Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 11, 2016

သိမ္းဆည္းခံ လယ္ယာေျမမ်ား မူလပိုင္ရွင္ထံ ျပန္ေပးမည္ဟု လယ္/ဆည္ ဒုဝန္ႀကီးေျပာ



By ထက္နိုင္ေဇာ္ 11 May 2016
အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္(NLD) အစိုးရသစ္ လက္ထက္တြင္ လယ္သမားတိုင္း လယ္ေၿမ ျပန္လည္ ပိုင္ဆိုင္ၿပီး ျပည္တြင္း စားနပ္ရိကၡာ ဖူလုံေရးသည္ NLD အစိုးရ၏ မူဝါဒတခု ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး ေမြးျမဴေရးႏွင့္ ဆည္ေျမာင္ဝန္ႀကီး ေဒါက္တာ ထြန္းဝင္းက ေျပာသည္။
“လယ္ယာေျမေတြကို လူမွန္ေနရာမွန္ သူ႔ဥစၥာရင္းမွန္ကို ျပန္ေပးဖို႔ က်ေနာ္တို႔ အစိုးရအေနနဲ႔ ဆႏၵရွိတယ္’’ဟု ဒုဝန္ႀကီး ေဒါက္တာ ထြန္းဝင္းက ေျပာသည္။

သို႔ေသာ္ သိမ္းဆည္းခံ လယ္ယာေျမမ်ား လယ္သမားလက္သို႔ ျပန္လည္ ေရာက္ရွိေရးကိစၥသည္ အစိုးရသစ္ အေနျဖင့္ ေျဖရွင္းေပးနိုင္ရန္ အလြန္ ရွုပ္ေထြးသည့္ ကိစၥျဖစ္ေနရာ ခိုင္မာသည့္ ဥပေဒမ်ား ေရးဆြဲနိုင္ရန္ ေဆာင္ရြက္ေနေၾကာင္း၊ ျပည္သူမ်ားကလည္း ၎တို႔၏ ေျမယာ ျပႆနာမ်ားကို ခ်က္ခ်င္း ေျဖရွင္းေပးရန္ ဆႏၵရွိေနၾကသျဖင့္ ယခုကိစၥကို အခ်ိန္ အတိုင္းအတာ တခုအထိ ေစာင့္ဆိုင္းေပးရန္လည္း ၎က ေျပာသည္။

“လယ္ယာေၿမ ျပႆနာေတြ အားလုံးရဲ့ မူလက အုပ္ခ်ဳပ္ေရးအဖြဲ႕၊ စည္ပင္အဖြဲ႕ အဆင့္ဆင့္၊ အိုးအိမ္ အဖြဲ႕ အဆင့္ဆင့္၊ တပ္မေတာ္ အားလုံးေတြက အေၾကာင္းအမ်ိဳးမ်ိဳးေတြနဲ႔ အမ်ားျပည္သူအတြက္ ဆိုတဲ့ေခါင္းစဥ္နဲ႔ သိမ္းယူၿပီးေတာ့ ကိုယ္က်ိဳးစီးပြားအေနနဲ႔ ဒါေတြကို ေျမကြက္ရိုက္ၿပီး ေရာင္းစားေနတယ္။ ၿမိဳ႕နယ္ေတြ ေက်းရြာေတြ လမ္းေဘးေတြမွာ ၿခံကာၿပီးေတာ့ မက်ဴးေက်ာ္ရ ဆိုၿပီး ေရာင္းစားထား တာေတြ ရွိတယ္”ဟု ေဒါက္တာ ထြန္းဝင္းက ေျပာသည္။

ယခုကဲ့သို႔ လုပ္ေဆာင္ေနမွုမ်ားသည္ နိုင္ငံပုံရိပ္အတြက္ အလြန္ အက်ည္း တန္ေစၿပီး နိုင္ငံပိုင္ေျမကို အလြဲသုံးစားေနျခင္း ျဖစ္ေၾကာင္း၊ ယင္းေျမအားလုံး မူလပိုင္ရွင္ လယ္သမားမ်ားထံသို႔ ျပန္လည္ေရာက္ရွိေရးသည္ အစိုးရသစ္၏ တာဝန္ျဖစ္ေၾကာင္း သူက ေျပာသည္။

ကခ်င္ျပည္နယ္၊ ဟူးေကာင္းေဒသတြင္ ယုဇန ကုမၸဏီ၏ လယ္ယာေၿမ သိမ္းဆည္းခံထားရသည့္ ေဒသခံ ဦးတန္ဂြန္း က “က်ေနာ္တို႔ မဲထည့္လိုက္တဲ့ အစိုးရက ဒီကိစၥကို ကူညီမယ္လို႔ ယုံၾကည္ပါတယ္။ က်ေနာ္တို႔ ခံစားလာတာ ၁၀ ႏွစ္ရွိၿပီ။ ကေလးေတြေတာင္ ပညာေရး မေထာက္ပံ့နိုင္ဘူး” ဟု ေျပာသည္။

လယ္ယာေၿမ သိမ္းဆည္းမွုမ်ားသည္ တနိုင္ငံလုံး အတိုင္းအတာအရ ဧက ၂ သန္း ဝန္းက်င္ အထိ ရွိေနေၾကာင္း အမ်ိဳးသား လႊတ္ေတာ္ ေတာင္သူလယ္သမား ေရးရာေကာ္မတီ၏ စာရင္းမ်ားအရ သိရသည္။

