Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, November 23, 2016

ေဒါက္တာထြန္းဝင္းကို တာဝန္မွ ရပ္ဆိုင္းသည့္ အေၾကာင္းရင္း အစိုးရက ရွင္းရမည္


ဦးဝင္းထိန္က အစိုးရအဖြဲ႕ဝင္ ဒုဝန္ႀကီးတဦးကို ျဖဳတ္နိုင္သည္ဆိုသည္မွာ ပုံစံမက် / ဧရာဝတီ

By ဧရာဝတီ 24 November 2016

ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည့္ အစိုးရအဖြဲ႕မွ ဒုတိယ ဝန္ႀကီးတဦး နိုဝင္ဘာလ ၁၉ ရက္ေန႔တြင္ ႐ုတ္တရက္ ထုတ္ပယ္ခံလိုက္ရသည့္ သတင္းအေပၚ ဧရာဝတီအပါအဝင္ မဲဆႏၵရွင္ျပည္သူအမ်ား မရွင္းလင္းလွေပ။

စိုက္ပ်ိဳးေရး ပညာရွင္တဦး အျဖစ္ ႏွစ္ေပါင္း ၄၀ အေတြ႕အၾကဳံ ရွိခဲ့ေသာ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ေမြးျမဴေရး ဝန္ႀကီး ဌာနမွ ဒုတိယ ဝန္ႀကီး ေဒါက္တာထြန္းဝင္း က ဖြဲ႕စည္းသည္မွာ ၇ လေက်ာ္သာ ရွိေသးသည့္ အစိုးရအဖြဲ႕မွ ပထမဆုံး ထုတ္ပယ္ခံရသည့္ ဝန္ႀကီးတဦး ျဖစ္လာခဲ့သည္။

ေဒါက္တာ ထြန္းဝင္း ထုတ္ပယ္ခံရျခင္း ေနာက္ကြယ္မွ အေၾကာင္းရင္းႏွင့္ ပတ္သက္၍ အစိုးရပိုင္ သတင္းစာမွ ေၾကညာခ်က္တြင္ မည္သည့္အေၾကာင္းေၾကာင့္ ထုတ္ပယ္လိုက္ရသည္ကို မေရးသားထားေခ်။ အစိုးရက သတင္းအေမွာင္ခ်ခဲ့ေသာ္လည္း ထုတ္ပယ္ခံရသူ ဒုတိယဝန္ႀကီးက မီဒီယာမ်ား ထိုေန႔တြင္ပင္ ရွင္းလင္းပြဲ လုပ္ခဲ့သည္။ ထုတ္ပယ္ျခင္း ပတ္သက္၍ ပိုမို ျမင္သာေအာင္ ျပသနိုင္ခဲ့သလို ထုတ္ပယ္ျခင္းတြင္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) မွ အတြင္းေရးမွူးအဖြဲ႕ဝင္ တဦးျဖစ္သည့္ ဦးဝင္းထိန္၏ အခန္းက႑ကိုလည္း ထုတ္ေဖာ္ခဲ့သည္။

၂၀၀၈ ခုႏွစ္ အေျခခံ ဥပေဒအရ ဒုတိယ ဝန္ႀကီးမ်ား ခန႔္အပ္ျခင္းႏွင့္ ထုတ္ပယ္ျခင္းက သမၼတ၏ တာဝန္သာ ျဖစ္သည္။ သို႔ေသာ္လည္း နိုဝင္ဘာလ ၁၉ ရက္ေန႔က အင္တာဗ်ဴးတြင္ ေဒါက္တာထြန္းဝင္းက သူ႔ကို ရာထူးမွ ႏုတ္ထြက္ေပးရန္ ဦးဝင္းထိန္က ၃ ႀကိမ္ ဖိအားေပးခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ေဒါက္တာထြန္းဝင္းကဲ့သို႔ ရာထူးမ်ိဳးတြင္ ရွိသူ တဦးအေပၚ သမၼတ ႏွင့္ သက္ဆိုင္ရာ ဝန္ႀကီးမ်ားကသာ တာဝန္ခံရမည္ ျဖစ္ၿပီး ပါတီႏွင့္ မသက္ဆိုင္သည့္ အတြက္ ဦးဝင္းထိန္၏ ဝင္ေရာက္ စြက္ဖက္မွုက အလြန္ ေမးခြန္းထုတ္ဖြယ္ရာ ျဖစ္သည္။

