CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label NLD. Show all posts
Showing posts with label NLD. Show all posts
Thursday, December 26, 2019
လွတ်တော်ကိုယ်စားလှယ်ဦးစိုးပိုင်ဌေး အရူပ်တော်ပုံ
ကောင်မလေးနဲ နေပြည်တော်မှတွေတယ် ခင်မင်ရင်းနီးသွားတယ်။ ငွေရေးကြေးရေးတွေအပြန်လန်ကူညီကျတယ် လုပ်ငန်းတွေလုပ်တယ် မအောင်မြင်ပဲအရှုံးပေါ်တယ်။ အဲချိန်မှာဦးစိုးပိုင်ဌေးအိမ်ကသိသွားတယ်။ သူအိမ်ကစပြီးအဲကနေ ဦးစိုးပိုင်ဌေးကို ဝင်ငွေလမ်းကြောင်းတွေ ဖြတ်တောက်တယ်။
ဦးစိုးပိုင်ဌေးက ပျော်ပျော်နေတက်သူ ပိုက်ဆံတွေလိုက်ချေးပြီးသုံးတယ်။ အိမ်ကထက်သိသွားတယ်။ သူအိမ်ကသိတော ဦးစိုးပိုင်ဌေးကို ပျက်သနာရှာတောဒါပေါ နေရှိသရွှေ့ ပိုက်ဆံတွေလည်းလိုက်ချေးမရအောင်လိုက်ပိတ်ထားတယ် ။အဲဒါဆိုကောင်မလေးကပိုက်ဆံမရှိရင် ဦးစိုးပိုင်ဌေးကိုအခေါ်အပြောမလုပ်တောဘူးလိုထင်ကျဒါပေါ။
ကောင်မလေးကလည်းကူညီဖူးထားဒါရှိတော ငွေရေးကြေးရေးပြန်ကူညီဒါပေါ ။သူတိုထင်သလိုဖြစ်မလာဘူး ဦးစိုးပိုင်ဌေးကလည်း အိမ်ကရန်ရှာနေတောအိမ်ကိုမပြန်ဘူး ပြန်သွားရင်လည်း ရန်ရှာလို ထွက်ထွက်ပြေးလာတယ်။ အဲတောကောင်မလေးကို စပြီးမဲကျပါလေရော ဖုန်းတွေဆက်ပြီးတော ရန်ရှာတယ်။
ကောင်မလေးကသည်းခံပြီး ဦးစိုးပိုင်ဌေးကိုပြန်ဖိုပြောပြီး ပြန်ခိုင်းတယ်။ ပြန်ဖိုလမ်းစရိတ်မရှိဒါတောင် ထုပ်ပေးပြီးပြန်ခိုင်း ဦးညီကလည်းမပြန်ချင်ဘူး အိမ်ပြန်ရောက်ဒါနဲ ရန်ရှာခံရတော မြန်မာပြည်ကတောင်ထွက်သွားဖိုကြံတယ်။
ကောင်မလေးကပြန်ဖိုပြောတယ် ကောင်မလေးကပြန်ဖိုခဏခဏပြောတော နှစ်ရောက်သားရန်ထဖြစ်ကျတယ် ဦးစိုးပိုင်ဌေးကဖုန်းကိုရိုက်ခွဲပြီးထားခဲတယ် ကောင်မလေးကဖုန်းကို ကောက်ယူလာခဲတယ်။
ဖုန်းကိုပြန်ပြင်ကြည်လိုက်တော ဖုန်းထည်းမှာသူကိုမကောင်းဒါလုပ်တဲဘာညာ ပက်ပက်ဆက်ပြောထားဒါတွေတော စိတ်ထဆိုးပါလေကော အဲကြားထည်း ဦးစိုးပိုင်ဌေးအသိုင်းဝိုင်းက ကောင်မလေးကိုမကောင်းတဲကောင်မဆိုပြီးသတင်းဖြန်ဒါတွေ ပြန်ကြားရပြန်တော ဒေါသတွေထွက်ပြီး ခုလိုတွေပြန်လုပ်တောဒါပဲ။
Saw Khun Shwe
မြိတ်မြို့နယ် ပြည်သူ့လွှတ်ကိုယ်စားလှယ်
ဦးစိုးပိုင်ဌေးရဲ့ အောကားကို ချပြမယ်တဲ့
Saw Khun Shwe
Monday, May 27, 2019
NLD အစိုးရ တတိယတစ်နှစ်တာကာလ စစ်ဖက်ကနေ အရပ်ဖက်ပြောင်းသူ ၈၀ ကျော်ရှိ
![]() |
| တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောဆို |
ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေက အများဆုံးကတော့ပြည်ထဲရေးဝန်ကြီးဌာနကိုပြောင်းတာ များပါတယ်။ ဒုတိယအများဆုံးကတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချဝန်ကြီးဌာန ပေါ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ အရာရှိတွေပြောင်းတာဖြစ်ပါတယ်။ ကျန်တာကတော့ လိုအပ်ချက်အရ ခေါ်တာပါ။ အရပ်ဖက်ဝန်ကြီးဌာနတွေဘက်က ခေါ်တာပါ။ နည်းပညာပိုင်း ၊ ကျွမ်းကျင်မှုပိုင်းတွေမှာ လိုအပ်ချက်အရ ခေါ်တဲ့အခါ သမ္မတအထိတင်ပြပြီး ပြောင်းသင့်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကိုသာ ပြောင်းခွင့်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
ကာကွယ်ရေး ဝန်ကြီးဌာနကနေ အရပ်ဖက်ဝန်ကြီးဌာနကို ပြောင်းရွှေ့မယ့် အရာထမ်းတွေအတွက် အချက် ၃ ချက် သတ်မှတ်ထားပါတယ်။
သတ်မှတ်ထားတဲ့ သုံးချက်အနက် ပထမ အချက်ကတော့ ကျွမ်းကျင်မှု အရည်အချင်းဖြစ်ပြီး လိုအပ်ချက်အရ မဖြစ်မနေခေါ်ခန့်ရမည့်နေရာမျိုးမှာ ခန့်အပ်တာဖြစ်ပါတယ်။ဒုတိယအချက်ကတော့ ဌာနတွင်းဝန်ထမ်းတွေရဲ့ ရာထူးတိုးမြင့်ခြင်းနဲ့ တခြားအခွင့်အရေးတွေကို စစ်ဖက်က ပြောင်းလာသူကြောင့် အကျိုးထိခိုက်မှု မရှိဆိုတဲ့ ဌာန အကြီးအကဲရဲ့ ထောက်ခံချက်ဖြင့် ပြောင်းပေးခြင်းဖြစ်ပြီး နောက်ဆုံးအချက်ကတော့ သာမန်အရပ်သားဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ဖို့ ခက်ခဲတဲ့ဒေသတွေကို စစ်ဖက်က လူများကို ခန့်အပ်တာဝန်ပေးအပ်တာတို့ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်ရဲ့ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ်က ကရင်တိုင်းရင်းသားတဦး ဖြစ်ပါတယ်။
အရင်အစိုးရတွေ လက်ထက်မှာလည်း ကာကွယ်ရေး ဝန်ကြီးဌာနကနေ အရပ်ဖက်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်တဲ့ အရာထမ်းတွေရှိခဲ့ပါတယ်။ လက်ရှိဝန်ကြီးဌာနတွေမှာလည်း ညွှန်ကြားရေးမှူးကနေ ညွှန်ကြားရေးမှူးချုပ် ရာထူးအထိ တာဝန်ထမ်းဆောင်နေသူ အများစုမှာ တပ်မတော်က အရာရှိဟောင်းတွေဖြစ်ပါတယ်။
အခုလို ပြောင်းရွှေ့တာတွေနဲ့ ပတ်သက်လို့ အရင်တုန်းက အသံ သိပ်မထွက်ခဲ့ကြပေမယ့် အခုအစိုးရလက်ထက်မှာတော့ အရပ်ဖက်ဝန်ကြီးဌာနတွေကို စစ်ဘက်က ပြောင်းရွှေ့ရင် ကန့်ကွက်တာတွေ လုပ်ဆောင်လာကြပါတယ်။
BBC Burmese
https://www.bbc.com
Sunday, April 14, 2019
မအေးမြတ်သူကိုမတရားကျင့်သည်မှာဖျာပုံ NLD ဥက္ကဌမဟုတ်ဘဲတခြားသူဟုတရားလိုရှေ့နေကပြော
သတင်းမှန်ကို အများသိဖို့ ပြန်တင်ပါတယ် ...
ဖျာပုံက ဆရာကြီး ဦးမင်းဆွေ အမှုကတော့ကြာလေ သနားဖို့ကောင်းလေ ဖြစ်လာနေပြီ
ဒီတစ်ပတ် တတိယအကြိမ်မြောက် ရုံးချိန်းမှာ
အေးမြတ်သူရဲ့ မဘသ အကျိုးတော်ဆောင်ရှေ့နေက တရားခွင်တစ်ခုလုံး အံ့အားသင့်စေမယ့်
စကားကို ပြောခဲ့တယ်။
အဲ့ဒါကတော့ အေးမြတ်သူကို မုဒိန်းကျင့်တယ်ဆိုတဲ့
ဦးမင်းဆွေ ဆိုတာ ဖျာပုံ NLD ဥက္ကဌဆရာကြီး
ဦးမင်းဆွေကို ပြောတာမဟုတ်ပဲ ကျပန်းလုပ်နေတဲ့ ဦးမင်းဆွေကိုသာ ပြောခဲ့တာ ဖြစ်ကြောင်း
မဘသရှေ့နေက ဗြောင်လိမ်ပါတော့တယ်
ဆရာကြီးက ဒီလောက်တိုင်းသိပြည်သိ စွပ်စွဲတာကို
ခုမှ သူမဟုတ်ဘူးလို့ ငြင်းတာပါဆိုတော့ ဆရာကြီးကို
စွပ်စွဲကြောင်း ဘယ်လိုသိလဲ ဆိုပြီး နောက်ထက်
ဗြောင်လိမ်ပြန်ပါတယ်။ ဆရာကြီးက သူတို့ကိုယ်တိုင်
သတင်းစာရှင်းလင်းပွဲ လုပ်ပြီး စွပ်စွဲခဲ့တာဆိုတော့
အဲ့ဒါ ကျပန်းလုပ်တဲ့ ဦးမင်းဆွေကို ပြောတာပါလို့ ဖင်ပိတ်ငြင်းပြန်ပါရော။ ဒါနဲ့ ဆရာကြီးက ပထမဦးဆုံးငါ့ကိုစွပ်စွဲခဲ့တဲ့ အသံဖိုင် ငါ့မှာရှိတယ်လို့ ပြောတာတောင်
အာပနားက သက်သေပြခိုင်းနေသေးတယ်
အခြေအနေမဟန်မှန်းသိတော့ ဖင်ပိတ်ငြင်းနေပြီ
DNA စစ်ဆေးဖို့တောင်းဆိုတုန်းကလည်း လက်မခံ
ဆရာကြီး ဦးမင်းဆွေကိုပြောတာ မဟုတ်ဘူးဆို
ဒါဆို..ဘာလို့ရန်ကုန်မှာ အေးမြတ်သူအမေက ဆရာ
ကြီး ဦးမင်းဆွေကို မုဒိမ်းမှု့နဲ့ ဘာလို့အမှု့ဖွင့်ခဲ့တာလဲ
ကျပန်းလုပ်တဲ့ ဦးမင်းဆွေကိုအမှု့ဖွင့်လေ
CID ကအဲဒီအမှု့ကို ကိုင်တွယ်လဲစစ်ရော အခြေအနေ
မဟန်မှန်းသိတော့ ဆရာကြီးဦးမင်းဆွေ မဟုတ်ပါဘူး
တွေ ဖြစ်ကုန်ရော
သတင်းမီဒီယာတွေနဲ့ အင်တာဗျူးထားတဲ့ Video
သက်သေတွေက ရှိနေပြီးသား
အသံဖိုင်မဟုတ်ဘူးနော် ကာယကံရှင်တွေကိုယ်တိုင်
ဗျူးထားတဲ့ Video တွေ
ခုမှ ကြောက်မနေကြပါနဲ့ နောက်ကွယ်ကကြိုးကိုင်
စီစဉ်ညွှန်ကြားသူကို ဖော်ရင်တော့ပြစ်ဒဏ်က သက်
သာဦးမယ် ။
မဖော်ပဲ ကိုယ့်ကိုယ်ကို ခံမယ်ဆိုရင်တော့
ထောင်ထဲမှာ ခံကြပေဦးတော့ ..
မကြာခင်မှာ ပွဲကြီးပွဲကောင်းကို ငွေရောင်ပိတ်ကားပေါ်
မှာ ဆက်လက်ရှု့စားတော်မူကြပါ ။
လာမယ့် ၂၃/၄ မှာ ရုံးချိန်းထပ်ရှိပါတယ်
ကျတော်ပြောပါတယ် ဒီလမကုန်ခင် ဒီအမှုထူးမယ်လို့
နိုင်နိုင်အောင်တော့ ရှေ့ကဝင်သွားပြီ
Edited to : ဒီမို ဖိုက်တာ
ZN.H 🇦🇺
Tuesday, April 9, 2019
၉၀ အမတ်များ တည်ထောင်မည့်ပါတီတွင် NLD ပါတီဝင်ဟောင်း ဦးနိုင်းနိုင်းကို ဥက္ကဋ္ဌအဖြစ်ခန့်အပ်၊ NLD အား ပြိုင်ဖက်အနေဖြင့် သဘောထားမည်ဟု ဆို
၁၉၉၀ ရွေးကောက်ခံအမတ်များ ဦးစီးတည်ထောင်မည့် ပါတီတွင် ဥက္ကဋ္ဌအဖြစ် NLD ပါတီဝင်ဟောင်း ဦးနိုင်းနိုင်းအား ခန့်အပ်ခဲ့ပြီး NLD ကိုလည်း ပြိုင်ဖက် အ နေဖြင့် သဘောထားသွားမည် ဖြစ်ကြောင်း ၉၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် NLD ပါတီဝင်ဟာင်းဖြစ်သူ ဦးဒေးဗစ်လှမြင့်က The Ladies News သို့ပြောကြားသည်။
ပါတီအမည်ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ဟု သတ်မှတ်ထားပြီး၊ ပါတီဥက္ကဋ္ဌအဖြစ် ၁၉၉၀ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် ဦးနိုင်းနိုင်းကို ရွေးချယ်ခဲ့သည်ဟု ဆိုသည်။
၉၀ ရွေးကောက်ခံအမတ်များ တည်ထောက်မည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုရေးစီပါတီ (UNDP) တွင် ပါဝင်ကြမည့် ပါတီဝင်များသည် NLD ပါတီဝင်ဟောင်းများဖြစ်ပြီး NLD ကိုလည်း ပြိုင်ဖက် အ နေဖြင့် သဘောထားသွားမည် ဟုဆိုသည်။
`NLD ပါတီက ကျွန်တော်တို့ရဲ့ ပြိုင်ဖက်ပဲ။ လက်ရှိသွားနေတဲ့ ဒီမိုကရေစီ process အရ သူက ကျွန်တော်တို့ရဲ့ ပြိုင်ဖက်ပဲ။ ကျွန်တော်တို့ရဲ့ မိတ်ဖက်မဟုတ်ဘူးဗျ` ဟု ၄င်းက ပြောကြားသည်။
NLD သည် လက်ရှိတွင် အာဏာရပါတီဖြစ်သလို၊ လူထုထောက်ခံမှုလည်း ရှိနေသော ပါတီဖြစ်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ကို ယှဉ်နိုင်မည်ဟု ဦးဒေးဗစ်လှမြင့်က ယုံကြည်သည်။
`ကျွန်တော်တို့ ယှဉ်နိုင်ပါတယ် NLD ပါတီကို။ ယှဉ်နိုင်တယ်လို့ ယုံကြည်လို့ နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်တာဗျ။ ကျွန်တော်တို့က ပါတီထောင်ရယုံ သက်သက်နဲ့တော့ ပါတီထောင်မှာ မဟုတ်ပါဘူး။ ပါတီထောင်တယ် ဆိုတာက နိုင်ငံရဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေရဲ့ လိုအပ်တဲ့ နေရာတွေမှာ ဆောင်ရွက်နိုင်ဖို့ အတွက် ပါတီထောင်တာပါ။ ကျွန်တော်တို့က NLD ကို တိုက်တာခိုက်တာ မဟုတ်ဘူးဗျ။ ဒီမိုကရေစီ Process အရ သူနဲ့ ကျွန်တော်တို့ ပြိုင်ရမှာပဲလေ။ သူ့ကို ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်` ဟု ၄င်းက ပြောကြားသည်။
တိုင်းရင်းသား ခေါင်းဆောင်ရှစ်ဦးကိုလည်း ပါတီ၏ နာယကအဖြစ် ထားရှိမည်ဖြစ်ပြီး နာယက ရွေးချယ်ရေးနှင့် ပတ်သက်ပြီး မိတ်ဖက် အဖွဲ့အစည်းဖြစ်သည့် စည်းလုံးညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။
၉၀ အမတ်များ တည်ထောင်မည့် ပါတီတွင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများကို ရွေးချယ်ထားသော်လည်း ၉၀ ရွေးကောက်ခံ အမတ်တစ်ဦးလည်းဖြစ်၊ ထင်းရှားသည့် တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် တစ်ဦးလည်းဖြစ်သည့် ဦးခွန်ထွန်းဦးအား ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသည် ဟုလည်း ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၌ ပါတီမှတ်ပုံတင်ခြင်း လုပ်ငန်းများကို သင်္ကြန်ပြီးနောက်ပိုင်းတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
အောင်ရဲနောင်
The Ladies News
ပါတီအမည်ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ဟု သတ်မှတ်ထားပြီး၊ ပါတီဥက္ကဋ္ဌအဖြစ် ၁၉၉၀ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် ဦးနိုင်းနိုင်းကို ရွေးချယ်ခဲ့သည်ဟု ဆိုသည်။
၉၀ ရွေးကောက်ခံအမတ်များ တည်ထောက်မည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုရေးစီပါတီ (UNDP) တွင် ပါဝင်ကြမည့် ပါတီဝင်များသည် NLD ပါတီဝင်ဟောင်းများဖြစ်ပြီး NLD ကိုလည်း ပြိုင်ဖက် အ နေဖြင့် သဘောထားသွားမည် ဟုဆိုသည်။
`NLD ပါတီက ကျွန်တော်တို့ရဲ့ ပြိုင်ဖက်ပဲ။ လက်ရှိသွားနေတဲ့ ဒီမိုကရေစီ process အရ သူက ကျွန်တော်တို့ရဲ့ ပြိုင်ဖက်ပဲ။ ကျွန်တော်တို့ရဲ့ မိတ်ဖက်မဟုတ်ဘူးဗျ` ဟု ၄င်းက ပြောကြားသည်။
NLD သည် လက်ရှိတွင် အာဏာရပါတီဖြစ်သလို၊ လူထုထောက်ခံမှုလည်း ရှိနေသော ပါတီဖြစ်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ကို ယှဉ်နိုင်မည်ဟု ဦးဒေးဗစ်လှမြင့်က ယုံကြည်သည်။
`ကျွန်တော်တို့ ယှဉ်နိုင်ပါတယ် NLD ပါတီကို။ ယှဉ်နိုင်တယ်လို့ ယုံကြည်လို့ နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်တာဗျ။ ကျွန်တော်တို့က ပါတီထောင်ရယုံ သက်သက်နဲ့တော့ ပါတီထောင်မှာ မဟုတ်ပါဘူး။ ပါတီထောင်တယ် ဆိုတာက နိုင်ငံရဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေရဲ့ လိုအပ်တဲ့ နေရာတွေမှာ ဆောင်ရွက်နိုင်ဖို့ အတွက် ပါတီထောင်တာပါ။ ကျွန်တော်တို့က NLD ကို တိုက်တာခိုက်တာ မဟုတ်ဘူးဗျ။ ဒီမိုကရေစီ Process အရ သူနဲ့ ကျွန်တော်တို့ ပြိုင်ရမှာပဲလေ။ သူ့ကို ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်` ဟု ၄င်းက ပြောကြားသည်။
တိုင်းရင်းသား ခေါင်းဆောင်ရှစ်ဦးကိုလည်း ပါတီ၏ နာယကအဖြစ် ထားရှိမည်ဖြစ်ပြီး နာယက ရွေးချယ်ရေးနှင့် ပတ်သက်ပြီး မိတ်ဖက် အဖွဲ့အစည်းဖြစ်သည့် စည်းလုံးညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။
၉၀ အမတ်များ တည်ထောင်မည့် ပါတီတွင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများကို ရွေးချယ်ထားသော်လည်း ၉၀ ရွေးကောက်ခံ အမတ်တစ်ဦးလည်းဖြစ်၊ ထင်းရှားသည့် တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် တစ်ဦးလည်းဖြစ်သည့် ဦးခွန်ထွန်းဦးအား ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသည် ဟုလည်း ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၌ ပါတီမှတ်ပုံတင်ခြင်း လုပ်ငန်းများကို သင်္ကြန်ပြီးနောက်ပိုင်းတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
အောင်ရဲနောင်
The Ladies News
Tuesday, April 2, 2019
NLD အစိုးရ သုံးနှစ်ပြည့်နဲ့ စွမ်းဆောင်မှုများ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသက်တမ်း ၃နှစ်အတွင်းမှာ အဓိက အခြေခံအဆောက်အဦးတွေ ဦးစားပေး ဆောင်ရွက်ခဲ့ပြီးကျန်းမာရေး၊ ပညာရေးနဲ့ သိမ်းဆည်းခံ လယ်ယာမြေပြန်လည် ရရှိရေးစတာတွေကို ဆောင်ရွက်နိုင်ခဲ့ကြောင်းနဲ့ ရွေးကောက်ပွဲကတိတွေ အကောင်အထည်ဖော်ရေးကိုလည်း ဆက်လက် ဆောင် ရွက်နေကြောင်း NLDပါတီ ပြောခွင့်ရသူက ပြောပါတယ်။ နိုင်ငံရေးသုံးသပ်သူတွေကတော့ လူထုစီးပွားရေး ပိုမိုကျဆင်းနေသလို တိုင်းရင်းသားအရေးကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်တာ မရှိကြောင်းထောက်ပြကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရပြီး ဖွဲ့စည်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ တာဝန်ယူခဲ့တာဟာ ဒီနေ့ ဧပြီလ ၁ ရက်နေ့မှာ ၃နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
ဒီကာလအတွင်း အစိုးရအနေနဲ့ အလေးထားဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က အခုလို သုံးသပ်ပြောဆိုပါတယ်။
“အဓိကကတော့ အခြေခံအဆောက်အဦတွေကို ဦးစားပေးပြီး ဆောင်ရွက်ခဲ့ပါတယ်။ လမ်း၊ တံတား၊ လျှပ်စစ်မီးရရှိရေးဒါကို အဓိက ထားလုပ်ခဲ့ပါတယ်။ နောက်တခါ ကျနော်တို့ ဒီ ဌာနတွေဆိုရင် ကျန်းမာရေးနဲ့ ပညာရေးဌာန ကို အဓိက ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။ နောက် လယ်သမားတွေနဲ့ ပတ်သက်ရင် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် ကျနော်တို့ အစွမ်းကုန် အချိန်အများကြီး ပေးပြီး ဆောင်ရွက် ခဲ့ပါတယ်။ နောက် တစ်ဦးချင်းရဲ့ ၀င်ငွေ တိုးတက်ဖို့ အတွက် GDP ၂ဆတိုးတက်လာအောင် ကျနော်တို့ လုပ်ခဲ့ ပါတယ်။ ”
ရွေးကောက်ပွဲ ကတိက၀တ်တွေဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး ကဏ္ဍမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ မူးယစ် ဆေးဝါးနှိမ်နင်းရေး စတာတွေလုပ်ဆောင်နေကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးကဏ္ဍမှာတော့ ထင်ရှားတဲ့ ရလဒ် တွေ မရှိပေမဲ့ အမျိုးသားရင်ကြားစေ့ရေးကို အစဉ်တစိုက်ဆောင်ရွက်နေလို့ တချိန်မှာ တိုးတက်မှု ရှိလာနိုင်မှာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလည်း ပြည်သူတွေဆန္ဒအရ ဆောင်ရွက် နေကြောင်းဒေါက်တာမျိုးညွှန့်က ပြောပါတယ်။
“ကျနော်တို့ ပါတီက တာဝန်ပေးအပ်လိုက်တဲ့ အစိုးရနဲ့ လွှတ်တော်ဟာ လာမယ့် ရွေးကောက်ပွဲကိုသာ အဓိက မဟုတ်ဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် ရေရှည်အကျိုးရှိမယ့် အချက်တွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစတဲ့ ရှုထောင့်ပေါင်းစုံကနေကြည့်ပြီး ရေရှည်အမြင်နဲ့ ဆောင်ရွက် နေပါတယ်။”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကို အရေးယူတာ အပါအ၀င် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်တာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ကနေ ပြည်ထောင်စုအစိုးရ၀န်ကြီးဌာနရုံးလက်အောက်ကို ပြောင်းရွှေ့တာ၊ အပစ်ရပ် စာချုပ်ကို လက်နက်ကိုင် ၂ဖွဲ့ ပါဝင် လက်မှတ်ထိုးတာ၊ ပြည်ထောင်စု သဘောတူညီချက်အပိုင်း ၁နဲ့ ၂ ရရှိတွေဟာ တိုးတက်မှုအဖြစ် သုံးသပ်ထားပါတယ်။
စီးပွားရေးပိုင်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ၀င်ရောက်လာမယ့် အနေအထားမျိုး မရှိကြောင်းသုံးသပ်ပြီး လူထုစီးပွားရေး အခြေအနေ မြင့်တက်ရေးအတွက် အခုလို အကြံပြုထားပါတယ်။
“စီးပွားရေးမှာ သာမန် လမ်းပေါ်မှာ ကားမောင်းနေတဲ့ လူပဲဖြစ်ဖြစ်၊ ဈေးရောင်းနေတဲ့ လူပဲဖြစ်ဖြစ် မေးလိုက်ရင် လွန်ခဲ့တဲ့ ၃နှစ်ထက် နှိုင်းစာရင် ပိုပြီး ကျပ်တည်း လာတာကတော့ ငြင်းမရတဲ့အချက်ပဲ။ အဲဒီလို ကျပ်တည်းလာတဲ့ အခြေအနေပေါ်မှာ လက်ရှိ NLD အစိုးရအနေနဲ့ ဗျူဟာမြောက် ဆောင်ရွက်နိုင်မှု အားနည်းတယ်လို့ မြင်တယ်။ အဲဒီအခါကျတော့ စီးပွားရေးပိုင်းကိုလာမယ့် လက်ကျန်၂နှစ်မှာ ဒီထက်ပိုပြီး ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့မြင်တယ်။ တစ်နည်းအားဖြင့် ပြည်သူလူထု ထမ်းပိုးထားရတဲ့ ဆင်းရဲမွဲတေမှု ၀န်ထုပ်ဝန်ပိုးကို တတ်နိုင်သမျှ လျော့ချနိုင်မယ့် ရေတို ဖြေရှင်းချက်မျိုးတွေကို လာမယ့် ၂နှစ်အတွင်းမှာ ဖော်ဆောင် နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ”
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က NLD အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမူဝါဒဟာ တိုင်းရင်းသားလူမျိုးတွေထက် တပ်မတော်အပေါ် အလေးသာ နေကြောင်း၊ အကျိုးဆက်အဖြစ် ရခိုင်ပြည်နယ်အရေးမှာ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုကျဆင်းလာနေကြောင်း သုံးသပ်ထားပါတယ်။
“ကျနော်တို့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီရေးကို တောက်လျောက် တောင်းဆို တိုက်ပွဲဝင်နေတဲ့ ဘက်ချင်းတူတဲ့သူတွေနဲ့ ရင်ကြားစေ့ရမယ့်အစားကို အစိုးရ တပ်မတော်နဲ့ပဲ ပိုပြီးတော့မှ နီးစပ်သွားတာ မျိုးကတော့ မလိုလားအပ်တဲ့ အနေအထားတစ်ခုကို တွန်းပို့သလို ဖြစ်သွားတယ်။ ရခိုင်အရေးအခင်း ပေါ်ပေါက်လာတဲ့အခါ ပိုပြီး ထင်ရှားလာပါတယ်။ NLD အစိုးရရဲ့ ၃နှစ်ပြည့် အထိမ်းအမှတ်နေ့ အထိတော့ ကျနော်တို့ တိုင်းရင်းသားတွေ အတွက်က သိပ်ပြီးမျှော်လင့်စရာ၊ သိပ်ပြီး အားရစရာ တစ်ခုမှ သူ ဖန်တီးဖော်ဆောင်ပေးနိုင်ခြင်း မရှိသေးဘူးလို့ပဲ သုံးသပ်လိုပါတယ်။”
နိုင်ငံရေးလေ့လာ သုံးသပ်သူတွေကတော့ NLD အစိုးရ တာဝန်ယူမယ့် လက်ကျန်သက်တမ်းကာလ ၂နှစ် အတွင်းမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အစိုးရ၊ လွှတ်တော်နဲ့ ပါတီအတွက်ပါ ကြီးမားတဲ့ စိန်ခေါ်မှုအဖြစ် ရှိနေတယ်လို့ ဝေဖန်ထောက်ပြကြပါတယ်။
ကိုမိုးဇော်/ ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Thursday, March 28, 2019
Wednesday, March 27, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေး တပ်မတော်ပါဝင်ဖို့ NLD တိုက်တွန်း
![]() |
| ၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကျင်းပ |
၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့၂၁ ရာစု ပင်လုံညီလာခံနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တပ်မတော်အနေနဲ့ ပြည်သူနဲ့အတူ လက်တွဲပါဝင် ကြိုးပမ်းသွားဖို့ NLD ပါတီရဲ့ တိုက်တွန်းချက်ကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ဖတ်ပြပါတယ်။
" ကျွန်ုပ် တို့ဟာ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးနဲ့အတူ အစဉ်အလာ ကြီးမားလာခဲ့တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ဂုဏ်ယူကြရသလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှူးပြုတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံကိုလည်းကောင်း ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုကိုလည်းကောင်း ၊ တပ်မတော်ဟာ ပြည်သူနဲ့အတူ တိုင်းရင်းသားများနဲ့အတူ တစ်စိတ်တည်း တစ်ဝမ်းတည်း စုပေါင်းအင်အားအဖြစ် လက်တွဲပါဝင် အောင်ပွဲဆင်နိုင်ပါစေကြောင်း ဆုတောင်း နှိုးဆော်လိုက်ရပါတယ်။"
၂၁ ရာစု ပင်လုံညီလာခံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပါအ၀င် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အဖွဲ့အစည်း ပုဂ္ဂိုလ်ရေးအကျိုးထက် နိုင်ငံရဲ့ အကျိုးကို ဦးစားပေးမှ အောင်မြင်မှုရမယ်လို့ ပြောလာသူက ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်ပါ။
"အရေးကြီးတာတော့ မိမိတို့ပန်းတိုင်ကို မပြတ်ဘဲနဲ့ ကျွန်တော်တို့အမြဲတမ်းရှေ့ကို ဆက်လက်ပြီး ချီတက်နေဖို့ ပါပဲ။ ဒါဆိုရင်တော့ တချိန်မှာကျွန်တော်တို့ ပန်းတိုင်ကို ရောက်မှာပါ။ ကျွန်တော်တို့အခက်အခဲတွေရှိပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်းကြားထဲမှာလည်း နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ မကျေနပ်ချက်တွေ မယုံကြည်မှုတွေ ဒါတွေကလည်းရှိပါတယ်။ နောက်တပ်မတော် နဲ့ပြည်သူကြား ထဲမှာလည်း တဖက်က တဖက်ကို မယုံကြည်မှုတွေ ရှိနေပါတယ်။ အဲ့ဒါတွေကို နိုင်ငံနဲ့တိုင်းပြည်အကျိုးအတွက် ဘာအရေးအကြီးဆုံးလည်း ကိုယ့်အဖွဲ့အစည်းအကျိုး ကိုယ်ပုဂ္ဂလိကအကျိုးထက် နိုင်ငံနဲ့လူမျိုးရဲ့အကျိုးကို ဦးစားပေးတဲ့နေ့မှ ကျွန်တော်တို့ အောင်မြင်မှုတွေ အကုန်ရလာမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။"
လူတန်းစားအလွှာအသီးသီးက ပြည်သူလူထုတွေ ပါဝင်ပြီး ဖက်ဆစ်စနစ်ကို တညီတညွတ်တည်း တော်လှန်ခဲ့ကြတဲ့ မတ်လ ၂၇ ရက်နေ့ကို “ဖက်ဆစ်တော်လှန်ရေးနေ့” အဖြစ် သမိုင်းအစဉ်အဆက် သတ်မှတ်လာခဲ့ကြပေမဲ့၊ အာဏာရှင် ဗိုလ်ချုပ်နေ၀င်း လက်ထက်မှာတော့ တပ်မတော်က “တပ်မတော်နေ့” အဖြစ် ခေါ်ဝေါ်လာခဲ့ပါတယ်။ တပ်မတော် အနေနဲ့ ဒီလိုနေ့မျိုးမှာ စစ်ရေပြအခမ်းအနားတွေ နဲ့ တပ်မတော်နေ့ကို နှစ်စဉ် ခမ်းခမ်းနားနား ကျင်းပကြပေမဲ့၊ NLD ပါတီကတော့ ဖက်ဆစ်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ကျင်းပနေဆဲပါ။
