Latest News

MP4 YoU

the melting pot for you (သတင္းစံုေပ်ာ္၀င္အိုးၾကီး)

  • Home
    • Tech
    • World News
    • Video
    • Celebs

    CREDIT

    သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
    Showing posts with label People. Show all posts
    Showing posts with label People. Show all posts

    Tuesday, June 25, 2019

    ေက်ာပိုးအိတ္ဖိုး မတတ္နိုင္လို႔ ..သားျဖစ္သူအတြက္ ..ကိုယ္တိုင္ ေက်ာပိုးအိတ္ေလး ဖန္တီးေပးတဲ့ ဖခင္

    By သတင္းစံုေပ်ာ္၀င္အိုးၾကီး June 25, 2019 People

    အေျခခံ လူတန္းစားေတြအမ်ားစုဟာ ကိုယ့္သားသမီးကို ပညာအေမြပဲ ေပးနိုင္တာေၾကာင့္ မျဖစ္ျဖစ္တဲ့ ၾကားက ႐ုန္းကန္ၿပီး ေက်ာင္းကို ထားေပးၾကရပါတယ္။ ေက်ာင္းကို ေရာက္တဲ့ အခါမွာလည္း အျခားကေလးေတြနဲ႔ တန္းတူ မ်က္ႏွာမငယ္ရေအာင္ ပိုက္ဆံမရွိတဲ့ ၾကားက ကိုယ့္သားသမီး အတြက္ နည္းမ်ိဳးစုံနဲ႔ အဆင္ေျပေအာင္ ဖန္တီးေပးၾကရပါတယ္။

    ယခုလည္း ကေမ္ယာဒီးယားနိုင္ငံက NY Keng ဆိုတဲ့ ၅ႏွစ္အရြယ္ကေလးေလးဟာ ေက်ာင္းတက္ဖို႔အတြက္ ေက်ာပိုးအိတ္မရွိပါဘူး။ သူရဲ့ မိဘေတြဟာ လက္လုပ္လက္စား လယ္သမားမိသားစုျဖစ္တာေၾကာင့္ riels 30000 ($7) တန္တဲ့ ေက်ာပိုးအိတ္တစ္လုံးေတာင္ ဝယ္ဖို႔ မတတ္နိုင္ခဲ့ပါဘူး။ ဒါ့ေၾကာင့္ ဖခင္ျဖစ္သူဟာ သူ႔သားေလး ေက်ာင္းတက္ရအဆင္ေျပေစဖို႔အတြက္ သူကိုယ္တိုင္ ေက်ာပိုးအိတ္တစ္လုံး ဖန္တီးေပးခဲ့ပါတယ္။

    Keng ရဲ့ ဖခင္ဟာ ပလက္စတစ္ႀကိဳးအျပာေရာင္ကိုအသုံးျပဳၿပီး သားျဖစ္သူအတြက္ ေက်ာပိုးအိတ္တစ္လုံးကို ယက္လုပ္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ထိုအိတ္ေလးနဲ႔ သားျဖစ္သူကို ေက်ာင္းကို လြတ္ေပးလိုက္ပါတယ္။ အတန္းထဲမွာ အားလုံးထက္ပိုၿပီး ထူးျခားေနတဲ့ သူ႔ရဲ့ ေက်ာပိုးအိတ္ေလးကို အတန္းေဖာ္ေတြ မေျပာနဲ႔ ဆရာမကအစ စိတ္ဝင္စားခဲ့ပါတယ္။ အတန္းေဖာ္ေက်ာင္းသားေတြက သူ႔ရဲ့ ေက်ာင္းလြယ္အိတ္ေလးကို ကိုင္ၾကည့္ၿပီး ေကာင္းလိုက္တာ၊ မိုက္တယ္ ဘယ္သူလုပ္ေပးတာလဲ လို႔ေတာင္ ေမးျမန္းၾကပါတယ္။

    ဆရာမျဖစ္သူ Sophous Suon ကလည္း ထိုကေလးရဲ့ လြယ္အိတ္ေလးကို ယူၿပီး ဒါဘယ္သူလုပ္ေပးတာလဲလို႔ ေမးၾကည့္တဲ့အခါမွာေတာ့ လြယ္အိတ္ဖိုး မတက္နိုင္လို႔ အေဖကိုယ္တိုင္လုပ္ေပးထားတာဆိုတာ သိလိုက္ရပါတယ္။ အဲ့ဒီေနာက္ ဆရာမက Keng ရဲ့ လြယ္အိတ္ေလးကို ဓာတ္ပုံရိုက္ၿပီး ဒီအေၾကာင္းနဲ႔အတူတူfacebook ေပၚမွာ မၽွေဝခဲ့ပါတယ္။



    Unicode Version
    ကိုယ်တိုင်ကျောပိုးအိတ်လေးဖန်တီးပေးတဲ့ဖခင်

    အခြေခံလူတန်းစားတွေအများစုဟာ ကိုယ့်သားသမီးကို ပညာအမွေပဲ ပေးနိုင်တာကြောင့် မဖြစ်ဖြစ်တဲ့ ကြားက ရုန်းကန်ပြီး ကျောင်းကို ထားပေးကြရပါတယ်။ ကျောင်းကို ရောက်တဲ့ အခါမှာလည်း အခြားကလေးတွေနဲ့ တန်းတူ မျက်နှာမငယ်ရအောင် ပိုက်ဆံမရှိတဲ့ ကြားက ကိုယ့်သားသမီး အတွက် နည်းမျိုးစုံနဲ့ အဆင်ပြေအောင် ဖန်တီးပေးကြရပါတယ်။
    ယခုလည်း ကမ္ယောဒီးယားနိုင်ငံက NY Keng ဆိုတဲ့ ၅နှစ်အရွယ်ကလေးလေးဟာ ကျောင်းတက်ဖို့အတွက် ကျောပိုးအိတ်မရှိပါဘူး။ သူရဲ့ မိဘတွေဟာ လက်လုပ်လက်စား လယ်သမားမိသားစုဖြစ်တာကြောင့် riels 30000 ($7) တန်တဲ့ ကျောပိုးအိတ်တစ်လုံးတောင် ဝယ်ဖို့ မတတ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ဖခင်ဖြစ်သူဟာ သူ့သားလေး ကျောင်းတက်ရအဆင်ပြေစေဖို့အတွက် သူကိုယ်တိုင် ကျောပိုးအိတ်တစ်လုံး ဖန်တီးပေးခဲ့ပါတယ်။



    Keng ရဲ့ ဖခင်ဟာ ပလက်စတစ်ကြိုးအပြာရောင်ကိုအသုံးပြုပြီး သားဖြစ်သူအတွက် ကျောပိုးအိတ်တစ်လုံးကို ယက်လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် ထိုအိတ်လေးနဲ့ သားဖြစ်သူကို ကျောင်းကို လွတ်ပေးလိုက်ပါတယ်။ အတန်းထဲမှာ အားလုံးထက်ပိုပြီး ထူးခြားနေတဲ့ သူ့ရဲ့ ကျောပိုးအိတ်လေးကို အတန်းဖော်တွေ မပြောနဲ့ ဆရာမကအစ စိတ်ဝင်စားခဲ့ပါတယ်။ အတန်းဖော်ကျောင်းသားတွေက သူ့ရဲ့ ကျောင်းလွယ်အိတ်လေးကို ကိုင်ကြည့်ပြီး ကောင်းလိုက်တာ၊ မိုက်တယ် ဘယ်သူလုပ်ပေးတာလဲ လို့တောင် မေးမြန်းကြပါတယ်။

    ဆရာမဖြစ်သူ Sophous Suon ကလည်း ထိုကလေးရဲ့ လွယ်အိတ်လေးကို ယူပြီး ဒါဘယ်သူလုပ်ပေးတာလဲလို့ မေးကြည့်တဲ့အခါမှာတော့ လွယ်အိတ်ဖိုး မတက်နိုင်လို့ အဖေကိုယ်တိုင်လုပ်ပေးထားတာဆိုတာ သိလိုက်ရပါတယ်။ အဲ့ဒီနောက် ဆရာမက Keng ရဲ့ လွယ်အိတ်လေးကို ဓာတ်ပုံရိုက်ပြီး ဒီအကြောင်းနဲ့အတူတူfacebook ပေါ်မှာ မျှဝေခဲ့ပါတယ်။

    #Lifestyle_Myanmar

    #Thar_Nage
    Read More
    By သတင္းစံုေပ်ာ္၀င္အိုးၾကီး at June 25, 2019 No comments:
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: People

    Saturday, June 22, 2019

    ရဟန္းႏွင့္ သီလရွင္ အတူရွိေနေၾကာင္းသတင္းအရ ၀င္ေရာက္စစ္ေဆးလိုက္ေသာအခါ

    By သတင္းစံုေပ်ာ္၀င္အိုးၾကီး June 22, 2019 People

    ဘဝတခုအတြက္ ၾကံစီရာ

    ၂၀-၆-၂၀၁၉-ရက္ေန႔ ည(၉)နာရီအခ်ိန္ခန္႔မွာ မႏၲေလး၊ ခ်မ္းေအးသာစံနယ္ပိုင္ တာ႐ိုးေအာက္ ျမစ္ကမ္းေဘး က်ဴးတဲတစ္ခုမွာ ရဟန္းႏွင့္ သီလရွင္ အတူရွိေနေၾကာင္းရပ္ကြက္တာဝန္ရွိသူမ်ားတဆင့္ သာ/ထိန္းဥကၠ႒ဆရာေတာ္ထံ ဖံုးျဖင့္ ေလွ်ာက္ထား တိုင္ၾကားလာလို႔ မိမိတို႔အဖြဲ႕ ႂကြေရာက္ခဲ့ရပါသည္။

    ” ဘုန္းႀကီးနဲ႔သီလရွင္ဆိုရင္ ျပႆနာကေတာ့ ရွင္းလို႔ ေကာင္းၿပီ”လို႔ ႂကြခဲ့ၾကေပမယ့္က်ဴးတဲေရာက္ေတာ့ အထင္နဲ႔ တျခားစီးျဖစ္ေနပါသည္။က်ဴးတဲထဲမွာ သကၤန္းဝတ္ပုဂၢိဳလ္(၁)ဦး၊ ၈-ႏွစ္ရြယ္ခန္႔ သီလရွင္ေလး(၁)ဦး၊ (၄)ႏွစ္ရြယ္ခန္႔ ကိုရင္ေလး(၁)ဦး ေတြ႕ရွိရပါသည္။




    ” ေျပာထြက္လိုက္တာ ”
    ကိုရင္ေလးနဲ႔ သီလရွင္ဟာ ကိုယ္ေတာ္နဲ႔ ဘာေတာ္စပ္သလဲလို႔ ဥကၠ႒ဆရာေတာ္မွ ေမးျမန္းရာ အဆိုပါကိုယ္ေတာ္မွ –
    “တပည့္ေတာ္ရဲ႕ ေမြးစားသားနဲ႔ ေမြးစားသမီးပါ”တဲ့။
    သူပါလာတဲ့ ဟန္းဆက္နဲ႔ ဆက္သြယ္ရွိရာကို စံုစမ္းလိုက္မွ ” သားအရင္း သမီးအရင္း”ျဖစ္ေနေၾကာင္း သိရတဲ့အခါ “သားသမီးအရင္းကိုပင္ ေမြးစားသားနဲ႔သမီးလို႔ ေျပာေကာင္းရမလားဆိုၿပီး ဥကၠ႒ဆရာေတာ္လက္နဲ႔ မိတ္ဆက္မႈကို ခံရပါေတာ့တယ္။
    ရပ္ကြက္တာဝန္ရွိပုဂဂိုလ္မ်ားအထံမွ ကေလးအက်ႌအဝတ္အစားမ်ားကို အကူအညီေတာင္းကာ ၿမိဳ႕နယ္သံဃနာယကအဖြဲ႕ရံုးသို႔ ေခၚေဆာင္ခဲ့ၾကပါတယ္။
    စစ္ေဆးလိုက္တဲ့အခါမွာ ” အိမ္ေထာင္ရွင္အမ်ဳီးသမီး ပ်က္စီးသြားလို႔ စိတ္ေလၿပီး သကၤန္ဆည္းခဲ့ေၾကာင္း၊ သမီးကို သီလရွင္ဝတ္ေစၿပီး ပုသိမ္ႀကီးၿမိဳ႕နယ္ထဲက ဘ/ကေက်ာင္းတစ္ေက်ာင္းမွာ ထားခဲ့ေၾကာင္း၊ မၾကာမီ သမီးကို ဘ/ကေက်ာင္းမွ ျပန္လည္ေခၚေဆာင္ၿပီးရံခါရံခါ သမီးသီလရွင္ကို အလွဴခံထြက္ခိုင္းေစခဲ့ေၾကာင္း၊ ယခုအခါ ဇာတိ ေရစႀကိဳၿမိဳ႕နယ္ထဲက ရြာသို႔ ျပန္ရန္ ခရီးစရိတ္မရွိတာေၾကာင့္ က်ဴးတဲမွာ ေသာင္တင္ေနေၾကာင္ း သိရွိရပါသည္။

