ပဲခူးေရႊေမာ္ေဓာေစတီအေနာက္ဘက္မုခ္ရွိ ပန္းခ်ီကား ျပန္လည္ေရးဆြဲေပးရ

ပန္းခ်ီကားကို ျပင္ဆင္ေရးဆြဲေနစဥ္ (ဓာတ္ပံု - Wai Yar Aung Myint)
ပဲခူးၿမိဳ႕ေရႊေမာ္ေဓာေစတီေတာ္ အေနာက္ဘက္မုခ္ရွိ ပန္းခ်ီကား အမွတ္(၁၆)တြင္ ေရးဆြဲထားသည့္ ကာခ်ဳပ္ႏွင့္ ေဒၚေအာင္ ဆန္းစုၾကည္တုိ႔၏ပံုကို သက္ဆုိင္ ရာက လာေရာက္ဖ်က္ခိုင္းသျဖင့္ ျပန္လည္ေရးဆြဲေပးခဲ့ေၾကာင္း ပန္းခ်ီဆရာ ဦးေအာင္လိႈင္ဦးက ေျပာၾကားသည္။
ပဲခူးတုိင္း နယ္လံုဝန္ႀကီးႏွင့္ ခ႐ိုင္ဥကၠ႒တုိ႔က ကာယကံရွင္၏ ခြင့္ျပဳခ်က္မပါဘဲ အသံုးျပဳခဲ့သျဖင့္ ကာယကံရွင္ဘက္က ခြင့္မျပဳေၾကာင္း ေဂါပကအဖြဲ႕အား ေျပာၾကားခဲ့သည္။ ထုိ႔ေၾကာင့္ ကာခ်ဳပ္ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တုိ႔၏ပံုကို ျပန္ဖ်က္ခဲ့ရေၾကာင္း ေဂါပကအဖြဲ႕ အတြင္းေရးမွဴး ဦးၾကည္ဝင္းက ေျပာၾကားသည္။
‘‘နယ္လံုဝန္ႀကီးနဲ႔ ခ႐ိုင္ဥကၠ႒တုိ႔ကလာၿပီး ကာယကံရွင္ခြင့္ျပဳ ခ်က္ ရလားေမးတယ္။ ပန္းခ်ီ ဆရာက သူ႔စိတ္ကူးနဲ႔ ဆြဲတာဆုိ ေတာ့ ကာယကံရွင္ရဲ႕ ခြင့့္ျပဳခ်က္ မပါဘူး။ ဒါေၾကာင့္ ကယယံရွင္ က ခြင့္မျပဳဘူးလုိ႔ဆုိတာေၾကာင့္ ျပန္ဖ်က္ခဲ့ရတာပါ’’ဟု ဦးၾကည္ ဝင္းက ေျပာသည္။
ဧၿပီ ၁ ရက္ ညေန ၅ နာရီ ခန္႔က ေဂါပကအဖြဲ႕က ေၾကညာ ခ်က္ထုတ္ျပန္ခဲ့ကာ ခ်က္ခ်င္းျပန္ ျပင္ေရးဆြဲခဲ့ၿပီး ပန္းခ်ီကားတြင္ ကာခ်ဳပ္ႏွင့္ ေဒၚေအာင္ဆန္းစု ၾကည္တုိ႔၏ပံုကို ဖ်က္ခဲ့ေသာ္ လည္း ပန္းခ်ီကား အမွတ္ (၁၅) တြင္ ထည့္သြင္းေရးဆြဲထားသည့္ ေဒၚေအာင္ဆန္းစုၾကည္၏ပံုကို မူလအတိုင္းထားရွိထားေၾကာင္း ၎က ေျပာသည္။
‘‘ေဂါပကအဖြဲ႕က စာထုတ္ ခဲ့တယ္။ ဒီပံုကို ျပန္ျပင္ေရးေပးပါ ဆုိလို႔ ျပန္ၿပီးေရးေပးခဲ့တယ္။ ကြၽန္ေတာ္က ဂုဏ္ျပဳတဲ့သေဘာနဲ႔ ဆြဲ ထားတာပါ။ ဘယ္သူ႔မွ ထိခိုက္ ေစခ်င္လို႔ေတာ့ မဟုတ္ပါဘူး’’ဟု ဦးေအာင္လိႈင္ဦးက ေျပာသည္။
ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ လူထုေခါင္းေဆာင္တုိ႔ ပါဝင္ေနသည့္ ပန္းခ်ီကားမွာ ၂၀၁၅ ေရြးေကာက္ပြဲအၿပီး ေခါင္းေဆာင္ႏွစ္ဦးေတြ႕ဆံုမႈကို ဂုဏ္ျပဳေသာအားျဖင့္ ထည့္သြင္းေရးဆြဲခဲ့ျခင္းျဖစ္ေၾကာင္း ဦးေအာင္လိႈင္ဦးက ေျပာသည္။
ေရႊေမာ္ေဓာ ေစတီေတာ္ တြင္ ဘုရားသမုိင္းအေၾကာင္း ဘုရားဖူးမ်ား သိရွိေစရန္ ပန္းခ်ီ ကား ၂၃ ခ်ပ္ ေရးဆြဲေစခဲ့ၿပီး ပန္းခ်ီကား အမွတ္ (၁၅) ၌ လူထု ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစု ၾကည္၏ ကိုယ္လံုးျပည့္ပံုႏွင့္ ပန္းခ်ီကား အမွတ္ (၁၆)တြင္ ကာခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ က ေဒၚေအာင္ဆန္းစုၾကည္အား ဘုရားအေၾကာင္း ရွင္းျပေနသည့္ ပံုတို႔ကို ထည့္သြင္းေရးဆြဲခဲ့ျခင္း ျဖစ္သည္။
7DAY
......................
