Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 2, 2016

ရိုဟင်ဂျာဆိုသော စကားလုံးသည် သမိုင်းတွင် မရှိဟု NLDဆို



''ရိုဟင်ဂျာ'' ဆိုသော စကားလုံးသည် သမိုင်းတွင် မရှိဟု NLD ပါတီက လက်ခံထားကြောင်း ယင်းပါတီ၏ ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းကThe Messenger Media သို့ ဧပြီလ (၃ဝ)ရက်နေ့တွင် ပြောကြားလိုက်သည်။

''ကျွန်တော်တို့ အရင်အစိုးရလက် ထက်ကတည်းက ဒီစကားလုံးကို သမိုင်း မှာ မရှိဘူးဆိုတာ လက်ခံထားတယ်။ ကျန် တဲ့ကိစ္စတွေ မပြောဘူး။ ဒီနာမည်ဟာ ကျွန် တော်တို့သမိုင်းမှာ မရှိဘူးဆိုတာကို ကျွန် တော်တို့ လက်ခံထားတယ်''ဟု ၄င်းက ပြောသည်။
''ရိုဟင်ဂျာ'' ဟူသော စကားလုံး သည် လိုချင်သော လူအပေါ်တွင် မူတည် ၍ အ္တရာယ်များကြောင်းလည်း ဦးဥာဏ် ဝင်းက ဆိုသည်။
ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နေထိုင်သူ ဘင်္ဂါလီလူမျိုးများကို မစ္စရန် ဟီးလီ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ် မစ္စတာ ဘန်ကီးမွန်းအပါအဝင် တချို့နိုင်ငံတကာ ခေါင်းဆောင်များက ''ရိုဟင်ဂျာ'' ဟူ၍ သုံးစွဲခေါ်ဝေါ်ကြရာ၊ မြန်မာနိုင်ငံသားများက မကြာခဏ ကန့် ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ စကားလုံးနှင့် ပတ်သက်၍ ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း နိုင်ငံတကာမှ တချို့ပုဂ္ဂိုလ်များက သုံးစွဲ လေ့ရှိပြီး၊ မြန်မာနိုင်ငံသားအများစုက ကန့်ကွက်ခဲ့ကြသည်။ ပြီးခဲ့သည့် နှစ်များ အတွင်း ထိုစကားလုံး အသုံးအနှုန်းနှင့် ပတ်သက်၍ ကန့်ကွက်လိုက်၊ ပြောဆိုလိုက် ဖြင့် သံသရာလည်လျက် ရှိသည်။

''အမှန်ကတော့ ဒီပြဿနာတွေကို သမိုင်းကြောင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပြီးတော့ လုပ်ရမှာ။ လောလော ဆယ်မှာတော့ ကျွန်တော်တို့ကတော့ ရိုဟင် ဂျာနဲ့ ပတ်သက်ပြီး မရှိဘူးလို့ သတ်မှတ် ထားတော့ ဒီအပေါ်မှာပဲ မူတည်ကာဆောင် ရွက်သွားမယ်''ဟု RFA သတင်းဌာနနှင့် အင်တာဗျူးတွင် NLD နာယက ဦးတင်ဦး က ပြောကြားခဲ့သည်။

NLD ပါတီအား အပုပ်ချ၍ NLD အစိုးရကို ဝေဖန်လိုသူတချို့သည် NLD ပါတီသည် ''ရိုဟင်ဂျာ''ဟူသော စကားလုံး ကို ထောက်ခံသကဲ့သို့ ပြောဆိုမှုများလည်း ရှိနေသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သဲချောင်း အနီး၍ ဧပြီလ(၁၉)ရက်နေ့က စက်လှေ နစ်မြုပ်၍ သေဆုံးသွားခဲ့ သူများနှင့် ပတ် သက်ပြီး အမေရိကန်သံရုံးက ထုတ်ပြန်သော ကြေညာစာတမ်းတွင် ''ရိုဟင်ဂျာ''ဟူ၍ သုံးနှုန်း ဖော်ပြမှုကို မကျေနပ်၍ အမျိုး သားရေး တက်ကြွလှုပ်ရှားသူများသည် ဧပြီလ(၂၈)ရက်နေ့က အမေရိကန်သံရုံး ရှေ့တွင် ဆန္ဒပြထုတ်ဖော်ခဲ့သည်။

မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ
https://www.facebook.com/mandalayahlindailynewspaper

No comments:

Post a Comment