    ” ထံုးစံကုသိုလ္ ”
    သားအဖသံုးေယာက္လံုးကို လူဝတ္လဲေစၿပီး ေနရပ္သို႔ ျပန္ႏိုင္ရန္ ၿမိဳ႕နယ္သံဃနာယကအဖြဲ႕ဥကၠ႒ဆရာေတာ္မွ(၁၅၀၀ဝိ)က်ပ္၊ ကေလးမ်ားမုန္႔ဘိုး (၅၀၀ဝိ)က်ပ္၊ သာ/ထိန္း (အကဆ)ဆရာေတာ္မွ (၇၀၀ဝိ)က်ပ္၊ သာ/ထိန္းဥကၠ႒ဆရာေတာ္မွ စားစရာ မုန္႔မ်ား သရက္သီးမ်ား အေအးဗူးမ်ား ေထာက္ပံ့စြန္႔ႀကဲဲၾကပါသည္။
    မနက္ပိုင္းကားျဖင့္ ေနရပ္သို႔ ျပန္ႏိုင္ရန္ ညတြင္းခ်င္းပင္ သီရိမႏၲလာကားဝင္းသို႔ ပို႔ေဆာင္ေပးခဲ့ၾကပါသည္။

    ” ပဂၢဟ + နိဂၢဟ ”
    ခ်မ္းေအးသာစံၿမိဳ႕နယ္ သံဃအဖြဲ႕အစည္းသည္ သနားထိုက္သူကိုသနား၊ ေထာက္ပံ့သင့္သူကို ေထာက္ပံ့၊ ကူညီသင့္သူကို ကူညီေလ့ရွိၾကၿပီး ေျပာဆိုဆံုးမ ဝန္ခံ ကတိ ေပးၿပီးျဖစ္ပါလ်က္ ေနာက္တစ္ႀကိမ္ က်ဴးလြန္တာ ေတြ႕ခဲ့ရင္ေတာ့ ဥပေဒအတိုင္းသာ ေဆာင္ရြက္ေလ့ ရွိပါေၾကာင္း။ ။

    သာသနာထိန္းသိမ္းေရးအဖြဲ႕ ခ်မ္းေအးသာစံ၊ မႏၲေလး။
    Read More
    By သတင္းစံုေပ်ာ္၀င္အိုးၾကီး at June 22, 2019 No comments:
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: People

    Monday, June 17, 2019

    ကေလးအေဖ” – …ခင္ဗ်ား သိပ္ရက္စက္တယ္….ဘယ္မိန္းကေလးကိုမွ… ခုလိုျဖစ္ေအာင္ ထပ္မလုပ္ပါနဲ

    By သတင္းစံုေပ်ာ္၀င္အိုးၾကီး June 17, 2019 letter, People

    ကေလး အေဖ – ခင္ဗ်ား ရက္စက္တယ္
    ခင္ ဗ်ား ေသြးသားေလး ကိုယ္ဝန္႐ွိခ်ိန္တာဝန္မယူဘူး- ေမြးဖြားလာတဲ့အခါ အနားမွာ ရပ္တည္မေပးဘူး – ခုကေလးနဲ ့သူ ့အေမ ဒုကၡေရာက္ေနတယ္ခင္ဗ်ား ဘာမွ မကူညီဘူး
    ကေ လး အေဖ – ခင္ဗ်ား အရမ္း ရက္စက္တယ္ဗ်ာ – ဒီကေလးကို ကြၽန္ေတာ့္ကိုလာေပးတယ္ – အစ္ကို ယူပါတဲ့ – ( ဒီညေန မိုးထဲေရထဲ ကေလးနဲ ့ကြၽန္ေတာ္ဆံုေတြ ့ရတယ္ )
    အစ္ ကိုက ကေလးစြန္ ့ပစ္တာကို တားဆီးေနတာ – မိသားစုေပါင္းစည္းေပ်ာ္ရႊင္တာကိုျဖစ္ေစခ်င္တာ – ကေလးေတြ ယူေပးတယ္ဆိုတာ
    ေနာက္ ဆံုး အဆင့္ ကေလးေတြ အမိႈက္ပံုထဲမေရာက္ဖို ့ယူေပးတာ – မိခင္ေတြ စိတ္ဓာတ္ခိုင္ခိုင္မာမာ နဲ ့လာစမ္းဟဲ့ ေလာကဒဏ္လို ့စိန္ေခၚၿပီး ေမြးေစခ်င္တာ – လုပ္စမ္း – ခ်စမ္းခံတိုက္စမ္းပါ အဲ့ ေလာကဒဏ္ကို
    ဘယ္အေဖ မွ အနားမွာ မ႐ွိရင္ေန မိခင္ေမတၱာနဲ ့ေက်ာ္လႊားႏိူင္ပါတယ္ ညီမေလး
    ကေလး မိခင္ကို စည္းရံုးလိုက္ေတာ့ေ အာင္ျမင္သြားတယ္ – အိုေခ၆ လတာ အစ္ကို ့ေစာင့္ေ႐ွာက္မႈေအာက္ ေနပါဘယ္ကေလးမွ မိဘမဲ့ မျဖစ္တာ အေကာင္းဆံုးပဲ
    ခု ကေလးေရာ မိခင္ပါ ေနရာခ်ေပးၿပီးႏိူ ့မႈန္ ့အသင့္ ကေလးပစၥည္းအားလံုးေပးအပ္ၿပီးမ်က္ႏွစ္သစ္ေရခြက္ကေန ဓာတ္ဗူးထိ ေပးထားၿပီး…ထပ္လဲ ေပးပါအံုးမယ္၆ လတာ ေဆးဖိုးစရိတ္လဲ လႉေပးပါအံုးမယ္
    ကေလးအေဖေရ ခင္ဗ်ား ဒီစာကို ေတြ ့ရင္ ဘယ္မိန္းကေလးကို ခုလို ထပ္မလုပ္ပါနဲ ့…ဘယ္ကေလးကိုမွ မိဘမဲ့ျဖစ္ေအာင္ ခင္ဗ်ားထပ္မလုပ္ဖို ့ေတာင္းပန္လိုတယ္
    ကေလး ငယ္တိုင္း မိဘမဲ့ ဘဝ ေရာက္ရျခင္းမွ အစဥ္အျမဲ ကင္းလြတ္ ေဝးၾကပါေစ ခင္ဗ်ာ
    KoPhoeZaw



