Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 25, 2016

ေဒၚစု NLD ဥကၠ႒ ဆက္လုပ္မည္


ေဒၚေအာင္ဆန္းစုၾကည္ဟာ အစိုးရအဖဲြ႔ဝင္ ဝန္ႀကီးေနရာယူထားေပမယ့္ NLD ဥကၠ႒ အျဖစ္ ဆက္လက္ ရွိေနမွာျဖစ္တယ္လို႔ ပါတီေျပာခြင့္ရ ပုဂၢိဳလ္က ေျပာၾကား လိုက္ပါတယ္။ ဒါအျပင္ တိုင္းနဲ႔ျပည္နယ္ (၁၄)ခုက ၀န္ႀကီးခ်ဳပ္ေတြဟာ NLD ပါတီဝင္ေတြသာျဖစ္မယ္လို႔ မေန႔က သတင္းေထာက္ေတြ နဲ႔ေတြ႔ဆံုရာမွာ ေျပာဆို လိုက္ပါတယ္။ တိုင္းနဲ႔ျပည္နယ္အလိုက္ အစိုးရေတြ ဘယ္လိုဖဲြ႔စည္းမလဲ၊ ေနာက္ ဝန္ႀကီးခ်ဳပ္ အမည္ေတြကို ဘယ္ေတာ့သိရမလဲ စတာေတြကို မအင္ၾကင္းႏိုင္က စုစည္းတင္ျပထားပါတယ္။

မေန႔ၾကာသပေတးေန႔က ျပည္ေထာင္စုလႊတ္ေတာ္မွာ သမၼတ ဦးထင္ေက်ာ္ တင္သြင္းတဲ့ အစိုးရအဖဲြ႔ဝင္ဝန္ႀကီး (၁၈)ဦးကို ကန္႔ကြက္မဲမရွိအတည္ျပဳခဲ့ပါတယ္။ NLD ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ဟာ အစိုးရအဖဲြ႔မွာ ဝန္ႀကီးအျဖစ္ ပါဝင္တာေၾကာင့္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္နဲ႔ ပါတီဥကၠ႒ေနရာကပါ နႈတ္ထြက္ေပးရမယ္လို႔ အမ်ားက ထင္ေနၾကေပမယ့္ ဖဲြ႔စည္းပံုအရ ပါတီဥကၠ႒အျဖစ္ ဆက္ၿပီးရွိေနမွာျဖစ္ၿပီး ပါတီတာ၀န္ေတြကိုေတာ့ ထမ္းေဆာင္ခြင့္ရမွာမဟုတ္ဘူးလို႔ ပါတီရဲ႕ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာေဇာ္ျမင့္ေမာင္က မေန႔က မႏၱေလးတိုင္း လႊတ္ေတာ္ အစည္းအေ၀းအၿပီး သတင္းေထာက္ေတြကို အခုလိုေျပာသြားပါတယ္။

" ပုဒ္မ ၂၃၂ (ည) မွာ ဘာပါသလဲဆိုေတာ့ ျပည္ေထာင္စုအဆင့္ဝန္ႀကီးတဦးသည္ အစိုးရဝန္ထမ္းျဖစ္ခဲ့လို႔ရွိရင္ ဝန္ထမ္းအျဖစ္မွ အၿငိမး္စားယူၿပီး မွတ္ယူရမည္ဆိုၿပီး ဒီအတိုင္းပဲ ေရးတယ္။ အဲ့ေတာ့  ဋ မွာ က်ေတာ့  ျပည္ေထာင္စုဝန္ႀကီး သည္ ႏုိင္ငံေရးပါတီ တခုခု၏ အဖြဲ႔ဝင္ျဖစ္လို႔ရွိရင္ ပါတီ၏ လုပ္ငန္းမ်ားကို ပါဝင္ေဆာင္ရြက္ျခင္း မျပဳရပဲ ေျပာထားတယ္။ ႏႈတ္ထြက္ျခင္း မျပဳရဆိုတာ မပါပါဘူး။ ဆိုလုိက္ေတာ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ရဲ႕ေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ ဟာ ေခါင္းေဆာင္ပါပဲ။ ပါတီရဲ႕ လုပ္ငန္းေတြကို ေဆာင္ရြက္ျခင္း မျပဳတာပဲရွိမယ္။ ေရွ႕တုန္းကလည္း ရွိခဲ့ဖူးၿပီ။ ဦးသိန္းစိန္တုန္းကလည္း အဲ့သလိုပဲ။ က်ေနာ္တို႔ လႊတ္ေတာ္မွာ ေမးတယ္။ ဒီအတုိင္းပဲ ေျဖပါတယ္။ ေနာ္ ပါတီလုပ္ငန္းမ်ားကို ေဆာင္ရြက္ျခင္း မျပဳ။"

