Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 18, 2016

အစိုးရသက်တမ်းအတွင်း ပထမဆုံးအဖြစ် ဒုဝန်ကြီးတစ်ဦးအား တာဝန်မှရပ်စဲ



မဇ္ဈိမ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဒေါက်တာထွန်းဝင်းအား တာဝန်မှရပ်စဲလိုက်ကြောင်း နိုဝင်ဘာ ၁၉ရက်ထုတ်၊ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

နို်င်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်/၂၀၁၆ဖြင့် တာဝန်မှရပ်စဲကြောင်း ကြေငြာလိုက်ခြင်းဖြစ်ပြီး အစိုးရသစ်သက်တမ်း(၈)လကျော်အတွင်း ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်တစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် တာဝန်မှ ရပ်စဲလိုက်ခြင်းဖြစ်သည်။

သမ္မတရုံး၏ အမိန့်ထုတ်ပြန်ချက်တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၉၊ ပုဒ်မခွဲ(က)တို့ပါ ပြဌာန်းချက်များအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်မှရပ်စဲလိုက်သည်” ဟူ၍ ပါရှိသည်။

အခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)တွင် “ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး(သို့မဟုတ်) ဒုတိယဝန်ကြီးတစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲရမည်” ဟူ၍ ပြဌာန်းထားသည်။

ဒေါက်တာထွန်းဝင်းသည် ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ ဇာတိဖြစ်ပြီး စိုက်ပျိုးရေးပညာရှင်တစ်ဦးလည်း ဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာအောင်သူက တာဝန်ယူထားသည်။
Mizzima


  •  ''ဒီမိုက​ရေစီ​ခေတ်​ကာလမှာ ဖြစ်​သင့်​ဖြစ်​ထိုက်​တဲ့ ဆုံးဖြတ်​ချက်​ မဟုတ်​ဖူး” ​-ဒေါက်​တာထွန်းဝင်း
  • သိမ်းဆည်းခံ လယ်ယာမြေများ မူလပိုင်ရှင်ထံ ပြန်ပေးမည်ဟု လယ်/ဆည် ဒုဝန်ကြီးပြော

  • ရာထူးမှ အထုတ်ခံရမှု အကြောင်းပြချက် မပေးဟု ဒု ဝန်ကြီး ဒေါက်တာ ထွန်းဝင်း ပြော  

  • (သူ့အမှန်တရားအတွက် ထွက်စာတင်ခိုင်းတာကို မတင် နေပြည်တော်ကောင်စီပြောင်းပါဆိုတာကို မပြောင်း ထုတ်ချင်ရင်ထုတ်လိုက်ပါလို့ ရဲဝံ့စွာခံယူသွားသူ တကယ်လဲသူတင်ပြခဲ့တဲ့ အချက်တွေက အပြောင်းအလဲတွေပါ တောင်သူတွေအတွက် လက်တွေအပြောင်းအလဲဖြစ်မဲ့ဟာတွေပါ ဒါကို ညွှန်ချုပ်က ကန့်ကွက်လို့ ဝန်ကြီးကပယ်ချ ပူးပေါင်းဆောင်ရွက်မူ့ အားနည်းတယ် ဆိုပြီးထွက်စာတင်ခိုင်း လေ့လာကြပါဗျာ ဘယ်သူ တွေကမပြောင်းလဲချင်တာလဲ ဘယ်သူတွေဘာလုပ်နေလဲ သေသေချာချာလေ့လာကြပါ တိုင်းပြည်အတွက် လုံးဝလုံးဝစိတ်မကောင်းဖြစ်မိပါတယ် လို့ပြောကြတယ်ဗျ
    အဲ့ဒါအမှန်ဆိုရင် တသက်လုံးခိုးလာတဲ့ ညွှန်ချုပ်တွေ ညွန်မှုးတွေ ဂလန့်တိုက်နေတာကိုဝန်ကြီး မနိုင်တာဘဲလို့ထင်တယ်

    အရင်လက လယ်ဆည်ဝန်ကြီး ဒေါက်တာအောင်သူနဲ့ ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း ရုံးထဲမှာ ထိုးမယ်ကြိတ်မယ်အထိ ဖြစ်ခဲ့လို့ ဘေးကဝိုင်းဆွဲရတယ်။
    ဝန်ကြီး ဒေါက်တာအောင်သူက တက္ကသိုလ်ပါချုပ်ဘဝကနေ NLD ထဲဝင်လို့ ဝန်ကြီးဖြစ်လာသူ၊ တက္ကသိုလ်မှာ တတ်ခဲ့တဲ့ပညာက သင်္ချာဖြစ်ပြီး စိုက်ပျိုးရေးနဲ့ မဆိုင်။
    ဒေါက်တာထွန်းဝင်းက အရင်က ဖိလိပိုင်မှာ အာရှစိုက်ပျိုးရေးသုတေသနဌာနမှာလုပ်ခဲ့တဲ့ ပညာရှင်။
    အဲတော့ ဒုဝန်ကြီးက ဝန်ကြီးကို လုပ်ငန်းနားမလည်ဘဲ ညွှန်ချုပ်တွေ ပြောတာဘဲ လိုက်လုပ်နေတယ်လို့ ဝေဖန်တော့ ဝန်ကြီးကမခံနိုင်ဘဲ ထိုးမယ်ဖြစ်။
    အခုလဲ ဒေါက်တာထွန်းဝင်း နဲ့ အတွင်းဝန်ကျော်ဝင်းပေါင်းပြီး အာခံလို့ ထုတ်တယ်တဲ့....
    ဒါပေမဲ့ ဒေါက်တာအောင်သူကို ဖားပြီး ချယ်လှယ်နေတဲ့ အဓိကညွန်ချုပ်ကတော့


    နာမယ်ကြီး ကျော်မြင့်လှိုင် (နေဘူဒေါ်မှာ သိန်းစိန်ကို Family Mart ကော်ဖီဆိုင်တည်ပေးတဲ့ ပုဂ္ဂိုလ်၊ သဇင်အောကား မင်းသားရဲ့အဖေ)။
    အခု ကျော်မြင့်လှိုင်က ဒုဝန်ကြီးဖြစ်တော့မယ်။



    No comments:

    Post a Comment