Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 1, 2016

NLD အတြင္းေရးမွူး ၅ ဦးထားၿပီး ေဆာင္ရြက္မယ္

 အတြင္းေရးမွူး ၅ ေယာက္ အျဖစ္ ခန႔္အပ္ တာဝန္ ေပးထား
အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ အပါ အဝင္ ပါတီ ေခါင္းေဆာင္ အခ်ိဳ႕ဟာ အစိုးရ အဖြဲ႕ ထဲမွာ ပါဝင္ ခဲ့တဲ့ အတြက္ ပါတီ တာဝန္ေတြ လုပ္ေဆာင္ခြင့္ မရွိေတာ့ပါဘူး။

ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ အရ အစိုးရ ရာထူး တာဝန္ ယူခဲ့မယ္ဆိုရင္ ပါတီ တာဝန္ မ်ားကို ဆက္လက္ ထမ္းေဆာင္ခြင့္ မရေတာ့ေပမယ့္ ပါတီဝင္ အျဖစ္ ဆက္လက္ ေနနိုင္တယ္လို႔ NLD ေျပာခြင့္ရ ပုဂၢိဳလ္ ဦးဝင္ထိန္ က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ က ပါတီကို ဦးဝင္းထိန္၊ ဦးဟန္သာျမင့္၊ ဦးဝင္းျမင့္၊ ေဒါက္တာ ေဇာ္ျမင့္ေမာင္၊ ဦးဥာဏ္ဝင္း တို႔ ကို အတြင္းေရးမွူး ၅ ေယာက္ အျဖစ္ ခန႔္အပ္ တာဝန္ ေပးထား ၿပီး သူတို႔က ပါတီကို ဦးေဆာင္ သြားမယ္လို႔ ဆိုပါတယ္။

ပါတီမွာ ထဲထဲဝင္ဝင္ လုပ္နိုင္တဲ့ လူ အေတာ္မ်ားမ်ားက လႊတ္ေတာ္ထဲ ေရာက္သြား တဲ့ အတြက္ ၿမိဳ႕နယ္ အသီးသီးမွာ အင္အား ေလ်ာ့နည္း ခဲ့ၿပီး အစိုးရ အဖြဲ႕ တည္တည္ ၿငိမ္ၿငိမ္ ျဖစ္တဲ့ အခါမွာ လူငယ္ညီလာခံေတြ လုပ္ၿပီး အင္းအား ျဖည့္ တင္းမယ္လို႔ ေျပာပါတယ္။

NLD ပါတီ ညီလာခံ ကို ယခုႏွစ္ ဇြန္ ဒါမွမဟုတ္ ဇူလိုင္ လ မွာ က်င္းပ နိုင္ဖို႔ ေဆာင္ရြက္ မယ္လို႔လည္း ေျပာပါတယ္။

လႊတ္ေတာ္ ကိုယ္စားလွယ္ေတြဟာ လႊတ္ေတာ္ ရပ္နားထားတဲ့ အခ်ိန္မွာ ကြင္းဆင္း ေလ့လာမွုေတြ လုပ္ေနတာေၾကာင့္ လူထု နဲ႔ အဆက္အသြယ္ အျမဲ ရရွိေနမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ေလာေလာဆယ္မွာ ဝန္ႀကီးဌာန ေတြမွာ ဒုတိယ ဝန္ႀကီး ခန႔္အပ္ဖို႔ အစီအစဥ္ မရွိေၾကာင္း နဲ႔ လိုအပ္မယ္ဆိုရင္ ေတာ့ ဒုတိယ ဝန္ႀကီးေတြ ခန႔္အပ္ဖို႔ စဥ္းစား မယ္လို႔ ေျပာၾကား ခဲ့ပါတယ္။

BBC Burmese
http://www.bbc.com/burmese

........................................................


 အတွင်းရေးမှူး ၅ ယောက် အဖြစ် ခန့်အပ် တာဝန် ပေးထား
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ပါတီ ခေါင်းဆောင် အချို့ဟာ အစိုးရ အဖွဲ့ ထဲမှာ ပါဝင် ခဲ့တဲ့ အတွက် ပါတီ တာဝန်တွေ လုပ်ဆောင်ခွင့် မရှိတော့ပါဘူး။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အစိုးရ ရာထူး တာဝန် ယူခဲ့မယ်ဆိုရင် ပါတီ တာဝန် များကို ဆက်လက် ထမ်းဆောင်ခွင့် မရတော့ပေမယ့် ပါတီဝင် အဖြစ် ဆက်လက် နေနိုင်တယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်ထိန် က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က ပါတီကို ဦးဝင်းထိန်၊ ဦးဟန်သာမြင့်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဇော်မြင့်မောင်၊ ဦးဉာဏ်ဝင်း တို့ ကို အတွင်းရေးမှူး ၅ ယောက် အဖြစ် ခန့်အပ် တာဝန် ပေးထား ပြီး သူတို့က ပါတီကို ဦးဆောင် သွားမယ်လို့ ဆိုပါတယ်။

ပါတီမှာ ထဲထဲဝင်ဝင် လုပ်နိုင်တဲ့ လူ အတော်များများက လွှတ်တော်ထဲ ရောက်သွား တဲ့ အတွက် မြို့နယ် အသီးသီးမှာ အင်အား လျော့နည်း ခဲ့ပြီး အစိုးရ အဖွဲ့ တည်တည် ငြိမ်ငြိမ် ဖြစ်တဲ့ အခါမှာ လူငယ်ညီလာခံတွေ လုပ်ပြီး အင်းအား ဖြည့် တင်းမယ်လို့ ပြောပါတယ်။

NLD ပါတီ ညီလာခံ ကို ယခုနှစ် ဇွန် ဒါမှမဟုတ် ဇူလိုင် လ မှာ ကျင်းပ နိုင်ဖို့ ဆောင်ရွက် မယ်လို့လည်း ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေဟာ လွှတ်တော် ရပ်နားထားတဲ့ အချိန်မှာ ကွင်းဆင်း လေ့လာမှုတွေ လုပ်နေတာကြောင့် လူထု နဲ့ အဆက်အသွယ် အမြဲ ရရှိနေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

လောလောဆယ်မှာ ဝန်ကြီးဌာန တွေမှာ ဒုတိယ ဝန်ကြီး ခန့်အပ်ဖို့ အစီအစဉ် မရှိကြောင်း နဲ့ လိုအပ်မယ်ဆိုရင် တော့ ဒုတိယ ဝန်ကြီးတွေ ခန့်အပ်ဖို့ စဉ်းစား မယ်လို့ ပြောကြား ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment