Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 19, 2016

''ဒီမိုက​ရေစီ​ခေတ်​ကာလမှာ ဖြစ်​သင့်​ဖြစ်​ထိုက်​တဲ့ ဆုံးဖြတ်​ချက်​ မဟုတ်​ဖူး” ​-ဒေါက်​တာထွန်းဝင်း


ဒေါက်တာထွန်းဝင်းအား နေပြည်တော်တွင် ယနေ့နံနက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း
19 Nov 2016

နေပြည်တော်၊ နိုဝင်ဘာ ၁၉

သမ္မတအမိန့်နဲ့ တာဝန်က ရပ်​စဲခြင်းခံခဲ့ရတဲ့ စိုက်​ပျိုး​ရေး​၊ေ မွးမြူ​ရေးနှင့်​ ဆည်​​မြောင်းဝန်​ကြီးဌာန ဒုတိယဝန်​ကြီး​ ဒေါက်​တာထွန်းဝင်းက သူဟာ ပြင်းထန်​တဲ့ အပြစ်​​ပေးမှုကို ကြုံ​တွေ့ခဲ့ရတယ်​လို့ Frontier ကို ​ပြောပါတယ်​။

သမ္မတရုံးက ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ စာထဲမှာ သူ့ကို တာဝန်မှ ရပ်စဲလိုက်တယ်လို့သာ ဖော်ပြထားပြီး အကြောင်းရင်းကိုတော့ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပါဘူး။ 



''ဒါကို​ဖြေရှင်းဖို့ အစိုးရမှာတာဝန်​ရှိတယ်​''လို့ ​နေပြည်​​တော်​မှာရှိတဲ့ ဒုဝန်​ကြီး​နေအိမ်​မှာ ဒေါက်တာထွန်းဝင်းက ယနေ့နံနက်​ပိုင်းမှာ ပြောကြားလိုက်​တာဖြစ်ပါတယ်။





လွန်​ခဲ့တဲ့သုံးလ​လောက်​က အစည်းအ​ဝေးတစ်​ခုမှာ ပြည်ထောင်စုဝန်​ကြီး​ဒေါက်​တာ ​အောင်​သူနဲ့ လုပ်​ငန်းပိုင်းဆိုင်​ရာ အငြင်း​ပွားမှုက​နေ  ဒီအ​ခြေအ​နေအထိ​ ရောက်​လာတာဖြစ်တယ်လို့ သူယုံကြည်​​ကြောင်းလည်း သူက​ပြောပါတယ်​။


သူတင်​ပြထားတဲ့ ​နွေ/မိုးစပါးအတွက်​ ​ရေဆင်းဆည်​က​နေပါ ဆည်​​ရေ​ပေးဖို့၊ ဆည် တွေမှာငါး​မွေးဖို့၊ ဧရာဝတီမြစ်​​ရေတင် ​စီမံကိန်း​တွေလုပ်​ဖို့ကိစ္စ​တွေ ဘာ​ကြောင့် ပယ်​ချခံရတာလဲဆိုတာကို အဲဒီအစည်းအ​ဝေးမှာ သူက ​မေးမြန်းခဲ့ရာမှာ ဝန်​ကြီး​ဖြစ်သူ ဒေါက်​တာ​အောင်​သူရဲ့ အမျက်​သင့်​မှုကို ခံခဲ့ရတယ်​လို့ ​ဒေါက်​တာထွန်းဝင်းက ​ပြောပါတယ်​။






အဲဒီ​နောက်​ ပြီးခဲ့တဲ့ တစ်​လခွဲနီးပါးခန့်အ​ရောက်​မှာ​တော့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ ဗဟိုအလုပ်​အမှု​ဆောင်​ ဦးဝင်းထိန်​က သူ့ကို​ခေါ်ယူ​တွေ့ဆုံခဲ့ပြီး ​နေပြည်​​တော်​​ကောင်​စီကို​ ပြောင်းဖို့​ပြောခဲ့တယ်​လို့ သူက ဆက်​​လက်ပြောကြားပါတယ်​။ 




ဒေါက်​တာထွန်းဝင်းက​တော့ သူ့မှာအပြစ်​မရှိတာ​ကြောင့်​ မ​ပြောင်းလိုခဲ့သလို ဒီအ​ကြောင်းကို သမ္မတထံ စာ​ရေးသား ရှင်းလင်းခဲ့တယ်​လို့ ဆိုပါတယ်​။


ဒါ​ပေမယ့်​ ဦးဝင်းထိန်​နဲ့ သုံးကြိမ်​ညှိနှိုင်းအပြီးမှာ​တော့ ကိုယ်တိုင် မနုတ်​ထွက်​ရင်​ တာဝန်​က ရပ်​စဲမယ်​ဆိုတဲ့အ​ကြောင်းကြားစာကို သမ္မတရုံးထံက​နေ သူ့ထံပေးပို့ခဲ့တာကို လက်​ခံရရှိခဲ့ပြီး သူကလည်း အပြစ်​မရှိလို့ မနှုတ်​ထွက်​နိုင်​​ကြောင်း စာပြန်​ခဲ့တယ်လို့ ဒေါက်တာထွန်းဝင်းက ပြောပါတယ်။
သူစာပြန်ပြီး နောက်​တစ်ရက်​နံနက်​မှာပဲ အမိန့်​စာထွက်​လာတာဖြစ်တယ်လို့ ​ဒေါက်တာထွန်းဝင်းက ​ပြောပါတယ်​။











ဒီကိစ္စနဲ့ပတ်​သက်​ပြီး နိုင်​​ငံ​တော်​သမ္မတရုံးဖက်​က​တော့ မှတ်​ချက်​​ပေးဖို့မရှိဘူးလို့ ဒုတိယညွှန်​ကြား​ရေးမှုးချုပ်​ ဦး​ဇော်​​ဌေးက​ ပြောပါတယ်​။ ​ထို့အတူ ဦးဝင်းထိန်ကလည်း တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောကြားခြင်းမရှိပါဘူး။

ဒေါက်​တာထွန်းဝင်းက​တော့ သူ့ကို ပူး​ပေါင်း​ဆောင်​ရွက်​မှုမရှိဘူးလို့ စွပ်​စွဲခံရတာဖြစ်​ပြီး ဒီအတွက်​ ရှင်းပြဖို့ လုံ​လောက်​တဲ့ အခွင့်​အ​ရေးမရခဲ့ဖူးလို့ ​ပြောပါတယ်​။

ဒေါက်တာထွန်းဝင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် သမ္မတဦးထင်ကျော်က မေ ၂ ရက်နေ့က ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

စိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာထွန်းဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ပထမဆုံး တာဝန်က ရပ်စဲခံခဲ့ရတဲ့ အစိုးရထိပ်တန်းအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ သူထုတ်ပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြင်ပမှာ အမျိုးမျိုးထင်ကြေးပေး ပြောဆိုနေကြတာ တွေ့ရပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း
http://frontiermyanmar.net/mm/news/3335



  •  ''ဒီမိုက​ရေစီ​ခေတ်​ကာလမှာ ဖြစ်​သင့်​ဖြစ်​ထိုက်​တဲ့ ဆုံးဖြတ်​ချက်​ မဟုတ်​ဖူး” ​-ဒေါက်​တာထွန်းဝင်း
  • သိမ်းဆည်းခံ လယ်ယာမြေများ မူလပိုင်ရှင်ထံ ပြန်ပေးမည်ဟု လယ်/ဆည် ဒုဝန်ကြီးပြော
  • ရာထူးမှ အထုတ်ခံရမှု အကြောင်းပြချက် မပေးဟု ဒု ဝန်ကြီး ဒေါက်တာ ထွန်းဝင်း ပြော  
  • အစိုးရသက်တမ်းအတွင်း ပထမဆုံးအဖြစ် ဒုဝန်ကြီးတစ်ဦးအား တာဝန်မှရပ်စဲ
  • No comments:

    Post a Comment