Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 20, 2016










ဥပမာ-KIA , AA , ကိုးကန့် , ဝ တပ်တို့ကိုထောက်ပံ့ပြီး နိုင်ငံတွင်း မတည်ငြိမ်အောင်











Chan Nyein Thu Win
19 . 5 . 2016
......
အမေရိကန် ရုရှား တရုတ် တို့ ကြားက ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်လိုက်သောလမ်း

၂၀၁၆ ခုနှစ် မေလ ၁၀ ရက်နေ့မှာ
ပြည်ထောင်စုလွှတ်တော်ကို သမ္မတဦးထင်ကျော် ပေးပို့လိုက်တဲ့
မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်အဆိုကို
ကန့်ကွက်သူမရှိအတည်ပြုလိုက်တဲ့သတင်းဟာ
ဒေါ်အောင်ဆန်းစုကြည်ကို ခန့်မှန်းကြတဲ့
နိုင်ငံရေးသုခမိန်တွေအားလုံး
တက်တက်စင်အောင် ခန့်မှန်းချက်လွဲချော်ကြမှာပါပဲ . ။

မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ
တရုတ်နဲ့အမေရိကန် ထိပ်တိုက်တွေ့ဆုံမှုကြားထဲက
ဒေါ်အောင်ဆန်းစုကြည် ရှောင်ထွက်လိုက်တဲ့ လမ်းကြောင်းလို့ပဲ ပြောရပါလိမ့်မယ် . ။

မြန်မာနိုင်ငံအနေနဲ့
စစ်ရေးအရရော စီးပွားရေးအရရော
ပိုမိုတိုးတက်ကောင်းမွန်ဖို့
တရုတ် ဒါမှမဟုတ် အမေရိကန်တို့လို ကမ္ဘာ့စူပါပါဝါနိုင်ငံအချို့နဲ့ လက်တွဲဖို့ လိုကိုလိုပါတယ် ။

ဒီအတွက် တရုတ်ကို စဉ်းစားကြည့်မယ်ဆိုရင်ရော
အားလားလား
မပေါင်းသင့်မပေါင်းအပ်တဲ့နိုင်ငံစာရင်းထဲမှာ ဒီနိုင်ငံကို ထိပ်ဆုံးက ထည့်စဉ်းစားရလောက်အောင်
ခေတ်အဆက်ဆက် ခံခဲ့ရပြီးပြီ . ။

ဒီတော့ အမေရိကန်ဆိုရင်ရော
အမေရိကန်ဆိုတာက အထူးတလည် ပေါင်းသင်းစရာမလိုလောက်အောင်
မြန်မာနိုင်ငံအရေးတွေမှာ အစဉ်တစိုက် စိတ်ဝင်စားမှုအရှိဆုံးနိုင်ငံ
နောက်ဆုံး အိုဘားမားခေတ်လွန်
နောက်အစိုးရသက်တမ်းအတွက်
၂၀၁၇ ခုနှစ် သမ္မတနေရာရေပန်းအစားဆုံး
ဟီလာရီကလင်တန်ဆိုတာကလည်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရင်းနှီးဆုံးနိုင်ငံရေးညီအမလို့ ပြောလို့ရသူ .
ဒီတော့ မြန်မာ-အမေရိကန် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ချက်ဆိုတာ
စာရွက်ပေါ်က လက်မှတ်တွေထက်
ခိုင်မာမှုရှိလောက်အောင် အရင်းနှီးဆုံးနိုင်ငံတွေ

လက်ရှိအစိုးရလက်ထက်မှာ စစ်ရေးအရဆိုရင်တော့ ဘယ်နိုင်ငံနဲ့တိုက်တိုက် မြန်မာနိုင်ငံဘက်က ရပ်တည်ဖို့ အမေရိကန်တွေ အသင့်ရှိပြီးသားလို့ ပြောရလောက်တဲ့ နိုင်ငံ

ဒါပေမယ့် ဒီနိုင်ငံက မြန်မာနိုင်ငံရဲ့အိမ်နီးချင်း
တရုတ်နဲ့ ထိပ်တိုက် အားပြိုင်နေတဲ့နိုင်ငံ
စစ်ရေးအရ အမေရိကန်နဲ့ပူးပေါင်းလိုက်မယ်ဆိုရင်
အိမ်နီးချင်း တရုတ်နိုင်ငံရဲ့အမျက်ရှမှုကို ခံရနိုင်တယ် . ။

ဥပမာ-KIA , AA , ကိုးကန့် , ဝ တပ်တို့ကို
ထောက်ပ့ံပြီး နိုင်ငံတွင်း မတည်ငြိမ်အောင်
အဆင်းဘီးတပ်ပေးတာမျိုးတွေ
တရုတ်အနေနဲ့ ဒီ့ထက်ပိုပြီးအားထည့်လာနိုင်တယ်ပေါ့ဗျာ
တိုင်းရင်းသားလက်နက်ကိုင်အတော်များများက တရုတ်ကြောထောက်နောက်ခံပြုထားတာကိုး

ဒါဆိုရင် မြန်မာနိုင်ငံအနေနဲ့စစ်ရေးအရ တရုတ်ထက်မနိမ့်ကျတဲ့ နိုင်ငံ (အမေရိကန်ကလွဲ) မျိုးနဲ့ ပူးပေါင်းဖို့ လိုအပ်လိမ့်မယ်

