Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 27, 2016

NLD အစိုးရလက်ထက် တပ်မတော်နေ့ အမည်ပြောင်းမည်(NLD အစုိးရလက္ထက္ တပ္မေတာ္ေန႔ အမည္ေျပာင္းမည္)


(Photo Credit: Senior General Min Aung)
ဒီကေန႔ဟာ (၇၁) ႏွစ္ေျမာက္ တပ္မေတာ္ေန႔ ျဖစ္ပါတယ္။ တပ္မေတာ္ေန႔နဲ႔ ဖက္ဆစ္ေတာ္လွန္ေရးဆုိၿပီး အေခၚအေ၀ၚ ကြဲျပားမႈေတြ ျဖစ္ေပၚေနေပမဲ့ NLD အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ အစုိးရလက္ထက္မွာ လက္ရွိ က်င္းပေနတဲ့ တပ္မေတာ္ေန႔ကုိ ဖက္ဆစ္ ေတာ္လွန္ေရးေန႔အျဖစ္ ေျပာင္းလဲ သတ္မွတ္သြားမယ္လုိ႔ NLD ပါတီ နယကလည္းျဖစ္၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္းလည္း ျဖစ္ခဲ့ဖူးတဲ့ ဗုိလ္ခ်ဳပ္ႀကီးေဟာင္း ဦးတင္ဦးက ေျပာၾကားလုိက္ပါတယ္။

ျမန္မာႏုိင္ငံကုိ က်ဴးေက်ာ္ ၀င္ေရာက္လာတဲ့ ဖက္ဆစ္ ဂ်ပန္ေတြကုိ စတင္ ေတာ္လွန္တဲ့ မတ္လ (၂၇) ရက္ကုိ မူလက ဖက္ဆစ္ေတာ္လွန္ေရးေန႔အျဖစ္ သတ္မွတ္ ေခၚဆုိခဲ့ေပမဲ့ ဗုိလ္ခ်ဳပ္ႀကီးေန၀င္းလက္ထက္မွာ တပ္မေတာ္ေန႔အျဖစ္ ေျပာင္းလဲ ေခၚဆုိခဲ့တာ ျဖစ္ပါတယ္။ ဖက္ဆစ္ေတာ္လွန္ေရးေန႔၊ တပ္မေတာ္ေန႔အေၾကာင္း ဗီြအုိေအ ၀ုိင္းေတာ္သား ကုိဉာဏ္၀င္းေအာင္က ဆက္သြယ္ေမးျမန္းတဲ့အခါ နယကႀကီး ဦးတင္ဦးက အခုုလုိ စေျပာပါတယ္။

ဦးတင္ဦး။       “မတ္လ (၂၇) ေန႔က ဂ်ပန္ ဖက္ဆစ္ကုိေတာ္လွန္တဲ့ေန႔ သတ္မွတ္လုိက္တဲ့ေန႔ ျဖစ္တာေၾကာင့္မုိ႔လုိ႔ အဲဒါေၾကာင့္ (၂၇) ရက္ေန႔ကုိ ဖက္ဆစ္ေတာ္လွန္ေရးေန႔ဆုိၿပီးေတာ့ သတ္မွတ္လုိက္တာပါ။ အရင္တုန္းက ေတာက္ေလွ်ာက္က ဖက္ဆစ္ေတာ္လွန္ေရးပဲဗ်။ ဖက္ဆစ္ေတာ္လွန္ေရး ဆုိတာကေနၿပီးေတာ့ အိမ္ေစာင့္အစုိးရလက္ထက္မွာ ဦးေန၀င္းကုိ တပ္မေတာ္ရဲ႕ အႀကီးအကဲအျဖစ္ ေပးလုိက္ၿပီးတဲ့ေနာက္ပုိင္း တပ္မေတာ္သားေတြနဲ႔ ပတ္သက္ၿပီးေတာ့ ႏုိးၾကားတက္ႂကြေအာင္ဆုိၿပီးေတာ့မွ လႈ႔ံေဆာ္တဲ့အေနနဲ႔ မတ္လ (၂၇) ေန႔ကုိ တပ္မေတာ္ေန႔ဆုိၿပီး လုပ္လုိက္တာပဲ။”

ေမး။    “အဲဒီေတာ့ ဒီ ဖက္ဆစ္ဂ်ပန္ေတာ္လွန္ေရးေန႔ဆုိတဲ့ အသုံးအႏႈန္းကုိ ေျပာင္းလုိက္ရတာက ဂ်ပန္အစုိးရနဲ႔ ဆက္ဆံေရးမွာ ထိခုိက္မွာ စုိးလုိ႔လားခင္ဗ်။”

ဦးတင္ဦး။       “အဲဒီတုန္းကလဲပဲ၊ အဲဒီလုိပဲ သုိးသုိးသန္႔သန္႔ ေျပာသံ၊ ဆုိသံေလးေတြ ၾကားလုိက္တယ္။ ဂ်ပန္နဲ႔ ဆက္စပ္ၿပီးေတာ့ လုပ္တဲ့ဟာ အပုိင္းမွာ၊ ဆက္ဆံတဲ့ေနရာမွာ စီးပြားေရးတုိ႔၊ ဘာတုိ႔ ညာတုိ႔ စသျဖင့္ေပါ့ဗ်ာ၊ ပုိေကာင္းေအာင္ ေျပာင္းလုိက္တယ္ဆုိတဲ့ သေဘာ သက္ေရာက္သြားတယ္လုိ႔ က်ေနာ္ထင္တယ္ဗ်။”

ေမး။    “အဲဒီေတာ့ အန္ကယ္တုိ႔ရဲ႕ NLD ပါတီ အစုိးရလက္ထက္မွာေရာ ဒီ မတ္လ (၂၇) ရက္ေန႔ကုိ တပ္မေတာ္ေန႔ လုိ႔ပဲ ဆက္ၿပီးေတာ့ သုံးႏႈန္းမလား၊ ဒါမွမဟုတ္ရင္ ဆက္စစ္ေတာ္လွန္ေရးေန႔ အျဖစ္ ျပန္ၿပီးေတာ့ ျပင္ဆင္ သတ္မွတ္ဖုိ႔ ဘယ္လုိရွိပါသလဲ။”

ဦးတင္ဦး။        “အမွန္ကေတာ့ ဖက္ဆစ္ေတာ္လွန္ေရးေန႔လုိ႔ပဲ ျပန္လည္ၿပီးေတာ့ ျပင္ဆင္ သတ္မွတ္ဖုိ႔ပဲ ဆုံးျဖတ္တာ ျဖစ္ေတာ့ကာ ေတာက္ေလွ်ာက္ ဖက္ဆစ္ေတာ္လွန္ေရးေန႔ပဲ က်ေနာ္တုိ႔ လုပ္ပါတယ္။ အဲဒါကုိ တပ္မေတာ္ေန႔လုိ႔ မလုပ္ပါဘူး။ အဲဒီေတာ့ တပ္မေတာ္ေန႔ ဆုိတာကေတာ့ အမွန္ကေတာ့ တပ္မေတာ္ စတင္တည္ေထာင္တဲ့ေန႔ဟာ တပ္မေတာ္ေန႔ ျဖစ္သင့္တယ္ဆုိၿပီးေတာ့ က်ေနာ္ ၁၉၄၁ ခုႏွစ္၊ ဒီဇင္ဘာလ ၂၆ ရက္ေန႔ ထင္တယ္၊ အဲဒီေန႔ကုိေတာ့ တပ္မေတာ္ေန႔အျဖစ္ ျပန္လည္ သတ္မွတ္ဖုိ႔ေကာင္းတယ္ဆုိတာကုိ ဟုိတုန္းက အဖြဲ႔ခ်ဳပ္က လုပ္ခဲ့တာ။ အဲဒီလုိပဲ သေဘာထား ေျပာၿပီးေတာ့ကာ ဒါကုိ တပ္မေတာ္ေန႔အစား က်ေနာ္တုိ႔ ဒီ မတ္လ (၂၇) ရက္ေန႔ကုိ ဖက္ဆစ္ေတာ္လွန္ေရးေန႔ လုိ႔ပဲ ေျပာင္းၿပီး ေခၚတာ ျဖစ္ပါတယ္။ ဗုိလ္ခ်ဳပ္ေအာင္ဆန္းတုိ႔ ဘန္ေကာက္ၿမိဳ႕မွာ B.I.A. စၿပီးေတာ့ တည္ေထာင္တဲ့ ေန႔ဟာ က်ေနာ္တုိ႔ တပ္မေတာ္ေန႔၊ တပ္မေတာ္ကုိ စတင္ တည္ေထာင္တဲ့ေန႔မုိ႔လုိ႔ စတင္ ေပါက္ဖြားတဲ့ေန႔ကုိ အဲဒီေန႔ကုိ တပ္မေတာ္ေန႔လုိ႔ ေခၚသင့္တယ္၊ ေခၚၾကရမယ္ဆုိၿပီးေတာ့ C.E.C. မွာ ဆုံးျဖတ္ၾကတာပဲေလ။ စၿပီး အဖြဲ႔ခ်ဳပ္ေထာင္ကတည္းက စၿပီးလုပ္လာတာ ေတာက္ေလွ်ာက္။ အခုလည္းပဲ ဖက္ဆစ္ေတာ္လွန္ေရးေန႔ပါပဲ။ တပ္မေတာ္ေန႔ မဟုတ္ဘူး။”

