Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 27, 2019





kaungmyatsaing


UNICODE
ဈေးရောင်းလို့ရတဲ့ပိုက်ဆံလေးနဲ့ မုန့်ထုပ်လေးတွေဝယ်ပြီး food boxမှာ ပြန်ပြီး လာလှူ နေရှာတဲ့အန်တီကြီးမိခင်ငှက်မကြီးဟာ အသိုက်ထဲမှာကျန်ခဲ့တဲ့ သူ့ကလေးတွေ အစာလည်းပြေ အသက်လည်းရှင်ဖို့အတွက်ကိုယ်တိုင်အငတ်ခံပြီး နေ့စဉ်အစာတွေ အံအံပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တယ် ဒါ လူဖြစ်ဖြစ် တိရိစ္ဆာန်ဖြစ်ဖြစ် မိခင်တိုင်းရဲ့ သားသမီးအပေါ်ထားတဲ့ တူညီတဲ့မေတ္တာပါပဲ!



အခုလည်း မိခင်တစ်ယောက်ဖြစ်တဲ့ ဒီမိန်းမကြီးဟာfood boxမှာ လာလှူ ပြီးထားသွားတဲ့မုန့်တွေထဲက မုန့်ထုပ်လေး၂ထုပ် ၃ထုပ်ကို လက်မှာပိုက်ခါ အိမ်မှာကျန်ခဲ့တဲ့ သူ့ကလေးတွေအတွက် အားရဝမ်းသာ သယ်သွားရှာတာကိုဗျာ လူတွေမကောင်းလိုက်ပုံများ ဓာတ်ပုံချက်ချင်းရိုက်ပြီး လိုင်းပေါ်တင်ကာအရှက်ခွဲလိုက်ကြသတဲ့!ဒီနေရာမှာ ခင်များတို့ရဲ့အမေ သို့မဟုတ် အစ်မ သို့မဟုတ် အဒေါ်ဖြင့်သော်၎င်း ဖြစ်နေမယ်ဆိုရင် ခင်များတို့ ဘယ်လိုခံစားရမယ်ထင်သလဲ?



အခုတော့ သူ့ခမျာ နောင်တတွေ ရနေရှာပြီး ဈေးရောင်းလို့ရတဲ့ပိုက်ဆံလေးနဲ့ မုန့်ထုပ်လေးတွေဝယ်ပြီး food boxမှာ ပြန်ပြီး လာလှူ နေရှာပါတယ်😢😢😢

No comments:

Post a Comment