Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 19, 2016

ဒုဝန်ကြီးဒေါက်တာထွန်းဝင်းကို တာဝန်မှ ရပ်စဲခြင်းအကြောင်းရင်း ရှင်းပြရန် စိုက်ပျိုးရေးပညာရှင်များ တောင်းဆို


By
ငြိမ်းချမ်း
ထက်အာကာကျော်
On
Sun, 2016-11-20 06:30
Location
ရန်ကုန်
Issue No.
No.1278 Sunday, November 20, 2016
ဒေါက်တာထွန်းဝင်းကို ရန်ကုန်လေဆိပ်တွင် ကြိုဆိုနေကြသူများ (ဓာတ်ပုံ − နစ်ကီ)

 စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိ ယ၀န်ကြီး ဒေါက်တာထွန်းဝင်းကို မည်သည့်အတွက်ကြောင့်တာဝန်မှ ရပ်စဲလိုက်သည့် အကြောင်းရင်းကို ရှင်းပြပေးရန်စိုက်ပျိုးရေး ပညာရှင်များက တောင်းဆိုလိုက်သည်။


စိုက်ပျိုးရေးပညာရှင်များ ပါ ၀င်သော စိုက်ပျိုးရေးတက္ကသိုလ် အသင်း(ရန်ကုန်)မှ အသင်းဝင် ၅၀ ခန့်သည် ဒုတိယ၀န်ကြီးဒေါက် တာ ထွန်းဝင်းအား တာဝန်မှ ရပ်စဲခံရမှုအတွက် နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်မြို့၌ ဆွေးနွေးတိုင်ပင်ပြီး အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းဝင်းကို မည်သည့်အတွက် ကြောင့် တာဝန်မှရပ်စဲလိုက်သည့်အကြောင်းရင်းကို ရှင်းပြပေးရန် နှင့် တာဝန်မှ ရပ်စဲခံရမှုကို မကျေနပ်သောကြောင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှုများ၊ လက်မှတ်တောင်းခံလှုပ်ရှားမှုများ စသည်တို့ကို ပြုလုပ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင်များက ပြောကြား သည်။

‘‘ဒီလိုမျိုး ပညာရှင်တွေက နေရာမှန်ရောက်လာတဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ မျှော်လင့် ချက် အရမ်းကြီးတယ်။ နောက် တစ်ခုကလည်း သူ့အနေနဲ့(ဒေါက် တာထွန်းဝင်း) ကျွန်တော်တို့ အ သိုင်းအ၀ိုင်းကြားမှာ အရမ်းနာ မည်ကောင်းထွက်တယ်။ တကယ် ကိုပဲ အလားအလာကောင်းတဲ့အပြောင်းအလဲအတွက် ကြိုးစားလုပ်ဆောင်နေတယ်လို့လည်း ကြားရတယ်။ ဘာဖြစ်လို့ အ ကြောင်းပြချက်မပေးဘဲ လုပ် လိုက်သလဲဆိုတာ ကျွန်တော်တို့အနေနဲ့ သိလည်းသိချင်တယ်’’ဟု စိုက်ပျိုးရေးပညာရှင် ဦးသိန်းစိုးမင်းကပြောသည်။

‘‘တစ်ဦးချင်း ကမ်ပိန်းအနေ နဲ့ လုပ်သွားဖို့လည်းရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့က ဘာကြောင့်ဖြစ်လဲဆိုတာ မသိရ သေးဘူး။ အဓိကအကြောင်းရင်း လေးသိချင်ရုံပါပဲ။ ဖဲကြိုးစိမ်းလှုပ် ရှားမှုက တစ်ဦးချင်းအနေနဲ့ အခု စလုပ်နေပြီ။ ကျွန်မတို့က အစိုးရ ဌာနက မဟုတ်ပါဘူး။ အပြင် NGO ကပါ။ ဆရာနဲ့ စကားပြောဖူး၊ ဆုံ ဖူးပါတယ်။ အဲဒီတော့ ဆရာ့စေ တနာတွေ ကျွန်မတို့သိပါတယ်။ လောလောဆယ်မှာ မှားတာ၊ မှန် တာထက် ဘာကြောင့် ဒီလိုလုပ် လိုက်လဲဆိုတာ နားမလည်ဘူး။ အဲဒါကို သိချင်တယ်’’ဟု အစိမ်း ရောင်လမ်းအဖွဲ့အစည်းမှ စီးပွား ရေးဖွံ့ဖြိုးမှုဆိုင်ရာမန်နေဂျာ ဒေါ်ယဉ်ယဉ်ဖြူကပြောသည်။

ဒေါက်တာထွန်းဝင်းသည် နို ၀င်ဘာ ၁၉ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ စိုက်ပျိုးရေးတ က္ကသိုလ်အသင်း(ရန်ကုန်)မှ စိုက်ပျိုးရေးပညာရှင် ၂၀ ကျော်က ရန်ကုန်လေဆိပ်သို့သွားရောက်ကြိုဆိုခဲ့ကြသည်။

တာဝန်မှ ရပ်စဲခံရမှုအပေါ် တုံ့ပြန်မှုများ ပြုလုပ်မည်မဟုတ်ကြောင်းနှင့် တောင်သူလယ်သမား တိုင်းပြည်တွင် အမှန်တရား  အတွက် ရှေ့ဆက်ပြီး စိုက်ပျိုးရေး ပညာရှင်မိသားစုများနှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ဒေါက်တာထွန်းဝင်းက ရန်ကုန်လေဆိပ်တွင် ပြောကြားသည်။

