Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, April 2, 2016

အတိုင်ပင်ခံ ရာထူး နှင့် ဥပဒေကြောင်း

 ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးသစ်များနှင့် တွေ့ဆုံစဉ်။ ( မတ် ၂၅၊ ၂၀၁၆)
တိုင်းပြည်ရဲ့ အမြင့်မားဆုံး ရာထူးဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်ဖို့ လွှတ်တော်ကကြိုးပမ်းနေတာဟာ လူထု ဆန္ဒကို အကောင်အထည်ဖေါ်တာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေကပြော ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံရဲ့ခေါင်းဆောင်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲ မှာ ပြည်သူတွေတခဲနက်တည်း မဲဆန္ဒပေးရွေးချယ်ခဲ့ပေမဲ့ သူ့ကို သမ္မတ မဖြစ်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေကန့်သတ်ချက်ကြောင့် အခုလို လွှတ်တော် ရဲ့လုပ်ပိုင်ခွင့် ဥပဒေဘောင် ထဲကနေဆောင်ရွက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဥပဒေပြုခန့်အပ်နိုင်ဖို့ ကြိုးပမ်းရာမှာ သဘောထားကွဲလွဲမှုတွေရှိနေတာပါ။ မနေ့ သောကြာနေ့က အမျိုးသားလွှတ်တော်မှာ ဒီဥပဒေကြမ်းကို အတည်ပြုခဲ့ပေမဲ့ စစ်တပ်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီတချို့က ကန့်ကွက်ခဲ့ပါတယ်။

လူပုဂ္ဂိုလ်တဦးကပဲ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ဆိုတဲ့ နိုင်ငံတော် အချုပ်အချာ အာဏာ သုံးရပ်လုံးမှာ ပါ၀င်နေတာဖြစ်တာကြောင့် အပြန်အလှန် ထိန်းညှိရေးကို ထိခိုက်စေမှာဖြစ်တယ်လို့ တပ်မတော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ခင်မောင်အေးက အမျိုးသားလွှတ်တော်မှာ အခုလို တင်ပြသွားပါတယ်။

" " ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဓိက အခြေခံမူတစ်ရပ်ဖြစ်သည့် ပုဒ်မ ၁၁(က) ပါ ပါတီအမည်ဖော်ပြထားတဲ့ လူပုဂ္ဂိုလ်တဦးအား ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး အာဏာနှစ်ရပ်စလုံးကို အပ်နှံတဲ့သဘော သက်ရောက်နေခြင်း၊ နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေ ပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း တို့ပြုတယ်ဆို သည့် ပြဋ္ဌာန်း ချက်ကို ထိခိုက်ပျက်ပြားစေခြင်း၊ ယခု ဥပဒေကြမ်း ပါ ပြဋ္ဌာန်းချက်များ၏ အနက် အဓိပ္ပာယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများနှင့် ဆန့်ကျင် ကွဲလွဲနေခြင်း တို့ကြောင့် ဥပဒေ တစ်ရပ်အဖြစ် ပြဋ္ဌာန်းမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်စေရန် ပြင်ဆင်ရေးဆွဲပြီး မှသာ ပြဋ္ဌာန်းသင့်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။"

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ခန့်အပ်မယ့် ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်တာမရှိသလို၊ ကွဲလွဲမှုတွေလဲ မရှိဘူးလို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်သိန်းက ဗွီအိုအေ ကိုပြောပါတယ်။

"အဓိက ကတော့ အတိုင်ပင်ခံ အကြံပေးဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံနဲဲ့ မဆန့်ကျင်စေပဲ ဆိုတာ ဒါ ချုပ်ထားတဲ့ ကိစ္စပဲ။ အကြံပေးအဖွဲ့ဆိုတာ အကြံပေးဖို့ အဖွဲ့လိုက် ဆွေးနွေးကြတယ်။ ပြောကြတယ် ဆိုကြတယ်ဆိုရင် တော်တော်နဲ့ ခရီးမပေါက်နိုင်ဘူးပေါ့။ တဦးချင်းကို တာဝန်ပေးထားတယ်။ သူက ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမယ်ဆိုတာရယ်ကို ချုပ်ထားတာ ရှိပါတယ်။"

ဒါဆိုရင် NLD အစိုးရအဖွဲ့မှာ ၀န်ကြီးတာဝန်တွေအပြင် ပါတီဥက္ကဋ္ဌအဖြစ်ပါ ဆက်ပြီး ရှိနေမှာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ဖို့ ဘာကြောင့် လိုအပ်ပါသလဲ။ ဥပဒေကြမ်းရေးဆွဲရေးမှာ ကူညီဆောင်ရွက် ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီက အခုလိုပြောပါတယ်။

"ရည်ရွယ်ချက်က ဘာတုန်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့် တကယ်တော့ ကျနော်တို့ရဲ့ ဒီမိုကရေစီရေးရာ ခေါင်းဆောင်ပဲ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ ဦးဆောင်မှုပေးခဲ့တဲ့ ပုဂ္ဂိုလ်ပဲ။ သို့သော်လည်း ဒီပုဂ္ဂိုလ်သည် ဒေါ်အောင်ဆန်းစုကြည်သည် များစွာ အနစ်နာခံခဲ့ပြီးတော့မှ အချိန်တွေ ဘဝတွေကို ရင်းပြီးတော့မှ ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေး ကို ဆောင်ရွက် ခဲ့သော် လည်းပဲ တဖတ်သက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ပုဂ္ဂိုလ်ဖြစ်တဲ့ သမ္မတရာထူးကို ရယူလို့ မရဘူးဖြစ်နေတယ်။ အဲ့ဒီ့တော့ ဒီလိုအနေအထားမျိုးမှာ ဒီဝန်ကြီးဆိုတဲ့ ရာထူးဟာ တိုင်းပြည်အတွက် အလုပ်လုပ်ဖို့ တာဝန်ယူထားပေမဲ့လို့ ကျနော်တို့ ဒီ့ထက်ကြီးမြင့်တဲ့ ရာထူးတွေကိုတော့ သူ့ကို ပေးအပ်သင့်တယ်လို့ သဘောရတယ်။ ဒါပြည်သူတွေ ဘက်က ဆန္ဒပါ။ အဲ့တော့ အဲ့ဒီ့လို ဆန္ဒရှိတော့ အဲ့ဒီ့ပြည်သူတွေရဲ့ ဆန္ဒကို သိတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်တာပါပဲ။"

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေကို ဥပဒေအရ ပြဋ္ဌာန်းထားတာကိုတော့ ဦးကိုနီက အခုလိုဆက်ပြောပါတယ်။

"နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လို့ ဆိုတဲ့အတွက် အဲ့တာ အင်မတန်မှ ကြီးမြင့်တဲ့ရာထူးဖြစ်တယ်။ သမ္မတသော်လည်းကောင်း၊ လွှတ်တော်ဘက် ကသော်လည်းကောင်း တိုင်းပြည်ရဲ့ရှေ့ရေးအတွက် အကြံဉာဏ်လိုချင်ရင် အကြံဉာဏ်တောင်းခံနိုင်တယ်။ သူကလည်းပဲ အကြံဉာဏ်ပေးသင့်တယ်လို့ ယူဆလို့ရှိရင် အကြံဉာဏ်ပေးလို့ရတယ်။ အဲ့တော့ ဒီလိုအကြံဉာဏ်ပေးတာကို နာခံပြီးတော့ တိုင်းပြည်ကောင်းရာကို လုပ်သွားမယ်ဆိုရင် တိုင်းပြည်မှာ အချိန်တိုအတွင်းမှာ ဖွ့ံဖြိုးတိုးတက်လာမှာပဲ နိုင်ငံတကာကနေ လေးလေးစားစား ဆက်ဆံခံရတဲ့တိုင်းပြည် ရဲ့ ပုံရိပ်မျိုးကို ကျနော်တို့ ရလာမှာပါပဲ။"

အရင်ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ အခုလိုမျိုး ပုဂ္ဂိုလ်တဦးတည်းကို ခန့်အပ်တာမျိုး မဟုတ်ပဲ သမ္မတရဲ့ အကြံပေးအဖွဲ့ဆိုတာမျိုး ရှိခဲ့ကြောင်း ဦးအောင်သိန်းကပြောပါတယ်။

"အကြံပေး၊ အတိုင်ပင်ခံဆိုတာက ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ထားခဲ့ဖူးတာတွေ ရှိပါတယ်။ အခုလည်း ကျနော်တို့က အတိုင်ပင်ခံဆိုတဲ့သဘောကို အဖွဲ့အစည်းလိုက် မထားပဲနဲ့ တဦးချင်းအပေါ် ထားချင်းအားဖြင့် ခရီးရောက်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်ပေါ့။"

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းမှာတော့ ၂၀၁၅ ရွေးကောက်ပွဲ မှာ ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုနဲ့ တခဲနက်မဲဆန္ဒပေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် တာဝန်ပေးခန့်အပ်ကြောင်းနဲ့ သူရဲ့ရာထူးသက်တမ်းဟာ သမ္မတရာထူးသက်တမ်းအတိုင်းဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/
.................

အတိုင္ပင္ခံ ရာထူး ႏွင့္ ဥပေဒေၾကာင္း 

ေဒၚေအာင္ဆန္းစုၾကည္ ဝန္ႀကီးသစ္မ်ားႏွင့္ ေတြ႔ဆံုစဥ္။ ( မတ္ ၂၅၊ ၂၀၁၆)
တိုင္းျပည္ရဲ႕ အျမင့္မားဆံုး ရာထူးျဖစ္တဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ကို ခန္႔အပ္ဖို႔ လႊတ္ေတာ္ကႀကိဳးပမ္းေနတာဟာ လူထု ဆႏၵကို အေကာင္အထည္ေဖၚတာျဖစ္တယ္လို႔ ဥပေဒပညာရွင္ေတြကေျပာ ပါတယ္။ ေဒၚေအာင္ဆန္း စုၾကည္ကို ႏိုင္ငံရဲ႕ေခါင္းေဆာင္အျဖစ္ ၂၀၁၅ ေရြးေကာက္ပဲြ မွာ ျပည္သူေတြတခဲနက္တည္း မဲဆႏၵေပးေရြးခ်ယ္ခဲ့ေပမဲ့ သူ႔ကို သမၼတ မျဖစ္ေအာင္ ဖဲြ႕စည္းပံုအေျခခံဥပေဒကန္႔သတ္ခ်က္ေၾကာင့္ အခုလို လႊတ္ေတာ္ ရဲ႕လုပ္ပိုင္ခြင့္ ဥပေဒေဘာင္ ထဲကေနေဆာင္ရြက္တာျဖစ္တယ္လို႔လည္း ဆိုပါတယ္။ မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

လႊတ္ေတာ္ထဲမွာ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ ဥပေဒျပဳခန္႔အပ္ႏိုင္ဖို႔ ႀကိဳးပမ္းရာမွာ သေဘာထားကဲြလဲြမႈေတြရွိေနတာပါ။ မေန႔ ေသာၾကာေန႔က အမ်ဳိးသားလႊတ္ေတာ္မွာ ဒီဥပေဒၾကမ္းကို အတည္ျပဳခဲ့ေပမဲ့ စစ္တပ္ကိုယ္စားလွယ္ေတြနဲ႔ တိုင္းရင္းသားပါတီတခ်ဳိ႕က ကန္႔ကြက္ခဲ့ပါတယ္။

လူပုဂၢိဳလ္တဦးကပဲ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရး ဆိုတဲ့ ႏိုင္ငံေတာ္ အခ်ဳပ္အခ်ာ အာဏာ သံုးရပ္လံုးမွာ ပါ၀င္ေနတာျဖစ္တာေၾကာင့္ အျပန္အလွန္ ထိန္းညိႇေရးကို ထိခိုက္ေစမွာျဖစ္တယ္လို႔ တပ္မေတာ္ ကိုယ္စားလွယ္ ဗိုလ္မွဴးခ်ဳပ္ ခင္ေမာင္ေအးက အမ်ိဳးသားလႊတ္ေတာ္မွာ အခုလို တင္ျပသြားပါတယ္။

" " ဖြဲ႔စည္းပံု အေျခခံဥပေဒ၏ အဓိက အေျခခံမူတစ္ရပ္ျဖစ္သည့္ ပုဒ္မ ၁၁(က) ပါ ပါတီအမည္ေဖာ္ျပထားတဲ့ လူပုဂၢိဳလ္တဦးအား ဥပေဒျပဳေရးနဲ႔ အုပ္ခ်ဳပ္ေရး အာဏာႏွစ္ရပ္စလံုးကို အပ္ႏွံတဲ့သေဘာ သက္ေရာက္ေနျခင္း၊ ႏိုင္ငံေတာ္ အခ်ဳပ္အျခာ အာဏာ၏ ခက္မသံုးျဖာျဖစ္သည့္ ဥပေဒ ျပဳေရး အာဏာ၊ အုပ္ခ်ဳပ္ေရးအာဏာႏွင့္ တရားစီရင္ေရး အာဏာတို႔ကို တတ္ႏိုင္သမွ် ပိုင္းျခား သံုးစြဲျခင္းႏွင့္ အခ်င္းခ်င္း အျပန္အလွန္ ထိန္းေက်ာင္းျခင္း တို႔ျပဳတယ္ဆို သည့္ ျပ႒ာန္း ခ်က္ကို ထိခိုက္ပ်က္ျပားေစျခင္း၊ ယခု ဥပေဒၾကမ္း ပါ ျပ႒ာန္းခ်က္မ်ား၏ အနက္ အဓိပၸာယ္မ်ားသည္ ဖြဲ႕စည္းပံုအေျခခံဥပေဒ၏ အေျခခံမူမ်ားႏွင့္ ဆန္႔က်င္ ကြဲလြဲေနျခင္း တို႔ေၾကာင့္ ဥပေဒ တစ္ရပ္အျဖစ္ ျပ႒ာန္းမည္ဆိုပါက ဖြဲ႔စည္းပံု အေျခခံဥပေဒႏွင့္ ညီညြတ္ေစရန္ ျပင္ဆင္ေရးဆြဲၿပီး မွသာ ျပ႒ာန္းသင့္ပါေၾကာင္း တင္ျပရင္း နိဂံုးခ်ဳပ္အပ္ပါတယ္။"

ဒါေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ခန္႔အပ္မယ့္ ဥပေဒဟာ ဖဲြ႔စည္းပံု အေျခခံဥပေဒကို ဆန႔္က်င္တာမရွိသလို၊ ကဲြလဲြမႈေတြလဲ မရွိဘူးလို႔ အမ်ိဳးသားလႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီဝင္ ဦးေအာင္သိန္းက ဗီြအိုေအ ကိုေျပာပါတယ္။

"အဓိက ကေတာ့ အတုိင္ပင္ခံ အၾကံေပးဆိုတာက ၂၀၀၈ ဖြဲ႔စည္းပံုနဲဲ႔ မဆန္႔က်င္ေစပဲ ဆိုတာ ဒါ ခ်ဳပ္ထားတဲ့ ကိစၥပဲ။ အၾကံေပးအဖြဲ႔ဆိုတာ အၾကံေပးဖို႔ အဖြဲ႔လိုက္ ေဆြးေႏြးၾကတယ္။ ေျပာၾကတယ္ ဆိုၾကတယ္ဆိုရင္ ေတာ္ေတာ္နဲ႔ ခရီးမေပါက္ႏုိင္ဘူးေပါ့။ တဦးခ်င္းကို တာဝန္ေပးထားတယ္။ သူက ျပည္ေထာင္စု လႊတ္ေတာ္ကို တာဝန္ခံရမယ္ဆိုတာရယ္ကို ခ်ဳပ္ထားတာ ရွိပါတယ္။"

ဒါဆိုရင္ NLD အစိုးရအဖဲြ႕မွာ ၀န္ႀကီးတာ၀န္ေတြအျပင္ ပါတီဥကၠ႒အျဖစ္ပါ ဆက္ၿပီး ရွိေနမွာျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္အျဖစ္ ခန္႔အပ္ဖို႔ ဘာေၾကာင့္ လိုအပ္ပါသလဲ။ ဥပေဒၾကမ္းေရးဆဲြေရးမွာ ကူညီေဆာင္ရြက္ ခဲ့တဲ့ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးကိုနီက အခုလိုေျပာပါတယ္။

"ရည္ရြယ္ခ်က္က ဘာတုန္းဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ တကယ့္ တကယ္ေတာ့ က်ေနာ္တို႔ရဲ႕ ဒီမိုကေရစီေရးရာ ေခါင္းေဆာင္ပဲ ျမန္မာျပည္ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ေရာက္ဖို႔ ဦးေဆာင္မႈေပးခဲ့တဲ့ ပုဂၢိဳလ္ပဲ။ သို႔ေသာ္လည္း ဒီပုဂၢိဳလ္သည္ ေဒၚေအာင္ဆန္းစုၾကည္သည္ မ်ားစြာ အနစ္နာခံခဲ့ၿပီးေတာ့မွ အခ်ိန္ေတြ ဘဝေတြကို ရင္းၿပီးေတာ့မွ ဒီမုိကေရစီႏုိင္ငံေတာ္ ထူေထာင္ေရး ကို ေဆာင္ရြက္ ခဲ့ေသာ္ လည္းပဲ တဖတ္သက္ေရးဆြဲထားတဲ့ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံ ဥပေဒေၾကာင့္ ႏိုင္ငံေတာ္ရဲ႕ အထြဋ္အထိပ္ပုဂၢိဳလ္ျဖစ္တဲ့ သမၼတရာထူးကို ရယူလို႔ မရဘူးျဖစ္ေနတယ္။ အဲ့ဒီ့ေတာ့ ဒီလိုအေနအထားမ်ိဳးမွာ ဒီဝန္ႀကီးဆိုတဲ့ ရာထူးဟာ တိုင္းျပည္အတြက္ အလုပ္လုပ္ဖို႔ တာဝန္ယူထားေပမဲ့လို႔ က်ေနာ္တို႔ ဒီ့ထက္ႀကီးျမင့္တဲ့ ရာထူးေတြကိုေတာ့ သူ႔ကို ေပးအပ္သင့္တယ္လို႔ သေဘာရတယ္။ ဒါျပည္သူေတြ ဘက္က ဆႏၵပါ။ အဲ့ေတာ့ အဲ့ဒီ့လို ဆႏၵရွိေတာ့ အဲ့ဒီ့ျပည္သူေတြရဲ႕ ဆႏၵကို သိတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကေန အခုလို ေဒၚေအာင္ဆန္းစုၾကည္ကုိ အတုိင္ပင္ခံပုဂၢိဳလ္အျဖစ္ ခန္႔တာပါပဲ။"

 ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ တာ၀န္၊ လုပ္ပိုင္ခြင့္နဲ႕ ရပိုင္ခြင့္ေတြကို ဥပေဒအရ ျပ႒ာန္းထားတာကိုေတာ့ ဦးကိုနီက အခုလိုဆက္ေျပာပါတယ္။

"ႏိုင္ငံေတာ္ရဲ႕ အတုိင္ပင္ခံပုဂၢိဳလ္လို႔ ဆိုတဲ့အတြက္ အဲ့တာ အင္မတန္မွ ႀကီးျမင့္တဲ့ရာထူးျဖစ္တယ္။ သမၼတေသာ္လည္းေကာင္း၊ လႊတ္ေတာ္ဘက္ ကေသာ္လည္းေကာင္း တိုင္းျပည္ရဲ႕ေရွ႕ေရးအတြက္ အၾကံဉာဏ္လိုခ်င္ရင္ အၾကံဉာဏ္ေတာင္းခံႏုိင္တယ္။ သူကလည္းပဲ အၾကံဉာဏ္ေပးသင့္တယ္လို႔ ယူဆလို႔ရွိရင္ အၾကံဉာဏ္ေပးလို႔ရတယ္။ အဲ့ေတာ့ ဒီလိုအၾကံဉာဏ္ေပးတာကို နာခံၿပီးေတာ့ တုိင္းျပည္ေကာင္းရာကို လုပ္သြားမယ္ဆိုရင္ တုိင္းျပည္မွာ အခ်ိန္တိုအတြင္းမွာ ဖြ႔ံၿဖိဳးတိုးတက္လာမွာပဲ ႏိုင္ငံတကာကေန ေလးေလးစားစား ဆက္ဆံခံရတဲ့တုိင္းျပည္ ရဲ႕ ပံုရိပ္မ်ိဳးကို က်ေနာ္တို႔ ရလာမွာပါပဲ။"

အရင္ဦးသိန္းစိန္အစိုးရလက္ထက္မွာေတာ့ အခုလိုမ်ဳိး ပုဂၢိဳလ္တဦးတည္းကို ခန္႔အပ္တာမ်ဳိး မဟုတ္ပဲ သမၼတရဲ႕ အႀကံေပးအဖဲြ႔ဆိုတာမ်ဳိး ရွိခဲ့ေၾကာင္း ဦးေအာင္သိန္းကေျပာပါတယ္။

"အၾကံေပး၊ အတုိင္ပင္ခံဆိုတာက ၿပီးခဲ့တဲ့အစိုးရလက္ထက္မွာ ထားခဲ့ဖူးတာေတြ ရွိပါတယ္။ အခုလည္း က်ေနာ္တို႔က အတိုင္ပင္ခံဆိုတဲ့သေဘာကို အဖြဲ႔အစည္းလိုက္ မထားပဲနဲ႔ တဦးခ်င္းအေပၚ ထားခ်င္းအားျဖင့္ ခရီးေရာက္ႏုိင္မယ္လို႔ က်ေနာ္တို႔ ယံုၾကည္တယ္ေပါ့။"

ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ဆိုင္ရာဥပေဒၾကမ္းမွာေတာ့ ၂၀၁၅ ေရြးေကာက္ပဲြ မွာ ျပည္သူေတြရဲ႕ ယံုၾကည္အားကိုးမႈနဲ႔ တခဲနက္မဲဆႏၵေပးခဲ့တဲ့ အမ်ဳိးသားဒီမိုကေရစီ အဖဲြ႕ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ကို အတိုင္ပင္ခံပုဂၢိဳလ္ အျဖစ္ တာ၀န္ေပးခန္႔အပ္ေၾကာင္းနဲ႔ သူရဲ႕ရာထူးသက္တမ္းဟာ သမၼတရာထူးသက္တမ္းအတိုင္းျဖစ္တယ္လို႔ ေဖၚျပထားပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com/

No comments:

Post a Comment