ပဲခူးရွှေမော်ဓောစေတီအနောက်ဘက်မုခ်ရှိ ပန်းချီကား ပြန်လည်ရေးဆွဲပေးရ

ပန်းချီကားကို ပြင်ဆင်ရေးဆွဲနေစဉ် (ဓာတ်ပုံ - Wai Yar Aung Myint)
ပဲခူးမြို့ရွှေမော်ဓောစေတီတော် အနောက်ဘက်မုခ်ရှိ ပန်းချီကား အမှတ်(၁၆)တွင် ရေးဆွဲထားသည့် ကာချုပ်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့၏ပုံကို သက်ဆိုင် ရာက လာရောက်ဖျက်ခိုင်းသဖြင့် ပြန်လည်ရေးဆွဲပေးခဲ့ကြောင်း ပန်းချီဆရာ ဦးအောင်လှိုင်ဦးက ပြောကြားသည်။
ပဲခူးတိုင်း နယ်လုံဝန်ကြီးနှင့် ခရိုင်ဥက္ကဋ္ဌတို့က ကာယကံရှင်၏ ခွင့်ပြုချက်မပါဘဲ အသုံးပြုခဲ့သဖြင့် ကာယကံရှင်ဘက်က ခွင့်မပြုကြောင်း ဂေါပကအဖွဲ့အား ပြောကြားခဲ့သည်။ ထို့ကြောင့် ကာချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ပုံကို ပြန်ဖျက်ခဲ့ရကြောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကြည်ဝင်းက ပြောကြားသည်။
‘‘နယ်လုံဝန်ကြီးနဲ့ ခရိုင်ဥက္ကဋ္ဌတို့ကလာပြီး ကာယကံရှင်ခွင့်ပြု ချက် ရလားမေးတယ်။ ပန်းချီ ဆရာက သူ့စိတ်ကူးနဲ့ ဆွဲတာဆို တော့ ကာယကံရှင်ရဲ့ ခွင့့်ပြုချက် မပါဘူး။ ဒါကြောင့် ကယယံရှင် က ခွင့်မပြုဘူးလို့ဆိုတာကြောင့် ပြန်ဖျက်ခဲ့ရတာပါ’’ဟု ဦးကြည် ဝင်းက ပြောသည်။
ဧပြီ ၁ ရက် ညနေ ၅ နာရီ ခန့်က ဂေါပကအဖွဲ့က ကြေညာ ချက်ထုတ်ပြန်ခဲ့ကာ ချက်ချင်းပြန် ပြင်ရေးဆွဲခဲ့ပြီး ပန်းချီကားတွင် ကာချုပ်နှင့် ဒေါ်အောင်ဆန်းစု ကြည်တို့၏ပုံကို ဖျက်ခဲ့သော် လည်း ပန်းချီကား အမှတ် (၁၅) တွင် ထည့်သွင်းရေးဆွဲထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ပုံကို မူလအတိုင်းထားရှိထားကြောင်း ၎င်းက ပြောသည်။
‘‘ဂေါပကအဖွဲ့က စာထုတ် ခဲ့တယ်။ ဒီပုံကို ပြန်ပြင်ရေးပေးပါ ဆိုလို့ ပြန်ပြီးရေးပေးခဲ့တယ်။ ကျွန်တော်က ဂုဏ်ပြုတဲ့သဘောနဲ့ ဆွဲ ထားတာပါ။ ဘယ်သူ့မှ ထိခိုက် စေချင်လို့တော့ မဟုတ်ပါဘူး’’ဟု ဦးအောင်လှိုင်ဦးက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လူထုခေါင်းဆောင်တို့ ပါဝင်နေသည့် ပန်းချီကားမှာ ၂၀၁၅ ရွေးကောက်ပွဲအပြီး ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုကို ဂုဏ်ပြုသောအားဖြင့် ထည့်သွင်းရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်လှိုင်ဦးက ပြောသည်။
ရွှေမော်ဓော စေတီတော် တွင် ဘုရားသမိုင်းအကြောင်း ဘုရားဖူးများ သိရှိစေရန် ပန်းချီ ကား ၂၃ ချပ် ရေးဆွဲစေခဲ့ပြီး ပန်းချီကား အမှတ် (၁၅) ၌ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၏ ကိုယ်လုံးပြည့်ပုံနှင့် ပန်းချီကား အမှတ် (၁၆)တွင် ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဒေါ်အောင်ဆန်းစုကြည်အား ဘုရားအကြောင်း ရှင်းပြနေသည့် ပုံတို့ကို ထည့်သွင်းရေးဆွဲခဲ့ခြင်း ဖြစ်သည်။
7DAY
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)