ဒါနဲ့ပတ်သက်လို့ ဒေါက်တာမျိုးညွှန့်က ခုလိုပြောပါတယ်။
"ကျွန်တော်တို့ပါတီကတော့ ဒီနေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့လို့ သတ်မှတ်ပါတယ်။ တပ်မတော်ကတော့ တပ်မတော်နေ့လို့ သတ်မှတ်တာပေါ့။ ကျွန်တော်တို့ဘာဖြစ်လို့ ဖက်ဆစ်တော်လှန်ရေးနေ့ သတ်မှတ်လည်း ဆိုရင် ဒီနေ့ဟာ နိုင်ငံအတွက် ဖိနှိပ်ချုပ်ချယ်တဲ့ စနစ်တခုကို ပြည်သူတွေ တိုင်းရင်းသားတွေ နောက် လူတန်းစားပေါင်းစုံ စုပေါင်းပြီးတော့ စတင်ခဲ့တဲ့နေ့ဖြစ်တဲ့အတွက် ဒီသရုပ်အဓိပ္ပါယ်ကို ပေါ်လွင်ဖို့ အတွက် ဖက်ဆစ်တော်လှန်ရေးနေ့လို့ သတ်မှတ်ခြင်းဖြစ်ပါတယ်။ ဒီနေ့အနေနဲ့ လည်း ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲမှာဖြစ်နေတဲ့ အခက်အခဲတွေကို ပြည်သူတိုင်းရင်းသား ပေါင်းစုံ အလွှာပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို ထပ်မံပြီးတော့ ကျွန်တော်တို့ သတိပေး နှိုးဆော်ချင်တဲ့အတွက် ဒီနေ့ဟာ တမျိုးတဖုံပေါ့ အဓိပ္ပါယ်ထူးခြားပါတယ်လို့ ပြောချင်ပါတယ်။"
ဒီကနေ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကကျင်းပတဲ့ ၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား ကိုတော့ ပါတီနာယက ဦးတင်ဦးအပါအ၀င် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြသလို၊ နိုင်ငံခြား သံတမန် တချို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ထက်အောင်ခန့် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Thursday, March 14, 2019
ပုဒ်မ ၅၉(စ) ကို ဖျက်သိမ်းရေး NLD ပါတီ ပြင်ဆင်ချက်တင်
![]() |
| ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး(၄/၂၀၁၉)ကို ၂၀၁၉ မတ်လ ၁၂ ရက်နေ့ နေပြည်တော်မှာကျင်းပစဉ်/ Photo: Pyidaungsu Hluttaw FB |
ဒီကနေ့ကျင်းပတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ခြောက်ကြိမ်မြောက် အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခန်း ၃ ပါ ပုဒ်မ ၁၇ ခုကို ဆွေးနွေးတာမှာ အဲဒီ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကို တင်သွင်းခဲ့တာလို့ ကော်မတီဝင် ကိုယ်စားလှယ်တချို့က ပြောပါတယ်။
ဒီကနေ့ ဆွေးနွေးတဲ့ ဖွဲ့စည်းပုံ အခန်း ၃ ကို ပြင်ဆင်ချက် ၃ ချက်တင်သွင်းခဲ့တယ်လို့ အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေက ပြောပေမယ့် ဘယ်ပုဒ်မတွေ ပြင်ဆင်ဖို့ တင်သွင်းခဲ့တယ်ဆိုတာကိုတော့ မပြောပါဘူး။
ရခိုင်အမျိုးသားပါတီကတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ဒုသမ္မတ တစ်ယောက်စီခန့်အပ်တဲ့ပုဒ်မကို တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က တင်မြောက်ခွင့်ကို ပယ်ဖျက်ပေးဖို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။
ဒီကနေ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေကို မေးမြန်းခဲ့ပေမယ့် ဥပဒေအရ ဖြေကြားခွင့်မရှိတဲ့အတွက် မဖြေကြားခဲ့ပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ပြင်ဆင်ခြင်းမပြုဖို့ မကြာသေးခင်က အမျိုးသားရေးအင်အားစုတွေက ဆန္ဒဖော်ထုတ်တာတွေလည်းရှိခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese
Wednesday, March 6, 2019
လွှတ်တော် နာယက ဖြုတ်ချရေး ကြိုးစားမယ်ဆိုတာကို မှတ်ချက်ပေးစရာမရှိကြောင်း NLD ပြော
![]() |
| ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန် ကို ၂၀၁၉၊ မတ်လ ၆ ရက်နေ့က တွေ့ရစဉ် / Photo: Win Ko Ko Latt/ RFA |
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ရပ်နားချိန်မှာ ဦးထွန်းထွန်းဟိန်က သတင်းထောက်တွေကို ပြောကြားလိုက်တာဖြစ်ပါတယ်။
လွှတ်တော် နာယက တွေကို ဖြုတ်ချမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ သဘောထား လက်မှတ်ကောက်ခံပြီး လွှတ်တော်ကို အဆိုတင်သွင်းနိုင်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပေးထားတာကြောင့် ဒီကိစ္စကို ဘာမှ ပြောစရာမရှိကြောင်းနဲ့ အောင်မြင်မလား၊ မအောင်မြင်မလားဆိုတာက လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ဆန္ဒမဲရယူကြည့်တဲ့အချိန်ကိုသာ စောင့်ကြည့်ရမှာဖြစ်ကြောင်းလည်း ဦးထွန်းထွန်းဟိန်က ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရေးအတွက် USDP ပါတီက ပြည်ထောင်စု လွှတ်တော်ကို ပြင်ဆင်ရေး မူကြမ်းတင်သွင်းထားရာမှာ ပြည်ထောင်စု လွှတ်တော်မှာ ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို လွှဲပြောင်းသင့်ကြောင်း မနေ့က ကျင်းပတဲ့ အစီရင်ခံစာ တင်သွင်းထားတာရှိပါတယ်။
USDP ပါတီက တင်သွင်းတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မူကြမ်းကို လွှတ်တော်မှာ ဆွေးနွေးခွင့်မရရင် ပြည်ထောင်စု လွှတ်တော်နာယကတွေကို ဥပဒေကို ကျော်လွန်ဆောင်ရွက်တယ်ဆိုပြီး ဖြုတ်ချဖို့ ဆန္ဒမဲလက်မှတ်တွေ ကောက်ခံဖို့ ပြင်ဆင်နေတာလို့ USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောဆိုထားတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese
Monday, February 25, 2019
၂ဝ၂ဝ ရွေးကောက်ပွဲအတွက် NLD ပြင်ဆင်
![]() |
| ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက စည်းရုံးရေးဆင်းနေစဉ် |
NLD အဖွဲ့ဝင် အစိုးရ အဖွဲ့ဝင်တွေ၊ လွှတ်တော် အမတ်တွေထံက အချိုးကျ ကောက်ယူထားတဲ့ ငွေတွေနဲ့ စည်းရုံးရေးကို ထောက်ပံ့ဖို့ စီစဉ်ထားတာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တုန်းက ရှုံးနိမ့်ခဲ့တဲ့ တိုင်းရင်းသားဒေသတွေ အရေး ဆောင်ရွက်နိုင်ဖို့ အတွက်လည်း တိုင်းရင်းသား ရေးရာ လုပ်ငန်း အဖွဲ့ကိုလည်း NLD က ဖွဲ့စည်းပါတယ်။
ဒါ့အပြင် လယ်ယာမြေ သိမ်းဆည်းခံရမှုတွေကို အမြန် ဆောင်ရွက်နိုင်ရေး အတွက် တိုင်းနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေ၊ မြေသိမ်း၊ ယာသိမ်းမှုတွေနဲ့ သက်ဆိုင်တဲ့ လွှတ်တော် ကော်မတီတွေမှာ ပါဝင်ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကိုလည်း တိုက်တွန်းဆောင်ရွက်မယ်လို့ ဒုတိယ ဗဟိုကော်မတီ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အာဏာရ NLD ပါတီက ပါတီရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တဲ့ အထဲမှာတော့ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးတို့လည်း ပါဝင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဒုတိယ ဗဟိုကော်မတီ ဒုတိယ အကြိမ် အစည်းအဝေးကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက် နေ့ အထိ နှစ်ရက်ကြာကျင်းပခဲ့တာပါ။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Sunday, February 24, 2019
အသားမဲလို့ အချုပ်ထဲ ထည့်တယ်...
အသားမဲလို့ အချုပ်ထဲ ထည့်တယ်...
(Bullet Journal အတွဲ၃အမှတ် ၃၁)
ကြားဖူးနားဝ ပုံပြင်လေးတစ်ခုပါ။တပ်ရင်းမှုးက အချုပ်ထဲထည့်လိုက် လို့အမိန့်ပေးလိုက်တော့ တပ်ရင်းအရာခံဗိုလ်ကြီးလည်း ဘာကြောင့်မှန်းမသိရဘဲရှေ့ကဖြတ် လျှောက်သွားတဲ့ ရဲဘော်ကိုအချုပ်ထဲ ထည့်လိုက်ရတယ်။
နောက်တနေ့ ကတုံးနဲ့ပြန်ထွက်လာ တဲ့အချုပ်ကျရဲဘော်ကသူ့မှာဘာအပြစ်ရှိလို့ ထည့်တာလဲမေးတော့ ဆရာကြီး လည်း မဖြေနိုင်ဘဲ "အထက်အမိန့်အရ ထည့်တာ "တဲ့။ရဲဘော်လည်း မကျေနပ်လို့ တပ်ရင်းမှုးဆီ ဝင်သတင်းပို့ တော့ "မင်းက ငါ့ထက် အသားမဲလို့ ထည့်တာဟေ့။နောက်တခါ အချုပ်ထဲ မဝင်ချင်ရင် ငါ့ရှေ့ကဘယ်တော့မှဖြတ်မလျှောက်နဲ့" တဲ့။
