CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label Donation. Show all posts
Showing posts with label Donation. Show all posts
Saturday, June 29, 2019
လာသမျှလူတိုင်းကို မျက်စိ အခမဲ့ကုသ အလင်းရစေတဲ့ ထီးဆောင်းရွာ မျက်စိဆေးရုံ
တစ်သက်လုံး မမြင်ရတော့ဘူးလို့ထင်ခဲ့တဲ့ မျက်လုံးတစ်စုံ ထီးဆောင်းကျေးဇူးကြောင့် ပြန်မြင်ရပြီသမီးရယ်လို့ သူငယ်ချင်းအဖေပြောခဲ့ဖူးလို့ ကြားဖူးတာကြာခဲ့ပေမဲ့ မရောက်ဖူးသလို ဘယ်နားရှိမှန်းကိုမသိခဲ့ပါဘူး။ စစ်ကိုင်းကနေ မုံရွာ သွားရင် မြင်းမူ မရောက်ခင် ၃ မိုင် အလို မှာ “ထီးဆောင်း”ဆိုတဲ့ ရွာလေး ရှိပါတယ်။
အခမဲ့ မျက်စိကုသပေးတဲ့ ဆေးရုံရှိတဲ့ ရွာလေးပါ။ ပထမဆုံး ဆေးရုံကို တည်ထောင်တဲ့ ဆရာတော် က … “တိပိဋကကောဝိဒ တိပိဋကဓရ ဘဒ္ဒ န္တ ဝံသပါလာ လင်္ကာရ” ပါ။ (၈) ပါးမြောက် တိပိဋက ဘွဲ့ရထားတဲ့ ဆရာတော်တစ်ပါးပါ။ မင်းကွန်းတိနိ ကျောင်းမှာ သတင်းသုံးပါတယ်။ မျက်စိ တစ်ဖက် ချို့ယွင်း နေတဲ့ ကြားက တိပိဋကဘွဲ့ ကိုရယူနိုင်ခဲ့တာပါ။
ထိုင်းက အလှူ ရှင် (Bangok Airway) ပိုင်ရှင် က မတည်ထားပြီး၊ လူနာတွေအတွက် ကုန်ကျ စရိတ် အလှူ ရှင် က Australia က ပါ။
ဆေးရုံက အဂါင်္နေ့နဲ့ လပြည့်နေ့တိုင်း ပိတ်ပါတယ်။ မျက်စိ အတွက် အတွင်းတိမ် နဲ့ ရေတိမ် တွေကို ခွဲပြီး လေဆာ က ရေလမ်းကြောင်းပိတ်တဲ့ လူနာတွေကို ရေလမ်းကြောင်း ဖွင့်ဖို့ရယ်၊ အတွင်းတိမ်ခွဲပြီး ကြာသွားတဲ့ လူနာတွေ အထဲကထည့်ထားတဲ့ မျက်ကပ်မှန်ကို အညှိပြန်တက်ရင် ဖယ်ဖို့ရယ် သုံးပါတယ်လို့ သိရပါတယ်။
ဆေးရုံကို လာတဲ့ ပထမဆုံး အကြိမ်အတွက် စာအုပ်ဖိုး 2000/- ကျပ်က လွဲလို့ အခမဲ့ ပါ။ သောက်ဆေးနဲ့ မျက်စဉ်းကတော့ အခမဲ့ မဟုတ်ပဲ တတ်နိုင်တဲ့သူဆိုရင် ဝယ်ရပါတယ်။
နိုင်ငံခြားသား မျက်စိကျွမ်းကျင်ပညာရှင် က ၃ ယောက် မျက်စိခွဲစိတ်အထူးကု တွေ .. အားလုံး ၇ ယောက်ရှိပြီး ၆ ယောက်က နီပေါ ကဖြစ်ပြီး တစ်ယောက်က လာအို ကပါ။ အလှူ ရှင်တွေ အနေနဲ့ ဆေးရုံက အလှူ ခံဌာနမှာ မျက်စိ တစ်လုံးကို ၃ သောင်း နှုန်းနဲ့ လှူ နိုင်ပါတယ်။
မြန်မာပြည် မြောက်ဖျားမှ တောင်ဖျားအထိ လူနာများ အရွယ်စုံ နယ်စုံ ကုသမှုလာယူကြပြီး .. တစ်နေ့ကို လူနာ ၃၀၀ မှ ၅၀၀ ကျော် လောက်ထိ ရှိပြီး
တစ်နေ့ မျက်စိ ခွဲတာ၊ ဆေးရုံ တက်တာ ရာချီ ရှိ ပါတယ်။
လှူဒါန်း ချင်ရင်ပဲ ဖြစ်ဖြစ်၊ ဆေးကုသ ချင်ရင်ပဲ ဖြစ်ဖြစ်၊
☎️ 09795113851 ( အုပ်ချူပ်ရေးမှူးရုံး )
☎️ 09 400 515 362,
☎️ 09 256 066 151
ရွှေရတုတိပိဋကစက္ခုပါလမျက်စိဆေးရုံ သို့ ဆက်သွယ်နိုင်ပါတယ်။
Thursday, June 27, 2019
ဘုန်းကြီးကျောင်း အမည်ခံ ..အလှူခံကန်ထရိုက် ဈေးကွက်
ကြီး မား ကျယ်ပြန့်လာ တဲ့ ဘုန်းကြီးကျောင်း အမည်ခံ အလှူခံကန်ထရိုက် ဈေးကွက်
ကြီး မား ကျယ်ပြန့်လာတဲ့ ဘုန်းကြီးကျောင်း အမည်ခံ အလှူခံ ကန်ထရိုက်တွေရဲ့ ဈေးကွက် အကြောင်းကို ဖော်ပြ လိုက်ပါတယ်-
U Kalar Gyi, Soe Lin Latt
Unicode Version
ဘုန်းကြီးကျောင်း အမည်ခံ အလှူခံကန်ထရိုက် စျေးကွက်
June 27, 2019 ThutaSone သတင်းစုံ 0
ကြီးမားကျယ်ပြန့်လာတဲ့ ဘုန်းကြီးကျောင်း အမည်ခံ အလှူခံကန်ထရိုက် စျေးကွက်
ကြီးမားကျယ်ပြန့်လာတဲ့ ဘုန်းကြီးကျောင်း အမည်ခံ အလှူခံ ကန်ထရိုက်တွေရဲ့ စျေးကွက် အကြောင်းကို ဖော်ပြ လိုက်ပါတယ်-
အလှူခံ လိုက်သွားသူတဦးရဲ့ အတွေ့အကြုံ
အခုက အလှူခံကန်ထရိုက်တွေ များတယ် ဘုန်းကြီးကျောင်းကို ဘယ်လို ဘယ်လောက် အပ်သလဲ တော့မသိဘူး ရပ်ကွက်ထဲက မိန်း ခလေးတွေကို စာရိတ်ငြိမ်းတစ်နေ့ ၅၀၀၀ ကျပ်နဲ့လာခေါ်သွားတယ်။
အဲ့မိန်းမပြောပြတာတော့ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိအလှူ လိုက်ခံတယ်။ အုပ်စုလိုက်တစ်လမ်း ဝင်တစ်လမ်း ထွက် နားချိန်လည်း ပေးတယ်တဲ့ သူတို့အုပ်စုက ၁၂ ယောက်ရှိတယ်ပြောတယ် ဘုန်း ကြီးကျောင်းတစ်ကျောင်းရဲ့အမည် ခံပေါ့ ညနေ ၄ နာရီထိုးလို့သူတို့လုပ် အားခရှင်းပေးပြီး သူတို့ကိုငှါးတဲ့ အလှူခံ ကန်ထရိုက်တာအတွက် တစ်နေ့ကို ၂ သိန်းနဲ့ ၂ သိန်းခွဲကြား နေ့စဉ်ကျန်တယ်လို့ပြောတယ်။
အမည်ခံဘုန်းကြီးကျောင်းအတွက် ဘယ်လောက်လှူသလည်းဆိုတာ သူတို့လည်းမသိဘူးပြောတယ်။ သူတို့ကို နေ့စဉ် မနက် လဘ္ကရည်ဆိုင် မှာချိန်းပြီးစုကြတယ် ညနေ ၄ နာရီ အလှူခံလုပ်အားခကို လမ်းမှာတင် ရှင်းပေးပြီး ပြန်ခိုင်းလိုက်တာ တဲ့
အလှူခံကန်ထရိုက်များက လာရောက်ငှားရမ်းခဲ့သည့် ကားပိုင်ရှင်တဦး၏ အတွေ့အကြုံ
ကျွန်တော့နားက ကားလာငှါးဖူးတယ်။ အဲ့ကန်ထရိုက်တွေ ဘုန်းကြီးကို သတ်မှတ်အမောင့်ကြိုရှင်းပီးသား ဘုန်းကြီးကို ရှင်းရင် ကားတစ်စီးစာ ၁သိန်းနဲ့ ကား၄စီးအတွက် ၄သိန်းရှင်းပေးခဲ့ပီး တကယ်တမ်းထွက်ရင် ၁ဝစီး လောက်ထွက်တယ်။
U Kalar Gyi, Soe Lin Latt
kaungmyatsaing
UNICODE
ဈေးရောင်းလို့ရတဲ့ပိုက်ဆံလေးနဲ့ မုန့်ထုပ်လေးတွေဝယ်ပြီး food boxမှာ ပြန်ပြီး လာလှူ နေရှာတဲ့အန်တီကြီးမိခင်ငှက်မကြီးဟာ အသိုက်ထဲမှာကျန်ခဲ့တဲ့ သူ့ကလေးတွေ အစာလည်းပြေ အသက်လည်းရှင်ဖို့အတွက်ကိုယ်တိုင်အငတ်ခံပြီး နေ့စဉ်အစာတွေ အံအံပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တယ် ဒါ လူဖြစ်ဖြစ် တိရိစ္ဆာန်ဖြစ်ဖြစ် မိခင်တိုင်းရဲ့ သားသမီးအပေါ်ထားတဲ့ တူညီတဲ့မေတ္တာပါပဲ!
အခုလည်း မိခင်တစ်ယောက်ဖြစ်တဲ့ ဒီမိန်းမကြီးဟာfood boxမှာ လာလှူ ပြီးထားသွားတဲ့မုန့်တွေထဲက မုန့်ထုပ်လေး၂ထုပ် ၃ထုပ်ကို လက်မှာပိုက်ခါ အိမ်မှာကျန်ခဲ့တဲ့ သူ့ကလေးတွေအတွက် အားရဝမ်းသာ သယ်သွားရှာတာကိုဗျာ လူတွေမကောင်းလိုက်ပုံများ ဓာတ်ပုံချက်ချင်းရိုက်ပြီး လိုင်းပေါ်တင်ကာအရှက်ခွဲလိုက်ကြသတဲ့!ဒီနေရာမှာ ခင်များတို့ရဲ့အမေ သို့မဟုတ် အစ်မ သို့မဟုတ် အဒေါ်ဖြင့်သော်၎င်း ဖြစ်နေမယ်ဆိုရင် ခင်များတို့ ဘယ်လိုခံစားရမယ်ထင်သလဲ?
အခုတော့ သူ့ခမျာ နောင်တတွေ ရနေရှာပြီး ဈေးရောင်းလို့ရတဲ့ပိုက်ဆံလေးနဲ့ မုန့်ထုပ်လေးတွေဝယ်ပြီး food boxမှာ ပြန်ပြီး လာလှူ နေရှာပါတယ်😢😢😢
Friday, June 21, 2019
အသွားအပြန် (၄) နာရီနီးပါးလမ်းလျှောက်ပြီး ကျောင်းတက်နေရတဲ့ ကလေးတွေအတွက် စက်ဘီးလေးတွေရပြီ
19th June 2019
Lesswalk.org
Than Tun Win
Unicode Version
ကျွန်တော်တို့ ကားကြီး ၁စီး ၊ ထရက်ကား ၁ စီးနဲ့ သွားရောက်လှူဒါန်းခဲ့ပါတယ်။ အဲ့နေ့က မိုးကြီးရွာတဲ့နေ့ ပြီးတော့ အဲ့ဒီကား ၂စီးမှာ စက်ဘီး ၂၀၅ စီးလှူဖို့ပါ ပါတယ်။ မှော်ဘီမြို့နယ်မှာရှိတဲ့ အစိုးရကျောင်း ၂ ကျောင်းအတွက် ၁၈၆ စီး ၊ မိဘမဲ့ကျောင်း ၂ကျောင်းအတွက် ၁၉ စီး လှူဒါန်းခဲ့ပါတယ်။
ဒီကလေးတွေက ရွာကနေ ကျောင်းကို ၂ နာရီနီးပါးလမ်းလျှောက်သွားရပါတယ်။ အသွား အပြန် ၄ နာရီနီးပါး အချိန်ကုန်ပါတယ်။ တချို့ကလေးတွေကျတော့ ၁ နာရီ – ၁နာရီခွဲလောက် လမ်းလျှောက်ရပါတယ်။
ကျေးလက်ဒေသမှာနေတဲ့ကလေးအများစုဟာ အသက်ငယ်ငယ်ရွယ်ရွယ်မှာ မိသားစုအခြေနေကြောင့် ၊ မိဘမစုံခြင်း ၊ တချို့ကလေးတွေမှာဆို မိဘမရှိတော့တဲ့ ကလေးတွေလည်းရှိပါတယ်။ ဒီလိုကလေးငယ်လေးတွေကို မြင်တွေ့ရတော့ အလွန်ဝမ်းနည်းမိပါတယ်။
ဒီလိုစိန်ခေါ်မှုတွေရှိနေသော်လည်း ဒီကလေးငယ်တွေရဲ့အနာဂါတ်အတွက် လူမှုအသိုင်းအဝိုင်းကနေဘယ်လောက်ထိ ဂရုတစိုက်ဖေးမကူညီမှုတွေကိုရှိနေတယ်ဆိုတာကို ကျွန်တော်တို့ မြင်တွေ့ခံစားရမှာပါ။ ဘယ်လိုပင်ဆင်းရဲမှုတွေကြုံပါစေ၊ ဘယ်လောက်ဝေးတဲ့နေရာမှာမိသားစုတွေနေပါစေ၊ ကျောင်းသားတွေက ဒီစိန်ခေါ်မှုကို ရင်ဆိုင်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေရရှိစေဖို့အတွက် ပညာရေးကို ကြိုးစားနေကြရပါတယ်။
ကျောင်းသားတော်တော်များများမှာ ဒီလိုအခက်အခဲတွေကြုံရပါတယ်။ သူတို့လေးတွေနဲ့တွေ့တဲ့အခါမေးဖြစ်တာက “ဘဝတိုးတက်ဖို့အတွက် ပြောင်းလဲပေးနိုင်တဲ့အရာကဘာဖြစ်မလဲ” လို့ မေးရင် သူတို့ပြန်ဖြေတာက “ပညာရေး” လို့ မဆိုင်းမတွနဲ့ရိုးရိုးလေး ပြန်ပြောကြပါတယ်။
