Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 24, 2016

ေဒၚစု ဘာေၾကာင့္ ဝန္ႀကီးဌာန ၄ ခု ယူဖို႔ ျဖစ္လာလဲ


အမည္စာရင္းတင္ကာနီးမွ ကမ္းလွမ္းထား သူေတြက လက္မခံေၾကာင္း ေျပာတယ္လို႔ဆို
ေရြးခ်ယ္ခံ သမၼတ ဦးထင္ေက်ာ္က တင္ျပထားတဲ့ အစိုးရ ဝန္ႀကီးအဖြဲ႕ နာမည္စာရင္းကို ျပည္ေထာင္စု လႊတ္ေတာ္က မတ္လ ၂၄ ရက္ေန႔က အတည္ျပဳလိုက္ပါတယ္။

NLD ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္း စုၾကည္က နိုင္ငံျခားေရး ဝန္ႀကီး႒ာန အပါအဝင္ ဝန္ႀကီး႒ာန ေလးခုကို တာဝန္ယူမယ္ လို႔ အန္အယ္လ္ဒီ ေခါင္းေဆာင္ေတြက ေျပာပါတယ္။

မူလကပါတီဥကၠ႒ တာဝန္သာ ဆက္ယူဖို႔ ရွိခဲ့ေပမဲ့ အမည္စာရင္း ေၾကညာဖို႔ရက္ နီးကာမွ ဝန္ႀကီးအျဖစ္ လ်ာထားသူေတြက လက္မခံၾကလို႔ ေဒၚေအာင္ဆန္း စုၾကည္က ဝန္ႀကီးဌာန ေလးခုကို တာဝန္ယူဖို႔ ျဖစ္သြားတာလို႔ NLD ေခါင္းေဆာင္ေတြက ဘီဘီစီကို ေျပာပါတယ္။

အနီးကပ္မွ လက္မခံသူ သုံးေယာက္ သို႔မဟုတ္ ေလးေယာက္ေလာက္ရွိၿပီး နိုင္ငံျခားေရး ဝန္ႀကီး၊ စိုက္ပ်ိဳးေမြးျမဴေရး ဝန္ႀကီး အျဖစ္ လ်ာထားသူတို႔ ပါဝင္တယ္လို႔ သိရပါတယ္။

သူတို႔ လက္မခံနိုင္တဲ့ အေၾကာင္းကေတာ့ ဒုတိယ ဝန္ႀကီးေတြ မထားတဲ့ အတြက္ တာဝန္ပိုႀကီးမွာက တစ္ေၾကာင္း၊ အသင္း အဖြဲ႕ေတြကေန ထြက္ရမယ္ ဆိုတာက တစ္ေၾကာင္းေၾကာင့္ ျဖစ္တယ္လို႔ NLD ဘက္က ေျပာတဲ့ သတင္းေတြ အရ သိရပါတယ္။

BBC Burmese
http://www.bbc.com/burmese
.....................


အမည်စာရင်းတင်ကာနီးမှ ကမ်းလှမ်းထား သူတွေက လက်မခံကြောင်း ပြောတယ်လို့ဆို
ရွေးချယ်ခံ သမ္မတ ဦးထင်ကျော်က တင်ပြထားတဲ့ အစိုးရ ဝန်ကြီးအဖွဲ့ နာမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်က မတ်လ ၂၄ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန အပါအဝင် ဝန်ကြီးဋ္ဌာန လေးခုကို တာဝန်ယူမယ် လို့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေက ပြောပါတယ်။

မူလကပါတီဥက္ကဋ္ဌ တာဝန်သာ ဆက်ယူဖို့ ရှိခဲ့ပေမဲ့ အမည်စာရင်း ကြေညာဖို့ရက် နီးကာမှ ဝန်ကြီးအဖြစ် လျာထားသူတွေက လက်မခံကြလို့ ဒေါ်အောင်ဆန်း စုကြည်က ဝန်ကြီးဌာန လေးခုကို တာဝန်ယူဖို့ ဖြစ်သွားတာလို့ NLD ခေါင်းဆောင်တွေက ဘီဘီစီကို ပြောပါတယ်။

အနီးကပ်မှ လက်မခံသူ သုံးယောက် သို့မဟုတ် လေးယောက်လောက်ရှိပြီး နိုင်ငံခြားရေး ဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေး ဝန်ကြီး အဖြစ် လျာထားသူတို့ ပါဝင်တယ်လို့ သိရပါတယ်။

သူတို့ လက်မခံနိုင်တဲ့ အကြောင်းကတော့ ဒုတိယ ဝန်ကြီးတွေ မထားတဲ့ အတွက် တာဝန်ပိုကြီးမှာက တစ်ကြောင်း၊ အသင်း အဖွဲ့တွေကနေ ထွက်ရမယ် ဆိုတာက တစ်ကြောင်းကြောင့် ဖြစ်တယ်လို့ NLD ဘက်က ပြောတဲ့ သတင်းတွေ အရ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment