Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 24, 2016

ျမဝတီတြင္ အဓမၼက်င့္မွုျဖင့္ စြပ္စြဲခံရသည့္ ေက်ာင္းထိုင္ဘုန္းႀကီးကို ႐ုံးထုတ္စစ္ေဆး


 By ထြန္းထြန္း 24 November 2016

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္ သကၤန္းညီေနာင္တြင္ ၆ တန္းေက်ာင္းသူ တဦးကို အဓမၼျပဳက်င့္သည္ဟု ဆိုကာ တရား စြဲဆို ခံထား ရသည့္ အသက္ ၃၆ ႏွစ္အရြယ္ ေက်ာင္းထိုင္ဘုန္းႀကီး တပါးအား ျမဝတီခရိုင္ တရား႐ုံးတြင္ ယမန္ေန႔က ႐ုံးထုတ္ စစ္ေဆးေၾကာင္း သကၤန္းညီေနာင္ ရဲစခန္းမွ သိရသည္။

သကၤန္းညီေနာင္ ရဲစခန္းမွ တပ္ၾကပ္ႀကီး သိန္းဝင္းက “အမွု႐ုံးခ်ိန္းက ၄ ခ်ိန္းေလာက္ေတာ့ ရွိၿပီ၊ လက္ရွိမွာ တရားလို ျဖစ္တဲ့ ေက်ာင္းအုပ္ဆရာမႀကီး နဲ႔ ကာယကံရွင္ မိန္းကေလးကို စစ္ၿပီးၿပီ၊ ထပ္စစ္ဖို႔ေတြ က်န္ေနေသးတယ္”ဟု ဧရာဝတီ သို႔ ေျပာသည္။

ျမဝတီၿမိဳ႕နယ္ ပြင့္လင္းေအးၿမိဳင္ ေက်းရြာရွိ ပုညရွင္ ေက်ာင္းတိုက္တြင္ ေနထိုင္၍ ေက်ာင္းတက္ေနေသာ ေက်ာင္းသူ တဦးကို ေက်ာင္းထိုင္ဘုန္းႀကီး အရွင္ ပုညေထ႒ (ခ) မိုးေက်ာ္သူ က ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ ၂၇ ရက္ေန႔က အဓမၼ ျပဳက်င့္ခဲ့သည္ဟု ဆိုကာ ေျခလ်င္တပ္ရင္း(ခလရ) ၂၇၅ မူလတန္းလြန္ေက်ာင္း ေက်ာင္းအုပ္ဆရာမႀကီး ေဒၚသင္းသင္းစံ က တရားလို ျပဳလုပ္ၿပီး စက္တင္ဘာ ၅ ရက္တြင္ အမွုဖြင့္ တိုင္ၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ သကၤန္း ညီေနာင္ရဲစခန္း က အဆိုပါ ေက်ာင္းထိုင္ဘုန္းႀကီးကို ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ ျဖင့္ အမွုဖြင့္ စစ္ေဆးျခင္း ျဖစ္သည္ဟု ဆိုသည္။

ကာယကံရွင္ ေက်ာင္းသူသည္ ငယ္စဥ္ကတည္းက ေက်ာင္းတိုက္တြင္ေနထိုင္ ပညာသင္ၾကားနိုင္ရန္ ေက်ာင္းထိုင္ ဘုန္းႀကီးက ေခၚယူခဲ့ျခင္း ျဖစ္ေၾကာင္း၊ ေက်ာင္းတိုက္အတြင္း ေနထိုင္သည့္ အျခား ေက်ာင္းသား ေက်ာင္းသူ တခ်ိဳ႕ ႏွင့္အတူ ေက်ာင္းတိုက္အနီးရွိ ခလရ ၂၇၅ တပ္အတြင္းရွိ မူလတန္းလြန္ ေက်ာင္းတြင္ တက္ေရာက္ ပညာသင္ၾကား ေနသူျဖစ္ေၾကာင္း သိရသည္။

ကရင္ျပည္နယ္ သာသနာေရး ဝန္ႀကီး ဦးမင္းတင္ဝင္းက ေက်ာင္းထိုင္ဘုန္းႀကီးသည္ အမွုကို ျငင္းဆန္မွု ျပဳလုပ္ထား ေၾကာင္း၊ ေက်းရြာ ဒကာ ဒကာမတခ်ိဳ႕ကလည္း ဘုန္းႀကီးဘက္မွ ေထာက္ခံေပးမွုမ်ားရွိေနေၾကာင္း ေျပာသည္။

ဦးမင္းတင္ဝင္း “တရားလိုဘက္ကေတာ့ ေဆးစစ္ခ်က္ေတြေရာ ခိုင္မာတဲ့ သက္ေသ အေထာက္အထားေတြ ရွိေနၿပီ လို႔ သိရတယ္၊ အဆုံးမွာ အမွုမွန္ေပၚေရးကို ေစာင့္ၾကည့္သြားမယ္၊ လက္ရွိေတာ့ ေက်ာင္းအုပ္ဆရာမႀကီး ဆီကို ဆက္သြယ္လို႔ မရဘူး၊ သူ႔လုံျခဳံေရးကိုလည္း စိုးရိမ္တယ္”ဟုလည္း ေျပာဆိုသည္။

အမွုႏွင့္ပတ္သက္၍ ေက်ာင္းတိုက္အတြင္း ေနထိုင္ကာ ခလရ ၂၇၅ တပ္အတြင္းရွိ မူလတန္းလြန္ ေက်ာင္းတြင္ တက္ ေရာက္ ပညာသင္ေနသည့္ ေက်ာင္းသားတခ်ိဳ႕သည္လည္း ဖိအားေပးခံရမွု ရွိေနၿပီး ေက်ာင္းတက္ခြင့္ ဆုံးရွုံးေန ေၾကာင္း ၾကားသိရသျဖင့္ သြားေရာက္ စစ္ေဆးမွုျပဳလုပ္မည္ ျဖစ္ေၾကာင္းလည္း ဦးမင္းတင္ဝင္းက ေျပာသည္။
Irrawaddy
........................


  • ရည္းစားေဟာင္းအေၾကာင္းေဒါသတၾကီးေျပာေနတဲ့ေကာင္မေလး
  • ေစ်း၀ယ္သူဟန္ေဆာင္ျပီး ဖုန္းကိုအလစ္သုတ္သြားသူ အလစ္သမား
  • ကေလးသံုးေယာက္ကိုရိုက္ႏွက္ ကန္ေက်ာ္ကသတ္ခဲ့တဲ့တြံေတးပေယာဂဆရာကိုသြားေရာက္ဖမး္ဆီးစဥ္
  • EVER TOP Mobile sales and Serviceဖုန္းဆိုင္CCTV မွတ္တမ္း
  • CCTV တြင္ရိုက္ကူးထားေသာ အင္းစိန္၊ဒညင္းကုန္းကေဖာက္ထြင္းမွဳ 
  • မႏၱေလးတြင္ ထိုးမွဳမ်ားဆက္တိုက္ျဖစ္ပြားေနျခင္း
  • သားၾကီး မယားၾကီးရွိလ်က္ႏွင့္တရြာတည္းေနမိန္းကေလးအားျဖားေယာင္းျပီး ကိုယ္၀န္ရွိလာေသာအခါ ဟာဘတ္ပိုးသတ္ေဆးတုိက္၍ သတ္ျဖတ္
  • By ထွန်းထွန်း 24 November 2016

    ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်းညီနောင်တွင် ၆ တန်းကျောင်းသူ တဦးကို အဓမ္မပြုကျင့်သည်ဟု ဆိုကာ တရား စွဲဆို ခံထား ရသည့် အသက် ၃၆ နှစ်အရွယ် ကျောင်းထိုင်ဘုန်းကြီး တပါးအား မြဝတီခရိုင် တရားရုံးတွင် ယမန်နေ့က ရုံးထုတ် စစ်ဆေးကြောင်း သင်္ကန်းညီနောင် ရဲစခန်းမှ သိရသည်။

    သင်္ကန်းညီနောင် ရဲစခန်းမှ တပ်ကြပ်ကြီး သိန်းဝင်းက “အမှုရုံးချိန်းက ၄ ချိန်းလောက်တော့ ရှိပြီ၊ လက်ရှိမှာ တရားလို ဖြစ်တဲ့ ကျောင်းအုပ်ဆရာမကြီး နဲ့ ကာယကံရှင် မိန်းကလေးကို စစ်ပြီးပြီ၊ ထပ်စစ်ဖို့တွေ ကျန်နေသေးတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

    မြဝတီမြို့နယ် ပွင့်လင်းအေးမြိုင် ကျေးရွာရှိ ပုညရှင် ကျောင်းတိုက်တွင် နေထိုင်၍ ကျောင်းတက်နေသော ကျောင်းသူ တဦးကို ကျောင်းထိုင်ဘုန်းကြီး အရှင် ပုညထေဋ္ဌ (ခ) မိုးကျော်သူ က ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က အဓမ္မ ပြုကျင့်ခဲ့သည်ဟု ဆိုကာ ခြေလျင်တပ်ရင်း(ခလရ) ၂၇၅ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းစံ က တရားလို ပြုလုပ်ပြီး စက်တင်ဘာ ၅ ရက်တွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    ထို့ကြောင့် သင်္ကန်း ညီနောင်ရဲစခန်း က အဆိုပါ ကျောင်းထိုင်ဘုန်းကြီးကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးခြင်း ဖြစ်သည်ဟု ဆိုသည်။

    ကာယကံရှင် ကျောင်းသူသည် ငယ်စဉ်ကတည်းက ကျောင်းတိုက်တွင်နေထိုင် ပညာသင်ကြားနိုင်ရန် ကျောင်းထိုင် ဘုန်းကြီးက ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောင်းတိုက်အတွင်း နေထိုင်သည့် အခြား ကျောင်းသား ကျောင်းသူ တချို့ နှင့်အတူ ကျောင်းတိုက်အနီးရှိ ခလရ ၂၇၅ တပ်အတွင်းရှိ မူလတန်းလွန် ကျောင်းတွင် တက်ရောက် ပညာသင်ကြား နေသူဖြစ်ကြောင်း သိရသည်။

    ကရင်ပြည်နယ် သာသနာရေး ဝန်ကြီး ဦးမင်းတင်ဝင်းက ကျောင်းထိုင်ဘုန်းကြီးသည် အမှုကို ငြင်းဆန်မှု ပြုလုပ်ထား ကြောင်း၊ ကျေးရွာ ဒကာ ဒကာမတချို့ကလည်း ဘုန်းကြီးဘက်မှ ထောက်ခံပေးမှုများရှိနေကြောင်း ပြောသည်။

    ဦးမင်းတင်ဝင်း “တရားလိုဘက်ကတော့ ဆေးစစ်ချက်တွေရော ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ ရှိနေပြီ လို့ သိရတယ်၊ အဆုံးမှာ အမှုမှန်ပေါ်ရေးကို စောင့်ကြည့်သွားမယ်၊ လက်ရှိတော့ ကျောင်းအုပ်ဆရာမကြီး ဆီကို ဆက်သွယ်လို့ မရဘူး၊ သူ့လုံခြုံရေးကိုလည်း စိုးရိမ်တယ်”ဟုလည်း ပြောဆိုသည်။

    အမှုနှင့်ပတ်သက်၍ ကျောင်းတိုက်အတွင်း နေထိုင်ကာ ခလရ ၂၇၅ တပ်အတွင်းရှိ မူလတန်းလွန် ကျောင်းတွင် တက် ရောက် ပညာသင်နေသည့် ကျောင်းသားတချို့သည်လည်း ဖိအားပေးခံရမှု ရှိနေပြီး ကျောင်းတက်ခွင့် ဆုံးရှုံးနေ ကြောင်း ကြားသိရသဖြင့် သွားရောက် စစ်ဆေးမှုပြုလုပ်မည် ဖြစ်ကြောင်းလည်း ဦးမင်းတင်ဝင်းက ပြောသည်။
    Irrawaddy

    No comments:

    Post a Comment