Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 2, 2016

မလေးရှားရဲစခန်းကိုပို့ တဲ့ ISIS ကပစ်မှတ်ထားသူများစာရင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အမည်ပါဝင်နေ


အီရတ်နဲ့ဆီးရီးယားကအစ္စလာမ္မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့ ISIS ကလုပ်ကြံဖို့ ပစ်မှတ်ထားသူများအမည်စာရင်းတွေရေးထားတဲ့စာတစ်စောင်မလေးရှားနိုင်ငံကရဲစခန်းတစ်ခုကိုပို့လာပါတယ်။

တနင်္လာနေ့က မလေးရှားနိုင်ငံ Negri Sembilan ရဲစခန်းကိုပို့လာတဲ့ISIS က ပစ်မှတ်ထားသူစာရင်းမှာ မလေးရှားဝန်ကြီးချုပ်နာဂျစ်နှင့်ထိပ်တန်းအစိုးရအရာရှိအတော်များများပါဝင်ပါတယ်။

စာမျက်နှာ နှစ်မျက်နှာရှိတဲ့ ISIS ရဲ့ပစ်မှတ်ထားသူတွေထဲမှာ မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့နာမည်ပါ 
ပါဝင်နေတာကိုတွေ့ရပါတယ်။ဒီစာနဲ့အတူ ပစ်မှတ်ထားတဲ့ခေါင်းဆောင်တွေရဲ့ဓာတ်ပုံတွေကိုလည်းတွဲထားပါတယ်။
ဒီရက်ပိုင်းအတွင်းဒီခြိမ်းခြောက်စာနဲ့အလားသဏ္ဍန်တူတဲ့ခြိမ်းခြောက်စာတွေရဲစခန်းတွေကိုပို့မှုတွေရှိနေကြောင်းသိရပါတယ်။
စာနဲ့ဓာတ်ပုံတွေကို မှုခင်းဌာနကိုလွှဲပြောင်းပေးလိုက်ပါပြီ။
ရဲဌာနက ဒီကိစ္စကိုပေါ့ပေါ့တန်တန်သဘောထားမှာမဟုတ်ပဲ ဒီခြိမ်းခြောက်စာတွေရဲ့နောက်ကွယ်မှာဘယ်သူတွေပါဝင်ပတ်သက်နေလဲဆိုတာကို စုံစမ်းစစ်ဆေးသွား မယ်လို့ ပြောပါတယ်။
MP4 YoU

No comments:

Post a Comment