ဒီအတွက် ရွေးချယ်စရာတစ်လမ်းပဲရှိတယ်
ဗလာဒီမာပူတင်ရဲ့ရုရှားနိုင်ငံ ပဲ
ရုရှားက ပထဝီအနေအထားအရ မြန်မာနိုင်ငံနဲ့ အဝေးကြီးမှာရှိတဲ့နိုင်ငံဆိုတော့
အချုပ်အချာအာဏာကို ထိပါးလာမှာမျိုးလည်း မစိုးရိမ်ရဘူး
အမေရိကန်ပြီးရင် အကောင်စားစစ်လက်နက်တွေပိုင်ဆိုင်ထားတဲ့ နိုင်ငံလည်း ဖြစ်တယ် . ။

အရှေ့တောင်အာရှ တောင်တရုတ်ပင်လယ်တစ်ဝိုက်မှာ မိုက်ကြေးခွဲနေတဲ့ တရုတ်တွေအတွက်
မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာပူးပေါင်းမှုဟာ
အလွန်ခံပြင်းစရာကောင်းမှာ အသေအချာပါပဲ . ။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ချိန်လိုက်တဲ့ အဏုဖြူလက်နက်ပါပဲ . ။

လူဦးရေ သန်း၁၅၀၀ ရှိပြီး
စီးပွားရေး စစ်ရေး အဘက်ဘက်ကသာတဲ့ တရုတ်နိုင်ငံရဲ့ အချုပ်အချာအာဏာထိပါးမှုရန်ကကာကွယ်ဖို့
လူဦးရေ သန်း၅၀ ပဲရှိတဲ့နိုင်ငံငယ်လေးအတွက် အားကိုးရာစစ်အင်အားကြီးနိုင်ငံတွေရဲ့ အကူအညီလိုအပ်တာ အမှန်ပါ . ။

တရုတ်နိုင်ငံရဲ့ လူဦးရေအရ
လက်နက်မပါပဲ လားရှိုး-မူဆယ်လမ်းအတိုင်း လူချည်းပဲဝင်လာကြမယ်ဆိုရင်တောင် တားဖို့ခက်မယ့် လူဦးရေကွာခြားမှုကကြီးမားလွန်းတယ် . ။

မေခ မလိခကနေ တရုတ်မတွေသေးပန်းလွှတ်လိုက်လို့
ပင်လယ်ထဲမျောမသွားရင်ကံကောင်းပဲ

လူဦးရေသန်း ၁၅၀၀ နဲ့ သန်း၅၀ ကိုးဗျ

တကယ်သာ တရုတ်တွေ မြန်မာပြည်ကို သိမ်းမယ်ဆိုရင်
မိုင်ကုန်တစ်ပါတ်ထက်မကြာဘူး

ဒါကြောင့် ဒီလိုနိုင်ငံမျိုးရဲ့ရန်က ကာကွယ်ဖို့
ရုရှားနဲ့ မိတ်ဖွဲ့မှုဟာ မြန်မာ့တပ်မတော်အတွက်ကော ပြည်သူတွေအတွက်ပါ ဝမ်းမြောက်စရာသတင်းပါ . ။

ရုရှားနဲ့ချုပ်ဆိုတဲ့စာချုပ်အရ
မြန်မာနိုင်ငံကို ကျူးကျော်လာမယ့်ပြည်ပရန်တွေ
ပြည်တွင်းရေး တိုင်းရင်းသားအရေးတွေမှာ ဝင်ရောက်စွက်ဖက်မယ့် ပြည်ပနိုင်ငံရေးတွေမှာ
ရုရှားရဲ့ အကူအညီတွေ ရပါတော့မယ် . ။

အထူးသဖြင့်
တရုတ်မြှောက်ပေးထားတဲ့ ကိုးကန့်
ဝ တပ်တို့လို့
အင်အားကြီး လက်နက်ကိုင်တွေနဲ့ရင်ဆိုင်ရရင် မြန်မာ့တပ်မတော်အတွက် ရုရှားရဲ့အကူအညီတွေ အများကြီးလိုပါတယ် . ။

အမေရိကန်က အစိုးရနဲ့တရင်းတနှီးရှိပေမယ့် တပ်မတော်နဲ့အင်မတန်စိမ်းသယောင်ရှိဆဲပါ . ။
ဒါကလည်း မြန်မာစစ်ဗိုလ်ချုပ်ကြီးများရဲ့ ခေတ်အဆက်ဆက် စောက်ချိုးမပြေခဲ့မှုကြောင့်ပါပဲ . ။
ဒါကြောင့် စစ်ရေးအရ ရုရှားနဲ့ပူးပေါင်းတာ အကောင်းဆုံးလုပ်ရပ်ပါ

စီးပွားရေးအရ
ဂျပန် အမေရိကန်တို့နဲ့ ပူးပေါင်းပြီး
စစ်ရေးအရ ရုရှားနဲ့ပူးပေါင်းလိုက်တဲ့ လုပ်ရပ်ဟာ
နိုင်ငံရေးအတွေ့အကြုံမရှိဘူးလို့ စွပ်စွဲခံခဲ့ရတဲ့
NLD အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အကွက်မြင်မြင်ဖန်တီးလိုက်တဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေပါပဲ . . ။

Chan Nyein Thu Win
19 . 5 . 2016

No comments:

Post a Comment