CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, August 24, 2016
ဂျာနယ်တစ်ခုတွင်ပါရှိသော အင်တာဗျုးအပေါ် ပန်းနဲ့ပေါက်သလိုပါပဲဟု ဦးဝင်းထိန်ပြန်လည်ဖြေရှင်း
ဇော်မင်း (မြစ်မခ)
ရန်ကုန်၊ သြဂုတ် (၂၄) ရက်။
လူထုပုံရိပ်သတင်းဂျာနယ်မျက်နှာဖုံးတွင်ပါရှိသောေ-ာက်ရူးဆိုသည့် အသုံးအနှုန်းများ အကြိမ်ကြိမ် ထည့်သွင်း ဖြေဆိုခဲ့သည့် အင်တာဗျူးအား ဖော်ပြခဲ့မှုအပေါ် ပန်းနဲ့ ပေါက်ခံရသလိုပါပဲဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြန်လည်ပြောကြားခဲ့သည်။
ဦးဝင်းထိန်ကို ယခုအပတ်ထုတ် လူထုပုံရိပ်ဂျာနယ်၏ သတင်းထောက်မှ အစိုးရအဖွဲ့လူအပြောင်းအလဲနှင့် ဝန်ကြီးချုပ်အပြောင်းအလဲများ မေးမြန်းမှုအပေါ်ေ-ာက်ရူးဟူသော စကားရပ်ကို အကြိမ်ကြိမ်သုံးနှုန်းခဲ့ခြင်း အပေါ် သြဂုတ် ၂၄ ရက်တွင် မီဒီယာလောကနှင့် လူမှုကွန်ရက်စာမျက်နှာများ၌ ဝေဖန်မှုများရှိနေသည်။
“သူမေးတဲ့မေးခွန်းက အစိုးရအပြောင်းအလဲဖြစ်မယ်တဲ့။ တကယ်တမ်း အိမ်စာကြေတဲ့သတင်းထောက်ဟာ မေး စရာမရှိဘူး။ ဒီမေးခွန်းဟာ ရိုးရိုးဖြေလို့တော့မရဘူးဆိုပြီး စောက်ရူးလို့ဖြေလိုက်တာ။ ဆက်ပြီးမေးလာသေး တယ်။ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ် အပြောင်းအလဲဖြစ်မယ်ကြားတယ်တဲ့။ ကျွန်တော်က စောက်ရူးလို့ပြောလိုက် တယ်။ ကျွန်တော်ပြောသလိုပေါ့၊ ပန်းနဲ့ပေါက်သလိုပဲသဘောထားတယ်။”ဟု ဦးဝင်းထိန်ကပြောသည်။
ဦးဝင်းထိန်အနေဖြင့် ရိုးရိုးမေးသော မေးခွန်းများကို ပုံမှန်ဖြေဆိုပြီး၊ အတို့အထောင်မေးသော မေးခွန်းများကို အတို့အထောင်ဖြင့်သာ ပြန်လည်ဖြေဆိုမည်ဖြစ်ကြောင်း၊ တရားစွဲရန်အစီအစဉ်မရှိကြောင်း ဦးဝင်းထိန်က ပြောသည်။
“ဒီလိုစကားကိုမပြောရင် သတင်းထောက်နယ်ပယ်မှာ သတင်းမှန်လိုချင်လို့မေးတဲ့သတင်းဆိုရင် ပုံမှန်ပြန်ဖြေ တယ်။ အတို့အထောင်မေးရင်တော့ အတို့အထောင်ပဲပြန်ဖြေတယ်။”ဟု ဦးဝင်းထိန်ကပြောသည်။
လူထုပုံရိပ်ဂျာနယ်မှ သတင်းထောက်အနေဖြင့် ဦးဝင်းထိန်ကို မည့်သည့်ရည်ရွယ်ချက်မျှမရှိဘဲ အစိုးရအဖွဲ့ လူအ ပြောင်းအလဲသတင်းအပေါ် သုံးသပ်ဝေဖန်ရန် မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော့်အနေနဲ့ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ သုံးသပ်ဝေဖန်ဖို့မေးမြန်းတာပါ။ အစိုးရထဲမှာ လူအပြောင်းအ လဲရှိတာ ဟုတ်၊ မဟုတ်မေးတာပါ။ အရင်ကလည်း နိုင်ငံတော်အဆင့်သတင်းတွေဆိုရင် ဦးဝင်းထိန်နားကပဲ ထွက်ခဲ့တာပဲဗျာ။”ဟု လူထုပုံရိပ်ဂျာနယ်မှ သတင်းထောက် ဦးစိုင်းဝဏ္ဏကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ ကို ဦးဝင်းထိန်အပါအဝင် ပါတီဝင်(၅)ဦးဖြင့်ဖွဲ့စည်းခဲ့ကြောင်း ဖေဖော်ဝါရီ ၂၉ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ သည်။
“အင်တာဗျူးလုပ်တာကတော့ မေးတဲ့လူနဲ့ ဖြေတဲ့လူပေါ်မူတည်ပြီး ဘယ်ဟာဖော်ပြမယ်၊ ဘယ်ဟာမဖော်ပြဘူး ဆိုတာ ကာယကံရှင်ပေါ်မှာမူတည်တယ်။ သတင်းသမားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပဲလေ၊ နောက်ဆက်တွဲကတော့ ကိုယ့်တိုင်တာဝန်ယူရမယ်၊ အဲလိုရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေကိုတော့ မြန်မာပြည်က ထုတ်တဲ့ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ သတင်းတွေမှာ မပါစေချင်ပါဘူး၊ အကြောင်းအရာတစ်ခုကို ပေါ်လွင်စေချင် လို့သုံးတယ်ဆိုရင်တော့ မတတ်နိုင်ဘူးပေါ့”ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးသီဟစော ကပြောသည်။
ဦးဝင်းထိန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ဖြစ်သည်။
(မြစ်မခ)
ဂျာနယ်တစ်ခုတွင်ပါရှိသော အင်တာဗျုးအပေါ် ပန်းနဲ့ပေါက်သလိုပါပဲဟု ဦးဝင်းထိန်ပြန်လည်ဖြေရှင်း
Reviewed by MP4 YoU
on
August 24, 2016
Rating: 5
Reviewed by MP4 YoU
on
August 24, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment