Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 19, 2016

ရာထူးမွ အထုတ္ခံရမွု အေၾကာင္းျပခ်က္ မေပးဟု ဒု ဝန္ႀကီး ေဒါက္တာ ထြန္းဝင္း ေျပာ


ေဒါက္တာ ထြန္းဝင္း / ထက္နိုင္ေဇာ္ / ဧရာဝတီ
By ထက္နိုင္ေဇာ္ 19 November 2016

အာဏာရ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) အစိုးရ ဦးေဆာင္ေနသည့္ ဒီမိုကေရစီ အစိုးရလက္ထက္တြင္ ရာထူးမွ ထုတ္ပယ္ခံရသည့္ အေပၚ အေၾကာင္းျပခ်က္ ေပးျခင္းမရွိေၾကာင္း ထုတ္ပယ္ခံရသူ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဒုတိယ ဝန္ႀကီး ေဒါက္တာ ထြန္းဝင္းက ေျပာသည္။

“က်ေနာ္ကို ႏုတ္ထြက္ခိုင္းတယ္။ မထြက္နိုင္ဘူးဆိုေတာ့ တျခား ဌာနတခုကို ေျပာင္းခိုင္းတယ္။ က်ေနာ္ ဒီကိုလာတာ ေနရာအတြက္ လာတာမဟုတ္ဘူး။ အလုပ္လုပ္ခ်င္လို႔ လာတာပါ။ ကိုယ္ကၽြမ္းက်င္တဲ့ ေနရာမွာပဲ ေနခ်င္တယ္” ဟု ေဒါက္တာ ထြန္းဝင္းက ဧရာဝတီသို႔ ေျပာသည္။

၄င္းကို နိုဝင္ဘာလ ၅ ရက္ေန႔ကပင္ သမၼတ႐ုံးက ႏုတ္ထြက္ရန္ ညႊန္ၾကားခဲ့ေသာ္လည္း ျငင္းဆိုခဲ့ေၾကာင္း၊ ဘာေၾကာင့္ ထြက္ခိုင္းသည္ကိုလည္း ေမး၍ မရေၾကာင္း သိရသည္။

ေဒါက္တာ ထြန္းဝင္းကို ေနျပည္ေတာ္ ေကာင္စီသို႔ ေျပာင္းခိုင္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဒု ဝန္ႀကီး ေဒါက္တာ ထြန္းဝင္းကို သမၼတ ဦးထင္ေက်ာ္က တာဝန္မွ ရပ္စဲလိုက္ေၾကာင္း နိုဝင္ဘာ ၁၈ ရက္ေန႔ ေန႔စြဲျဖင့္ အမိန္႔တရပ္ ထုတ္ျပန္ခဲ့သည္။

“ဒီမိုကေရစီေခတ္မွာ အခုလို လုပ္ခံရတာ စိတ္မေကာင္းဘူး။ က်ေနာ္က အလုပ္ေတြကို အားသြန္ခြန္စိုက္ လုပ္ေတာ့ ေျပာမွား ဆိုမွား၊ လုပ္မွား ကိုင္မွားေတြေတာ့ ရွိတာေပါ့။ ဒါေပမယ့္ အကုန္ ေစတနာနဲ႔ခ်ည္း လုပ္တာ။ အခုလို အေရးယူလိ့မ္မယ္လို႔ မထင္ခဲ့ဘူး” ဟု ေဒါက္တာ ထြန္းဝင္းက ဆိုသည္။

“အခုလို ထုတ္ပယ္ခံရတာကို နိုင္ငံေတာ္မွာ အဓိက ဆုံးျဖတ္တဲ့သူဆီက လာတာလို႔ သိရေတာ့ ပိုစိတ္မေကာင္းဘူး။ က်ေနာ္ဘက္က မရပ္တည္ဘဲ တျခားဘက္က ရပ္တည္သြားတယ္။ ဘာေၾကာင့္ ႏုတ္ထြက္ခိုင္းတယ္ဆိုတာကို အေၾကာင္းျပခ်က္ မေပးဘူး” ဟု ေဒါက္တာ ထြန္းဝင္းက ဆက္ေျပာသည္။

ယခုကိစၥႏွင့္ ပတ္သက္၍ သမၼတ႐ုံး ဒု ညႊန္ခ်ဳပ္ ဦးေဇာ္ေဌးကမူ သေဘာထား မွတ္ခ်က္ မေပးလိုေၾကာင္း၊ ယခင္ ျဖစ္စဥ္မ်ားတြင္လည္း ထုတ္ပယ္သည့္ အေၾကာင္းကို ေဖာ္ျပေလ့ မရွိေၾကာင္း ဧရာဝတီသို႔ ေျပာသည္။

ယခုအခ်ိန္တြင္ ေဒါက္တာ ထြန္းဝင္းသည္ ေနျပည္ေတာ္တြင္ ရွိေနေသးၿပီး ညေနတြင္ ရန္ကုန္ၿမိဳ႕သို႔ ျပန္ရန္ ပစၥည္း သိမ္းေနၿပီဟု သိရသည္။

ေဒါက္တာ ထြန္းဝင္းသည္ သူ၏ ဒုဝန္ႀကီး သက္တမ္းအတြင္း လုပ္ေဆာင္ခ်က္ တခ်ိဳ႕ႏွင့္ ေျပာဆိုခ်က္မ်ားေၾကာင့္ ေနျပည္ေတာ္ အသိုင္းအဝိုင္းတြင္ နာမည္ေကာင္း ရေနသူတဦး ျဖစ္သည္ဟု သိရသည္။

ေဒါက္တာ ထြန္းဝင္း ယခုကဲ့သို႔ အထုတ္ခံရျခင္းသည္ NLD အစိုးရလက္ထက္ အဆင့္ျမင့္အရာရွိတဦး ပထမဆုံးအႀကိမ္ ထုတ္ပယ္ခံရျခင္းလည္း ျဖစ္သည္။
Irrawaddy
.............