ဟစ်တလာကရွှမ်းမဲကိုအဆိပ်သောက် ပြီး နိုင်ငံတော်ဈာပနနဲ့ သေမလား၊နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အရေး ယူခံမလားကြိုက်ရာရွေးခိုင်းတယ်။အရေးယူခံရင်လည်းသေဒဏ်ပဲဆိုတာသိတော့ ရွှန်းမဲက နိုင်ငံတော်ဈာပနနဲ့ သေတဲ့လမ်းကိုပဲ ရွေးခဲ့တယ်။ ဘာကြောင့်မှန်းမသိရဘဲ နူတ်ထွက် စာတင်ခိုင်းတဲ့ကချင်ဝန်ကြီးသုံးပါး မှာနှစ်ပါး ကနုတ်ထွက်တယ်။မထွက်တဲ့ဝန်ကြီးတစ်ပါး တော့ အထုတ်ခံလိုက်ရတယ်။
အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနူတ်ထွက်တာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပေမယ့် ဒီမိုကရေစီခေတ်မှာဘာကြောင့်မှန်းမသိရဘဲဝန်ကြီးတွေနုတ်ထွက်ခိုင်းတာကတော့ ထူးဆန်းနေပါတယ်။ကာယကံရှင်ဝန်ကြီးတွေကို ဘာအကြောင်းပြချက်မှ မပေးဘဲ နုတ်ထွက်ပါ၊ကျန်းမာရေးအကြောင်းပြ ပြီးနူတ်ထွက်ပါ ဆိုတာကတော့ အာဏာရှင် ခေတ်ထက် သာသွားသလို ပါပဲ။အာဏာရှင်ခေတ်မှာလည်း ကျန်းမာရေးအကြောင်းပြ နူတ်ထွက် ခိုင်းတာတွေ ရှိပေမယ့် နူတ်ထွက်ရ တဲ့ကာယကံရှင်ကဘာအကြောင်းကြောင့် ဆိုတာလောက်တော့ သိခွင့် ရကြတယ် မဟုတ်လား။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ် တိုင်းဒေသကြီး ဝန်ကြီးတွေကို သက်ဆိုင်ရာဝန်ကြီးချုပ်ကရွေးချယ်ပြီး သက်ဆိုင်ရာလွှတ်တော်က အတည်ပြု သမ္မတ က ခန့်အပ်ရတာဖြစ်ပါတယ်။ဝန်ကြီးချုပ်ကတာဝန်ခံရွေးချယ်အမည်စာရင်းပေးရတာဖြစ်ပြီး ဝန်ကြီးတွေက ဝန်ကြီးချုပ်ကိုတာဝန်ခံရတာဖြစ်ပါ တယ်။သမ္မတကိုတော့ဝန်ကြီးချုပ်ကမှ တဆင့် ဝန်ကြီးတွေက တာဝန်ခံကြ ရတာဖြစ်လို့တာဝန်ကရပ်စဲစေလိုရင်ဘာအကြောင်းကြောင့်ဆိုတာကိုဝန် ကြီးချုပ်ဆီတော့အသိပေးရမှာဖြစ်ပါ တယ်။
ဘာအကြောင်းကြောင့်ဆိုတာမသိရဘဲ နူတ်ထွက်ခိုင်းတာ မရဘူးလား ဆို ၂၀၀၈ခြေဥမှာဖော်ပြထားတဲ့စာသား တွေအရတော့မရဘူးလို့ပဲပြောရမှာဖြစ်ပါ တယ်။
အခြေခံဥပဒေအရပြည်နယ်တိုင်းဒေသ ကြီးဝန်ကြီးတွေကိုထုတ်ပယ်နိုင်တဲ့ နည်းလမ်းနှစ်မျိုးရှိပါတယ်။(၁)ပြည်နယ်တိုင်းဒေသကြီးလွှတ်တော်ကဝန်ကြီးကိုစွပ်စွဲပြစ်တင်စုံစမ်းစစ်ဆေးပြီးသမ္မတကဝန်ကြီးကိုတာဝန်ကရပ်စဲနည်းနဲ့(၂)လုပ်ငန်းတာဝန်မကျေပွန်တဲ့အတွက် ဝန်ကြီးကိုသမ္မတက နူတ်ထွက်ရန် ညွှန်ကြားခြင်း၊တာဝန်မှ ရပ်စဲနည်းဆိုတဲ့နည်းလမ်းနှစ်မျိုးသာ ရှိပါတယ်။ဘာအကြောင်းမှ မရှိဘဲမပြဘဲနူတ်ထွက်စေခြင်းတာဝန်မှ ရပ်စဲခြင်းလုပ်နိုင်တယ်လို့မဆိုထားပါဘူး။ဖဆပလခေတ်က ဝန်ကြီးချုပ်ဦးနု လည်းရှမ်းပြည်နယ် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတဲ့ဦးထွန်းမြင့်(လင်းခေး)ကိုနူတ်ထွက်စေတာပဲလို့ထောက်ပြလို့ရပေမယ့်၄၇အခြေခံဥပဒေမှာက "အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးအား အချိန်အခာမရွေးရာထူးမှနူတ်ထွက်ရန် တောင်းဆိုနိုင်သောအာဏာဝန်ကြီးချုပ်တွင်ရှိသည်"လို့ ဆိုတဲ့အတွက်ဝန်ကြီး ချုပ်ကအကြောင်းမပြဘဲနူတ်ထွက်ခိုင်းလို့ ရတယ်။၂၀၀၈ခြေဥမှာက လုပ်ငန်း တာဝန်မကျေပွန်မှသမ္မတကနုတ်ထွက်ခိုင်းလို့ရတဲ့သဘောဖြစ်တဲ့အတွက်ဒီနေရာမှာတော့၄၇ခြေဥထက်၂၀၀၈ခြေဥကပိုပြီး ဒီမိုကရေစီနည်းကျတယ် လို့ ပြောလို့ရတယ်။အာဏာရှင်တွေရေး ဆွဲခဲ့တယ်ဆိုတဲ့ ၂၀၀၈ခြေဥပါ ဒီမိုကရေစီအခွင့်အရေး ကိုဒီမိုကရေစီ ရရေးတိုက်ပွဲဝင်ခဲ့ကြသူ တွေက ပြန်ဖျက်သလိုများဖြစ် နေပြီလား လို့ တွေးရမလိုဖြစ်လာပါ တယ်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၆၄(ခ(၁)မှာ"နိုင်ငံတော်သမ္မတသည်လုပ်ငန်းတာဝန်ကိုကျေပွန်စွာမထမ်းဆောင်နိုင်သောတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်သို့မဟုတ်ဝန်ကြီးအား ရာထူးမှနူတ်ထွက်ရန်ညွှန်ကြားနိုင်သည်။ညွှန်ကြားသည့်အတိုင်းလိုက် နာခြင်းမပြုလျှင်တာဝန်မှရပ်စဲရမည်"လို့ ဆိုထားတဲ့အတွက်"လုပ်ငန်းတာဝန် ကျေပွန်စွာမထမ်းဆောင်နိုင်သောဝန် ကြီး"ကိုသာနူတ်ထွက်/ရပ်စဲစေ နိုင်တာဖြစ်ပါတယ်။"လုပ်ငန်းတာဝန်ကျေပွန်စွာမထမ်းဆောင်နိုင်သောဝန်ကြီးဟုယူဆပါက" လို့ ဆိုထားတာ မဟုတ် တဲ့အတွက် သမ္မတက ယူဆချက်နဲ့ နုတ်ထွက်/ရပ်စဲ လို့ မရတဲ့သဘောပါပဲ။ တာဝန်ပေးထားတဲ့ လုပ်ငန်း တာဝန်တွေ ဘာတွေ မကျေပွန်ဘူး ဆိုတဲ့ အကြောင်းပြချက် ရှိဖို့ လိုပါတယ်။လုပ်ငန်းတာဝန်တွေ ကျေပွန်နေတဲ့ဝန်ကြီးကိုနူတ်ထွက်ခိုင်းလို့မရ၊တာဝန်ကရပ်စဲလို့မရ ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
တကယ်တော့ ပြည်နယ်ဝန်ကြီးချုပ် ကို တိုက်ရိုက်တာဝန်ခံ လုပ်ကြရတဲ့ ဝန်ကြီးတွေ ဖြစ်တဲ့အတွက်ဝန်ကြီးတွေ လုပ်ငန်းတာဝန်ကျေပွန်ခြင်း ရှိမရှိဟာ ဝန်ကြီးချုပ်ကသာ အသိနိုင်ဆုံးကိစ္စပါ။
တာဝန်မကျေပွန်ရင် နုတ်ထွက်စေဖို ဝန်ကြီးချုပ်ကိုယ်တိုင်ကဦးဆောင်အဆိုပြုတင်ပြရမှာ ဖြစ်သလို တာဝန် ကျေပွန်တယ်လို့ ယူဆရင် လည်း ဗဟိုကနူတ်ထွက်ခိုင်းတဲ့ကိစ္စကို ဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်တာဝန်ယူဖြေရှင်းပေးသင့်တာ ဖြစ်ပါ တယ်။ဝန်ကြီးချုပ်ကိုယ်တိုင်က မိမိ ရွေးချယ်အမည်စာရင်းပေးတဲ့ဝန်ကြီး၊မိမိလက်အောက်မှာအနီးကပ်တာဝန်ထမ်းဆောင်နေတဲ့ဝန်ကြီး၊တာဝန်ကျေခြင်းမကျေခြင်းဆိုတာကိုထည့်သွင်းမစဉ်းစားတော့ပဲ အထက်က ညွှန်ကြား ချက်အရ နူတ်ထွက်စာတင်ပါ လို့ချည်းပဲပြောနေတယ်ဆိုခြင်းဟာလည်းမိမိကိုတာဝန်ခံရတဲ့ဝန်ကြီးတွေကိုမိမိက တာဝန်မယူပေးတဲ့ သဘောလို ဖြစ်နေပါတယ်။အနည်းဆုံးတော့ "တာဝန်ထမ်းဆောင်မှုမကျေပွန်တဲ့ ဒီအချက်တွေ ရှိတယ် ၊ဒါကြောင့်နူတ်ထွက်ပါ။မထွက်ရင် ရပ်စဲမယ်"ဆိုတာမျိုးသာဖြစ်သင့်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးတွေ တာဝန်မကျေပွန်လို့ နုတ်ထွက်ခိုင်းတယ်လို့ဝန်ကြီးချုပ်ကိုယ်တိုင်အသိအမှတ်ပြုခြင်းမဟုတ်ဘဲဘာကြောင့်မှန်းမသိ၊အထက်အမိန့်အရ ထွက်စာတင်ဆိုလို့ တင်ခိုင်းတယ် ဆိုရင်တော့ "အပြစ်ရှိရှိမရှိရှိ မေးမနေနဲ့၊ငါလည်းမသိဘူး၊အထက်ကထွက် ဆိုရင်ထွက်ကွာ"ဆိုတဲ့အဓိပ္ပါယ်ဖြစ်နေတော့အထက်ကိုသစ္စာခံလွန်းပြီးလက်အောက်ကိုပြန်တာဝန်မခံတာဝန်မယူပေးရာ ရောက်နေပြီလား စဉ်းစား စရာတွေ ဖြစ်လာပါတယ်။
အတိုက်အခံဘဝကတစာစာအော်ခဲ့ကြတာ "ပွင့်လင်းမြင်သာမှု"ဖြစ်သလို ဒီမိုကရေစီ ရဲ့ ရေသောက်မြစ်ကလည်း ပွင့်လင်းမြင်သာမှု ဖြစ်ပါတယ်။ပွင့်လင်းမြင်သာမှု မရှိဘဲ ဒီမိုကရေစီ မရှိနိုင်ပါဘူး။သောင်ပြိုကမ်းပြို ထောက်ခံခဲ့ကြရာကနေ ထောက်ခံမှု တအိအိ ပြိုကျနေရခြင်းဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းဆိုတဲ့အချက် ကလည်း အဓိကအချက်တစ်ချက်ထဲမှာ ပါနေပါတယ်။စီမံဘဏ္ဍာဝန်ကြီးအဂတိမှုနဲ့စစ်ဆေးဆဲကာလမှာပဲ နူတ်ထွက်သွားတယ်။အဂတိတိုက်ဖျက်ရေးကော်မရှင်က တိုင်ချက်တွေအားနည်းတဲ့အတွက်အ ရေးယူဖို့အချက်အလက်အပြစ်ရှာမတွေ့တဲ့ သဘောပြောတယ်။အပြစ်မရှိဘူးလို့အပြတ် မပြောဘူး။ခုချိန်ထိလည်းနုတ်ထွက်သွားတဲ့စီမံဘဏ္ဍာဝန်ကြီး အပြစ်ရှာမတွေ့ဘဲနဲ့ ဘာကြောင့် နုတ်ထွက်သွားသလဲ၊အဂတိလိုက်စားမှုရှိမရှိပြည်သူလူထုက ရှင်းရှင်းလင်းလင်း မသိကြရသေးဘူး။
ပွင့်လင်းမြင်သာမှု မရှိခြင်း အားနည်း ချက်ဟာ အခု ပြည်နယ်ဝန်ကြီးတွေ ကို ရာထူး မှနုတ်ထွက် /ထုတ်ပယ်ခြင်း အထိ အခြေအနေရောက်လာပြီ လို့ ပြောရ မှာဖြစ်ပါတယ်။ဘာကြောင့်မှန်းမသိ၊ဘာအကြောင်းပြချက်မှမပေး၊နုတ်ထွက်စာချက်ခြင်းလက်မှတ်ထိုး၊မထိုးရင် ထုတ်မယ် ဆိုတာက တော့ တော်တော်ရုပ်ပျက်ဆင်းပျက် ဖြစ်လွန်း တဲ့ဒီမိုကရေစီလို့သာပြောစရာဖြစ်နေပါတယ်။
