Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label DASSK. Show all posts
Showing posts with label DASSK. Show all posts
Sunday, February 9, 2020
တုန့်ပြန် မေတ္တာ
ချယ်ရီထက် ပို့စ်မှ ကူးယူပါသည်။
ဘဝမှာ အမှတ်တရ အဖြစ်အမြဲရှိနေမဲ့နေ့လေးတနေ့ပါ ပျော်လွန်းတယ်ဆိုတာထက် 🥰🥰🥰🥰🥰🥰🥰🥰 (အမေကိုယ်တိုင် ဒီဇိုင်းဆွဲပီးလုပ်ပေးတာနော်ချယ်ရီတဲ့)ရင်ထဲမှာဖြစ်လာရတဲ့ခံစားချက်က အတိုင်မသိအောင်ပါပဲ။ အမေကိုယ်တိုင်တဲ့လား
(၈ .၂.၂၀၂၀)Cherry Htet
Monday, December 23, 2019
အင်္ဂါထောင့်တွင် ဒေါ်အောင်ဆန်းစုကြည်လက်အုပ်ချီမိုးမေတ္တာပို့သနေသော ပုံတူရုပ်ထု
အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း လက်ဆောင်ပေးလိုက်သည့် ဗောဓိညောင်ပင်မှာနိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ပုံတူရုပ်ထု ထုလုပ်ပြီးစီး ....
ပြည်မြို့ ပန်းတောင်းမြို့နယ်ရှိ
"ပရဟိတစေတီတော်" ပေါ်ရှိ မဟာဗောဓိညောင်ပင် အင်္ဂါဒေါင့်
၂၀၁၀ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အိန္ဒိယနိုင်ငံသို့ အရောက်
ဝန်ကြီးချုပ်ဟောင်း မန်ဆိုဟန်ဆင်းမှ ဒေါ်အောင်ဆန်းစုကြည်အား ဓမ္မလက်ဆောင်ပေိးုက်သည့် မဟာဗောဓိညောင်ပင်အား အနိစ္စဆရာတော်ကြီး(ပုခုက္ကူဆရာတော်ကြီး) မှတစ်ဆင့် ကျွန်တော်ရရှိလာခဲ့ပြီးနောက် ပရဟိတစေတီတောင်တော်ပေါ်တွင်စိုက်ပျိုးခဲ့ရာ ယခုဆိုလျှင် ပရဟိတသာသနာဖွံ့ဖြိုးလာသည်နှင့်အညီ ဗောဓိညောင်ပင်ကြီးသည်လည်း ကြီးထွားရှင်သန်နေပြီဖြစ်သည်။
စက်တင်ဘာလတွင် ပြည်မြို့သို့"သုံးပန်လှကျိန်စာ"ရုပ်ရှင်ကားရိုက်ကူးရာတွင် သုံးပန်လှမင်းသမီး နန်းရှိရာ လက်သည်းရေကန်ဘုန်းတော်ကြီးကျောင်းကြီးသို့အရောက် မြန်မာပြည်မြေပုံနှင့်ဗိုလ်ချုပ်အောင်ဆန်း ဒေါ်အောင်ဆန်းစုကြည်တို့၏ပုံတူရုပ်ထုကိုမြင်တွေ့ခဲ့ရာမှ ကျွန်တော်စိတ်ကူးရလာမိသည်။
ထို့ကြောင့် ယင်းစိတ်ကူးအားအကောင်အထည်ဖေါ်ရန်အတွက်"ပုံတူရုပ်ထုပညာရှင် ကိုနေသူတင့်" အားစုံစမ်းကာ စက်တင်ဘာလကုန်တွင်အလုပ်အပ်နှံခဲ့ပါသည်။
ဗောဓိညောင်ပင်ကြီး၏ အင်္ဂါထောင့်တွင် ဒေါ်အောင်ဆန်းစုကြည်လက်အုပ်ချီမိုးမေတ္တာပို့သနေသော ပုံတူရုပ်ထု ထုလုပ်ရန် အပ်နှံခဲ့ပါသည်။
Nay Lin
Saturday, November 23, 2019
Witness intimidation is a crime ,no matter who does it ,Full Stop. by Hillary Clinton
“Witness intimidation is a crime ,no matter who does it ,Full Stop. by Hillary Clinton"
ပူပေါင်းခြိမ်းခြောက်ခြင်းဟာရာဇဝတ်မှုတခုပါပဲ၊ဘယ်သူပဲပြုလုပ်ပါစေ.လမ်းဆုံးသွားပါပြီ”
မြန်မာနိုင်ငံ၏ထိပ်တန်း(ခေါင်းဆောင်များ - စစ်တပ်)နှင့်အရပ် သားနှစ်ဦးစလုံးဟာယခုသူတို့ရင်ဆိုင်နေရသောနိုင်ငံတကာဥပဒေရေးရာအငြင်းပွားမှုကြောင့်အထိတ်တလန့်အံ့ဩသင့်ခဲ့ရပါတယ်၊
ရက်အနည်းငယ်အတွင်းသီးခြားတရားရုံးများ၌အပြန်အလှန်ဆက်စပ်မှုမရှိသည့်အမှုပေါင်း ၃ ခုကိုတရားရုံးများသို့တင်သွင်းခဲ့ပါတယ်။ ၎င်းတို့အားလုံးသည်မြန်မာအစိုးရနှင့်တိုင်းပြည်၏စစ်ခေါင်းဆောင်များအား(၂၀၁၆)ခုနှစ်အောက်တိုဘာလစစ်ဆင်ရေးကာလအတွင်းဖြစ်ပွားခဲ့သောရခိုင်ပြည်နယ်ပဋိပက္ခကနေဆိုးရွားလှစွာဖြစ်ပွားခဲ့သောအဖြစ်အပျက်များအတွက်တာဝန်ခံမှုဖြစ်စေရန်ရည်ရွယ်ခဲ့ပါတယ်၊
သို့သော်အပြည်ပြည်ဆိုင်ရာတရားမျှတမှုတရားရုံး(ICJ)ကတော့မြန်မာအစိုးရကိုအရေးယူရန်တွန်းအားပေးခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာတိုင်းပြည်ကာကွယ်ရေးအဖွဲ့ကိုဉီးဆောင်လိမ့်မည်ဟုသူမ၏ရုံးခန်းမှကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာအစိုးရအနေဖြင့်ရခိုင်အရေးကိုကိုင်တွယ်ဖြေရှင်းမှုနဲ့ပက်သက်လို့နိုင်ငံတကာ၏ဝေဖန်မှုများကြီးထွားလာခြင်းနှင့်၎င်းတို့၏လုပ်ရပ်များအတွက်ခေါင်းမာမာဖြင့်ပင်တာဝန်ယူမှုပျက်ပြားခဲ့ပါတယ်၊
လပေါင်းများစွာမြန်မာအစိုးရနှင့်မြန်မာစစ်တပ်တို့ဟာပက္ခများနှင့် မလွှဲမရှောင်နိုင်သောထိပ်တိုက်ရင်ဆိုင်မှုများကိုရှောင်ရှားခဲ့ပါတယ်
တကယ်တမ်းလိုအပ်တာကဒေသတွင်းပြန်လည်သင့်မြတ်ရေးအတွက်အသေးစိတ်အစီအစဉ်နှင့်လက်ရှိအကျပ်အတည်းကိုဖြစ်ပေါ်စေသောပြသနာများ၏အခြေခံအကြောင်းရင်းများကိုဖြေရှင်းဖို့ပါပဲ၊
လွန်ခဲ့သောသုံးနှစ်ကာလကရခိုင်ပြည်နယ်ရှိမွတ်စလင်ဘာသာဝင်သူတို့အခေါ်ဟင်ဂျာလူမျိုးများလူ(၁)သန်းနီးပါးဟာအသက်ရှင်ဖို့အတွက်အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးရလောက်အောင်လူမျိုးတုန်းသတ်ဖြတ်ရေးလုပ်ဆောင်မှုများကိမြန်မာစစ်တပ်ဟာဦးဆောင်ခဲ့တယ်လိုထပ်ခါတလဲလဲစွပ်စွဲခံခဲ့ရပါတယ်၊
လောလောဆယ်ဆယ်မှာတော့မြန်မာနိုင်ငံထွက်ပြေးလာသောရိုဟင်ဂျာဒုက္ခသည်များဟာဘင်္ဂလားဒေ့ရှ်နေမှုထိုင်မှုမသင့်လျော်လောက်အောင်ဆိုးရွားလှသည့်ဒုက္ခသည်စခန်းများတွင်ဒုက္ခရောက်သောင်တင်နေပါတယ်၊ဘင်္ဂလားဒေ့ရှ်အစိုးရနှင့်မြန်မာအစိုးရတို့ဟာရိုဟင်ဂျာဒုက္ခသည်များပြန်လည်နေရာချထားရေးအစီအစဉ်ကိုစတင်ရန်ပျက်ကွက်ခြင်းအတွက်မည်သူသည်တာဝန်ရှိသည်ဟုအငြင်းပွားနေကြပါတယ်၊
မြန်မာအစိုးရနှင့်မြန်မာစစ်တပ်ခေါင်းဆောင်များဟာလူမျိုးရေးသန့်စင်မှုနှင့်လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များကိုငြင်းဆန်ကာသူတို့ဟာအကြမ်းဖက်သမားတွေကိုတန်ပြန်တိုက်ခိုက်ခဲ့တာလို့ငြင်းဆိုခဲ့ပါတယ်၊သူတို့ကိုကုလသမဂ္ဂအပါအဝင်၊အိုအိုင်စီ(OIC)အဖွဲ့ဝင်နိုင်ငံတွေနှင့်အနောက်နိုင်ငံတွေဟာတသမတ်တည်းပုံကြီးချဲ့ကားပြောဆိုတယ်ဆိုပြီးပယ်ချခဲ့ပါတယ်၊ကုလသမဂ္ဂအစီရင်ခံစာမျာရခိုင်ပြည်နယ်ရှိမွတ်ဆလင်ဘာသာဝင်ရိုဟင်ဂျာလူမျိုးစုတွေအားလုံးကိုအတင်းအဓမ္မနှင်ထုတ်ခြင်း၊သူတို့၏အိမ်များကိုဖျက်ဆီးခြင်း၊အမျိုးသမီးတွေကိုမုဒိမ်းကျင့်ခြင်းစတဲ့ကုလသမဂ္ဂအစီရင်ခံစာအကျဉ်းချုပ်ဖော်ပြချက်ကိုလည်းအဆက်မပြတ်ပစ်ပယ်ခဲ့ပါတယ်၊
မအစ္စလာမ်မစ်(၅၇)နိုင်ငံအဖွဲ့ပါဝင်သောအ(OIC)အဖွဲဟာကုလသမဂ္ဂတွင်မြန်မာနိုင်ငံကာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်၍တရားစွဲဆိုနိုင်ရန်အနောက်တိုင်းနိုင်ငံများနှင့်ပူးပေါင်းခဲ့ပါတယ်၊သို့သော်ထိုကဲ့သို့ကြိုးပမ်းဆောင်ရွက်မှုကိုကုလမသမဂ္ဂလုံခြုံရေးကောင်စီတွင်မြန်မာနိုင်ငံအတွက်တရုတ်နှင့်ရုရှားတို့ကဗီတိုအာဏာဖြင့်ပယ်ချကာလုံခြုံရေးအကာအကွယ်ထီးမိုးပေးခဲ့ပါတယ်၊
သို့သော်ယခုလအစောပိုင်းတွင်ဟိဂ်မြို့ရှိအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က(OIC)အဖွဲ့ဝင်ဖြစ်သောအနောက်အာဖရိကမွတ်စ်လင်မ်နိုင်ငံဂမ်ဘီယာမှတင်သွင်းသောအမှုအားကြားနာ ရန်လက်ခံခဲ့ပါတယ်၊ ဒီဖြစ်ရပ်ကမြန်မာအစိုးရကိုတရားရင်ဖို့ဖြစ်လာစေခဲ့ပါတယ်၊
လူမျိုးတုံးသတ်ဖြတ်မှုကိုတားမြစ်သည့်ဂျီနီဗာသဘောတူညီမှုအားမြန်မာအစိုးရကချိုးဖောက်မှုရှိမရှိစုံစမ်းစစ်ဆေးရန်(ICJ)အပြည်ပြည်ဆိုင်ရာတရားရုံးအားတောင်းဆိုခဲ့ပါတယ်၊နိုင်ငံအတွင်းပြည်သူလူထုအားလူမျိုးတုံးသတ်ဖြတ်ဖို့သွေးထိုးလှုံ့ဆော်မှုနှင့်အတူလူမျိုးတုံးသတ်ဖြတ်မှုကိုဆန်ကျင့်သောဂျီနီဗာကွန်ဗင်းရှင်းအားချိုးဖောက်သည့်အတွက်တရားရုံးဆုံးဖြတ်ချက်အားဂမ်ဘီယာမှတောင်းဆိုခဲ့ပါတယ်။
အထူးသဖြင့်ရိုဟင်ဂျာလူမျိုးစုအုပ်စုတစုလုံးကိုဖြစ်စေ၊တစိတ်တပိုင်းကိုဖြစ်ဖျက်ဆီးရန်ရည်ရွယ်ကာလူအသက်တွေကိုသတ်ဖြတ်ခြင်း၊ ကိုယ်ခန္ဓာနှင့်စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာစေခြင်း၊ရုပ်ပိုင်းဆိုင်ရာပျက်စီးခြင်းကိုဖြစ်ပေါ်စေရန်တွက်ချက်လုပ်ဆောင်ခြင်း၊မွေးဖွားခြင်းကိုတားဆီးရန်အစီအမံများနှင့်အတင်းအကျပ်ပြောင်းရွှေ့ခြင်းများလူမဆန်အောင်လုပ်ဆောင်ခဲ့ခြင်းအတွက်တာဝန်ရှိတယ်ဆိုခဲ့တယ်လိုဆိုပါတယ် ”
အိုင်စီဂျီ(ICJ)အမှုကိစ္စဟာအဓိကအားဖြင့်ကုလသမဂ္ဂ၏(၂၀၁၈)ခုနှစ်သြဂုတ်လတွင်ထုတ်ပြန်ခဲ့သောအချက်အလက်ရှာဖွေရေးမစ်ရှင်အစီရင်ခံစာအပေါ်အခြေခံပါတယ်၊အဲ့ဒီအစီရင်ခံစာတွင်မြန်မာစစ်တပ်ကရိုဟင်ဂျာလူမျိုးစုများအားနှင်ထုတ်ရန်အကြမ်းဖက်တိုက်ခိုက်မှုတွင်လူမျိုးတုံးသတ်ဖြတ်မှုရည်ရွယ်ကြောင်းပြသခဲ့ပါတယ်၊ပြီးတော့မြန်မာနိုင်ငံဟာမြောက်ပိုင်းနယ်စပ်ဒေသရှိရှမ်း၊ကချင်နှင့်အခြားတိုင်းရင်းသားလူနည်းစုများအပေါ်တွင်လည်းအကြမ်းဖက်ဖိနှိပ်မှုများလုပ်ဆောင်ခဲ့ကြောင်းစွတ်စွဲခံခဲ့ရပါတယ်၊
မြန်မာစစ်တပ်အနေဖြင့်နောက်ထပ်လူမျိုးတုံးသတ်ဖြတ်မှုတားဆီးဖို့ကြိုတင်ကာကွယ်ရေးအစီအမံချမှတ်ရန်ဂမ်ဘီယာနိုင်ငံကလည်းအပြည်ပြည်ဆိုင်ရာတရားရုံးသို့တောင်းဆိုခဲ့ပါတယ်၊(ICJ)အပြည်ပြည်ဆိုင်ရာ
တရားရုံးအနေဖြင့်၊မြန်မာနိုင်ငံအားလက်ရှိအခြေအနေကိုပိုမိုဆိုးရွားစေနိုင်သည့်အရေးယူဆောင်ရွက်မှုများအားလုံးကိုရပ်တန့်ရန်အရေးပေါ်ယာယီမိန့်ခွန်းထုတ်ပြန်ရန်တောင်းဆိုခဲ့ပါတယ်၊ရိုဟင်ဂျာများအားတစ်ချိန်ကသူတို့နေထိုင်ခဲ့သည့်နေအိမ်များအားဝင်ရောက်ကာတရားမ ၀ င်သတ်ဖြတ်မှုများ၊မုဒိမ်းပြုကျင့်မှုများနှင့်အဆင့်အတန်းမြှင့်တင်ခြင်းများကိုရပ်တန့်ရန်တောင်းဆိုခဲ့ပါတယ်၊
“ မြန်မာနိုင်ငံဟာဒီလူမျိုးတုံးသတ်ဖြတ်မှုကိုရပ်တန့်ဖို့ရည်ရွယ်ချက်မရှိဘူးဆိုတာထင်ရှားတယ်၊ပြီးတော့နယ်မြေအတွင်းမှာရှိတဲ့လူမျိုးစုငယ်အုပ်စုတွေကိုဆက်လက်ဖျက်ဆီးဖို့ဆက်လုပ်နေတယ်ဆိုတာ ရှင်းနေပါတယ်”လို့လည်းတရားစွဲဆိုခဲ့ပါတယ်၊မြန်မာအစိုးရဟာလည်းမြန်မာစစ်တပ်ရဲ့ရာဇ၀တ်မှုများကိုဖုံးကွယ်ရန်အတွက်မြန်မာစစ်တပ်ရဲ့လူမဆန်သောချိုးဖောက်ခဲ့သောသက်သေများတမင်တကာဖျက်ဆီးပစ်ခဲ့ပါတယ်လို့စွတ်စွဲခဲ့ပါတယ်၊
အိုင်စီဂျီ(ICJ)အပြည်ပြည်ဆိုင်ရာတရားရုံးဟာပုံမှန်အားဖြင့်နှစ်နိုင်ငံပါဝင်သောအငြင်းပွားမှုများကိုဆုံးဖြတ်ရန်အစည်းအဝေးသို့သာခေါ်ယူလေ့ရှိသော်လည်းဘော့စနီးယားကဆားဘီးယားတို့ကိုတရားစွဲဆိုခဲ့သည့်အလားလူမျိုးတုံးသတ်ဖြတ်မှု၏ပြစ်ဒဏ်နှင့်ကာကွယ်တားဆီးရေးဆိုင်ရာအငြင်းပွားမှုများကိုပါထည့်သွင်းစဉ်းစားနိုင်သောလုပ်ပိုင်ခွင့်ရှိနေပါတယ်၊အဆိုပါကွန်ဗင်းရှင်းတွင်“ထိုကဲ့သို့သောအမျိုးသားရေး၊လူမျိုးရေး၊လူမျိုးရေးနှင့်ဘာသာရေးအုပ်စုများကိုလုံးလုံးဖြစ်စေ၊တစ်စိတ်တစ်ပိုင်းဖြစ်စေဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့်ကျူးလွန်သောအပြုအမူများ” ပါဝင်တယ်လို့ပြဠန်းထားပါတယ်၊
ဂမ်ဘီယာနိုင်ငံကဤအချက်သည်မြန်မာနိုင်ငံနှင့်သက်ဆိုင်သည်ဟုဆိုထားပါတယ်၊ဥပဒေကျွမ်းကျင်သူများကလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာသဘောတူညီချက်စာချုပ်ပါအဖွဲ့ဝင်နိုင်ငံများအနေဖြင့်မည်သည့်နေရာတွင်ဖြစ်ပွားပါစေလူမျိုးတုံးသတ်ဖြတ်မှုကိုဆန့်ကျင်ရန်လုပ်ပိုင်ခွင့်အာဏာရှိသည်ဟုယုံကြည်ကြပါတယ်၊အမှန်စင်စစ်မြန်မာနိုင်ငံသည်(၁၉၅၆)ခုနှစ်(ဖ.ဆ.ပ.လ)ပါလီမန်ဒ်မိုကရေစီအစိုးရခေတ်အဲ့ဒီကွန်ဗင်းရှင်ကိုလက်မှန်ရေးထိုးခဲ့ပြီးရေးထိုးခဲ့သူ(ဖ.ဆ.ပ.လ)အစိုးရဝန်းကြီးချုပ်ဦးနုဖြစ်ခဲ့ပါတယ်၊
ဒါကြောင့်“ မြန်မာအစိုးရကတုန့်ပြန်ရမယ်၊ ဒါကိုလျစ်လျူရှုလို့မရဘူး” လိုရန်ကုန်ရှိအရှေ့တောင်အာရှစောင့်ကြည့်လေ့လာရေးအဖွဲ့အခြေစိုက်အာရှသံတမန်တဦးကပြောကြားခဲ့ပ်တယ်။
သီဟနာဒ
“Witness intimidation is a crime ,no matter who does it ,Full Stop.
ပူပေါင်းခြိမ်းခြောက်ခြင်းဟာရာဇဝတ်မှုတခုပါပဲ၊ဘယ်သူပဲပြုလုပ်ပါစေ.လမ်းဆုံးသွားပါပြီ”
မြန်မာနိုင်ငံ၏ထိပ်တန်း(ခေါင်းဆောင်များ - စစ်တပ်)နှင့်အရပ်သား နှစ်ဦးစလုံးဟာယခုသူတို့ရင်ဆိုင်နေရသောနိုင်ငံတကာဥပဒေရေးရာအငြင်းပွားမှုကြောင့်အထိတ်တလန့်အံ့ဩသင့်ခဲ့ရပါတယ်၊
ရက်အနည်းငယ်အတွင်းသီးခြားတရားရုံးများ၌အပြန်အလှန်ဆက်စပ်မှုမရှိသည့်အမှုပေါင်း ၃ ခုကိုတရားရုံးများသို့တင်သွင်းခဲ့ပါတယ်။ ၎င်းတို့အားလုံးသည်မြန်မာအစိုးရနှင့်တိုင်းပြည်၏စစ်ခေါင်းဆောင်များအား(၂၀၁၆)ခုနှစ်အောက်တိုဘာလစစ်ဆင်ရေးကာလအတွင်းဖြစ်ပွားခဲ့သောရခိုင်ပြည်နယ်ပဋိပက္ခကနေဆိုးရွားလှစွာဖြစ်ပွားခဲ့သောအဖြစ်အပျက်များအတွက်တာဝန်ခံမှုဖြစ်စေရန်ရည်ရွယ်ခဲ့ပါတယ်၊
သို့သော်အပြည်ပြည်ဆိုင်ရာတရားမျှတမှုတရားရုံး(ICJ)ကတော့မြန်မာအစိုးရကိုအရေးယူရန်တွန်းအားပေးခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာတိုင်းပြည်ကာကွယ်ရေးအဖွဲ့ကိုဦးဆောင်လိမ့်မည်ဟုသူမ၏ရုံးခန်းမှကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာအစိုးရအနေဖြင့်ရခိုင်အရေးကိုကိုင်တွယ်ဖြေရှင်းမှုနဲ့ပက်သက်လို့နိုင်ငံတကာ၏ဝေဖန်မှုများကြီးထွားလာခြင်းနှင့်၎င်းတို့၏လုပ်ရပ်များအတွက်ခေါင်းမာမာဖြင့်ပင်တာဝန်ယူမှုပျက်ပြားခဲ့ပါတယ်၊
လပေါင်းများစွာမြန်မာအစိုးရနှင့်မြန်မာစစ်တပ်တို့ဟာပက္ခများနှင့် မလွှဲမရှောင်နိုင်သောထိပ်တိုက်ရင်ဆိုင်မှုများကိုရှောင်ရှားခဲ့ပါတယ်
တကယ်တမ်းလိုအပ်တာကဒေသတွင်းပြန်လည်သင့်မြတ်ရေးအတွက်အသေးစိတ်အစီအစဉ်နှင့်လက်ရှိအကျပ်အတည်းကိုဖြစ်ပေါ်စေသောပြသနာများ၏အခြေခံအကြောင်းရင်းများကိုဖြေရှင်းဖို့ပါပဲ၊
လွန်ခဲ့သောသုံးနှစ်ကာလကရခိုင်ပြည်နယ်ရှိမွတ်စလင်ဘာသာဝင်သူတို့အခေါ်ဟင်ဂျာလူမျိုးများလူ(၁)သန်းနီးပါးဟာအသက်ရှင်ဖို့အတွက်အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးရလောက်အောင်လူမျိုးတုန်းသတ်ဖြတ်ရေးလုပ်ဆောင်မှုများကိုဦးဆောင်ခဲ့တယ်လို့မြန်မာစစ်တပ်ကထပ်ခါတလဲလဲစွပ်စွဲခံခဲ့ရပါတယ်၊
လောလောဆယ်ဆယ်မှာတော့မြန်မာနိုင်ငံကထွက်ပြေးလာသောရိုဟင်ဂျာဒုက္ခသည်များဟာဘင်္ဂလားဒေ့ရှ်နေမှုထိုင်မှုမသင့်လျော်လောက်အောင်ဆိုးရွားလှသည့်ဒုက္ခသည်စခန်းများတွင်ဒုက္ခရောက်သောင်တင်နေပါတယ်၊ဘင်္ဂလားဒေ့ရှ်အစိုးရနှင့်မြန်မာအစိုးရတို့ဟာရိုဟင်ဂျာဒုက္ခသည်များပြန်လည်နေရာချထားရေးအစီအစဉ်ကိုစတင်ရန်ပျက်ကွက်ခြင်းအတွက်မည်သူသည်တာဝန်ရှိသည်ဟုအငြင်းပွားနေကြပါတယ်၊
မြန်မာအစိုးရနှင့်မြန်မာစစ်တပ်ခေါင်းဆောင်များဟာလူမျိုးရေးသန့်စင်မှုနှင့်လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များကိုငြင်းဆန်ကာသူတို့ဟာအကြမ်းဖက်သမားတွေကိုတန်ပြန်တိုက်ခိုက်ခဲ့တာလို့ငြင်းဆိုခဲ့ပါတယ်၊သူတို့ကိုကုလသမဂ္ဂအပါအဝင်၊အိုအိုင်စီ(OIC)အဖွဲ့ဝင်နိုင်ငံတွေနှင့်အနောက်နိုင်ငံတွေဟာတသမတ်တည်းပုံကြီးချဲ့ကားပြောဆိုတယ်ဆိုပြီးပယ်ချခဲ့ပါတယ်၊ကုလသမဂ္ဂအစီရင်ခံစာမျာရခိုင်ပြည်နယ်ရှိမွတ်ဆလင်ဘာ
သာဝင်ရိုဟင်ဂျာလူမျိုးစုတွေအားလုံးကိုအတင်းအဓမ္မနှင်ထုတ်ခြင်း၊သူတို့၏အိမ်များကိုဖျက်ဆီးခြင်း၊အမျိုးသမီးတွေကိုမုဒိမ်းကျင့်ခြင်းစတဲ့ကုလသမဂ္ဂအစီရင်ခံစာအကျဉ်းချုပ်ဖော်ပြချက်ကိုလည်းအဆက်မပြတ်ပစ်ပယ်ခဲ့ပါတယ်၊
မအစ္စလာမ်မစ်(၅၇)နိုင်ငံအဖွဲ့ပါဝင်သောအ(OIC)အဖွဲဟာကုလသမဂ္ဂတွင်မြန်မာနိုင်ငံကာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်၍တရားစွဲဆိုနိုင်ရန်အနောက်တိုင်းနိုင်ငံများနှင့်ပူးပေါင်းခဲ့ပါတယ်၊သို့သော်ထိုကဲ့သို့ကြိုးပမ်းဆောင်ရွက်မှုကိုကုလမသမဂ္ဂလုံခြုံရေးကောင်စီတွင်မြန်မာနိုင်ငံအတွက်တရုတ်နှင့်ရုရှားတို့ကဗီတိုအာဏာဖြင့်ပယ်ချကာလုံခြုံရေးအကာအကွယ်ထီးမိုးပေးခဲ့ပါတယ်၊
သို့သော်ယခုလအစောပိုင်းတွင်ဟိဂ်မြို့ရှိအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က(OIC)အဖွဲ့ဝင်ဖြစ်သောအနောက်အာဖရိကမွတ်စ်လင်မ်နိုင်ငံဂမ်ဘီယာမှတင်သွင်းသောအမှုအားကြားနာရန်လက်ခံခဲ့ပါတယ်၊ဒီဖြစ်ရပ်ကမြန်မာအစိုးရကိုတရားရင်ဖို့ဖြစ်လာစေခဲ့ပါတယ်၊လူမျိုးတုံးသတ်ဖြတ်မှုကိုတားမြစ်သည့်ဂျီနီဗာသဘောတူညီမှုအားမြန်မာအစိုးရကချိုးဖောက်မှုရှိမရှိစုံစမ်းစစ်ဆေးရန်(ICJ)အပြည်ပြည်ဆိုင်ရာတရားရုံးအားတောင်းဆိုခဲ့ပါတယ်၊နိုင်ငံအတွင်းပြည်သူလူထုအားလူမျိုးတုံးသတ်ဖြတ်ဖို့သွေးထိုးလှုံ့ဆော်မှုနှင့်အတူလူမျိုးတုံးသတ်ဖြတ်မှုကိုဆန်ကျင့်သောဂျီနီဗာကွန်ဗင်းရှင်းအားချိုးဖောက်သည့်အတွက်တရားရုံးဆုံးဖြတ်ချက်အားဂမ်ဘီယာမှတောင်းဆိုခဲ့ပါတယ်။
အထူးသဖြင့်ရိုဟင်ဂျာလူမျိုးစုအုပ်စုတစုလုံးကိုဖြစ်စေ၊တစိတ်တပိုင်းကိုဖြစ်ဖျက်ဆီးရန်ရည်ရွယ်ကာလူအသက်တွေကိုသတ်ဖြတ်ခြင်း၊ကိုယ်ခန္ဓာနှင့်စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာစေခြင်း၊ရုပ်ပိုင်းဆိုင်ရာပျက်စီးခြင်းကိုဖြစ်ပေါ်စေရန်တွက်ချက်လုပ်ဆောင်ခြင်း၊မွေးဖွားခြင်းကိုတားဆီးရန်အစီအမံများနှင့်အတင်းအကျပ်ပြောင်းရွှေ့ခြင်းများလူမဆန်အောင်လုပ်ဆောင်ခဲ့ခြင်းအတွက်တာဝန်ရှိတယ်ဆိုခဲ့တယ်လိုဆိုပါတယ် ”
အိုင်စီဂျီ(ICJ)အမှုကိစ္စဟာအဓိကအားဖြင့်ကုလသမဂ္ဂ၏(၂၀၁၈)ခုနှစ်သြဂုတ်လတွင်ထုတ်ပြန်ခဲ့သောအချက်အလက်ရှာဖွေရေးမစ်ရှင်အစီရင်ခံစာအပေါ်အခြေခံပါတယ်၊အဲ့ဒီအစီရင်ခံစာတွင်မြန်မာစစ်တပ်ကရိုဟင်ဂျာလူမျိုးစုများအားနှင်ထုတ်ရန်အကြမ်းဖက်တိုက်ခိုက်မှုတွင်လူမျိုးတုံးသတ်ဖြတ်မှုရည်ရွယ်ကြောင်းပြသခဲ့ပါတယ်၊ပြီးတော့မြန်မာနိုင်ငံဟာမြောက်ပိုင်းနယ်စပ်ဒေသရှိရှမ်း၊ကချင်နှင့်အခြားတိုင်းရင်းသားလူနည်းစုများအပေါ်တွင်လည်းအကြမ်းဖက်ဖိနှိပ်မှုများလုပ်ဆောင်ခဲ့ကြောင်းစွတ်စွဲခံခဲ့ရပါတယ်၊
မြန်မာစစ်တပ်အနေဖြင့်နောက်ထပ်လူမျိုးတုံးသတ်ဖြတ်မှုတားဆီးဖို့ကြိုတင်ကာကွယ်ရေးအစီအမံချမှတ်ရန်ဂမ်ဘီယာနိုင်ငံကလည်းအပြည်ပြည်ဆိုင်ရာတရားရုံးသို့တောင်းဆိုခဲ့ပါတယ်၊(ICJ)အပြည်ပြည်ဆိုင်ရာ
တရားရုံးအနေဖြင့်၊မြန်မာနိုင်ငံအားလက်ရှိအခြေအနေကိုပိုမိုဆိုးရွားစေနိုင်သည့်အရေးယူဆောင်ရွက်မှုများအားလုံးကိုရပ်တန့်ရန်အရေးပေါ်ယာယီမိန့်ခွန်းထုတ်ပြန်ရန်တောင်းဆိုခဲ့ပါတယ်၊ရိုဟင်ဂျာများအားတစ်ချိန်ကသူတို့နေထိုင်ခဲ့သည့်နေအိမ်များအားဝင်ရောက်ကာတရားမ၀င်သတ်ဖြတ်မှုများ၊မုဒိမ်းပြုကျင့်မှုများနှင့်အဆင့်အတန်းမြှင့်တင်ခြင်းများကိုရပ်တန့်ရန်တောင်းဆိုခဲ့ပါတယ်၊
“ မြန်မာနိုင်ငံဟာဒီလူမျိုးတုံးသတ်ဖြတ်မှုကိုရပ်တန့်ဖို့ရည်ရွယ်ချက် မရှိဘူးဆိုတာထင်ရှားတယ်၊ပြီးတော့နယ်မြေအတွင်းမှာရှိတဲ့လူမျိုးစုငယ်အုပ်စုတွေကိုဆက်လက်ဖျက်ဆီးဖို့ဆက်လုပ်နေတယ်ဆိုတာရှင်းနေပါတယ်”လို့လည်းတရားစွဲဆိုခဲ့ပါတယ်၊မြန်မာအစိုးရဟာလည်းမြန်မာစစ်တပ်ရဲ့ရာဇ၀တ်မှုများကိုဖုံးကွယ်ရန်အတွက်မြန်မာစစ်တပ်ရဲ့လူမဆန်သောချိုးဖောက်ခဲ့သောသက်သေများတမင်တကာဖျက်ဆီးပစ်ခဲ့ပါတယ်လို့စွတ်စွဲခဲ့ပါတယ်၊
အိုင်စီဂျီ(ICJ)အပြည်ပြည်ဆိုင်ရာတရားရုံးဟာပုံမှန်အားဖြင့်နှစ်နိုင်ငံပါဝင်သောအငြင်းပွားမှုများကိုဆုံးဖြတ်ရန်အစည်းအဝေးသို့သာခေါ်ယူလေ့ရှိသော်လည်းဘော့စနီးယားကဆားဘီးယားတို့ကိုတရားစွဲဆိုခဲ့သည့်အ လားလူမျိုးတုံးသတ်ဖြတ်မှု၏ပြစ်ဒဏ်နှင့်ကာကွယ်တားဆီးရေးဆိုင်ရာအငြင်းပွားမှုများကိုပါထည့်သွင်းစဉ်းစားနိုင်သောလုပ်ပိုင်ခွင့်ရှိနေပါတယ်၊အဆိုပါကွန်ဗင်းရှင်းတွင်“ ထိုကဲ့သို့သောအမျိုးသားရေး၊ လူမျိုးရေး၊ လူမျိုးရေးနှင့်ဘာသာရေးအုပ်စုများကိုလုံးလုံးဖြစ်စေ၊တစ်စိတ်တစ်ပိုင်းဖြစ်စေဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့်ကျူးလွန်သောအပြုအမူများ”ပါဝင်တယ်လို့ပြဠန်းထားပါတယ်၊
ဂမ်ဘီယာနိုင်ငံကဤအချက်သည်မြန်မာနိုင်ငံနှင့်သက်ဆိုင်သည်ဟုဆိုထားပါတယ်၊ဥပဒေကျွမ်းကျင်သူများကလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာသဘောတူညီချက်စာချုပ်ပါအဖွဲ့ဝင်နိုင်ငံများအနေဖြင့်မည်သည့်နေရာတွင်ဖြစ်ပွားပါစေလူမျိုးတုံးသတ်ဖြတ်မှုကိုဆန့်ကျင်ရန်လုပ်ပိုင်ခွင့်အာဏာရှိသည်ဟုယုံကြည်ကြပါတယ်၊အမှန်စင်စစ်မြန်မာနိုင်ငံသည်(၁၉၅၆)ခုနှစ်(ဖ.ဆ.ပ.လ)ပါလီမန်ဒ်မိုကရေစီအစိုးရခေတ်အဲ့ဒီကွန်ဗင်းရှင်ကိုလက်မှန်ရေးထိုးခဲ့ပြီးရေးထိုးခဲ့သူ(ဖ.ဆ.ပ.လ)အစိုးရဝန်းကြီးချုပ်ဦးနုဖြစ်ခဲ့ပါတယ်၊
ဒါကြောင့်“ မြန်မာအစိုးရကတုန့်ပြန်ရမယ်၊ ဒါကိုလျစ်လျူရှုလို့မရဘူး” လိုရန်ကုန်ရှိအရှေ့တောင်အာရှစောင့်ကြည့်လေ့လာရေးအဖွဲ့အခြေစိုက်အာရှသံတမန်တဦးကပြောကြားခဲ့ပ်တယ်။
သီဟနာဒ
Photo credit from Htun Wonna
Translated the article by written of Larry Jagan, November 22, 2019 (Aung San SuuKyi to lead Myanmar’s defence at ICJ)
Saturday, September 21, 2019
ကျူရှင်ကိစ္စ
"ကျွန်မတို့ခေတ်မှာ မိဘတွေအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကျူရှင်စနစ် ပပျောက်ရေးကို အစိုးရက ကြိုးပမ်းနေပါတယ်။ ဒါကိုဝင်ငွေပေါက် ပိတ်တယ်ဆိုပြီး မနှစ်မြို့တဲ့ ဆရာ၊ဆရာမများ ရှိနေတယ်ဆိုတာ ကြားရ၊ သိရတဲ့အခါ နိုင်ငံအတွက် အင်မတန်မှ စိတ်မကောင်း ဖြစ်ရပါတယ်။
ဒီလိုစိတ်ထားတွေကို ပယ်ဖျက်ပြီး၊ တစ်နိုင်ငံလုံး လင်းထိန်လာစေမယ့် ပညာရောင်ကို ထုတ်ဝေပေးချင်တဲ့ စိတ်ဓာတ်နဲ့ တာဝန်ကျေ သည်ထက် လွန်အောင် ဆောင်ရွက်ပေးကြပါလို့ ဆရာ၊ဆရာမ အားလုံးကို မေတ္တာရပ်ခံ ချင်ပါတယ်။ ဒီလို ဆရာ၊ဆရာမများရဲ့ ကြိုးပမ်းမှုတွေကို ဝိုင်းဝန်းကူညီပေးကြဖို့လည်း ကျောင်းသားမိဘ၊ ရပ်မိရပ်ဘများကိုလည်း မေတ္တာရပ်ခံချင်ပါတယ် "
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
(ပြည်ထောင်စုအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သော သိပ္ပံဘာသာတွဲ၊ သိပ္ပံနှင့်ဝိဇ္ဇာ ပေါင်းစည်းဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းများအား ဆုချီးမြှင့်သည့် အခမ်းအနား)
Friday, September 20, 2019
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်သို့ အကြံပြုချက်
ခုတလော ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံ ဆွေးနွေးဆုံးဖြတ်ချက်တွေရဲ့ နောက်ဆက်တွဲအနေနဲ့ နယူးယော့ခ်တိုမ်း သတင်းစာက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်အနေနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် တရားစွဲခံရနိုင်ဆိုတဲ့ ဆောင်းပါးတပုဒ်ရေးလာတာတွေ့ရပါတယ်...
ရိုဟင်ဂျာဂျီနိုဆိုဒ်ရဲ့
တရားခံတယောက်အနေနဲ့ရော
ပူးပေါင်းသူ(သို့)အားပေးသူ
တရားခံတွေကိုကာကွယ်ပေးသူအနေနဲ့ပါ
ဘယ်လိုနည်းနဲ့မှ အစွပ်စွဲမခံရစေချင်ပါဘူး...
လက်ရှိသူမရဲ့အစိုးရကာလမှာ
အုပ်ချုပ်မှုအားနည်းချက်တွေနဲ့
ဒီမိုကရေစီအခွင့်အရေး
လူ့အခွင့်အရေးချိုးဖောက်မှုတွေ
ဘယ်လောက်ပဲရှိနေပါစေ
ဒါတွေဟာ
ပြန်လည်ပြင်ဆင်နိုင်တဲ့ကိစ္စတွေမို့
အမှားတွေကိုသင်ခန်းစာယူပြီး
တချိန်မှာပြင်နိုင်မယ်လို့လည်း
မျှော်လင့်ဆဲပါ...
ဒါပေမယ့်
ဂျီနိုဆိုဒ်လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတို့
crimes against humanity ခေါ်တဲ့
လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုဆိုတာတွေကတော့
နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတာဖြစ်လို့
ကျူးလွန်မိခဲ့ရင်(သို့) ပတ်သက်မိခဲ့ရင် ပြန်လည်ပြင်ဆင်လို့မရနိုင်ပါဘူး...
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
ဒီလိုနိုင်ငံတကာရာဇဝတ်မှုတွေနဲ့
မပတ်သက်အောင် သတိထားရှောင်ရှားဖို့လိုပါတယ်...
ဒါ့အပြင်
မိမိကိုယ် အမှုတွဲထဲမပါပါအောင်
နည်းမျိုးစုံနဲ့ဆွဲထည့်မယ့် ကိစ္စတွေကိုလည်း
ပါးပါးနပ်နပ်ရှောင်ဖို့လိုပါတယ်...
လက်ရှိအချိန်ထိ
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
ဖော်ပြပါရာဇဝတ်မှုတွေအတွက်
စွပ်စွဲခံရနိုင်စရာရှိတဲ့ ကိစ္စတချို့ကို
မြင်သလောက်သတိပေးချင်ပါတယ်...
၁။ ၂၀၁၆ခုနှစ်မှာ သံရုံးတွေနဲ့မီဒီယာတွေကို
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းမသုံးကြဖို့ တားမြစ်တဲ့ ကြေညာချက်ထွက်ခဲ့ပါတယ်...
ဒါဟာ ဂျီနိုဆိုဒ်လက္ခဏာ အဆင့်တွေထဲကတခုဖြစ်တဲ့ လူမျိုးတမျိုး လူအုပ်စုတစုရဲ့ အမည်နာမကို ဖယ်ထုတ်ပိတ်ပင်ရာ ရောက်တယ်လို့ သတ်မှတ် *ခံရကောင်း* ခံရနိုင်ပါတယ်...
၂။ ၂၀၁၇ သြဂုတ်လ ARSA တိုက်ခိုက်မှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ သမ္မတရုံးက အမိန့်ပေး(သို့) သဘောတူခဲ့တယ် ဆိုတဲ့ အချက်ကလည်း ပြဿနာရှိပါတယ်...
အစိုးရ တရပ်အနေနဲ့ ဒီလိုညွှန်ကြားတာဟာ တာဝန်တရပ်ဖြစ်ပေမယ့် အောက်ခြေမှာ လက်တွေ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေမှာ ကိုယ်တိုင်မပါနိုင်သလို အခြေခံဥပဒေအရလည်း လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အစိုးရရဲ့ တိုက်ရိုက်ကွပ်ကွဲမှု အောက်မှာ မရှိလို့
ဒီလို အမိန့်မျိုး မဖြစ်မနေပေးရတော့မယ်ဆိုရင် အရပ်သားတွေကို မထိခိုက်စေဖို့ လူ့အခွင့်အရေးကိုလိုက်နာဖို့ ဂျီနီဗာကွန်ဗင်းရှင်း စတာတွေကို မချိုးဖောက်ဖို့နဲ့ တရားလက်လွတ်ပြုမူခဲ့ရင် အရေးယူဖို့ဆိုတာမျိုး စတဲ့ condition တွေထည့်သွင်းပြီးမှသာ တရားဝင် အမိန့်စာနဲ့ ညွှန်ကြားသင့်ပါတယ်...
၃။ ၂၀၁၉ ဇန်နဝါရီ ၄ရက် နောက်ပိုင်း ရခိင်ပြည်နယ်အတွင်း AA တိုက်ခိုက်မှုတွေအပေါ် တုန့်ပြန်ရာမှာလည်း အထက်က အတိုင်းပါပဲ... ဒေါ်အောင်ဆန်းစုကြည်က AAကို အမြစ်ပြတ်ချေမှုန်းဖို့ အမိန့်ပေးထားတယ်ဆိုတဲ့ သတင်းထွက်ခဲ့ပါတယ်... ဒီကိစ္စမှာလည်း အထက်ကလို ဆင်ခြင်သင့်ပါတယ်...
၎။ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေ စွန့်ခွာသွားတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးဆိုပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးရေး စီမံကိန်းတွေ လုပ်ခဲ့ပါတယ်...
တကယ်ဆိုရင် ဒီနေရာတွေဟာ ပိုင်ရှင်မဲ့ မဟုတ်သလို နိုင်ငံတော်ပိုင်လည်း မဟုတ်ပါဘူး... ဒါ့အပြင် အင်မတန် ကြီးမားတဲ့ ရာဇဝတ်မှုတွေ *ဖြစ်ပွားခဲ့နိုင်ဖွယ်ရှိတယ်*လို့ အငြင်းပွားနေရတဲ့ နေရာတွေလည်း ဖြစ်ပါတယ်... ဒီလိုနေရာတွေကို အလောတကြီးနဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေ လုပ်လိုက်တာဟာ မှုခင်းပညာရှုထောင့်က ကြည့်ရင် မြေပြင်သက်သေကို ဖျောက်ဖျက်သလိုယူဆ စွပ်စွဲ *ခံရကောင်းခံရ* နိုင်ပါတယ်...
၅။ရိုက်တာ သတင်းထောက်၂ယောက်ရဲ့ အမှုမှာ သူတို့ရာဇဝတ်မှုကျူးလွန်တယ်ဆိုပြီး တောက်လျှောက် ရပ်ခံသွားတာဟာလည်း ပြဿနာ တခုဖြစ်ပါတယ်... သူတို့ဖော်ထုတ်ခဲ့တဲ့ သတင်းဟာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ လူအစုလိုက်သတ်ဖြတ်မှုဖြစ်ပြီး တပ်မတော်ဘက်ကလည်း မဖြစ်မနေ အရေးယူခဲ့ရပြီး ဖြစ်ပါတယ်... ဒါ့အပြင် သူတို့ကို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ အရေးယူတယ်ဆိုပေမယ့် တကယ်တမ်း ပြစရာ ခိုင်မာတဲ့ သက်သေ မရှိခဲ့ပါဘူး... ဒါကြောင့် ဒီအမှုဟာ ရခိုင်မြောက်ပိုင်းက သတ်ဖြတ်မှုတွေကို ဖော်ထုတ်သတင်းရေးလို့ ဖမ်းဆီးခံရတာလို့ပဲ အများက ယူဆဖွယ်ရှိပါတယ်...
ဒါကြောင့် ဒီအချက်ကလည်း ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားတာလို့ စွပ်စွဲ *ခံရကောင်းခံရ* နိုင်ပြန်ပါတယ်...
၆။နိုင်ငံတော်အတိုင်ပင်ခံရုံး ပြန်ကြားရေးကော်မတီ အမည်နဲ့ အတိုင်ပင်ခံရုံး ဖေ့စ်ဘုတ်စ်စာမျက်နှာကနေ ထုတ်ပြန်ခဲ့တဲ့ သတင်းတွေမှာ ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ်မီးရှို့တယ်ဆိုတဲ့ ဓါတ်ပုံတုနဲ့ သတင်းမှားမျိုးတွေ ပါဝင်ခဲ့တာဟာလည်း ထောက်ပြစရာ တခုဖြစ်နိုင်ပါတယ်...
ဒါဟာလည်း အောက်ခြေသတင်းတွေကို source ရင်းမြစ်တခုတည်းကနေ ရယူတာ(သို့)တဦးတယောက် တစုတဖွဲ့ကိုပဲ လုပ်ပိုင်ခွင့် လွှဲပေးထားတာ စတဲ့ အားနည်းချက်တွေကြောင့် ဖြစ်နိုင်ပါတယ်...
၇။သာသနာရေးဝန်ကြီးဌာနက ထုတ်ဝေဖို့ စီစဉ်နေတယ်ဆိုတဲ့ မြန်မာပြည်မှာ ရိုဟင်ဂျာမရှိကြောင်း သက်သေပြဖို့ကြိုးစားထားတဲ့ သာအုပ်တအုပ်ကိစ္စဟာလည်း ပြဿနာရှိပါတယ်...
ရိုဟင်ဂျာရှိခြင်း မရှိခြင်းက အစိုးရက သက်သေပြရမယ့် ကိစ္စမဟုတ်ပါဘူး... ရှိတယ်လို့ ဆိုနေသူတွေနဲ့ မရှိဘူးလို့ ဆိုနေသူတွေ စားပွဲဝိုင်းမှာထိုင်ပြီး အပြန်အလှန် သက်သေထူရင်း ပညာရှင်တွေပါ ပါဝင်ငြင်းခုန်ကြရမယ့်ကိစ္စပါ... လိုအပ်ရင် အစိုးရက အဲ့ဒီ အငြင်းအခုန်ဆွေးနွေးမှုကို ကြားဝင် စီမံပေးရုံပါပဲ...
ခုလို စာတစောင် ပေတဖွဲ့နဲ့ narrative ဇာတ်ကြောင်း တခု ဖန်တီးဖို့ ကြိုးစားတာဟာ လူမျိုး တမျိုး လူအုပ်စုတစုကို ရည်ရွယ်ချက်ရှိရှိ ဖယ်ထုတ်ဖို့ ကြိုးစားတယ်လို့ သတ်မှတ် စွပ်စွဲ *ခံရကောင်းခံရ* နိုင်ပါတယ်...
၈။နောက်ဆုံးတချက်ကတော့ ယေဘုယျပါ NLD အစိုးရ တက်လာပြီး နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ စစ်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်သေကျေရမှုတွေမှာ နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ နစ်နာခံစားရသူတွေ အပေါ် အားပေးနှစ်သိမ့်မှုတွေ ကူညီပံ့ပိုးမှုတွေ လုံလုံလောက်လောက် မဆောင်ရွက်ခဲ့ခြင်းပါပဲ...
ဥပမာတချို့ပြောရရင် ၂၀၁၆ အောက်တိုဘာလောက်က ရှမ်းမြောက်မှာ လက်နက်ကြီးခြံထဲကျလို့ သေဆုံးခဲ့ရတဲ့ မန်ကျင့်ဇုန်းမျှော် ကိစ္စမျိုး... လက်ရှိ ရခိုင်နဲ့ ရှမ်းမြောက်မှာ ထိမှန် သေကျေနေကြရတဲ့ အရပ်သား ပြည်သူတွေ ကိစ္စမျိုးတွေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စာတကြောင်းလောက်ဖြစ်ဖြစ် ဝမ်းနည်းကြောင်းဖော်ပြပြီး စာနာနှစ်သိမ့်တာမျိုး လုပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်... တဖက်မှာတော့ ARSA တို့ AAတို့ကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သေကျေရမှုကို သမ္မတရုံးက ကြေညာချက်တွေထုတ်ပြန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်...
ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရဲ့ ဆန္ဒ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခဲ့တာတွေ ဖြစ်နိုင်မယ် မထင်ပါဘူး... အောက်က လူတွေကို အယုံလွန် အလွှဲလွန်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်...
ဒါပေမယ့် ဒီအပြုအမူတွေဟာ တဖက်ကကြည့်ရင် အရပ်သားတွေရဲ့ နစ်နာသေဆုံးရမှုဟာ ထိုက်သင့်လို့ တရားလို့ (သို့) သူတို့ ထိခိုက်သေဆုံးမှုဟာ တရားဝင်လို့လား (ဥပမာ ရာဇဝတ်သား တယောက်ကို အပြစ်ရှိလို့ ပစ်သတ်လိုက်တာမျိုး) ဆိုတာမျိုး အဓိပ္ပာယ်*ရောက်ကောင်း* ရောက်စေနိုင်ပါတယ်...
ဒီအချက်ကလည်း စစ်ပွဲတွေ အတွင်း အပြစ်မဲ့ သေဆုံး(သို့) သတ်ဖြတ်ခံရသူတွေအပေါ် တာဝန်ယူတာဝန်ခံမှု မရှိပဲ လျစ်လျူရှုတယ်လို့ သတ်မှတ် စွပ်စွဲ *ခံရကောင်းခံရ* နိုင်ပါတယ်...
ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာမှာ အင်မတန် ရှက်ဖွယ်ကောင်းလှတဲ့ ရာဇဝတ်မှုကြီးတွေနဲ့ ချိတ်ဆက်ပြီး သတ်မှတ် စွပ်စွဲ မခံရဖို့ ဆိုရင် အထက်ပါ ကိစ္စရပ်မျိုးတွေကို ပြန်လည် ဆန်းစစ် သုံးသပ်ပြီး မိမိတာဝန်ခံမှုနဲ့ မသက်ဆိုင်ကြောင်း ဖြေရှင်းထားသင့်ပါတယ်...
ဒါ့အပြင် ယခုကစလို့ နောက်ပိုင်းမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်နိုင်ချေရှိတဲ့ ကိစ္စတိုင်းနဲ့ တိုင်းပြည်ထဲက ပဋိပက္ခတွေအပေါ် မစ္စ ယန်ဟီးလီ တိုက်တွန်းသလို မျက်စိဖွင့် နားစွင့်ပြီး နှလုံးသားနဲ့ ခံစား ဆောင်ရွက်ဖို့နဲ့
နစ်နာသူတွေ အားလုံးအတွက် အမြန်ဆုံး ရပ်တည်ကုစားပေးဖို့ အခုကစ အလေးထားလုပ်ဆောင်သင့်ပြီလို့ အကြံပြုတင်ပြချင်ပါတယ်..
ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် တဦးရှိတဲ့တိုင်းပြည်က နိုင်ငံသားတဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာနဲ့ တိုင်းပြည်ဂုဏ်သိက္ခာကို မိမိဂုဏ်သိက္ခာလို့ပဲ ထပ်တူ မှတ်ယူတန်ဖိုးထားလို့ ဒီလို ထောက်ပြအကြံပြုခြင်းဖြစ်ပါတယ်...
မိုဃ်းသွေး
စက်တင်ဘာ ၁၉ရက် ၂၀၁၉
စာကြွင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့နီးသပ်သူတွေအနေနဲ့
ဒီအကြံပြုချက်မျိုးတွေ သူမကို ပေးစေချင်ပါတယ်...
Tuesday, September 10, 2019
နားလည်ပေးချင်တယ်
၂၀၁၅ ရွေးကောက်ပွဲမှာ အောင်ပွဲခံအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၆ မှာ အစိုးရဖွဲ့တော့..နဲနဲနဲ့ကျဲကျဲဝိုင်းရမယ် ချွေတာရမယ်ဆိုပြီး ဝန်ကြီးဌါနတွေကိုပေါင်းပစ်တယ် (စိုက်ပျိုး + မွေးမြူ) (အားကာ+ကျန်းမာ) (ရထား+ပို့ဆောင်ရေး+ဆက်သွယ်ရေး) (ယဉ်ကျေးမှု+သာသနာရေး) (အလုပ်သမား+လူဝင်မှု) (လျှပ်စစ်+စွမ်းအင်) .. နောက်ကျန်တာတွေရှိနိုင်သေးတယ် .. ဒုဝန်ကြီးတွေလဲမလိုဘူးဆိုပြီး တချို့နေရာတွေမှာမခန့်ဘူး ..
နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်စုက နိုင်ငံခြားရေး ပညာရေး လျှပ်စစ် သမတရုံး ဝန်ကြီးဌာနတွေကိုတွဲကိုင်လိုက်သေးတယ် ..
ရလာဒ်ကတော့ ဌါနတွင်းမူလအုပ်ချုပ်ပုံ ဖွဲ့စည်းပုံတွေပျက်ကုန်တယ် ရှုပ်ကုန်တယ်.. နဂိုကမှအတွေ့အကြုံမရှိဘဲဝန်ကြီးဖြစ်လာသူတွေဟာလဲ ဘာလုပ်ရဘာကိုင်မှန်းမသိတော့ဘဲ .. ယောင်ကုန်ကြတော့တာပေါ့..
ဒေါ်စုကလဲ (သူ့လူတွေကိုစိတ်မချတော့) နေရာတကာတင်းတင်းကြပ်ကြပ် ချုပ်ကိုင်တယ် ..
နိုင်ငံရပ်ခြား စာချုပ်စာတမ်း ငွေကြေးပံ့ပိုးမှုမှန်သမျှ သူပြန်စိစစ်မယ်.. နောက်ပိုင်း သူ့ဆီကဘဲခွင့်ပြုချက်နဲ့သွားရမယ်လို့အမိန့်ထုတ်တယ် .. ပထမဆုံးထိပြီး လုပ်ငန်းခါးပြတ်ကုန်တာကတော့ ငြိမ်းချမ်းရေးလုပ်နေတဲ့ MPC လက်ကျန်အဖွဲ့ခွဲတွေဘဲ (ဥပမာ - ဦးအောင်မင်းရဲ့ Peace Foundation) ..
နောက်ပြီး တင်လာသမျှ နိုင်ငံခြားစီမံကိန်း Project Proposal မှန်သမျှသူဖတ်မယ်ဆိုတော့ သူ့ဆီဘဲအယင်တင်ရပြန်ရော .. ဒါပေမဲ့တကယ်တမ်းမှာ သူလဲအလုပ်များလွန်းတော့မဖတ်နိုင်ပါဘူး.. တနေ့တနေ့သူ့ကားပေါ်တင်ပေးလိုက်ရတဲ့စာရွက်စာတမ်းဖိုင်တွဲတွေဟာ နောက်နေ့တွေမှာလဲ ဒီအတိုင်းဘဲပြန်ပြန်ပါလာနေတာတွေ့ရတယ်တဲ့..
နောက်ပိုင်းမှာတော့ သူနဲ့အနီးကပ်(အင်္ကျီတွေချုပ်ပေး.. တက္ကသိုလ်ရိပ်သာလမ်းအိမ်တော်ဧည်ခံရေးကိုတာဝန်ယူပေးနေတဲ့) ဒေါက်တာဥမ္မာမြင့် (မိုက်ကယ်မိုးမြင့်ရဲ့ဇနီး) ကို အဲဒီ proposal တွေဖတ်ခိုင်းရတဲ့အဆင့်ရောက်သွားရော ..ဟိုကလဲ နိုင်ငံခြားမှာနေခဲ့တဲ့ဆရာဝန် ပညာတတ်ဆိုပေမဲ့ အင်္ဂလိပ်စာဘဲဖတ်တတ်တာ.. စီမံကိန်းနဲ့စီးပွါးရေးနဲ့လုပ်ငန်းပေါ်လစီကိစ္စတွေဘယ်နားလည်ပါ့မလဲ .. အဲဒီမှာ တခါကျနော်ပြောခဲ့ဘူးသလို Bottle-necking ပုလင်းလည်ပင်းတစ်ပြီး လုပ်ငန်းတွေရှေ့မဆက်နိုင်ဖြစ်ကုန်တယ်..
ရီစရာတခုတောင်ကြားတယ် (တကယ်ဖြစ်မဖြစ်ကတော့ နိုင်ငံခြားရေးဌါနကလူတွေဘဲသိပါလိမ့်မယ်).. နိုင်ငံတကာစာချုပ်/ခွင့်ပြုမိန့်တွေကိုသူဘဲလက်မှတ်ထိုးမယ်ဆိုတော့ နိုင်ငံတကာလေကြောင်းလိုင်းလေယာဉ်ပျံကြီးတွေ မြန်မာ့လေပိုင်နက် ဟိုးအမြင့်ကြီးပေါ်ကဖြတ်ပျံခွင့်တွေကိုပါ လက်မှတ်ထိုးပေးရမဲ့အရေး သူဆီရောက်သွားပြီး တစ် နေမလိုဖြစ်လာနေပါရော.. မြန်မာ့လေပိုင်နက်ဖြတ်သန်းခွင့် ဒီခွင့်ပြုမိန့်ဆိုတာဟာ နိုင်ငံတကာလေကြောင်းလုံခြုံရေးစည်းကမ်းအရနေ့စဉ်စီစစ်ပြီးအတည်ပြုလက်မှတ်ထိုးပေးနေရတာဆိုတော့ သူလက်မှတ်ထိုးတာကိုဘဲ အမြဲစောင့်နေလို့ဘယ်ဖြစ်နိုင်ပါ့မလဲ.. ဒါတော့မဖြစ်ချေဘူးဆိုပြီး သူ့ကိုအရဲစွန့်ပြီး အကျိုးအကြောင်းပြောပြ.. ညွှန်ချုပ် လက်ထောက်ညွှန်ချုပ်တွေဘဲလက်မှတ်ထိုးပါစေလို့ဝိုင်းလုပ်လိုက်ကြရတယ်တဲ့ ..
ဒီကိစ္စဟာ မဖြစ်မနေမို့လို့သာ အောက်ကလူတွေက သူ့ကိုပြောခဲ့ကြတဲ့ပုံရတယ် ..တခြားနေရာတွေမှာတော့ "ဟုတ်ကဲ့အမ"တွေချည်းဘဲ ..
တကွင်းလုံးတယောက်ထဲပတ်ကန်နေသလိုဖြစ်လိမ့်မယ်လို့ ဒေါ်သက်သက်ခိုင်ကပြောတော့တောင် ဝိုင်းစိတ်ဆိုးလိုက်ကြသေးတယ်..
တဖြည်းဖြည်းနဲ့မှသူ့ဘာသာမနိုင်မနင်းတွေပိုဖြစ်လာတော့ ဒေါ်စုဟာ နိုင်ငံခြားရေးကလွဲလို့ (သူပထမတာဝန်ယူထားတဲ့) တခြားဝန်ကြီးဌါနတွေကိုလက်လွှတ်ပြီး ဝန်ကြီးအသစ်တွေခန့်ရတယ် .. နိုင်ငံခြားရေးကိုတောင် သူက ကာလုံအစည်းအဝေးမှာဝင်ပါခွင့်ရဘို့ဘဲ ရာထူးယူထားတာ ..အဲဒီမှာနိုင်ငံတကာဆက်ဆံရေးဆိုပြီးဝန်ကြီးတပါးတိုးခန့်လိုက်ရပြန်ရော..
အတိုင်ပင်ခံရုံးကိုလဲဝန်ကြီးဌါနလုပ်ပြီးဝန်ကြီးတပါးထပ်ခန့်တယ် .. နဝတ နအဖ အစဉ်အဆက် စစ်တပ်နဲ့တည့်အောင်ပေါင်းပြီး ဗျူရိုကရက်ကြီးဖြစ်ခဲ့တဲ့ အဲ့ဒီဝန်ကြီးအသစ်က အတိုင်ပင်ခံရဲ့ Gate Keeper (အပေါက်စောင့်)ဖြစ်လာတော့ တခြားအစိုးရဝန်ကြီးတွေ ဝန်ကြီးချုပ်တွေ NLD ဗဟိုအမှုဆောင်တွေတောင်ဒေါ်စုကိုတွေ့ဘို့မလွယ်တော့ဘူး .. NLD တွေဟာ သူတို့နဲ့ ရင်ဘတ်ချင်းမတူတဲ့ဝန်ကြီးကိုခွင့်တောင်းနေရတယ်.. ဒီဝန်ကြီးကလဲ ဗြူရိုကရက်ပီသတယ်တဲ့.. ပိတ်ထားတယ်.. တော်ရုံဆိုဒေါ်စုဆီမရောက်တော့ဘူးတဲ့.. ဒေါ်စုလဲ လက်တွေ့အခြေအနေတွေနဲ့ပြတ်သထက်ပြတ်လာတော့တာပေါ့ ..
ဒုဝန်ကြီးတွေလဲတယောက်ပြီးတယောက်တိုးခန့်နေရတာမနည်းတော့ဘူး .. နဲနဲနဲ့ကျဲကျဲမဝိုင်းနိုင်တော့ဘူး .. ထားပါလေ လိုအပ်ချက်အရပေါ့.. ဒါပေမဲ့လဲ The damage is done .. အဖတ်ဆယ်ဘို့တော်တော်နောက်ကျသွားပြီ ..
နောက်တခုသတိထားမိတာက ဒီမိုကရေစီအစိုးရလက်ထက်မှာ နာမည်ကောင်းကောင်းနဲ့ အသစ်ထွင်လိုက်တဲ့ တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီးဌါနဟာ ဘာတခုမှမယ်မယ်ရရအလုပ်မဖြစ်တာဘဲ .. ဘတ်ဂျက်လဲမရှိဘူး.. ဝန်ကြီးနိုင်သက်လွင်ခမျာလဲ (အသက်လဲကြီးပြီဆိုတော့) ဘာလုပ်ရမှန်းမသိဘဲ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ သူ့ဝန်ကြီးဌာနရှိမှန်းတောင်လူတွေမသိဘူးဖြစ်နေရှာတယ် ..
ပြောရယင်တော့အကျိုးမဲ့ဖြစ်နေတာ.. ဒါပေမဲ့ တိုင်းရင်းသားဆိုပြီးနာမည်ကောင်းနဲ့ဖွဲ့ပေးထားတဲ့ ဒီဝန်ကြီးဌာနကြီးကို အခုနေဖျက်သိမ်းလိုက်ယင်လဲ တိုင်းရင်းသားတွေကဝိုင်းအော်ကြဖွယ်ဘဲရှိနေတယ် .. ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ .. ဒီအတိုင်းဘဲနှပ်ထားရတော့တာပေါ့.. (အဲ့ဝန်ကြီးဌာနကို လူပြောင်း.. ဘတ်ဂျက်တိုးချပေးပြီး အလုပ်လေးဘာလေးလုပ်ခိုင်းရင်တော့ကောင်းမယ်)..
ကျနော်ပြောနေတာတွေဟာ လက်ရှိမှာ တတ်နိုင်သလောက် အခက်အခဲတွေအကြားက ကြိုးစားရုန်းကန်နေရတဲ့ ဒီမိုကရေစီအစိုးရကို အဆိုးမြင်နဲ့ ဖိပီး နင်းကန်ဝေဖန်တာလို့ထင်ကြမှာလဲရှိတယ် .. (စစ်တပ်ကချုပ်ထားလို့တို့.. တပ်ကျန်မိုးကျရွှေကိုယ်ဟောင်းတွေကပူးသတ်နေလို့တို့.. ဖွဲ့စည်းပုံမပြောင်းနိုင်သေးလို့တို့ .. ဘလာ ဘလာ ဘလာအကြောင်းတွေလဲရှိတာပေါ့ဗျာ)..
ဒါပေမဲ့ ကျနော်အဓိကပြောချင်တာကတော့..
အတွေ့အကြုံမရှိဘဲ ရှိသမျှလူတွေနဲ့လုပ်နေရတဲ့ တည်ဆောက်ဆဲကာလမို့ ချို့ယွင်းချက်တွေ အမှားတွေဖြစ်တယ်ဆို ဖြစ်လို့ရပါတယ် ..
အမှားကိုမြင်နိုင်ဘို့ .. တာဝန်ခံဖြေရှင်းပေးနိုင်ဘို့.. အရေးယူဘို့..လူလဲဘို့.. ပြုပြင်ဘို့ဆိုတာတွေတော့လိုနေပါပြီ..
ခေါင်းဆောင်တယောက်အနေနဲ့ Theater level, Strategic level ကနေကြည့်..
Delegate လုပ် (သင့်တော်တဲ့သူတွေကိုတာဝန်ပေး လုပ်ပိုင်ခွင့်ပေး)..
Grooming (သင့်တော်မဲ့အရည်အချင်းရှိသူတွေကိုစုဆောင်းမွေးမြူ) ..
အကြောင်းအရာတခုထဲကိုဘဲအာရုံလာသလိုအချိန်ကုန်ခံလုပ်မနေဘဲ ကဏ္ဏတိုင်းမှာသက်ဆိုင်ရာတာဝန်ပေးထားသူတွေနဲ့ပုံမှန်တွေ့ (active oversight)..
တိတိကျကျသိရတဲ့အချက်တွေပေါ်မူတည်ပြီး လိုအပ်ယင် executive decision ယတိပြတ်ဆုံးဖြတ်ချက်တွေချပေး .. ဒါမှမဟုတ် Policy guideline မူဝါဒလမ်းညွှန်ချက်တွေပေး ..
ဒါဘဲလုပ်ရမှာပါ ..ဒါမလုပ်နိုင်ယင်ခေါင်းဆောင်တာဝန်မကျေပါဘူး ..
လူအချစ်ခံရတိုင်းခေါင်းဆောင်မဟုတ်ပါဘူး ..
လက်ရှိ လုပ်ငန်းပိုင်း အစိုးရပိုင်းမှာတာဝန်ယူလုပ်ပေးနေရတဲ့ မိတ်ဆွေအပေါင်းအသင်းများ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်ရဲဘော်ဟောင်းများခင်ဗျာ..
အစောကပြောခဲ့သလိုဘဲ ကျနော်က (ဘေးထိုင်ဘုပြော)မညှာမတာဝေဖန်နေတယ်လို့ထင်ချင်လဲထင်ပါ .. ဒါပေမဲ့ လုပ်ခွင့်ရသလောက်လုပ်နေရတဲ့ ခင်ဗျားတို့ဟာ တာဝန်ကျေပြီလား .. ဘာလုပ်စရာတွေရှိနေသေးသလဲ ဆိုတာကိုတော့ဆန်းစစ်ကြည့်ကြပါဦး..
မှန်တာကိုတွန်းတွန်းတိုက်တိုက်လုပ်တတ်တဲ့သူတွေကို ကျနော်လေးစားပါတယ်.. အားပေးပါတယ်..
နောက်တခုကတော့ ..
အန်တီစုခင်ဗျာ ..
အခုလို ကြားသမျှ မြင်သမျှသတင်းအချက်အလက်တွေနဲ့ အတုံးလိုက်အတစ်လိုက်ဝေဖန်ရတာကို ကျနော် စိတ်ကြည်နှုးခြင်းမဖြစ်မိပါဘူး .. အန်တီနဲ့မတွေ့တာလဲကြာပါပြီ ..
အန်တီနဲ့နီးစပ်သူ (ကျနော်နဲ့လဲရင်းနှီးသူ) တယောက်က "ကိုအောင်နိုင်ရယ် ခင်ဗျားတို့ကလဲ သူ့အခက်အခဲ .. အစိုးရအခက်အခဲတွေကိုနားလည်ပေးဘို့ လိုတယ်လေဗျာ" တဲ့ .. မကြာသေးခင်ကဘဲပြောတယ် ..
ကျနော်ကတော့ .."ဆရာရယ် ကျနော်က ဘာကိုနားလည်ပေးရမှာလဲ.. မြင်သမျှ ကြားသမျှကို မျက်စိမှိတ် နားပိတ်ပြီး.. နားလည်ပါတယ်လို့ ဖာထေးပေးနေရမှာလား"..
"တွေ့ခွင့် မေးခွင့် ရင်းရင်းနှီးနှီးစကားပြောခွင့်တွေမရှိယင် လုပ်ငန်းအတွင်းသဘောနဲ့ သိပ်ပြီးအကဲဆတ်တဲ့သူ့ရဲ့အခက်အခဲတွေ နောက်ခံအကြောင်းရင်းတွေကို ကျနော်ကဘယ်လိုလုပ်သိနိုင်မှာလဲ နားလယ်နိုင်မလဲ"..
"ကျနော်မေးချင်နေတဲ့အကြောင်းတွေ နားလည်အောင်မေးခွင့်မရသလို .. ကျနော်ဆီကတဆင့်သူသိသင့်တဲ့အကြောင်းတွေကိုလဲ သူဘယ်လိုသိခွင့်ရတော့မလဲခင်ဗျာ" .. လို့ဘဲပြန်ပြောလိုက်ပါတယ် ..
"ဒါကိုလဲ အန်တီစုသိစေချင်ပါတယ်"လို့သူ့ကိုပြောလိုက်ပါသေးတယ် .. ပြန်ပြောမပြောတော့မသိပါ ..
ကျနော်က သတင်းသမား ဂျာနယ်လစ်ပါ .. အတိုင်းအတာတခုအထိအောင်မြင်ပါတယ် .. ဒါပေမဲ့ ဒီဘက်ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ လုပ်ငန်းအကြီးအကဲတွေနဲ့ လိုအပ်သလိုတွေ့ဆုံပြီး စကားပြောခွင့် လက်ဖက်ရည်သောက်ခွင့် (အင်တာဗျူးသဘောမဟုတ်ဘဲ) off the record အတွင်းသတင်းအခြေအနေတွေ Background info နောက်ခံအကြောင်းရင်းတွေကို နားလည်သဘောပေါက်အောင်ဆွေနွေးခွင့်တွေရနေတဲ့ နာမည်ကျော်သတင်းသမားတွေ ဝါရင့်အယ်ဒီတာတွေရဲ့အဆင့်အတန်းကိုတော့အားကျနေမိတုန်းပါဘဲ.. သူတို့လိုအဘက်ဘက်ကသိထားတဲ့အချက်အလက်တွေကိုအခြေခံပြီး ဆင်ခြင်သုံးသပ်ပြနိုင်တဲ့သတင်းသမားဖြစ်ချင်တာခင်ဗျ ..
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုပါယင်..ပေါ့..
သန်းလွင်ထွန်း
၉ စက်တင်ဘာ ၂၀၁၉
Wednesday, June 19, 2019
မွေးနေ့ဆုတောင်းပေးတဲ့သူတိုင်းရဲ့ မေတ္တာတွေကို အနည်းလေးမှမကျန် ခံစားရတယ်လို့ ပြောလိုက်တဲ့ အမေစု
ကျေးဇူးတင်လွှာ
Unicode Version
ကျေးဇူးတင်လွှာ
မွေးနေ့ဆုမွန်ကောင်း ပို့သပေးကြကုန်သော နိုင်ငံတစ်ဝှမ်းလုံးမှ ပြည်သူပြည်သားများ၊ ကမ္ဘာအရပ်ရပ်မှ ပြည်သူပြည်သားများ၊ မိတ်ဆွေများအားလုံးအား ကျေးဇူးဥပကာရ အထူးပင်တင်ရှိပါသည်။
ပြည်သူပြည်သားမာျး အားလုံးနှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ လိုအပ်ဆန္ဒအပေါင်း ပြည့်ဝနိုင်ကြပါစေ။ မြန်မာနိုင်ငံတစ်ဝှမ်းလုံး မေတ္တာစွမ်းအား၊ စုပေါင်းအားတို့ဖြင့် ငြိမ်းချမ်းသာယာနိုင်ပါစေ။ ပြည်သူ အားလုံးမျှော်လင့် တောင့်တလျက်ရှိသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံး တည်ဆောက်နိုင်ကြပါစေ။ (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)
ကျွန်မကိုမွေးနေ့ဆုတောင်းတွေ ၊ မွေးနေ့လက်ဆောင်တွေ ပို့သသူများထဲမှ မိမိတို့မေတ္တာ၊ စေတနာနဲ့ ပို့သတာတွေကို ကျွန်မသိမှသိပါလေစလို့ စဉ်းစားတာ ရှိပါလိမ့်မယ်။ အမှန်အတိုင်းပြောရရင် အမည်တိုင်း၊ အမည်တိုင်းကို ကျွန်မ မသိပါဘူး။
ဒါပေမယ့် ပို့သတဲ့မေတ္တာတွေကိုတော့ အနည်းလေးမှ မကျန် ခံစားရပါတယ်။ ဒါဟာကျွန်မရဲ့ ယုံကြည်ချက်ပါပဲ။ မေတ္တာနဲ့ပေးတဲ့ ဆုတိုင်းထိရောက်ပါတယ်။
ကောင်းကင်ကကျလာတဲ့ မိုးပေါက်တိုင်းကို မသိနိုင်ပေမယ့် ဒီမိုးပေါက်များရဲ့စုပေါင်းအားနဲ့ ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေသလိုပါပဲ။
များပြားလှသော မေတ္တာ၊ စေတနာရှင်များရဲ့အားနဲ့ ရှင်သန်နေတယ်လို့ ပြောရင် မမှားပါဘူး။ (ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄) နှစ်ပြည့်မွေးနေ့အတွက် ဇဏ်ခီရဲ့ မွေးနေ့ဆုတောင်းစကား”
Unicode Version
“၁၉၈၈-၈၉ ဗမာပြည်ရဲ့ကံကြမ္မာ ချောက်ကမ်းပါးနားရောက်နေချိန်.. လူတိုင်းရဲ့စိတ်ထဲမှာ ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေအမြင့်ဆုံးရောက်နေချိန်..အမေ့အသံ တိမ်မဝင်သွားပဲ ပိုကျယ်လာခဲ့တယ်။ အမေ့ရဲ့ ရဲရဲတောက်မိန့်ခွန်းတွေကို video မှတ်တမ်းတင်ထားတဲ့အခွေတွေ လူတွေကြားထဲ တစ်ယောက်နဲ့တစ်ယောက် လက်ဆင့်ကမ်းပြီး တိတ်တိတ်ကလေးခိုးကြည့်ခဲ့ကြရတဲ့အချိန်မှာ ကျနော်တို့မိသားစုလဲ အများထဲကတစ်စုပေါ့။ မိသွားရင် တစ်မိသားစုလုံး ထောင်ထဲဝင်ရမယ့်အချိန်တွေ။”
“အဖေက သူ့သူငယ်ချင်းဆီကအမေ့ရဲ့ မိန့်ခွန်းခွေသစ်တွေရလာပြီဆိုရင် တစ်အိမ်လုံးပြူတင်းပေါက်တွေပိတ် ပါတ်ဝန်းကျင်အနေအထားကိုထွက်ကြည့်။ စိတ်ချရလောက်ပြီဆိုရင် မိသားစုတွေ TV အရှေ့မှာစုထိုင်ကြပြီး အသံတိုးတိုးနဲ့အခွေကိုဖွင့်ကြည့်ကြရတယ်။ အမေ့အသံကြားတာနဲ့ ရှိတဲ့ကြောက်စိတ်ကတစ်ဝက်လောက်ပျောက်သွားခဲ့တယ်။ အမှန်တရားတွေကို ချက်ကျ လက်ကျ ပြောပြတိုင်း ကြက်သီးတွေထ ရင်ထဲမှာစို့တက်လာပြီး ဝမ်းသာဝမ်းနည်းစိတ်တွေနဲ့ ပြည့်လျှံနေခဲ့တယ်။ ထုံးစံအတိုင်း အမေ့ရဲ့ဟာသလေးတွေနဲ့ အရွှန်းဖေါက်တဲ့နေရာလေးတွေဆိုရင် အားလုံးကိုတစ်ဟားဟားနဲ့ ရယ်အောင်လုပ်ပေးနိုင်ခဲ့တယ်။ အမှန်တရားတွေကို အားလုံးရဲ့ရင်ထဲကိုရောက်အောင် သွင်းပေးနိုင်ခဲ့တယ်။ Powerless တွေကို Power ပေးခဲ့တယ်။”
“ဒီနေ့ဒီချိန်ထိလည်း လုပ်ငန်းစဉ်တွေကို အရှိန်တင်ပြီးလုပ်နေဆဲ။ ကျနော်တို့လို တက်လူတွေတောင် လက်ဖျားခါရလောက်အောင် သွက်လက်တဲ့ခြေလှမ်းတွေနဲ့ နားရက်မရှိကြိုးစားနေဆဲ။ အမေ ခွန်အားတွေဘယ်ကရနေသလဲ။ ကျနော်တို့ အမေ့ကို “ချစ်ပါတယ် ချစ်ပါတယ်” လို့ပြောနေတာတွေဟာ အမေ ကျနော်တို့အပေါ်မှာထားတဲ့ မေတ္တာရဲ့အပုံတစ်သိန်းပုံ တစ်ပုံရှိမယ်မထင်ပါဘူး။”
“မေတ္တာကြီးမားလှတဲ့အမေ ဒီမွေးနေ့မှစ အသက်ရာကျော်ရှည်ပါစေ။ အခက်အခဲတွေအားလုံးကို မေတ္တာနဲ့ကျော်လွှားနိုင်ပါစေ။အမေမြင်ချင်တဲ့ စည်းလုံးညီညွတ်ပြီး အဘက်ဘက်ကဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတော်ကြီးကို အမြန်ဆုံးမြင်တွေ့နိုင်ရပါစေ။ HAPPY 74th BIRTHDAY AMAY SU!!! ❤️❤️❤️”
Monday, June 17, 2019
အမေစုကို ကိုယ်ချင်းစာစိတ်ကြီးမားပြီး မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့ အ​​မေ ဟု ဦးသန်းရွှေသားသမက်ချီးကျူး
burmese.asia
Unicode Version
ဒေါ်အောင်ဆန်းစုကြည်ကို အကြင်နာ မေတ္တာ ကိုယ်ချင်းစာစိတ်ကြီးမားပြီး မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့ အမေ လို့ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေ ရဲ့ သားသမက် တစ်ဦးဖြစ်တဲ့ ဒေါက်တာနေစိုးမောင်က ဖော်ညွှန်းချီးကျူးလိုက်ပါတယ်။ သူက ဖိုးလပြည့်ရဲ့ အဖေပါ။
ဒေါက်တာနေစိုးမောင်ရဲ့ ချီူးကျူးပုံက “မယားညီအကို ဦးသိန်းနိုင်ရဲ့ ဈာပနမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂိုလ်ရဲ့ရုံးမှ အရာရှိတစ်ဦးက နေမောင့် အမျိုးသမီးရဲ့ ဖခင်ထံ စာလေးတစောင်လာပို့ပါတယ်စာလေးကိုဖွင့်ဖောက်လိုက်တော့ အမေစုရဲ့ ကိုယ်တိုင်လက်ရေး ဝမ်းနည်းကြောင်းသဝဏ်လွာလေးပါ။
အကြင်နာ မေတ္တာ ကိုယ်ချင်းစာစိတ်ကြီးမားပြီး မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့ အမေ့ကို လေးစားကြည်ညို ကျေးဇူးတင် အပ်ပါတယ် အမေမျှော်မှန်းထားတဲ့ ငြိမ်ချမ်းသာယာပြီး ဖွံ့ဖြိုးတိုး တက်တဲ့ နိုင်ငံကြီးဖြစ်ဘို့ ဆုတောင်းရုံသာမက အမြန်ရောက်အောင်လည်း ကျရာ တထောင့်တနေရာမှ တတပ်တအား ပါဝင်ပါမယ်လို့ ကတိပြုပါတယ်….”လို့ ရေးသားချီးကျူး ထားပါတယ်။
 burmese.asia
Sunday, June 16, 2019
မွေးနေ့လက်ဆောင်အဖြစ် ..မန်းတလေး ၃၈လမ်း ကို… အောင်ဆန်းစုကြည်လမ်းအဖြစ် …အမည်ပေးမည်
•••••••••••••••••••••••••••••••••••••••••••••••••••••
Ye Lwin
Unicode Version
၃၈လမ်း ဖွင့်ပွဲပြင်ဆင်နေမှုများနဲ့ အဆုံးသပ် လုပ်ငန်းလုပ်ကိုင်နေမှုများစစ်ဆေး။
•••••••••••••••••••••••••••••••••••••••••••••••••••••
ဖွင့်ပွဲမုခ်ဦးရဲ့ အလယ်တိုင်မှာ လူထုခေါင်းဆောင်ပုံကို မွေးနေ့အထိမ်းအမှတ် အဖြစ်ထည့်ပြီး
လမ်းအမည်ကိုလည်း မန္တလေးမြို့ရဲ့ မွေးနေ့လက်ဆောင်အဖြစ်
“အောင်ဆန်းစုကြည်” လမ်း လို့အမည်ပေးဖို့ စိတ်ကူးထားပါတယ်။
မွေးနေ့အထိမ်းအမှတ်လမ်းမို့လို့လည်း ထောင့်စေ့အောင်စစ်ဆေးရတာပါ။
လက်စသတ်လုပ်ငန်းမှာ လိုနေတာတွေ စိတ်ကြိုက်မဟုတ်တာတွေ ချက်ချင်းမှာကြား လုပ်ခိုင်းခဲ့ပါတယ်။
လမ်းမအနေနဲ့ လိုအပ်ချက်မရှိပေမယ့် ဘေးလမ်းသွယ်တွေက ရေမြောင်းတွေ ပြုပြင်ဖို့ လမ်းညွှန်တာ အပါအဝင် ပန်းကစားဌာနရဲ့ လိုအပ်ချက်တွေပါ မှာကြားခဲ့ပါတယ်။
သန့်ရှင်းရေးဌာနကိုလည်း မြောင်းဆယ်၊ အမှိုက်လှည်း အပြင် နေ့စဉ်အမှိုက်သိမ်းရေးနဲ့ အမှိုက်ပုံးများချထားရေးပါ ညွှန်ကြားခဲ့ပါတယ်။
ဒီနေ့မနက် ၃၈လမ်းပေါ်နဲ့ လမ်းသွယ်တွေမှာရှိတဲ့ ကျူးဆိုင်တွေနဲ့ ကျူးနေတဲ့ လုပ်ငန်းတွေရှင်းလင်း ပြီးပါပြီ။
ဘတ်ဂျက်ကြောင့် လုပ်ငန်းအဆုံးသတ် မသေသတ်မှုတွေ မပြီးပြတ်မှုတွေလျော့နည်းသွားရေးက အရေးကြီးပါတယ်။
စည်ပင်ဝန်ထမ်းတွေရဲ့ အားသာချက်က ညွှန်ကြားရင်
သေသေသပ်သပ်နဲ့ ချက်ချင်းပြီးအောင် နေ့နေ့ညည စိတ်ပါလက်ပါ ဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်ပါ။
မြို့တော်အတွက် စည်ပင်ပါ။
Ye Lwin
Saturday, June 15, 2019
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏သားသမက် ဗိုလ်မှူးချုပ် သိန်းနိုင်(ငြိမ်း) ကွယ်လွန်သွားသည့်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ဝမ်းနည်းကြောင်းစာ ပေးပို့
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏သားသမက် ဗိုလ်မှူးချုပ် သိန်းနိုင်(ငြိမ်း) ကွယ်လွန်သွားသည့်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ဝမ်းနည်းကြောင်းစာ ပေးပို့
Superstar
Friday, May 10, 2019
နှစ်မကုန်ခင် လျှပ်စစ်မီးလိုအပ်ချက် ၅ဝ ရာခိုင်နှုန်း ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည် ရည်မှန်း
၂ဝ၁၉ ခုနှစ် မေလ ၉ ရက်နေ့က မကွေးဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပွဲမှာ တွေ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ /Photo: Myanmar State Counsellor Office
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနှစ်မကုန်ခင် မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးလိုအပ်ချက်ကို ၅ဝ ရာခိုင်နှုန်း အထိ ဖြည့်ဆည်းပေးဖို့ မျှော်မှန်းထားပါတယ်။ ဒ့ါအပြင် နောက် ၃ နှစ်အတွင်းမှာ အပြည့်အဝရရှိဖို့ ကြိုးစားမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ မကွေးဒေသခံပြည်သူတွေနဲ့ မနေ့က တွေ့ဆုံရာမှာ သူက အခုလို ပြောကြားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ အစိုးရတာဝန်ယူချိန်ကစပြီး နံပါတ်တစ် ဦးစားပေးအချက်က တနိုင်ငံလုံးမှာ အလုပ်အကိုင်တွေ ဖန်တီးပေးရေးဖြစ်တယ်။ အဲဒီလို အလုပ်အကိုင်တွေ ဖန်တီးရေးအတွက် လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး ရရှိရေးဟာ အခြေခံကျတယ်။ ပြီးခဲ့တဲ့ ၂ နှစ် လောက်တုန်းကဆိုရင် လျှပ်စစ်မီးကို နိုင်ငံ့လိုအပ်ချက်ရဲ့ ၃ဝ ရာခိုင်နှုန်းလောက်ပဲ ဖြန့်ဖြူးပေးနိုင်ခဲ့တာဖြစ်တဲ့အတွက် အခု နှစ်ဆနီးပါးတိုးတက်လာတာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
တဆက်တည်းမှာပဲ ခေတ်နဲ့ညီပြီး လက်တွေ့ကျတဲ့ ပညာရေးစနစ်ကို ထူထောင်လိုကြောင်းနဲ့ အသက်မွေးဝမ်းကျောင်းပညာကို အားပေးမှာဖြစ်ကြောင်းများအပြင် ပြည်သူပြည်သားအားလုံးအနေနဲ့ လူ့ဘဝကို ဖြတ်သန်းရှင်သန်နေစဉ်အတွင်း လောကကောင်းကျိုးအတွက် တခုခုလုပ်ပေးနိုင်ခဲ့အောင် စိတ်ဓာတ်တွေ မွေးမြူကြပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
RFA Burmese
https://www.rfa.org/burmese
Friday, April 26, 2019
တရုတ်ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မြစ်ဆုံကိစ္စဆွေးနွေးခြင်းမရှိ
တရုတ်နိုင်ငံ ဘေကျင်းမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ /Photo: AFP
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းကိစ္စကို တရုတ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တာမရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ ပြောပါတယ်။
တရုတ်ခရီးစဉ်အတွင်း ခေတ်သစ်ပိုးလမ်းမစီမံကိန်း၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ ဆန်တင်ပို့ရေးကိစ္စနဲ့ တရုတ်-မြန်မာဆက်ဆံရေး နှစ် ၇ဝ ပြည့်ကိစ္စတွေကိုသာ ဆွေးနွေးခဲ့တာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ဒီနေ့ နေပြည်တော်က NRPC မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ သတင်းထောက်တွေရဲ့ မြစ်ဆုံအရေးမေးမြန်းချက်ကို အဲဒီလို ဖြေကြားခဲ့တာပါ။ မြစ်ဆုံစီမံကိန်းကိစ္စကို အစိုးရအနေနဲ့ အလေးအနက်ထားစဉ်းစားသုံးသပ်နေပြီး ဖြေရှင်းဆောင်ရွက်သွားမယ့် ပုံစံတွေကို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်းချပြသွားမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
ပြည်သူတွေကို ချမပြဘဲ မြန်မာနဲ့ တရုတ်အစိုးရ နှစ်ဘက်ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးလိုက်တာမျိုး လုပ်ဆောင်သွားမှာ မဟုတ်ကြောင်းနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ဘယ်ချိန်မှာ ပြည်သူတွေကို ချပြသွားမယ်ဆိုတာကိုတော့ မသိရသေးကြောင်းလည်း ပြောပါတယ်။
တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းဆွေးနွေးပွဲ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့အတွက် စာချုပ်ချုပ်ဆိုလိုက်မှာကို စိုးရိမ်မှုတွေရှိနေတာဖြစ်ပါတယ်။
ဒါကြောင့် ဘာသာရေးခေါင်းဆောင်တွေ၊ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူတွေက ဦးဆောင်ပြီး မြစ်ဆုံစီမံကန်း အပြီးတိုင်ဖျက်သိမ်းရေးကို ဒီလပိုင်းတွေအတွင်းမှာ တောင်းဆိုတဲ့လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဖြစ်ကြောင်း မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်အဖွဲ့ဝင်တွေက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြစ်ဆုံစီမံကိန်းကို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်တွေကနေ ကြည့်ရှုဆုံးဖြတ်သွားမယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့က ဒေသခံတွေကို မတ်လဆန်းပိုင်းက တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်နဲ့ ကိုကျော်ထွန်းနိုင်တို့ ပေးပို့လိုက်တာပါ။
RFA Burmese
https://www.rfa.org
Tuesday, April 23, 2019
နိုင်ငံတော်အတိုင်ပင်ခံ တရုတ်ခရီးစဉ် မြန်မာ့အရေးသုံးသပ်သူတချို့အမြင်
နိုင်ငံတော်အတိုင်ပင်ခံ တရုတ်ခရီးစဉ် မြန်မာ့အရေးသုံးသပ်သူတချို့အမြင်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကို ဒီနေ့သွားဖို့ ရှိနေပါတယ်။ ဧပြီ ၂၅ ရက်ကနေ ၂၇ ရက်အထိ တရုတ်နိုင်ငံမှာ ကျင်းပမဲ့ BRI လို့ အတိုခေါက်ခေါ်တဲ့ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း ဒုတိယအကြိမ် ညီလာခံကို တက်ရောက်ဖို့ သွားမှာဖြစ်ပြီး၊ အပြန်မှာ ကမ္ဘောဒီးယားနိုင်ငံကိုလည်း ဝင်ဖို့ရှိပါတယ်။ ဒီ တရုတ်ခရီးစဉ်ရဲ့ ထူးခြားမူနဲ့ ပတ်သက်ပြီး မြန်မာအရေး အကဲခတ် တချို.ရဲ့ အမြင်ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု တရုတ်ပြည်ခရီးစဉ်က အရေးပါသလို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သွားခဲ့တဲ့ ခရီးစဉ်နောက်ပိုင်း ဖြစ်တာကြောင့် ညှိနှိုင်းရမှုတွေ ပိုများနိုင်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ Georgetown တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ David Steinberg က သုံးသပ်ပြပါတယ်။
“ ကျွန်တော်ထင်ပါတယ် ဒေါ်အောင်ဆန်းစုကြည် အခုတရုတ်ကိုသွားတာကိုက တရုတ်နဲ့ ဆက်ဆံရေး ဆက်ကောင်းနေတာကို ပြတဲ့အတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ခက်ခက်ခဲခဲဖြေရှင်းရမယ့် တောင်းဆိုချက်တွေကြားမှာ ညပ်နေတဲ့ သဘောရှိပါတယ်။ တပ်မတော်ဘက်က တောင်းဆိုထားတာတွေရှိမယ်။ တရုတ်နဲ့ ဆက်ဆံရေး ဆက်ကောင်းစေချင်တဲ့ တောင်းဆိုချက်ရှိမယ်။ နောက် တရုတ်ရဲ့ မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်နေတဲ့ လူမူအဖွဲ့အစည်းတွေရှိတယ်။ ဒီတောင်းဆိုချက်အားလုံးကို ဖြေရှင်းပေးချင်စိတ် ရှိမရှိကတော့ တပိုင်းပေါ့နော်။”
ဒါ့အပြင် ပါမောက္ခ David Steinberg ကပဲ အရင် လက်ပတောင်းတောင်ကြေးနီစီမံကိန်းတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူတွေ ဆန့်ကျင်တဲ့ကြားက တပ်မတော်စိတ်မဆိုးအောင် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာကြောင့် အခုလည်း အလားတူ ခက်ခဲနိုင်တယ်လို့ ပြောပြပါတယ်။ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း ညီလာခံမှာ တခြားနိုင်ငံတွေလည်း ပါတာဖြစ်ပေမယ့် တရုတ်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ပြီး စီးပွားရေး စင်္ကြန်လမ်းကိစ္စ ဆွေးနွေးနိုင်တယ်လို့မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးဟောင်း Priscilla Clapp က ထောက်ပြပါတယ်။
“ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစည်းဝေးပြင်ပမှ သမ္မတ Xi Jinping နဲ့ တွေ့ဖို့ရှိမှာပါ။ အဲ့ဒီမှာ တရုတ်မြန်မာစီးပွားရေးစင်္ကြန်လမ်းကိစ္စ ပါလာနိုင်ပါတယ်။ ဘယ်လိုဆက်ဖြစ်မလဲ ဆိုတောတော့ စောင့်ကြည့်ရမှာပေါ့နော်။ ဒါပေမဲ့ ဒီလမ်းကိစ္စ စပြီး ရှေ့ဆက်လုပ်ဖို့ တရုတ်ဖက်က တိုက်တွန်းမှာပါ။ ဒါပေမဲ့ မြန်မာအစိုးရဖက်ကတော့ ဘယ်လိုတုံ့ပြန်မလဲ မသိသေးပါဘူး။”
Priscilla Clapp က ဆက်ပြီး မြန်မာအစိုးရဘက်ကတော့ အခုလို တရုတ်ရဲ့ စီမံကိန်းကြီးတွေကို နောက်တွန့်နေတဲ့သဘောရှိတယ်လို့ အခုလို ဆက်သုံးသပ်ပြပါတယ်။
“နေပြည်တော်က မြန်မာအစိုးရအနေနဲ့တော့ တရုတ်ရဲ့ ဒီကြီးမားတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အထူးကို သတိထားပြီး ရှေ့ဆက်ဖို့ စဉ်စားမှာပါ။ ဘာလို့လဲဆိုတော့ တရုတ်က ကမ်းလှမ်းတဲ့ ငွေချေးတဲ့ပုံစံမျိုးကို မယူချင်လို့ပါ။”
ဒ့ါအပြင် အခုခရီးစဉ်မတိုင်ခင်လေးမှာ မြန်မာနိုင်ငံအတွင်း မြစ်ဆုံစီမံကိန်းဆန့်ကျင်မှုတွေ ဖြစ်နေတာမို့ ဒီခရီးစဉ်မှာ ဘာထူးလာနိုင်သလဲလို့ မေးရာမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးဟောင်း Priscilla Clapp က
“ကွန်မထင်ပါတယ်။ တရုတ်ဖက်ကတော့ မြစ်ဆုံကို ပြန်လုပ်ဖို့ ဆက်တွန်းမှာ သေချာပါတယ်။ ဒါပေမဲ့ မြန်မာဖက်ကတော့ ခုလို ပြန်လုပ်ပေးဖို့ အနေအထား မတွေ့ရသေးပါဘူး။”
ဒါပေမယ့် ပါမောက္ခ David Steinberg က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခက်ခက်ခဲခဲ ညှိနှိုင်းရာမှာ ဖြစ်နိုင်ခြေရှိတာတွေကို အခုလိုရှင်းပြပါတယ်။
“မြန်မာပြည်ဖက်ကနေ လျှပ်စစ်အားပိုရအောင်၊ မြန်မြန်ရအောင် ညှိတာမျိုး၊ နောက် ဒီ ဆည်ကြီးကို အရွယ်အစားလျော့ဖို့ ညှိတာမျိုး၊ အဓိက ကတော့ ဒီ ဆည်ရဲ့ဆိုးကျိုးဖြစ်လာနိုင်တာတွေကို လျော့ချနိုင်မဲ့ နည်းလမ်းအားလုံးနဲ့ အပေးအယူလုပ်ညှိတာမျိုးပေါ့နော်။ ဒါပေမဲ့ ဘယ်လိုဆည်ပဲဖြစ်ဖြစ် အတင်း ဆက်လုပ်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်အတွက် ၂၀၂၀ ရွေးကောက်ပွဲ မှာ အထိနာစေနိုင်ပါတယ်။”
ပါမောက္ခ David Steinberg က ဆက်ပြီး အခုအချိန်ဟာ တရုတ်နိုင်ငံရဲ့ မြန်မာအပေါ် သြဇာပိုကြီးလာတာမို့ မြန်မာအစိုးရအတွက် ညှိနှိုင်းရတာ အခက်အခဲပိုကြုံနိုင်တယ်လို့ ထောက်ပြပါတယ်။
“ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာပြဿနာဖြစ်လာပြီးထဲက တရုတ်ဖက်က မြန်မာအစိုးရကို ထောက်ခံ ကာကွယ်ပေးတယ်၊ အမေရိကန်နဲ့ အနောက်နိုင်ငံအစိုးရတွေကတော့ အကာအကွယ်မပေးပဲ ဖိအားပေးလာတယ်၊ အဲ့တော့ တရုတ်သြဇာက မြန်မာနိုင်ငံမှာ အရင်နှစ်တွေထက် အများကြီး ပိုကြီးလာတာပေါ့။ ဒီ ကြီးမာလာတဲ့ တရုတ် သြဇာနဲ့ အတင်းတောင်းဆိုလာနိုင်တာတွေက ဘယ်မြန်မာအစိုးရအတွက်မဆို ပြဿနာရှိပါတယ်။”
ဒါပေမယ့် တရုတ်အစိုးရအနေနဲ့လည်းအရင် တရုတ်-မြန်မာ အဓိကရုဏ်း ဖြစ်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံမှာ အခု လူမျိုးရေး၊ အမျိုးသားရေးကိစ္စတွေ ခေါင်းထောင်လာတာကို နားလည်ပြီး မြန်မာလူထု အများစု မကြိုက်တာကို အတင်းဇွတ်မလုပ်သင့်ဘူးလို့ ဆက်ထောက်ပြပါတယ်။
“ တရုတ်အစိုးရအနေနဲ့ ခုလို လူမျိုးရေး အမျိုးသားရေးဝါဒတွေ ခေါင်းထောင်လာတာကို နားလည်ပြီး၊ လျော့ချနိုင်အောင် လုပ်ဖို့ လိုပါလိမ့်မယ်။ အရမ်းနောက်မကျသေးခင် မှာပေါ့နော်။ မြန်မာပြည်က တရုတ်တွေကတော့ ဒီပြဿနာကို လုံးဝ သတိပြုမိကြပါလိမ့်မယ်။ ဒါပေမဲ့ ပေဂျင်းက အစိုးရ သတိပြုမိ မမိကတော့ နောက်တပိုင်းပေါ့နော်။”
ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတရုတ်ခရီးစဉ်မှာ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးဖို့ရှိတယ်လို့လည်း သုံးသပ်သူတွေက ဆိုပါတယ်။
ဝင်းမင်း / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Friday, April 19, 2019
ဘဏ်​​တွေက ​ငွေ အတု​တွေ မသိတဲ့ ပြည်​သူများ လာအပ်​တာ ​တွေ့ရင်​ စုတ်​ဖြဲဖျက်​ဆီး ပိုင်​ခွင့်​ မရှိဘူး ၊
ဘဏ်​​တွေက ​ငွေ အတု​တွေ မသိတဲ့ ပြည်​သူများ လာအပ်​တာ ​တွေ့ရင်​ စုတ်​ဖြဲဖျက်​ဆီး ပိုင်​ခွင့်​ မရှိဘူး ၊ လက်​မခံချင်​ရင်​ လက်​မခံပဲ ​နေလို့ ရတယ်​ လို့ ​ပြောခဲ့တဲ့ ရုပ်​/ သံ
Thursday, April 18, 2019
နိုင်ငံတော်အကြံပေးကိုအကြံပေးခြင်း
သရ၀ဏ်(ပြည်)
မြန်မာစကားပုံတွင် မိကျောင်းမင်းရေခင်းပြ ဟူ၍လည်းကောင်း ၊ဘုန်းကြီးစာချ ဟူ၍လည်ကောင်း ရှိသည် ။ ကိုယ့်ထက်တော်သူတတ်သူကို အကြံပေးရခြင်းအတွက်အားတုံ့အားနာဖြစ်ရပုံကို စကားပုံဖြင့်ဖွဲ့ဆိုကြခြင်းဖြစ်မည် ။ ယခုလည်း နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်အားအကြံပေးပါရစေဆိုတော့ လူတွေကမျက်စေ့ဆံပင်မွှေးစူးကောင်းစူးမည် ။ မင်းကဘာကောင်မလို့လဲ ဟု ပြောကောင်းပြောမည် ။ မင်းကဘယ်လောက်တတ်လို့လဲဟုဆိုကောင်းဆိုမည် ။ ကျွန်ုပ်သည် ဘာကောင်မှလည်းမဟုတ်ပါ ။ ဘာမှလည်းမယ်မယ်ရရမတတ်ပါ ။ သို့သော် မျက်လှည့်ဝိုင်းတွင် ကန့်လန့်ကာနောက်မှကြည့်နေသူသည် ရှေ့ဆုံးတန်းမှကြည့်နေသူထက် နှစ်ဦးနှစ်ဘက်ကို ပို၍ မြင်တွေ့ ရသည်ကတကြောင်း ၊ တခါတရံတွင် ကွင်းထဲမှာမောကြီးပန်းကြီး ကစားနေသူထက် ကွင်းဘေးစည်းက သက်တောင့်သက်သာ ထိုင်ကြည့်သူသည် လစ်ဟာမှုများကိုပိုမြင်တွေ့ ရတတ်သည်ကတကြောင်း ၊ ရာထူးကြီးလွန်းသဖြင့် အောက်ခြေလူထုနှင့်နေ့တိုင်းနေ့တိုင်း ထိတွေ့ ခွင့်မရသူထက် နေ့စဉ်ဘ၀တွင်သာမန်သူလိုငါလို ဘ၀ဖြင့် နှစ် ငါးဆယ်မျှဖြတ်သန်းခဲ့သူနိုင်ငံသားတယောက်အနေနှင့်လည်းကောင်း ချောင်ကြိုချောင်ကြားမှ သိလာမြင်လာရသည်များကို မျှဝေပေးလိုသောသဘောမျှသာဖြစ်ပါသည် ။ ဤအတွေးကိုအဘယ်ကြောင့်ရသနည်းဟူမူ မကြာသေးခင်ရက်များက ဧရာဝတီတိုင်းအတွင်းသို့  ဒေါ်အောင်ဆန်းစုကြည်ရောက်လာ၍ ပြည်သူလူထုနှင့်တွေ့ ဆုံပွဲလုပ်ရာတွင် တောသူတောင်သားအဒေါ်ကြီးတယောက်က ဘဏ်များသို့ငွေစက္ကူများသွားရောက်အပ်နှံလျှင် အပ်နှံငွေထဲတွင်မိမိမသိလိုက်ပါပဲငွေစက္ကူအတုများပါလာပါက ဘဏ်သည် ကာယကံရှင် (ပိုက်ဆံပိုင်ရှင်)ကိုမည်သို့မျှတိုင်ပင်ရှင်းပြခြင်းမရှိပဲ ငွေစက္ကူကို အပေါက်ဖောက်ကာဖျက်ဆီးပစ်လိုက်ခြင်းကိုဖြေရှင်းပေးစေလိုကြောင်း တိုင်ကြားလာသည်ကိုဒေါ်အောင်ဆန်းစုကြည်ဖြေကြားသည်ကိုကြားရာမှ အတွေးရခြင်းဖြစ်ပါသည် ။ ငွေစက္ကူအကြောင်းကိုပြောလိုရင်းမဟုတ်ပါ ။ အောက်ခြေတွင်ဖြစ်ပျက်နေသော ကိစ္စများအားလုံးကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သိနိုင်မှာ မဟုတ်ဘူးဆိုခြင်းကိုတွေးမိခြင်းဖြစ်သည် ။ ထိုကိစ္စမှာ သာမန်ပြည်သူလူထုမှာ ဘဏ်တွေကဒုက္ခပေးသမျှ ကိုခံနေရတာ ဆယ်စုနှစ်နှင့်ချီနေပြီဖြစ်သည် ။ တိုင်ကာမှ ဒေါ်အောင်ဆန်းစုကြည် သိသွားသည့်သဘောရှိသည် ။ ထို့ကြောင့် အခြားကိစ္စများမှာလည်း ပမာဒလေခနေလျှင်ပြုပြင်နိုင်ပါစေ ၊ ဒေါ်အောင်ဆန်းစုကြည်မေ့လျော့နေပါက သတိရပါစေဟူသောစေတနာဖြင့်အောက်ပါကိစ္စများကို အကြံပေးရပါသတည်း။
၁။ သံချပ်တွေကိုဆင်ဆာမဖြတ်ပါနှင့်
ယခင်က မြန်မာ့ရိုးရာ သင်္ကြန်ဟူသမျှတွင် သံချပ်ထိုးခြင်းသည် ခေတ်ကို ကြေးမုံပြင်အဖြစ်ထင်ဟပ်ပြခြင်းဖြစ်သည် ။ နေပြည်တော်ရှိ နယ်ပယ်အသီးသီးဝယ်လွဲချော်နေသမျှ ကိုသံချပ်သမားတို့က ဟစ်တိုင်သဖွယ်ဟစ်ကြွေးမှ မင်းအစိုးရတို့ကသိရသဖြင့်ချွတ်ချော်တိမ်းပါးမှု မှန်သမျှကိုပြင်ကြရစမြဲဖြစ်သည် ။စာရေးဆရာအားလုံးနီးပါးက အာဏာရှင်ကိုတော်လှန်ရာတွင် မဆလခေတ်တလျှောက်လုံးသံချပ်လက်နက်ဖြင့်တိုက်ခိုက်ခဲ့ကြပါသည် ။ သို့သော်ယခုအခါတွင် စစ်အစိုးရလက်ထက်ကထားခဲ့သောအမွေကို NLD ခေတ်အထိသယ်လာကြသည် ။ သင်္ကြန်မဏ္ဍပ်များတွင် ပါဝင်ဖျော်ဖြေပြိုင်ပွဲဝင်သမျှသံချပ်တွေကို စာပေစာပေစိစစ်ရေးမရှိတော့သော်လည်း (ရှိနေဆဲကဲ့သို့ ) ဆင်ဆာလုပ် ကြိုတင်စိစစ်ကြပါသည် ။ ဘောင်းတော်ညိတ် စိတ်တော်သိ စစ်ဘက်၊အရပ်ဘက် အထက်ကလူကြီးများ ငြိုငြင်နိုင်သော စကားလုံးများကိုဖြုတ်ကြဖို့ ဖြတ်ကြဖို့လုပ်ပါလေတော့သည်။ ထိုကိစ္စကို ဒေါ်အောင်ဆန်းစုကြည် သိသည်ဟုမထင်ပါ ။ နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်းများစွာနေလာရသော ဒေါ်အောင်ဆန်းစုကြည်သည် စကားလုံးများကို တားဆီးတုပ်နှောင်သည်ကိုကြိုက်မည်မဟုတ်ပါ ။ အောက်ကလူတွေအဖားလွန်ဟန်ရှိသည် ။ သင်္ကြန်သံချပ်များသည် တိုင်းပြည်ကိုဖျက်နေသည်မဟုတ်ပါ ။ တိမ်းစောင်းနေတာတွေကိုတည့်မတ်ပေးနေခြင်းဖြစ်ပါသည် ။ မိမိတို့ကို ဝေဖန်ရင်လည်းခံနိုင်ရပေမည် ။ မှန်ကိုရိုက်ခွဲခြင်းဖြင့် မှန်တွင်ထင်လာသောအရိပ်များပျောက်ကွယ်သွားမည်မဟုတ် ။ မိမိကမမြင်ရတော့ခြင်းသာဖြစ်ပေမည် ။ အစိုးရသည် သံချပ်ကို မတားမြစ်သင့် ။
၂။ရုပ်ရှင်ဆင်ဆာအဖွဲ့ မရှိသင့်တော့
စာပေစိစစ်ရေးအဖွဲ့ကိုမဖျက်သိမ်းခင် လူတွေပူပန်တာ (စစ်အစိုးရကအကြောင်းပြတာ )တခု၇ှိသည် ။ စာပေစိစစ်ရေးမရှိတော့လျှင် လူတွေကအထိမ်းအကွပ်မရှိတော့ပဲ ရေးချင်ရာတွေရေးကုန်မှာပေါ့ ။ညစ်ညမ်းစာပေတွေပေါ်လာမှာပေါ့ ဟူ၍ဖြစ်သည် ။ တကယ် အလုပ်လုပ်ကြည့်သောအခါ စာပေစိစစ်ရေးမရှိတော့သော်လည်း စာရေးဆရာများသည် ကိုယ့်တာဝန်ကိုယ်ယူကာ မည်သူကမျှ လူ့အဖွဲ့အစည်းကိုဖျက်မည့်စာများမရေးကြပါ ။ အသရေဖျက်သောစာများရေးလျှင် ၊ ညစ်ညမ်းစာပေများရေးလျှင် ဥပဒေကြောင်းအရ တရားစွဲခံရနိုင်သော ဥပဒေများရှိပြီးဖြစ်ရာ မည်သို့မျှ ပရမ်းပတာမဖြစ်နိုင်တော့ပေ ။ရုပ်ရှင်တွင်လည်းဤသို့ပင်ဖြစ်ပါသည် ။ အသရေဖျက်မှု ၊ ညစ်ညမ်းရုပ်ပုံဖန်တီးဝေငှမှု ၊ နိုင်ငံတော်အကြည်ငြိုပျက်စေမှု ၊ နိုင်ငံတော်သစ္စာဖာက်ဖျက်ပုန်ကန်မှုစသည်ဖြင့် ဥပဒေတွေရှိထားပြီးဖြစ်ရာ ရုပ်ရှင်ဇာတ်ကားတွင်ဥပဒေချိုးဖောက်ပါက ဒါရိုက်တာနှင့်ထုတ်လုပ်သူကို တရားစွဲရုံပဲဖြစ်သည် ။ ဆိုရှယ်လစ်ခေတ် ၊ စစ်အာဏာရှင် ခေတ်မဟုတ်တော့သဖြင့် အနုပညာကို ဘောင်ခတ်ပြီးပိတ်လှောင်ထားခြင်းကားဒီမိုကရေစီနှင့်ဆန့်ကျင်ဘက်ဖြစ်ပါသည် ။
၃။ နိုင်ငံရေးအတွက်ဘာသာရေးကိုအလွဲသုံးနေသောအဖွဲ့များ ကို ပြတ်ပြတ်သားသားကိုင်တွယ်ပါ ။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဃ) တွင် နိုင်ငံရေးပါတီ တရပ်ရပ်သည် ဘာသာရေးကိုနိုင်ငံရေးအတွက် အလွဲသုံးစား ပြုကြောင်း တွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်ရမည် လို့ အတိအလင်းပြဌာန်းထားပါတယ် ။ ဒါ့ကြောင့်ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီတွေအားလုံးကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၇ နိုင်ငံရေးပါတီများဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း ပုဒ်မ ခွဲ (က)၊(ခ)၊(ဂ)၊(ဃ) တို့ကို သတင်းစာမှာကြော်ငြာပြီး နိုင်ငံရေးအတွက် ဘာသာရေးမှိုင်းတိုက်နေတဲ့အဖွဲ့များကို သတိပေးရမှာဖြစ်ပါတယ် ။ ဘယ်ပါတီရယ်လို့မရည်ညွှန်းပဲ ဥပဒေကတော့ ဒီလိုဒီလိုရှိတယ် ။ ဒါ့ကြောင့် နိုင်ငံရေးအတွက် ဘာသာရေးကိုအလွဲသုံးနေတာရှိရင်ရပ်တန်းကရပ်ပါ။ မရပ်ရင်တော့ ပါတီဖျက်သိမ်းခံရနိုင်တယ်ဆိုတာကို ပြတ်ပြတ်သားသားကြေညာသင့်ပါတယ် ။ မ.ဘ.သ လို ဖျက်သိမ်းခံရပြီးသားအသင်းတွေ ၊မျိုးချစ်အဖွဲ့တွေလို တရားဝင်နိုင်ငံရေးပါတီမဟုတ်တဲ့အဖွဲ့တွေက တရားဝင်လိုလို ဘာလိုလို တံဆိပ်တွေဘာတွေအသုံးပြု ၊လူစုလူဝေးတွေလုပ်နေတာကို ပြတ်ပြတ်သားသား ဥပဒေအတိုင်းဆောင်ရွက်ရပါမယ် ။ ချစ်တာမုန်းတာတွေမပါပဲ ဥပဒေအတိုင်းတိတိကျကျ ဆောင်ရွက်တော့မယ်ဆိုတာ အများသိအောင်ကြေညာသင့်ပါတယ် ။နိုင်ငံမတည်ငြိမ်နိုင်တာဟာ အချို့အဖွဲ့တွေဟာ နိုင်ငံရေးအကျိုးအမြတ်အတွက် ဘာသာရေးကိုတလွဲအသုံးချနေလို့ပါပဲ ။
၎။ သမ္မတရုံး ပုံမှန်သတင်းစာရှင်းလင်းပွဲလုပ်ပါ ။
တရုတ်နိုင်ငံမှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူကန်းရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲဟာနေ့စဉ်နီးပါး တောက်လျှောက် သတင်းစာရှင်းလင်းပွဲလုပ်နေခဲ့တာကိုတွေ့ရပါတယ် ။ ၂၀၁၉ အတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဟာ ဧပြီလ ၉ရက် ၊ ဧပြီလ၈ရက် ၊ဧပြီ ၄ရက် ၊ဧပြီ၃ ရက်တို့မှာဆက်တိုက်ပြုလုပ်ခဲ့ပြီး ၊ နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ်ဂွမ်လျှောင်ကတော့ ၂၀၁၉ ဧပြီလ ၂ရက် ၊ ဧပြီ ၁ ရက် ၊ မတ်လ ၂၈ရက် ၊ မတ်လ ၂၇ ရက် ၊ မတ်လ ၂၆ ရက် ၊မတ်လ ၂၅ ရက် ၊မတ်လ ၂၂ ရက် ၊၂၁ ရက် ၊ ၂၀ရက် ၊၁၉ရက် ၊၁၈ရက် ၊၁၄ ရက် ၊၁၃ရက် ၊၁၂ရက် ၊၁၁ရက် ၊၇ ရက် ၊၆ရက် ၊၅ရက် ၊၄ရက် ၊၁ ရက် နေ့တွေမှာ ပုံမှန်သတင်းစာရှင်းလင်းပွဲတွေလုပ်ခဲ့တယ် ။ နေ့တိုင်းနီးပါး နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းစာရှင်းလင်းပွဲလုပ်နေတာတွေ့ရမှာဖြစ်ပါတယ် ။ အမေရိကန်ပြည်ထောင်စုမှာတော့ သမ္မတရဲ့အိမ်တော် (အိမ်ဖြူတော်)မှာနေ့စဉ်သတင်းစာရှင်လင်းပွဲလုပ်ပေးပါတယ် ။ အရေးကြီးရင်သမ္မတကိုယ်တိုင်တက်ပါတယ် ။ ပုံမှန်အားဖြင့်တော့ မီဒီယာတာဝန်ခံ ( Press Secretary ) ကပဲ တာဝန်ယူပြီး သတင်းထောက်တွေကို သတင်းပေးပါတယ် ။ မြန်မာနိုင်ငံမှာ တော့ သတင်းထုတ်ပြန်ချက်တွေဟာ ပုံမှန်မရှိပဲ နှေးကွေးလေးလံလွန်းပါတယ် ။ ကိုယ့်နိုင်ငံရဲ့သတင်းတွေကို BBC တို့  AP တို့ ၊ AFP တို့ ၊ရိုက်တာ သတင်းဌာနတို့က ဖော်ပြမှပဲ ပြည်တွင်းသတင်းသမားတွေကသိခွင့်ရကြပါတယ် ။ ဘယ်သူ့ကိုမေးလို့မေး၇မှန်းလဲမသိပါ ။ သက်ဆိုင်သူတွေရဲ့ ဖုန်းနံပတ်တွေပေးထားပေမယ့်လည်း ဆက်မေးရင် ရေရေရာရာမပြောကြတာများပါတယ် ။ ဖုန်းမကိုင်တဲ့သူတွေတောင်ရှိတယ် ။ ဒီလိုအကျင့်မျိုးနဲ့တော့ ကမ္ဘာကိုထိုးဖောက်လို့မရပါ ။ သမ္မတရုံးကဖြစ်စေ ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးကဖြစ်စေ ၊ နေ့စဉ် မဟုတ်တောင် အပတ်စဉ် ပုံမှန် သတင်းစာရှင်းလင်းပွဲ ရှိသင့်ပါတယ် ။ တလောတလောစိတ်ကူးပေါက်မှထပြီးသတင်းစာရှင်းလင်းပွဲလုပ်တာမျိုးဟာ ဒီမိုကရေစီမဆန်သလို အစိုးရပါးမ၀ရာရောက်ပါတယ်။ ၀န်ကြီးဌာနအားလုံးကလည်းပုံမှန်သတင်းစာရှင်းလင်းပွဲ လုပ်နေရမှာဖြစ်ပါတယ်။ သတင်းစီးဆင်းမှုကိုဒိထက်မြန်အောင်ဆောင်ရွက်ပေးသင့်ပါတယ် ။မလုပ်မနေရသတင်းစာရှင်းလင်းပွဲတွေဖြစ်လာအောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တွန်းအားပေးသင့်ပါတယ် ။
၅။ ဒေါ်လာငွေစက္ကူတွေ ဟောင်းရင်လက်မခံတဲ့ကိစ္စ ကို ပြေလည်သည်အထိဆောင်ရွက်ပါ
ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေရဲ့ ဒီညစ်ကွက်ကိုလဲ အတိုင်ပင်ခံပုဂ္ဂိုလ် သိမည်မထင်ပါ ။ မြန်မာပြည်မှာ ကမ္ဘာ့ဘယ်နိုင်ငံမှာမှမရှိတဲ့အကျင့်ထူးတခုရှိပါတယ် ။ အဲဒါကတော့ အမေရိကန်ဒေါ်လာငွေစက္ကူကို ဂျပန်ခေတ်က ဂျပန်ပိုက်ဆံလိုအသစ်ကြပ်ကြွတ် ထောင်မလဲသဲကော်အခြေအနေမဟုတ်ခဲ့ရင် သက်ဆိုင်ရာကလက်မခံတာ ပါပဲ ။သက်ဆိုင်ရာဆိုတာ ဘုရားဝင်ကြေးကောက်တဲ့နေရာတွေ ၊ ရှေးဟောင်းဇုန်ဝင်ကြေးပေးဆောင်ရတဲ့နေရာတွေ ၊ အစိုးရဘဏ် ၊ပုဂ္ဂလိကဘဏ်တွေ၊ ငွေလဲကောင်တာ ( money changer )တွေ ၊ဟိုတယ်တွေ ၊ လေယာဉ်လက်မှတ်အရောင်းဌာနတွေ စတဲ့ ဒေါ်လာနဲ့ပတ်သက်တဲ့နေရာဌာနအားလုံးပဲ ဖြစ်ပါတယ် ။သူတို့ အဓိကအကြောင်းပြကြတာကတော့ သူတို့လက်ထဲမှာရောက်လာတဲ့ ငွေစက္ကူအနွမ်းတွေကို သွားအပ်ရင် ဗဟိုဘဏ်က လက်မခံတာကြောင့် ရယ်လို့ယိုးမယ်ဖွဲံကြပါတယ် ။ ဗဟိုဘဏ်ကိုလည်းဘယ်သူမှသွားမေးခွင့်မရပါ ။ ဗဟိုဘဏ်က မဟုတ်ပါဘူး ယူပါတယ် လို့ပြောလာရင်လည်း အောက်ခြေမှာတော့ ခေါက်ရိုးလေးနည်းနည်းကျိုးတာနဲ့ ၊ နှမ်းစေ့လောက် မင်ကလေး တစက်လောက်စွန်းတာနဲ့မယူကြတော့ပါဘူး ။ နိုင်ငံခြားသားတွေကတော့ အဲဒိကိစ္စကိုအလွန်စိတ်ပျက် စိတ်ဆိုးကြပါတယ် ။ မြန်မာပြည်ကိုလည်း ဒေါ်လာငွေစက္ကူကို ဘုရားလောက်ကိုးကွယ်နေကြတဲ့ အရိုင်းအစိုင်းတွေဆိုတဲ့အကြည့်မျိုးနဲ့ကြည့်ကြပါတယ် ။ ဒီကိစ္စကိုတကယ်ရှင်းပေးချင်ရင်၊ ပိုက်ဆံဟာပိုက်ဆံပဲ အစစ်ဖြစ်မယ်ဆိုရင် ဘယ်လောက်ဟောင်းတဲ့ပိုက်ဆံပဲဖြစ်ဖြစ် အပ်ရင်လက်ခံတယ် ၊ရောင်းရင် ဈေးမနှိမ်ပဲဝယ်ပါတယ်ဆိုတဲ့ ဘဏ် နဲ့ ငွေလဲကောင်တာ ရန်ကုန်မှာ အနည်းဆုံး ၅ ခုလောက် ၊ ပုဂံ၊မန္တလေး၊ အင်းလေး ၊ ငပလီ ၊ ကျိုက်ထီးရိုး ၊ မြိတ် ၊ကော့သောင်း၊ကျိုင်းတုံ ၊ စတဲ့ မြို့တွေမှာ တခုစီလောက် ဖွင့်လှစ်ပေးသင့်ပါတယ် ။ အခုတော့ ဒေါ်လာစက္ကူလေးနည်းနည်း နွမ်းသွားတာနဲ့ ၊ခေါက်ရာလေး ထင်မိတာနဲ့ ၊ မင်ကလေး နှမ်းခေါင်းလောက်စွန်းတာနဲ့ လက်မခံဘူးလို့ပြောနေကြတာ၊ ဈေးနှိမ်ပြီးဝယ်တာ အင်မတန်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါတယ် ။ ပြင်ကြပါဦး ။ စာရွက်ကလေးနဲ့ကြေညာချက်ထုတ်ရုံဝတ်ကြေ၀တ်ကုန်တော့ မပြင်ကြနဲ့ပေါ့။ ကိုယ့်မြန်မာပိုက်ဆံကျ ဟောင်းနွမ်းစုတ်ပြတ်နေလဲ နိုင်ငံခြားသားကလက်ခံရတယ် ။ သူတို့ပိုက်ဆံကျတော့ အသစ်ကြပ်ကြွတ်ဖြစ်ရမယ်ဆိုတာ အတော် ကို ရှက်စရာကောင်းတဲ့ ကိစ္စပါပဲ ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒါတွေသိမှာ မဟုတ်ပါဘူး ။
၆။ နိုင်ငံခြားဘဏ်တွေဖွင့်ခွင့် လုပ်ငန်းအပြည့်လုပ်ကိုင်ခွင့်တွေပေးပါ ။
နိုင်ငံခြံဘဏ်တွေ မြန်မာပြည်မှာဖွင့်ခွင့်မရသေးချိန် ၊ အချို့ဖွင့်ခွင့်ရသော်လည်း ကိုယ်စားလှယ်ရုံးလောက် ဖွင့်ခွင့်ရတာ ၊ မြန်မာဘဏ်တွေကိုပဲ ငွေချေးခွင့်ရသေးတာ လောက်ပဲ ရှိနေပါသေးတယ် ။ အဲဒိအချိန်မှာ ပြည်တွင်းဘဏ်တွေဟာ ဈေးကွက်ကို သူတို့ဘက်ကပဲ အစစအရာရာလက်ဝါးကြီးအုပ်ထားပါတော့တယ် ။ နိုင်ငံတကာမှာ မရှိတဲ့ အတိုးနှုန်းတွေနဲ့ငွေချေးတယ် ။ လုပ်ငန်း၇ှင်တွေဘယ်လိုမှ အလုပ်လုပ်လို့မဖြစ်တဲ့အတိုးနှုန်းတွေယူတယ် ။ မြန်မာလုပ်ငန်း၇ှင် ၈၀ ရာခိုင်နှုန်းဟာ ဘဏ်ကချေးငွေယူပြီးရင်ဘယ်တော့မှ ပြန်မဆပ်နိုင်တော့ပဲ စက်ရုံထိုးအပ် ၊ လုပ်ငန်းထိုးအပ်ရတော့တာပါပဲ ။ နိုင်ငံတကာဘဏ်တွေက အတိုးနှုန်းသက်သက်သာသာနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကိုငွေထုတ်ချေးမယ်ဆိုတော့ ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေက အကြောင်းအမျိုးမျိုးပြပြီးဖျက်တော့တာပါပဲ ။ အဓိကအကြောင်းပြတာက နိုင်ငံတကာကဘဏ်ကြီးတွေဟာအရင်းအနှီးအလွန်များတယ် ။ အဲဒိဘဏ်ကြီးတွေ ပြည်တွင်းကို ၀င်လာပြီး အလုပ်လုပ်ခွင့်ပေးလိုက်ရင် ရှိပြီးသားတိုင်းရင်းသား ပုဂ္ဂလိကဘဏ်လေးတွေပြိုလဲသွားနိုင်တယ်ဆိုတဲ့ဆင်ခြေပဲဖြစ်ပါတယ် ။ သူတို့ပြောသလိုဆိုရင် အသေးစားနဲ့အလတ်စားလုပ်ငန်းရှင်လေးတွေ ၊ တဦးချင်းချေးငွေယူချင်တဲ့ မြန်မာနိုင်ငံသား တွေ ရဲ့မျက်နှာထက် သူတို့ဘဏ်သူဌေး ကိုးယောက်ဆယ်ယောက်လောက်ရဲ့မျက်နှာကိုပဲ နိုင်ငံတော်က ကာကွယ်ပေးနေရမလိုလို ၊ တိုင်းသူပြည်သားတွေဆီက အတိုးနှုန်းကောင်းကောင်းနဲ့ပြိုင်ဘက်မရှိရိတ်နေတာကိုပဲ နိုင်ငံတော်က သူတို့စားလို့မ၀မချင်းကြည့်နေရမလိုလိုပါပဲ ။ဒါ့ကြောင့် နိုင်ငံခြားဘဏ်တွေကိုဖွင့်ချလိုက်ပါ ။ ဦးနုလက်ထက်က ၊ပါလီမန်ဒီမိုကရေစီခေတ်က ဒီလိုပဲ နိုင်ငံခြားတွေ မြန်မာပြည်မှာ အပြည့်အ၀ လုပ်ကိုင်ခွင့်ရှိခဲ့ပါတယ် ။ တိုင်းပြည်မွဲသွားသလား ကောင်းခဲ့သလားဆိုတာ အထူးမပြောလိုတော့ပါဘူး ။
၇။ နိုင်ငံခြားလေကြောင်းလိုင်းတွေ ပြည်တွင်းမှာလုပ်ကိုင်ခွင့်ပေးပါ ။
အခုဟာက ရန်ကုန်ကနေဘန်ကောက်ကိုအသွားအပြန်အပြန်လေယာဉ်လက်မှတ်ဟာ Air Asia တို့ Nok Air တို့  Thai Lion Air တို့ဆို ဒေါ်လာ ၁၁၀ လောက် နဲ့ရပါတယ် ။ ရန်ကုန်-ဘန်ကောက် တကြောင်းတည်းဆို ၅၅ ဒေါ်လာလောက် ၆၀ လောက်ပေါ့ ။ အဲဒိအချိန်မှာ မြန်မာပြည်တွင်းလေကြောင်းလိုင်းတွေဟာ ရန်ကုန် -မန္တလေးကို မြန်မာငွေ ခြောက်သောင်းခွဲ ခုနစ်သောင်း ၊ နိုင်ငံခြားသားဆို ဒေါ်လာ ၇၀ ကနေ ၈၀ လောက်အထိ ယူနေကြတာပါ ။ ဆိုလိုတာက နိုင်ငံခြားသွားတာ ပြည်တွင်းသွားတာထက် လေယာဉ်ခကသက်သာနေတာပါ ။ အဲဒိအချိန်မှာ မလေးရှား Air Asia နဲ့ မြန်မာပြည်က FMI လေကြောင်းလိုင်းပူးပေါင်းပြီး ပြည်တွင်းခရီးစဉ်တွေပြေးဆွဲဖို့ တင်ပြတာကိုအစိုးရကငြင်းလိုက်ပါတယ် ။ မရှေးမနှောင်းမှာပဲ ဂျပန်နိုင်ငံရဲ့ ANA လေကြောင်းလိုင်းကြီး နဲ့  ရွေသံလွင်ကုမ္မဏီတို့ပေါင်းပြီး Asian Blue လေကြောင်းလိုင်း ပြေးဆွဲဖို့ကိစ္စကိုလည်းမြန်မာအာဏာပိုင်တွေကပယ်ချခဲ့ပါတယ် ။အကြောင်းပြချက်ကတော့ နဂိုကတည်းကအရှုံးနဲ့ရင်ဆိုင်နေရတဲ့ မြန်မာ ပုဂ္ဂလိကလေကြောင်းလိုင်းတွေ ဟာ နိုင်ငံခြားလေကြောင်းလိုင်းတွေဝင်လာရင်ပြုတ်ကုန်မှာစိုးလို့ပါတဲ့ ။ သိပ်ပြီးယုတ္တိမရှိတဲ့ဆင်ခြေလို့  ယူဆမိပါတယ် ။ နိုင်ငံခြားလေကြောင်းလိုင်းတွေဝင်မလာလဲ မြန်မာလေကြောင်းလိုင်းတွေရှုံးနေတယ်လို့ဆိုထားပြီးသားမို့လား ။ ရှုံးရခြင်းအကြောင်းက လေယာဉ် ဆီဈေးတွေဝယ်ရတာကြီးမြင့်တာ ၊ လေယာဉ်ရပ်နားခ အပါအ၀င် ကွင်းကြေးတွေ ကြီးတာ ၊ အထွေထွေစားရိတ်တွေကြီးတာ ၊ လေကြောင်းလိုင်းထောင်ထားပေမယ့် တကယ်တမ်းမှာ လေယာဉ်သုံးစီး လောက်ပဲရှိပြီးအဲဒိသုံးစီးလောက် ပျံသန်းရတဲ့ ၀င်ငွေအတွက် မြန်မာတနိုင်ငံလုံးလေဆိပ်ရှိတဲ့မြို့ကြီးတိုင်းမှာ ရုံးခွဲတွေဖွင့် ၊၀န်ထမ်းတွေခန့်ထားရတာ (လေယာဉ်ကသုံးစီး ၀န်ထမ်းက သုံးရာ ဖြစ်နေတာ ) ၊လေယာဉ်အသေးတွေဖြစ်တဲ့ ATR 72 (600) တွေများတဲ့အတွက် ဂျက်လေယာဉ်တွေ ၊ Airbus တွေလို လူအများကြီးမတင်နိုင်တော့ ဈေးမချနိုင်တာတွေ ၊လေယာဉ်တွေက ဖန်တရာတေနေတဲ့ ရန်ကုန် -မန္တလေး- ပုဂံ-အင်းလေး-ငပလီ နေရာငါးနေရာကိုပဲ လေကြောင်းလိုင်းအားလုံးကလုယက်ပြေးဆွဲနေကြတာကြောင့်ပဲဖြစ်ပါတယ် ။ နိုင်ငံခြားလေကြောင်းလိုင်းတွေဝင်လာရင် လေယာဉ်လက်မှတ်ခတွေဈေးကျမယ် ။ ကမ္ဘာ့အဆင့်မီ စီမံခန့်ခွဲမှု ၊၀န်ဆောင်မှုတွေကြောင့် လူတွေ လေယာဉ်ပိုစီးလာကြမယ် ။ လေယာဉ်မဆွဲသေးတဲ့ မြို့တွေကို ခရီးစဉ်အသစ်တွေအပြိုင်အဆိုင်ပေါ်လာမယ် ။ စသည်ဖြင့်ကောင်းကွက်တွေရှိပါတယ် ။ မြန်မာပြည်က ဘဏ်သူဌေးကြီးတွေ ၊ လေကြောင်းလိုင်းသူဌေးကြီးတွေ ၊ခရိုနီကြီးတွေဟာ သတ်သတ်စီမဟုတ်ပါဘူး ။ ဒီလူဒီလူတွေချည်းပါပဲ ။ သူတို့ကိုကာကွယ်မလား ၊ ၅၄ သန်းသောပြည်သူတွေသက်သာချောင်ချိတာကြည့်မလားဆိုတာစဉ်းစားကြရမှာပါ ။ ပြည်တွင်းလေကြောင်းဈေးကွက်ကိုနိုင်ငံတကာလေကြောင်းလိုင်းတွေကို ရဲရဲဖွင့်ချလိုက်စေချင်ပါတယ် ။တဖက်မှာလဲ လေယာဉ်ကွင်းရှိပြီး နေ့စဉ်လေယာဉ်မဆွဲ ပဲရပ်နားထားတာကြာပြီဖြစ်တဲ့ တဲ့ မြို့တွေ (ဥပမာ မော်လမြိုင်၊မကွေး၊ပြည်၊ပုသိမ် ၊ မုံရွာ စသည်ဖြင့် ) ကို ပုံမှန်ခရီးစဉ်တွေ ပြန်လည်ပြေးဆွဲကြဖို့ လုပ်ဆောင်သင့်ပါတယ် ။၉ယောက်စီး ၊ဆက်စနာလေယာဉ်လေးနဲ့ မစို့မပို့ဆွဲပေးတာမျိုးကိုမဆိုလိုပါ ။
၈။ လူ့အခွင့်အရေးကော်မရှင်ကို လုပ်ပိုင်ခွင့်ပိုပေးပါ ။
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နဲ့ ၊ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နှစ်ခုမှာအဓိကကွာခြားချက်ရှိပါတယ် ။အဲဒါကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဟာ တရားစွဲအဖွဲ့အစည်းဖြစ်ပါတယ် ။ သူဟာအဂတိလိုက်စားတယ်လို့ တိုင်ကြားခံရသူကို စစ်ဆေးခွင့်ရှိပါတယ် ။ စစ်ဆေးပြီးလို့သက်သေတွေခိုင်လုံရင်သူပဲတရားလိုလုပ်ပြီး တရားရုံးကို တရားစွဲဆိုတင်ပို့ ပါတယ် ။လူ့အခွင့်အရေးကော်မရှင်ကတော့ဒီလိုအာဏာပေးမထားပါဘူး ။ လူ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့ တိုင်ကြားလာရင်စုံစမ်းပါတယ် ။ ပြီးရင် တွေ့ရှိချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနကိုတင်ပြရပါတယ် ။ ကျောင်းခန်းထဲကမော်နီတာအဆင့်ပါပဲ ။ သူကိုယ်တိုင်တရားစွဲခွင့်မရှိတဲ့ စက္ကူကျားတကောင်ပါပဲ ။ ဒါ့ကြောင့် ရဲစခန်းတွေမှာ တရားခံအပေါ်မတရား အနိုင်ကျင့်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မကြာခနကြားကြရတာပါ ။ အကျဉ်းထောင်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမကြာခနကြားကြရတာပါ ။ ဒီတော့ လူ့အခွင့်အရေးချိုးဖောက်မှုကို အာဏာပိုင်တွေဘက်က ရပ်တန့်စေချင်တယ်ဆိုရင်တော့ အစီရင်ခံစာလေးရေးလိုက် အနေအစားချောင်သလိုနေလိုက်နဲ့ကတော့ ပန်းနဲ့ပေါက်တာလောက်ပဲရှိမှာ ။ ကိုမင်းကိုနိုင်တို့လို တကယ် ရာဇ၀င်ရှိတဲ့သူတွေကို လူ့အခွင့်အရေးကော်မရှင် မှာဥက္ကဌခန့်ပြီး တရားစွဲနိုင်တဲ့အခွင့်အာဏာအထိ ဥပဒေပြဌာန်းသတ်မှတ်ပေးရမှာဖြစ်ပါတယ် ။ အခုလူ့အခွင့်အရေးကော်မရှင်ရဲ့ပြောင်မြောက်တဲ့ လက်ရာ ဘာတခုမှမမြင်ရသေးတာ အသက်မရှိတဲ့ ဥပဒေကြောင့်ပါပဲ ။ဒါကိုပြင်ကြရပါမယ် ။
၉။ တရုတ်မယားအဖြစ်ရောင်းစားခံနေကြရတဲ့ မြန်မာမိန်းကလေးတွေ ကိုကယ်တင်ပါ
နှစ်ပိုင်းရှိပါတယ် ။ တရုတ်ကိုရောက်သွားပြီးတဲ့မြန်မာမိန်းကလေးတွေကို ဒိထက်ပိုပြီးဖိဖိစီးစီးကယ်တင်စေချင်ပါတယ် ။ နောက်တခုက ဟိုဘက်ကို မရောက်သေးခင်ကယ်တင်တဲ့ကိစ္စကို လဲ ဒိထက်ပိုပြီးဖိဖိစီးစီးလုပ်ကြစေချင်ပါတယ် ။ တရုတ်ဘက်မှာ လူမှောင်ခိုကူးမှုလို့မသတ်မှတ်ပဲ တရားဝင် လူသယ်ဆောင်လာခွင့်ရနေတာကိုလဲ သံတမန်ရေးလမ်းကြောင်းက (အခုလို Road and Belt တွေဘာတွေနဲ့ မြန်မာကိုတရုတ်ကလိုအပ်နေချိန်မျိုးမှာ ) ပိုပြီးပြင်းပြင်းထန်ထန်တောင်းဆိုသင့်ပါတယ် ။ မြန်မာပြည်ကမိန်းကလေးကိုသူတို့ဆန္ဒမပါပဲတရားမ၀င် နယ်စပ်ဖြတ်ကျော်သယ်ဆောင်လာခဲ့ရင် အဲဒါဟာ Human Trafficking လို့ခေါ်တဲ့လူမှောင်ခိုမှု လို့သတ်မှတ်ဖို့ ၊ တရုတ်နိုင်ငံသားတွေကို လူမှောင်ခိုမှုနဲ့ဖမ်းဆီးအပြစ်ပေးဖို့ မြန်မာဘက်ကတောင်းဆိုသင့်ပါတယ် ။ သူ့နိုင်ငံမှာဘာဥပဒေပြဌာန်းပါလို့အခြားနိုင်ငံတခုကမတောင်းဆိုနိုင်ပေမယ့် ၊ ဒီကိစ္စဟာ တကမ္ဘာလုံးက လူမှောင်ခိုကူးမှုလို့ သတ်မှတ်ထားတဲ့ရာဇ၀တ်မှုဖြစ်ပါတယ် ။ တရုတ်တနိုင်ငံထဲလူလည်ကျပြီး အဲဒိ ဥပဒေသူတို့နိုင်ငံမှာ မရှိသလိုလုပ်နေလို့မရပါဘူး။အနည်းဆုံးတော့မြန်မာဘက်ကပြင်းပြင်းထန်ထန်တောင်းဆိုရပါလိမ့်မယ် ။ မြန်မာမိန်းကလေးတွေဟာရောင်းကုန်မဟုတ်ဘူးဆိုတာ တရုတ်ကို တင်းတင်းမာမာပြောရပါလိမ့်မယ် ။
ဒိထက်ပြောစရာတွေရှိပါသေးတယ် ။ နိုင်ငံအတွက်အခမဲ့ စေတနာနဲ့အကြံပေးချင်တာတွေရှိပါသေးတယ် ။ စာမျက်နှာကိုငဲ့ကွက်ရတာကြောင့်အခုတော့ဒီလောက်ပါပဲ။ နောင်တချိန်အခါအခွင့်သင့်ရင် အလကားပဲတင်းထပ်ပြီး အကြံပေးပါရစေဦးခင်ဗျား။
သရ၀ဏ်(ပြည်)
စောင့်ကြည့်ဂျာနယ်
၁၈.၄.၂၀၁၉