NLD အစိုးရ လက္ထက္တြင္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းခံရမွုမ်ားေၾကာင့္ ျပည္သူမ်ား နစ္နာမွု မရွိေစေရး အတြက္ ေျမသိမ္းမွု ျပႆနာမ်ား ေျဖရွင္းေပးနိုင္ရန္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမွုမ်ား ျပန္လည္စိစစ္ေရး ဗဟို ေကာ္မတီကို ဒုတိယ သမၼတ ၂ ဦး က ဦးေဆာင္ၿပီး အဖြဲ႕ဝင္ ၁၀ ဦး ျဖင့္ ေမလ ၅ ရက္ေန႔က ဖြဲ႕စည္းလိုက္ေၾကာင္း သမၼတ႐ုံး၏ ေၾကညာခ်က္ တေစာင္ ထုတ္ျပန္ခဲ့ၿပီး ျဖစ္သည္။
Irrawaddy
...........
By ထက်နိုင်ဇော် 11 May 2016
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရသစ် လက်ထက်တွင် လယ်သမားတိုင်း လယ်မြေ ပြန်လည် ပိုင်ဆိုင်ပြီး ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေးသည် NLD အစိုးရ၏ မူဝါဒတခု ဖြစ်ကြောင်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ပြောသည်။
“လယ်ယာမြေတွေကို လူမှန်နေရာမှန် သူ့ဥစ္စာရင်းမှန်ကို ပြန်ပေးဖို့ ကျနော်တို့ အစိုးရအနေနဲ့ ဆန္ဒရှိတယ်’’ဟု ဒုဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ပြောသည်။

သို့သော် သိမ်းဆည်းခံ လယ်ယာမြေများ လယ်သမားလက်သို့ ပြန်လည် ရောက်ရှိရေးကိစ္စသည် အစိုးရသစ် အနေဖြင့် ဖြေရှင်းပေးနိုင်ရန် အလွန် ရှုပ်ထွေးသည့် ကိစ္စဖြစ်နေရာ ခိုင်မာသည့် ဥပဒေများ ရေးဆွဲနိုင်ရန် ဆောင်ရွက်နေကြောင်း၊ ပြည်သူများကလည်း ၎င်းတို့၏ မြေယာ ပြဿနာများကို ချက်ချင်း ဖြေရှင်းပေးရန် ဆန္ဒရှိနေကြသဖြင့် ယခုကိစ္စကို အချိန် အတိုင်းအတာ တခုအထိ စောင့်ဆိုင်းပေးရန်လည်း ၎င်းက ပြောသည်။

“လယ်ယာမြေ ပြဿနာတွေ အားလုံးရဲ့ မူလက အုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်အဖွဲ့ အဆင့်ဆင့်၊ အိုးအိမ် အဖွဲ့ အဆင့်ဆင့်၊ တပ်မတော် အားလုံးတွေက အကြောင်းအမျိုးမျိုးတွေနဲ့ အများပြည်သူအတွက် ဆိုတဲ့ခေါင်းစဉ်နဲ့ သိမ်းယူပြီးတော့ ကိုယ်ကျိုးစီးပွားအနေနဲ့ ဒါတွေကို မြေကွက်ရိုက်ပြီး ရောင်းစားနေတယ်။ မြို့နယ်တွေ ကျေးရွာတွေ လမ်းဘေးတွေမှာ ခြံကာပြီးတော့ မကျူးကျော်ရ ဆိုပြီး ရောင်းစားထား တာတွေ ရှိတယ်”ဟု ဒေါက်တာ ထွန်းဝင်းက ပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်နေမှုများသည် နိုင်ငံပုံရိပ်အတွက် အလွန် အကျည်း တန်စေပြီး နိုင်ငံပိုင်မြေကို အလွဲသုံးစားနေခြင်း ဖြစ်ကြောင်း၊ ယင်းမြေအားလုံး မူလပိုင်ရှင် လယ်သမားများထံသို့ ပြန်လည်ရောက်ရှိရေးသည် အစိုးရသစ်၏ တာဝန်ဖြစ်ကြောင်း သူက ပြောသည်။

ကချင်ပြည်နယ်၊ ဟူးကောင်းဒေသတွင် ယုဇန ကုမ္ပဏီ၏ လယ်ယာမြေ သိမ်းဆည်းခံထားရသည့် ဒေသခံ ဦးတန်ဂွန်း က “ကျနော်တို့ မဲထည့်လိုက်တဲ့ အစိုးရက ဒီကိစ္စကို ကူညီမယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ ခံစားလာတာ ၁၀ နှစ်ရှိပြီ။ ကလေးတွေတောင် ပညာရေး မထောက်ပံ့နိုင်ဘူး” ဟု ပြောသည်။

လယ်ယာမြေ သိမ်းဆည်းမှုများသည် တနိုင်ငံလုံး အတိုင်းအတာအရ ဧက ၂ သန်း ဝန်းကျင် အထိ ရှိနေကြောင်း အမျိုးသား လွှတ်တော် တောင်သူလယ်သမား ရေးရာကော်မတီ၏ စာရင်းများအရ သိရသည်။

NLD အစိုးရ လက်ထက်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် မြေသိမ်းမှု ပြဿနာများ ဖြေရှင်းပေးနိုင်ရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီကို ဒုတိယ သမ္မတ ၂ ဦး က ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦး ဖြင့် မေလ ၅ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံး၏ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
Irrawaddy

No comments:

Post a Comment