ဒီကေန႔ က်င္းပမယ့္ တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားမွာ ပါ၀င္ၾကမယ့္ စစ္ေၾကာင္းေတြဟာ အခု အသံမလႊင့္ မိနစ္ပုိင္းအလုိက စၿပီး ေနျပည္ေတာ္ တပ္သစ္ကြင္းမွာ စုေ၀း ေရာက္ရွိေနၾကၿပီ ျဖစ္ပါတယ္။

ကိုဉာဏ္ဝင္းေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........................


(Photo Credit: Senior General Min Aung)
ဒီကနေ့ဟာ (၇၁) နှစ်မြောက် တပ်မတော်နေ့ ဖြစ်ပါတယ်။ တပ်မတော်နေ့နဲ့ ဖက်ဆစ်တော်လှန်ရေးဆိုပြီး အခေါ်အဝေါ် ကွဲပြားမှုတွေ ဖြစ်ပေါ်နေပေမဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ လက်ရှိ ကျင်းပနေတဲ့ တပ်မတော်နေ့ကို ဖက်ဆစ် တော်လှန်ရေးနေ့အဖြစ် ပြောင်းလဲ သတ်မှတ်သွားမယ်လို့ NLD ပါတီ နယကလည်းဖြစ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို ကျူးကျော် ၀င်ရောက်လာတဲ့ ဖက်ဆစ် ဂျပန်တွေကို စတင် တော်လှန်တဲ့ မတ်လ (၂၇) ရက်ကို မူလက ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သတ်မှတ် ခေါ်ဆိုခဲ့ပေမဲ့ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်မှာ တပ်မတော်နေ့အဖြစ် ပြောင်းလဲ ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဖက်ဆစ်တော်လှန်ရေးနေ့၊ တပ်မတော်နေ့အကြောင်း ဗွီအိုအေ ၀ုိင်းတော်သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းတဲ့အခါ နယကကြီး ဦးတင်ဦးက အခုုလို စပြောပါတယ်။

ဦးတင်ဦး။       “မတ်လ (၂၇) နေ့က ဂျပန် ဖက်ဆစ်ကိုတော်လှန်တဲ့နေ့ သတ်မှတ်လိုက်တဲ့နေ့ ဖြစ်တာကြောင့်မို့လို့ အဲဒါကြောင့် (၂၇) ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့ဆိုပြီးတော့ သတ်မှတ်လိုက်တာပါ။ အရင်တုန်းက တောက်လျှောက်က ဖက်ဆစ်တော်လှန်ရေးပဲဗျ။ ဖက်ဆစ်တော်လှန်ရေး ဆိုတာကနေပြီးတော့ အိမ်စောင့်အစိုးရလက်ထက်မှာ ဦးနေဝင်းကို တပ်မတော်ရဲ့ အကြီးအကဲအဖြစ် ပေးလိုက်ပြီးတဲ့နောက်ပိုင်း တပ်မတော်သားတွေနဲ့ ပတ်သက်ပြီးတော့ နိုးကြားတက်ကြွအောင်ဆိုပြီးတော့မှ လှု့ံဆော်တဲ့အနေနဲ့ မတ်လ (၂၇) နေ့ကို တပ်မတော်နေ့ဆိုပြီး လုပ်လိုက်တာပဲ။”

မေး။    “အဲဒီတော့ ဒီ ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလိုက်ရတာက ဂျပန်အစိုးရနဲ့ ဆက်ဆံရေးမှာ ထိခိုက်မှာ စိုးလို့လားခင်ဗျ။”

