Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 10, 2016

NLD အမတ်(၁၅)ဦး တိုင်ကြားခံရ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ကိုယ်စားလှယ်(၁၅)အား NLD ဗဟို တိုင်ကြားရေးဌာနထံ တိုင် ကြားထားကြောင်း ယင်းဌာနထံက သိရ သည်။

''အမတ်တွေနဲ့ ပတ်သက်ပြီးတော့ အတိုင်ခံရတာ တိုင်ကြားစာ ဆယ်လေး ငါးစောင်လောက် ရှိနေပါပြီ''ဟု ဗဟို တိုင်ကြားရေးဌာနအကြီးအကဲ ဒေါက်တာ မျိုးညွန့်ကThe Messenger Media သို့ ပြောသည်။

တိုင်ကြား ထားခံရမှု အသေးစိတ်ကို တော့ ထုတ်ဖော် မပြောဆိုသော်လည်း အများဆုံး တိုင်ကြားထားခြင်းခံရသော တိုင်းဒေသကြီးများမှာ ပဲခူးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့မှ ကိုယ်စား လှယ်များဖြစ်ကြောင်း ၄င်းက ဆိုသည်။

တိုင်ကြားစာများကို စစ်ဆေးပြီးပါက ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်ကို ဗဟိုအလုပ်အမှုဆောင်များဖြင့် တိုင်ပင်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင် ကြားရေးဌာနထံက သိရသည်။

အဆိုပါတိုင်ကြားရေးဌာနကို NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်ပြီး တိုင်ကြားနိုင်ရန် ရည်ရွယ်ကာ မတ်လအတွင်းက စတင်ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး တိုင်ကြားသူများအနေဖြင့် နာမည်၊ မှတ်ပုံတင်နံပါတ်၊ လိပ်စာ၊ ဖုန်းနံပါတ် အ ပြည့်အစုံဖြင့် ပါတီဌာနချုပ်သို့ လိပ်မူပြီး တိုင်ကြားနိုင်သည်။

(မန္တလေးအလင်း)

No comments:

Post a Comment