Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 22, 2016

အဘ ဦးဝင်းထိန်တို့ အလိမ်မခံရစေဖို့

ဒုဝန်ကြီးတစ်ယောက်ကို တာဝန်ရပ်စဲတဲ့ကိစ္စမှာ ဟဲဟိုးခြံကိစ္စလဲ အဓိကပါဝင်နေရင်
.
အဘ ဦးဝင်းထိန်တို့ အလိမ်မခံရစေဖို့ လိုအပ်ရင် အကူအညီပေးနိုင်ပါတယ်။
.
ဒီသတင်းကို အဘ ဦးဝင်းထိန်ဆီရောက်အောင် ကူညီပေးကြစေလိုပါတယ်။
***
.
Facebook လူမှုကွန်ယက်အပေါ်မှာ ပြန့်နေတဲ့ ရာထူးကရပ်စဲခံရသူ ဒုဝန်ကြီး(ဟောင်း) ဦးထွန်းဝင်းပြောတဲ့စကားအထဲမှာ
.
ဟဲဟိုး လေဆိပ်အဝင်က စိုက်ပျိုးရေးခြံကို Prime Limited က အတော်များများယူထားထားတဲ့အကြောင်း၊
.
ဟဲဟိုးလေဆိပ်နားက ခြံမြေကို အရင်အစိုးရဆီက ယူထားတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်ကိုပြန်ပေးဖို့ ကြိုးစားရာမှာ
Prime Limited ရဲ့ တာဝန်ရှိသူ အမေရီကန်နိုင်ငံခြားသား (အမှန်တော့ ကျနော် ဟဲဟိုးမှာ တာဝန်ကျနေခဲ့စဉ် ကျနော်နဲ့ အနီးကပ် အလုပ်တွဲလုပ်ခဲ့ဖူးသူ အမေရီကန်နိုင်ငံသားခံယူထားတဲ့ မြန်မာတစ်ဦးပါ) နဲ့ ဆက်ဆံရေး မပြေလည်ခဲ့ကြောင်း၊
.
အဲဒီနောက် ဟဲဟိုးခြံကိစ္စနဲ့ ပတ်သက်ပြီး အဘဦးဝင်းထိန်တို့ ဒုဝန်ကြီး(ဟောင်း) ဦးထွန်းဝင်းထံ ရောက်ရှိလာကာ စကားပြောကြရာ နားလည်မှုလွဲပြီး ဒုဝန်ကြီး(ဟောင်း) ဦးထွန်းဝင်း ကို စိတ်ဆိုးသွားပုံရကြောင်း၊
.
အဲဒီနောက် နောက်တစ်ပတ်အကြာမှာ ဒုဝန်ကြီးဟောင်းကို စည်ပင်ကို ခေါ်ကာ တိုင်စာကိစ္စကြောင့် ရာထူးနေရာပြောင်းဖို့၊ ... အလုပ်ထွက်စာတွေတင်ဖို့ အပြောခံရတဲ့အကြောင်း
.
စသဖြင့် သတိထားပြီး ဖတ်မိပါတယ်။
***
.
ဒီနေရာမှာ
ဟဲဟိုးခြံနဲ့ ပတ်သက်တဲ့ကိစ္စကို ကျနော် အနည်းငယ် ပြောချင်ပါတယ်။
.
အမှန်တော့ ကျနော်နဲ့ Prime Limited က တာဝန်ရှိတဲ့ အမေရီကန်နိုင်ငံခြားသားဆိုသူ ကိုကနက်တို့ဟာ
(သူက ကျနော့်ကို "ကိုထူး" လို့ ခေါ်ပြီး ကျနော်က သူ့ကို "ကိုကနက်" လို့ ခေါ်ပါတယ်)
စိုက်ပျိုးရေးလုပ်ငန်းအတွက်ရည်ရွယ်ကာ ဟဲဟိုးလေဆိပ်ဘေးက မြေတွေကို ဧက တစ်ထောင့်ငါးရာလောက်အထိယူဖို့ ပြီးခဲ့တဲ့ ငါးနှစ်ခန့်က အပင်ပန်းခံပြီး တိုင်းတာခဲ့ကြပါတယ်။
.
ရှမ်းပြည်တောင်ပိုင်း ဟဲဟိုးတစ်ခွင်မှာ စိုက်ပျိုးရေးထွန်းကားအောင်လုပ်မယ်၊ ကျနော့်ကို စိုက်ပျိုးရေးပညာရှင်အနေနဲ့ ဦးဆောင်ပေးပါဆိုလို့ ကျနော်က လက်တွဲကူညီပေးဖို့ Prime Limited က (ကိုကနက်)တို့က ကမ်းလှမ်းလို့ အကူအညီပေးဖို့ ကြိုးစားခဲ့တာပါ။
.
နောက်မကြာမီမှာပဲ ဟဲဟိုးလေဆိပ်ဘေးက ဧကရာထောင်ချီတဲ့ မြေတွေကို တိုင်းတာလို့ အပြီးမှာ တောင်သူတွေကို တစ်ဧကလျှင် ကျပ်ငွေ ၅ သိန်း၊ ၁၀ သိန်း စသဖြင့် (ထိုစဉ်က တောင်သူအချို့ ကျနော့်ကို ပြောတဲ့ သူတို့ လိုချင်တဲ့ မြေဈေးနှုန်း) ငွေပေးချေဖို့ ကျနော်က ပြောရာမှာ (ကို ကနက်)တို့ က လက်မခံချင်ကြပါဘူး။ ထိုစဉ်က ဟဲဟိုးလေဆိပ်တစ်ဝိုက် မြေယာပိုင်ဆိုင်မှု အထောက်အထားမရှိသေးတဲ့ တောင်သူတွေဆီကမြေတွေကို အထက်လူကြီးတွေနဲ့ပေါင်းပြီး အလကား လိုချင်နေပုံ ရပါတယ်။
.
အဲဒီမှာ ကုမ္ပဏီကိုယ်စား တောင်သူတွေကို
ကြားကနေ တာဝန်ယူဖြေရှင်းပေးရမယ့် ကျနော်က (ကိုကနက်)ကို သိပ်ဘဝင် မကျခဲ့ပါဘူး။
.
ဒါနဲ့ လုပ်ငန်းကိစ္စနဲ့ ပတ်သက်ပြီး ဘာစီမံချက်မှ ရေရေရာရာ မရှိပဲ စိုက်ပျိုးရေး အယောင်ပြကာ နိုင်ငံအနှံ့ နေရာကောင်းတွေမှာ မြေရရှိဖို့ က အဓိက လုပ်နေတဲ့ (ကိုကနက်)တို့ကို ကျနော် လမ်းခွဲခဲ့ပါတယ်။
.
အဲဒီနောက်မှာတော့ ကျနော်နဲ့ လမ်းခွဲလိုက်တော့ ရုတ်တရက် လက်တွဲကူညီမယ့်သူ မရှိလို့ ထင်ပါတယ်။ ဟဲဟိုးလေဆိပ်ဘေးက ဧက ရာထောင်ချီပြီး ကျနော်တို့ တိုင်းထားသမျှမြေတွေကို Prime Limited က (ကိုကနက်)တို့ မရတော့ပါဘူး။
.
အခု ဟဲဟိုးခြံကတော့ ထိုစဉ်က ကျနော့်ကို အကူအညီတောင်းလို့ အထက်လူကြီးအချို့ထံ ကျနော် လမ်းညွှန်ပေးလိုက်လို့ Prime Limited က ရရှိသွားတာပါ။
.
ကျနော်နဲ့ အလုပ်တွဲလုပ်ခဲ့စဉ် အလုပ်ကိစ္စနဲ့ ပတ်သက်လို့ တောင်သူတွေ၊ အစိုးရတာဝန်ရှိသူတွေ စသဖြင့် ပတ်သက်ဆက်နွယ်နေသူတွေကို (ကိုကနက်တို့နဲ့အတူ) မကြာခဏ လိမ်ရ ညာရ တာကို နောက်ပိုင်းမှာ သိခဲ့ရပါတယ်။ လုံလောက်တဲ့ သက်သေ အချို့လဲ ရှိပါတယ်။
.
သူ(ကိုကနက်)က အင်္ဂလိပ်စကားအပါအဝင် ဘာသာစကားအချို့ကို အများအထင်ကြီးအောင် တစ်ဖက်ကမ်းခတ် ပြောနိုင်ပါတယ်။

အစိုးရဌာနက လူတွေအတော်များများကလဲ သူ့စကား အောက်မှာ အထင်ကြီး နားယောင်ပြီး အလိမ် အညာ မိကုန် ကြမှာ စိုးရိမ်ရပါတယ်။

ဒါကြောင့် အဘ ဦးဝင်းထိန်တို့ကိုလဲ Prime Limited က (ကိုကနက်) ပြောစကားတွေကို နားယောင်မိပြီး ဟဲဟိုခြံကိစ္စမှာ ဝင်ပါမိမှာ စိုးရိမ်မိပါတယ်။
.
***
အကယ်၍များ ဒုဝန်ကြီး ဦးထွန်းဝင်းကို တာဝန်က ရပ်စဲလိုက်တဲ့ ကိစ္စမှာ ဟဲဟိုးခြံကိစ္စလည်း အဓိကပါဝင်နေမယ် ဆိုရင် ဆုံးဖြတ်ချက်တွေမှားကုန်မှာ ကျနော် စိုးရိမ်မိပါတယ်။
.
ဒါကြောင့် ဟဲဟိုးခြံကိစ္စအပါအဝင် Prime Limited ဟာ ယုံကြည်ရတဲ့ အနေအထားမှာ မရှိဘူး ဆိုတာကို သက်သေအချို့ပြကာ ကျနော်ပြပေးနိုင်ပါကြောင်း
.
ဆုံးဖြတ်ချက်အမှားပါလျှင် လက်ရှိ ကျနော်တို့ထောက်ခံ တင်မြှောက်ပေးခဲ့ကြတဲ့အစိုးရ ဂုဏ်သိက္ခာကျမည်စိုး၍ အရဲစွန့်ပြီး တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။

.
***
.
ဒါကြောင့်
ဒုဝန်ကြီးတစ်ယောက်ကို တာဝန်ရပ်စဲတဲ့ကိစ္စမှာ ဟဲဟိုးခြံကိစ္စလဲ အဓိကပါဝင်နေရင်
.
အဘ ဦးဝင်းထိန်တို့ အလိမ်မခံရစေဖို့ လိုအပ်ရင် အကူအညီပေးနိုင်ပါတယ်။
.
ဒီသတင်းကို အဘ ဦးဝင်းထိန်ဆီရောက်အောင် ကူညီပေးကြစေလိုပါတယ်။
***
.
(ဒုဝန်ကြီးဟောင်းနဲ့ ဟဲဟိုးခြံကိစ္စ လုံးဝ မပြောဘူးပါ။
အစိုးရတက်လာကာစမှာ ဒုဝန်ကြီးဟောင်းနဲ့ သင်တန်းဖွင့်ပွဲမှာတစ်ခါ၊ ဖုန်းနဲ့တစ်ခါ ပြောခဲ့ဖူးပြီးနောက် ယခုအချိန်အထိ အဆက်အသွယ် လုံးဝမရှိပါ။
ကျနော်ဟာ
အမတ် ဝန်ကြီး လုပ်ချင်တဲ့သူ လုံးဝ မဟုတ်ပါ။
နာမည်ကြီးချင်တဲ့သူလဲ မဟုတ်ပါ။
လိုအပ်ရင် ကိုယ့်ထမင်းကိုယ်စားပြီး ဘာမျှော်လင့်ချက်မှမပါ၊ စေတနာသန့်သန့်ဖြင့် ကူညီလိုတာပါ။
.
ဆိုလိုတာက
၆၆ ဃ နဲ့ ထောင်ထဲသွားပြီး ငါးပိကြော် စားချင်လို့ မဟုတ်ကြောင်းကို သိစေချင်တာပါ။)
***
.
ကျော်စွာထူး
စိုက်ပျိုးရေး ဘွဲရ နိုင်ငံ့ ဝန်ထမ်းတစ်ဦး
.
***
20-11-2016

ကိုးကား။ Facebook လူမှုကွန်ယက်အပေါ်မှာ တွေ့မိတဲ့ အောက်ပါဒုဝန်ကြီး(ဟောင်း) ဦးထွန်းဝင်း ပြောတဲ့စကားကို ကိုးကားပါတယ်။
.
''''ဒါက နိုင်ငံတော်ပိုင်။ နိုင်ငံတော်အစိုးရပိုင်။ အင်္ဂလိပ်အစိုးရက ကိုယ့်လယ်သမားကို ကြည့်ခဲ့တာ။ ကိုယ့်အစိုးရသည် ဘာလို့ လယ်သမားအပေါ် မကြည့်ရမှာလဲ။ ကိုယ့်အစိုးရ၊ ကိုယ့်လယ်သမားကို ရှေးရှုသင့်တယ်ဆိုတဲ့မူနဲ့ ကျွန်တော် ခရီးထွက်သွားတဲ့အခါမှာ အခုန ဟဲဟိုးခြံရောက်သွားတဲ့အခါမှာ ဟဲဟိုးခြံမှာ ဧက ၂၈၀ကျော်တယ်။ ခြံရဲ့ မန်နေဂျာလေးက သူ့မှာ ဧက ၅၀ပဲ ကျန်တယ်။ ကျန်တာတွေ ပေးလိုက်ရတယ်။ ဘယ်သူ့ ပေးလိုက်ရလဲဆိုတော့ နိုင်ငံခြားက Prime limited ပေါ့ဗျာ။ Prime ကုမ္ပဏီကို ပေးလိုက်ရတယ်။ ဘယ်တုန်းက ပေးလဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးငါးနှစ်က။ ကျွန်တော်ရောက်တဲ့အခါမှာ ကြည့်တော့အခါကျတော့လည်း ခြံရဲ့ ပြောင်းမျိုးစေ့ထုတ်ဖို့ ရေစုပ်စက်ဘာညာ အနေအထား အကုန်ကောင်းပါတယ်။ ဧက ၉၀ကျော်လောက်ကို သူတို့ သိမ်းထားတယ်။

ကျွန်တော်သွားတော့ အဲ့မှာ ဘာမှ စိုက်ပျိုးထားတာ မရှိဘူး။ ကျွန်တော်ရောက်မှ စက်လေးဘာလေး ချထားတာ ရှိတယ်။ လွန်ခဲ့တဲ့ လေးနှစ်ကျော်ကတည်းက သိမ်းထားတာ အခုထိ ဘာမှမလုပ်ဘူး။ ဒါဆိုရင်တော့ ပိုင်ရှင်ကို ငှားတဲ့လူကို ရုံးကိုလွတ်လိုက်ပါ။ ညှိနှိုင်းချင်လို့၊ ဆွေးနွေးချင်လို့ဆိုပြီးတော့။

တနေ့ အဲ့လူ ရုံးကို ပေါ်လာပါတယ်။ ပေါ်လာတဲ့အခါမှာ အဲ့လူကို ကျွန်တော်ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါမှာ သူက အမေရိကန်သားဖြစ်တယ်။ အမေရိကန်သား ဖြစ်သော်လည်း သူက လေးလေးစားစား ပြောပါတယ်။

သူသည် ပြီးခဲ့တဲ့အစိုးရနဲ့ စာချုပ်ထားတဲ့အတွက် investment အားဖြင့် ၈သန်းကျော် ရှိနေပါပြီ။ တခြားမှာလည်း ရှိပါတယ်။ သူသည် မြေတွေချည်းပဲ ယူထားတာ။ ဟဲဟိုးခြံကတော့ မြင်ကွင်းဖြစ်နေတယ်။ အင်္ဂလိပ်အစိုးရက ပေးထားတဲ့ဟာတွေမှာ တခြားသူက သုံးနေတယ်ဆိုတော့ ဒါတွေဟာ မြင်မကောင်းဘူး။ ဒါကိုတော့ ခင်ဗျား ပြန်ပြီးတော့ ပေးဖို့ကောင်းတယ်ဆိုတော့ ပြန်ပေးဖို့အနေအထား သူ့မှာလည်း ခဲယဉ်းတယ်ဗျ။ သူက ဘာပြောလည်းဆိုရင် ကျွန်တော် တခြား ကြီးတဲ့သူနဲ့ ဆွေးနွေးပါမယ်ဆိုပြီးတော့ သူစိတ်ဆိုးပြီး ထွက်သွားတယ်။

သူသွားပြီးတော့ တစ်ပတ်လောက်အကြာမှာ NLDက ကျွန်တော်တို့ရဲ့ တစ်ကယ့်ဆရာကြီးပါပဲ။ ကျွန်တော်တို့ လေးစားရတဲ့ ဆရာကြီး ဦးဝင်းထိန်နဲ့ သူ့ရဲ့တပည့် ဦးမောင်မောင်ဦး၊ နောက်ပြီးတော့ NLD က ဦးဘမျိုးသိန်း သူတို့(၃)ယောက်သည် အခုကျွန်တော်ပြောနေတဲ့နေရာမှာ ညနေဘက် ရောက်လာတယ်။

