Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 25, 2016

ပရိေဘာဂပစၥည္းဖိုး ကိုယ့္စားရိတ္နဲ႔ကိုယ္ဝယ္ၿပီး ေနာင္လူအတြက္ အကုန္ထားခဲ့ဖို႔ ဝန္ႀကီးသစ္ေတြကို လူထုေခါင္းေဆာင္မွာၾကားၿပီ

လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္က အစိုးရအဖြဲ႔ဝင္ဝန္ႀကီး ၁၄ေယာက္နဲ႔ ဒီကေန႔ေန႔လည္ကေန ညေန ၅နာရီအထိ လႊတ္ေတာ္အေဆာင္ဝင္းထဲမွာ ေတြ႔ဆံုခဲ့ပါတယ္။
အစိုးရဝန္ႀကီးေတြအေနနဲ႔ ျပည္တြင္းျပည္ပခရီးစဥ္ေတြမွာ ၿခိဳးၿခံေခၽြတာဖို႔နဲ႔ အပိုလူေတြ မေခၚဖို႔ လူထုေခါင္းေဆာင္က မွာၾကားခဲ့ၿပီး ႏိုင္ငံပိုင္အိမ္ေတြမွာ ဝင္ေရာက္ေနထိုင္တဲ့အခါ အိမ္ေထာင္ပရိေဘာဂပစၥည္းေတြကို ကိုယ္ပိုင္ေငြနဲ႔ပဲ အကုန္အက်ခံဝယ္ယူရမွာျဖစ္ၿပီး ႏိုင္ငံေတာ္က မေတာင္းခံဖို႔နဲ႔ ရာထူးသက္တမ္းကုန္တဲ့အခါမွာလည္း အကုန္ထားခဲ့ဖို႔၊ တိုင္းျပည္အတြက္ အနစ္နာခံေပးဖို႔ ေဒၚေအာင္ဆန္းစုၾကည္က မွာၾကားတယ္လို႔ သာသနာေရးဝန္ႀကီး သူရဦးေအာင္ကိုက ေျပာပါတယ္။
(ဓာတ္ပံု - ဟံသာညိန္း/ကမာရြတ္မီဒီယာ)
Kamayut Media
..........................
ပရိဘောဂပစ္စည်းဖိုး ကိုယ့်စားရိတ်နဲ့ကိုယ်ဝယ်ပြီး နောင်လူအတွက် အကုန်ထားခဲ့ဖို့ ဝန်ကြီးသစ်တွေကို လူထုခေါင်းဆောင်မှာကြားပြီ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ဝင်ဝန်ကြီး ၁၄ယောက်နဲ့ ဒီကနေ့နေ့လည်ကနေ ညနေ ၅နာရီအထိ လွှတ်တော်အဆောင်ဝင်းထဲမှာ တွေ့ဆုံခဲ့ပါတယ်။
အစိုးရဝန်ကြီးတွေအနေနဲ့ ပြည်တွင်းပြည်ပခရီးစဉ်တွေမှာ ခြိုးခြံချွေတာဖို့နဲ့ အပိုလူတွေ မခေါ်ဖို့ လူထုခေါင်းဆောင်က မှာကြားခဲ့ပြီး နိုင်ငံပိုင်အိမ်တွေမှာ ဝင်ရောက်နေထိုင်တဲ့အခါ အိမ်ထောင်ပရိဘောဂပစ္စည်းတွေကို ကိုယ်ပိုင်ငွေနဲ့ပဲ အကုန်အကျခံဝယ်ယူရမှာဖြစ်ပြီး နိုင်ငံတော်က မတောင်းခံဖို့နဲ့ ရာထူးသက်တမ်းကုန်တဲ့အခါမှာလည်း အကုန်ထားခဲ့ဖို့၊ တိုင်းပြည်အတွက် အနစ်နာခံပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားတယ်လို့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
(ဓာတ်ပုံ - ဟံသာညိန်း/ကမာရွတ်မီဒီယာ)
Kamayut Media


No comments:

Post a Comment