Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 27, 2017

မန္တလေး တိုင်း NLD ဥက္ကဌ ဦးသိန်းတန် (ယခု အဖွဲ့ချုပ်၏ သဘာပတိအဖွဲ့ဝင် ဦးသိန်းတန်)ရဲ့ (လွန်ခဲ့တဲ့ ၂၉ နှစ်က- ဒီစကား)


မန္တလေး တိုင်း NLD ဥက္ကဌ ဦးသိန်းတန်
(ယခု အဖွဲ့ချုပ်၏ သဘာပတိအဖွဲ့ဝင် ဦးသိန်းတန်)ရဲ့
(လွန်ခဲ့တဲ့ ၂၉ နှစ်က- ဒီစကား)

------ဦးသိန်းတန်က

ဒေါ်အောင်ဆန်းစုကြည် ကိုမေးတယ်။

----ဒီတိုက်ပွဲမှာ ခရီးသွားဟန်လွဲ လာတိုက်တာလား။
ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေတယ်။

***ကျမ ဒီမိုကရေစီတိုက်ပွဲ ပြီးဆုံးသည်အထိ တိုက်မယ်။

----ဦးသိန်းတန်က မေးတယ်။

ဘယ်ပုံစံနဲ့တိုက်မှာလဲ။
ဒေါ်အောင်ဆန်းစုကြည် က ဖြေတယ်။

****ကျမကတော့ Dialogue တွေ့ဆုံဆွေးနွေး အဖြေရှာနည်းပဲ။

----အဲဒီအချိန်မှာ ကျောင်းသားတွေက
လက်နက်စွဲကိုင်သူ စွဲကိုင်နေကြပြီ
အဲဒါဘယ်လိုလုပ်မလဲ။

****သူတို့က အဲဒီနည်းနဲ့မှ ရမယ်ထင်လို့ပေါ့။ ကမ္ဘာ့စစ်ပွဲတွေ အားလုံးဟာ
စားပွဲပေါ်မှာ အဆုံးသတ်ကြရတာပါ ဟု
ဒေါ်အောင်ဆန်းစုကြည်က ရယ်မောပြောပြီင်္း

*****နောက်လှည့်ကြည့် လိုက်စမ်းပါဦး။
ဖေဖေ့ကို ပေးထားတဲ့ ဂျ ပန်ဓားကြီး
သံချေးတောင် တက်နေပြီထင်တယ်။
ကျမမှာ အပ်တို တချောင်းတောင်မရှိဘူး။
'ကျမကတော့ Dialogue ပဲ။'

မန္တလေး မပြန်ပါနဲ့ဦး။

'' တော်လှန်ရေးအတွက် သိပ်မောနေရင်
ကျမကို umbrella ထီးလိုသဘောထားပြီး
နားခိုပါ။''

'''ဆက်တိုက်တဲ့အခါ ကျမ ရင်ဘတ်ကို
Bunker ခံတုတ်ကျင်းလို
သဘောထားပြီး တိုက်ပါ။'''

---အဲဒီကတည်းက
ကျနော်NLD ထဲမှာ
တောက်လျှောက်ပါလာခဲ့တော့တာ ။ ။

၁၉၈၈ ခုနှစ် အောက်တိုဘာလ
( လွန်ခဲ့တဲ့ ၂၉ နှစ်က ဒီစကား)

Credit; ပြေ-ဆေး.၂(Pyiy-MC.2)

No comments:

Post a Comment