Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, February 28, 2015
မြန်မာဒုက္ခသည်အရေး ဗြိတိန်ပါလီမန်ကြားနာ
မဲဟောင်ဆောင်ဒုက္ခသည်စခန်းက ကရင်ဒုက္ခသည်တွေ
ဗြိတိန်နိုင်ငံအနေနဲ့ နယ်စပ်ဒုက္ခသည်တွေအတွက် အထောက်အပံ့တွေကို ဆက်လက်ကူညီသွားမယ်လို့ ယုံကြည်ကြောင်း ကရင်နီဒုက္ခသည် ကော်မတီက ပြောပါတယ်။ ကရင်နီဒုက္ခသည်ကော်မတီက ကိုယ်စားလှယ်တွေအပါအဝင် မြန်မာ့ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့အဖွဲ့ဟာ ဗြိတိန်လွှတ်တော်မှာကျင်းပတဲ့ မြန်မာဒုက္ခသည်အရေးကြားနာပွဲကို တက်ရောက်ခဲ့ကြတာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။
ဗြိတိန်လွှတ်တော်မှာ ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့က မြန်မာဒုက္ခသည်အရေး ကြားနာပွဲကို မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့အဖွဲ့ တက်ရောက်ပြီး နယ်စပ်ဒုက္ခသည်တွေနဲ့ ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးပုန်းအောင်းနေသူတွေရဲ့အရေးနဲ့ပတ်သက်လို့တင်ပြခဲ့ကြတာပါ။ သမ္မတဦးသိန်းစိန်အစိုးရက ပြုပြင်ပြောင်းလဲရေးကြိုးပမ်းနေတယ်ဆိုပေမယ့် ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်တွေရဲ့အခြေအနေဟာ စိုးရိမ်နေရတဲ့ အနေအထားမှာ ရှိနေဆဲပဲလို့ ဗြိတိန်လွှတ်တော်ကြားနားပွဲမှာ ကိုယ်တိုင်ထွက်ဆိုခဲ့တဲ့ ကရင်နီဒုက္ခသည်ကော်မတီအတွင်းရေးမှူး Luiz Kaypoe (လူးဝီစ်ကေပို) က ပြောပါတယ်။
“အလှူရှင်တွေက လျှော့ချတဲ့အပေါ်မှာ အထောက်အပံ့တွေကလည်း လုံလောက်မှုမရှိတော့ဘူး။ နောက်ပြီးတော့ အခုမှာကျတော့ မြန်မာ နိုင်ငံမှာ ပြောင်းလဲတဲ့အခြေအနေပေါ်မူတည်ပြီးတော့ - နေရာကိုပြန်ရမှာပေါ့နော်၊ ပြည်တွင်းထဲကိုပြန်ရမယ်လို့ သူတို့ကြားတဲ့အခါမှာ သူတို့စိတ်ထဲမှာ ကြောင့်ကြမှုတွေဖြစ်ပေါ်လာတယ်၊ စိုးရိမ်မှုတွေဖြစ်ပေါ်လာတဲ့အခြေအနေမှာ ရှိတယ်။ နောက်ပြီးတော့ သူတို့ကြည့်လို့ရှိရင် ပြည်တွင်းမှာက ပြန်နိုင်တဲ့အနေအထားမျိုးလည်း ဘာမှ ကျနော်တို့မတွေ့ရသေးဘူးပေါ့နော်၊ ဘာဖြစ်လို့လဲဆိုရင်တော့ အစိုးရဘက်က နေပြီးတော့မှ …ထုတ်ပေးတာတွေ မရှိသေးဘူး၊ နောက်ပြီးတော့မှ လယ်မြေတွေလည်း သူတို့သိမ်းထားတဲ့ဟာတွေလည်း ရှိနေသေးတယ်။ အဲဒီအပေါ်မှာ သူတို့ပြန်သွားလို့ရှိရင် ဘယ်မှာနေမှာလဲဆိုတာ ဒုက္ခသည်တွေအနေနဲ့ စိုးရိမ်မှုရှိပါတယ်ခင်ဗျ။”
ထိုင်းမြန်မာနယ်စပ် မဲဟောင်ဆောင် ဒေသဘက်က ကရင်နီဒုက္ခသည်စခန်းနှစ်ခုမှာဆိုရင် ဒုက္ခသည်ဦးရေ သောင်းနဲ့ချီ ရှိနေတာပါ။ ဗြိတိန်နိုင်ငံ အနေနဲ့ ဒီဒုက္ခသည်တွေအတွက် အထောက်အပံအကူအညီတွေကိုဆက်လက်ပေးသွားလိမ့်မယ်လို့ သူ့အနေနဲ့ယုံကြည်ကြောင်း လူးဝီစ်ကေပိုက ဆိုပါတယ်။
“သူတို့နဲ့တွေ့တဲ့အခါမှာ သူတို့ရဲ့အထောက်အပံ့တွေကို ဒုက္ခသည်တွေ အိမ်ပြန်မရောက်မချင်း ဒုက္ခသည်တွေကို သူတို့ ဆက်လက် ကူညီနိုင် တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ဘာလဲဆိုရင် သူတို့ပြောတာက ဒုက္ခသည်တွေရဲ့အခြေအနေကို ပြောပြပြီးတဲ့နောက်ပိုင်းမှာ သူတို့ လည်း သူတို့ရဲ့အထောက်အပံ့တွေကို ဒိထက်ပိုပြီးတော့ မလျှော့ချဖို့ပေါ့နော်၊ သူတို့ ကူညီနေတဲ့အနေအထားမှာပဲ သူတို့ ဆက်လက်ရပ်တည်ပြီး တော့မှ ဒုက္ခသည်တွေကို ဆက်လက်ကူညီသွားမယ်ဆိုတဲ့ အနေအထားမျိုးကို တွေ့ရတယ်။”
လက်ရှိမြန်မာနယ်စပ်တလျှောက်ကြည့်မယ်ဆိုရင် ကချင်၊ ရှမ်း ပြည်နယ်ဘက်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ တပ်တွေကြား တိုက်ပွဲတွေဖြစ်နေတာပါ။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ နယ်မြေရှင်းလင်းရေးဆိုပြီး မြန်မာတပ်မတော်က ထိုးစစ်ဆင်နွှဲနေတာကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံနေကြတာပါ။ အခုလို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အလားအလာနည်းနေတဲ့အချိန် ထိုင်း မြန်မာနယ်စပ်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအလားအလာဟာလည်း မရေရာ မသေချာဖြစ်နေတယ်လို့ လူးဝီစ်ကေပိုက ပြောပါတယ်။
“ထိုင်းအစိုးရဘက်ကနေပြီးတော့ သူတို့ ….တာရှိတယ်။ ဒုက္ခသည်တွေ နှစ်နှစ်အတွင်း ပြန်နိုင်မယ့်အနေအထားကို စီစဉ်မယ်လို့ ပြောပါတယ်။ ဆိုတော့ သူတို့ပြောတဲ့နှစ်နှစ်အတွင်းက အခုကစပြီးတော့ ဒုက္ခသည်တွေကို ပြန်ပို့မှာလား၊ သို့မဟုတ်လို့ရှိရင် မြန်မာနိုင်ငံမှာ အခြေအနေ ပြောင်းလဲသွားတဲ့တနေ့ကို အဲဒီရက်ကနေစပြီးတော့ နှစ်နှစ်ကိုပြောသလားဆိုတာ အဲဒီရက်ကို အတိအကျ ပြောလို့လည်း မရသေးဘူး ပေါ့နော်၊ ဆိုတော့ ကျနော်တို့ခန့်မှန်းရတာတော့ ဒုက္ခသည်တွေပြန်နိုင်ဖို့ အချိန်က မြန်မာနိုင်ငံမှာ Nationwide cease fire ဖြစ်ပြီးတော့မှပဲ နိုင်ငံရေး ဒိုင်ယာလော့ဂ်ပေါ့နော်။ Political Dialogue ကိုရောက်တဲ့အဆင့်အထိ ရောက်မှသာလျှင် ဒီဒုက္ခသည်တွေ ပြန်နိုင်မယ်ဆိုတဲ့ အနေအထားမျိုး ရှိပါတယ်။ ဆိုတော့ Political Dialogue က ဘယ်တော့ဖြစ်လာမလဲဆိုတာတော့ ကျနော်တို့ ပြောလို့မရသေးဘူးပေါ့နော်၊ ဆိုတော့ ဒုက္ခသည်တွေပြန်နိုင်မယ့်အနေအထားက တော်တော်လေး အချိန်အတိုင်းအတာတခုအထိ ကျနော်တို့ စောင့်ရအုံးမယ်ဆိုတဲ့ သဘောမျိုး ရှိပါတယ်ခင်ဗျ။”
ဗြိတိန်လွှတ်တော် ကြားနားဖြစ်မြောက်ဖို့ All-Party Parliamentary Group for Democracy in Burma မြန်မာ့ဒီမိုကရေစီအတွက် ဖွဲ့စည်းထားတဲ့ ဗြိတိန်ပါတီပေါင်းစုံက လွှတ်တော်အမတ်အဖွဲ့ကနေ ဦးဆောင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဒီကြားနားပွဲကိုတက်ရောက်ခဲ့တဲ့ မြန်မာဒုက္ခသည်အရေးဆောင်ရွက်နေတဲ့အဖွဲ့မှာ ကရင်နီဒုက္ခသည်ကော်မတီက လူးဝီစ်ကေပိုအပါအဝင် TBC ရဲ့အမှုဆောင်ညွန်ကြားရေးမှူး Sally Thompson၊ KWO ၊ ကရင်အမျိုးအဖွဲ့အစည်းက နော်တယ်မလာစောတို့ ပါဝင်ပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်း မြန်မာ ဒုက္ခသည် စခန်းတွေမှာ လက်ရှိ ဒုက္ခသည်ဦးရေ တစ်သိန်းကျော် ရှိနေပြီး ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူဦးရေ တစ်သိန်းနှစ်သောင်း လောက် ရှိပါတယ်ရှင်။
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ကျွန်တော် သေဒဏ်ကျခဲ့သော ၁၇ လ ၁၇ ရက် အမှတ်- ၁၂
(တပ်ကြပ်ဇော်နီနှင့် အင်းစိန်ထောင်၏ သံမဏိစည်းမျဉ်းများ) 
========================================
ဇော်သက်ထွေး
တွဲဖက် အကျဉ်းထောင် အဆောင်(၁) အရှေ့ခြမ်းတွင် နေ့ဘက် တာဝန်ကျသော 
ဝန်ထမ်းမှာ သူ့ရင်ဘတ်တွင် ရေးထိုးထားသော ကတ်ပြားအရ ဇော်နီဟု သိရပြီး 
ရာထူးမှာ တပ်ကြပ်အဆင့် ဖြစ်သည်။ တွဲဖက်ထောင်၏ တာဝန်ရှိ ၀ါဒါများအနက် 
အင်းစိန်ထောင်၏ စည်းမျဉ်းစည်းကမ်းများကို အတိအကျ အလိုက်နာဆုံးသူ အဖြစ် 
နာမည်ကြီးသည့် အတွက် ကျွန်တော်တို့ အဆောင်တွင် တာဝန်ချထားခြင်း ဖြစ်သည်
ဟု ဆိုသည်။ ကိုသားကြီးနှင့် ဝေလင်းဆန်းကို စည်းရုံး၍ မရသည့် အတွက် ကျွန်တော်
၏ မြှားဦးမှာ အကျဉ်းဦးစီးဌာန ၀န်ထမ်းများထံ လှည့်သွားသည်။
ပထမဦးဆုံး နေ့စဉ် တွေ့ဆုံနေရသော တပ်ကြပ် ဇော်နီနှင့် ရင်းနှီးရန် ကြိုးစားသည်။ 
သို့သော် ကျွန်တော်၏ ကြိုးပမ်းမှုက ထူးထူးခြားခြား မထိရောက်လှပေ။ တပ်ကြပ်
ဇော်နီက ကျွန်တော်တို့နှင့် စကားပြောဖို့ကိုပင် ကြောက်လန့်နေပုံရသည်။ ကျွန်တော် 
စကားပြောဖို့ ကြိုးစားတိုင်း ထောက်လှမ်းရေးရုံး ဘက်ကို လှမ်းလှမ်းကြည့်ကာ လက်ဝါးကာ ပြလေ့ရှိသည်။ လူလစ်သည့် အခါမှ အခန်းရှေ့လာပြီး အမောတကော ရှင်းပြသည်။
“ကျွန်တော်နဲ့ စကားသိပ် မပြောနဲ့ဗျ။ ထောက်လှမ်းရေးရုံးက လှမ်းကြည့်နေသလား မသိဘူး။ တော်ကြာ ကျွန်တော့်ကို ပူတာအိုတို့ ကော့သောင်းတို့ ပို့လိုက်မှ ဒုက္ခ
ရောက်ကုန်မယ်”
သူ့စကားကို ကြားကြားချင်း ကျွန်တော့် စိတ်ထဲတွင် ငိုအားထက် ရယ်အားသန် 
ဖြစ်သွားသည်။ ကျွန်တော်တို့ ၉ ယောက်မှာ ထောက်လှမ်းရေး၏ ဖမ်းဆီးစစ်ကြော
ခြင်းကြောင့် အင်းစိန် ထောင်ထဲ ရောက်လာပြီးသည့်နောက် ထောက်လှမ်းရေးကို 
ကြောက်လန့်စရာ မလိုတော့ဟု တွေးတောမိသည်။ သို့သော် ကျွန်တော်တို့ကို 
စောင့်ကြပ်သည့် အကျဉ်းဦးစီး ၀န်ထမ်းတွေရော၊ အခွင့်အရေး အနည်းငယ် ရနေသည့် အကျဉ်းသားတွေရော ထောက်လှမ်းရေးကို နေ့စဉ် ကြောက်လန့်နေရသည် အထိ 
သြဇာအာဏာက ကြီးမားနေသည်။ အစပထမပိုင်းတွင် တပ်ကြပ် ဇော်နီမှာ သတိ
အနေအထားဖြင့် နေထိုင်သော်လည်း ရက်ပေါင်း အတန်ကြာလာပြီး နေ့စဉ်ထိတွေ့ပါ 
များလာသည့် အတွက် ရင်းနှီးမှု စရလာသည်။ တပ်ကြပ်ဇော်နီ၏ ၀ါသနာမှာ ရုပ်ရှင်
အင်မတန် ကြိုက်ခြင်းဖြစ်သည်။ ထိုအချက်ကို ကျွန်တော် သိသိချင်း သူ့ကို ရုပ်ရှင် ဇာတ်လမ်းများကို ပြောပြသည်။ သူလည်း ကျွန်တော်တို့ အဆောင်တွင် နေ့စဉ် 
စောင့်ကြပ်နေရသည့် အတွက် ပျင်းရိငြီးငွေ့လာပုံရသည်။ နောက်ရက်များတွင် 
သူ့ကုလားထိုင်ကို ကျွန်တော့် အခန်းရှေ့တွင် အမြဲလာချပြီး ထိုင်တော့သည်။
ကျွန်တော်က ရုပ်ရှင် နှင့် ဗီဒီယို ဇာတ်ကားပေါင်း ၂၀၀ခန့် ဇာတ်ညွှန်း ရေးသား
ခဲ့သည်ဟု ပြောသောအခါ သူက သိပ်မယုံ။ ကျွန်တော် ရေးသော ရုပ်ရှင်ဇာတ်ကား အမည်များကို ပြောပြသော အခါ သူကောင်းကောင်း သိနေသည်။ သူက အားသည့် 
အချိန်တိုင်းတွင် အင်းစိန်ထောင်နှင့် အနီးဆုံး ရုပ်ရှင်ရုံတွင် အမြဲသွားပြီး ရုပ်ရှင်
ကြည့်လေ့ရှိသည်ဟု ဆိုသည်။ သို့သော် ကျွန်တော့်ကို ဇာတ်ညွှန်းရေးသူ အဖြစ် မမြင်ဘဲ ဖောက်ခွဲရေးသမား အဖြစ်သာ ရှုမြင်ထားပုံရသည်။
အင်းစိန်ထောင်ထဲတွင် အဆောင်(၁)နှင့်(၂)သည် နှစ်ထပ်ဆောင်ဖြစ်ပြီး အပေါ်ထပ်
သည် ဟောလ်တိုက်ပုံစံ ဖြစ်သည်။ အပေါ်ထပ်တွင် ဘောက်ဆင်းနှင့် အမြဲဆင်းဟု 
ခေါ်သော တစ်နှစ်နှင့်အောက် ပြစ်ဒဏ်ကျသော အကျဉ်းသားများကို ထားသည်။ သူတို့ အားလုံးသည် နံနက် ၆ နာရီတွင် အကျဉ်းထောင် အပြင်ဘက်သို့ ထွက်ခွင့်ရပြီး 
ထောင်ဧရိယာအတွင်း လုပ်ရမည့် စိုက်ပျိုးရေး၊ သန့်ရှင်းရေးနှင့် မွေးမြူရေး လုပ်ငန်း
များကို ဆောင်ရွက်ရသည်။ ညနေ ၅ နာရီအချိန်တွင် ထောင်တွင်းသို့ ပြန်ဝင်ရသည်။ 
ယခင်က သီးသန့်ထောင်၌ ကျွန်တော် နေထိုင်စဉ် အတွင်း အပေါ်ထပ်များတွင် မြန်မာ့
ပင်လယ်ပြင်၌ ငါးခိုး၍ ဖမ်းဆီးရမိသော ထိုင်း ရေလုပ်သားများကို ထားခဲ့သည်။ 
အပေါ်ထပ် အဆောင်များတွင် အလုပ်လုပ်ရသည့် အကျဉ်းသားများ ကြည့်ရှုနိုင်ရန် ရုပ်မြင်သံကြားစက် တစ်လုံးစီ ထားပေးသည်။ နေ့လည်ဘက် ထောင်ပိတ်ချိန်တွင် 
တပ်ကြပ်ဇော်နီမှာ အပေါ်ထပ်သို့ တက်ပြီး ရုပ်မြင်သံကြား ကြည့်ကာ အနားယူလေ့
ရှိသည်။ တစ်ရက်တွင် ရုပ်မြင်သံကြား ကြည့်ပြီး အောက်ထပ်သို့ ပြန်ဆင်းလာသည်။ 
ကျွန်တော့်ကို ယခင်ကထက် ခင်မင်ရင်းနှီးလာပုံဖြင့် အခန်းရှေ့တွင် ထိုင်ကာ 
လှမ်းပြောသည်။
“စာရေးဆရာ အခုနေ့လည်က မြန်မာ့ရုပ်မြင်သံကြားမှာ ခင်ဗျားရေးတဲ့ ဗီဒီယိုဇာတ်ကား လွှင့်သွားတယ်”
ကျွန်တော့် ရင်ထဲတွင် ထိတ်ခနဲ ၀မ်းသာသွားသည်။ ဤအချက်ကို အသုံးပြုကာ တပ်ကြပ် 
ဇော်နီကို စည်းရုံးရသည်။ သို့သော် ဟန်မပျက် သူ့ကို ပြန်မေးလိုက်သည်။
“ဟုတ်လား ဇာတ်ကား အမည်က ဘာလဲ”
“နှင်းကျောင်းပုံပြင်တဲ့ ဒွေးနဲ့ နန္ဒာလှိုင် သရုပ်ဆောင်ထားတာ ခင်ဗျားနာမည်ကိုပါ 
ထိုးသွားတယ်”
ထိုဇာတ်ကားကို တပ်ကြပ် ဇော်နီ ကြည့်ပြီးသည့် နောက်ပိုင်း ကျွန်တော့်ကို ပိုမိုခင်မင်
လာသည်။ ကျွန်တော်တို့ အမှုတွဲ ၉ ယောက် အနက် ကျွန်တော် တစ်ယောက်တည်းကိုသာ ရင်းရင်းနှီးနှီး စကား ပြောသည်။ သို့သော် ကိုသားကြီးနှင့် ဝေလင်းဆန်း ရောက်လာလျှင် တွန့်တွန့်သွားတတ်သည်။ အဘယ့်ကြောင့်ဆိုသော် ထောက်လှမ်းရေးထံသို့ သတင်းရောက်သွားမည် စိုး၍ဟု ပြောသည်။ ကိုသားကြီးတို့ ကလည်း ကျွန်တော့်ကို တစ်ခုခု ပြောတိုင်း တပ်ကြပ်ဇော်နီကို အရမ်းမယုံနဲ့ဟု သတိပေးထားပြန်သည်။ 
ထိုဖြစ်စဉ်ကို ကျွန်တော် မအံ့သြပါ။ ထိုသို့ဖြစ်ရန် ထောက်လှမ်းရေးနှင့် အကျဉ်းဦးစီး
ဌာနက တမင်ပြုလုပ်ထားခြင်းသာ ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် တစ်ဖွဲ့
နှင့် တစ်ဖွဲ့ မယုံမှသာ ထောင်ထဲတွင် ဘာတွေဖြစ်ပျက်နေသည်ကို အချိန်မရွေး သိခွင့်
ရမည် မဟုတ်လား။
နောက်တစ်ရက်တွင် ကျွန်တော် အချိန်ကြာကြာ မဆိုင်းဘဲ တပ်ကြပ်ဇော်နီကို ဗြောင်မေး
လိုက်သည်။
“ဆရာဇော်နီ...ဆရာ့ ယူနီဖောင်းလည်း တော်တော် ဟောင်းနေပြီ။ ယူနီဖောင်း အသစ်
တစ်ထည် လက်ဆောင် မလိုချင်ဘူးလား”
ကျွန်တော့်စကား ဆုံးဆုံးချင်း တပ်ကြပ်ဇော်နီမှာ သူ့ယူနီဖောင်းကို ငုံ့ကြည့်ပြီး မဆိုင်းမတွ
ပြန်ပြောသည်။
“ဟာ ရရင် လိုချင်တာပေါ့”
“လိုချင်ရင် တစ်ခုပဲလုပ်ပေး ကျွန်တော့်မိန်းမဆီကို ဖုန်းဆက်ပြီး ကျွန်တော် ထောင်
ထဲမှာ ကျန်းကျန်းမာမာ ရှိတယ်လို့ ပြောပေးပါလား။ သူ့ဆီက ယူနီဖောင်းဖိုးပါ တောင်း
လို့ရတယ်”
ကျွန်တော့်စကား ဆုံးဆုံးချင်း ဆရာဇော်နီ တုန်လှုပ်သွားသည်။
“ဟာ ဒါတော့မလုပ်ပါနဲ့။ ကျွန်တော် ချက်ချင်းအလုပ် ပြုတ်သွားလိမ့်မယ်”
“ဘယ်သူမှ မသိပါဘူး”
“ဘယ်ပြောလို့ရမလဲ။ ထောက်လှမ်းရေးက ဖုန်းတွေကို အသံဖမ်းထားရင် ဘယ်လို 
လုပ်မလဲ”
ကျွန်တော် စိတ်ဓာတ် အကြီးအကျယ် ကျသွားသည်။ တပ်ကြပ် ဇော်နီအား ထောင်မှ
ရွေးချယ်၍ ကျွန်တော်တို့ အဆောင်သို့ တာဝန်ချထားခြင်းမှာ အလွန်မှန်ကန်သော လုပ်ရပ် ဖြစ်ခဲ့သည်။ ကျွန်တော်တို့ တွဲဘက်ထောင်တွင် နေထိုင်သည့် ၃လလုံးလုံး တပ်ကြပ် ဇော်နီသည် တရားမ၀င် အလုပ်ဟူ၍ ဘာတစ်ခုမှ မလုပ်ခဲ့ပေ။ ကျွန်တော့် 
အနေဖြင့် စိတ်ဓာတ် အကြီးအကျယ် ကျသွားသည်။
တပ်ကြပ်ဇော်နီကို စည်းရုံး၍ မရသည့်အတွက် ညတာဝန်ကျ ၀န်ထမ်းတွေကို လေ့လာ
ရပြန်သည်။ ညတာဝန်ကျ ၀န်ထမ်းကတော့ ၁၄ရက် တစ်ကြိမ်သာ တာဝန်ကျသော
သူများ ဖြစ်သည်။ ထိုသူတွေထဲကလည်း အများအားဖြင့် အရက်လေးဘာလေး သောက်
ပြီး ဂျူတီ ၀င်လာသူများ ရှိနေသည်။ ကျွန်တော်၏ ပစ်မှတ်ကို စိတ်ရှည် သည်းခံစွာ 
စောင့်ဆိုင်းနေသည်။ တစ်ညတွင် မထင်မှတ်ဘဲ ၀န်ထမ်း တစ်ယောက်နှင့် စကား 
စမြည်ပြောရင်း ခင်မင်သွားသည်။ သူ့အမည်က ဒုတပ်ကြပ် ဌေးလွင်။ သူက ကျွန်တော်
နှင့် စကားပြောရင်း ကျွန်တော့် ကိုယ်ပေါ်မှ သားရေ ဂျာကင်ကို တရစ်ဝဲ၀ဲ ကြည့်
နေသည်။ ထို့နောက် စိတ်မထိန်းနိုင်ဘဲ ကျွန်တော့်အင်္ကျီကို လှမ်းကိုင်ကြည့်သည်။
“တော်တော်ကောင်းတဲ့ သားရေပဲ။ အစစ်ထင်တယ်”
ထိုအခွင့်အရေးကို ကျွန်တော် လက်လွတ်ခံ၍ မဖြစ်။ သားရေဂျာကင်ကို ချက်ချင်းချွတ်ပြီး သူ့ကို ပြလိုက်သည်။ ပြီးနောက် လေသံတိုးတိုးဖြင့် ဗြောင်မေးလိုက်သည်။
“ကျွန်တော့်အိမ်ကို ဖုန်း ဆက်ပေးမလား”
သူက ကျွန်တော့် အင်္ကျီပေါ်က အကြည့်ကို မခွာဘဲ ခေါင်းညိတ်ပြသည်။ လူ့လောဘ
သည် ကြောက်စရာ ကောင်းသည်။ ယခင်က ဇနီးသည်နှင့် ဖုန်းအဆက်အသွယ်
ရလျှင် သေပျော်ပြီဟု တွေးထားရာကနေ ဖုန်းတစ်ခါ ဆက်ရုံမျှဖြင့် သားရေဂျာကင် တစ်ထည် ပေးလိုက်ရမှာကို နှမြော နေပြန်သည်။ ထို့ကြောင့် ထပ်မံ ဈေးဆစ်
လိုက်သည်။
“ကျွန်တော့် အတွက်လည်း စားစရာ တစ်ခုခု ယူလာပေးမလား”
ဒုတပ်ကြပ်ဌေးလွင် ခေတ္တ တွေဝေသွားသည်။
“ဘာစားချင်တာလဲ”
“ငါးပိကြော်တို့ သရက်သီး သနပ်တို့ ပဲကြီးလှော်တို့ပေါ့ဗျာ”
သူစဉ်းစားပြီး ခေါင်းညိတ်ပြသည်။ ဘေးဘီကို စောင်းငဲ့ကြည့်ကာ စက္ကူအစုတ် တစ်ရွက်
ပေါ်တွင် ကျွန်တော့် ဇနီးထံကို ဆက်သွယ်၍ရမည့် ဖုန်းနံပါတ်ကို ရေးခိုင်းသည်။ ကျွန်တော့် ရင်ထဲတွင် ၀မ်းသာပီတိ ဖြစ်မှု၊ စိတ်လှုပ်ရှားမှုတို့ကြောင့် လက်တွေတုန်နေသည်။ 
ထိုညက သားရေဂျာကင် တစ်ထည်နှင့် ဒုတပ်ကြပ်ဌေးလွင်အား အောင်မြင်စွာ 
အပေးအယူ လုပ်ခဲ့သည်။
သို့သော် နောက်တစ်ညတွင် ကိုဌေးလွင် ယူလာသော အစားအစာ ဆိုသည်မှာ ....။ ။
(ဆက်ပါဦးမည်)
ဇော်သက်ထွေး
( Tomorrow သတင်းဂျာနယ်အမှတ်(၅၂) ပါအခန်းဆက်ဆောင်းပါး )
လွှ​တ်ေ​တာ်​ကိုယ်စား​လှ​ယ် ဦး​လှေ​ဆွ​ဖတ်ဖို့
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် The Hot News ဂျာနယ်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေနဲ့ ခန့်ခန့် (ဒဿနိက) တို့ရဲ့ အင်တာဗျူးကို ဖတ်လိုက်ရပါတယ်။
သူပြောတဲ့ အချက်တွေကို ပြန်ပြီး ကောက်နုတ်ပြပါ့မယ်
(၁) ကျောင်းသားက ဘုန်းတော်ကြီးကျောင်းတွေ ဖျက်သိမ်းပေးရမယ်လို့ပြောတယ်
(၂) ဘကကျောင်းသားတွေက ဘယ်ဝန်ကြီးလက်အောက်မှာရှိတယ်ဆိုတာ ကွဲပြားစွာ သိပုံမရဘူး
(၃) ကိုယ့်သဘောနဲ့ မဟုတ်ရင် နောက်ကွယ်က ဘယ်သူပြောခိုင်း နေတာလဲ
(၄) ဘာဆိုဘာမှ မသိဘဲ ထင်ပေါ်ကျော်ကြားလိုမှု တစ်ခုတည်းနဲ့ ဖြတ်လမ်းက လိုက်ချင်ကြတယ်
(၅) သမဂ္ဂမကလို့ ဘိုးအေပဲဖွဲ့ဖွဲ့ အဓိက, က ကျောင်းသား စာသင်ရဖို့ပဲ။ ကျောင်းများများရှိလေ ကောင်းလေ
(၆) လောက်ကိုင်မှာတိုက်ပွဲဖြစ်နေချိန် ဘကကျောင်းဖျက်ခိုင်းတာ အလုပ်မရှိ အလုပ်ရှာတာ
(၇) ဒီလို နှစ်ပဲခြောက်ပြား တောင်းဆိုချက်တွေကို အစိုးရက ထည့်သွင်းစဉ်းစားစရာ မလိုဘူး
(၈) လောက်ကိုင်ကိစ္စမျိုးတွေနဲ့ ရတက်မအေးဖြစ်နေချိန်မှာ နှစ်ပဲခြောက်ပြားတောင်းဆိုမှုတွေကို အစိုးရက လစ်လျူရှုသင့်တယ်
(၉) ဂျလေဘီဆိုတာ မြို့တိုင်းမှာရှိတယ်။ ဒါလက်တစ်ဆုပ်စာပါ (သပိတ်ထောက်ခံသူများကိုပြောခြင်း)
(၁၀)တဖြည်းဖြည်းနဲ့ ဆန္ဒပြရင်း ခြေထောက်ပါဖြတ်လိုက်ရလိမ့်မယ် (လမ်းလျှောက်ဆန္ဒပြတဲ့ ကျောင်းသား များကိုပြောခြင်း)
(၁၁) ကျောင်းသားတွေ တံဆိပ်ရိုက်ခ၊ ပိတ်စဖိုးတွေ ဘယ်ကရသလဲ။ အစိုးရအနေနဲ့ ဒီကိစ္စစစ်ဆေးရလိမ့်မယ်
(၁၂) ဦးအောင်မင်းက လက်နက်ကိုင်အဖွဲ့က Gentlemen တွေ ၊ ယဉ်ကျေးသိမ်မွေ့တယ်။ ကျောင်းသားတွေ လူကြီးမှန်းမသိလို့ မဆွေးနွေးချင်တာနဲ့ နောက်အစည်းအဝေးတွေ မတက်တော့ဘူးလို့ပြောတယ်
(၁၃) ဆရာကို ဆရာမှန်း မသိတဲ့ကောင်က ပညာတတ်မယ့်ကောင်တွေ မဟုတ်ဘူး။ ဝဲစားဖြစ်မယ့် ကောင်တွေ
(၁၄) အမျိုးသားပညာရေး သောက်သုံး မကျပါလို့ ပြောနေလို့ မရဘူး
ဟုတ်ကဲ့ ဦးလှဆွေခင်ဗျား။ ခင်ဗျား အင်တာဗျူးကို ဖတ်လိုက်ပြီးတော့ ကျွန်တော် သိလိုက်ရတာကို ကောက်နုတ်ချက် ထုတ်ထားလိုက်တာတာပါ။
အထက်မှာ ပြောခဲ့တဲ့ စကားတွေဟာ ခင်ဗျားတစ်ယောက်တည်းကိုပဲ၊ ခင်ဗျား အတွင်းစိတ်ကိုပဲ လှစ်ပြလိုက်တဲ့ စကားတွေဖြစ်မှာပါ။ တစ်နည်းပြောရရင် “လှဆွေဆိုတာ ဒါပဲကွ” လို့ ပီပြင်စွာ ဖော်ထုတ်ပြလိုက် နိုင်တဲ့အတွက် အင်တာဗျူး မေးတဲ့လူကိုရော၊ ဖြေပေးတဲ့ ခင်ဗျားကိုပါ ကျေးဇူးတင်ရမှာပါ။
ကျွန်တော် ခင်ဗျား ပြောတဲ့ အချက်တွေကို တစ်ချက်ချင်း ပြန်ရှင်းမလားလို့ စိတ်ကူးမိတယ်။ ဒါပေမဲ့ မရှင်း တော့ပါဘူး။ ကြုံတုန်းလေး လွှတ်တော်ကိုယ်စားလှယ်ကြီးနဲ့တကွ အပေါင်းအပါတွေကို ဗုဒ္ဓပြောကြားခဲ့တဲ့ စကားလေးတစ်ခွန်း ပြောချင်တယ်ဗျ။
တစ်နေ့တော့ ဗုဒ္ဓဟာ နံနက်စောစော ဆွမ်းခံကြွတယ်။ အဲဒီအချိန်မှာ ဘာရဒွာဇ အမည်ရတဲ့ ပုဏ္ဏားက ဗုဒ္ဓကို ရိုင်းပြစွာ ဆဲရေးပါတယ်။ ပြီးတော့ ဗုဒ္ဓကို “ရဟန်းယုတ်” လို့ သမုတ်လိုက်တယ်။
ဒီတော့ ဗုဒ္ဓက “ပုဏ္ဏား … သင် သူယုတ်အဖြစ်ကို သိသလား၊ သူယုတ်ဖြစ်စေတဲ့ တရားကို သိသလား” လို့ မေးလိုက်တယ်။ ဒီတော့ ပုဏ္ဏားက
“ကျုပ်မသိ၊ ပြောစမ်းပါ” လို့ပြောလိုက်တယ်။ ဒီတော့ ဗုဒ္ဓက
“အကြင်သူသည် အမျက်ထွက်လေ့ရှိ၏။ ရန်ငြိုးဖွဲ့တတ်၏။ သူ့ကျေးဇူးကို ချေဖျက်တတ်၏။ လှည့်ပတ်တတ်၏၊ အယူဝါဒ ပျက်စီးနေသူဖြစ်၏။ ထိုသူကို သူယုတ်မာဟု သိရာ၏”
“အကြင်သူသည် မိမိကို သက်သေအရာ၌ ထား၍ မေးမြန်းသည်ရှိသော် လိမ်လည်၍ ပြောဆို၏။ မိမိအတွက် သော်လည်းကောင်း၊ သူတစ်ပါး အတွက်သော်လည်းကောင်း လိမ်၍ပြောဆို၏၊ ထိုသူကို သူယုတ်မာဟု သိရာ၏”
“အကြင်သူသည် အကျိုးစီးပွားကို မေးမြန်းသည် ဖြစ်ပါလျက် အကျိုးစီးပွား မရှိသည်ကို ပြောကြား သွန်သင်၏။ မေးမြန်းသူ မသိနိုင်လောက်အောင် လျှို့ဝှက်စကားဖြင့် ပြောဆို ညွှန်ကြား၏။ ထိုသူကို သူယုတ်မာဟု သိရာ၏”
“အကြင်သူသည် မိမိကိုယ်ကို ချီးမြှောက် ပလွှား၏။ သူတစ်ပါးတို့ကိုမူ နှိမ့်ချ ကဲ့ရဲ့၏။ ထိုသူကို သူယုတ်မာဟု သိရာ၏”
ဗုဒ္ဓရဲ့ ဟောကြားချက်အပြည့်အစုံကို ဦးလှဆွေနဲ့ အပေါင်းအပါများ (သုတ္တနိပါတ် ပါဠိတော်၊ ဥရဂဝဂ်၊ ဝသလသုတ်) မှာ ဖတ်ရှုဖို့ ညွှန်းချင်ပါတယ်။
ဦးလှဆွေဘာကြောင့် ဒီလိုအကြားတွေနဲ့ ပြောနေသလဲဆိုတော့ စာမဖတ်လို့ဗျ။ နေ့စဉ်ထုတ် သတင်းစာတွေမှာ ရှင်းလင်းချက်တွေထုတ်နေပါတယ်။
အဲ … တစ်ခုတော့ ရှိတယ်။ ခင်ဗျားတို့ အစိုးရပိုင် မီဒီယာကထုတ်တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းလောက်ပဲ ဖတ်ရင် တော့ တစ်ဖက်ပိတ်မျက်မှန်နဲ့ စာဖတ်သလို ဖြစ်နေလိမ့်မယ်။ ကိုယ့်မျက်လုံးနဲ့ ကိုက်ညီမယ့် ပါဝါမျက်မှန်၊ နှစ်ဖက်မြင်မျက်မှန်နဲ့ အားလုံးသောသတင်းတွေကိုခြုံငုံသုံးသပ်ပြီးမှ ပြောရင် ပိုမှန်ပါလိမ့်မယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးကိုတော့ ဗုဒ္ဓဟောကြားချက်ထဲက သူယုတ်မာအင်္ဂါတွေနဲ့ ငြိနေ တယ်ဆိုရင် ရုန်းထွက်နိုင်အောင် ကြိုးစားစေချင်ပါတယ်။
၂၆.၂.၂၀၁၅
http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/7139-2015-02-27-02-52-24
သပိတ်မှောက်ကျောင်းသားများ တောင်းဆိုသည့် ၁၁ ချက်ကို သဘောတူကြောင်း ကာဒီနယ်ချားလ်စ်ဘို ပြော
Sunday, March 1, 2015
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ကျောင်းသားများ သပိတ်မှောက် တောင်းဆိုထားသော အချက် ၁၁ ချက်ကို သဘောတူထောက်ခံ ကြောင်း ဗာတီကန်နန်းတော်၏ ရဟန်းအမတ်ခန့်အပ်ခံထားရ သော ကာဒီနယ်ချားလ်စ်ဘိုက ပြောသည်။
အစိုးရအနေဖြင့် ပညာရေး ကို ချုပ်ကိုင်မထားဘဲ တတ်နိုင် သော သူ၊ လုပ်နိုင်သောသူများအား တာဝန်ခွဲဝေပေးတတ်ရန် လိုအပ်ကြောင်း ညောင်လေးပင်မြို့တွင် ကျင်းပနေသော ကတ်သလစ်ဘာသာဝင်တို့၏ နှစ်ပေါင်း၁၁၃ ကြိမ်မြောက် ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မပွဲတော်၌ သတင်းထောက်များအား ပြော ကြားသည်။
‘‘အစိုးရက တတ်နိုင်သ လောက် ကြိုးစားတယ်။ အင်တာ နေရှင်နယ်ကွန်မြူနတီစကူးလ် တွေ၊ ဘာသာရေးပိုင်းက ကြိုးစားနေတယ်။ ခရစ်ယာန်တင်မက ဗုဒ္ဓ ဘာသာဘုန်းကြီးကျောင်းတွေ ပါဝင်တယ်။ ၀ိုင်းပြီးကြိုးစားရင် ဖြစ်တယ်’’ ဟု ကာဒီနယ်ချားလ်စ် ဘိုက ပြောသည်။
မြန်မာနိုင်ငံ၏ ပညာရေး စနစ်ပြန်လည် ကောင်းမွန်လာစေ ရန် ပြည်သူပိုင်သိမ်းထားသော စာသင်ကျောင်းများအား ပြန်ပေးရန် လိုအပ်ကြောင်း ဆရာတော် က ပြောကြားသည်။
‘‘လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ရှိ ပြီး၊ ပြည်သူပိုင်သိမ်းတာ အရင် တုန်းက မစ်ရှင်ကျောင်းတွေမှ လွတ်လွတ်လပ်လပ် ပညာတွေ သင်ပေးတယ်’’ဟုဆိုသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် ရန်ကုန်ကက်သလစ်ဂိုဏ်း ချုပ်ဆရာတော် ချားလ်စ်ဘိုအား မြန်မာနိုင်ငံအတွက် ပထမဆုံး ကာဒီနယ်အဖြစ် တင်မြှောက် ထားပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကာဒီနယ်နှစ်ရာကျော်တွင် တစ် ပါးအပါအ၀င် ဖြစ်သည်။
မေးမြန်းမှုများကိုပြန်လည်ဖြေကြားနေသည့် ကာဒီနယ်ချားလ်စ်ဘို (ဓာတ်ပုံ−ဇေနွေထွန်း)
7Day Daily
2015ရွေးကောက်ပွဲအတွက်ကြံဖွတ်တို့၏မာယာ
မျိုးမင်း ခိုင်
"2015ရွေးကောက်ပွဲအတွက်ကြံဖွတ်တို့၏မာယာ"
…………………………………………………………………………………
မကွေးတိုင်းနတ်မောက်မြို့နယ်စခမ္မအုပ်စုမှကြံ့ဖွတ်တွေရဲ့လိမ်လယ်လှည့်ပြားမှုကတော့ ဟိုအရင်အတိုင်းမပြောင်းလဲသေးပေ။
ရိုးသားတဲ့ပြည်သူလူထုအပေါ်မှာညဏ်နီညဏ်နက်သုံးဖို့ကသူတို့အလုပ်လို့ပြောလို့ရပေသည်။
မှတ်ပုံတင်မရှိသူတွေ ကိုယ် လိုင်စင်ပုံတွေရိုက်ရမယ်ဆိုတော့ရိုက်ကြတာပေါ့
နောက်ရက်မှာလိုင်စက်ပုံရိုက်ထားသူတွေ ကိုယ့်ကပ်တွေကိုယ်လာယူကြပါလို့ ကျနော် နဲ့ညီအကိုတစ်ဝမ်းကွဲတော်သူကြံ့ခိုင်းရေးစည်းရုံးရေးမှုကပြောတယ်။
ကြည့်လိုက်တော့မှတ်ပုံတင်မဟုတ်ပဲအခုပုံမှာပါတဲ့အတိုင်းကြံ့ဖွတ်ကပ်တွေလုပ်ပေးတာတွေ့ကြရပါတယ်။
ကျနော့အဖေ့ဖက်ကညီကိုဝမ်းကွဲကမေးတယ်ဒါဘယ်လိုဖြစ်တာလဲပေါ့
ကြံ့ခိုင်ရေးကပ်လုပ်မှ မှတ်ပုံတင်ရမယ်လို့အမေ့ဘက်ကကြံ့ဖွတ်စည်းရုံးရေးမှုးကပြန်ပြောလိုက်တယ်။
မနက်ဖြန်28.2.2015 ရက်နေ့မှာမှတ်ပုံတင်ထပ်ရိုက်ပေးမယ်ပြောတယ် စောင့်ကြည့်ကြသေးတာပေါ့
နောက်သတင်းသဲ့သဲ့ကြားတာကတော့အခုကြံ့ဖွတ်ကပ်ကိုင်ထားသူအားလုံး၂၀၁၅မှာ ကြံ့ခိုင်ရေးပါတီကိုသာ
မဲပေးရမယ်လို့သတင်းရထားပါပြီ။
ရိုးသားတဲ့တောသူတောင်သားပြည်သူများရဲ့အပေါ်မှာမဟုတ်တရုပ်နဲ့လိမ်လယ်လှည့်ပြားနေတဲ့
စစ်ကြံ့ဖွတ်တွေကို ကျွန်တော်အတော်လေးကိုရွံရှာမုန်းတီးမှိပါ၏။
ကျနော်မဟုတ်မမှန်လုပ်ကြံရေးသားချင်းမဟုတ်ပါ။ရွာမှာရှိတဲ့ကျနော့သူငယ်ချင်းညီအကိုတွေကိုယ် ကြံ့ဖွတ်တွေရဲ့
လှုပ်ရှားမှုအားလုံးကိုစောင့်ကြည့်ခိုင်းထားတာပါ။
ယနေ့နံက်viberမှပုံနဲ့အတူ သတင်းပေးပို့လိုက်တာပါခင်္ဗျာ။
ကျနော်လဲနိုင်ငံရေးသမားကြီးတော့မဟုတ်ပါ
သာမန်ပြည်သူလူတစ်ယောက်တောင်သူပါ
ဒီနေ့ဒီအချိန်ထိလဲNLDပါတီထည်းလဲဝင်မထားသေးပါ
ကျနော့အမျိုးများထည်းမှာလဲNLDထည်းမှာမရှိ
ကြံ့ခိုင်ရေးပါတီထည်းမှာသာရှိကြတာပါ။
ဘယ်လိုပင်ရှိစေကာမူ ကြံ့ဖွတ်တွေရဲ့အောက်တန်းကြလုပ်ရပ်
တွေကိုကြည့်မရလို့
NLD ပါတီနဲ့အမေဒေါ်အောင်ဆန်းဆုကြည်ကိုသာထောက်ခံ
ပါ၏။
မှန်သောသစ္စာကိုဆိုရဲပါ၏…………………
ဤပို့အားအများသိအောင်shareလုပ်ပေးကြပါလို့တောင်းဆို
ပါရစေခင်္ဗျာ……………
လေးစားလျက် ရင်တွင်းဖြစ် (နတ်မောက်)
https://www.facebook.com/photo.php?fbid=1558064597776141&set=a.1380412365541366.1073741828.100007178469227&type=1
သက်ရှိမြန်မာ့နိုင်ငံရေးသမိုင်း (ခ) သခင်တင်မြ ကွယ်လွန်ရှာပြီ
မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုမှာ ကာလကြာမြင့်စွာ ပါဝင်ခဲ့ပြီး ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်ကနေ စစ်အာဏာရှင်ခေတ်၊ အရပ်သားတစ်ပိုင်း ဒီမိုကရေစီအစိုးရခေတ်အဆက်ဆက်ထိ ဖြတ်သန်းခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်တင်မြဟာ ဖေဖော်ဝါရီ ၂၈ရက် အသက် ၉ဝအရွယ်မှာ ရန်ကုန်မြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သခင်တင်မြဟာ ဘယ်လိုလူစားမျိုးလဲ။
သခင်တင်မြဟာ ၁၉၂၄ခုနှစ် စက်တင်ဘာလ ၉ရက်နေ့က ဧရာဝတီတိုင်း ဓနုဖြူမြို့မှာ မွေးဖွားခဲ့ပြီး မူလတန်းအောင်မြင်တဲ့အထိ ပညာသင်ကြားခဲ့ပြီး အသက် ၁၃နှစ်မှာ တို့ဗမာအစည်းအရုံးကို ဝင်ရောက်ပြီး သခင်တင်မြအဖြစ် ခံယူခဲ့ပါတယ်။ ၁၉၄၁ ခုနှစ် အသက် ၁၇နှစ်အရွယ်မှာ သခင်စိုးဦးဆောင်တဲ့ ကွန်မြူနစ်ပါတီကို ဝင်ရောက်ခဲ့ပြီး မြေအောက်စည်းရုံးရေးသမားဘဝ၊ ၁၉၄၂ ပြည်တွင်းသူပုန်ခေါင်းဆောင်ဘဝ၊ ၁၉၄၄ ကွန်မြူနစ်ပါတီ ပထမအကြိမ်ကွန်ဂရက်ရဲ့ ဗဟိုကော်မတီဝင်ဘဝ၊ ၁၉၄၅ခုနှစ် ဖက်ဆစ်တော်လှန်ရေးမှာ တိုင်း၇တိုင်း နိုင်ငံရေးမှူး၊ ၁၉၄၆ခုနှစ်မှာ အလံနီပါတီ ပေါလစ်ဗြူရိုအဖွဲ့ဝင်၊ ၁၉၄၉မှာ အလံနီကနှုတ်ထွက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီဝင် တောခို၊ ၁၉၅၈ ရန်ကုန်မြေအောက်စည်းရုံးရေး တာဝန်ခံ စတာတွေကို ထမ်းဆောင်ခဲ့ပြီး အစိုးရရဲ့ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။
ရန်ကုန်ဘောင်ဒရီစစ်အချုပ်ထဲမှာရှိနေချိန် ဗမာပြည်ကွန်မြူနစ်ပါတီဝင်အဖြစ်က နှုတ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံပြီး ၁၉၆၂မှာ မဆလအမြုတေပါတီမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လမ်းစဉ်ပါတီရဲ့ ဗဟိုစည်းရုံးရေးကော်မတီ အကြံပေးအဖွဲ့မှာ ဗိုလ်ရဲထွဋ်၊ ကိုချစ်လှိုင် (ကိုကိုမောင်ကြီး)၊ ဗိုလ်သိန်းတန်၊ ဒေါက်တာမောင်မောင်၊ ဦးစောဦး၊ ဦးဘညိမ်၊ ဦးသီဟန်တို့နဲ့အတူ ပါဝင်ခဲ့ပါတယ်။
ပြည်သူပိုင်သိမ်းရေးအဖွဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပြီး အမြုတေပါတီကနေ ပြည်သူ့ပါတီအဖြစ် မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)ရဲ့ ပထမအကြိမ် ပါတီညီလာခံမှာ ဗဟိုကော်မတီဝင်အဖြစ် ၁၉၇၁မှာ ရွေးချယ်ခံခဲ့ရပါတယ်။ ၁၉၇၇မှာ ပါတီကနေ ထုတ်ပယ်ခံရပြီး နိုင်ငံ့ဂုဏ်ရည်ပထမဆင့် ချီးမြှင့်ခံခဲ့ရသူ သခင်တင်မြဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ရွှေတို့ကို ကူညီပေးခဲ့လို့ ရေကြည်အိုင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
၁၉၉၂မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီမှုနဲ့ ထောင်အနှစ် ၂ဝ ချမှတ်ခံခဲ့ရပြီး ဆီးကြိတ်ဝေဒနာကြောင့် ၁၉၉၃မှာ ထောင်ကနေ လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကွယ်လွန်ချိန်အထိ နိုင်ငံရေးမှာပါဝင်လှုပ်ရှားမှု မရှိတော့ဘဲ သမိုင်းမှတ်တမ်းတွေကို ရေးသားပြုစုခဲ့ပြီး ၁၉၄၅ခုနှစ်အထိ ကိုယ်တွေ့နိုင်ငံရေးမှတ်တမ်းတွေကို ရေးသားထားတဲ့ ဘုံဘဝမှာဖြင့် စာအုပ်အပြင်၊ ဘုံဘဝမှာဖြင့် အမှားနှင့်အမှန်၊ ဘုံဘဝမှာဖြင့် ထပ်ချပ်မကွာ၊ ဘုံဘဝကိုဖြင့် မျှော်တိုင်းဝေး၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပတ်သက်သော မှတ်တမ်းများ၊ ဗိုလ်ချုပ်သာရှိနေသေးလျှင် စတဲ့မှတ်တမ်းတွေကိုလည်း ပြုစုခဲ့ပါတယ်။
သခင်တင်မြဟာ မကွယ်လွန်ခင်က ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိပြုစုရေးကော်မတီမှာ ပါဝင်ခဲ့ပြီး ကွယ်လွန်ချိန်အထိ ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိစာအုပ်နဲ့ ဘုံဘဝကိုဖြင့်မျှော်တိုင်းဝေး (၁၉၈၈ခုနှစ်အထိ) မှတ်တမ်းတွေ အပြီးသတ်ပြုစုထားနိုင်ခဲ့တာတော့ မရှိခဲ့ပါဘူး။
https://www.facebook.com/KamayutMedia/posts/1084540724896456
Facebook ရဲ့ လုံခြုံရေးနဲ့ ပတ်သတ်ပြီး ယိုပေါက်များ ကို ထောက်ပြနိုင်တဲ့ “White Hat” ဟက်ကာတွေကို ဒေါ်လာ ၁.၃သန်း ဆုချ
၂၀၁၄ ခုနှစ်အတွင်း Facebook ရဲ့ လုံခြုံရေးနဲ့ ပတ်သတ်ပြီး အချက်အလက်များ၊ ယိုပေါက်များ ကို ထောက်ပြနိုင်တဲ့ “White Hat” ဟက်ကာတွေကို ဒေါ်လာ ၁.၃သန်း ဆုချပေးခဲ့ပါတယ်။ ထိုကဲ့သို့ ဆုကြေးငွေပေး သည့် အစီစဉ်ကို ၂၀၁၁ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး လူမှုကွန်ယက် လုံခြုံရေးနှင့် ပတ် သတ်ပြီး ယိုပေါက်များရှိနေပါက အသိပေးအကြောင်းကြားပေးသည့် ဟက်ကာများကိုသာ ဆုပေး ခဲ့ တာ ဖြစ်ပါတယ်။ 
၂၀၁၄ခုနှစ် အတွင်း ပရိုဂရမ် မှားယွင်းနေမှုများနှင့် လုံခြုံရေးပြဿ     နာပေါင်း ၁၇၀၀၀ကျော် ရှိခဲ့ပါတယ်။ ပျှမ်းမျှ အားဖြင့် ဟက်ကာ တစ်ဦးကို ၄၀၄၉ ဒေါ်လာ ပေးခဲ့ပြီး ရှာဖွေတွေ့ရှိခဲ့တဲ့ ပြဿ      နာ အကြီး အသေးပေါ် မူတည်ပြီး ဆုကြေးငွေဟာ ကွဲပြားသွားပါတယ်။ အမြင့်ဆုံး ဆုကြေးမှာ ဒေါ်လာ ၃သောင်း ဖြစ်ကာ Lithuanian  Researcher တစ်ဦးက ရရှိသွားခဲ့ပါတယ်။ အနိမ့်ဆုံး ဆုကြေးမှာမူ ဒေါ်လာ ၅၀၀ ဖြစ်ပါတယ်။ ပရိုဂရမ် အမှား အများဆုံးကို အိန္ဒိယရှိ ဟက်ကာများက ရှာဖွေတွေ့ ရှိခဲ့တာဖြစ်ပြီး ဒုတိယအနေဖြင့် အီဂျစ်၊ တတိယ မှာမူ အမေရိကန် တို့ဖြစ်ပါတယ်။ 
Credit : http://news.sky.com
http://technology.thithtoolwin.com/2015/02/apple_27.html
ဆင်ခြေဖုံးရပ်ကွက်များတွင် ညပိုင်းချိန်းတွေ့သော စုံတွဲများထံမှ ဆိုင်ကယ်ဖြင့် လုယက်ထွက်ပြေးမှု များလာ
Saturday, February 28, 2015
ရန်ကုန်မြို့ဆင်ခြေဖုံး ရပ်ကွက်များတွင် ညအချိန် မှောင်ရိပ်ခို၍ ချိန်းတွေ့နေသော စုံတွဲများထံမှ ဆိုင်ကယ်ဖြင့် ပစ္စည်းလုယက်ထွက်ပြေးမှုများ ပိုမိုပြုလုပ်လာကြောင်း ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
ရန်ကုန်တိုင်းအတွင်းရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ဖြစ်ပွားသောမှုခင်းများအနက် ထိုကဲ့သို့မှောင်ရိပ်ကျသည့် နေရာများတွင် ချိန်းတွေ့လေ့ရှိသည့် လူငယ်စုံတွဲများထံမှ ဆိုင်ကယ်ဖြင့် ပစ္စည်းလုယက်မှုများ သိသာစွာ မြင့်တက်လာသည်ဟု အရှေ့ပိုင်း ခရိုင် မှုခင်းရေးရာဌာနမှ ဌာနစု မှူး ရဲအုပ်စောမြိုင်အုံးက ပြော ကြားသည်။
တိုင်ချက်ဖွင့် မှတ်တမ်းများ နှင့် တိုင်းရုံးသို့ အမှုများ တင်ပြ သည့်အခါ အဆိုပါ ဆိုင်ကယ်ဖြင့် လုယက်မှုများမှာ ရန်ကုန်မြို့ အတွင်း တစ်လလျှင် ပျမ်းမျှလေး မှုခန့်ရှိကြောင်း ၎င်းကပြောသည်။
‘‘ဆိုင်ကယ် ကယ်ရီသမား တွေကလည်း ကြုံရင်ကြုံသလို လုပ်ကြတယ်။ တချို့ကလည်း အ ဖွဲ့လိုက်ဂိုဏ်းဖွဲ့ပြီး လုပ်တာတွေ ရှိတယ်’’ ဟု ၎င်းက ပြောသည်။
၂၀၁၅ ဇန်န၀ါရီတွင် ရန် ကုန်တိုင်းအတွင်း ဆိုင်ကယ်ဖြင့် လုယက်မှုငါးမှုဖြစ်ပွားခဲ့ပြီး အဖြစ် အများဆုံးမှာ မြောက်ပိုင်းခရိုင်အ တွင်းရှိ မြို့နယ်များဖြစ်ကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ ဆိုင်ကယ်စီးရင်း ပစ္စည်းလုယူထွက်ပြေးသူ အများစုမှာ ဖမ်းဆီးရမိပါက အသက်(၂၀) ကျော်အရွယ် လူငယ်များအများဆုံးဖြစ်ပြီး (၁၆) နှစ်၊ (၁၇)နှစ်အ ရွယ် လူငယ်များပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရသည် ဟု မြောက်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှသန်းက ပြောကြားသည်။
ဆင်ခြေဖုံးရပ်ကွက်များတွင် နေထိုင်ကြသော ပြည်သူများမှာ သွားလာရေး လွယ်ကူစေရန် စက်ဘီးများထက် ဆိုင်ကယ်ကို အသုံးပြုလာကြပြီး ဆိုင်ကယ် ကယ်ရီဆွဲသူများလည်း ညအချိန် များတွင် ပိုမိုများပြားလာကြောင်း မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
‘‘ဆင်ခြေဖုံးရပ်ကွက် အများ စုက ညဘက်ဆို လမ်းမီးတိုင်တွေ ပြည့်ပြည့်စုံစုံမရှိဘူး။ မီးတိုင်ရှိတဲ့ နေရာကလည်း မီးမလာတာများ တော့ လူငယ်သဘာဝ အမှောင် ထဲ ချိန်းတွေ့တာရှိတာပေါ့’’ ဟု ၎င်းက ပြောသည်။
ဆင်ခြေဖုံးမြို့နယ်များဖြစ် သော လှိုင်သာယာ၊ မြောက်ဥက္က လာပ၊ သာကေတ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဒဂုံအရှေ့၊ တောင် ဒဂုံ၊ ဒဂုံဆိပ်ကမ်းစသည့် ဆိုင် ကယ်အသုံးပြုသူများသည့် မြို့ နယ်များတွင် ထိုကဲ့သို့ လုယက်မှု အများဆုံးဖြစ်သည်ဟု မြောက် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှ နယ်ထိန်း တစ်ဦးက ပြောသည်။
‘‘လှည့်ကင်းတွေ လုပ်လိုက် ရင် နည်းနည်းငြိမ်သွားတယ်။ လှည့်ကင်းလစ်လပ်သွားတဲ့ အ ချိန်တွေဆို ပြန်ထလာပြန်ရော။ ခရိုင်ပေါင်းစုံက နယ်ထိန်းတွေနဲ့ လည်း ချိတ်ဆက်ပြီး စောင့်ကြည့် နေတယ်’’ ဟု ၎င်းက ပြောသည်။
လုယက်သူများမှာ လက် ကိုင်အိတ်နှင့် ဖုန်းများကို အဓိက လုယူကြပြီး လူပြတ်သောနေရာ များတွင် လမ်းလျှောက်ရင်း ဖုန်း ပြောနေသူများထံမှ ဖုန်းများ လု ယူလေ့ရှိကြောင်း မြောက်ဒဂုံမြို့ နယ်မှ ကိုထက်အောင်မင်းကပြောသည်။
‘‘အဓိကကတော့ ညဘက် တွေ လူပြတ်တဲ့နေရာတွေ သွား ရင် ယောက်ျားလေးဖြစ်ဖြစ်၊ မိန်း ကလေးဖြစ်ဖြစ် တစ်ယောက် တည်းမသွားတာကောင်းတယ်။ အဖော်ပါရင်တောင်မှ တစ်ခါတ လေ ဆိုင်ကယ်နဲ့လုပြီး မောင်း ပြေးသွားရင် ဘာမှလုပ်လို့မရဘူး’’ ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုအတွင်းမှ ဆိုင်ကယ်စီးပြည်သူတစ်ဦး (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily
လူထောင်နှင့်ချီ ၀ိုင်းအုံကြည့်ကာ အုတ်အော်သောင်းနင်းဖြစ်သွားသည့် အိမ်ထောင်ရေးဖောက်ပြန်နေသည့် စုံတွဲ၏ ထူးထူး ဆန်းဆန်းဖြစ်ရပ်
တာင်အာဖရိကနိုင်ငံ ဂျိုဟန် နစ္စဘတ်မြို့ တွင်ဖောက်ပြန်သည့် အိမ်ထောင်ရှင်  အမျိုးသမီး တစ်ဦးနှင့် လင်ငယ်ဖြစ် သူတို့ တိတ်တိတ် ပုန်းပျော်ပါး ကြစဉ်  ရှက်စဖွယ် ထူး ထူးဆန်းဆန်း အဖြစ် ကြုံတွေ့ပေါ်ပေါက်၍ လူအများဝိုင်း အုံမှုဖြစ်ရာ ရဲများ ပင်ရောက် လာခဲ့ရပြီး အုတ်အော်သောင်း နင်းဖြစ်နေသည့် လူများကို ရှင်းထုတ်၍ မရအောင်ဖြစ် ခဲ့ရသည်။http://mp4you.co.uk/world-news/130cheating-wife-and-her-lover-locked-together.html
Friday, February 27, 2015
ပီပီပြင်ပြင် ရာဇ၀င်ရိုင်းကြတော့မလား
သရုပ်ဆောင် ပြေတီဦးနှင့် လိုင်လာခမ်း(ဓာတ်ပုံများ - ဂျေပိုင်/ The Irrawaddy)
ကိုယ်စီမံသလို ထင်တိုင်းဖြစ်မလာတဲ့ ဘ၀တွေကို တွေ့ကြုံလာရတဲ့ လူသားတွေ သုံးနှုန်းလေ့ရှိတဲ့ “ရာဇ၀င်ရိုင်းတယ်” ဆိုတဲ့ စကားကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပုံဖော်ပြသတော့မှာပါ။
