Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 9, 2016

အဖွားကြီး (Old Girl) ကို ဒီထက် မျှော်လင့်ခဲ့တာ" ဟု အေးနေ၀င်း ဆို


စင်ကာပူဝန်ကြီးချုပ် လီရှန်လုန်းအား ဗြိတိန် Fortnum & Mason စတိုးမှ အကောင်းစား အမှတ်တံဆိပ်များဖြစ်သည့် Twining Earl Grey နှင့် Queen Anne Tea တို့ကို အသုံးပြုဧည့်ခံသင့်ပြီး Lipton ဖြင့် ဧည့်ခံခြင်းမှာ နိုင်ငံသိက္ခာ ကျသည်ဟု အေးနေ၀င်းက၏ ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။


မြန်မာနိုင်ငံသို့ ၃ရက်ကြာ ခရီးစဉ်ဖြင့် ရောက်ရှိနေသည့် စင်ကာပူဝန်ကြီးချုပ် လီရှန်လုန်းအား နေပြည်တော်တွင် တည်ခင်းဧည့်ခံသည့် ညစာစားပွဲတွင် ဈေးပေါပေါဖြင့် ရနိုင်သည့် Lipton အမှတ်တံဆိပ် လက်ဖက်ရည်ဖြင့် ဧည့်ခံခဲ့ခြင်းအပေါ် မြန်မာနိုင်ငံအား နှစ် ၅၀ နီးပါး စစ်အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့သည့် ဦးနေ၀င်း၏ မြေးဖြစ်သူ အေးနေ၀င်းက ရေးသားဝေဖန်ခဲ့ကြောင်း သိရသည်။

“နိုင်ငံတော် ညစာစားပွဲမှာ Lipton Tea နဲ့ ဧည့်ခံတာ သိက္ခာကျပါတယ်။ အနည်းဆုံးတော့ Twining's Earl Grey ဖြစ်ဖြစ် Queen Anne Tea ဖြစ်ဖြစ် သုံးသင့်ပါတယ်။ အဖွားကြီး (Old Girl) ကို ဒီထက် အဆင့်အတန်းရှိမယ်လို့ မျှော်လင့်ပါတယ်။ ဘာလက်ဖက်ရည် သုံးရမယ်ဆိုတာမျိုးအထိ သူ ၀င်မပြောသင့်ပါဘူး။ ကုန်ကျစရိတ် ချွေတာတယ်လို့ ခပ်ချာချာ အကြောင်းတွေ မပြပါနဲ့။ Twining အထုတ် ၂၀ ကို စီးတီးမတ်မှာ ၁၃ ဒေါ်လာနဲ့ရပါတယ်” ဟု အေးနေ၀င်းက ရေးသားခဲ့သည်။


အေးနေ၀င်းက ဒေါ်အောင်ဆန်းစုကြည်အား Old Girl အဖွားကြီးဟု သုံးနှုန်းထားသော်လည်း နိုင်ငံတော်သမ္မတ ကတော် ဒေါ်စုစုလွင်ကို အထင်ကြီးလေးစားကြောင်း ရေးသားခဲ့သည်။

“ကျွန်တော် က First Lady (သမ္မတ ကတော်) ကို ဝေဖန်တာ မဟုတ်ပါဘူး။ သူမက အဆင့်မြင့်မြင့် သင့်လျော်တာကို ရွေးချယ်နိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်၊ အခု ညစာစားပွဲကို အဖွားကြီး (ဒေါ်အောင်ဆန်းစုကြည်) က တည်းခံဧည့်ခံတာလို့ Channel News Asia ကလည်း ဖော်ပြထားပါတယ်” ဟု အေးနေ၀င်း က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။

အေးနေ၀င်း၏ ရေးသားချက်ကို တုံ့ပြန်ဝေဖန်သူများလည်း ရှိသည်။

“မြန်မာ့စီးပွားရေး ချွတ်ခြုံကျအောင် မိသားစုတစ်ခုက လုပ်ထားတော့ ဈေးပေါတာပဲ သုံးနိုင်တာပေါ့” ဟု ဖေ့စ်ဘုတ်အသုံးပြုသူတစ်ဦးက တုံ့ပြန်ခဲ့သည်။ အခြားတစ်ဦးက “မင်းအဖိုး လက်ထက်ကတည်းက နိုင်ငံကို ဓါးပြတိုက်ခဲ့လို့ အခု Lipton ပဲ တတ်နိုင်တော့တယ်” ဟု ပြောကြားခဲ့သည်။

အစိုးရ အရာရှိတစ်ဦးကမူ တည်ခင်းခဲ့သည့် လက်ဖက်ရည် အမျိုးအစားနှင့် ပတ်သက်၍ ဝေဖန်သံ မကြားမိဟု ပြောကြားခဲ့သည်။ “ကျွန်တော်ကြားမိသလောက်တော့ ညစာစားပွဲမှာ အရက်မပါလို့ ဝေဖန်တာပဲရှိပါတယ်” ဟု ထိုအရာရှိက ဆိုသည်။

KHTun
The Ladies News
https://www.facebook.com/News.TheLadies

သမ္မတဦးထင်ကျော် မှ စင်ကာပူနိုင်ငံဝန်ကြီးချုပ်အား တည်ခင်းဧည့်ခံသည့် ညစာ menu
*Appetizer
ကမာကင်၊ ကညွှတ်နှင့်ခရမ်းချဉ်သီး သံပုရာ
*ဟင်းရည်
ငါးရံ့ကြပ်တင် ဗူးသီး ကြာဆံဟင်းချို
*Main course
မြန်မာ့ ကြက်သားကာလသားချက်
ရှမ်းအသီးအရွက်ဟင်းထုပ်
ခရမ်းသီးမီးဖုတ် သုပ်
ဘာလချောင်ကြော်
ထမင်းဖြူ
*အချိုပွဲ
သရက်သီးရေခဲခြစ်
သံပုရာ လစ်ပတန်တီး
ကော်ဖီ
ရှမ်း Green tea

No comments:

Post a Comment