တာကတော့ အရှည်ကြီးပဲ” ဟု NLD ပါတီမှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က မီဒီယာများသို့ ပြောသည်။

    ယနေ့ နေ့လယ်ပိုင်းက နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်း အတွင်းရှိ ယူနီစန် စားသောက်ဆိုင်တွင် ပြုလုပ်သည့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အထက်ပါ အတိုင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပြီး ယင်း အစည်းအဝေး အပြီးတွင် ဦးဝင်းထိန်က ပြောဆိုခြင်း ဖြစ်သည်။

    “နောက်ဆုံး အမိန့်ချလိုက်တာ ကတော့ ဒေါ်ခင်မိုးမိုး၊ ဦးတင်မောင်တိုးတို့ရဲ့ အယူခံတွေကို ပလပ်လိုက်တယ်။ တင်မောင်တိုးကိုတော့ ပါတီက ထုတ်ထားတယ်။ ဒေါ်ခင်မိုးမိုးကိုတော့ ဥက္ကဋ္ဌ ရာထူးက ထုတ်လိုက်တာပေါ့” ဟု ဦးဝင်းထိန်က ဆိုသည်။

    ယခု ဆုံးဖြတ်ချက်ကို ပါတီက တရားဝင် အကြောင်းကြားခြင်း၊ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း သေချာနေပြီ ဖြစ်သဖြင့် တရားမျှတမှု မရှိဟု ခံစားရကြောင်း ရှမ်းပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ အဖြစ်မှ ပါတီဝင်အဖြစ်သို့ ရာထူးချ ခံလိုက်ရသူ ဒေါ်ခင်မိုးမိုးက ဧရာဝတီသို့ ပြောသည်။

    “ဒီနေ့လယ် ၁ နာရီကျော်မှ ဒီသတင်းကို သိရတယ်။ ရှမ်းပြည် NLD ဥက္ကဋ္ဌ နေရာကို ဦးဝင်းထိန်က အစားထိုး နေချင်တာ ဆိုတော့ ဒီအဖြေက မျှော်လင့်ပြီးသား ပါ။ ပြီးတော့ ခုံရုံးကလည်း ဘာအာဏာမှ မရှိဘူးဆိုတာ သိတယ်။ ဒါပေမယ့် ကျမကို ဘယ်အချက်နဲ့ ငြိလို့ ထုတ်တာလဲ ဆိုတာတော့ သိချင်သေးတယ်” ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။

    ပါတီမှ ထုတ်ပယ်ခံရသူ ဦးတင်မောင်တိုး ကလည်း ယင်းကိစ္စကို ဒေါ်ခင်မိုးမိုး၏ ဖေ့ဘုတ်စ် စာမျက်နှာတွင် တင်ပြထား သဖြင့် သိရသော်လည်း ပါတီမှ တရားဝင် အကြောင်းမကြားသေး သဖြင့် မည့်သည့် မှတ်ချက်မှ မပြုလိုကြောင်း ဧရာဝတီသို့ ပြောသည်။

    NLD ပါတီ၏ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင်တဦး ဖြစ်သူ ဦးဝင်းထိန်၏ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုး မိုး၊ ပါတီဝင် ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော်တို့ကို ရာထူးမှ ချထားခြင်း၊ တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးကို နှုတ်မိန့်ဖြင့် ထုတ်ပယ်ခြင်းတို့ ဆောင်ရွက်ခဲ့သဖြင့် ကာယကံရှင်များက ပါတီသို့ အယူခံ တင်သွင်းရာ ၂ ဖက်စလုံးကို စစ်ဆေးပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

    No comments:

    Post a Comment