တဆက္တည္း တိုင္းနဲ႔ျပည္နယ္၀န္ႀကီးခ်ဳပ္ေတြဟာလည္း ၂၀၀၈ဖဲြ႔စည္းပံု အေျခခံဥပေဒ အရ သမၼတက ပဲ ခန္႔အပ္ရမွာ ျဖစ္တဲ့အတြက္ NLD ပါတီဝင္ေတြပဲျဖစ္မယ္လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ဆိုပါတယ္။

" ဆိုပါစို႔ ဆိုလို႔ရွိရင္ ရခိုင္မွာ၊ ရွမ္းျပည္မွာ က်ေနာ္တို႔ လႊတ္ေတာ္မွာ အမ်ားစု မႏုိင္ဘူး။ ဒါေပမဲ့ က်ေနာ္တို႔က က်ေနာ္တို႔ရဲ႕ ဗဟိုမွာ မဲအျပတ္အသတ္ႏုိင္ ထားတဲ့အတြက္ သမၼတက ဝန္ႀကီးခ်ဳပ္ကို ခန္႔အပ္မယ့္အတြက္ တုိင္း၊ ေဒသႀကီး ဝန္ႀကီးခ်ဳပ္ကေတာ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္အဖြဲ႔ဝင္ေတြပဲျဖစ္ပါမယ္။ အဲ့ေတာ့ တိုင္းဝန္ႀကီးေတြကေတာ့ ဘာပဲေျပာေျပာ က်ေနာ္တို႔ရဲ႕ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး အေပၚမွာေရာ တျခားအဖြဲ႔အစည္းေတြ တိုင္းရင္းသားအဖြဲ႔အစည္းေတြ ပါပါမယ္။ "

သမၼတ ဦးထင္ေက်ာ္က ခန္႔အပ္တာ၀န္ေပးထားတဲ့ တိုင္းနဲ႔ျပည္နယ္ ၀န္ႀကီးခ်ဳပ္ အမည္စာရင္းေတြကို မတ္လ (၂၈)ရက္ေန႔မွာ သက္ဆိုင္ရာလႊတ္ေတာ္ေတြမွာ တင္သြင္းမွာျဖစ္ပါတယ္။ ၀န္ႀကီးခ်ဳပ္ေတြကိုလႊတ္ေတာ္ေတြမွာ အတည္ျပဳၿပီးေနာက္ ျပည္နယ္နဲ႔ တိုင္းအစိုးရေတြကို သက္ဆိုင္ရာ ၀န္ႀကီးခ်ဳပ္ေတြက ဦးေဆာင္ဖဲြ႕စည္းၿပီး လႊတ္ေတာ္ရဲ႕အတည္ျပဳခ်က္ရယူမွာျဖစ္ပါတယ္။

လက္ရွိမႏၱေလးတိုင္း၀န္ႀကီးခ်ဳပ္အျဖစ္ သတင္းေျပးေနတဲ့ NLD ေျပာခြင့္ရ ပုဂၢိဳလ္လည္းျဖစ္၊ ဗဟိုအလုပ္အမႈေဆာင္အတြင္းေရးမွဴး အဖဲြ႕ဝင္ လည္းျဖစ္တဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္က ျပည္နယ္နဲ႔တိုင္း အစိုးရအဖဲြ႕ေတြကို NLD ကပဲ ဦးေဆာင္ဖဲြ႕စည္းမွာနဲ႔ ပတ္သက္လို႔ သတင္းေထာက္ေတြကို အခုလိုေျပာပါတယ္။

" က်ေနာ္ ဝန္ႀကီးခ်ဳပ္ျဖစ္မယ္ ဆိုတာက ျဖစ္ေကာင္းျဖစ္ႏုိင္ တာေပါ့ေနာ္။ ေရြးခ်င္ လည္းေရြးမွာေပါ့။ အခုေလာေလာဆယ္ အထိကေတာ့ က်ေနာ္တို႔ ဒီက အမည္မတင္သြင္းေသးဘူးေပါ့ေနာ္။ အဲ့ေတာ့ က်ေနာ္တို႔ မူကိုက အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ဗဟိုမွာဖြဲ႔ထားေတာ့ အဲ့ဒီ့ေတာ့ တုိင္းေဒသႀကီး ေတြမွာ တခ်ိဳ႕ေနရာေတြမွာ ပါခ်င္ပါမယ္။ တုိင္းေဒသႀကီးတိုင္း တျခားပါတီကပါမယ္လို႔ က်ေနာ္တို႔ ယူဆလို႔မရဘူး။ "