အကယ္၍ ေဒါက္တာထြန္းဝင္း ေျပာသည့္အတိုင္းသာျဖစ္ခဲ့လၽွင္ ေရြးေကာက္ပြဲနိုင္ NLD ပါတီအေနျဖင့္ အစိုးရကို ဦးေဆာင္ဖြဲ႕နိုင္ၿပီး ပါတီက ဩဇာလႊမ္းနိုင္မွုကို နားလည္နိုင္ေသာ္လည္း ပါတီ၏ ဗဟိုအလုပ္ အမွုေဆာင္မ်ားက သမၼတဦးထင္ေက်ာ္ႏွင့္ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ဦးေဆာင္သည့္ ျပည္ေထာင္စု အစိုးရအဖြဲ႕၏ တာဝန္ ဝတၱရားမ်ားကို ဝင္ေရာက္စြက္ဖက္ေနသည္မွာ ပုံစံမက်ဟု ဆိုရမည္။

ေဒါက္တာ ထြန္းဝင္း ထုတ္ပယ္ခံရၿပီးသည့္ အခ်ိန္မွစ၍ ဦးဝင္းထိန္က မွတ္ခ်က္ ေတာင္းခံၾကသည့္ သတင္းေထာက္မ်ားကို ေရွာင္ရွား၍ ႏွုတ္ဆိတ္ေနခဲ့သည္။

ေဒါက္တာထြန္းဝင္းကို ရာထူးမွ ထုတ္ပယ္ရာတြင္ NLD အစိုးရ၏ ကိုင္တြယ္ေဆာင္ရြက္မွုႏွင့္ ပတ္သက္၍လည္း ေမးခြန္း ထုတ္စရာ ျဖစ္လာသည္။ ဒုတိယ ဝန္ႀကီးေဟာင္း ဦးထြန္းဝင္းသည္ ေနာက္ေၾကာင္းရွင္းျခင္း၊ ေလးစားေလာက္စရာ ပညာ ရွင္တဦး ျဖစ္ေနျခင္းႏွင့္ ကာလရွည္ၾကာစြာ စီမံခန႔္ခြဲမွု မွားယြင္းေနခဲ့သည့္ စိုက္ပ်ိဳးေရးက႑ႏွင့္ ေျမယာ မူဝါဒမ်ားကို ျပဳ ျပင္ေျပာင္းလဲရန္ စိတ္အားထက္သန္ျခင္းတို႔ျဖင့္ ဂုဏ္သတင္း ေက်ာ္ေစာခဲ့သူျဖစ္သည္။

သူ ရာထူးမွ ထုတ္ပယ္ခံရျခင္းက ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာျမင့္ခဲ့သည့္ စစ္အုပ္ခ်ဳပ္ေရးေနာက္ပိုင္းတြင္ ခက္ခက္ခဲခဲ ေရွ႕ဆက္သြားေနရသည့္ နိုင္ငံအတြက္ သိသာထင္ရွားသည့္ ဆုံးရွုံးမွုတခုဟု အမ်ားက ထင္ျမင္ခဲ့ၾကသည္။

ၿပီးခဲ့သည့္ ႏွစ္က ေရြးေကာက္ပြဲမဲဆြယ္ လွုပ္ရွားမွုအတြင္းတြင္ ေဒၚေအာင္ဆန္းစုၾကည္က NLD အာဏာ ရရွိလာခဲ့လၽွင္ ပြင့္ လင္းျမင္သာသည့္ အစိုးရတခုကို ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း ကတိျပဳခဲ့သည္။ သို႔ေသာ္လည္း ယခု ေဒါက္တာထြန္းဝင္း ထုတ္ပယ္ခံရသည့္ ကိစၥတြင္ သတင္းေမွာင္ခ်ထားျခင္းက ကတိမ်ားႏွင့္ ပတ္သက္၍ သံသယမ်ား ျဖစ္လာေစခဲ့သည္။

ေဒါက္တာထြန္းဝင္း ဘာတာဝန္ မေၾကႁပြန္ခဲ့သနည္း။ အာဏာအလြဲသုံးစားမွု ရွိခဲ့ပါသလား။ မည္သည့္ အတြက္ေၾကာင့္ ဦးဝင္းထိန္က ေဒါက္တာ ထြန္းဝင္းကို ႏုတ္ထြက္ရန္ ဖိအားေပးခဲ့ရပါသနည္း။

အေၾကာင္းျပခ်က္မ်ား မည္သို႔ပင္ ရွိသည္ျဖစ္ေစ ယခုကိစၥတြင္ မည္ကဲ့သို႔ျဖစ္ခဲ့သည္ကို NLD ပါတီကို မဲေပးခဲ့သည့္ ျပည္သူမ်ား သိခြင့္ရွိပါသည္။ အကယ္၍ ယခုကိစၥတြင္ NLD ဗဟို အလုပ္အမွုေဆာင္ ဦးဝင္းထိန္က ဝင္ေရာက္ စြက္ဖက္ ျခင္း မွန္ခဲ့လၽွင္ အစိုးရအေနျဖင့္ ၎၏ တာဝန္ဝတၱရားကို အစိုးရအဖြဲ႕၏ ျပင္ပမွ ပုဂၢိဳလ္တဦးအား ေဆာင္ရြက္ခြင့္ျပဳသည့္ အတြက္ ေဝဖန္ရန္ ထိုက္တန္သည္ဟု ဆိုရပါမည္။
Irrawaddy


  • အဘ ဦးဝင္းထိန္တို႔ အလိမ္မခံရေစဖို႔ 
  •  ဒု၀န္ႀကီးေဒါက္တာထြန္း၀င္းကို တာ၀န္မွ ရပ္စဲျခင္းအေၾကာင္းရင္း ရွင္းျပရန္ စုိက္ပ်ဳိးေရးပညာရွင္မ်ား ေတာင္းဆုိ
  • ''ဒီမိုက​ေရစီ​ေခတ္​ကာလမွာ ျဖစ္​သင္​့ျဖစ္​ထိုက္​တဲ့ ဆံုးျဖတ္​ခ်က္​ မဟုတ္​ဖူး” ​-ေဒါက္​တာထြန္​းဝင္​း
  • သိမ္းဆည္းခံ လယ္ယာေျမမ်ား မူလပိုင္ရွင္ထံ ျပန္ေပးမည္ဟု လယ္/ဆည္ ဒုဝန္ႀကီးေျပာ
  • ရာထူးမွ အထုတ္ခံရမွု အေၾကာင္းျပခ်က္ မေပးဟု ဒု ဝန္ႀကီး ေဒါက္တာ ထြန္းဝင္း ေျပာ  
  • အစိုးရသက္တမ္းအတြင္း ပထမဆံုးအျဖစ္ ဒုဝန္ႀကီးတစ္ဦးအား တာဝန္မွရပ္စဲ 
  •  ေဒါက္တာထြန္းဝင္းကို တာဝန္မွ ရပ္ဆိုင္းသည့္ အေၾကာင္းရင္း အစိုးရက ရွင္းရမည္


  • ဒေါက်တာထွန်းဝင်းကို တာဝန်မှ ရပ်ဆိုင်းသည့် အကြောင်းရင်း အစိုးရက ရှင်းရမည်
    ဦးဝင်းထိန်က အစိုးရအဖွဲ့ဝင် ဒုဝန်ကြီးတဦးကို ဖြုတ်နိုင်သည်ဆိုသည်မှာ ပုံစံမကျ / ဧရာဝတီ

