Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 27, 2019

ဘုန္းႀကီးေက်ာင္း အမည္ခံ ..အလႉခံကန္ထ႐ိုက္ ေစ်းကြက္


ႀကီး မား က်ယ္ျပန႔္လာ တဲ့ ဘုန္းႀကီးေက်ာင္း အမည္ခံ အလႉခံကန္ထ႐ိုက္ ေစ်းကြက္
ႀကီး မား က်ယ္ျပန႔္လာတဲ့ ဘုန္းႀကီးေက်ာင္း အမည္ခံ အလႉခံ ကန္ထ႐ိုက္ေတြရဲ႕ ေစ်းကြက္ အေၾကာင္းကို ေဖာ္ျပ လိုက္ပါတယ္-
အလႉခံ လိုက္သြားသူတဦးရဲ႕ အေတြ႕အႀကဳံ
အခုက အလႉခံကန္ထ႐ိုက္ေတြ မ်ားတယ္ ဘုန္းႀကီးေက်ာင္းကို ဘယ္လို ဘယ္ေလာက္ အပ္သလဲ ေတာ့မသိဘူး ရပ္ကြက္ထဲက မိန္း ခေလးေတြကို စာရိတ္ၿငိမ္းတစ္ေန႔ ၅၀၀၀ က်ပ္နဲ႔လာေခၚသြားတယ္။

အဲ့မိန္းမေျပာျပတာေတာ့ မနက္ ၉ နာရီမွ ညေန ၄ နာရီအထိအလႉ လိုက္ခံတယ္။ အုပ္စုလိုက္တစ္လမ္း ဝင္တစ္လမ္း ထြက္ နားခ်ိန္လည္း ေပးတယ္တဲ့ သူတို႔အုပ္စုက ၁၂ ေယာက္ရွိတယ္ေျပာတယ္ ဘုန္း ႀကီးေက်ာင္းတစ္ေက်ာင္းရဲ႕အမည္ ခံေပါ့ ညေန ၄ နာရီထိုးလို႔သူတို႔လုပ္ အားခရွင္းေပးၿပီး သူတို႔ကိုငွါးတဲ့ အလႉခံ ကန္ထ႐ိုက္တာအတြက္ တစ္ေန႔ကို ၂ သိန္းနဲ႔ ၂ သိန္းခြဲၾကား ေန႔စဥ္က်န္တယ္လို႔ေျပာတယ္။

အမည္ခံဘုန္းႀကီးေက်ာင္းအတြက္ ဘယ္ေလာက္လႉသလည္းဆိုတာ သူတို႔လည္းမသိဘူးေျပာတယ္။ သူတို႔ကို ေန႔စဥ္ မနက္ လဘၠရည္ဆိုင္ မွာခ်ိန္းၿပီးစုၾကတယ္ ညေန ၄ နာရီ အလႉခံလုပ္အားခကို လမ္းမွာတင္ ရွင္းေပးၿပီး ျပန္ခိုင္းလိုက္တာ တဲ့

အလႉခံကန္ထ႐ိုက္မ်ားက လာေရာက္ငွားရမ္းခဲ့သည့္ ကားပိုင္ရွင္တဦး၏ အေတြ႕အႀကဳံ

ကြၽန္ေတာ့နားက ကားလာငွါးဖူးတယ္။ အဲ့ကန္ထ႐ိုက္ေတြ ဘုန္းႀကီးကို သတ္မွတ္အေမာင့္ႀကိဳရွင္းပီးသား ဘုန္းႀကီးကို ရွင္းရင္ ကားတစ္စီးစာ ၁သိန္းနဲ႔ ကား၄စီးအတြက္ ၄သိန္းရွင္းေပးခဲ့ပီး တကယ္တမ္းထြက္ရင္ ၁ဝစီး ေလာက္ထြက္တယ္။

U Kalar Gyi, Soe Lin Latt

Unicode Version
ဘုန်းကြီးကျောင်း အမည်ခံ အလှူခံကန်ထရိုက် စျေးကွက်

June 27, 2019 ThutaSone သတင်းစုံ 0

ကြီးမားကျယ်ပြန့်လာတဲ့ ဘုန်းကြီးကျောင်း အမည်ခံ အလှူခံကန်ထရိုက် စျေးကွက်

ကြီးမားကျယ်ပြန့်လာတဲ့ ဘုန်းကြီးကျောင်း အမည်ခံ အလှူခံ ကန်ထရိုက်တွေရဲ့ စျေးကွက် အကြောင်းကို ဖော်ပြ လိုက်ပါတယ်-

အလှူခံ လိုက်သွားသူတဦးရဲ့ အတွေ့အကြုံ

အခုက အလှူခံကန်ထရိုက်တွေ များတယ် ဘုန်းကြီးကျောင်းကို ဘယ်လို ဘယ်လောက် အပ်သလဲ တော့မသိဘူး ရပ်ကွက်ထဲက မိန်း ခလေးတွေကို စာရိတ်ငြိမ်းတစ်နေ့ ၅၀၀၀ ကျပ်နဲ့လာခေါ်သွားတယ်။
အဲ့မိန်းမပြောပြတာတော့ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိအလှူ လိုက်ခံတယ်။ အုပ်စုလိုက်တစ်လမ်း ဝင်တစ်လမ်း ထွက် နားချိန်လည်း ပေးတယ်တဲ့ သူတို့အုပ်စုက ၁၂ ယောက်ရှိတယ်ပြောတယ် ဘုန်း ကြီးကျောင်းတစ်ကျောင်းရဲ့အမည် ခံပေါ့ ညနေ ၄ နာရီထိုးလို့သူတို့လုပ် အားခရှင်းပေးပြီး သူတို့ကိုငှါးတဲ့ အလှူခံ ကန်ထရိုက်တာအတွက် တစ်နေ့ကို ၂ သိန်းနဲ့ ၂ သိန်းခွဲကြား နေ့စဉ်ကျန်တယ်လို့ပြောတယ်။

အမည်ခံဘုန်းကြီးကျောင်းအတွက် ဘယ်လောက်လှူသလည်းဆိုတာ သူတို့လည်းမသိဘူးပြောတယ်။ သူတို့ကို နေ့စဉ် မနက် လဘ္ကရည်ဆိုင် မှာချိန်းပြီးစုကြတယ် ညနေ ၄ နာရီ အလှူခံလုပ်အားခကို လမ်းမှာတင် ရှင်းပေးပြီး ပြန်ခိုင်းလိုက်တာ တဲ့

အလှူခံကန်ထရိုက်များက လာရောက်ငှားရမ်းခဲ့သည့် ကားပိုင်ရှင်တဦး၏ အတွေ့အကြုံ

ကျွန်တော့နားက ကားလာငှါးဖူးတယ်။ အဲ့ကန်ထရိုက်တွေ ဘုန်းကြီးကို သတ်မှတ်အမောင့်ကြိုရှင်းပီးသား ဘုန်းကြီးကို ရှင်းရင် ကားတစ်စီးစာ ၁သိန်းနဲ့ ကား၄စီးအတွက် ၄သိန်းရှင်းပေးခဲ့ပီး တကယ်တမ်းထွက်ရင် ၁ဝစီး လောက်ထွက်တယ်။

U Kalar Gyi, Soe Lin Latt

No comments:

Post a Comment