ရောက်လာပြီးတော့ ကျွန်တော့ကိုကြည့်ပြီးတော့ သူ(ဦးဝင်းထိန်)က မေးတယ်။ မေးတဲ့မေးခွန်းကတော့ ‘ဒေါက်တာထွန်းဝင်း… ဟဲဟိုးခြံကိစ္စလေဗျာ’ အဲ့မှာ ကျွန်တော်က ရိုးရိုးသားသားပဲ ‘အော် ဒီခြံကိစ္စလား ဆရာ။ ကျွန်တော်ဒီခြံကို နိုင်ငံတော်အတွက် ကာကွယ်လိုက်ပြီ ဆရာ။ ဒီဟာက အင်္ဂလိပ်ခေတ်ကတည်းက နိုင်ငံတော်ရဲ့ မျိုးစေ့ခြံအနေနဲ့ လယ်သမားတွေကို ပြောင်းမျိုးစေ့ထုတ်ဖို့ ခြံဖြစ်တဲ့အတွက် အခု ကျွန်တော်တို့ အစိုးရသစ်မှာတော့ သူတို့ ပုဂ္ဂလိကတွေ သုံးထားတာတွေ ပြန်ယူဖို့ ကျွန်တော် ပြောလိုက်ပြီ’ ဆိုတော့ ‘ဗျာ…ဒီလိုလားဗျာ၊ အေး... မောင်မောင်ဦး ပြန်ကြစို့ကွာ’ ဆိုပြီးတော့ တုတ်ကောက်ဆွဲပြီးတော့ တစ်ခါထဲ စိတ်ဆိုးပြီးတော့ ပြန်သွားတဲ့သဘောရှိတော့ ကျွန်တော်ပြောတာ မှားသွားပြီလို့ ယူဆပါတယ်။ နိုင်ငံတော်ခြံကို ကာကွယ်ဖို့ကို ကျွန်တော့လိုပဲ ကာကွယ်လိုတဲ့ဆန္ဒရှိမယ်လို့ ကျွန်တော်က ယူဆပြီးတော့ ပြောမိတဲ့စကားသည် မှားသွားပြီ။ မှားသွားတဲ့အတွက် စိတ်ထဲမှာ ခံစားသွားရတယ်။ သူ့ကို ကျွန်တော် တလေးတစားနဲ့ ထမင်းလိုက်ကျွေးပါတယ်။ တုံဂပူရီမှာ ထမင်းလိုက်ကျွေးတယ်။

သို့သော် နောက်တပတ်အကြာမှာ ကျွန်တော့ကို စည်ပင်ထဲက သူ့ရဲ့အခန်းကို ခေါ်တယ်။ သူနဲ့အတူ ဒေါက်တာမျိုးအောင်(နေပြည်တော်ကောင်စီဥက္ကဌ)ရှိပါတယ်။ ရှိပြီးတော့ သူ(ဦးဝင်းထိန်)က ဘာပြောလဲဆိုရင် ‘Unpleasant News(မကောင်းသော သတင်း)ဗျာ’ တဲ့။ ခင်ဗျားအတွက် Unpleasant News ဆိုတော့ ကျွန်တော် Shock(တုန်လှုပ်)ဖြစ်သွားတယ်။ ‘ပြောပါ ဆရာရယ်။ ကျွန်တော့ကို အားမနာပါနဲ့’ ဆိုတော့ ‘ခင်ဗျားမှာ တိုင်စာတွေ ရောက်ပါတယ်၊ အဲ့ဒီတိုင်စာအတွက် ခင်ဗျားကို လောလောဆယ် နေရာရွှေ့ရလိမ့်မယ်’ ပေါ့လေ။ ‘ဘယ်ကို ရွှေ့ရပါမလဲခင်ဗျာ’ ဆိုတော့ ‘နေပြည်တော်ကောင်စီမှာ ဒေါက်တာမျိုးအောင် ရှိပါတယ်။ ဒေါက်တာမျိုးအောင်ဆီ သွားပါ။ ထွက်စာကို သမ္မတရုံးမှာ တင်လို့ပြောတယ်။
.
#http://www.mizzimaburmese.com/article/20424
Kyaw Swar Htoo
November 20 at 12:28pm ·

No comments:

Post a Comment