လက္ရွိထြက္ေပၚေနတဲ့သတင္းေတြအရဆိုရင္ ရခိုင္ျပည္နယ္၀န္ႀကီးခ်ဳပ္အျဖစ္ ဦးညီပု၊ ကခ်င္ျပည္နယ္၀န္ႀကီးခ်ဳပ္အျဖစ္ ေဒါက္တာခက္ေအာင္၊ မႏၱေလးတိုင္း ၀န္ႀကီးခ်ဳပ္အျဖစ္ ေဒါက္တာေဇာ္ျမင့္ေမာင္၊ ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ အျဖစ္ ဦးၿဖိဳးမင္းသိမ္း၊ ကရင္ျပည္နယ္ ၀န္ႀကီးခ်ဳပ္အျဖစ္ ေဒၚနန္းခင္ေထြးျမင့္၊ စစ္ကိုင္းတိုင္း ၀န္ႀကီးခ်ဳပ္အျဖစ္ ေဒါက္တာျမင့္ႏိုင္၊ ရွမ္းျပည္နယ္ ၀န္ႀကီးခ်ဳပ္ အျဖစ္ ေဒါက္တာ လင္းထြဋ္နဲ႔ မေကြးတိုင္း၀န္ႀကီးခ်ဳပ္ အျဖစ္ ေဒါက္တာေအာင္မိုးညိဳ တို႕ျဖစ္ပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........


ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာယူထားပေမယ့် NLD ဥက္ကဋ္ဌ အဖြစ် ဆက်လက် ရှိနေမှာဖြစ်တယ်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား လိုက်ပါတယ်။ ဒါအပြင် တိုင်းနဲ့ပြည်နယ် (၁၄)ခုက ၀န်ကြီးချုပ်တွေဟာ NLD ပါတီဝင်တွေသာဖြစ်မယ်လို့ မနေ့က သတင်းထောက်တွေ နဲ့တွေ့ဆုံရာမှာ ပြောဆို လိုက်ပါတယ်။ တိုင်းနဲ့ပြည်နယ်အလိုက် အစိုးရတွေ ဘယ်လိုဖွဲ့စည်းမလဲ၊ နောက် ဝန်ကြီးချုပ် အမည်တွေကို ဘယ်တော့သိရမလဲ စတာတွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

မနေ့ကြာသပတေးနေ့က ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ဦးထင်ကျော် တင်သွင်းတဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီး (၁၈)ဦးကို ကန့်ကွက်မဲမရှိအတည်ပြုခဲ့ပါတယ်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် ပါဝင်တာကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ ပါတီဥက္ကဋ္ဌနေရာကပါ နှုတ်ထွက်ပေးရမယ်လို့ အများက ထင်နေကြပေမယ့် ဖွဲ့စည်းပုံအရ ပါတီဥက္ကဋ္ဌအဖြစ် ဆက်ပြီးရှိနေမှာဖြစ်ပြီး ပါတီတာဝန်တွေကိုတော့ ထမ်းဆောင်ခွင့်ရမှာမဟုတ်ဘူးလို့ ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဇော်မြင့်မောင်က မနေ့က မန္တလေးတိုင်း လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။

" ပုဒ်မ ၂၃၂ (ည) မှာ ဘာပါသလဲဆိုတော့ ပြည်ထောင်စုအဆင့်ဝန်ကြီးတဦးသည် အစိုးရဝန်ထမ်းဖြစ်ခဲ့လို့ရှိရင် ဝန်ထမ်းအဖြစ်မှ အငြိမး်စားယူပြီး မှတ်ယူရမည်ဆိုပြီး ဒီအတိုင်းပဲ ရေးတယ်။ အဲ့တော့  ဋ မှာ ကျတော့  ပြည်ထောင်စုဝန်ကြီး သည် နိုင်ငံရေးပါတီ တခုခု၏ အဖွဲ့ဝင်ဖြစ်လို့ရှိရင် ပါတီ၏ လုပ်ငန်းများကို ပါဝင်ဆောင်ရွက်ခြင်း မပြုရပဲ ပြောထားတယ်။ နှုတ်ထွက်ခြင်း မပြုရဆိုတာ မပါပါဘူး။ ဆိုလိုက်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဟာ ခေါင်းဆောင်ပါပဲ။ ပါတီရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခြင်း မပြုတာပဲရှိမယ်။ ရှေ့တုန်းကလည်း ရှိခဲ့ဖူးပြီ။ ဦးသိန်းစိန်တုန်းကလည်း အဲ့သလိုပဲ။ ကျနော်တို့ လွှတ်တော်မှာ မေးတယ်။ ဒီအတိုင်းပဲ ဖြေပါတယ်။ နော် ပါတီလုပ်ငန်းများကို ဆောင်ရွက်ခြင်း မပြု။"