ဒေါက်တာ ထွန်းဝင်း / ထက်နိုင်ဇော် / ဧရာဝတီ
By ထက်နိုင်ဇော် 19 November 2016

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ ဦးဆောင်နေသည့် ဒီမိုကရေစီ အစိုးရလက်ထက်တွင် ရာထူးမှ ထုတ်ပယ်ခံရသည့် အပေါ် အကြောင်းပြချက် ပေးခြင်းမရှိကြောင်း ထုတ်ပယ်ခံရသူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ပြောသည်။

“ကျနော်ကို နုတ်ထွက်ခိုင်းတယ်။ မထွက်နိုင်ဘူးဆိုတော့ တခြား ဌာနတခုကို ပြောင်းခိုင်းတယ်။ ကျနော် ဒီကိုလာတာ နေရာအတွက် လာတာမဟုတ်ဘူး။ အလုပ်လုပ်ချင်လို့ လာတာပါ။ ကိုယ်ကျွမ်းကျင်တဲ့ နေရာမှာပဲ နေချင်တယ်” ဟု ဒေါက်တာ ထွန်းဝင်းက ဧရာဝတီသို့ ပြောသည်။

၄င်းကို နိုဝင်ဘာလ ၅ ရက်နေ့ကပင် သမ္မတရုံးက နုတ်ထွက်ရန် ညွှန်ကြားခဲ့သော်လည်း ငြင်းဆိုခဲ့ကြောင်း၊ ဘာကြောင့် ထွက်ခိုင်းသည်ကိုလည်း မေး၍ မရကြောင်း သိရသည်။

ဒေါက်တာ ထွန်းဝင်းကို နေပြည်တော် ကောင်စီသို့ ပြောင်းခိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒု ဝန်ကြီး ဒေါက်တာ ထွန်းဝင်းကို သမ္မတ ဦးထင်ကျော်က တာဝန်မှ ရပ်စဲလိုက်ကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့ နေ့စွဲဖြင့် အမိန့်တရပ် ထုတ်ပြန်ခဲ့သည်။

“ဒီမိုကရေစီခေတ်မှာ အခုလို လုပ်ခံရတာ စိတ်မကောင်းဘူး။ ကျနော်က အလုပ်တွေကို အားသွန်ခွန်စိုက် လုပ်တော့ ပြောမှား ဆိုမှား၊ လုပ်မှား ကိုင်မှားတွေတော့ ရှိတာပေါ့။ ဒါပေမယ့် အကုန် စေတနာနဲ့ချည်း လုပ်တာ။ အခုလို အရေးယူလိ့မ်မယ်လို့ မထင်ခဲ့ဘူး” ဟု ဒေါက်တာ ထွန်းဝင်းက ဆိုသည်။

“အခုလို ထုတ်ပယ်ခံရတာကို နိုင်ငံတော်မှာ အဓိက ဆုံးဖြတ်တဲ့သူဆီက လာတာလို့ သိရတော့ ပိုစိတ်မကောင်းဘူး။ ကျနော်ဘက်က မရပ်တည်ဘဲ တခြားဘက်က ရပ်တည်သွားတယ်။ ဘာကြောင့် နုတ်ထွက်ခိုင်းတယ်ဆိုတာကို အကြောင်းပြချက် မပေးဘူး” ဟု ဒေါက်တာ ထွန်းဝင်းက ဆက်ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ သမ္မတရုံး ဒု ညွှန်ချုပ် ဦးဇော်ဌေးကမူ သဘောထား မှတ်ချက် မပေးလိုကြောင်း၊ ယခင် ဖြစ်စဉ်များတွင်လည်း ထုတ်ပယ်သည့် အကြောင်းကို ဖော်ပြလေ့ မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

ယခုအချိန်တွင် ဒေါက်တာ ထွန်းဝင်းသည် နေပြည်တော်တွင် ရှိနေသေးပြီး ညနေတွင် ရန်ကုန်မြို့သို့ ပြန်ရန် ပစ္စည်း သိမ်းနေပြီဟု သိရသည်။

ဒေါက်တာ ထွန်းဝင်းသည် သူ၏ ဒုဝန်ကြီး သက်တမ်းအတွင်း လုပ်ဆောင်ချက် တချို့နှင့် ပြောဆိုချက်များကြောင့် နေပြည်တော် အသိုင်းအဝိုင်းတွင် နာမည်ကောင်း ရနေသူတဦး ဖြစ်သည်ဟု သိရသည်။

ဒေါက်တာ ထွန်းဝင်း ယခုကဲ့သို့ အထုတ်ခံရခြင်းသည် NLD အစိုးရလက်ထက် အဆင့်မြင့်အရာရှိတဦး ပထမဆုံးအကြိမ် ထုတ်ပယ်ခံရခြင်းလည်း ဖြစ်သည်။
http://burma.irrawaddy.com/news/2016/11/19/126444.html

ဆက်စပ်ဖတ်ရှုရန်

သိမ်းဆည်းခံ လယ်ယာမြေများ မူလပိုင်ရှင်ထံ ပြန်ပေးမည်ဟု လယ်/ဆည် ဒုဝန်ကြီးပြော

No comments:

Post a Comment