အဲ့ဒါကတော့ တခြားမဟုတ်ပါ။ “ရာဇ၀င်ရိုင်းသူများ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ စတင် ရိုက်ကူးပုံဖော်နေပြီလို့ ဆိုလိုခြင်းပါ။သူ့အနေနဲ့ ဒီဇာတ်ကားကို ဘာကြောင့် ရိုက်ကူးဖြစ်တာလဲ။
“လူတွေကဘ၀မှာ ကိုယ်ထင်တာ ကိုယ်ကြိုက်သလို ဖြစ်မလာတဲ့အခါ ၊ ကိုယ်စီမံသလို ဖြစ်မလာတဲ့အခါ ရာဇ၀င်ရိုင်းကြတယ်လို့ သုံးနှုန်းကြတယ်။ ကိုယ်စီမံတဲ့အတိုင်း ဖြစ်လာတာ ဘ၀မဟုတ်ပါဘူး။ အဲ့လိုပဲ လူ့ဘ၀ထဲက ထင်တိုင်းမဖြစ်တဲ့ ၊ မဖြစ်သင့်မဖြစ်ထိုက်တဲ့ အရာတွေအားလုံး ဘယ်လိုစိတ်အခြေအနေကြောင့်ဖြစ်တယ်ဆိုတာကို ဒီဇာတ်ကားထဲမှာ ရိုက်ပြထားပါတယ်” လို့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ဆိုပါတယ်။
"ရာဇ၀င်ရိုင်းသူများ" ရုပ်ရှင်ဇာတ်ကားထဲမှာ အဓိက ဇာတ်ကောင်တွေဖြစ်ကြတဲ့ ပြေတီဦး၊ လိုင်လာခမ်း တို့နဲ့အတူ မြင့်မြတ်၊ ပက်ထရစ်ရှာတို့လည်း ပါဝင် အားဖြည့်ထားကြပါတယ်။
သရုပ်ဆောင် လိုင်လာခမ်း
ဒီ ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတင်ဆက်မှာဖြစ်ပြီး သိန်းသန်းထွန်းရဲ့ မိုးတစ္ဆေ ၀တ္ထုကို ပြန်လည်ရိုက်ကူးထားတာပါ။
ဒါ့ထက် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရိုက်ကူးခဲ့တဲ့ “တိုက်ဆိုင်မှုရှိလျှင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ဗီလိန်ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ခဲ့လို့ ပရိတ်သတ်အားပေးလက်ခံလာတဲ့ မင်းသမီး လိုင်လာခမ်းက “ပထမကားမှာ အောင်မြင်မှုရတာဟာ ဦးမျိုးကြောင့်ပါပဲ။ ကျွန်မဘက်ကတော့ တတ်နိုင်သမျှသရုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် သဘောင်္တစ်စင်းရဲ့ ကပ္ပတိန်ဟာ ဦးမျိုးပါပဲ။ တကယ်လို့ ဦးမျိုးသာ သူလိုချင်တာကို မပြောပြနိုင်ဘူး။ သူဖြစ်ချင်တာကို လုပ်မပြနိုင်ဘူးဆိုရင် တိုက်ဆိုင်မှုရှိလျှင်က ဒီလောက်ထိ အောင်မြင်မှာမဟုတ်ပါဘူး။ အားလုံးရဲ့ ကြိုစားမှုကြောင့်တိုက်ဆိုင်မှုရှိလျှင်က အောင်မြင်တယ်။ ပရိသတ်တွေရဲ့ မထင်မှတ်တဲ့ အားပေးချစ်ခင်မှု မေတ္တာကိုရခဲ့တယ်။ ရာဇ၀င်ရိုင်းသူများ ကားမှာလည်း ပထမကားထက် ကျွန်မအများကြီးကြိုးစားသွားမယ် လို့ သူကဆိုပါတယ်။
သရုပ်ဆောင် မြင့်မြတ်နှင့် ပက်ထရစ်ရှာ
ရာဇ၀င်ရိုင်းသူများထဲမှာ ဘယ်သူတွေ ဘယ်လို ပီပီပြင်ပြင် ရာဇ၀င်ရိုင်းကြမလဲဆိုတာတော့ မကြာမီ လာမည် မျှော်ပေါ့နော်..။
ယုမွန်ကျော်
ဧရာဝတီ
ဓားဖြင့် ခုတ် လုယက်ခံရသော စပိန်နိုင်ငံသားကို ပြန်တွေ့
Saturday, February 28, 2015
ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသနေရင်း ပျောက်ဆုံး သွားသော စပိန်နိုင်ငံသားသည် ဆာကူရာဆေးရုံ၌ ဆေးကုသ နေသည်ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်က ပြန်တွေ့ရှိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းကြည်ကပြောကြားသည်။
ပဲခူးမြို့အထွက် ဘဏ္ဍာ ကုန်းကျေးရွာအနီးတွင် ဓားဖြင့် ခုတ်ခံရခြင်းကြောင့် ဒဏ်ရာ အ ပြင်းထန်စွာ ရရှိထားသော စပိန်နိုင်ငံသားသည် ဖေဖော်ဝါရီ ၂၅ရက်၌ ရန်ကုန်ဆေးရုံကြီးမှထွက် ပြေးသွားပြီး ပျောက်ဆုံးနေခြင်း ဖြစ်ပြီး ဆာကူရာဆေးရုံတွင် ပြန် လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
‘‘သူ့သဘောအရပေါ့။ ဆေး ရုံကြီးမှာ ဆေးမကုချင်လို့ ပြောင်း ကုတာ နေမှာပေါ့။ ဒီနေ့မနက်က ပဲ ဆာကူရာဆေးရုံမှာ ပြန်တွေ့ခဲ့ ပါတယ်။ စောင့်ရှောက်မှုတွေပေး ပြီး စပိန်ကောင်စစ်ဝန်နဲ့ ဆက် သွယ်ထားပါတယ်’’ဟု ဒုရဲမှူးကြီးဝင်းကြည်ကပြောသည်။
စက်ဘီးဖြင့် ကမ္ဘာလှည့်နေ သော စပိန်နိုင်ငံသားမစ္စတာ ကာလို့စ်ကို ဖေဖော်ဝါရီ ၂၃ ရက် ညက ပဲခူးမြို့အထွက် ဘဏ္ဍာ ကုန်းကျေးရွာအနီး၌ လူနှစ်ဦးက ဓားဖြင့် ၀ိုင်းခုတ်ကာ ပစ္စည်းများ လုယူသွားခဲ့သည်။ ဓားဖြင့် ၀ိုင်း ခုတ်၍ ပြတ်ရှဒဏ်ရာ ၁၀ ချက်ရရှိထားသော စပိန်နိုင်ငံသားကို ဖေဖော်ဝါရီ ၂၄ ရက်က ပဲခူးဆေး ရုံမှ တစ်ဆင့် ရန်ကုန်ဆေးရုံကြီး သို့ လွှဲပြောင်းဆေးကုသပေးခဲ့ သည်။
၎င်းအား ရန်ကုန် ဆေးရုံကြီးဦးနှောက်နှင့် အာရုံကြောဌာနတွင် ဆေးကုသပေးနေရာမှ ထွက်ပြေးသွားပြီး ဆာကူရာဆေးရုံသို့ပြောင်းရွှေ့ကုသခဲ့ခြင်းဖြစ်သည်။
7Day Daily
ကလေးမယူခင် စုံတွဲတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်တဲ့ မေးခွန်း(၅)ခု
အိမ်ထောင်ကျပြီးလို့ ကလေးယူမယ်လို့ စိတ်ကူးလိုက်ပြီဆိုတာနဲ့ စုံတွဲတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်တဲ့ မေးခွန်းလေးတွေ ရှိပါတယ်။ မေးခွန်းတိုင်းဟာ သင့်စိတ်ထဲက အဖြေတွေနဲ့ ကွက်တိကျမှသာ ကလေးယူဖို့ ဆုံးဖြတ်သင့်ပါ တယ်။
၁။ကလေးလေးတွေက ချစ်ဖို့ကောင်းတယ်ဆိုတဲ့စကားမျိုးတွေထက် ကလေးရလာရင် ဘာတွေလုပ်ကြမယ်ဆိုတာမျိုး နှစ်ဦးကြားဆွေးနွေးဖူးပါသလား။
ကလေးတွေဟာ အပြစ်ကင်းစင်ပြီး ချစ်စရာအလွန်ကောင်းကြပါတယ်။ ဒါပေမယ့် သူတို့ကို ပြုစုပျိုးထောင်မယ့် မိဘမှာတော့ အစီအစဉ်ကောင်းတွေရှိနေရပါမယ်။ ဒါ့အပြင် ကလေးရလာရင် သင့်မှာ အချိန်ပိုဆိုတာလည်း နည်းသွားပါလိမ့်မယ်။ ဒီ့အတွက်ကိုလည်း သင်စဉ်းစားထားဖို့လိုအပ်ပါတယ်။ နှစ်ယောက်တည်းနေတဲ့ စုံတွဲတွေဆိုရင် ကိုယ်ဝန်ရလာတဲ့အခါ အဖော်တစ်ယောက် ရှာဖို့လည်း လိုလာပါလိမ့်မယ်။ အဲ့ဒါတွေအတွက် ကြိုစဉ်းစားထားပြီးပြီလား။
၂။ဘယ်လိုမိဘမျိုး ဖြစ်ချင်ကြတယ်ဆိုတာရော နှစ်ဦးသားပြောကြည့်ဖူးပါသလား။
ကလေးယူတော့မယ့်စုံတွဲဟာ ကလေးရလာရင် ကလေးပုံစံကို ကြည့်ပြီး ငါတို့ဟာ အရမ်းစည်းကမ်းကျပ်တဲ့မိဘမျိုးတော့ မလုပ်ဘူး။ ဒါပေမယ့် ကလေးဖြစ်ချင်တာတွေကို ဖြည့်ဆည်းပံ့ပိုးပေးပြီး ဘေးကထိန်းကျောင်းပေးသွားမယ့် မိဘမျိုးတွေ ဖြစ်အောင်ကြိုးစားမယ် စသဖြင့် နှစ်ဦးသား ပြောဆိုကြည့်ဖူးဖို့တော့ လိုပါတယ်။
၃။နှစ်ဦးသားပြသနာတက်တဲ့အခါ ဘယ်လိုပုံစံပြောင်းလဲဖြေရှင်းကြမလဲ။
အရင်က ရန်ဖြစ်တဲ့အခါ တံခါးကိုဆောင့်ပိတ်လိုက်တာမျိုး၊ တစ်ဦးနဲ့တစ်ဦး အော်ဟစ်ကြတာမျိုးတွေ ကလေးရလာရင် လုပ်ဖို့ မစဉ်းစားပါနဲ့တော့။ ဒီတော့ ကိုယ့်အကျင့်တွေကို ပြောင်းလဲပစ်ဖို့ နှစ်ဦးသား တိုင်ပင်ကြည့်ဖို့လိုလာပါပြီ။
၎။ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ငွေရေးကြေးရေးရော တောင့်တင်းပြီလား။
လင်မယားနှစ်ယောက်တည်းတုန်းက ဖြစ်သလို နေထိုင်စားသောက်ကြတယ်ဆိုပေမယ့် ကလေး ရှိလာတဲ့အခါ ကလေးစားရိတ်က သိသိသာသာတိုးလာပါလိမ့်မယ်။ ဒါကလည်း ယာယီမဟုတ်ပဲ ရေရှည်ဖြစ်တာမို့ သေသေချာချာ စဉ်းစားကြည့်ဖို့ လိုလာပါပြီ။
၅။နှစ်ဦးစလုံး ကလေးလိုချင်တာ ဟုတ်ရဲ့လား။
ကလေးယူဖို့ ဆုံးဖြတ်လိုက်တာဟာ တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်လား၊ နှစ်ဦးစလုံး ကလေးလိုချင်လို့ ခုလို ဆုံးဖြတ်ကြတာလားဆိုတာ တွေးပါ။
http://www.trend.com.mm/2015/02/27/relationships-5921
တရုတ်၊ စင်ကာပူမယ်စကြဝဠာအလှမယ်များနဲ့ ပုဂံခရီးစဉ်သွားရောက်ခဲ့တဲ့ မိုးစက်ဝိုင်
မြန်မာနှလုံးသား ပရဟိ တအဖွဲ့၏ လှူဒါန်းမှုအစီအစဉ် တွင်ပါဝင်ခဲ့သော တရုတ်နှင့် စင် ကာပူမယ်စကြဝဠာ ၂၀၁၃ အလှ မယ်များကို ပုဂံသို့ လိုက်ပါပို့ ဆောင်ပေးခဲ့ပြီး ယင်းခရီးစဉ်ကို မှတ်တမ်းတင်ထားကာ Amazing Cities အစီအစဉ်၌ ပြသသွား ရန် အစီအစဉ်ရှိကြောင်း မိုးစက် ဝိုင်က ပြောသည်။
��ပုဂံမှာ နာမည်ကြီးဘုရား တွေ အဲဒီလောက်အများကြီးရှိ တာကို သူတို့စိတ်ဝင်စားတယ်။ နောက်ပြီး ဘုရားတွေမှာ ရွှေ သင်္ကန်းကပ်ထားတာကို သူတို့ စိတ်ဝင်စားတယ်။ စေတီတွေက ရွှေအစစ်တွေနဲ့လုပ်ထားတယ်။ ထီးတော်တွေ ဆိုရင်လည်း ကျောက်မျက်ရတနာတွေနဲ့လုပ် ထားတော့ မခိုးဘူးလားလို့မေးကြ တယ်��ဟု မိုးစက်ဝိုင်က ပြော သည်။ ထို့အပြင် ဘုရားတစ်ဆူသို့ သွားရောက်ဖူးမြော်ရာတွင် ဆေး ရေးပန်းချီရေး၍ရသောကြောင့် လက်တွင် ရေးဆွဲခဲ့ကြသကဲ့သို့ ကြိုးဆွဲရုပ်သေးရုပ်လေးများကို လည်း စိတ်ဝင်စားကြသည်ဟု ဆိုသည်။
တရုတ်အလှမယ်မှာ ပုဂံ ခရီးစဉ်အပြီးတွင် ပြန်သွားပြီး စင် ကာပူအလှမယ်ကိုမူ ပြင်ဦးလွင် ဘက်သို့လိုက်ပါပို့ဆောင်ခဲ့ရ သည်ဟု မိုးစက်ဝိုင်က ပြော သည်။
��တရုတ်မယ်က မိုးစက်တို့ အလှူသွားတဲ့အချိန်ကတည်းက အရမ်းအခက်အခဲဖြစ်ခဲ့တယ်။ ဖုန်တွေရှူမိပြီး ဖျားသွားတယ်��ဟု မိုးစက်ဝိုင်က ပြောသည်။
မြန်မာနှလုံးသားပရဟိတ အဖွဲ့၏ ပထမဆုံးလှူဒါန်းသည့် အစီအစဉ်ကို ကြို့ပင်ကောက်မြို့ ရှိ သင်္ခရိုင်ဘုန်းတော်ကြီးသင် မိဘမဲ့ပညာသင်ကျောင်းတွင် သွားရောက်လှူဒါန်းခဲ့ပြီး ကျောင်း ဆောင်သစ်ဆောက်လုပ်ရန် အလှူငွေကျပ်သိန်း ၃၂၀ နှင့် ကျောင်းထိုင်ဆရာတော်နှင့် ကလေးများအတွက် အလှူငွေ ကျပ် ၁၀ သိန်းလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
အနုပညာလှုပ်ရှားမှုအနေ ဖြင့် ကြော်ငြာများသာရိုက်ကူးဖြစ် ပြီး မတ်လ ၂ ရက်နှင့် ၃ ရက်တွင် မန္တလေးမြို့၌ အလှူငွေကောက်ခံ မည့် We Are One Myanmar အဖွဲ့၌ ပါဝင်ရန် အစီအစဉ်ရှိ ကြောင်း မိုးစက်ဝိုင်က ပြော သည်။
http://7daydaily.com/story/32746#.VPEaxuGIXap
ကျောင်းသားသပိတ်ကိုယ်စားလှယ် ကိုးဦး လွှတ်တော်သို့ လာရောက်ဆွေးနွေး
လက်ပံတန်းတွင် ရပ်နားထားသော ကျောင်းသား သပိတ်စစ်ကြောင်းမှ ကိုယ်စား လှယ် ကိုးဦးသည် ပြည်ထောင်စု လွှတ်တော်သို့ လာရောက်၍ အမျိုးသားပညာရေးဥပဒေကြမ်းပြင်ဆင်ရေးကိစ္စနှင့် ပတ်သက်သည့် နှစ်ဦးနှစ်ဖက်ကြားမကျေလည်မှုများကို လာရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ယခုလ ၂၇ ရက်တွင် ကျင်း ပပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကျင်းပ နေချိန်၌ လွှတ်တော်သို့ ကျော် ကိုကို၊ ဖြိုးဖြိုးအောင်တို့ ဦးဆောင် သည့် သပိတ်စစ်ကြောင်း ကိုယ် စားလှယ် ကိုးဦးရောက်ရှိလာပြီး လွှတ်တော်နာယကနှင့် တွေ့ဆုံ ခွင့်တောင်းခံခဲ့သော်လည်း ပြည် သူ့လွှတ်တော်ဥပဒေကြမ်းကော် မတီ ဥက္ကဋ္ဌနှင့်သာ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့သည်။
‘‘တွေ့ခွင့်တောင်းတာ ဟုတ် ပြီ။ ဒါပေမဲ့ ဥပဒေပြုရေးကိစ္စဖြစ်တဲ့အတွက် ဦးတီခွန်မြတ်တို့ နဲ့ တွေ့ပြီး ဆွေးနွေးလိုက်ပါ။ ကျွန်တော့်အနေနဲ့ လွှတ်တော်အစည်းအဝေးတွေကလည်း ရှိသေးတာကြောင့် မအားလပ်တာကြောင့်ပါ’’ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ကိုယ်စားလှယ်ကိုးဦးနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
လွှတ်တော်အစည်းအဝေး များ ကျင်းပပြီးစီးချိန် မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ နှစ်နာရီခန့်ကြာဦးတီခွန်မြတ်နှင့် ကိုယ်စားလှယ် ကိုးဦးတို့ တွေ့ဆုံဆွေးနွေးခဲ့သည်။
‘‘တော်တော်များများပြော ဖြစ်ပါတယ်။ သူတို့အနေနဲ့လည်း တစ်ယောက်ချင်းစီပြောကြပါ တယ်။ အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းလွှတ် တော်ရောက်နေတဲ့ အနေအထား ကို မေးတယ်။ ဒီအပေါ်မှာ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မ တီရဲ့ဆောင်ရွက်မယ့် အနေအထားတွေကိုလည်း ပြောပြပါတယ်’’ဟု တွေ့ဆုံဆွေးနွေးရာတွင် ပါဝင်ခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအနေဖြင့် ကိုယ်စားလှယ်များကို တွေ့ဆုံသည့်ဆန္ဒရှိသော်လည်း အချိန်နှင့်အခြားအခက်အခဲများရှိနေသောကြောင့် ဥပဒေကြမ်းကော်မတီမှ လုပ်ငန်းစဉ်များကို သေချာစွာ ရှင်းလင်းပေးရန် မိမိအား မှာကြားကြောင်း ဦးခိုင်မောင်ရည်ကပင်ပြောသည်။
‘‘ကျွန်တော်တို့ရည်ရွယ် ချက်က ဒီသပိတ်စစ်ကြောင်းနဲ့ ပတ်သက်ပြီးတော့ရော ဥပဒေမူကြမ်းရေးဆွဲရေးနဲ့ ပတ်သက်ပြီးတော့ပါ မပြေလည်တဲ့ အခြေအနေတွေ အကျဉ်းအကျပ်ဆိုက် ရောက်နေတဲ့ အနေအထားတွေ ကနေဆက်ပြီး ဖြေရှင်းရမယ့် ကိစ္စတွေကို ဆွေးနွေးဖို့အတွက် လွှတ်တော်နာယကနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ကြိုးစားပြီးတော့ လာ ခဲ့တာဖြစ်ပါတယ်။ ဥပဒေအတည်မပြုမချင်း သပိတ်လှန်တာမလုပ်ပါဘူး’’ဟု ကျော်ကိုကိုကပြောသည်။
တွေ့ဆုံဆွေးနွေးမှုသည်အပြုသဘောဆောင်တွေ့ဆုံမှုဖြစ်ပြီး နှစ်ဖက်နားလည်မှုလွဲမှားနေသည့်အချက်များ ဆွေးနွေးခဲ့ကြောင်း ဦးခိုင်မောင်ရည်ကဆိုသည်။
Video proof ပုလဲသက်သေ (သို့) ၃ ဆတိုးကြိုးပမ်းနေ
Video proof ပုလဲသက်သေ (သို့) ၃ ဆတိုးကြိုးပမ်းနေ
• မနေ့ကလွှတ်တော်မှာ တရုပ်ကနေ ဒေါ်လာ သန်း ၃ဝဝ ထပ်ချေးယူဘို့ သမဝန်ကြီးဦးကျော်ဆန်းရဲ့အဆိုကို ဒေါ်ခင်စန်းလှိုင်က ကန့်ကန်တယ်။ ဒါပေမဲ့ မဲအများနဲ့ အတည်ပြုသွားခဲ့တယ်။
• မဲအများစုမရရအောင် ဖန်တီးလုပ်ယူထားလို့ သက်သေတွေ လက်ဆုပ်လက်ကိုင်ရှိပေမဲ့ လွှတ်တော်ဟာ အများအတွက် အားကိုးစရာမဟုတ်ဘူးဆိုတဲ့ နောက်ထပ်သက်သေခံချက်ဖြစ်တယ်။
• ဦးကျော်ဆန်းက ပုလဲလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ဝန်ကြီးဖြစ်လို့လစ်လပ်သွားတဲ့နေရာကို ကြားဖြတ် ရွေးကောက်ပွဲလုပ်တော့ NLD က ဒေါ်ခင်စန်းလှိုင် အရွေးခံရတယ်။
• ကနေ့မနက်မှာ ပြည်ခိုင်ဖြိုးလှုပ်ရှားမှု - လက်တွေ့ငွေချေးမပေးပဲ မလိမ့်တပတ် ပါတီဝင်စုဆောင်းဆိုတဲ့ ဗီဒီယို ဖိုင်တခုကို ပုလဲက ၁၉၉ဝ အမတ်ဟောင်းဆီကို ပုလဲကနေပို့လာတယ်။
• ဦးကျော်ဆန်းဟာ ၂ဝ၁၂ ကြားဖြတ်မှာ သူ့အမျိုးကို အမတ်အရွေးခံဘို့ရာ တရုပ်ဆီက အရင်ချေးယူထားတဲ့ ဒေါ်လာ သန်း ၁ဝဝ ထဲကနေ ပုလဲသားတွေကို ငွေချေးပေးခဲ့တယ်။ အခု သန်း ၃ဝဝ ဟာလည်း လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ချေးယူတာဖြစ်တယ်။ ၃ ဆတိုးကြိုးပမ်းမဲ့သဘောဖြစ်တယ်။
• ကျွန်တော်တို့က ၅ ဆတိုးကြိုးပမ်းကြရပါလိမ့်မယ်။
ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၅
ကြံ့ခိုင်ရေးကဒေါ်လာ သန်း ၃ဝဝ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ချေးယူ
ကျောင်းသားဆိုသူတွေရဲ့ နှစ်ပဲခြောက်ပြားတောင်းဆိုမှုတွေကို အစိုးရက ဂရုမစိုက်သင့်ဘူး (လှဆွေ)
ဆီးကျောက်တည်ရောဂါအတွက် သဘာဝဆေးနည်း
မိန်းမမှာမီး ယောကျာ်းမှာဆီး ဆိုသည့်စကားအတိုင်း အမျိုးသမီးတို့အတွက် မီးနေချိန်သည် အလွန်အရေးကြီးသလို အမျိုးသားများအတွက် ဆီးရောဂါသည် အလွန်အရေးကြီးလှပါသည်။
ဆီးနှင့်ပတ်သက်သော ရောဂါများမှာလည်း အမျိုးမျိုးရှိနေပါသည်။ ဆီးကျောက်တည်ခြင်းသည် အလွန်အန္တရာယ်ကြီးသော ရောဂါတစ်ခု ဖြစ်နေပါသည်။ ထို့ကြောင့် ဆီးကျောက်တည်သူများအတွက် သဘာဝဆေးနည်းကောင်းတစ်ခုကို မျှဝေပေးလိုက်ပါသည်။
ဆေးနည်း(၁)
(၁) ကြက်သွန်နီဥ အလယ်အလတ်တစ်လုံးကို အခွံခွါပါ။
(၂) လေးစိတ်(သို့) ရှစ်စိတ်ဖြစ်အောင် ခွဲလိုက်ပါ။
(၃) ရေကျက်အေး(သို့မဟုတ်) ရေသန် မတ်တစ်ခွက်ထဲကို ထည့်၍ အဖုံးအုပ်ပြီး စိမ်ထားပါ။
(၄) တစ်နာရီခန့်စိမ်ပြီးလျှင် ၄င်းကြက်သွန်နီဥစိမ်ရေကို ကုန်အောင်သောက်ပါ။
ဆီးများသွားသည့်အခါ အနယ်ထိုင်နေသောကျောက်များ ပါသွားစေလိမ့်သည်။
ဆေးနည်း(၂)
သိန္ဓော+ဆားပုပ်+ဇ၀က်သာတို့ကို မန်ကျည်းစေ့ခန့်ဖြင့် မြင်းခွါရွက်ပြုတ်ရည်နှင့် ညအိပ်ခါနီး သောက်ပါ။ ကျောက်များကို ကြေစေ၍ မနက်ဆီးသွားသည့်အခါ ပါသွားပါလိမ့်မည်။
ဆီးကျောက်တည်ခြင်းဝေဒနာကို ခံစားနေရသောဝေဒနာရှင်များအတွက် ဒီပို့စ်လေးကို Share ပေးခြင်းဖြင့် ကူညီပေးနိုင်ကြပါတယ်။
ရောဂါဝေဒနာများ သက်သာပျောက်ကင်း၍ အားလုံးကျန်းမာချမ်းသာနိုင်ကြပါစေ။
စောနွဲ့ နေဆိုင် (ပူတာအို)
ကျမ်းကိုး ။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ
ကျန်းမာရေးသတင်းများ - မှ
ကော့စမွေကျွန်းတွင် မြန်မာအမျိုးသမီးသေဆုံးမှု မြန်မာယောက်ျားလျာက ငွေပေးသတ်ခိုင်းခြင်းဖြစ်
ကော့စမွီကျွန်းတွင် မြန်မာအမျိုးသမီးတစ်ဦးကို သတ်သော တရားခံများမှာ မြန်မာလုပ်သားသုံးဦးဖြစ်ပြီး မြန်မာယောက်ျားလျာတစ်ဦးက ဘတ် သုံးသောင်းပေးငှားရမ်းကာ သတ်ခိုင်းခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။
ဖေဖော်ဝါရီ ၂၂ ရက်ညက ကော့စမွီကျွန်းတွင် အသတ်ခံရသော မချောငယ်ငယ်ကို ယောက်ျားလျာ မြန်မာ အမျိုးသမီး မမီးမီး(ခ)မနန်းဖွန်က ချစ်ကြိုက်နေသည်။ မချောငယ်ငယ်က ပြန်မကြိုက်သဖြင့် မြန်မာလုပ်သား မသန်းသန်းစိုးနှင့် မောင်ဖြစ်သူ ကိုဇော်တို့ကို ငှားရမ်းသတ်ခိုင်းခြင်းဖြစ်သည်ဟု မမီးမီးက ထိုင်းရဲတပ်ဖွဲ့ထံ ဝန်ခံထားသည်။
အဆိုပါရက်က မမီးမီးသည် မချောငယ်ငယ်ကို ခေါ်ဆောင်သွားပြီး ကော့စမွီကျွန်းရှိ View Point နေရာတွင် ပါးစပ်နှင့် နှာခေါင်းတို့ကို တိပ်ဖြင့်ပိတ်ကာ ကိုဇော်က လည်ပင်းညှစ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ မမီးမီးသည် မုဒိမ်းမှုအဖြစ် ပုံဖော်နိုင်ရန် ချောငယ်ငယ်၏ ခန္ဓာကိုယ်ကိုသွားဖြင့် ကိုက်၍ အဝတ်အစားများ ချွတ်ယူသွားခဲ့ သည်ဟု ထိုင်းရဲတပ်ဖွဲ့ အား ပြောကြားခဲ့ကြောင်း ကော့စမွီကျွန်းရှိ ရခိုင်စာပေအသင်းမှ ကိုသန်းရွှေ ကပြောသည်။
‘‘မီးမီးက ချောငယ်ငယ်ကို ကြိုက်နေတာ။ ချောငယ်ငယ်က ယောက်ျားနဲ့ကွဲနေတာ တစ်လရှိပြီ။ ကော့စမွီကို မီးမီးကခေါ်လာတာ။ သူပဲ အလုပ်သွင်းပေးတာ။ သူ့ကို ပြန်မကြိုက်လို့ဆိုပြီး ဘတ် သုံးသောင်းပေးပြီး သတ် ခိုင်းတာပေါ့။ ကမ်းခြေ စီစီတီဗီကနေ ဖမ်းမိတာပါ။ အဲဒီနေ့ ည ၂ နာရီ လောက်မှာ သတ်လိုက်တာလို့ သိရ တယ်။ မီးမီးရဲ့လက်အိတ်နဲ့ ဖိနပ်ကျန်နေတာ။ အစက မုဒိမ်းကျင့်ခံရတယ်လို့ ယူဆတာ။ အခု ထိုင်းရဲက မုဒိမ်းကျင့်ခံရတယ်လို့ မပြောသေးဘူး’’ဟု ကိုသန်းရွှေက ပြောသည်။
တရားခံမြန်မာလုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖမ်းဆီးလိုက်ပြီး ထိုနေ့၌ပင် အခင်းဖြစ်ပွားရာတွင် သရုပ်ပြမှုများ ပြုလုပ်သွားခဲ့သည်။
သေဆုံးသူ အမျိုးသမီးသည် ကော့စမွီကျွန်းသို့ ပြီးခဲ့သည့် တစ်ပတ်ခန့်က ရောက်ရှိခြင်းဖြစ်ပြီး သူဌေးအိမ် တစ်အိမ်၌ အိမ်ဖော် အလုပ်လုပ်နေသူဖြစ်သည်။
လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာလုပ်သား နှစ်ဦးကိုလည်း ကော့စမွီကျွန်းရှိ ထောင်တွင် ထားပြီး ရုံးချိန်းရုံးထုတ်များကို ထိုကျွန်း၌ ပြုလုပ်နေသည်။
ငြိမ်းချမ်း | 7Day
ထိုင်း တော်ဝင် မင်းသမီးဟောင်းရဲ့ မိဘတွေ အဖမ်းခံရ
အိမ်ရှေ့စံ မင်းသား(ဝဲ)ရဲ့ တတိယမြောက် ဇနီး ဖြစ်တဲ့ မင်းသမီးဟောင်း Srirasmi (ယာ)
ထိုင်းနိုင်ငံမှာ ဘုရင် မိသားစုကို အကြည်ညို ပျက်စေမှု စွဲချက်တွေနဲ့ တော်ဝင် မင်းသမီးဟောင်း တစ်ယောက်ရဲ့ မိဘ နှစ်ဦးကို ရဲတွေက ထိန်းသိမ်း လိုက်ပါတယ်။
မင်းသမီးဟောင်း Srirasmi Suwadee ရဲ့ မိဘတွေက သူတို့ဟာ တော်ဝင် မိသားစုနဲ့ ဆက်နွယ် ပတ်သက်မှုကို အလွဲသုံးပြီး လွန်ခဲ့တဲ့ ၁၂ နှစ်က အိမ်နီးချင်း တစ်ယောက်ကို လိမ်လည်မှု စွဲချက်နဲ့ ထောင်ကျ စေခဲ့ကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။
မစ္စ ဆရီ ရက်ဆမီ ဟာ ထိုင်း အိမ်ရှေ့စံ မင်းသား Maha Vajiralongkorn ရဲ့ ကြင်ယာတော် ဖြစ်ခဲ့ဖူးပြီး ကွာရှင်းခဲ့သူ ဖြစ်ပါတယ်။
ထိုင်း တော်ဝင် မိသားစုအပေါ် အကြည်ညို ပျက်စေမှု စွဲချက်တွေနဲ့ ထိန်းသိမ်းခံရသူတွေ ထဲမှာ ပြီးခဲ့တဲ့ နှစ်ကုန်က စလို့ အခု အချိန်အထိ မစ္စ ဆရီ ရက်ဆမီရဲ့ မိသားစုဝင် စုစုပေါင်း ၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ထိုင်း နိုင်ငံမှာ တော်ဝင် မိသားစုကို အကြည်ညို ပျက်စေမှု စွဲချက်ကို စစ်အစိုးရ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပိုမို တိုးမြှင့် အသုံးပြုလာတာ တွေ့ရပါတယ်။
BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150227_thai_ex_princess_parents_arrested
အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးအား နေပြည်တော်စည်ပင်တရားရုံးမှ ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး အသက် ၈၂ နှစ် အရွယ် အဘွားအိုတစ်ဦးအား ပုဒ်မ ၂၇ ဖြင့် ထပ်မံတရားစွဲဆိုထား
နေပြည်တော်ကောင်စီနယ်မြေ သမ္မတ တိုက်ရိုက်အုပ်ချုပ်သည့်နယ်မြေတွင် အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးအား စည်ပင်ပုဒ် မ ၂၆ ဖြင့် နေပြည်တော်စည်ပင်တရားရုံးမှ တရားသူကြီး ဒေါ်မိမိသန်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး အသက် ၈၂ နှစ်အရွယ် အဘွားအိုတစ်ဦးအား ပုဒ်မ ၂၇ ဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။
လယ်ဝေးမြို့နယ်၊ နယ်မြေ ၁၆၊ အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၈၈ နှစ်အရွယ် ဒေါ်တင်လှိုင်အား နေပြည်တော်စည်ပင်မှ ကျူးကျော်အဖြစ်သတ်မှတ်ကာ ယခုလို ထောင်ဒဏ်ချမှတ်ခဲ့ပြီး ရှမ်းစုကျေးရွာအုပ်စု၊ ဆင်အုံကြို့ပင်ရွာ ကွင်းအမှတ် ၁၈၄၄ တွင်နေထိုင်သည့် အသက် ၈၂ အရွယ်ရှိ ဒေါ်ညိုအား ၂ဝ၁၄ ခုနှစ်တွင် စည်ပင်ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ကျခံခဲ့ရပြီး နေထိုင်သည့် နေအိမ်အား ယခုအချိန်အထိ ဖယ်ရှားပေးခြင်းမရှိသဖြင့် ပုဒ်မ ၂၇ ဖြင့် ဆက်လက်တရားရင်ဆိုင်လျက် ရှိကြောင်းသိရ သည်။
“ကျူးကျော်ဆိုပြီး စည်ပင်ပုဒ်မ ၂၆ နဲ့ စွဲတယ်။ဒီနေ့ အမိန့်ချမယ်တဲ့။ ဒီနေ့အမိန့်ချတာကို မခံနိုင်သေးတဲ့အတွက် တရားသူကြီးကို ပြောပြမယ်။အဘွားက ကျန်းမာရေးမကောင်းဘူး။ ယားနာတွေပေါက်နေလို့ ဆေးထိုးနေတာ တစ်လလောက်ရှိပြီး။ အခုတရားရုံးလာတာကလည်း ဘာမှမပါပဲနဲ့ လာတာ။ ရုံးချိန်းက တစ်နှစ်လောက်တော့ရှိပြီ။ ဖရဲသီး၊ ဆီးသီးရောင်းပြီး မရှိမဲ့၊ရှိမဲ့နဲ့ တရားရုံးလာရတာ။အဘွားနေတာ ၂ဝဝ၉ ခုနှစ်ကတည်းက နေတာ။စည်ပင်ကလည်း ကျူးကျော်ဆိုပြီး ဖျက်ခိုင်းတယ်။ နေစရာမရှိလို့ မဖျက်ပေးနိုင်ဘူး။ ဝိုင်းကွက်ကလေး ပေးမယ်၊ လျော်ကြေးလေးပေးမယ်၊ ရွှေ့ပြောင်းစရိတ်ပေးမယ်ဆိုရင် ရွှေ့ပေးမယ်လို့ အဘွားပြောထားပါတယ်။ ထောင်ထဲရောက်လို့ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်ရမလဲ။ အားကိုးစရာလည်း မရှိဘူး။ အဘွားနေရာမှာပဲ နေချင်တယ်။သေချင်တယ်”ဟု အသက် ၈၈ နှစ်အရွယ် ဒေါ်တင်လှိုင်က အမိန့်မချမီ ပြောကြားခဲသည်။
ဆက်လက်၍ “အဘွားက သမ္မတနဲ့တွေ့မယ်ဆိုရင် ပြောချင်တယ်။ ပုဒ်မ ၂၆ ဘယ်လိုကြောင့် တရားစွဲတာလဲ။ အဘွားတို့ မြန်မာပြည်သားအစစ်ပဲ။ သမ္မတကြီးပြောပြောနေတဲ့ ဆင်းရဲသားပပျောက်ရေးဆိုတာ ဘယ်မှာ ဆင်းရဲသားပပျောက်လို့လဲ။ သမ္မတကြီးကမှ နေစရာလေး ချမပေးရင် အဘွားတို့ဘယ်နားနေရမှာတုန်း။ သမ္မတကြီးပြောတာကို တီဗွီမှာလည်း ကြားဖူးတယ်။ ရေဒီယိုထဲမှာလည်း ကြားဖူးတယ်။ပြောတာနဲ့က တခြားစီ ဖြစ်မနေဘူးလား။သူတို့ကျတော့ တိုက်နဲ့ကားနဲ့နေလို့။အဘွားတို့ကျတော့ ထောင်ချနေတာ။ စဉ်းစားပေးကြည့်ပါဦး။ ကိုယ့်ဟာနဲ့ကိုယ် အဖြစ်ခံနေရတာ ဝမ်းလည်းနည်းတယ်။ ရှက်လည်းရှက်တယ်။သမ္မတကြီးနဲ့တွေ့ရင် ဒူးထောက်ပြီး တောင်းပန်မယ်။အဘွားတို့နေတဲ့နေရာ မှန်တဲ့အကြောင်းကို ပြောပြချင်တယ်”ဟု အဘွားအို ဒေါ်တင်လှိုင်က ပြောကြားသည်။
နေပြည်တော်စည်ပင်သာယာရေးတရားရုံးမှ တရားသူကြီး ဒေါ်မိမိသန်းက အဘွားအို ဒေါ်တင်လှိုင်အား စည်ပင်ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ရာ၌ ဒေါ်တင်လှိုင်မှာ တရားရုံးထဲတွင် သတိလစ်သွားသည့်အထိ ဖြစ်ခဲ့ပြီး ရမည်းသင်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
အသက် ၈၂ နှစ်အရွယ်ရှိ ဒေါ်ညိုက“အမေ့လယ်ထဲ အမေနေတာကို ကျူးကျော်ဆိုပြီး ပုဒ်မ ၂၆ နဲ့ တရားစွဲ ထောင်ချတယ်။ ဖယ်ပေးရင် ဘယ်သွားနေရမလဲ။ အမေ့ကို ထောင်တစ်လချပြီး ပြန်လွတ်လာတော့ ရက် ၂ဝ ကြာမှာ ပုဒ်မ ၂၇ နဲ့ပြန်တရားစွဲတယ်။ ဒီနေမှာ နှစ်ပေါင်းလေးဆယ်လောက် နေလာတာပါ”ဟု ပြောကြားသည်။
“တရားသူကြီးကလည်း ညှာတာထာက်ထားတာ မရှိဘူး။အမေ့ကို သူတို့ပြောချင်တာပြောပြီး လုပ်ချင်တာလုပ်သွားတာ။ ကျွန်မကို အထဲဝင်မခံဘူး။ အမေ့မှာ ရောဂါရှိတယ်။ဒီနေ့တော့ ချက်ချင်လိုက်မသွားနိုင်ဘူး။ နောက်နေ့မှပဲ ရမည်းသင်းထောင် လိုက်သွားရမှာ”ဟု ဒေါ်တင်လှိုင်၏ သမီးဖြစ်သူက ပြောသည်။
စည်ပင်တရားသူကြီး ဒေါ်မိမိသန်းမှ ပုဒ်မ ၂၆ ဖြင့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၇၄ နှစ်ရှိ ဦးအောင်ဝင်း နှင့် ဇန်နဝါရီလ ၉ ရက်နေ့တွင် အသက် ၆၇ နှစ်ရှိ ဦးငချွန်အား ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ကြောင်း သိရသည်။
Credit: Eleven media
တက္ကသိုလ်ဝင်စာမေးပွဲတွင် စာခိုးချရန် အထူးပြင်ဆင်ထားသော စာအုပ်စာရွက်များအရောင်းသွက်
တက္ကသိုလ်ဝင်တန်းစာမေးပွဲနီးကပ်လာချိန် စာမေးပွဲဖြေဆိုရာတွင် စာခိုးချရန် အထူးပြင်ဆင်ထားသော အရပ်အခေါ် မိုက်ခရိုစာအုပ်များ ရောင်းအားကောင်းနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါစာအုပ်များကို ရန်ကုန်မြို့လယ်ကောင် ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်းအနီးတ၀ိုက်ရှိ မိတ္တူဆိုင်များ၊ စာအုပ်အဟောင်းဆိုင်များ၊ လမ်းဘေးရှိနာရီ အဟောင်းပြင်ဆိုင်များတွင် လျှို့ဝှက်စွာရောင်းဝယ်နေကြောင်း သိရသည်။
“ဒီနှစ်က အရင်နှစ်တွေလို မဟုတ်ဘူး။ အဖမ်းအဆီးတွေ အရမ်းများနေတယ်။ မိသွားရင် လူကိုဖမ်းဆီးအရေးယူတဲ့အပြင် ပုံနှိပ်စက်ကိုပါသိမ်းမှာဆိုတော့ မသိတဲ့လူဆိုရင် အရမ်းမရောင်းရဲဘူး”ဟု ပန်းဆိုးတန်းခုံးကျော်တံတားအနီးတွင် မိုက်ခရိုစာအုပ်ရောင်းသူတဦးက ပြောသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မသမာသောနည်းဖြင့် ဖြေဆိုနိုင်ရန် အထူးပြင်ဆင်ထားသော စာအုပ်စာရွက်ဈေးကွက်တွင် ပေါ့ကတ်၊ ဘာဂျာဟူ၍ နှစ်မျိုးနှစ်စားရှိပြီး စာရွက်အချောအကြမ်းပေါ်မူတည်ပြီး ၄၅၀၀ ကျပ်၊ ၆၀၀၀ ကျပ်၊ ၈၀၀၀ ကျပ်စသဖြင့် ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းဝယ်မှုများရှိနေပြီး နယ်မြို့များမှ ကျူရှင်သင်တန်းကျောင်းများ အတွက်လည်း တင်ပို့ရောင်းချရကြောင်း ၎င်းကပြောသည်။
“အခု နယ်က ကျူရှင်ဆရာ တယောက်မှာထားတာရှိတယ်။ သူက ကျွန်တော်တို့ဆီက ၇၀၀၀ နဲ့ ၀ယ်ပြီးတော့ သူ့ကျူရှင်က ကျောင်းသားတွေကို ၁၂၀၀၀ နဲ့ ပြန်ရောင်းမှာ”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
လက်ရှိတွင် ၄ တန်းနှင့် ၈ တန်း ကျောင်းသားများ စာမေးပွဲဖြစ်ဆိုလျက်ရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၁) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယခု စာမေးပွဲကာလ စာခိုးချ ရာတွင် အထောက်အကူပြု ပစ္စည်းများဖြစ်သော ဘောပင်၊ ရေစိုခံတိပ်များလည်း ရောင်းအားကောင်းနေကြောင်း သိရသည်။
“အထက်က ညွှန်ကြားချက်ထုတ်ပြီးတော့ ပူးပေါင်းအဖွဲ့အစည်းတွေနဲ့ အရေးယူသွားမယ်။ ပုဒ်မကတော့ ပုံနှိပ် ၁၈ နဲ့ ငြိစွန်းတာပေါ့”ဟု ကျောက် တံတားရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မသမာသောနည်းလမ်းများဖြင့် ဖြေဆိုရန် အထူးပြင်ဆင်ထားသော စာအုပ်စာရွက်နှင့် အခြားသော အထောက်အကူပြုပစ္စည်းများကို ကျောင်းသားများကိုယ်စား မိဘနှင့် မိသားစုဝင်များကပင် ၀ယ်ယူပံ့ပိုးမှုများရှိနေကြောင်း အဆိုပါ ပစ္စည်းရောင်းချသူတဦး က ပြောကြားသည်။
ဇော်ခိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
တိုက်ခိုက်ခံ စပိန် ခရီးသွားဧည့်သည် ရဲတပ်ဖွဲ့ရှာဖွေနေ
တိုက်ခိုက်ခံရသည့် စပိန်နိုင်ငံသား (ဓာတ်ပုံ - Zaw Shinn facebook)
မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ်အတွင်း တိုက်ခိုက်ခံခဲ့ရတဲ့ စပိန်နိုင်ငံသားတစ်ဦး ရန်ကုန် ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေစဉ်အတွင်း၊ မနေ့က ဆေးရုံက ရုတ်တရက်ဆင်းသွားတဲ့ အတွက် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။
စပိန်သံရုံးနဲ့ချိတ်ဆက်ပြီး အဲဒီ့နိုင်ငံခြားသားကို လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ ရန်ကုန် အနောက်ပိုင်းခရိုင် ဒုတိယရဲတပ်ဖွဲ့မှူးကြီး ဦးဝင်းကြည်က ပြောပါတယ်။
"ပဲခူးအမှတ် ၃ ရဲတပ်ဖွဲ့စခန်းမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၉၄ နဲ့ လုယက်မှုနဲ့ စပိန်နိုင်ငံသားအမှု ဖွင့်ထားတာခင်ဗျ၊ ပဲခူးဆေးရုံးကနေတဆင့် ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တာပေါ့၊ ဦးနှောက်နဲ့ အာရုံကြောမှာ သူ့ကိုတင်ထားပေါ့၊ တင်ထားရင်းနဲ့ ညပိုင်းမှာ ဆေးရုံကနေ သူ့သဘောနဲ့သူ ခွင့်ပြုချက်မရဘဲနဲ့ ဆင်းသွားတယ်၊ ကျနော်တို့ လိုက်လံရှာဖွေနေတုန်းပဲ"
Mr. Perezquesada Carlos အမည်ရှိ စပိန်နိုင်ငံသား ခရီးသွားဧည့်သည်ဟာ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံကတဆင့်၊ မြဝတီနယ်စပ်ဂိတ်ကနေ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ပဲခူးကနေ ရန်ကုန်ကို စက်ဘီးစီးနင်းလာခဲ့ရာမှာ ဖေဖေါ်ဝါရီလ ၂၃ရက်နေ့ ညက အင်းတကော်မြို့ ဘဏ္ဍာကုန်း ကျေးရွာအနီးရောက်ရှိစဉ် လူနှစ်ယောက်က တိုက်ခိုက်ခဲ့တာကြောင့် ဓါးဒဏ်ရာ ၁၃ ချက် ရရှိခဲ့ပါတယ်။
တိုက်ခိုက်သူတွေက သူ့ကို အဲဒီ့ရွာအနီး ရန်ကုန်၊ ပဲခူးကားလမ်းမဘေးက ကိုင်းတောမှာ စွန့်ပစ်ထားခဲ့ပါတယ်။
ပဲခူးအမှတ် ၃ နယ်မြေရဲစခန်းအဆိုအရ အဲဒီ့စပိန်နိုင်ငံသားရဲ့ နိုင်ငံကူးလက်မှတ်၊ ကွန်ပြူတာ၊ ကင်မရာ၊ စက်ဘီး၊ အမေရိကန်ဒေါ်လာ ၇ဝဝ နဲ့ မြန်မာကျပ်ငွေ ၅ သောင်းခန့်ကို သူ့ကိုထားခဲ့တဲ့နေရာမှာပဲ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီပစ္စည်းအားလုံး စပိန်သံရုံးကို အပ်နှံခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲစခန်းက ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese/news/police-search-spain-tourist-02262015224017.html
ထိုင်းတောင်ပိုင်း ကော့စမွီတွင် မြန်မာ ၁ ဦး ထပ်မံအသတ်ခံရ
ဓာတ်ပုံ – dailynews.co.th
မကြာခင်ရက်ပိုင်းက မွန်အမျိုးသမီး ၁ ဦး အသတ်ခံခဲ့ရတဲ့ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့စမွီကျွန်းမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်အစောပိုင်းက အသက် ၂၀ ကျော်အရွယ်  မြန်မာအလုပ်သမား ၁ ဦး ထပ်မံ အသတ်ခံရတယ်လို့  ထိုင်းဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။
ကော့စမွီမြို့ ဘော်ဖွတ်ရပ်ကွက် နယ်မြေ ၆ ထဲမှာ လူ ၁ ဦးရဲ့အလောင်း တွေ့ရှိကြောင်း ဖေဖော်ဝါရီ ၂၇ ရက် မနက်မှာ သတင်းရရှိချက်အရ ကယ်ဆယ်ရေးဝန်ထမ်း၊ မှုခင်းဆရာဝန်တွေ နဲ့အတူ သွားရောက်စစ်ဆေးရာမှာ ဖူးချဝိုင်စားသောက်ဆိုင် လမ်းဘေးမှာ အသက် ၂၀ ရွယ် လူရွယ်တဦး သေဆုံးနေတာ တွေ့ရတယ်လို့ ကော့စမွီအထူး စုံစမ်းစစ်ဆေးရေးအရာရှိက  သတင်းထောက်တွေကို ပြောပါတယ်။
စစ်ဆေးချက်အရ သေဆုံးသူဟာ ဘန်ဒိုင်းစားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ကိုသက်စိုး (အသက် ၂၂ နှစ်) ဖြစ်ပြီး ရင်ဘတ်မှာ ဓားဒဏ်ရာနှစ်ချက်၊ လည်ပင်းပြတ်လုနီးပါး ဓားဒဏ်ရာ၊ မျက်နှာမှာ ထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေ တွေ့ရှိတယ်လို့ စုံစမ်းရေးရဲအရာရှိက ပြောပါတယ်။
သေဆုံးသူနဲ့နီးစပ်တဲ့ အပေါင်းအသင်းတွေ မေးမြန်းရာမှာတော့ တဆိုင်တည်းမှာ အလုပ်လုပ်သူ ထိုင်းလူမျိုး နိုင်းနတ်တ၀တ်ကျန်ကြိုင်က သေဆုံးသူဟာ အရက်မသောက်၊ ဆေးလိပ်မသောက်ဘဲ ရိုးသားကြိုးစားသူတဦးဖြစ်ကြောင်း၊ အခင်းဖြစ်တဲ့ညက မနက် ၂ နာရီ (ဖေဖော်ဝါရီ ၂၇) ထိ အလုပ်ဆင်းပြီး ဆိုင်ကယ်နဲ့ ပြန်သွားတယ်လို့ ပြောပါတယ်။
အခြားမိန်းကလေးသူငယ်ချင်းဖြစ်သူ မယုဝေေ၀ရဲ့ ပြောပြချက်အရတော့ သေဆုံးသူဟာ မနက် ၂ နာရီ မိနစ် ၂၀ မှာ သူ့ကို ဖုန်းခေါ်ပြီး အဖမ်းခံရတဲ့အကြောင်း အကူအညီတောင်းနေစဉ်မှာ ဖုန်းချသွားတယ်လို့ ဆိုပါတယ်။
ဒီအမှုမှာ အလောင်းဘေးမှာ တွေ့ရတဲ့ ဖိနပ်ရာတွေ၊ ဆိုင်ကယ်ဘီးရာတွေကို ကြည့်ခြင်းအားဖြင့် လူသတ်သမားဟာ၂ ယောက်ထက် ပိုနိုင်ကြောင်း၊ သူ့ရဲ့ အသိမိတ်ဆွေထဲက ဖြစ်နိုင်ပြီး ကြိုတင်ချိန်းချက်ထားဟန်လည်းရှိကြောင်း၊ ပြဿ နာတခုခုကို ညှိနှိုင်းမရတာနဲ့ လက်စဖျောက်လိုက်ဟန်ရှိကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းပြောဆိုပြီး တရားခံကို ဖမ်းဆီးအရေးယူနိုင်ဖို့ စုံစမ်းရှာဖွေနေတယ်လို့ ရဲအရာရှိကို ကိုးကားပြီး ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကော့စမွီမြို့ ရခိုင်လူမှုကူညီရေးအဖွဲ့က ကိုသန်းရွှေကလည်း အသတ်ခံရ သူဟာ မွန်ပြည်နယ်ကလို့ပဲ သိထားပြီး နောက်ထပ်အသေးစိတ်သိရဖို့  မေးမြန်းနေဆဲပဲလို့ ဆိုပါ တယ်။
ကော့စမွီမြို့ ဘော်ဖွတ်ရပ်ကွက်ထဲမှာပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း  အသက် ၂၂ နှစ်ရွယ် မချောငယ်ငယ်ဆိုတဲ့ မွန်အမျိုးသမီးတဦး အသတ်ခံခဲ့ရပြီး သူ့အလောင်းကို ဒီကနေ့ မွန်းလွဲပိုင်းက ကော့စမွီမြို့ ဘန်ရတ်ဘုန်းကြီးကျောင်းမှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
ဒီလူသတ်မှု နှစ်ခုဟာ ဆက်နွှယ်မှုရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။
 By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/83520
Thursday, February 26, 2015
ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ်နှင့် တွေ့ဆုံခြင်း
ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ်နှင့် တွေ့ဆုံခြင်း-ချမ်းမြေ့ခိုင်၊ သူရိန်ကျော်
ကျောင်းသားသပိတ်ရပ်ရေး လှည့်ကွက်တွေသုံးနေသလား
အစိုးရက ဘယ်အဆင့်မှာမှ စိတ်ချယုံကြည်စရာ မကောင်းတဲ့ အစိုးရပါ. . . ဒီအတွက်လည်း လမ်းပေါ် ထွက်ပြီး သပိတ်တိုက်ပွဲ ဆင်နွှဲနေရတာဖြစ်တယ် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမျိုးသား ပညာရေးဥပဒေ ပြောင်းလဲရေး ဆန္ဒပြကျောင်းသား သပိတ်ကို တုံ့ပြန်ဆန္ဒပြမှုများ သဘောထား ကွဲလွဲမှုများကို အစိုးရအာဘော် သတင်းစာများမှ နေ့စဉ်ဆိုသလို ဖော်ပြလျက်ရှိ သည်။
ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မွေးမြူရေး တက္ကသိုလ် အမျိုးဘာသာသာ သနာ စောင့်ရှောက် ရေး အဖွဲ့(ဗဟို) တို့၏ ထုတ်ပြန်ချက်များအပြင် သီတဂူ ဆရာတော်၏ နှစ်ဖက် စလုံးသို့ ပန်ကြားလွှာများ အနက်မှ ကျောင်းသားများသို့ ပန်ကြားလွှာ ကိုသာ ဖော်ပြခြင်းတို့ကို ပြုလုပ်ခဲ့သည်။
မဘသ(ဗဟို)၏ ထုတ်ပြန်ချက်အပေါ် ရွှေဝါရောင် ဆရာတော်မှ“ “ဆွေးနွေးရမယ်၊ တိုင်ပင်ရမယ်၊ နောက် တစ်ခုက အစိုးရကထုတ်တဲ့ အမျိုးသားပညာရေး ဥပဒေနဲ့အပြိုင် ဖြစ်နေတာဆိုတော့ ဦးဇင်းတို့က ကန့်ကွက်တာ မဟုတ်ပါဘူး။ သူတို့ကဒါကို အထင်သေးပြီးတော့ ပညာရှင်နဲ့ တိုင်ပင်ပြီးမှ ထုတ်ပြန် သင့်တယ်””ဟုမြန်မာ သံတော်ဆင့်သို့ မိန့်သည်။…
ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ဆရာ ဆရာမများ ကျောင်းသားကျောင်းသူ များ၏ သဘောထား ထုတ်ပြန် ချက် အပေါ်တွင်လည်း ၁၅ ဦး ကော်မတီဝင် မဖြိုးဖြိုးအောင်က ““ရေဆင်းတက္ကသိုလ် ကိစ္စကလည်း ကျွန်မ တို့ သိရသလောက် ကျောင်းသားတွေရဲ့ သဘောထား မဟုတ်ဘဲနဲ့ ပါချုပ်တွေနဲ့ ကျောင်းအာဏာပိုင်တွေက လုပ်တယ်လို့ ပထမ တစ်ခါကလည်း သိထားပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
ထို့ပြင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ဆွေးနွေးပွဲကို ရန်ကုန်စီးပွားရေး တက္က သိုလ် ပင်မဆောင်ခန်းမတွင် ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်ခဲ့ရာ ပါမောက္ခများ၊ ကထိကများ၏ ထောက်ပြ ပြောဆို ချက်များသည် ရေဆင်းတက္ကသိုလ်မှ ထုတ်ပြန်ချက်များနှင့် တစ်ပုံစံတည်း ဖြစ်နေသည်။
သို့သော် ပါမောက္ခချုပ် ဒေါ်ခင်နိုင်ဦးကမူ ဆွေးနွေးပွဲ ပြုလုပ် ရခြင်း ရည်ရွယ်ချက်ကို““ကြေးမုံသတင်းစာမှာ ပြည်သူတွေ အကြံပြုရန်အတွက် ပါရှိသောကြောင့်ဆရာ၊ ဆရာမတွေ ဖတ်ပါတယ်။ ပြင်ဆင်စရာတွေ ရှိတာကြောင့် မိမိရဲ့မေတ္တာနဲ့ သစ္စာတရားကို ယုံကြည်ပြီး ဒီအခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါသည်”” ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။
ပထမနှစ်ကျောင်းသူ မသက်စုနှင်းမှလည်း ကျောင်းသားသမဂ္ဂအလံနှင့် ပတ်သက်၍ ““ကျောင်းသားသမဂ္ဂ အလံသည် ပါတီနှင့် မသက်ဆိုင်ကြောင်း၊ ၁၉၃၆ အလံဖြစ်ကြောင်း၊ ၁၉၈၈ NLD ပေါ်လာသည့် နောက်ပိုင်း တွင် NLD က ကျောင်းသားသမဂ္ဂကို ဂုဏ်ပြု၍ အလံကိုပြင်ဆင်ပြီး ယူသုံး ခဲ့ခြင်းဖြစ်ကြောင်း၊ NLD နှင့် ကျောင်းသား သမဂ္ဂ မဆိုင်ကြောင်း ပြောကြားခဲ့သည်။
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် အစိုးရ အပါအ၀င် ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးစဉ် လွှတ်တော်သို့ တင်ပြရန် သဘောတူညီခဲ့သည့် ဥပဒေကြမ်းဖြစ်သည်။
ယင်းသို့ တုံ့ပြန်ဆန္ဒပြမှုများ ဆွေးနွေးမှုများ၊ ထင်ယောင်ထင်မှား ၀ါဒဖြန့်မှုများနှင့် ပတ်သက်ပြီး ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ၁၅ ဦး ကော်မတီဝင် မင်းသွေးသစ်နှင့် မေးမြန်းခဲ့ပါသည်။
မေး – တန်ပြန် ဆန္ဒပြမှုတွေ တန်ပြန်ထုတ်ချက်တွေနဲ့ ပက်သက်ပြီး ကျောင်းသားတွေအပေါ် တုံ့ပြန်နေတဲ့ အပေါ် ဘယ်လိုသဘောရလဲ။
ဖြေ- ကျွန်တော်တို့ ဒီကိစ္စက တန်ပြန်ဆန္ဒပြတဲ့ပွဲတွေ တော်တော်များများက အစိုးရ စီစဉ်သလို ဖြစ်နေတယ်၊ တချို့ အကြောက်တရား မကုန်သေးတဲ့ ပါမောက္ခချုပ်တွေကို အစိုးရက တရားမ၀င် ဖိအားပေးတာပေါ့လေ။ တရားဝင်တော့ မဟုတ်ဘူး။ သူတို့မေးရင်တော့ ငြင်းမှာပဲ တရားမ၀င် ဖိအားပေးပြီးတော့ ဒီလို လုပ်ခိုင်း တယ်လို့ ကျွန်တော်တို့က မြင်တယ်။ တကယ်တမ်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ကျောင်းသားထုရဲ့ဆန္ဒကို ချပြချင်တယ် ဆိုရင် ကျွန်တော်တို့ကို အချိန်မရွေးခေါ်ပါ ကျောင်းမှာ ဒီဥပဒေကို မကြိုက်ပါဘူး ဆိုသူတွေက တစ်ဖက် ဒီဥပဒေတွေ ကိုတောင်းဆိုနေ တဲ့ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ ကျောင်းသားတွေက တစ်ဖက် အဲဒီနှစ်ဖက် အများမြင်သာတဲ့ မီဒီယာတွေပါခေါ်ပြီး အများရှေ့မှောက်မှာ ဥပဒေကိစ္စ ကျေကျေလည်လည်နဲ့ ရှင်းပြီးမှာ အဲ့ဒါဆို အစိုးရ လုပ်ဆောင်ချက်ကို ကျွန်တော်တို့ ထောက်ခံမယ်။ အခုကတော့ နှစ်ဖက် မမျှတဲ့ပွဲကိုပါ တရားမ၀င် လုပ်နေတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော့် အနေနဲ့ အဲ့ဒါပေါ်မှာ အစိုးရက အောက်တန်းကျတယ် လို့ပဲ မြင်ပါတယ်။
မေး – တန်ပြန်ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီးတော့ကော အစ်ကိုတို့ ကျောင်းသားထုအနေနဲ့ ဘယ်လို သဘောရှိသလဲ။
ဖြေ – အမှန်က ကျောင်းသားထုရဲ့ ဆန္ဒကောက်ခံတဲ့ဥစ္စာ ကျွန်တော်တို့ ဒီဥပဒေ မူကြမ်းအဆင့် ထွက်လာ တဲ့ အချိန်တည်းကိုက လွှတ်တော်မှာ မဆွေးနွေးခင်ကတည်းက ကျွန်တော်တို့ ကျောင်းသားထုရဲ့ သဘော ဆန္ဒကို ရယူပါလို့ အစိုးရကို တစ်နိုင်ငံလုံးက ကျောင်းတွေ တစ်ကျောင်းချင်းစီ ဆန္ဒပြ တောင်းဆိုတာတွေ ရှိတယ် အဲ့အချိန်တည်းက လုပ်ရမယ့်ကိစ္စကို ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှု ပြီးပြီးတော့ ကျွန်တော်တို့ တောင်းဆိုတဲ့ (၁၁)ချက်လုံး ရတယ်လို့ ကြေညာပြီးတော့ အဲ့(၁၁)ကိုမှ ဥပဒေမူကြမ်းရေးပြီး လွှတ်တော် တင်ကာနီးမှ လုပ်တယ်ဆိုတာက ဒီဥစ္စာက နောက် ကို ပြန်ဆွဲနေတယ် အစိုးရက အစီအစဉ် တစ်ခုလုံးကို အစိုးရက နောက်ကို တစ်ခါပြန်ဆွဲ နေသလိုမျိုးကြီးဖြစ်နေတယ်။ ကျွန်တော်တို့ မြင်တဲ့အတိုင်း မှန်နေတယ်။ အဓိကက အစိုးရက ကျွန်တော်တို့ကို ပေးချင်တဲ့ စေတနာ မရှိဘူး သပိတ်ကို ရပ်ချင်တဲ့ အတွက်ကြောင့်မို့ လို့ တွေ့ဆုံ ဆွေးနွေးမှုကို အရောင်ပြ လုပ်တာပဲ မရိုးသားဘူး အစိုးရအနေနဲ့ လူကြီးလူကောင်း မဆန်ဘူး။
မေး – အခုလက်ရှိမှာ နိုင်ငံပိုင် သတင်းစာတွေက သပိတ်ဆက်မှောက်မှုကို မလိုလားတဲ့ အကြောင်းအရာ ကို အသားပေး ဖော်ပြနေမှုအပေါ်ကိုကော ဘယ်လို ထင်မြင်မိလဲ။
ဖြေ – သတင်းမီဒီယာတွေ အများစုကတော့ ဘယ်ဟာအတု ဘယ်ဟာ အစစ်လဲဆိုတာ သိပါတယ်။ သူတို့ မှာ အားကိုးစရာ သူတို့ပိုင်တဲ့ နိုင်ငံပိုင် သတင်းမီဒီယာပဲ ရှိတယ်ပေါ့။ ကျန်တဲ့ သတင်းမီဒီယာတွေ ကတော့ တန်ပြန် ဆန္ဒပြပွဲတွေ နောက်ပြီးတော့ ကျောင်းတွေမှာ လုပ်နေတဲ့ ကျောင်းသားထုရဲ့ သဘောဆန္ဒ ကောက်ခံတယ်ဆို ပြီးတော့ သပိတ်ကို ကန့်ကွက်ဖို့ လုပ်တာကြီးက တကယ်တမ်း သတင်းယူပြီး မေးခွင့် မရှိတာတွေ မေးခွန်း အကန့်အသတ် ဖြစ်တာတွေ မေးခွန်းရှောင်လွှဲနေတာတွေ တာဝန်ရှိတဲ့ လူတွေက အဲ့လိုမျိုး ဖြစ်နေတဲ့အတွက် နိုင်ငံပိုင် သတင်းစာကနေလွဲလို့ ကျန်တဲ့ သတင်းမီဒီယာမှာ ပါဖို့မရှိပါဘူး။ ကျန် သတင်း မီဒီယာတွေကလည်း သူတို့ရဲ့ စိတ်ရင်းအမှန်ကိုသိတယ်။
မေး – သပိတ်မရပ်တဲ့အပေါ် အချို့ပြည်သူတွေက မကျေလည်ဘူး ဖြစ်နေ တယ်။ ဒါကို ရှင်းပြပေးပါ။
ဖြေ – အစိုးရက တွေ့ဆုံဆွေးနွေးတဲ့ အခါအစိုးရဘက်က တောင်းဆိုချက် မပေးတဲ့အတွက် တချို့ဟာတွေ ကို လျော့ပြီးတော့ တောင်း ဆိုလိုက်ရတာရှိတယ်။ ကျွန်တော်တို့ တောင်းဆိုချက်(၁၀၀) ရာခိုင်နှုန်း မဟုတ်တော့ပဲနဲ့ (၆၀) ရာခိုင်နှုန်း (၇၀)ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်ပေါ့။ အဲ့(၆၀) ရာခိုင်နှုန်း (၇၀) ရာခိုင်နှုန်းကလည်း ကျွန်တော်တို့ လွှတ်တော်မှာ ဒီဥပဒေကို အတည်ပြုပြီးတော့မှ ထွက်လာတော့မှသာ ကျွန်တော်တို့ တောင်းဆို ချက်က ရရှိမှာဖြစ်တဲ့ အတွက်ကြောင့်မို့ ပြည်သူတွေကို အစိုးရက နားမလည်ဘူး ဆိုပြီး နားလှည့်ပါးရိုက် လုပ်နေ တယ်ပေါ့။ ကျွန်တော်တို့ ဥပဒေကို သူတို့က အခုချက်ခြင်းပဲ ပေးလိုက်ပြီလို ဘာလိုလိုနဲ့ လုပ်နေတယ် အဲ့အတွက် သပိတ်ရပ်ခိုင်းတယ် သူတို့ဖြစ်ချင်တာ။ သပိတ်ရပ်ချင်တာ။ ဒီဥပဒေပေးချင်တာ မဟုတ်ဘူး။ အဲ့တော့ ပြည်သူတွေကို သတင်းမှားတွေထုတ်ပြီး ကျွန်တော်တို့ သပိတ်မ ရပ်တဲ့ အပေါ်မှာ ပြည်သူနဲ့ပြန်လှည့်ပြီး ရန်တိုက် နေတာပေါ့နော်။
မေး – အစိုးရက မူအားဖြင့် သဘောတူခဲ့အဆင့်က ဘယ်လောက် အတိုင်းအတာအထိ ခိုင်မာတယ် လို့ထင်လဲ။
ဖြေ – အမှန်တော့ ဒီအစိုးရက ဘယ်အဆင့်မှာမှ စိတ်ချ ယုံကြည်စရာ မကောင်းတဲ့ အစိုးရပါ။ ဒီအတွက် လည်း လမ်းပေါ်ထွက်ပြီး သပိတ်တိုက်ပွဲ ဆင်နွှဲနေရတာ ဖြစ်တယ်။ နောက်တစ်ခုက သမိုင်းဝင်ချီတက် လမ်းလျောက် တဲ့ ပုံစံကို လုပ်နေတာလည်း ဖြစ်တယ်။ အဲ့လို ယုံကြည်ရမယ့် အစိုးရဆိုရင် ကျွန်တော်မူ ကြမ်း အဆင့်တည်းက ကျောင်းသားပြည်သူရဲ့ သဘောထားကို ရယူပါလို့ ကျွန်တော်တို့ တောင်းဆိုတာကို အစိုးရအနေနဲ့တကယ်တမ်း စိတ်ရင်းစေတနာရှိတဲ့ အစိုးရဆိုရင် အဲ့ကိစ္စကိုသူတို့ အဲ့ထဲက လက်ခံပြီးတော့ ပြီးသွားမှာပါ။ ဒီဟာက သူတို့ လက်မခံခဲ့လို့သာ ဒီကိစ္စမပြီးဘဲနဲ့ သမိုင်းဝင် ချီတက်လမ်းလျောက်မှုတွေ လုပ်ရတာဖြစ်တယ်။ အဲ့တော့ ဒီဥပဒေ ချမှတ်ကျင့်သုံးတာတောင်မှ တချို့နေရာမှာ ဒီဥပဒေရဲ့ သဘောသ ဘာဝရဲ့ အကြောင်းအရာကို နားမလည်တဲ့ လူတွေကို အစိုးရအနေနဲ့ ပုံစံတမျိုးနဲ့ အကြောက်တရားနဲ့ ဆက်ဖိနေဦးမှာပဲ အဲ့လိုမျိုး ပုံစံမျိုးထိတောင် ကျွန်တော်တို့က မျှော်လင့်ထားတာ ဖြစ်တဲ့အတွက် ဒီအစိုးရ ကိုတော့ လက်ရှိမူအရ သဘောတူထားတဲ့ အဆင့်ကို မဟုတ်ဘဲနဲ့ လွှတ်တော်က ဥပဒေမကျမချင်း ဥပဒေ မပြမခြင်း ကျွန်တော်က ယုံမှာ မဟုတ်ဘူး ပေါ့နော်။
မေး – လောက်ကိုင်ကိစ္စလို အမျိုးသားရေးလို့ ခေါင်းစဉ်တပ်ပြီး ကျောင်းသား သပိတ်မရပ်တဲ့အပေါ် ဝေဖန်မှုတွေကိုရော ဘာများ ပြောချင်လဲ။
ဖြေ – လောက်ကိုင်ဆိုတာက တစ်နိုင်ငံလုံးကို ခြိမ်းခြောက်နေတဲ့ စစ်ပွဲမဟုတ်ဘူးဗျ။ ကျွန်တော်တို့ နိုင်ငံကို တခြာနိုင်ငံက လာပြီးတော့ တစ်နိုင်ငံလုံးကို ကြွေးကြော် သိမ်းပိုက်လို့ တိုက်နေရတဲ့ စစ်ပွဲလည်း မဟုတ်ဘူး ဗျ။ ဒီအမျိုးသားရေး ပညာရေး ဥပဒေကျတော့ တစ်နိုင်ငံလုံးကို အောက်တန်းစားအဆင့် ရောက်နေတာ ကနေ ဆွဲတင်ဖို့အတွက်ကို ပထမဆုံး ခြေလှမ်းဖြစ်တယ်။ အဲ့ခြေလှမ်းကိုမှ ရိုက်ချိုးခံရရင် တစ်နိုင်လုံး ကံကြမ္မာနဲ့ ဆိုင်တယ်။ သေချာစဉ်းစားကြည့် ရင် လောက်ကိုင်ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ တစ်နိုင်ငံ လုံး ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်လား တစ်နိုင်ငံလုံးရဲ့ ပညာရေး အဆင့်အတန်းက တစ်နိုင်ငံလုံး ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေး နိုင် လားဆိုလားဆိုတာ ကျွန်တော်တို့ ပြန်ပြီး စဉ်းစားရမယ်။
အဲ့တော့ဒီဟာကို နားလည်တဲ့သူတွေ စိတ်ရင်း စေတနာအမှန်နဲ့ နားလည်းတဲ့ ပြည်သူတွေ တော်တော် များသိပါတယ်။ အမျိုးသား ပညာရေးဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံကို အကောင်းဆုံး ဆုံးဖြတ်နိုင်တဲ့ ဥပဒေဖြစ်နေတယ်။ ဒီလောက်ကိုင် စစ်ပွဲကတော့ အမျိုး သားရေးနဲ့ မဆိုင်တော့တဲ့ ဒေသဆိုင်ရာ စစ်ပွဲဖြစ်နေတယ်။ တစ်နိုင်ငံလုံးရဲ့ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်နိုင်တာ မရှိဘူး။ ဒီတိုင်းရင်းသား သူပုန်စုစုလေး သေးသေးလေးနဲ့ ဒီတစ်နိုင်ငံလုံးက ကြည်း၊ရေ၊ လေ တပ်မတော်ကြီးနဲ့ ဖြစ်နေတဲ့ တိုက်ပွဲကိုမှ ဒါကိုအကြီးကြီးလုပ်ပြီး အမျိုးသားရေးနဲ့ ဆိုင်တယ်လို့ ပြောနေ တယ်ဆိုရင်တော့ ကျွန်တော်တို့က လက်ခံမှာ မဟုတ်ပါဘူး။
အခု တိုက်နေတဲ့ ဦးဖုန်ကြားရှင်ရဲ့ လောက်ကိုင် (ကိုးကန့်) တပ်ပေါ့လေ။ အဲ့တပ်ကလည်း ဗိုလ်ချုပ်ခင်ညွန့် လွန်ခဲ့တဲ့ တပ်မတော် အစိုးရ လက်ထက်ကလေ ငြိမ်းချမ်းရေးယူပြီး သူတို့ပဲ အားပေးမြောက်စားခဲ့တဲ့ လက်နက်ကိုင်တပ် ဖြစ်နေတယ် အဲ့အပေါ်မှာ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ လုံးဝေ၀ဖန်ခွင့် မရခဲ့ဘူး။ ဝေဖန်ရမယ့် အခွင့်အရေးလည်း မရှိခဲ့ဘူး။ အခုမှတော့သာ လက်နက်ကိုင် တိုက်ပွဲတိုက်နေတဲ့ ဒေသတွင်း တိုက်ပွဲကို အမျိုးသားရေးနဲ့ ဆိုင်တယ်လို့ပြောရင် ကျွန်တော်တို့က လက်ခံမှာ မဟုတ်ဘူး။
မေး – ရန်ကုန်ကို လုံးဝအ၀င်မခံတာ ဘာကြောင့်လို့ ထင်လဲ။
သူတို့ သေချာ မရှင်းခဲ့တဲ့ အလုပ်သမားကိစ္စ၊ လယ်သမား ကိစ္စ နောက်တစ်ခုကကျတော့ ဒီကျွန်တော်တို့ ကျောင်းသားကိစ္စကို မရှင်းနိုင်တဲ့အပေါ် အလုပ်သမား လယ်သမားထက်စာရင် ကျောင်းသား အရေးကိစ္စကို ပြည်သူတွေ ၀န်းရံမှု များလာတဲ့အခါ စိုးရိမ်ကြောက်လန့်မှု ရှိလာတယ်။ ဒီသပိတ်တွေ ပေါင်းစုံတဲ့အခါ သူရဲ့ ရာဇပလင်ကို ထိပါးနိုင်ခြေ ရှိသည်ဟု ယူဆပုံရတယ် အဲ့တော့ ကျွန်တော်တို့ ကျောင်းသားသပိတ်တွေကို ဘယ်လိုမျိုးမဆို တစ်ဖက်ကလည်း ကျွန်တော်တို့ တောင်းဆိုတဲ့ အခွင့်အရေးကို ပေးချင်တဲ့ စေတနာမရှိဘူး။ ပေးလည်း မပေးချင်ဘူး။ တစ်ဖက်ကလည်း ဒီလိုမျိုး မပေးလို့ သပိတ်တပ်တွေ ရန်ကုန်ထဲဝင်မှာ ကိုလည်း သူတို့ လက်မခံနိုင်ဘူး။ အဲ့နှစ်ခုကြားမှာ သူတို့အနေနဲ့ပြည်သူကို လိမ်လည်လှည့်ဖြားပြီး သွားနေတယ်လို့ပဲ မြင်တယ်။
မေး – သပိတ်တောင်းဆိုမှု အောင်မြင်သွားရင် မိဘရင်ခွင်ကို ပြန်ခိုင်းတဲ့ သီတဂူ ဆရာတော်ကြီးရဲ့ မိန့်ကြားချက်ကို ဘယ်လိုထင်မြင်မိလဲ။
ဖြေ – ဘေးအန္တရာယ် မဖြစ်အောင် စိတ်ရင်းစေတနာမှန်နဲ့ တောင်းဆိုတဲ့ ဒီစေတနာကို ကျွန်တော်တို့ အနေနဲ့ နားလည်ပါတယ်။ ပြီးတော့ ဆရာတော်ကြီးရဲ့ စေတနာကို ကျွန်တော်တို့ အသိအမှတ် ပြုပါတယ်။ သူရဲ့ ကျောင်းသားတွေ အပေါ်ထားတဲ့ မေတ္တာတရားကို အသိအမှတ်ပြုတယ်။ နားလည်း နားလည်ပါတယ်။
ဒါပေမဲ့ တစ်ခုရှိတာက ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်မရမချင်း မိဘရင်ခွင်ကို ပြန်လိုက်ရင် ဆရာတော်ကြီးကို ယုံလို့ပြန်တယ်။ ဒါပေမဲ့ ဒီအစိုးကို ကျွန်တော်တို့ မယုံဘူး။ အဲ့အတွက်ကို ဆရာတော်ကြီး ရဲ့ မေတ္တာရပ်ခံချက်ကို သေချာပြန်လည် သုံးသပ်ပြီးတဲ့ အခါမှာ ကျောင်းသားတွေ ရဲ့ စာမေးပွဲ ကာလအတွင်းမှာ ရပ်နားလိုက်တာ ဖြစ်ပါတယ်။
မေး – အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ရဲ့ သဘောထား ထုတ်ပြန်ချက်ကို ဘယ်လိုထင်မြင်လဲ။
ဖြေ – မဘသရဲ့ သဘောထား ထုတ်ပြန်ချက်ကို ကျွန်တော်တို့ အနေနဲ့ မဘသ ဦးဆောင် ဆရာတော်တွေ ပေါ့လေ ဒီဆရာတော်တွေလည်း ရှင်းပြဖို့ရှိပါတယ်။ ဆရာတော်တွေကိုလည်း ရှင်းပြဖို့ ရှိပါတယ်။ ဆရာတော် တွေနဲ့လည်း ကျွန်တော်တို့ တွေ့ဆုံချင်ပါတယ် ဆရာတော်တွေနဲ့ တွေ့ဆုံပြီးတော့ ကျွန်တော် တို့ရဲ့ တောင်းဆိုတဲ့ ဥပဒေရဲ့ အချက်အလက်အမှန် နည်းဥပဒေရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်အမှန်ကို ကျွန်တော်တို့ ရှင်းပြပါတယ်။