တဆက်တည်း တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေဟာလည်း ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ သမ္မတက ပဲ ခန့်အပ်ရမှာ ဖြစ်တဲ့အတွက် NLD ပါတီဝင်တွေပဲဖြစ်မယ်လို့ ဒေါက်တာဇော်မြင့်မောင်က ဆိုပါတယ်။

" ဆိုပါစို့ ဆိုလို့ရှိရင် ရခိုင်မှာ၊ ရှမ်းပြည်မှာ ကျနော်တို့ လွှတ်တော်မှာ အများစု မနိုင်ဘူး။ ဒါပေမဲ့ ကျနော်တို့က ကျနော်တို့ရဲ့ ဗဟိုမှာ မဲအပြတ်အသတ်နိုင် ထားတဲ့အတွက် သမ္မတက ဝန်ကြီးချုပ်ကို ခန့်အပ်မယ့်အတွက် တိုင်း၊ ဒေသကြီး ဝန်ကြီးချုပ်ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်တွေပဲဖြစ်ပါမယ်။ အဲ့တော့ တိုင်းဝန်ကြီးတွေကတော့ ဘာပဲပြောပြော ကျနော်တို့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အပေါ်မှာရော တခြားအဖွဲ့အစည်းတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပါပါမယ်။ "

သမ္မတ ဦးထင်ကျော်က ခန့်အပ်တာဝန်ပေးထားတဲ့ တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ် အမည်စာရင်းတွေကို မတ်လ (၂၈)ရက်နေ့မှာ သက်ဆိုင်ရာလွှတ်တော်တွေမှာ တင်သွင်းမှာဖြစ်ပါတယ်။ ၀န်ကြီးချုပ်တွေကိုလွှတ်တော်တွေမှာ အတည်ပြုပြီးနောက် ပြည်နယ်နဲ့ တိုင်းအစိုးရတွေကို သက်ဆိုင်ရာ ၀န်ကြီးချုပ်တွေက ဦးဆောင်ဖွဲ့စည်းပြီး လွှတ်တော်ရဲ့အတည်ပြုချက်ရယူမှာဖြစ်ပါတယ်။

လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် သတင်းပြေးနေတဲ့ NLD ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူး အဖွဲ့ဝင် လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို NLD ကပဲ ဦးဆောင်ဖွဲ့စည်းမှာနဲ့ ပတ်သက်လို့ သတင်းထောက်တွေကို အခုလိုပြောပါတယ်။

" ကျနော် ဝန်ကြီးချုပ်ဖြစ်မယ် ဆိုတာက ဖြစ်ကောင်းဖြစ်နိုင် တာပေါ့နော်။ ရွေးချင် လည်းရွေးမှာပေါ့။ အခုလောလောဆယ် အထိကတော့ ကျနော်တို့ ဒီက အမည်မတင်သွင်းသေးဘူးပေါ့နော်။ အဲ့တော့ ကျနော်တို့ မူကိုက အမျိုးသားပြန်လည်သင့်မြတ်ရေး ဗဟိုမှာဖွဲ့ထားတော့ အဲ့ဒီ့တော့ တိုင်းဒေသကြီး တွေမှာ တချို့နေရာတွေမှာ ပါချင်ပါမယ်။ တိုင်းဒေသကြီးတိုင်း တခြားပါတီကပါမယ်လို့ ကျနော်တို့ ယူဆလို့မရဘူး။ "

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရဆိုရင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပု၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာခက်အောင်၊ မန္တလေးတိုင်း ၀န်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် အဖြစ် ဦးဖြိုးမင်းသိမ်း၊ ကရင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဒေါ်နန်းခင်ထွေးမြင့်၊ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်အဖြစ် ဒေါက်တာမြင့်နိုင်၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ် အဖြစ် ဒေါက်တာ လင်းထွဋ်နဲ့ မကွေးတိုင်းဝန်ကြီးချုပ် အဖြစ် ဒေါက်တာအောင်မိုးညို တို့ဖြစ်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment