Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 25, 2016

NLD အစိုးရမွ ဦးေဆာင္ဖြဲ႔စည္းမည့္ ေကာ္မရွင္အဖြဲ႔မ်ားတြင္ တာ၀န္ထမ္းေဆာင္ရန္ ၈၈ မ်ဳိးဆက္အား ကမ္းလွမ္းမႈ ၈၈ အဖြဲ႔မွ လက္မခံ

အန္အယ္လ္ဒီ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အစိုးရမွ ဦးေဆာင္ဖြဲ႔စည္းမည့္ လူ႔အခြင့္tေရးေကာ္မရွင္ အပါအ၀င္ အျခား ေကာ္မရွင္မ်ားတြင္ ထင္ရွားသည့္ ဒီမိုကေရစီအင္အားစုျဖစ္သည့္ ၈၈ မ်ဳိးဆက္ ျငိမ္းခ်မ္းေရးနွင့္ ပြင့္လင္းလူ႔အဖြဲ႔အစည္းမွ ထိပ္သီးေခါင္းေဆာင္မ်ားက တာ၀န္ယူေပးရန္ အန္အယ္လ္ဒီပါတီဘက္မွ ကမ္းလွမ္းမႈအေပၚ ၈၈ မ်ဳိးဆက္ဘက္မွ ျငင္းပယ္ထားေၾကာင္း ႏွစ္ဖက္အသိုင္းအ၀ိုင္းတြင္ရိွေသာ The Ladies News ၏ ယံုၾကည္စိတ္ခ်ရသည့္ သတင္းရင္းျမစ္မ်ားထံမွ သိရသည္။

အန္အယ္လ္ဒီ အစိုးရအား အတိုက္အခံမလုပ္ဘဲ ကူညီမည္ဟု ဆိုထားေသာ ၈၈ မ်ဳိးဆက္အေနျဖင့္ မည္သည့္ အေၾကာင္းျပခ်က္ျဖင့္ ျငင္းပယ္ခဲ့သည္ကိုမူ ေသခ်ာစြာ မသိရဘဲ အန္အယ္လ္ဒီအစိုးရ၏ လုပ္ေဆာင္ခ်က္မ်ားကိုမူ ေစာင့္ၾကည့္ေလ့လာသြားမည္ ျဖစ္ေၾကာင္းလည္း သိရသည္။

၈၈ မ်ဳိးဆက္ ပြင့္လင္းအဖြဲ႔မွ ေဆာင္ရြက္ေနသည့္ လုပ္ငန္းမ်ားျဖစ္ေသာ အရပ္ဘက္္ လူမႈအဖြဲ႔အစည္းဆိုင္ရာ လုပ္ငန္းမ်ားကိုမူ အန္အယ္လ္ဒီအစိုးရ လက္ထက္တြင္ ဆက္လက္ ေဆာင္ရြက္သြားမည္ျဖစ္ျပီး အလုပ္သမား ၊ လယ္သမားအေရးနွင့္ လူ႔အခြင့္ေရးဆိုင္ရာ ကိစၥရပ္မ်ား ျပသ၁နာမ်ား ေပၚေပါက္လာပါက အန္အယ္လ္ဒီအစိုးရႏွင့္ ပူးေပါင္းေျဖရွင္း ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္းလည္း ၈၈ မ်ဳိးဆက္ အသိုင္းအ၀ိုင္းမွ ယခင္ကတည္းကပင္ The Ladies News ကို ေျပာဆိုထားသည္။

ျမန္မာျပည္မ ႏိုင္ငံေရး အဖြဲ႔အစည္းမ်ားအနက္ အန္အယ္လ္ဒီျပီးလ်ွင္ လူထုေထာက္ခံမႈ အမ်ားဆံုးရရိွထားသည့္ ကိုမင္းကိုႏိုင္ ၊ ကိုကိုၾကီး တို႔ဦးေဆာင္သည့္ ၈၈ မ်ဳိးဆက္မွာ အစဥ္အလာအားျဖင့္ အန္အယ္လ္ဒီ အမ်ဳိးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္အား ႏွစ္ကာလတာရွည္ ၀န္းရံလာခဲ့သူမ်ား ျဖစ္ေသာ္လည္း ေရြးေကာက္ပြဲအၾကိဳ ကာလက ကိုယ္စားလွယ္ေလာင္းစာရင္း ထုတ္ျပန္ရာတြင္ အန္အယ္လ္ဒီႏွင့္ ပူးေပါင္းခဲ့ေသာ ၈၈ မ်ဳိးဆက္ အဖြဲ႔၀င္ အမ်ားအျပားမွာ စာရင္းမွ ခ်န္လွပ္ခံခဲ့ရျပီးေနာက္ပိုင္း အန္အယ္လ္ဒီနွင့္ ၈၈ မ်ဳိးဆက္တို႔အၾကား ဆက္ဆံေရးမွာ အနည္းငယ္ ေအးခဲလာခဲ့သည္ဟု နီးစပ္သူမ်ားကဆိုၾကပါသည္။

အန္အယ္လ္ဒီ၏ ကာလရွည္ မဟာမိတ္ျဖစ္သည့္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွလည္း အန္အယ္လ္ဒီမွ ကမ္းလွမ္းခဲ့သည့္ တိုင္းရင္းသားေရးရာ ျပည္ေထာင္စု၀န္ၾကီး ရာထူးကို ျငင္းပယ္ခဲ့ျပီး ၈၈ မ်ဳိးဆက္မ်ား၏ ျငင္းပယ္မႈမွာ အန္အယ္လ္ဒီ၏ ကာလရွည္ မဟာမိတ္မ်ားအနက္ ဒုတိယေျမာက္အဖြဲ႔အစည္း၏ ျငင္းပယ္မႈ ျဖစ္လာသည္။

“အခု ဒီမိုကေရစီအင္အားစုေတြ အၾကားမွာက ယံုၾကည္မႈ ျပန္တည္ေဆာက္ဖို႔ လိုေနတဲ႔ သေဘာလိုလို ျဖစ္ေနတယ္။ ၈၈ နဲ႔ အန္အယ္လ္ဒီ အၾကားမွာဆိုရင္ ျပီးခဲ့တဲ႔ ေရြးေကာက္ပြဲ အၾကိဳကာလကတည္းက ကိုယ္စားလွယ္ေလာင္း ေရြးခ်ယ္မႈမွာ အန္အယ္လ္ဒီဘက္က ေရြးခ်ယ္မႈက အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရးဆိုတဲ႔ မူကို အေျခမခံခဲ့ဘူး။ ဒါ့အျပင္ ကာလရွည္ တိုင္းရင္းသား မဟာမိတ္ေတြနဲ႔လည္း ဒီအတိုင္းပဲ ။ အခုအေနထားက ထင္းစည္းေတြ အရင္ကတည္းက ေပါင္းရမယ့္ဟာ အဖ်ားခ်င္းပဲ စည္းထားသလို ျဖစ္ေနတယ္။ အခုက ခ်က္ခ်င္းေပါင္းဖို႔ ခက္ေနတဲ႔ အေျခအေန ျဖစ္ေနတယ္။ အေျခအေန ျပန္ေပးလာခဲ့ရင္ေတာ့ စုစည္းညီညြတ္ေအာင္ မျဖစ္မေန လုပ္ရလိမ့္မယ္” ဟု ၈၈ မ်ဳိးဆက္ေဟာင္းတစ္ဦးျဖစ္ျပီး ႏွစ္ရွည္ႏိုင္ငံေရး အက်ဥ္းသားေဟာင္းတစ္ဦးျဖစ္ခဲ့ကာ သတင္းမီဒီယာသမား တစ္ဦးလည္းျဖစ္သူ ကိုလက်ာ္ထြန္းက ဒီမိုကေရစီအင္အားစုမ်ားအၾကား ညီညြတ္ေရးနွင့္ ပတ္သက္၍ မွတ္ခ်က္ျပဳေျပာဆိုသည္။

The Laides News
....................
NLD အစိုးရမှ ဦးဆောင်ဖွဲ့စည်းမည့် ကော်မရှင်အဖွဲ့များတွင် တာဝန်ထမ်းဆောင်ရန်
၈၈ မျိုးဆက်အား ကမ်းလှမ်းမှု ၈၈ အဖွဲ့မှ လက်မခံ
-------- ------- -------

အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရမှ ဦးဆောင်ဖွဲ့စည်းမည့် လူ့အခွင့်tရေးကော်မရှင် အပါအဝင် အခြား ကော်မရှင်များတွင် ထင်ရှားသည့် ဒီမိုကရေစီအင်အားစုဖြစ်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ထိပ်သီးခေါင်းဆောင်များက တာဝန်ယူပေးရန် အန်အယ်လ်ဒီပါတီဘက်မှ ကမ်းလှမ်းမှုအပေါ် ၈၈ မျိုးဆက်ဘက်မှ ငြင်းပယ်ထားကြောင်း နှစ်ဖက်အသိုင်းအဝိုင်းတွင်ရှိသော The Ladies News ၏ ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်များထံမှ သိရသည်။

အန်အယ်လ်ဒီ အစိုးရအား အတိုက်အခံမလုပ်ဘဲ ကူညီမည်ဟု ဆိုထားသော ၈၈ မျိုးဆက်အနေဖြင့် မည်သည့် အကြောင်းပြချက်ဖြင့် ငြင်းပယ်ခဲ့သည်ကိုမူ သေချာစွာ မသိရဘဲ အန်အယ်လ်ဒီအစိုးရ၏ လုပ်ဆောင်ချက်များကိုမူ စောင့်ကြည့်လေ့လာသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

၈၈ မျိုးဆက် ပွင့်လင်းအဖွဲ့မှ ဆောင်ရွက်နေသည့် လုပ်ငန်းများဖြစ်သော အရပ်ဘက်် လူမှုအဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းများကိုမူ အန်အယ်လ်ဒီအစိုးရ လက်ထက်တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အလုပ်သမား ၊ လယ်သမားအရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ ကိစ္စရပ်များ ပြသ၁နာများ ပေါ်ပေါက်လာပါက အန်အယ်လ်ဒီအစိုးရနှင့် ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၈၈ မျိုးဆက် အသိုင်းအဝိုင်းမှ ယခင်ကတည်းကပင် The Ladies News ကို ပြောဆိုထားသည်။

မြန်မာပြည်မ နိုင်ငံရေး အဖွဲ့အစည်းများအနက် အန်အယ်လ်ဒီပြီးလျှင် လူထုထောက်ခံမှု အများဆုံးရရှိထားသည့် ကိုမင်းကိုနိုင် ၊ ကိုကိုကြီး တို့ဦးဆောင်သည့် ၈၈ မျိုးဆက်မှာ အစဉ်အလာအားဖြင့် အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား နှစ်ကာလတာရှည် ၀န်းရံလာခဲ့သူများ ဖြစ်သော်လည်း ရွေးကောက်ပွဲအကြို ကာလက ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ရာတွင် အန်အယ်လ်ဒီနှင့် ပူးပေါင်းခဲ့သော ၈၈ မျိုးဆက် အဖွဲ့ဝင် အများအပြားမှာ စာရင်းမှ ချန်လှပ်ခံခဲ့ရပြီးနောက်ပိုင်း အန်အယ်လ်ဒီနှင့် ၈၈ မျိုးဆက်တို့အကြား ဆက်ဆံရေးမှာ အနည်းငယ် အေးခဲလာခဲ့သည်ဟု နီးစပ်သူများကဆိုကြပါသည်။

အန်အယ်လ်ဒီ၏ ကာလရှည် မဟာမိတ်ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှလည်း အန်အယ်လ်ဒီမှ ကမ်းလှမ်းခဲ့သည့် တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီး ရာထူးကို ငြင်းပယ်ခဲ့ပြီး ၈၈ မျိုးဆက်များ၏ ငြင်းပယ်မှုမှာ အန်အယ်လ်ဒီ၏ ကာလရှည် မဟာမိတ်များအနက် ဒုတိယမြောက်အဖွဲ့အစည်း၏ ငြင်းပယ်မှု ဖြစ်လာသည်။

“အခု ဒီမိုကရေစီအင်အားစုတွေ အကြားမှာက ယုံကြည်မှု ပြန်တည်ဆောက်ဖို့ လိုနေတဲ့ သဘောလိုလို ဖြစ်နေတယ်။ ၈၈ နဲ့ အန်အယ်လ်ဒီ အကြားမှာဆိုရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အကြိုကာလကတည်းက ကိုယ်စားလှယ်လောင်း ရွေးချယ်မှုမှာ အန်အယ်လ်ဒီဘက်က ရွေးချယ်မှုက အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ မူကို အခြေမခံခဲ့ဘူး။ ဒါ့အပြင် ကာလရှည် တိုင်းရင်းသား မဟာမိတ်တွေနဲ့လည်း ဒီအတိုင်းပဲ ။ အခုအနေထားက ထင်းစည်းတွေ အရင်ကတည်းက ပေါင်းရမယ့်ဟာ အဖျားချင်းပဲ စည်းထားသလို ဖြစ်နေတယ်။ အခုက ချက်ချင်းပေါင်းဖို့ ခက်နေတဲ့ အခြေအနေ ဖြစ်နေတယ်။ အခြေအနေ ပြန်ပေးလာခဲ့ရင်တော့ စုစည်းညီညွတ်အောင် မဖြစ်မနေ လုပ်ရလိမ့်မယ်” ဟု ၈၈ မျိုးဆက်ဟောင်းတစ်ဦးဖြစ်ပြီး နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်ခဲ့ကာ သတင်းမီဒီယာသမား တစ်ဦးလည်းဖြစ်သူ ကိုလကျာ်ထွန်းက ဒီမိုကရေစီအင်အားစုများအကြား ညီညွတ်ရေးနှင့် ပတ်သက်၍ မှတ်ချက်ပြုပြောဆိုသည်။

The Laides News

No comments:

Post a Comment