ဒိထက်ပိုဆိုးတာကအတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ညွှန်ကြားချက်အရဆိုပြီးဇန္နဝါရီ၂၁ရက်နေ့ ကချင်ပြည်နယ်ဝန်ကြီးသုံးဦး နူတ်ထွက်စာတင်ခိုင်းတဲ့ သတင်းတွေ ပလူပျံတက်လာပါပဲ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက်အရ လို့ ဝန်ကြီးချုပ်က ပြောတယ် ဆိုတဲ့သတင်းတွေ စတက်လာတာပါ။ဒါဟာ အခြေခံဥပဒေနဲ့ လွဲချော်နေတဲ့အတွက် သတင်းမှန်ဟုတ်မဟုတ်တာဝန်ရှိသူ တွေကပေါ့ပေါ့ဆဆ သဘောမထားဘဲ ပြန်ရှင်းဖို့သင့်ပါတယ်။အခြေခံဥပဒေက မည်သို့ဆိုစေကာမူလက်တွေ့မြေပြင်မှာ စီမံအုပ်ချုပ်နေတာဘယ်သူလဲဆိုတာက အားလုံး သိနေကြတာပါပဲ။သို့သော် ဒီမိုကရေစီစနစ်ဖြစ်တဲ့အတွက်ဥပဒေနဲ့ ညီအောင်တော့ ဘောင်သွင်းရ မှာ ဖြစ်ပါတယ်။သမ္မတရဲ့အထက်က နေစီမံခန့်ခွဲလို့ရပေမယ့်သမ္မတဆီကတဆင့် တော့သွားရ မှာဖြစ်ပါတယ်။ အတိုင်ပင်ခံကသမ္မတကိုနောက်ကွယ်ကနေညွှန် ကြား၊သမ္မတက ဝန်ကြီး ချုပ် ဆီတရားဝင်ဆက်ညွှန်ကြား ဒီလိုပဲ ဥပဒေနဲ့ ညီအောင် ဘောင်သွင်းရမှာပါ။အကယ်၍ဟုတ်ခဲ့ရင်တောင်ဝန်ကြီးချုပ်က ဖြတ်ထိုးညဏ်သုံးပြီး သမ္မတဆီက ညွှန်ကြားတယ်ဖြတ်ပြောရင်လည်း တပည့်လိမ်မာ ဆရာအာပတ်လွတ် ဥပဒေနဲ့ ညီသွားနိုင် ပေမယ့် Commander က ဒေါ်အောင်ဆန်းစု ကြည်ပဲလို့လက်ခံထားကြတဲ့အတွက်ဝန်ကြီးတွေကိုခေါ်ပြောရာမှာအတိုင်ပင်ခံအမည်သုံးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။(ဝန်ကြီးတွေကပဲအပြောမှားတာလား၊ဝန်ကြီးချုပ်ကပဲဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါဝါကိုယူသုံးလိုက်တာလား၊ဒေါ်အောင်ဆန်းစုကြည်ဆီကပဲတကယ် တိုက်ရိုက်ညွှန်ကြားခဲ့တာလား ဆိုတာ တော့ ခုချိန်ထိ တော့ အဖြေ အတိအကျ ထွက်မလာသေးပါ)
နောက်တစ်ချက်က ဘာမှ ကြိုတင် စုံစမ်းစစ်ဆေးမှုတွေ မရှိထားဘဲနဲ့ အခုချက်ခြင်း ဗြုန်းစားကြီး နူတ်ထွက်စာတင်၊ဘာအကြောင်း ကြောင့်လဲမမေးနဲ့ ဆိုရလောက်အောင် အရေးတကြီးအမြန်ဆုံးလုပ်ရလောက် အောင် ဘာတွေအရေးကြီးလွန်းလို့လဲ ဆိုတဲ့ မေးခွန်းပါပဲ။ဒီဝန်ကြီးသုံးဦး ကို တစ်ရက်လောက်ဆက်ထားရင်စဉ်းစားချိန်ပေးရင် ဘာတွေ ဖြစ်ကုန်မှာတဲ့လဲ။ကချင်ပြည်နယ်အတွက်ထိခိုက်စရာ တွေ ဆိုးဝါးလွန်းလို့ အချိန်တစ်ရက် တောင်မပေးနိုင်ဘဲချက်ခြင်း အရေးတကြီး ထုတ်ပစ် ရတာလား။ဒါဆို ဒီသုံးဦးက ဘာတွေ လုပ်နေကြ တာလဲဆိုတာတွေပြည်သူလူထုကိုပွင့် ပွင့်လင်းလင်း အသိပေးသင့်ပါတယ်။
အစိုးရတစ်ရပ်ဟာအစိုးရအဖွဲ့ဝင်ဝန် ကြီးတွေကိုဖြုတ်တာထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။ဖြုတ်ဖို့လိုအပ်ရင်ဖြုတ် လို့ရအောင်ဥပဒေပြဋ္ဌာန်းပေးထားပါ တယ်။ဥပဒေနဲ့အညီ ဖြုတ်ဖို့ပဲ လိုတယ်။ငါခန့်တဲ့ဝန်ကြီးငါမကြိုက်လို့ ဖြုတ်တယ်၊ဘာမှ အကြောင်းပြ စရာမ လိုဘူး၊ဘာမှ မမေးနဲ့ဆိုရင်တော့ အာဏာရှင်စနစ်နဲ့အတူတူဖြစ်နေပါလိမ့်မယ်။"ရေဗူးပေါက်တာမလိုချင်၊ရေပါတာပဲလိုချင်တယ် ဆိုခြင်းကို လုံးဝလက်မခံဘူး" ဆို သူတွေက အခု ဘာအကြောင်းပြချက်မှ မပေးဘဲ မထွက်ရင်ထုတ် ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး ထင်ပါတယ်။
ဝန်ကြီးသုံးပါးကိုကျန်းမာရေးအကြောင်းပြပြီးမိမိသဘောဆန္ဒအလျောက်နူတ်ထွက်ကြောင်းလက်မှတ်ထိုးဖို့အတင်းအကြပ်ဖိအားပေးတယ်။(ဘာအကြောင်းကြောင့်ဒီလိုလုပ်ရ တယ်ဆိုတာကိုမပြောပြဘူး)မိမိသဘောဆန္ဒမပါဘဲအတင်းအကြပ်လက်မှတ်ထိုးခိုင်းလို့ထိုးလိုက်တဲ့ဝန်ကြီးနှစ်ပါးကို ၎င်းတို့၏ဆန္ဒအလျောက် ဥပဒေပုဒ်မဘယ်လောက်ဘယ်လောက်အရ နူတ်ထွက်ခွင့်ပြုလိုက်သည် လို့ နိုင်ငံတော်သမ္မတက လက်မှတ်ထိုး ထုတ်ပြန်လိုက်တော့၎င်းတို့၏ဆန္ဒအရလည်းမဟုတ်၊ဘာကြောင့်မှန်းလည်း မသိ၊အတင်းအကြပ် နုတ်ထွက်ခိုင်းလို့ သာ လက်မှတ်ထိုးပေးလိုက်ရတယ်လို့ နားလည်ထားကြတဲ့ ပြည်သူလူထု က ဘယ်လို မြင်ကြမလဲ။အတင်းအကြပ် နူတ်ထွက်စာတင်ခိုင်းတာကို လက်မှတ်မထိုးတဲ့ ဝန်ကြီးတစ်ပါးကို ပုဒ်မ ဘယ်လောက်အရ တာဝန်မှ ရပ်စဲလိုက်သည် ဆိုတော့ ဒီပုဒ်မအရ ဒီဝန်ကြီးရဲ့လုပ်ငန်းတာဝန်မကျေပွန်မှု တွေဟာ ဘာတွေလဲ ဆိုတာ ကာယကံရှင်နဲ့ ပြည်သူလူထုက သိဖို့ မလိုဘူးလား။
ဘောလုံးပွဲမှာ ခြေမပေါ်လို့ နည်းပြက လူလဲတယ်ဆိုတာလဲချင်တိုင်းလဲလို့မရဘဲ ဥပဒေစည်းကမ်း တွေနဲ့အညီ လဲရတာဖြစ်သလို ဝန်ကြီးတွေကို လူလဲရင်လည်းဥပဒေစည်းကမ်းနဲ့အညီသာ လဲရမှာဖြစ်ပါတယ်။နည်းပြကခြေမပေါ်တဲ့ကစားသမားကိုလဲခွင့်ရှိပေမယ့် အသင်းပိုင်ရှင်က တိုက်ရိုက်ဝင်လဲ လို့ မရပါဘူး။ ဒီမိုကရေစီစနစ်ဖြစ်လို့ အမိန့်အာဏာစနစ်ကနေဥပဒေစည်း ကမ်းစနစ်ဆီပြောင်းနေတာဖြစ်တဲ့အတွက် ဥပဒေနဲ့အညီဖြစ်အောင် အနည်းဆုံးတော့"လုပ်ငန်းတာဝန်မကျေပွန်လို့"ဆိုတဲ့အကြောင်းပြချက်လောက်တော့ ပြဖို့သင့်ပါတယ်။ဘာအကြောင်းပြချက်မှ မရှိဘဲ "ထွက်/မထွက်ရင်ထုတ်"ဆိုရင်တော့လက်ရှိတာဝန်ထမ်းဆောင်ဆဲ အစိုးရ အဖွဲ့ဝင်ဝန်ကြီးတွေ လည်းအကြောက် တရားနဲ့ခြောက်လှန့်ခံရသလို ခံစားမိကြမှာကတော့ အမှန်ပဲ။
ဒီကနေ့လုပ်ဆောင်ချက်တွေဟာ မနက်ဖန်သမိုင်းအဖြစ်ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ဇာတ်ပေါင်းသော် "ငါလည်းသာသနာပိုင်မဖြစ်၊မယ်သဲလည်း မိဖုရားခေါင်မဖြစ် "လို့့် မင်းတုန်းမင်းရဲ့ငယ်ဆရာတော်ကြီး ပြောခဲ့သလိုပဲအခုကချင်ပြည်နယ်ဝန် ကြီးသုံးပါးနုတ်ထွက်/ထုတ်ပယ်ကိစ္စမှာ လုပ်နည်း လုပ်ဟန်တွေဟာ ဒီမိုကရေစီအစိုးရလည်း ဂုဏ်သိက္ခာ မကြွ၊ကာယကံရှင်တွေလည်း ဂုဏ်သိက္ခာ ကာကွယ်ခွင့်မရ ၊တာဝန်ထမ်း ဆောင်နေဆဲ ဝန်ကြီးတွေ လည်းအကြောက်တရားတွေစိမ့်ဝင်သွားစေ အောင် ပြသလို ဖြစ်နေတဲ့ အတွက်ဒီမိုကရေစီခေတ်အမဲစက်တစ်စက်အဖြစ်ရုပ်ပျက်မကျန်ရစ်ခဲ့ရအောင် "အသားမဲလို့ အချုပ်ထဲထည့်တယ်" ဆိုသလို ပဲဖြစ်ဖြစ် အကြောင်း ပြချက် လေး တစ်ခုခုတော့ ပေးခဲ့ဖို့သင့်ပါ ကြောင်း အပြုသဘောနဲ့ အကြံပြု တင်ပြလိုက် ရပါတယ်။ ။
စစ်ငြိမ်း
၂၇.၁.၂၀၁၉
Monday, February 4, 2019
ဆိုင်ကယ်စီးခွင့် အဆို ရှုံးနိမ့်
![]() |
| ဆိုင်ကယ်မောင်းနှင်နေသူကို တွေ့ရစဉ် / Photo: RFA |
ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်က ဦးအေးနိုင်ရဲ့ ဆင်ခြေဖုံးဖြစ်တဲ့ ဒဂုံမြို့သစ် ၄ မြို့နယ်နဲ့ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်တွေမှာ တိကျတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ဆိုင်ကယ် စီးနင်းခွင့်ပြုဖို့ အဆိုဖြစ်ပါတယ်။
အဲဒီအဆိုကို NLD ပါတီကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့ပေမယ့် တွံတေးမြို့နယ်၊ NLD ကိုယ်စားလှယ် ဦးမြင့်လွင့်က ရန်ကုန်တိုင်းလွှတ်တော်မှာသာ မေးသင့်တဲ့မေးခွန်းဆိုပြီး ကန့်ကွက်ခဲ့တာပါ။
အဲဒီနောက် အဆိုကို ဆွေးနွေးဖို့ သင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၅၀ သာ ရရှိပြီး ကန့်ကွက်မဲ ၂၆၅ မဲရှိတဲ့အတွက် အဆိုကို လွှတ်တော်မှာ မဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese
Saturday, February 2, 2019
ဖွဲ့စည်းပုံအရေး လွှတ်တော်အမတ်တွေမှာ တာဝန်ရှိဟု ဒေါ်စုပြောဆိုတဲ့အပေါ် သုံးသပ်ချက်
![]() |
| နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် |
ပြည်ထောင်စုလွှတ်တော်မှာကျင်းပခဲ့တဲ့ ဒုတိယအကြိမ်လွှတ်တော် (၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာတော့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်အသီးသီးက လွှတ်တော်နာယက၊ ဥက္ကဋ္ဌတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြချိန် “လွှတ်တော်အစ ပြည်သူက” ဖြစ်ပြီး ဒီမိုကရေစီလွှတ်တော်တစ်ခု ပေါ်ပေါက်ဖို့ဆိုတာဟာ ပြည်သူလူထုရဲ့ပါဝင် ပတ်သက်မှုဟာ အဓိကကျတဲ့အကြောင်း၊ ဒါကြောင့် ပြည်သူ့ လိုလားချက်၊ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားဆောင်ရွက်ကြရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ အခုလို မိန့်ခွန်းပြောခဲ့ပါတယ်။
“ဒီမိုကရေစီဆိုတာ ပြည်သူကိုအခြေခံတဲ့စနစ်၊ ပြည်သူရဲ့ထောက်ခံမှုကို ဘယ်လို ရအောင်လုပ်ရမလဲ၊ ပြည်သူက ဘာတွေလိုလားသလဲ၊ ပြည်သူရဲ့မျှော်လင့်ချက်တွေက ဘယ်လိုတွေရှိသလဲ၊ စိုးရိမ်မှုတွေက ဘယ်လိုရှိသလဲ ဆိုတာ စပြီးတော့ ဒီလွှတ်တော် ရွေးကောက်ပွဲတွေကို မဝင်ခင်ကတည်းက နိုင်ငံရေးပါတီများဟာ လေ့လာရ တယ်။ လွှတ်တော်ထဲကို ဝင်ချင်ရင်၊ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ချင်ရင် ပြည်သူလူထုရဲ့ ထောက်ခံမှု ရအောင် ယူရမယ်။ မှန်မှန်ကန်ကန် ဥပဒေနဲ့ကိုက်ညီတဲ့ နည်းတွေနဲ့ ဒီထောက်ခံမှုကို ဘယ်လိုရအောင်ယူရမလဲဆိုတာ လွှတ်တော်ကို အကြောင်းပြုပြီးတော့ ကိုယ်စားလှယ်လောင်းများဟာ တဦးချင်းတဦးချင်း သင်ယူရတာ ဖြစ်ပါတယ်။ လွှတ်တော် ထဲ ရောက်လာတဲ့အခါမှာ ဥပဒေပြုမဏ္ဍိုင်ဆိုတာ ဥပဒေပြု တယ်ဆိုတာဟာ နိစ္စဓူဝ ပြည်သူတွေနဲ့ သက်ဆိုတဲ့ဥပဒေတွေ မဟုတ်ဘူး။ အခုဆိုရင် ကမတို့နိုင်ငံအတွက် အဓိကအကျဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်များဟာ တာဝန်ရှိလာပါတယ်။ ဒီတာဝန်တွေကို ထမ်းဆောင်ဖို့ဆိုတာ ဒီမိုကရေစီကို ပြုစုပျိုးထောင်တဲ့ အလုပ်တခုပဲလို့ ကျမတို့ ဒီလိုပဲမြင်စေချင်ပါတယ်။”
နိုင်ငံနဲ့ပြည်သူလူထုအကျိုးစီးပွားအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ အပေါ်မှာ အဓိက တာဝန်ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က လွှတ်တော်မိန့်ခွန်းမှာ ထည့်သွင်းပြော ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ NLDက တင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့ရေး အဆိုကို တပ်မတော်သားကိုယ်စားလှယ်တွေနဲ့အတူ တဦးတည်း မတ်တပ်ရပ်ပြီး ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့သူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ မင်းကင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကတော့ လွှတ်တော်ကိုယ်စားလှယ် တယောက်ရဲ့ တာဝန်နဲ့အညီ လူထုအတွက် သူဆောင်ရွက်နိုင်ခဲ့တာကို အခုလိုပြောပြပါတယ်။
“ကျနော့်ရဲ့ရပ်တည်ချက်က တပ်မတော်နဲ့ တထပ်တည်း မကျတာတွေလည်း ရှိပါတယ်လို့၊ တပ်နဲ့ဦးတို့နဲ့ တထပ်တည်း အမြဲတမ်း ကျချင်မှကျလိမ့်မယ်။ ..ဆိုတော့ ဦးတို့ကတော့ ဘာဖြစ်လဲဆိုရင်တော့ မျက်နှာကိုမကြည့်ဘူး။ ကိုယ့်အပေါ်ငြိုငြင်သွားမှာ၊ ကိုယ့်အပေါ် စိတ် ကွက်သွားမှာ၊ ကိုယ့်အပေါ် ချစ်လာမှာ၊ မုန်းလာမှာ-ဒါတွေကို မကြည့်ဘူး။ အမျိုးသား အကျိုးစီးပွားအပေါ်မှာပဲ rely လုပ်မှာပေါ့။ ဒီသဘော ရှိတာပေါ့နော်။
အခုလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့မှ လွှတ်တော်ဆိုတာက ဥပဒေကို လိုက်နာရမယ့်အထဲမှာ သူက အခေါင်အချုပ်ပဲလေ။ ဘာကြောင့်လဲဆိုတော့ သူက legislative Pillar ရဲ့ သူကအချုပ်အခေါင်ဖြစ်နေတာကိုး။ အဲဒီအဖွဲ့ဝင်တွေ ကိုယ်နှိုက်က ဒီလိုမျိုး လုပ်တယ်ဆိုလို့ရှိရင်တော့ ဒါ- ဘာခေါ်မလဲ၊ သမိုင်းမှာ ဦးတို့ တရားခံအဖြစ်မခံနိုင်ဘူး။ အဲဒီတော့ အတည်ပြုချင် ပြုနိုင်လိမ့်မယ်လေ။ သူများ majority weight နဲ့တော့ အတည်ပြုသွားလိမ့်မယ်။ ဒါပေမယ့် အတည်ပြုသွားတဲ့အထဲမှာ ဦးတို့မပါဘူးဆိုတာ ကိုတော့ ဦးတို့က ရပ်ရမှာပေါ့။ ဒီသဘော ရှိတာပေါ့နော်။
အဲဒီတော့ တာဝန်ကျေတယ်၊ မကျေဘူးဆိုတာကတော့ ကိုယ့်ဖာသာကိုယ် evaluation လုပ်ဖို့ဆိုပြီး ခက်တယ်လေ။ အဲဒီတော့ ကိုယ့်ကိုကိုယ် အကဲဖြတ်ဖို့ကတော့ ပြည်သူရဲ့တာဝန်ပဲ။”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်ကတော့ တာဝန်ကျေပွန်တဲ့ လွှတ်တော်ကိုယ်စားလှယ် တဦးဆိုတာ ပြည်သူလူထုကို ကိုယ်စားပြုပြီး လူထုအတွက် စဉ်းစားချက်တွေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်ရဲရမယ် ဆိုတာကို အခုလိုပြောဆိုခဲ့ပါတယ်။
“တကယ်တော့ တာဝန်ကျေတဲ့ ပြည်သူ့ကိုယ်စားလှယ် တယောက်လောက် ဂုဏ်ရှိတဲ့ ပုဂ္ဂိုလ်ဆိုတာဟာ ဒီမိုကရေစီ စနစ်မှာ မရှိနိုင်ပါဘူး။ တာဝန်ကျေတဲ့ ပြည်သူ့ ကိုယ်စားလှယ်ဟာ ပြည်သူလူထုကို အကျိုးပြုတယ်၊ ပြည်သူလူထုကို ကိုယ်စားပြုတယ်၊ ပြည်သူလူထုအတွက် တချိန်လုံး စဉ်းစားပေးရပါတယ်။ ကိုယ့်ရဲ့ပါတီအပေါ်မှာ ရှိတဲ့ တာဝန်၊ ကိုယ့်ရဲ့ပြည်သူအပေါ်မှာရှိတဲ့ တာဝန်၊ ကိုယ့်ရဲ့နိုင်ငံအပေါ်မှာရှိတဲ့ တာဝန် တာဝန်အမျိုးစုံကို ချင့်ချိန်ပြီး မှန်မှန်ကန်ကန်သုံးသပ်ပြီး လေးလေးနက်နက် လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတွေကို လုပ်ဖို့ ဆုံးဖြတ်ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တိုင်းဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာအတွက်တင်မဟုတ် ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက်ပါ စဉ်းစားဖို့ လိုပါတယ်။ လွှတ်တော်ထဲမှာ ကိုယ်ပြောလိုက်တဲ့စကား၊ ပြောပုံပြောနည်း၊ ကိုယ့်ရဲ့ ရည်ရွယ်ချက် ဒါတွေဟာ ကိုယ်တဦးတည်းအပေါ်မှာ ရောင်ပြန်ဟပ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ပါတီတခု အပေါ်မှာလည်း ရောင်ပြန်ဟပ်တာမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ အပေါ်မှာပါ ရောင်ပြန်ဟပ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန် ဟာ အင်မတန်မှ ကြီးလေးပါတယ်။ တကယ့်ကို အများပြည်သူကနေ လေးစားခင်မင်တဲ့၊ တန်ဖိုးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ကျမတို့ရဲ့ အခုခေတ်တင်မဟုတ်ဘူး နောင် ခေတ်မှာ လာမယ့် ကိုယ်စားလှယ်တွေအားလုံးအတွက် စံနာမူနာဖြစ်သွားနိုင် ပါတယ်။ ဒီလို စံနမူနာဖြစ် သွားပြီ ဆိုရင် ကျမတို့ရဲ့ ဒီမိုကရေစီစနစ် အခြေခိုင် သွားအောင်လို့ လုပ်ပေးရာရောက်ပါတယ်။”
ဆိုတော့ - လူထုက တခဲနက်ဆန္ဒမဲပေးခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်တဲ့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာရော လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ပြည်သူလူထုရဲ့ ဆန္ဒသဘောထား အကျိုးစီးပွားနဲ့ ဥပဒေပြုမှုတွေကို ဆောင်ရွက်နိုင်ခွင့်ရှိခဲ့ပါရဲ့လားဆိုတဲ့အပေါ်မှာတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းတဦးဖြစ်ခဲ့သူ ဦးရဲထွန်းက အခုလိုသုံးသပ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ဥစ္စာက ယေဘုယျ အမှန်တရားပဲလေ။ ယေဘုယျ အမှန် တရားပဲ ဆိုတော့ ဘယ်အချိန်ပဲပြောပြော သူပြောတဲ့ဟာက မှန်နေမှာပဲ။ ကျနော် နားထောင်ကြည့်တော့ -ရာနှုန်းပြည့် အားရ ကျေနပ်လောက်စရာ ရှိတယ်လို့တော့ ပြောလို့ မရဘူးပေါ့လေ။ အဲဒါကတော့ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ ကျနော်တို့နိုင်ငံ ကိုယ်နှိုက်က ဒီလို ပါတီစုံ ဒီမိုကရေစီ၊ လွှတ်တော်တွင်း ဒီမိုကရေစီတွေ ဘာတွေနဲ့ ဝေးကွာနေတာ ဖြစ်တဲ့အခါကျတော့ ပထမအကြိမ်မှာကတည်းကိုက တော်တော်များများ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လုပ်ရင်းသင်၊ သင်ရင်းနဲ့ လုပ်ကြရတာကိုး။”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင်း အတိုက်အခံ ပါတီတွေဆိုတာ တကယ်တော့ တိုက်ခိုက်ဖို့မဟုတ်ဘဲ တဦးနဲ့ တဦးနဲ့ အရည်အချင်း မြင့်မားအောင်လုပ်ပေးဖို့နဲ့ ကိုယ်နဲ့မတူတဲ့ အမြင်သဘောထားတွေကို ချင့်ချိန်သုံးသပ်ရင်းနဲ့ ကိုယ့်အမြင်ကမမှန်ဘူးဆိုရင် ပြောင်းရဲတဲ့သတ္တိရှိရမှာဖြစ်သလိုကိုယ့်အမြင်က မှန်တယ်ဆိုရင်လည်း ရပ်တည်ရဲတဲ့ သတ္တိရှိကြပါလို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။
မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ဧရာဝတီတိုင်းက အဂတိလိုက်စားမှု တိုင်ကြားချက်တွေကို စတင်စစ်ဆေး
![]() |
| ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် ကို တွေ့ရစဉ် |