    By ဧရာဝတီ 24 November 2016

    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့မှ ဒုတိယ ဝန်ကြီးတဦး နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရုတ်တရက် ထုတ်ပယ်ခံလိုက်ရသည့် သတင်းအပေါ် ဧရာဝတီအပါအဝင် မဲဆန္ဒရှင်ပြည်သူအများ မရှင်းလင်းလှပေ။

    စိုက်ပျိုးရေး ပညာရှင်တဦး အဖြစ် နှစ်ပေါင်း ၄၀ အတွေ့အကြုံ ရှိခဲ့သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မွေးမြူရေး ဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းဝင်း က ဖွဲ့စည်းသည်မှာ ၇ လကျော်သာ ရှိသေးသည့် အစိုးရအဖွဲ့မှ ပထမဆုံး ထုတ်ပယ်ခံရသည့် ဝန်ကြီးတဦး ဖြစ်လာခဲ့သည်။

    ဒေါက်တာ ထွန်းဝင်း ထုတ်ပယ်ခံရခြင်း နောက်ကွယ်မှ အကြောင်းရင်းနှင့် ပတ်သက်၍ အစိုးရပိုင် သတင်းစာမှ ကြေညာချက်တွင် မည်သည့်အကြောင်းကြောင့် ထုတ်ပယ်လိုက်ရသည်ကို မရေးသားထားချေ။ အစိုးရက သတင်းအမှောင်ချခဲ့သော်လည်း ထုတ်ပယ်ခံရသူ ဒုတိယဝန်ကြီးက မီဒီယာများ ထိုနေ့တွင်ပင် ရှင်းလင်းပွဲ လုပ်ခဲ့သည်။ ထုတ်ပယ်ခြင်း ပတ်သက်၍ ပိုမို မြင်သာအောင် ပြသနိုင်ခဲ့သလို ထုတ်ပယ်ခြင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အတွင်းရေးမှူးအဖွဲ့ဝင် တဦးဖြစ်သည့် ဦးဝင်းထိန်၏ အခန်းကဏ္ဍကိုလည်း ထုတ်ဖော်ခဲ့သည်။

    ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ ဒုတိယ ဝန်ကြီးများ ခန့်အပ်ခြင်းနှင့် ထုတ်ပယ်ခြင်းက သမ္မတ၏ တာဝန်သာ ဖြစ်သည်။ သို့သော်လည်း နိုဝင်ဘာလ ၁၉ ရက်နေ့က အင်တာဗျူးတွင် ဒေါက်တာထွန်းဝင်းက သူ့ကို ရာထူးမှ နုတ်ထွက်ပေးရန် ဦးဝင်းထိန်က ၃ ကြိမ် ဖိအားပေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ဒေါက်တာထွန်းဝင်းကဲ့သို့ ရာထူးမျိုးတွင် ရှိသူ တဦးအပေါ် သမ္မတ နှင့် သက်ဆိုင်ရာ ဝန်ကြီးများကသာ တာဝန်ခံရမည် ဖြစ်ပြီး ပါတီနှင့် မသက်ဆိုင်သည့် အတွက် ဦးဝင်းထိန်၏ ဝင်ရောက် စွက်ဖက်မှုက အလွန် မေးခွန်းထုတ်ဖွယ်ရာ ဖြစ်သည်။

    အကယ်၍ ဒေါက်တာထွန်းဝင်း ပြောသည့်အတိုင်းသာဖြစ်ခဲ့လျှင် ရွေးကောက်ပွဲနိုင် NLD ပါတီအနေဖြင့် အစိုးရကို ဦးဆောင်ဖွဲ့နိုင်ပြီး ပါတီက ဩဇာလွှမ်းနိုင်မှုကို နားလည်နိုင်သော်လည်း ပါတီ၏ ဗဟိုအလုပ် အမှုဆောင်များက သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့၏ တာဝန် ဝတ္တရားများကို ဝင်ရောက်စွက်ဖက်နေသည်မှာ ပုံစံမကျဟု ဆိုရမည်။

    ဒေါက်တာ ထွန်းဝင်း ထုတ်ပယ်ခံရပြီးသည့် အချိန်မှစ၍ ဦးဝင်းထိန်က မှတ်ချက် တောင်းခံကြသည့် သတင်းထောက်များကို ရှောင်ရှား၍ နှုတ်ဆိတ်နေခဲ့သည်။

    ဒေါက်တာထွန်းဝင်းကို ရာထူးမှ ထုတ်ပယ်ရာတွင် NLD အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်မှုနှင့် ပတ်သက်၍လည်း မေးခွန်း ထုတ်စရာ ဖြစ်လာသည်။ ဒုတိယ ဝန်ကြီးဟောင်း ဦးထွန်းဝင်းသည် နောက်ကြောင်းရှင်းခြင်း၊ လေးစားလောက်စရာ ပညာ ရှင်တဦး ဖြစ်နေခြင်းနှင့် ကာလရှည်ကြာစွာ စီမံခန့်ခွဲမှု မှားယွင်းနေခဲ့သည့် စိုက်ပျိုးရေးကဏ္ဍနှင့် မြေယာ မူဝါဒများကို ပြု ပြင်ပြောင်းလဲရန် စိတ်အားထက်သန်ခြင်းတို့ဖြင့် ဂုဏ်သတင်း ကျော်စောခဲ့သူဖြစ်သည်။

    သူ ရာထူးမှ ထုတ်ပယ်ခံရခြင်းက ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးနောက်ပိုင်းတွင် ခက်ခက်ခဲခဲ ရှေ့ဆက်သွားနေရသည့် နိုင်ငံအတွက် သိသာထင်ရှားသည့် ဆုံးရှုံးမှုတခုဟု အများက ထင်မြင်ခဲ့ကြသည်။

    ပြီးခဲ့သည့် နှစ်က ရွေးကောက်ပွဲမဲဆွယ် လှုပ်ရှားမှုအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က NLD အာဏာ ရရှိလာခဲ့လျှင် ပွင့် လင်းမြင်သာသည့် အစိုးရတခုကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ သို့သော်လည်း ယခု ဒေါက်တာထွန်းဝင်း ထုတ်ပယ်ခံရသည့် ကိစ္စတွင် သတင်းမှောင်ချထားခြင်းက ကတိများနှင့် ပတ်သက်၍ သံသယများ ဖြစ်လာစေခဲ့သည်။

    ဒေါက်တာထွန်းဝင်း ဘာတာဝန် မကြေပြွန်ခဲ့သနည်း။ အာဏာအလွဲသုံးစားမှု ရှိခဲ့ပါသလား။ မည်သည့် အတွက်ကြောင့် ဦးဝင်းထိန်က ဒေါက်တာ ထွန်းဝင်းကို နုတ်ထွက်ရန် ဖိအားပေးခဲ့ရပါသနည်း။

    အကြောင်းပြချက်များ မည်သို့ပင် ရှိသည်ဖြစ်စေ ယခုကိစ္စတွင် မည်ကဲ့သို့ဖြစ်ခဲ့သည်ကို NLD ပါတီကို မဲပေးခဲ့သည့် ပြည်သူများ သိခွင့်ရှိပါသည်။ အကယ်၍ ယခုကိစ္စတွင် NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က ဝင်ရောက် စွက်ဖက် ခြင်း မှန်ခဲ့လျှင် အစိုးရအနေဖြင့် ၎င်း၏ တာဝန်ဝတ္တရားကို အစိုးရအဖွဲ့၏ ပြင်ပမှ ပုဂ္ဂိုလ်တဦးအား ဆောင်ရွက်ခွင့်ပြုသည့် အတွက် ဝေဖန်ရန် ထိုက်တန်သည်ဟု ဆိုရပါမည်။
    Irrawaddy

    No comments:

    Post a Comment