တချို့ကလေးတွေရဲ့ ဘဝရည်မှန်းချက်က ကျောင်းဆရာ/မ ၊ အင်ဂျင်နီယာ ၊ ဆရာဝန် ပြီးတော့ သမ္မတဖြစ်ချင်တယ်ဆိုတဲ့ ကလေးတွေတောင်ရှိပါတယ်။ ကျွန်တော်တို့အားလုံး သူတို့အိမ်မက်လေးတွေအမှန်တကယ်ဖော်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ကြရအောင်လားဗျာ ….
19th June 2019
We loaded 2 x large truck and 1 box truck under heavy rain with 205 bicycles and we drove to Hmawbi Township to donate to 2 Government schools 186 Bicycles and 19 Bicycles to 2 Orphanages.
The benefiting students some walk up to almost 2 hours from the village to school. Back and forth they spend more than 4 hours travelling. Most students walk an average of 1-1.5 hours. It is saddening to see many students in the more rural area have challenging family situation, coming from single parent families or losing both parents at young age.
However, despite these challenging environment, we are extremely heartened to see how much the local community and society care about the future of these children. Regardless of how poor they are, and how far they live, families and students battle these challenges for the pursue of education, for a better life.
Almost every student we came up to, when we asked “Whats the best way to change your life?” Their answers were instant and simple, “Education!”
Some students want to be teacher, engineer, doctor, and even President of Myanmar. We wish them all the best in their pursuit of dreams!
Lesswalk.org
Than Tun Win
Monday, June 17, 2019
လှူပါ
ပီတိအတွက် လှူပါ
ကံပါမှ စားခွင့်ရတာပါ
peace ✌️
Credit- Su Yoon Shwe Hlwar
Unicode version
လှူပါ
မျှော်ကိုးပြီးမလှူပါနဲ့
ဝေဖန်အပြစ်တင်ဖို့ မလှူပါနဲ့
ပီတိအတွက် လှူပါ
ကိုယ်လဲဘယ်လောက်လှူနိုင်မှာမို့လဲ
စားတဲ့သူရော ဘယ်လောက်စားနိုင်မှာမို့လဲ
ကံပါမှ စားခွင့်ရတာပါ
ဒီငွေပမာဏဟာ သင်ဆင်းရဲသွားမှာမဟုတ်သလိုယူတဲ့သူအတွက်လဲ ကြီးပွားမသွားပါဘူး
peace ✌️
(မန်းမြို့ နန်းရှေ့သူတယောက်ရဲ့ ရင်တွင်းဖြစ်စကား)
ကိုယ်ရဲ့အပျော်တွေထည့်လို့မဆန့်အောင်ပိုလျှံလို့ ဝေခဲ့ရသေးတယ်
အလှူတန်းချမ်းသာကြွယ်ဝ လက်မနှေးတတ်တဲ့မန်းသူမန်းသားတွေအတွက် ဒါတွေဟာအသေးအမွှားအလှူလေးပါ
အခြားအလှူရှင်တွေလဲဒီထက်မက လှူနိုင်ပါစေ 🙏
(ရှမ်းလေး စက်သုံးဆီ မိသားစု)
#စကားချပ်- အချို့လူတွေပြောကြတယ်ကားပေါ်ကနေဆင်းယူတာဆိုင်ကယ်စကိုဖီပေါ်ကဆင်းယူတာ
ချမ်းသာတဲ့သူတွေလဲ ဝင်ယူတာဟုတ်ကဲ့ ယူပါစေပါဒီလိုလူတွေဟာဘယ်လိုလှူရလဲ လာလေ့လာတာဖြစ်နိုင်ပါတယ်
ကျနော်လဲ ဝင်ယူဖူးပါတယ် မဝယ်နိုင်လို့ မဟုတ်ပါဘူးဒီလိုယူခဲ့လို့ ဒီလိုလှူချင်စိတ်ဖြစ်ခဲ့တာပါကျနော့လိုလူတွေ အများကြီးနေမှာပါတဗူးယူပြီး ဗူး၁၀၀လာလှူမဲ့သူဖြစ်နိုင်သလို
တထုပ်ယူပြီး အထုပ် ၁၀၀ လာလှူမဲ့သူလဲ ဖြစ်လာမှာပါလှူတဲ့သူတောင် စိတ်ပြတ်လှူခဲ့သေးတာပဲကြားထဲက ဘာလို့ အပြစ်လိုက်ယူနေကြမှာလဲ
မမြင်ချင်ဘူး မုဒိတ်မပွားနိုင်ဘူးဆိုရင်ဥပက္ခောတရားထားလိုက်ပါ 😊
Su Yoon Shwe Hlwar
Monday, December 24, 2018
ရှိသမျှအိမ်မြေတို့ကိုရောင်းပြီး ထန်းလက်တဲထိုးနေ၍ သိန်းကိုးရာငါးဆယ်ကျော် ဓမ္မာရုံကြီး လှူဒါန်းခဲ့တဲ့ အာဂ ဇနီးမောင်နှံ
Zawgyi
Unicode version
မြင်းခြံဒေါင်းတောင်ရွာ အဖိုးဦးရီ /အဖွားဒေါတင်ထွေးတို့ကမိမိတို့ပိုင် အိမ်မြေတို့ကိုရောင်းပြီးထန်းလက်တဲထိုးနေ၍ သိန်းကိုးယာငါးဆယ်ကျော်ဤဓမ္မာရုံကြီး လှူဒါန်းခဲ့ကြောင်းသိရှိရသဖြင့် ဝမ်းမြေက်သာဓုခေါ်ဆိုနိုင်ပါရန်မျှဝေပါ၏ ။
Credit_ အျဖည့္ခံလူ
Sunday, December 16, 2018
ကျပ်သိန်းပေါင်းခြောက်သောင်းကျော်ကို သေတမ်းစာနှင့်လှူခဲ့သော မေမေဂျယ်လီအချိုရည် ကုမ္ပဏီမှ ဦးဟန်ဝင်းစိုး
ကနီမောင်(မေမေလူမှု)
.........................
Unicode
မိမိပိုင်ဆိုင်မှုငွေ ကျပ်သိန်းပေါင်းခြောက်သောင်းကျော်ကိုမေမေလူမှုကူညီရေးအသင်းသို့ သေတမ်းစာနှင့်လှူခဲ့သော မေမေဂျယ်လီအချိုရည်ကုမ္ပဏီမှ ဦးဟန်ဝင်းစိုးဖြစ်ပါတယ်။
မေမေလူမှုကူညီရေးဖောင်ဒေးရှင်းဟာရေရှားပါးဒေသများကိုရေရရှိရေး၊ ပညာရေး ကျန်းမာရေးစောင့်ရှောက်မှု၊ကျောက်ကပ်နှင့်အသည်းလှူဒါန်းမှု၊ သွေးလှူဒါန်းမှု၊ လိုအပ်သောအသင်းအဖွဲ့များသို့ထောကိပံ့ကူညီမှု၊ သဘာဝဘေးအန္တရာယ်ခံရခြင်းများအတွက်လှူဒါန်းမှုများအပြင် မန္တလေးမြို့ပေါ်ဆေးရုံကြီးများတွင် တနင်္ဂနွေနေ့တိုင်း ဆန်ပြုတ်၊ သာကူ၊ရေနွေး၊ ရေသန့်များကိုလှူဒါန်းပေးနေပြီး အဆိုပါလှူဒါန်းမှုမှာ လစဉ်ကျပ်ငွေသိနိးတစ်ရာဖိုးဖြစ်တယ်ခင်ဗျာ
ကနီမောင်(မေမေလူမှု)
Sunday, December 9, 2018
နှလုံးခွဲစိတ်ဖို့အလှုငွေဆယ်သိန်းလိုအပ်နေတဲ့သား လေး နေထက်အောင်
သားလေးနာမည်ကနေထက်အောင် အသက်ကတနှစ်
နဲ့ခြောက်လပဲရှိပါသေးတယ်။သားလေးမိဘတွေကနမ္မတူမြို့နယ်၊ဟိုက်ပါရွာကလက်လုပ်လက်စားသမား
တွေပါ။သားလေးကမွေးရာပါနှလုံးမှာအပေါက်ပါနေလို့
မန္တလေးကလေးဆေးရုံဟောင်းမှာကုသနေရာကနေ
ရန်ကုန်ရန်ကင်းကလေးဆေးရုံမှာသွားရောက်ခွဲစိတ်ကု
သရမှာပါ။သွားရောက်ခွဲစိတ်ရင် ဆယ်သိန်းခန့်ကုန်ကျ
မယ်လို့သိရပါတယ်။မိဘတွေကလဲရန်ကုန်မှာသွားပြီး
ခွဲစိတ်ဖို့ဘယ်လိုမှမတတ်လို့အခက်အခဲဖြစ်နေပါတယ်
ဒါကြောင့် စေတနာရှင်များဝိုင်းဝန်းကူညီပေးကြပါဦး:(
ONE TO ONE ပြည်သူ့ကူညီရေး
ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈
မန္တလေးမြို့
Tuesday, May 15, 2018
ခိုင်နှင်းဝေရဲ့ သာဓုခေါ်ဆိုကြဖို့အလှူ တတိယအကြိမ်မြောက်ချို့တဲ့အိမ်ထောင်စု ၄စုအားလှူဒါန်း
ခိုင်နှင်းဝေရဲ့ သာဓုခေါ်ဆိုကြဖို့အလှူ
တတိယအကြိမ်မြောက်ချို့တဲ့အိမ်ထောင်စု ၄စုအားလှူဒါန်း
Wednesday, August 9, 2017
ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်peace talk မှာကျေးရွာလျှပ်စစ်မီးအတွက်သိန်း၁၀၀ အလှူရှင် ဦးခင်မောင်ကြည်
ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်peace talk မှာကျေးရွာလျှပ်စစ်မီးအတွက်သိန်း၁၀၀
အလှုရှင်၂ဦးပေါ်ပေါက်ခဲ့ပါတယ်။
တဦးက မန္တလေးမှာTV liveကြည့်ရင်း စိတ်သဒ္ဒါပေါက်ခါဖုန်းဖြင့်လှမ်း၍လှူဒါန်းတဲ့သူကတော့
ဦးခင်မောင်ကြည် (BSI)ညွှန်မှုး (ငြိမ်း)Cadet 17 ဖြစ်ပါတယ်။
သူ့ရဲ့ဖေ့စ်ဘွတ်မှာ အောက်ပါအတိုင်းရေးသားထားတာတွေ့ရပါတယ်။
..................................................................................
ကျွန်တော်ကမိတ်ဆွေတယောက်ရဲ့ဝါဆိုသဃ်န်းကပ်သွားနေတာ အမျိုးသမီးကခါးနာနေလို့အိပ်ယာပေါ်ကမထနိုင်ဘူး TVကliveလွှင့်နေတဲ့နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ပြည်သူလူထုနဲ့တွေ့ဆုံပြီးငြိမ်းချမ်းရေးနဲ့လျပ်စစ်မီးကိစ္စကျေးလက်လူထုဆွေးနွေးပွဲကြည့်ပြီးကျေးလက်ဒေသမှအမျိုသမီးတင်ပြတဲ့မီးရရှိရေးကိစ္စကိုသနားကျင်နာတဲ့စိတ်ဖြစ် ရင်ထဲမှာလည်းမကောင်း တာနဲ့ချက်ခြင်းသိန်းတစ်ရာလှူဒါန်းလိုက်ပါတယ် ချစ်ဇနီး လပြည်နေ့မှာလျပ်စစ်မီးအတွက်လှူဒါန်းရတဲ့ကုသိုလ်ကြောင့်ခံစားနေရသောဝေဒနာများပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့ပျောက်ကင်းပြီးနိုင်ငံတော်ကြီးလဲအမြန်ဆုံးငြိမ်းချမ်းပါစေလူ နတ် ဗြမ္မာ သတ္တဝါ အားလုံး ဘေးရန်ကင်း၍ကျန်းမာ ချမ်းသာကြပါစေ
....................................................................................
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ကိုင်ထားတာ ဘာလဲဆိုတာ သိချင်သူများအတွက်
- ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးသားပြီး မန္တလေးပြည်သူလူထုထံ ပေးပို့လိုက်သည့်(ရှစ်လေးလုံး) အရေးတော်ပုံကြီးအချိန်ကစာ
- တော်လှန်ရေးအတွက် သိပ်မောနေရင်ကျမကို umbrella ထီးလိုသဘောထားပြီးနားခိုပါ
- ဒေါ်အောင်ဆန်းစုကြည် နှင့် ရုပ်ချင်းအလွန်တူသော ညီမတစ်ဝမ်းကွဲဒေါ်ကြည်ကြည်စန်း
- စစ်ဗိုလ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားထဲက တားထားတာ ကိုအောင်
- နာဂရိုးရာ လည်ဆွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်
- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လည်မှာဆွဲထားတဲ့ ပျူ ခေတ်ပုတီး
- ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့ကို အရေးယူရန် ၁၃ ပါတီတောင်းဆို
- ရခိုင်အရေးနဲ့ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆုကို ပြန်လည်ရုတ်သိမ်းရန် ဆွေးနွေးမည်ဟု မလေးရှားဒုဝန်ကြီးချုပ်ဆို
- အဖွားကြီး (Old Girl) ကို ဒီထက် မျှော်လင့်ခဲ့တာ" ဟု အေးနေ၀င်း ဆို
- ဒေါ်အောင်ဆန်းစုကြည်ရေးဆွဲသည့် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ပုံများ
- ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲထားတဲ့ ပန်းချီကား လက်ရှိOnlineလေလံမှာတင် ဒေါ်လာတစ်သိန်းတိတိ ရရှိထား
- ကာချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ပုံကို ပြန်ဖျက်ခဲ့ရကြောင်း
- ရိုဟင်ဂျာပြသနာဟာ ဖြေရှင်းလို့မရနိုင်ဘူးလို့များ ဒေါ်စု ထင်ပါသလား
- မလေးရှားရဲစခန်းကိုပို့ တဲ့ ISIS ကပစ်မှတ်ထားသူများစာရင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အမည်ပါဝင်နေ
- ဗိုလ်ချုပ်ကြီးများနှင့် သူတို့ မိသားစုများ ဝိုင်းနေသော ဒေါ်အောင်ဆန်းစုကြည်
- အမေရိကန် ရုရှား တရုတ် တို့ ကြားက ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်လိုက်သောလမ်း
- အတိုင်ပင်ခံ ရာထူး နှင့် ဥပဒေကြောင်း
- ပရိဘောဂပစ္စည်းဖိုး ကိုယ့်စားရိတ်နဲ့ကိုယ်ဝယ်ပြီး နောင်လူအတွက် အကုန်ထားခဲ့ဖို့ ဝန်ကြီးသစ်တွေကို လူထုခေါင်းဆောင်မှာကြားပြီ
- ဒေါ်စု ဘာကြောင့် ဝန်ကြီးဌာန ၄ ခု ယူဖို့ ဖြစ်လာလဲ
Khinmaung Kyi
Wednesday, December 28, 2016
အဆိုတော်လင်းလင်း ဟာ ချစ်သူဝေကို မပြောဘဲ သိန်းရာချီသုံးစွဲလိုက်သောအခါ မိန်းမဖြစ်တဲ့ ချစ်သူဝေရဲ့ တုန့်ပြန်ချက်က.....!
Credit:Myanmarload
#Unicode Version
မကြာခင်မှာ မွေးဖွားတော့ မဲ့ အမြွာလေးတွေရဲ့ မေမေ ဖြစ်တဲ့ ချစ်သူဝေ နှင့် ဖေဖေဖြစ်တဲ့ လင်းလင်း တို့ စုံတွဲဟာ ပရိသတ်တွေ အားကျလောက်အောင် လိုက်ဖက်တဲ့ ဇနီးမောင်နှံ ဖြစ်ပါတယ်။ တစ်ဦးနှင့် တစ်ဦး နားလည်မှု အပြည့်ရှိသလို အရမ်းချစ်ကြတဲ့ သူတို့ နှစ်ယောက်ဟာ ပရဟိတ လုပ်ငန်းတွေ လုပ်တဲ့နေရာမှာလည်း နှစ်ခေါက်မပြောရသလို သဒ္ဒါတရား ထက်သန်တဲ့ သူတွေပါ။ လင်းလင်း ကတော့ သူ့ဖေ့ဘွတ်ပေါ်မှာ မန္တလေးက ဘိုးဘွားရိပ်သာ က လိုအပ်ချက်တွေရယ် အကူအညီလိုအပ်တာတွေရယ်ကို ပြောပြီး အကူအညီတောင်းခံထားပါတယ်။
ထိုရိပ်သာဟာ မန္တလေး ရေတံခွန်တောင်ကနေ ထပ်တက်သွားရတဲ့ ထူမတောင် အပေါ်ဆုံးနားမှာ မနှစ်က လင်းလင်းတို့ သူငယ်ချင်းရောင်ရင်းတွေ စုပေါင်းမတည်ပြီး အကောင်အထည်ဖော်ထားတဲ့ ဘိုးဘွာရိပ်သာ (စွန့်ပစ်ဘိုးဘွားရိပ်သာ) မှာ လိုအပ်ချက်တွေများစွာရှိတဲ့အတွက် ချစ်သူဝေ နှင့် သူ တို့ လင်မယားနှစ်ယောက် သိန်း ၁၅၀ လောက်ကျမယ့် အဆောက်အအုံ့ကို လှူဒါန်းမှာဖြစ်တယ်လို့ပြောထားပြီး လိုအပ်ချက် တွေအများကြီးရှိတဲ့ အတွက် တက်နိုင်တဲ့ သူတွေရှိရင် လည်း အနည်းနှင့် အများဆိုသလို သွားရောက်လှူဒါန်းဖို့နှိုးဆော်ထားတာကိုတွေ့ရပါတယ်။
သို့ပေမယ့် နောက်ဆုံးမှာတော့ ( ကဲ မိန်းမရေ ,, ညည်းကိုမတိုင်ပင်ဘဲ အလှူတစ်ခုလုပ်လိုက်ပြီ, ညည်းလဲ နှစ်ခါမပြောရဘူးဆိုတာသိပြီးသားပါ, ညည်းကိုကျုပ်ခနခနပြောတာ မှတ်မိလား, ကျုပ်တို့တွေ ကားကောင်းတွေစီး တိုက်ကြီးပေါ်နေပြီး ကြုံရတဲ့ ဘဝအပူကဘာမို့လို့လဲကွာနော်, ဒီနိုင်ငံမှာ ဘဝဆိုးအပူ မျိုးစုံနဲ့ လူတွေအများကြီးရှိသေးတယ်လေ နော် ) ဆိုပြီး ချစ်သူဝေကို အသိမပေးဘဲ လှူဒါန်ူခဲ့သော်လည်း ရည်ရွယ်ချက်ကောင်းမွန်တဲ့အပြင် ကောင်းမှုကုသိုလ်ဖြစ်တဲ့ အတွက်ကြောင့် သူမဟာလည်း ပါရမီဖြည့်ဘက်အနေနှင့် 'သာဓုပါယောက်ျားရယ် အဖိုးအဖွားတွေကို လှူရတာမင်္ဂလာပါလေ' ဆိုပြီးပြန်ပြောထားပါတယ်။ ဒီလင်မယားကတော့ လိုက်လဲလိုက်ပါပေ့။
Credit:Myanmarload
သင်ဇာဝင့်ကျော်ရဲ့ လင်းပိုင်ကြီးကိုစီးမယ်
မင်းသမီးအေးမြတ်သူနဲ့ အလန်းစားရိုက်ကူးထားတဲ့ Auto Man Quick Service Center
မင်းသားစိုးသူရဲ့ဇနီးဟောင်းပြောပြတဲ့ တခါက အကြောင်းလေးတွေ-၃
မင်းသားစိုးသူရဲ့(၅၁)နှစ်မြောက်မွေးနေ့အတွက် သမီးငယ်ရဲ့ ချစ်စရာမွေးနေ့လက်ဆောင်စကား
မင်းသားစိုးသူရဲ့ဇနီးဟောင်းပြောပြတဲ့ တခါက အချစ်ဇတ်လမ်း-၂
မင်းသားစိုးသူရဲ့ဇနီးဟောင်းပြောပြတဲ့ တခါက အချစ်ဇတ်လမ်း-၁
အမေရိကန်နိုင်ငံမှာနေထိုင်တဲ့မင်းသားစိုးသူရဲ့ဇနီးဟောင်းက တရားစွဲချင်ရင်သူ့ကိုစွဲပါ။အားလုံးကိုရင်ဆိုင်ဖို့အသင့်ပါပဲလို့ ပြောလိုက်ပါတယ်။
- မမောတမ်း မနော(ပရိတ်သတ်ကို မမမောတမ်းဖျော်ဖြေနေတဲ့ မနော)