Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 5, 2013

၈၈ အရေးအခင်းမှာ ကိုယ်တို့လည်း ကျောင်းသားပဲလေဆိုတဲ့ အကယ်ဒမီ ခန့်စည်သူ




မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရကို ပြုတ်ကျ စေခဲ့သော ၈၈ အရေး အခင်းကာလ အခြေအနေ များကို ရိုက်ကူး ထားသည့် ‘ကောင်းကျိုး ကိုယ်၌ တည်စေမင်း’ ရုပ်ရှင် ဇာတ်ကား ပြီးစီးမှု အခြေအနေကို အဆိုပါ ဇာတ်ကားအား အကုန်အကျ ခံကာ ရိုက်ကူး နေသော အကယ်ဒမီ ခန့်စည်သူကို The Voice က မေးမြန်း ခဲ့သည်များကို ကောက်နုတ် ဖော်ပြပါသည်။

The Voice ။ ။ ၈၈ အရေးအခင်း ကာလကို ပုံဖော်ထားတဲ့ ‘ကောင်းကျိုး ကိုယ်၌ တည်စေမင်း’ ရုပ်ရှင် ဇာတ်ကားက အစ်ကို့ စိတ်ကူးလို့ သိရတယ်။ ဘယ်လို စိတ်ကူးနဲ့ ရိုက်ဖြစ်တာလဲ။

KST ။ ။ အရင် တုန်းကဆို ဒီလိုကားမျိုး ရိုက်လို့ မရဘူးလေ။ ရိုက်ချင်နေတာ တော်တော် ကြာပြီ။ ဒါပေမဲ့ ပွင့်လင်းလာတဲ့ ခေတ်မှာ ဒီလိုမျိုး ဇာတ်ကားတွေကို ဒါမျိုးကို ကျောင်းသားတွေက ကြုံဖူးတယ်ဆိုတဲ့ ပုံစံ မျိုးပါ။ နောက်ပြီး ဆရာကြီး ဦးဝင်းတင်ရဲ့ ဝတ္ထုတစ်ပုဒ်ကို ဖတ်ပြီး တချို့ ဟာတွေ သိခဲ့တာ များပါတယ်။

အဲဒီထဲမှာမှ ကျောင်းသားခေါင်းဆောင် မင်းဒင်ရေးခဲ့တဲ့ ‘သူရဲကောင်းတို့ရဲ့ခြေအစုံဟာ မြေတစ်မှုန် ကျန်ရစ် အောင်မြေဖြစ်တယ်’ ဆိုတဲ့ ကဗျာလေး သုံးထားပါတယ်။ စစ်ထောက်လှမ်းရေးက ကိုယ့်ကို နှိပ်စက်တဲ့အခါမှာတုန်းက စကားလေး သုံးခဲ့ပါတယ်။ “မင်းတို့ စစ်အာဏာရှင်တွေရဲ့ပလ္လင်ကို ဘာနဲ့ ဆောက်ထား တယ်ထင်လဲ။ ငါတို့ကျောင်းသားတွေ ရဲ့အရိုးနဲ့ ဆောက်ထား တာ။ ကျောင်းသားအရိုးတွေ တွန်တဲ့တစ်နေ့ကျရင် မင်းတို့နဲ့ ငါနဲ့တွေ့မယ်” ဆိုတဲ့ အခန်းတွေလည်း ပါတယ်။

The Voice ။ ။ ဒီဇာတ်ကားကို အသက်ဝင်အောင် ချပြဖို့ ဘယ်လိုပြင်ဆင် ခဲ့လဲ။

KST ။ ။ အစ်ကိုတို့က အစစ်ပုံစံကိုလည်း ရိုက်ပြတယ်။ တကယ့် အရေးအခင်းဖြစ်တုန်းက မှတ်တမ်းခွေတွေလည်း ပြန်သုံးရမှာပေါ့။ ၈၈ အရေးခင်းတုန်းကပုံတွေ၊ မဂ္ဂဇင်းတွေ၊ စာစောင်တွေ သုံးထားပါတယ်။ အရေးအခင်းနဲ့ ပတ်သက်တဲ့ တော်တော်များများလည်း ထွက်ထားတယ်လေ။ အဲဒါလေးတွေ သုံးထားပါတယ်။

The Voice ။ ။ ဒီကားရိုက်မယ်ဆိုကတည်းက ဝေဖန်မှုတွေ အတော် ခံခဲ့ရတယ်လို့ သိရပါတယ်။

KST ။ ။ အရေးအခင်းကို ရိုက်ရအောင် သူက အရေးအခင်းကို ဘယ်လောက်သိလို့ ရိုက်တာလဲပေါ့။ အဲလိုမျိုးတွေ ပြောကြပါတယ်။ ဒါက ကိုယ်တို့အရေးအခင်းကို ကိုယ်တို့မီခဲ့တယ်။ ၈၈အရေးအခင်းမှာ ကိုယ်တို့ လည်း ကျောင်းသားပဲလေ။ ကိုယ်တို့ပဲ မဟုတ်ပါဘူး။ အဲဒီခေတ်မှာရှိတဲ့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ကလေး၊ မိန်းမ၊ ယောက်ျား၊ ရဟန်း စတဲ့သူတွေက တစ်တပ်တစ်အားနဲ့ ဆန္ဒတွေ ဖော်ထုတ်ကြတယ်။ အားလုံး သိနေပြီးသားပါ။ ကိုယ်က ချဲ့ကားပြီး ရိုက်တာမဟုတ်ပါဘူး။ သမိုင်းမှာရှိတဲ့ အကြောင်းပါ။

The Voice ။ ။ ဒီလိုကားမျိုးရိုက်နေတဲ့ အစ်ကိုက လက်ရှိ သမ္မတအပေါ် ဘယ်လိုမြင်လဲ။

KST ။ ။ သူ့လိုမျိုး အခွင့်ရေးရတိုင်း မယူတတ်တဲ့သူ၊ အာဏာကို အလွဲသုံးစားမလုပ်တဲ့ စစ်ဗိုလ်ချုပ်တွေ မြန်မာနိုင်ငံမှာများခဲ့ရင် မြန်မာနိုင်ငံက စစ်အာဏာရှင်တွေ လက်အောက်တောင် ရောက်နေစရာ မရှိပါဘူး။ လက်ရှိ အစိုးရကို ဒီမိုကရေစီအစိုးရလို့ မခေါ်ရင်တောင်မှ ဒီမိုကရေစီ ဖော်ဆောင်ပေး တဲ့ အစိုးရလို့ ခေါ်သင့်ပါတယ်။ အနာဂတ်မြန်မာနိုင်ငံရဲ့ စိတ်ချယုံကြည် ရတဲ့ ခေါင်းဆောင်တစ်ယောက်ကို ရွေးပေးပါဆိုရင်တော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးပေးချင်ပါတယ်။

The Voice ။ ။ ပရိသတ်ကို ဘာပြောချင်သေးလဲ။

KST ။ ။ ကိုယ်တို့ရဲ့ ညံ့ဖျင်းမှုတွေ၊ အသုံးမကျတာတွေကို သည်းခံပြီး ကြည့်ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင် ပါတယ်။

No comments:

Post a Comment