‘‘ကျွန်တော်ဟာ အမှန်တရား ပဲချစ်တဲ့သူတစ်ယောက်ဖြစ်တဲ့အ တွက် သူများကို ပုတ်ခတ်ဖို့၊ တိုက် ခိုက်ဖို့ မဟုတ်ဘူး။ ပြည်သူ၊  တောင်သူလယ်သမားအားလုံးအ တွက် အမှန်တရားအတွက် ဆက် လက်ရပ်တည်သွားမှာပါ။ စိုက် ပျိုးရေးကျောင်းသားဟောင်းများ က ကျွန်တော့်ကို ၀မ်းသာအားရ ကြိုဆိုတာ ဂုဏ်ယူပါတယ်။ ကျောင်းသား ဟောင်းများသည် ဘာမှမျှော်လင့်ချက်မရှိဘူး။ သူ တို့သည် အမှန်တရားဆိုတဲ့ မျှော် လင့်ချက်၊ ကျွန်တော်ရပ်တည်တဲ့ အမှန်တရားအပေါ်မှာ ကြိုဆိုတဲ့ အတွက် အလွန်ဂုဏ်ယူပါတယ်။ ၀မ်းမြောက်ပါတယ်။ ကျွန်တော် တို့တစ်တွေ၊ သူတို့တစ်တွေဟာ ရှေ့မှာ အမှန်တရားအတွက် စိုက်ပျိုးရေးအတွက် အမှန်တရား၊ လယ်သမားအတွက် အမှန်တရား၊ တိုင်းပြည်အတွက် အမှန်တရား ဆက်လက်ရပ်တည်သွား မယ်’’ဟု ဒေါက်တာထွန်းဝင်းက ပြောသည်။

ထုတ်ပယ်ခံရမှုကို မကျေနပ် သောကြောင့် စိုက်ပျိုးရေးပညာ ရှင်များက Dear Dr.Tun Win We Stand With You ဟူသော စာ ရေးသားထားသည့် ဗီနိုင်းပေါ်တွင် လက်မှတ်များ စုပေါင်းရေးထိုးထားပြီး ယင်းဗီနိုင်းကို ဒုဝန်ကြီးထံ ပေးအပ်ခဲ့သည်။

တစ်နိုင်ငံလုံးတွင် စိုက်ပျိုးရေးတက္ကသိုလ်အသင်းသုံးခုရှိပြီး အသင်းဝင် ခြောက်ထောင်ခန့်ရှိရာ ၎င်းတို့အားလုံးထံ လက်မှတ်များ ကောက်ခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 ‘‘စိုက်ပျိုးရေးလောကအ တွက် ဆုံးရှုံးမှုတစ်ခုလို့ မှတ်ချက် ပေးချင်တယ်။ တကယ်အလုပ် လုပ်တဲ့သူတစ်ယောက်၊ အဂတိ တရားကင်းစင်တဲ့သူတစ်ယောက် ကို ဒီလိုလုပ်လိုက်တဲ့အတွက် ဆုံး ရှုံးမှုတစ်ခုလို့မြင်တယ်။ စိုက်ပျိုး ရေးမိသားစုဝင် အများစုကတော့ ၀မ်းနည်းကြတာပေါ့။ ဒေါက်တာ ထွန်းဝင်းကို ကျွန်တော်တို့ စိုက်ပျိုး ရေးလောကရဲ့ ဖခင်တစ်ယောက် လို့ သတ်မှတ်ထားကြတာပါ’’ဟု စိုက်ပျိုးရေး ပညာရှင်တစ်ဦးက လည်းပြောသည်။

 ဒေါက်တာထွန်းဝင်းသည် စိုက်ပျိုးရေးပညာရှင် တစ်ဦးဖြစ် ပြီး အရပ်သားအစိုးရသစ်လက် ထက် ပထမဆုံး တာဝန်မှရပ်စဲခံရ သည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ် ဦးလည်းဖြစ်သည်။ တာဝန်မှရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတက နိုဝင်ဘာ ၁၈ ရက်စွဲဖြင့် အမိန့်ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ် သည်။
http://www.7daydaily.com/story/81314

  •  ''ဒီမိုက​ရေစီ​ခေတ်​ကာလမှာ ဖြစ်​သင့်​ဖြစ်​ထိုက်​တဲ့ ဆုံးဖြတ်​ချက်​ မဟုတ်​ဖူး” ​-ဒေါက်​တာထွန်းဝင်း
  • သိမ်းဆည်းခံ လယ်ယာမြေများ မူလပိုင်ရှင်ထံ ပြန်ပေးမည်ဟု လယ်/ဆည် ဒုဝန်ကြီးပြော
  • ရာထူးမှ အထုတ်ခံရမှု အကြောင်းပြချက် မပေးဟု ဒု ဝန်ကြီး ဒေါက်တာ ထွန်းဝင်း ပြော  
  • အစိုးရသက်တမ်းအတွင်း ပထမဆုံးအဖြစ် ဒုဝန်ကြီးတစ်ဦးအား တာဝန်မှရပ်စဲ

  • No comments:

    Post a Comment