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထားရတဲ့ ဧရာဝတီတိုင်းလွှတ်တော် ကိုယ်စားလှယ် တချို့နဲ့ပတ်သက်ပြီး ကော်မရှင်တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးနေတာလို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က RFA ကို အတည်ပြုပြောပါတယ်။
တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ဟာ တိုင်းလွှတ်တော်အတွက် ကားဝယ်ယူရာမှာ ငွေကြေးအလွဲ သုံးစားမှုတွေ ရှိတယ်ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ထားသလို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံကိုလည်း တိုင်ကြားခံထားရတာဖြစ်ပါတယ်။
ဒါ့အပြင် တိုင်းအတွင်း အင်းလေလံပေးရာမှာ ငွေကြေးရယူမှုတွေရှိတယ်ဆိုပြီး တိုင်ကြားခံရတဲ့ ပန်းတနော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစန်းမောင်ကိုလည်း ကော်မရှင်က မနေ့က ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့ထားတာပါ။
RFA Burmese
https://www.rfa.org/burmese
Friday, February 1, 2019
ဆေးဝယ်ဖို့တန်းစီနေတဲ့မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
ကိုဟန်တင် ဆေးဆိုင်မှာ..တဲ့
လိုအပ်တဲ့ ဆေးကို ကိုယ်တိုင် တန်းစီဝယ်ယူနေတာ တဲ့
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
လွှတ်တော် (၃)နှစ်ပြည့်အခမ်းအနားသို့တက်ရောက်လာသောဦးဝင်းထိန်
လွှတ်တော် (၃)နှစ်ပြည့်အခမ်းအနားသို့တက်ရောက်လာသောဦးဝင်းထိန်
Saturday, January 26, 2019
လွှတ်တော်ကို နုတ်ထွက်စာတင်ထားတဲ့ ကိုယ်စားလှယ် လွှတ်တော်ပြန်တက်မည်
![]() |
| ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ က တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း ကို ၂၀၁၈၊ ဇွန်လ ၁ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ တွေ့ရစဉ် / ဓါတ်ပုံ - ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် |
ဒေါ်မြင့်မြင့်စန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်ပြီး ပါတီနဲ့ ညှိနှိုင်းခဲ့ပြီး ကာယကံရှင် ကိုယ်တိုင်က သဘောတူခဲ့တာဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က RFA ကိုပြောပါတယ်။
ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ က တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းဟာ ၂၀၁၈ ဇူလိုင်လကုန်ပိုင်းကတည်းက ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌ ထံကို နုတ်ထွက်စာတင်ထားခဲ့ပြီး လွှတ်တော်ကို မတက်ရောက်တော့တာဖြစ်ပါတယ်။
လွှတ်တော်အစည်းအဝေးတွေ မတက်ရောက်ပေမယ့်လည်း သူ့မဲဆန္ဒနယ်မြေမှာ ကွင်းဆင်းလုပ်ဆောင်နေတဲ့သူ ဖြစ်တယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
NLD ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ လွှတ်တော်ပြန်တက်ဖို့ ပြောဆိုတာကို မငြင်းခဲ့ကြောင်းနဲ့ လာမယ့် လွှတ်တော်အစည်းအဝေးကို ပြန်တက်ရေးကိစ္စဟာ သူ့ရဲ့တင်ပြချက်တွေကို ဆောင်ရွက်ပေးမှုအပေါ်မှာပဲ မူတည်တယ်လို့ ဒေါ်မြင့်မြင့်စန်းက RFA ကို ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ဟာ လွှတ်တော် အစည်းအဝေး ကျင်းပတဲ့ရက်တွေမှာ တစ်ဆက်တည်းခွင့်မဲ့ ၁၅ ရက် ပျက်ကွက်ခဲ့မယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မှာဖြစ်တယ်လို့ ပါရှိပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese
Wednesday, January 23, 2019
NLD HIV စင်တာ ရန်ပုံငွေအခက်ကြုံ
![]() |
| NLD HIV/AIDS ကူညီ စောင့်ရှောက် ရေးဂေဟာ NAC |
NLD AIDS Center လို့ခေါ်တဲ့ ခုခံအားကျဆင်းမှုရောဂါ ကာကွယ်ရေးနဲ့ ပြုစုစောင့်ရှောက်ရေးဂေဟာကို ၂၀၀၂ ခုနှစ်ကတည်းက စတင် လုပ်ဆောင်လာတာပါ။ လက်ရှိ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဦးဆောင်ပြီး စတင်ဖွဲ့စည်း လုပ်ဆောင်လာတာဖြစ်ပြီးတော့ လွန်ခဲ့တဲ့ စစ်အစိုးရလက်ထက်က အမျိုးမျိုး ဖိအားပေးတာတွေနဲ့ ရင်ဆိုင်ခဲ့ရဖူး ပါတယ်။ အစိုးရသစ်လက်ထက်မှာတော့ အရင်တုန်းကလို ဖိအားပေးခံရတာတွေ မရှိတော့ပေမယ့်လည်း လက်ရှိ အာဏာရပါတီနဲ့ အစိုးရဆီက ကူညီထောက်ပံ့မှုတွေ မရရှိသလောက်ပဲလို့ NAC ဂေဟာရဲ့ ဒုတိယတာဝန်ခံ ဦးစိုးရာဇာထွန်းက အခုလို ရှင်းပြပါတယ်။
"၂၀၁၅ မှာ အထွေထွေ ရွေးကောက်ပွဲမှာ NLDကနိုင်တယ်။ကျနော်တို့က NACဆိုတာက NLD AIDS Centre ဆိုပြီးပေးထားတာ NLDခေါင်းစဉ်အောက်မှာ နေတာ ပေါ့ဗျာ။ ဆိုလိုတာက ကျနော်တို့က နိုင်ငံရေးအရပါ ပါနေတဲ့ လူမှုရေး လုပ်ငန်းဖြစ်နေတာကို။ ဒါပေမဲ့ ခက်သွားတာက ၂၀၁၅ရွေးကောက်ပွဲပြီးတယ်။NLD အစိုးရအဖွဲ့ ဖွဲ့တယ်။NLDပတီနဲ့ NLDအစိုးရက ကျနော်တို့ကို လှည့်မကြည့်ဖူးဗျ။အဲ့ဒါက ကျနော်တို့အတွက် အကြီးဆုံးသော အံ့အားသင့်ရတဲ့ကိစ္စဘဲ။"
ဂေဟာမှာ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ပတ်သက်လို့လည်း ဦးစိုးရာဇာထွန်းက အခုလိုပြောပါတယ်။
"ကျနော်တို့ အဓိက လိုအပ်ချက်လို့ပြောလို့ရတာကတော့ ရန်ပုံငွေဘဲ။ကျနော်တို့ ရန်ပုံငွေမရှိဖူး။အခြားသော NGOတွေလိုမျိုး ကျနော်တို့က Projectတို့ proposalတို့ မရှိဖူး။အဲ့တော့ ကျနော်တို့က ပြည်တွင်းမှာရှိတဲ့ တစ်ပိုင်တစ်နိုင် အလှူရှင်တွေကို မှီခိုပြီးတော့ လုပ်နေရတာပေါ့။ဒါက ၁အချက်အခက်အခဲပေါ့။ဒုတိယအချက်က ကျနော်တို့က Fund ရဲ့နောက်ကွယ်မှာဖြစ်လာတဲ့ ပြသနာဘဲဗျ ကျနော်တို့မှာ Smart Admin မရှိဖူး။စနစ်တကျ မွေးမြူထားတဲ့ ၀န်ထမ်းတွေ မရှိဖူး။မရှိတဲ့ အခါကျတော့ တချို့ဟာလေးတွေမှာ စီမံခန့်ခွဲရတာ အခက်အခဲလေးတွေ ရှိတာပေါ့နော်။နောက်အချက်က ကလေးတွေ ပညာရေးတို့ ၊ကျန်းမာရေးတို့ကျတော့ ကျနော်တို့က အများကြီး ရုန်းကန်ရတာပေါ့နော်၊တကယ်လို့ ခုနလိုသာပြည့်ပြည့်၀၀ ရန်ပုံငွေသာရှိမယ်ဆိုရင် သူတို့ကို ကျနော်တို့ လုပ်ပေးလို့ရနိုင်တာတွေ အများကြီး လုပ်ပေးလို့ရတာပေါ့။"
ဒီ NAC ဂေဟာမှာတော့ မိဘမဲ့ကလေးတွေအပါအ၀င် HIV/AIDS ရောဂါပိုး ကူးစက်ခံထားရတဲ့ အသက်အရွယ်စုံက ရောဂါသည် ၁၅၀ လောက်ကို ပြုစုစောင့်ရှောက်ထားတာပါ။
ဒီဂေဟာမှာရောက်နေတာ သုံးနှစ်နီးပါးရှိပြီဖြစ်တဲ့ ရောဂါပိုး ကူးစက်ခံထားရသူ အသက်၂၉ နှစ်အရွယ် အမျိုးသမီးကတော့ ဒီဂေဟာမှာ နေထိုင်ရတဲ့ သူ့ရဲ့အတွေ့အကြုံကို အခုလိုပြောပါတယ်။
"ဒီကိုရောက်လာတဲ့ အခြေအနေက ကိုယ် ဟိုမှာနေခဲ့ရတာနဲ့ဘာမှ မတူဖူးလေ။ဒီမှာက အကုန်လုံးကလည်း မိသားစုတွေလိုဘဲမေတ္တာဆို အကုန်လုံးကထားပေးတယ်။ကိုယ့်နေရာမှာလို မဟုတ်ဖူး။ကိုယ့်နေရာမှာကျတော့ ဒီလိုမျိုးဖြစ်ပြီးတော့ ကိုယ့်ကိုခွဲခြားမှုတွေ အများကြီးရှိတယ်။ဒီမှာကတော့ နေရထိုင်ရတာ၊စားရသောက်ရတာ၊ အလုပ်အကိုင်ကအစ အကုန်အဆင်ပြေတယ်။"
လက်ရှိအားဖြင့် ဒီဂေဟာမှာ အငယ်ဆုံး အသက် ၁၁ လသားအရွယ်ကနေ အကြီးဆုံး အသက် ၈၀ အရွယ်ထိ ရှိတယ်လို့ ဦးစိုးရာဇာထွန်းက ပြောပြပါတယ်။ ကျောင်းတက်နိုင်တဲ့ ကျောင်းနေအရွယ်ကလေးတွေ အနီးအနားက ကျောင်းအသီးသီးမှာ တက်ရောက် ပညာသင်ယူနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ဒီဂေဟာမှာ ငယ်စဉ်ကတည်းကနေထိုင်လာပြီး အခုဆိုရင် တက္ကသိုလ်တက်နေပြီဖြစ်တဲ့ ကျောင်းသူတဦးကိုလည်း တွေ့ခဲ့ရပါတယ်။
ဂေဟာမှာရှိသူတွေအတွက် တစ်နေ့ကုန်ကျစရိတ်ဟာ ပျမ်းမျှ ကျပ် ၂ သိန်းခွဲလောက်ရှိပြီး ကလေးတွေရဲ့ နေ့စဉ် အာဟာရ၊ ကျန်းမာရေး၊ ပညာရေး စတာတွေအတွက် လိုအပ်ချက်တွေ အများအပြား ရှိနေဆဲဖြစ်တယ်လို့ ဦးစိုးရာဇာထွန်းက ပြောပါတယ်။
ကောင်းစံဟိန်း / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com