    Unicode Version
    ကလေးအဖေ – ခင်ဗျား ရက်စက်တယ်

    ခင်ဗျား သွေးသားလေး ကိုယ်ဝန်ရှိချိန်တာဝန်မယူဘူး- မွေးဖွားလာတဲ့အခါ အနားမှာ ရပ်တည်မပေးဘူး – ခုကလေးနဲ့သူ့အမေ ဒုက္ခရောက်နေတယ်ခင်ဗျား ဘာမှ မကူညီဘူး

    ကလေးအဖေ – ခင်ဗျား အရမ်း ရက်စက်တယ်ဗျာ – ဒီကလေးကို ကျွန်တော့်ကိုလာပေးတယ် – အစ်ကို ယူပါတဲ့ – ( ဒီညနေ မိုးထဲရေထဲ ကလေးနဲ့ကျွန်တော်ဆုံတွေ့ရတယ် )
    အစ်ကိုက ကလေးစွန့်ပစ်တာကို တားဆီးနေတာ – မိသားစုပေါင်းစည်းပျော်ရွှင်တာကိုဖြစ်စေချင်တာ – ကလေးတွေ ယူပေးတယ်ဆိုတာ
    နောက်ဆုံးအဆင့် ကလေးတွေ အမှိုက်ပုံထဲမရောက်ဖို့ယူပေးတာ – မိခင်တွေ စိတ်ဓာတ်ခိုင်ခိုင်မာမာ နဲ့လာစမ်းဟဲ့ လောကဒဏ်လို့စိန်ခေါ်ပြီး မွေးစေချင်တာ – လုပ်စမ်း – ချစမ်းခံတိုက်စမ်းပါ အဲ့ လောကဒဏ်ကိုဘယ်အဖေမှ အနားမှာ မရှိရင်နေ မိခင်မေတ္တာနဲ့ကျော်လွှားနိူင်ပါတယ် ညီမလေး
    ကလေးမိခင်ကို စည်းရုံးလိုက်တော့အောင်မြင်သွားတယ် – အိုခေ၆ လတာ အစ်ကို့စောင့်ရှောက်မှုအောက် နေပါဘယ်ကလေးမှ မိဘမဲ့ မဖြစ်တာ အကောင်းဆုံးပဲ
    ခု ကလေးရော မိခင်ပါ နေရာချပေးပြီးနိူ့မှုန့်အသင့် ကလေးပစ္စည်းအားလုံးပေးအပ်ပြီးမျက်နှစ်သစ်ရေခွက်ကနေ ဓာတ်ဗူးထိ ပေးထားပြီး…ထပ်လဲ ပေးပါအုံးမယ်၆ လတာ ဆေးဖိုးစရိတ်လဲ လှူပေးပါအုံးမယ်

    ကလေးအဖေရေ ခင်ဗျား ဒီစာကို တွေ့ရင် ဘယ်မိန်းကလေးကို ခုလို ထပ်မလုပ်ပါနဲ့…ဘယ်ကလေးကိုမှ မိဘမဲ့ဖြစ်အောင် ခင်ဗျား
    ထပ်မလုပ်ဖို့တောင်းပန်လိုတယ်

    ကလေးငယ်တိုင်း မိဘမဲ့ ဘဝ ရောက်ရခြင်းမှ အစဉ်အမြဲ ကင်းလွတ် ဝေးကြပါစေ ခင်ဗျာ
    KoPhoeZaw
    Read More
    By သတင္းစံုေပ်ာ္၀င္အိုးၾကီး at June 17, 2019 No comments:
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: letter, People

    မေလးရွားမွာ အရက္အတုေၾကာင့္ေသဆုံးသူ အမ်ိဳးသား(၆)ဦးတြင္ ျမန္မာ(၃)ဦးပါဝင္ေန

    By သတင္းစံုေပ်ာ္၀င္အိုးၾကီး June 17, 2019 People

    မေလးရွားႏုိင္ငံ၊ ပန္နန္မွာ နာမည္ႀကီးတံဆိပ္ေတြကို အတုျပဳလုပ္ထားတဲ့ အရက္အတုေတြကို ေသာက္သုံးမိလုိ႔ အမ်ိဳးသား(၆)ဦး ေသဆုံးခဲ့ေၾကာင္း သက္ဆုိင္ရာ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဝင္ေငြအမ်ားႀကီးမတက္ႏုိင္တဲ့ ဆင္းရဲသားလုပ္သားျပည္သူေတြၾကားမွာ အရက္အတုက အလြန္ ဝင္ဆန္႔ေနပါတယ္။
    အခုလည္း အရက္အတုကို ေသာက္သုံးခဲ့တဲ့ အမ်ိဳးသား(၆)ဦးမွာ သူတုိ႔ဝယ္ယူခဲ့တဲ့အရက္ေတြကုိ တကယ့္ အမွန္အကန္တံဆိပ္နဲ႔ ေရာင္းခ်ေနတာလုိ႔ အထင္ရွိခဲ့ပုံရပါတယ္။ မေလးရွားမွာ အရက္အတု ဖမ္းဆီးေရးစီမံခ်က္ေတြဟာ တျဖည္းျဖည္း အရွိန္ျမင့္ လုပ္ေဆာင္ေနေပမယ့္ မေပ်ာက္ကြယ္ေသးပါဘူး။
    အခုေခတ္မွာ တုိးတက္လာတဲ့ နည္းပညာေတြအရ အတုအစစ္ဆုိတာ ခြဲျခားဖုိ႔ အေတာ္ေလးခက္ခဲေနၿပီး၊ အတုထုတ္လုပ္သူေတြကလည္း မိမိတုိ႔ကုန္ပစၥည္း ေရာင္းခ်ရေရးကိုသာ ဦးစားေပး လုပ္ေဆာင္ခဲ့တာျဖစ္သလုိ၊ အရက္ထဲမွာ အဆိပ္အေတာက္ပါဝင္မႈေတြကို ထိန္းခ်ဳပ္ႏုိင္ျခင္း မရွိခဲ့ပါဘူး။
    အခု ေသဆုံးသူ (၆)ဦးမွာ တစ္ဦးက အိႏၵိယႏုိင္ငံသား၊ ႏွစ္ဦးက မေလးရွားႏုိင္ငံသား၊ (၃)ဦးက ျမန္မာႏုိင္ငံသားေတြျဖစ္တယ္လုိ႔ ရဲတပ္ဖြဲ႕ရဲထုတ္ျပန္ခ်က္မွ သိရပါတယ္။ သူတုိ႔တစ္ေတြဟာ တံဆိပ္အတုကပ္ထားတဲ့ အရက္ေတြကို ေစ်းခ်ိဳခ်ိဳနဲ႔ ေသာက္သုံးခဲ့မိရာက အဆိပ္သင့္ ေသဆုံးခဲ့တာပါ။