ဒီလိုမှဆရာတော်တွေ အနေနဲ့ ဒါကိုမှ လက်မခံနိုင်သေးဘူးဆိုရင် အဲ့အတွက်ကို မဘသ ဆရာတော်တွေ လက်ခံနိုင်တဲ့၊ သံဃာထု လက်ခံနိုင်မယ့် ဥပဒေ စကားရပ် ပုံစံအတိုင်း ပြောင်းပေးဖို့၊ ပြင်ပေးဖို့ ကျွန်တော် တို့ ၀န်မလေးပါဘူး။ အဓိကက ကျွန်တော်တို့က ဒီဥပဒေကြောင့်မို့ ကျွန်တော်တို့ ကျောင်းတွေနဲ့ ပြည် သူတွေနဲ့ ဆရာတော်တွေကြားမှာ စည်းရုံးရေး ပြိုကွဲတာမျိုး အဖြစ်မခံဘူး။ ဒီဟာကို သံသယ ရှိနေသေး တယ်ဆိုရင် ဆရာတော်တွေ လက်ခံတဲ့အတိုင်း ညှိနှိုင်းပြီး ပြင်ပေးဖို့ ၀န်မလေးပါဘူး။
ချမ်းမြေ့ခိုင်၊ သူရိန်ကျော် | မြန်မာသံတော်ဆင့်သတင်းဌာန
စက်ဘီးစီး ကမ္ဘာလှည့် စပိန်ခရီးသွား ဓားဖြင့်ဝိုင်းခုတ် လုယက်ခံရ
 စက်​ဘီးဖြင့်​ကမ္ဘာလှည့်​ ခရီးသွား​နေ​သော စပိန်​နိုင်​ငံသားတစ်ဦး ပဲခူးမြို့အရောက်တွင်​ ဓားဖြင့်ဝိုင်းခုတ်​ကာ ပစ္စည်းများ လု ယက်​ခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
စပိန်နိုင်​ငံသားကို ​ဖေ​ဖော်​ဝါရီ ၂၄ရက်​က ရန်​ကုန်​​ဆေးရုံကြီးသို့ လွှဲပြောင်း​ဆေးကုသ​ပေးနေ​ကြောင်း သတင်းရရှိသည်​။
စပိန်​နိုင်​ငံသားသည်​ လွန်ခဲ့သည့်​ ၂ နှစ်​မှစ၍ စက်​ဘီးဖြင့်​ ကမ္ဘာလှည့်​​နေရာ ဗီယက်​နမ်၊ က​မ္ဘောဒီးယားတို့တွင်​ လှည့်​လည်​ခဲ့ပြီး ထိုင်းနိုင်​ငံ မဲ​ဆောက်မြို့မှတစ်ဆင့် မြန်​မာနိုင်​ငံသို့ လာ​​ရောက်​ခြင်းဖြစ်​သည်​။
‘‘လုယက်​ခံရတဲ့​နေရာနဲ့ နှစ်ဖာလုံ​လောက်​က​နေ ပစ္စည်း​တွေပြန်​ရပါတယ်’’ဟု ပဲခူးမြို့ရဲတပ်​ဖွဲ့မှူးရုံးမှ တာဝန်​ရှိသူတစ်​ဦးက ​ပြောသည်​။
စပိန်​နိုင်​ငံသားအား လုယက်​တိုက်​ခိုက်​​သော တရားခံများကို ​ဖေ​ဖော်​ဝါရီ ၂၅ရက်​အထိ ဖမ်းဆီးမိခြင်း မရှိသေးဘဲ ပဲခူးမြို့အမှတ်​(၃) ရဲစခန်းတွင်​ လုယက်​မှုပုဒ်​မ  ၃၉၄ ဖြင့်​ အမှုဖွင့်​ထား​ကြောင်း သတင်းရရှိသည်​။
‘‘ဧည့်​သည်​​တွေ အဝင်​များလာရင်​​တော့ ဒါမျိုး​တွေက ဖြစ်​​နေမှာပဲ။ ဒါ​ပေမဲ့ ပုံရိပ်​​တော့မ​ကောင်းဘူး​ပေါ့။ စက်ဘီးနဲ့ လာချင်တဲ့သူ​တွေ ကြောက်​​နေမယ်​။ အဲဒါ​တော့ စိုးရိမ်​ရတာ​ပေါ့။ ပုဂံမှာလည်း အရင်​နှစ်​က ပစ္စည်းတွေ လုယူခံ​နေရတာပဲ။ အဲဒီလိုမျိုးဖြစ်လို့ ခရီးသွား​တွေ​တော့ ကျမသွားနိုင်​​သေးပါဘူး။ ဒါ​ပေမဲ့ ပုံရိပ်​ကတော့ မ​ကောင်းဘူး​ပေါ့’’ ဟု ပုဂံ​ဒေသတွင်း ဧည့်​လမ်းညွှန်​အသင်းဥက္ကဋ္ဌ ဦး​ဇော်​ဝင်းချိုက​ ၎င်း၏ အမြင်ကိုပြောသည်​။
http://7daydaily.com/story/32554#.VO_s6uGIXap
နှုတ်ခမ်းအသားပပ်ခြင်းအတွက် ရိုးရှင်းလွယ်ကူသော အိမ်တွင်းကုထုံးလေးများ
ရာသီဥတု ပူလွန်း၊ အေးလွန်းတဲ့အခါ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေမှာ သိသိသာသာ နှုတ်ခမ်းအ သားပပ်လေ့ရှိပါတယ်။ နှုတ်ခမ်းဆိုးဆေး ဓာတ်မတည့်ခြင်းကြောင့်လည်း နှုတ်ခမ်းအသားပပ်တဲ့ဝေဒနာမျိုး ခံစားရနိုင်ပါတယ်။ ဘယ်လိုနည်းကြောင့်ပဲဖြစ်ဖြစ် အသားပပ်တဲ့အခါ နာကျင်ခံစားရုံမျှမက အလှပျက်၍ ဆွဲဆောင်မှုမရှိနိုင်တော့ပါဘူး။
သို့သော်စိတ်မပူပါနှင့်။ အောက်ပါရိုးရှင်းလွယ်ကူတဲ့အိမ်တွင်းကုထုံးလေးများက နှုတ်ခမ်းနှစ်လွှာကို ပကတိ အတိုင်း စိုအိချော မွေ့စေနိုင်မှာ ဖြစ်ပါသည်။
(၁) ရေပိုသောက်ပါ။(လက်ရှိသောက်နေကျ ရေပမာဏထက် နှစ်ဆတိုး၍သောက်ပါ။ ရေခဲရေ မသောက်ရ။)
(၂) ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တို့ကို များများစားပေးပါ။
(၃) ဗီတာမင်အားဆေးများဖြစ်ကြတဲ့ ဗီတာမင်B2၊ ဗီတာမင်C၊ ဗီတာမင် E၊ ငါးကြီးဆီ ဆေးလုံးများမှီဝဲပါ။
(၄) သခွားသီးပါးပါးလှီး၍ ကပ်ပေးပါ။
(၅) ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေး၊ ဟင်းရည်၊ စွပ်ပြုတ်တို့ကို အအေးခံ၍ သောက်ပါ။ (အကယ်၍ ထိုအရည်ပူပူများကို စတီးလ်ခွက်၊ ဒန်ခွက်၊ စတီးလ်ဇွန်းတို့ဖြင့် နှုတ်ခမ်းတေ့၍ သောက်မိတဲ့အခါ ဝေဒနာများ ပိုမိုဆိုးရွားလာစေပါလိမ့်မယ်။)
(၆) အသားလှဆီ(သို့မဟုတ်)သကြားရည်(သို့မဟုတ်) နှင်းဆီရည် လိမ်းနိုင်ပါတယ်။ နှင်းဆီရည်(ခေါ်)rose water ကို အလှကုန် ပစ္စည်းအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။)
(၇) အုန်းဆီ (သို့မဟုတ်) သံလွင်ဆီ (သို့မဟုတ်) ကြက်ဆူဆီ (သို့မဟုတ်) မုန်ညင်းဆီ လိမ်းပေးပါ။
(၈) ဗီတာမင်အီး အဆီဆေးလုံး ဖောက်၍လိမ်းပါ။ (ထိုဆေးလုံးလေးတွေကို အလှကုန်ပစ္စည်းအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင် ပါတယ်။)
(၉) ပျားရည် (သို့မဟုတ်) ရှားစောင်းလက်ပပ် ဂျယ်လီအနှစ်လိမ်းပါ။
(၁ဝ) နွားနို့ကရင်မင် လိမ်းပေးပါ။
(၁၁) နေမထိပါစေနှင့်။
(၁၂) လေစိမ်းတိုက်မခံပါနှင့်။
(၁၃) မကြာခဏ တံတွေးဆွတ်ခြင်းကလည်း နှုတ်ခမ်းသားခြောက်သွေ့ခြင်းကို ပိုမိုဆိုးရွားလာစေနိုင် ပါတယ်။
(၁၄) နှုတ်ခမ်းအသားပပ် ကွဲအက်နေစဉ်မှာ ဖြစ်နိုင်ရင် နှုတ်ခမ်းဆိုးဆေး လုံးဝမသုံးသင့်ပါဘူး။ (သက်တမ်းကြာ ဆိုးဆေးများနှင့် ကာဗွန်
ဓာတ်ပါဝင်မှုများသော ဆိုးဆေးအရောင်ရင့်ရင့်တွေက ဝေဒနာကို ပိုမိုဆိုးရွားလာစေနိုင်လို့  အထူးသ တိပြုပါ။)
(၁၅) ဝေဒနာမပျောက်ခင်မှာ မဖြစ်မနေ နှုတ်ခမ်းဆိုးဆေးသုံးချင်ပါက အရောင်မပါတဲ့ နှုတ်ခမ်းဆိုးဆေးအဆီကိုသာ ရွေးချယ်ပေးပါ။
(၁၆) နှုတ်ခမ်းသား အဖတ်လန်နေတာတွေကို လက်ဖြင့်ဆွဲဖဲ့ခြင်း၊ သွားနှင့်ကိုက်ခြင်း မျိုးတွေ မလုပ်ပါနှင့်။ ပို၍အဖတ်လန်လာနိုင်တဲ့အပြင် အသားစစိုက်ပြီး သွေးထွက်တတ်ပါတယ်။
(၁၇)အရေပြားဆဲလ်တွေသေခြင်းကြောင့် နှုတ်ခမ်းသားတွေအဖတ်လန်လာရပါတယ်။ နောက်ထပ်ဆဲလ်
တွေ မသေနိုင်အောင်ကြိုတင်ကာကွယ်သည့်အနေဖြင့် သွားတိုက်တံသုံး၍ နှုတ်ခမ်းပေါ် ခပ်ဖွဖွလေး ပွတ်တိုက် ပေးပါ။
အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေရှင်။
တင်ထက်ထက်ဇော် | The Mirror Daily
ဝါရှင်တန် မြို့တော် ဆေးခြောက် အကန့်အသတ်ဖြင့် ခွင့်ပြု
အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော်မှာ ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့်ရတဲ့ ဥပဒေတခု ဒီကနေ့ကစပြီး အသက်ဝင်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ လူထုဆန္ဒခံယူပွဲမှာ မဲဆန္ဒရှင်အများစု ထောက်ခံခဲ့တဲ့ ဒီဥပဒေဟာ ဗုဒ္ဓဟူးနေ့ညကနေ ကြာသပတေးနေ့ မနက်ဆီကူးပြောင်းတဲ့ သန်းခေါင်ကျော် ချိန်ကစပြီး အသက်ဝင်တာပါ။
ဒီဥပဒေအရ အသက် ၂၁ နှစ်ကနေအထက် အရွယ်ရောက် သူတိုင်းဟာ ဆေးခြောက် အလေးချိန် ၅၆ ဂရမ် အထိ ကိုယ်နဲ့အတူ ထားခွင့်ရှိပြီး အိမ်ထဲမှာ ဆေးခြောက်ပင် အနည်းငယ် စိုက်ပျိုး နိုင်မှာဖြစ်ပါတယ်။ ဆေးခြောက်ကို ၀ယ်တာ၊ ရောင်းတာ၊ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ သောက်တာကိုတော့ ဥပဒေက ပိတ်ပင်ထားပါတယ်။
ဆေးခြောက်ကို အပန်းပြေ သောက်သုံးခွင့်ပြုတဲ့ ဥပဒေတွေကို အလာစကား (Alaska)၊ ကိုလိုရာဒို (Colorado) နဲ့ ၀ါရှင်တန်(Washington) ပြည်နယ်တွေမှာ လည်း ပြဌာန်းထားပြီးပါပြီ။ ဒါပေမဲ့လည်း အဲဒီတခြားပြည်နယ်သုံးခုနဲ့မတူဘဲ ၀ါရှင်တန်ဒီစီဟာ လုံးဝ သီးခြားလွတ်လပ်စွာ ဥပဒေပြဌာန်း နိုင်တဲ့ဒေသ မဟုတ်ပါဘူး။ ၀ါရှင်တန်ဒီစီရဲ့ အုပ်ချုပ်ရေးရာကိစ္စအ၀၀မှာ အမေရိကန် ကွန်ဂရက်လွှတ်တော်က နောက် ဆုံး ဆုံးဖြတ်ချက်ချနိုင်တဲ့ အခွင့်အာဏာရှိပါတယ်။
ဒီဥပဒေကို အကောင်အထည်ဖော်တဲ့အတွက် မြို့တော်ဝန်နဲ့ တခြား တာဝန်ရှိသူတွေ ထောင်ကျနိုင်တယ်လို့ ရီပတ်ဘလီကန် အောက် လွှတ်တော် အမတ် ဂျေဆန်န် ချက်ဖ်ဖက်တ်ဇ် (Jason Chaffetz) က ဒီစီမြို့တော်ဝန် မာရီယယ်လ် ဘောင်ဆာ (Muriel Bowser) ကို သတိပေးထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
ဂူးဂဲလ်ဘာသာပြန်ရဲ့ မြန်မာဘာသာပြန်ဆိုမှုမှာ မြန်မာ-အင်္ဂလိပ် ကျွမ်းကျင်သူတွေ ပါဝင်နိုင်မယ့် အစီအစဉ်
Google Translate တွင် မြန်မာဘာသာ ပြန်ဆိုမှု အရည်အသွေး တိုးတက်မှု ရှိစေရန် အင်္ဂလိပ်နှင့်မြန်မာ နှစ်ဘာသာကို ကျွမ်းကျင်စွာ ပြောနိုင်သူများ ပူးပေါင်း ပါဝင်နိုင်မည့် “Love Your Language” Translate-a-thon အစီအစဉ်ကို ရန်ကုန်မြို့တွင် Google မှ ပထမဆုံးအကြိမ် ကျင်းပမယ်လို့ သိရပါတယ်။
အဲ့ဒီ Translate-a-thon အစီအစဉ်ကို Google မှ ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ Myanmar Innovation Lab ၌ ကျင်းပမှာ ဖြစ်တယ်လို့ Google ရဲ့ကုန်ပစ္စည်း မန်နေဂျာ ဒီဗွန်းလန်း (Divon Lan) က ပြောပါတယ်။
အဲ့ဒီပွဲမှာ အင်္ဂလိပ်နှင့် မြန်မာ နှစ်ဘာသာ ကျွမ်းကျင်သူ ဘယ်သူမဆို ပါဝင်နိုင်ပြီး Google Translate အတွက် ဘာသာပြန်ရန် ခက်ခဲနေတဲ့ အကြောင်းအရာတွေ စကားလုံးတွေကို အဓိကထား ကူညီ ဘာသာပြန်ဆိုကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာဘာသာစကားကို Google Translate နှင့် ဘာသာပြန်ဆိုရာတွင် အမှားအယွင်းများ ရှိနေရခြင်းမှာ အင်တာနက်တွင် မြန်မာဘာသာနှင့် ရေးသားထားသော အချက်အလက်များ အင်မတန် နည်းနေသေးခြင်းကြောင့် ဖြစ်သည်ဟု မစ္စတာ ဒီဗွန်းလန်းက ပြောပါတယ်။
မစ္စတာ ဒီဗွန်းလန်းက “စက်နဲ့ ဘာသာပြန်တဲ့အခါ စက်က ဘာသာစကားရဲ့ ပုံစံတွေကို အင်တာနက်မှာ ရှာလေ့လာ ပါတယ်။ မြန်မာဘာသာ ဆိုရင်လည်း မြန်မာဘာသာရဲ့ သဒ္ဒါပုံစံတွေ၊ အခေါ်အဝေါ်တွေကို မှတ်ပါတယ်။ နောက် အဲဒီကနေ ပြန်ဆိုချင်တဲ့ တခြားဘာသာစကားရဲ့ ပုံစံတွေကို မှတ်တယ်။ ပြီးတော့မှ အဲဒီနှစ်မျိုးရဲ့ ပုံစံကို ဆက်စပ်ပြီးတော့ အဖြစ်နိုင်ဆုံး ဘာသာပြန်မှုကို ပြန်ဆိုပေးတာပါ။ အဲဒါကြောင့် လူဘာသာပြန်သလောက်တော့ မှန်မှန်ကန်ကန် ထွက်မလာပါဘူး။ ဒါ့ကြောင့် ဘာသာပြန်ချင်တဲ့ ဘာသာစကားနဲ့ ရေးထားပြီး Google အတွက် ဘာသာစကား ပုံစံကို လေ့လာလို့ရတဲ့ အချက်အလက်တွေ အင်တာနက်မှာ နည်းနေလေလေ Google Translate ရဲ့ ဘာသာပြန်မှုမှာ ပြဿနာတွေ ရှိနေလေလေ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
အင်တာနက်တွင် မြန်မာဘာသာနဲ့ ရေးသားထားသော အချက်အလက်များစွာ ရှိလာပါက Google Translate ရဲ့ စွမ်းဆောင်ရည် တက်လာပြီး တကမ္ဘာလုံးရှိ လေ့လာစရာ သတင်းအချက်အလက်တွေကို မြန်မာစာသို့ ဘာသာပြန်ဆို လေ့လာနိုင်ရုံမျှမက မြန်မာပြည်အကြောင်းကိုလည်း တကမ္ဘာလုံးက ကြိုက်နှစ်သက်ရာ ဘာသာစကားဖြင့် ဘာသာပြန်ဆို လေ့လာနိုင်မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
Google Translate တွင် မြန်မာစာသည် ယူနီကုပ်ဖြစ်ပြီး တကမ္ဘာလုံးတွင်လည်း ယူနီကုပ်သည် စံတခုအဖြစ် ရှိနေသော်လည်း မြန်မာနိုင်ငံတွင် အများစုက မြန်မာစာကို ဇော်ဂျီဖောင့်ဖြင့်သာ အသုံးပြုကြတဲ့အတွက် မြန်မာယူနီကုပ်ကို ပိုမိုတွင်ကျယ်လာအောင် ပြုလုပ်ပေးရန် လိုအပ်ကြောင်းလည်း မြန်မာစာအဖွဲ့မှ ဒေါက်တာ ဦးမြင့်ကြည်က ပြောပါတယ်။
ဒ့ါအပြင် သူက ဘာသာစကားဟာ ခေတ်နှင့်အညီ အမြဲ ပြောင်းလဲနေတဲ့အတွက် Google Translate ကို အသုံးပြုသူများက ဝိုင်းဝန်းကူညီပေးမှသာ Google Translate ရဲ့ ဘာသာပြန်ဆိုမှု အရည်အသွေး ပိုမို တိုးတက်လာမှာ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။
“ဘာသာစကားဆိုတာ အမြဲတမ်း ပြောင်းလဲနေတာ ဖြစ်တဲ့အတွက် အဲဒီဘာသာစကားကို သုံးစွဲနေတဲ့သူတွေက ဝိုင်းဝန်း ကူညီပေးမယ်ဆိုရင် ဒီ Google Translate ဟာလည်း အမြဲတမ်း update ဖြစ်ပြီးတော့ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ကမ္ဘာပေါ်တွင် Google Translate ကို အသုံးပြုသူ သန်းပေါင်း ၅၀၀ ရှိနေပြီ ဖြစ်ပြီး Google မှ နေ့စဉ် ဘာသာပြန်ဆိုမှုပေါင်း ၁ ဘီလီယံ ခန့် ပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။
Google Translate သည် ဘာသာစကားပေါင်း ၉၀ အတွက် ဘာသာပြန် ဝန်ဆောင်မှု ပြုလုပ်ပေးနေပြီး မြန်မာဘာသာစကားဟာ နောက်ဆုံးပါဝင်လာတဲ့ ဘာသာစကားတခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် google.com.mm ကို Google မှ ၂၀၁၃ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပြီး အခုအခါ Gmail ကိုလည်း မြန်မာဘာသာနဲ့ စတင်အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
.
http://blog.irrawaddy.org/2015/02/blog-post_34.html
.
Credit : The Irrawaddy (Burmese Version)