ဦးတင်ဦး။       “အဲဒီတုန်းကလဲပဲ၊ အဲဒီလိုပဲ သိုးသိုးသန့်သန့် ပြောသံ၊ ဆိုသံလေးတွေ ကြားလိုက်တယ်။ ဂျပန်နဲ့ ဆက်စပ်ပြီးတော့ လုပ်တဲ့ဟာ အပိုင်းမှာ၊ ဆက်ဆံတဲ့နေရာမှာ စီးပွားရေးတို့၊ ဘာတို့ ညာတို့ စသဖြင့်ပေါ့ဗျာ၊ ပိုကောင်းအောင် ပြောင်းလိုက်တယ်ဆိုတဲ့ သဘော သက်ရောက်သွားတယ်လို့ ကျနော်ထင်တယ်ဗျ။”

မေး။    “အဲဒီတော့ အန်ကယ်တို့ရဲ့ NLD ပါတီ အစိုးရလက်ထက်မှာရော ဒီ မတ်လ (၂၇) ရက်နေ့ကို တပ်မတော်နေ့ လို့ပဲ ဆက်ပြီးတော့ သုံးနှုန်းမလား၊ ဒါမှမဟုတ်ရင် ဆက်စစ်တော်လှန်ရေးနေ့ အဖြစ် ပြန်ပြီးတော့ ပြင်ဆင် သတ်မှတ်ဖို့ ဘယ်လိုရှိပါသလဲ။”

ဦးတင်ဦး။        “အမှန်ကတော့ ဖက်ဆစ်တော်လှန်ရေးနေ့လို့ပဲ ပြန်လည်ပြီးတော့ ပြင်ဆင် သတ်မှတ်ဖို့ပဲ ဆုံးဖြတ်တာ ဖြစ်တော့ကာ တောက်လျှောက် ဖက်ဆစ်တော်လှန်ရေးနေ့ပဲ ကျနော်တို့ လုပ်ပါတယ်။ အဲဒါကို တပ်မတော်နေ့လို့ မလုပ်ပါဘူး။ အဲဒီတော့ တပ်မတော်နေ့ ဆိုတာကတော့ အမှန်ကတော့ တပ်မတော် စတင်တည်ထောင်တဲ့နေ့ဟာ တပ်မတော်နေ့ ဖြစ်သင့်တယ်ဆိုပြီးတော့ ကျနော် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ထင်တယ်၊ အဲဒီနေ့ကိုတော့ တပ်မတော်နေ့အဖြစ် ပြန်လည် သတ်မှတ်ဖို့ကောင်းတယ်ဆိုတာကို ဟိုတုန်းက အဖွဲ့ချုပ်က လုပ်ခဲ့တာ။ အဲဒီလိုပဲ သဘောထား ပြောပြီးတော့ကာ ဒါကို တပ်မတော်နေ့အစား ကျနော်တို့ ဒီ မတ်လ (၂၇) ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့ လို့ပဲ ပြောင်းပြီး ခေါ်တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘန်ကောက်မြို့မှာ B.I.A. စပြီးတော့ တည်ထောင်တဲ့ နေ့ဟာ ကျနော်တို့ တပ်မတော်နေ့၊ တပ်မတော်ကို စတင် တည်ထောင်တဲ့နေ့မို့လို့ စတင် ပေါက်ဖွားတဲ့နေ့ကို အဲဒီနေ့ကို တပ်မတော်နေ့လို့ ခေါ်သင့်တယ်၊ ခေါ်ကြရမယ်ဆိုပြီးတော့ C.E.C. မှာ ဆုံးဖြတ်ကြတာပဲလေ။ စပြီး အဖွဲ့ချုပ်ထောင်ကတည်းက စပြီးလုပ်လာတာ တောက်လျှောက်။ အခုလည်းပဲ ဖက်ဆစ်တော်လှန်ရေးနေ့ပါပဲ။ တပ်မတော်နေ့ မဟုတ်ဘူး။”

ဒီကနေ့ ကျင်းပမယ့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပါ၀င်ကြမယ့် စစ်ကြောင်းတွေဟာ အခု အသံမလွှင့် မိနစ်ပိုင်းအလိုက စပြီး နေပြည်တော် တပ်သစ်ကွင်းမှာ စုဝေး ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment