Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, July 8, 2016

မဘသအဖဲြ႕ရဲ႕ ေတာင္းဆိုခ်က္ကို ဦးဝင္းထိန္ တုန္႔ျပန္

ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က မဘသ မလိုအပ္ဘူးဆိုတဲ့ ေျပာစကားအတြက္ မဘသ အဖြဲ႔က ေတာင္းပန္ခိုင္းတဲ့အေပၚ တစ္စံုတရာတုန္ ့ျပန္သြားမွာ မဟုတ္ဘူးလို ့ NLD ပါတီေခါင္းေဆာင္ ဦးဝင္းထိန္ က ေျပာပါတယ္။

ဒီကေန႔ ေနျပည္ေတာ္ စည္ပင္ဧည္႔ရိပ္သာမွာ NLD ပါတီထိပ္တန္းေခါင္းေဆာင္ ဦး၀င္းထိန္နဲ႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းတို႔ ေတြ႔ဆံုအၿပီးမွာ ဦးဝင္းထိန္ က အခုလိုေျပာလိုက္တာျဖစ္ပါတယ္။

ဦးၿဖိဳးမင္းသိန္းဟာ ဒီကေန႔မနက္ပိုင္းက ေနျပည္ေတာ္ကိုေရာက္ရွိၿပီး ႏိုင္ငံေတာ္သမၼတရံုး ရံုးအမွတ္ (၁၈) မွာ ျပဳလုပ္တဲ့ အာဇာနည္ေန႔ အခမ္းအနားက်င္းပေရး အစည္းအေ၀းတက္ေရာက္ခဲ့ၿပီး NLD ပါတီေခါင္းေဆာင္ ဦးဝင္းထိန္နဲ႔ ေတြ႕ဆံုခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ အမ်ိဳးဘာသာသာသနာ ေစာင့္ေရွာက္ေရးအဖြဲ႔ (မဘသ) မလိုအပ္ဘူးလို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ၿပီးခဲ့တဲ့ ရက္ပိုင္းက စကၤာပူႏုိင္ငံကို ေရာက္ရွိစဥ္ေျပာၾကားခဲ့ပါ တယ္။

အဲ့ဒီအတြက္ မေန႔က ဇူလိုင္လ ၇ ရက္ေန႔က အင္းစိန္ရြာမေက်ာင္းတိုက္မွာ မဘသ ဦးေဆာင္ ဆရာေတာ္ေတြက အထူးအစည္းအေဝးျပဳလုပ္ခဲ့ကာ ဦးၿဖိဳးမင္းသိန္း ေျပာၾကားခဲ့တဲ့စကားအတြက္ ဇူလိုင္လ ၁၄ ရက္မတိုင္ခင္ ေတာင္းပန္ေျဖရွင္းဖို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ေတာင္းပန္တာမလုပ္ဘူးဆိုရင္ ဆႏၵျပတာေတြနဲ႔ လက္မွတ္ေကာက္ခံတဲ့ လႈပ္ရွားမႈေတြ လုပ္သြားဖို႔ရွိတယ္လို႔႔ မဘသ က ထုတ္ျပန္ထားပါတယ္။

RFA
...........
မဘသအဖွဲ့ရဲ့ တောင်းဆိုချက်ကို ဦးဝင်းထိန် တုန့်ပြန်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မဘသ မလိုအပ်ဘူးဆိုတဲ့ ပြောစကားအတွက် မဘသ အဖွဲ့က တောင်းပန်ခိုင်းတဲ့အပေါ် တစ်စုံတရာတုန် ့ပြန်သွားမှာ မဟုတ်ဘူးလို ့ NLD ပါတီခေါင်းဆောင် ဦးဝင်းထိန် က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ NLD ပါတီထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းတို့ တွေ့ဆုံအပြီးမှာ ဦးဝင်းထိန် က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းဟာ ဒီကနေ့မနက်ပိုင်းက နေပြည်တော်ကိုရောက်ရှိပြီး နိုင်ငံတော်သမ္မတရုံး ရုံးအမှတ် (၁၈) မှာ ပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားကျင်းပရေး အစည်းအဝေးတက်ရောက်ခဲ့ပြီး NLD ပါတီခေါင်းဆောင် ဦးဝင်းထိန်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) မလိုအပ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့တဲ့ ရက်ပိုင်းက စင်္ကာပူနိုင်ငံကို ရောက်ရှိစဉ်ပြောကြားခဲ့ပါ တယ်။

အဲ့ဒီအတွက် မနေ့က ဇူလိုင်လ ရ ရက်နေ့က အင်းစိန်ရွာမကျောင်းတိုက်မှာ မဘသ ဦးဆောင် ဆရာတော်တွေက အထူးအစည်းအဝေးပြုလုပ်ခဲ့ကာ ဦးဖြိုးမင်းသိန်း ပြောကြားခဲ့တဲ့စကားအတွက် ဇူလိုင်လ ၁၄ ရက်မတိုင်ခင် တောင်းပန်ဖြေရှင်းဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တောင်းပန်တာမလုပ်ဘူးဆိုရင် ဆန္ဒပြတာတွေနဲ့ လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုတွေ လုပ်သွားဖို့ရှိတယ်လို့့ မဘသ က ထုတ်ပြန်ထားပါတယ်။

RFA

No comments:

Post a Comment