    အရက္အတုေၾကာင့္ အဆိပ္သင့္ေနတဲ့ ေနာက္ထပ္ ျမန္မာလူမ်ိဳး(၇)ဦးကေတာ့ Penang Hospital ေဆး႐ုံမွာ ေဆးကုသမႈခံယူေနရတယ္လုိ႔ သိရပါတယ္။ သူတုိ႔ေသာက္တဲ့ အရက္တုေတြထဲမွာ ပါဝင္ေလ့ရွိတဲ့ ethanol ဓာတ္ေပါင္းအစား၊ methanol ေတြ ပါဝင္ေနတာကလည္း အေတာ္ေၾကာက္စရာ ေကာင္းတယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ ေရာင္းခ်ေနတဲ့ ဆုိင္ေတြကုိ စစ္ေဆးတာမ်ိဴးေတာ့ ရဲတပ္ဖြဲ႕က မျပဳလုပ္ေသးပါဘူး။
    လင္းေဇာ္ကို (D Khit Media)
    source : worldofbuzz.com

    ယူနီကုဒ်ဖြင့် ဖတ်ရန်-

    မလေးရှားနိုင်ငံ၊ ပန်နန်မှာ နာမည်ကြီးတံဆိပ်တွေကို အတုပြုလုပ်ထားတဲ့ အရက်အတုတွေကို သောက်သုံးမိလို့ အမျိုးသား(၆)ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဝင်ငွေအများကြီးမတက်နိုင်တဲ့ ဆင်းရဲသားလုပ်သားပြည်သူတွေကြားမှာ အရက်အတုက အလွန် ဝင်ဆန့်နေပါတယ်။



    အခုလည်း အရက်အတုကို သောက်သုံးခဲ့တဲ့ အမျိုးသား(၆)ဦးမှာ သူတို့ဝယ်ယူခဲ့တဲ့အရက်တွေကို တကယ့် အမှန်အကန်တံဆိပ်နဲ့ ရောင်းချနေတာလို့ အထင်ရှိခဲ့ပုံရပါတယ်။ မလေးရှားမှာ အရက်အတု ဖမ်းဆီးရေးစီမံချက်တွေဟာ တဖြည်းဖြည်း အရှိန်မြင့် လုပ်ဆောင်နေပေမယ့် မပျောက်ကွယ်သေးပါဘူး။

    အခုခေတ်မှာ တိုးတက်လာတဲ့ နည်းပညာတွေအရ အတုအစစ်ဆိုတာ ခွဲခြားဖို့ အတော်လေးခက်ခဲနေပြီး၊ အတုထုတ်လုပ်သူတွေကလည်း မိမိတို့ကုန်ပစ္စည်း ရောင်းချရရေးကိုသာ ဦးစားပေး လုပ်ဆောင်ခဲ့တာဖြစ်သလို၊ အရက်ထဲမှာ အဆိပ်အတောက်ပါဝင်မှုတွေကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။

    အခု သေဆုံးသူ (၆)ဦးမှာ တစ်ဦးက အိန္ဒိယနိုင်ငံသား၊ နှစ်ဦးက မလေးရှားနိုင်ငံသား၊ (၃)ဦးက မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲထုတ်ပြန်ချက်မှ သိရပါတယ်။ သူတို့တစ်တွေဟာ တံဆိပ်အတုကပ်ထားတဲ့ အရက်တွေကို စျေးချိုချိုနဲ့ သောက်သုံးခဲ့မိရာက အဆိပ်သင့် သေဆုံးခဲ့တာပါ။

    အရက်အတုကြောင့် အဆိပ်သင့်နေတဲ့ နောက်ထပ် မြန်မာလူမျိုး(၇)ဦးကတော့ Penang Hospital ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ သူတို့သောက်တဲ့ အရက်တုတွေထဲမှာ ပါဝင်လေ့ရှိတဲ့ ethanol ဓာတ်ပေါင်းအစား၊ methanol တွေ ပါဝင်နေတာကလည်း အတော်ကြောက်စရာ ကောင်းတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရောင်းချနေတဲ့ ဆိုင်တွေကို စစ်ဆေးတာမျိူးတော့ ရဲတပ်ဖွဲ့က မပြုလုပ်သေးပါဘူး။

    လင်းဇော်ကို (D Khit Media)
    source : worldofbuzz.com
    Read More
    By သတင္းစံုေပ်ာ္၀င္အိုးၾကီး at June 17, 2019 No comments:
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: People

    Sunday, June 9, 2019

    ဒီေန႔ကုသိုလ္ေလးပါ

    By သတင္းစံုေပ်ာ္၀င္အိုးၾကီး June 09, 2019 letter, People

    8.6.19
    ဒီေန႔ကုသိုလ္ေလးပါ
    ၂ ရက္ရွိၿပီဘုရားအေရွ႕မုဒ္နားကလမ္းေဘးမွာ အိပ္ေန
    တာေတြ႕ရၿပီး ပစၥည္းအထုပ္အပိုးေတြနဲ႔ ညက မနန္း
    အလုပ္သိမ္းျပန္ခါနီး မေနနိုင္ေတာ့ သြားေမးတဲ့အခါ
    ပအို႔လူမ်ိဳးျဖစ္ၿပီး ကေလးတေယာက္နဲ႔အိမ္ျပန္ခ်င္
    တယ္ လမ္းစရိတ္မရွိလို႔ ေျပာျပတယ္ ။

    မနန္းက "အိမ္ဘယ္မွာလဲ" ေမးေတာ့ " ေတာင္ႀကီး
    အေက်ာ္ ႐ြာေလးမွာတဲ့ ေတာင္ႀကီးေရာက္ရင္ရၿပီ" တဲ့
    "ဒီည အဲ့နားက ဓမၼာရုံမွာလိုက္အိပ္မလား" ေမးေတာ့
    "ရပါတယ္တဲ့ ဒီမွာပဲအိပ္မယ္" ဆိုလို႔ မနန္း ညက ဒီ
    တိုင္းျပန္ခဲ့ၿပီး ဒီမနက္ ထပ္သြားၾကည့္ေတာ့ စိတ္မ

    ေကာင္းဘူး မိခင္စိတ္အျပည့္ေတာ့ရွိရွာတယ္ သူ႔သား
    ေလးကို သူ႔ကိုယ္ေပၚမွာတင္ၿပီးအိပ္ေပ်ာ္ေနတာ ေတြ႕
    ရတယ္။ မနန္း သူတို႔ကို နိုးၿပီး ေတာင္ႀကီးအေရာက္
    ဘယ္ေလာက္လိုလဲေမးေတာ့ ကားခက ၂ ေယာက္
    25000/-ဖိုးနဲ႔ အခု ေအာင္မဂၤလာကားဂိတ္အသြားနဲ႔
    စားစရိတ္အပါ 50000/- ေပးလိုက္ပါတယ္။

    ဘုရားမွာဂိတ္ထိုးထားတဲ့ Taxi ကိုလွမ္းေခၚၿပီးေတာင္
    ႀကီးကားဂိတ္တခုခုကိုပို႔ေပးပါရန္ ဌားေပးၿပီးျပန္ခိုင္း
    လိုက္ပါတယ္။ ေအာ္ ဘဝ ... ဘဝ ... ဘဝ ...
    လူတိုင္း ဒုကၡအေမာေတြေျပၿပီး အစစအဆင္ေျပၾကပါေစ
    Nan Mwe












    Read More
    By သတင္းစံုေပ်ာ္၀င္အိုးၾကီး at June 09, 2019 No comments:
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: letter, People

    Thursday, May 23, 2019

    ေႏြေခါင္ေခါင္ေနပူႀကီးထဲမွာ ဇရစ္ဖူးေရာင္းျပီး ေက်ာင္းစားရိတ္ရွာေနတဲ႔ သမီးေလး

    By သတင္းစံုေပ်ာ္၀င္အိုးၾကီး May 23, 2019 Education, letter, People

    ေႏြေခါင္ေခါင္ေနပူႀကီးထဲမွာ ဇရစ္ဖူးေရာင္းျပီး ေက်ာင္းစားရိတ္ရွာေနတဲ႔ သမီးေလး

    ဒီေန႔ေက်းလက္က သမီငယ္တစ္ေယာက္ ေတာထဲကဇရစ္ဖူး ခ်ိဳးၿပီးလိုက္ေရာင္းေနတာေတြ႕လို႔ဝယ္ၿပီးအားေပးလိုက္တယ္။စကားစပ္မိလို႔သူ႔ဘဝေမး ၾကည့္လိုက္မွ အာဂ ကေလးမွန္းသိလိုက္ရတယ္။သူဒီႏွစ္ေလးတန္းေအာင္လို႔ ဟိုဘက္ရြာအထက္တန္းေက်ာင္းသြားတက္ရမွာတဲ့ေက်ာင္းတက္ရင္လိုမဲ့ ေက်ာင္းစရိတ္ကိုရွာေနတာတဲ့
    သူ႔စကားမဆံုးခင္ ကၽြန္ေတာ့္ရင္စို႔ႏွစ္ေလၿပီ ပညာလိုခ်င္ရွာေသာကေလး ကိုယ့္အားကိုယ္ကိုးတတ္ေသာကေလး။ သု႔ဘန္းထဲကဇရစ္ရိုး ကၽြန္ေတာ္အကုန္ဝယ္လိုက္တယ္သူဘန္းေလးပိုက္ၿပီးထြက္သြားေတာ့ သူ႔ေက်ာျပင္ကိုေငးၾကည့္ရင္းရင္ထဲမွာေတာ့ အေတြးမ်ားစြာ။

    သူေလးရဲ႕ ကိုယ့္အားကိုယ္ကိုးၿပီးရိုးသားႀကိဳးစားတဲ့စိတ္ေလးကို ျမတ္ႏိုးလို႔ ေနာက္တစ္ပတ္ကၽြန္းျခံသြားေတာ့အဲ့ရြာက သူ႔အိမ္ကိုသြားၿပီး ေက်ာပိုးအိတ္ရယ္ ေဘာပင္ခဲတံ ေပတံ ကြန္ဘာဘူး စာအုပ္ေတြ သြားပို႔လိုက္ပါတယ္။

    Mya Winn
    Credit MaharMediaNews

    Unicode Version

    နွေခေါင်ခေါင်နေပူကြီးထဲမှာ ဇရစ်ဖူးရောင်းပြီး ကျောင်းစားရိတ်ရှာနေတဲ့ သမီးလေး

    ဒီနေ့ကျေးလက်က သမီငယ်တစ်ယောက် တောထဲကဇရစ်ဖူး ချိုးပြီးလိုက်ရောင်းနေတာတွေ့လို့ဝယ်ပြီးအားပေးလိုက်တယ်။စကားစပ်မိလို့သူ့ဘဝမေး ကြည့်လိုက်မှ အာဂ ကလေးမှန်းသိလိုက်ရတယ်။သူဒီနှစ်လေးတန်းအောင်လို့ ဟိုဘက်ရွာအထက်တန်းကျောင်းသွားတက်ရမှာတဲ့ကျောင်းတက်ရင်လိုမဲ့ ကျောင်းစရိတ်ကိုရှာနေတာတဲ့



    သူ့စကားမဆုံးခင် ကျွန်တော့်ရင်စို့နှစ်လေပြီ ပညာလိုချင်ရှာသောကလေး ကိုယ့်အားကိုယ်ကိုးတတ်သောကလေး။ သု့ဘန်းထဲကဇရစ်ရိုး ကျွန်တော်အကုန်ဝယ်လိုက်တယ်သူဘန်းလေးပိုက်ပြီးထွက်သွားတော့ သူ့ကျောပြင်ကိုငေးကြည့်ရင်းရင်ထဲမှာတော့ အတွေးများစွာ။

    သူလေးရဲ့ ကိုယ့်အားကိုယ်ကိုးပြီးရိုးသားကြိုးစားတဲ့စိတ်လေးကို မြတ်နိုးလို့ နောက်တစ်ပတ်ကျွန်းခြံသွားတော့အဲ့ရွာက သူ့အိမ်ကိုသွားပြီး ကျောပိုးအိတ်ရယ် ဘောပင်ခဲတံ ပေတံ ကွန်ဘာဘူး စာအုပ်တွေ သွားပို့လိုက်ပါတယ်။

    Mya Winn
    Credit MaharMediaNews
    Read More
    By သတင္းစံုေပ်ာ္၀င္အိုးၾကီး at May 23, 2019 No comments:
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: Education, letter, People

    Wednesday, May 15, 2019

    Born Flyer ေလယာဥ္ေမာင္းတဖက္ကမ္းခတ္ ပါရမီရွင္ ျမန္မာပုိင္းေလာ့တဦးရဲ႕ သမိုင္းဝင္ ျဖစ္ရပ္

    By သတင္းစံုေပ်ာ္၀င္အိုးၾကီး May 15, 2019 letter, People

    ကၽြန္ေတာ္တို႔ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမျဖစ္မီ ျမန္မာ့ေလေၾကာင္းေခတ္ ကၽြန္ေတာ္ Fokker-27 (ယခုျပည္သူ႔ဥယ်ာဥ္ထဲကေလယာဥ္) Copilot ဘဝက ေလယာဥ္ဘီးခ်မရတဲ့ အလားတူ Case မ်ိဳး ေပၚေပါက္ခဲ့ဖူးပါတယ္

    Captain က ကၽြန္ေတာ့္ဆရာ Capt. Soe Han (San Hoe) Copilot က ဦးတင့္ေဆြ… ရန္ကုန္ကေန တာခ်ီလိတ္အသြား ဆင္းခါနီး ဘီးခ်ေတာ့ Nose Wheel ေရွ႕ဘီးမက်ဘူး

    ခရီးသည္ ၄၃ ေယာက္… ေမွာင္ခိုေခတ္ဆိုေတာ့ Weight ကအျပည့္ထက္ လွ်ံေနတယ္ေပါ့… ေလယာဥ္ကေတာ္ေတာ္စုတ္ေနပီ ( Landing တခါဆင္းၿပီးရင္ ဆင္းမစစ္ဘဲ ေနာက္ခရီးစဥ္သြားဖို႔ ခရီးသည္ထပ္မေခၚရဲဘူး)

    ဒီေနရာမွာ ဆရာ့အေၾကာင္းေျပာျပရရင္ အင္မတန္သေဘာေကာင္းၿပီး တေခတ္မွာတေယာက္ဆိုသလို Born Flyer ေလယာဥ္ေမာင္းတဖက္ကမ္းခတ္ ပါရမီရွင္ပါ… ေပ်ာ္ေပ်ာ္ေနတတ္ၿပီး တပည့္ေတြအေပၚ သူငယ္ခ်င္းေပါင္း ေပါင္းတတ္သူပါ

    ထံုးစံအတိုင္း Procedure အရ လုပ္ေပမယ့္ ဘီးမက်ဘူးေပါ့… တာခ်ီလိတ္ဟာ ေတာင္ၾကားအရပ္မို႔ ဝိတ္အျပည့္နဲ႔ ေတာ္ေတာ္ဂ႐ုစိုက္ေမာင္းရပါတယ္… ေလယာဥ္ပ်က္က်ခဲ့ဖူးတဲ့ သာဓကလည္းရွိပါတယ္… ဒါေၾကာင့္ 2g turn (45 degrees steep turn) ဆြဲၿပီး ကမာၻ႕ဆြဲအားနဲ႔ ဘီးခ်ဖို႔ အခြင့္အေရးမရခဲ့ပါဘူး

    အဲေတာ့ ေသြးေအးလွတဲ့ ဆရာက ေလယာဥ္ကို ေနာက္ဘီးႏွစ္ဘက္နဲ႔ ေျပးလမ္းကို ေဆာင့္ခ်တယ္… ေခါင္းကိုမခ်ဘဲ ဆြဲေမာ့ထားတယ္… ေရွ႕ဘီးက်သြားမသြား ေစာင့္ၾကည့္လိုက္ေသးတယ္… မက်ဘူးဆိုေတာ့မွ ေလယာဥ္ power ထိုးၿပီး အသာေလးျပန္တက္သြားတယ္ဗ်ာ… တခါမဟုတ္ဘူးေနာ္ ၂ခါတိတိလုပ္သြားတာ


    ကၽြန္ေတာ္အေတြ႕အၾကံဳအရ ေလယာဥ္တစီးကို ေနာက္ဘီးနဲ႔ ျဖဳတ္ခ်ၿပီး ေရွ႕ဘီးမထိေစဘဲ ျပန္တက္သြားဖို႔ဆိုတာ ေတာ္ရံုစေကးနဲ႔ မလုပ္ရဲသလို ပ်ံသန္းခ်ိန္ေသာင္းခ်ီေနၿပီး လုပ္သက္ ၂၂ ႏွစ္ရွိတဲ့ ကၽြန္ေတာ္တို႔ေတာင္ အလြန္ဂ႐ုစိုက္ၿပီး လုပ္ရမွာပါ

    စကားဆက္ရရင္ ဘီးမက်ေတာ့ မဆင္းဘူးဗ်… ခပ္တည္တည္နဲ႔ မႏၲေလးကို ေမာင္းခ်သြားတယ္… ေလထဲမွာဝဲၿပီး ေသခ်ာေအာင္ 2G(gravity) turn ဆြဲတယ္… ေရွ႕ဘီးက်ခ်င္လာတဲ့ လကၡဏာေတြေတြ႕လာရတယ္… ၿပီးေတာ့ မႏၲေလးေျပးလမ္းကို ေနာက္တခါ ေနာက္ဘီးနဲ႔ထပ္ဆင္းၿပီး ၾကည့္လိုက္ေသးတယ္

    ဒုေလယာဥ္မွဴးကေမးတယ္ “ကိုစိုးဟန္ ဆင္းမရရင္ ခင္ဗ်ားဘာလုပ္မွာလဲ?”တဲ့… ဆရာက ရီက်ဲက်ဲနဲ႔ မထီတရီေျပာလိုက္တယ္ “ခါးပတ္သာပတ္ထား ဘာမွမျဖစ္ဘူး ရြာကလယ္မွာ ထယ္ထိုးသလိုသေဘာထား သူ႔ဟာသူရပ္သြားလိမ့္မယ္ မေသႏိုင္ဘူး”တဲ့ေလ

    ေနာက္ဆံုးတႀကိမ္ ဆရာထပ္ဆင္းလာတယ္… ေရွ႕ကႀကိဳးစားခဲ့တဲ့ လုပ္ရပ္ေတြေၾကာင့္ ေနာက္ဘီးနဲ႔ဆင္းအၿပီးမွာ ေရွ႕ဘီးဟာ ဆတ္ကနဲက်ၿပီး Lock ျဖစ္သြားတယ္… ေတြေဝမေနဘဲ အသာေလးေခါင္းခ်ၿပီးဆင္းသြားတယ္ေလ

    အက်ိဳးဆက္က ခရီးသည္ေတြအကုန္ ထိခိုက္မႈဘာမွမရွိတဲ့အျပင္ ေလယာဥ္ပ်က္က်လို႔ မီးေလာင္ရင္(အဲဒီေခတ္က မီးသတ္မျပည့္စံုပါ) ဆံုးရံႈးမယ့္ေဘးက ကာကြယ္ႏိုင္ခဲ့တယ္… ေလယာဥ္လဲ ပ်က္စီးမႈတစံုတရာ မရွိခဲ့ပါ

    ဒါေတြဟာ ဒ႑ာရီမဟုတ္ခဲ့သလို အခုျဖစ္ခဲ့တဲ့ Embraer ေလယာဥ္မွာ ဆရာဟာ သက္ရွိထင္ရွား ေလယာဥ္ေမာင္းေနဆဲပါ… အခုေခတ္လို မီဒီယာေတြမဖြံ႕ၿဖိဳးခဲ့ေသးလို႔ ခ်ီးက်ဴးခံရဖို႔ေနေနသာသာ အသိအမွတ္ေတာင္ ျပဳမခံခဲ့ရပါဘူး

    ဒီလိုေရးရျခင္းဟာ အခုလို မ်ိဳးဆက္သစ္ေတြကို ဂုဏ္ျပဳေနခ်ိန္မွာ ဆရာ့ကို အားနာလြန္းလို႔ ျဖစ္သလို ျမန္မာ့ေလေၾကာင္းသမိုင္းဝင္ ျဖစ္ရပ္တခုကို ဂုဏ္ယူစြာမွတ္တမ္းတင္ရျခင္း ျဖစ္ပါတယ္ခင္ဗ်ာ

    Ps. အခ်ိန္ရရင္ အလားတူျဖစ္စဥ္ေတြ မွတ္တမ္းတင္ပါအံုးမည္

    ခ်စ္ျခင္းအားျဖင့္
    ေအာင္ပို
    ၁၄-၅-၂၀၁၉

    #Unicode Version#
    ကျွန်တော်တို့ မြန်မာအမျိုးသားလေကြောင်းလိုင်းမဖြစ်မီ မြန်မာ့လေကြောင်းခေတ် ကျွန်တော် Fokker-27 (ယခုပြည်သူ့ဥယျာဉ်ထဲကလေယာဉ်) Copilot ဘဝက လေယာဉ်ဘီးချမရတဲ့ အလားတူ Case မျိုး ပေါ်ပေါက်ခဲ့ဖူးပါတယ်

    Captain က ကျွန်တော့်ဆရာ Capt. Soe Han (San Hoe) Copilot က ဦးတင့်ဆွေ… ရန်ကုန်ကနေ တာချီလိတ်အသွား ဆင်းခါနီး ဘီးချတော့ Nose Wheel ရှေ့ဘီးမကျဘူး

    ခရီးသည် ၄၃ ယောက်… မှောင်ခိုခေတ်ဆိုတော့ Weight ကအပြည့်ထက် လျှံနေတယ်ပေါ့… လေယာဉ်ကတော်တော်စုတ်နေပီ ( Landing တခါဆင်းပြီးရင် ဆင်းမစစ်ဘဲ နောက်ခရီးစဉ်သွားဖို့ ခရီးသည်ထပ်မခေါ်ရဲဘူး)

    ဒီနေရာမှာ ဆရာ့အကြောင်းပြောပြရရင် အင်မတန်သဘောကောင်းပြီး တခေတ်မှာတယောက်ဆိုသလို Born Flyer လေယာဉ်မောင်းတဖက်ကမ်းခတ် ပါရမီရှင်ပါ… ပျော်ပျော်နေတတ်ပြီး တပည့်တွေအပေါ် သူငယ်ချင်းပေါင်း ပေါင်းတတ်သူပါ

    ထုံးစံအတိုင်း Procedure အရ လုပ်ပေမယ့် ဘီးမကျဘူးပေါ့… တာချီလိတ်ဟာ တောင်ကြားအရပ်မို့ ဝိတ်အပြည့်နဲ့ တော်တော်ဂရုစိုက်မောင်းရပါတယ်… လေယာဉ်ပျက်ကျခဲ့ဖူးတဲ့ သာဓကလည်းရှိပါတယ်… ဒါကြောင့် 2g turn (45 degrees steep turn) ဆွဲပြီး ကမ္ဘာ့ဆွဲအားနဲ့ ဘီးချဖို့ အခွင့်အရေးမရခဲ့ပါဘူး

    အဲတော့ သွေးအေးလှတဲ့ ဆရာက လေယာဉ်ကို နောက်ဘီးနှစ်ဘက်နဲ့ ပြေးလမ်းကို ဆောင့်ချတယ်… ခေါင်းကိုမချဘဲ ဆွဲမော့ထားတယ်… ရှေ့ဘီးကျသွားမသွား စောင့်ကြည့်လိုက်သေးတယ်… မကျဘူးဆိုတော့မှ လေယာဉ် power ထိုးပြီး အသာလေးပြန်တက်သွားတယ်ဗျာ… တခါမဟုတ်ဘူးနော် ၂ခါတိတိလုပ်သွားတာ

    ကျွန်တော်အတွေ့အကြုံအရ လေယာဉ်တစီးကို နောက်ဘီးနဲ့ ဖြုတ်ချပြီး ရှေ့ဘီးမထိစေဘဲ ပြန်တက်သွားဖို့ဆိုတာ တော်ရုံစကေးနဲ့ မလုပ်ရဲသလို ပျံသန်းချိန်သောင်းချီနေပြီး လုပ်သက် ၂၂ နှစ်ရှိတဲ့ ကျွန်တော်တို့တောင် အလွန်ဂရုစိုက်ပြီး လုပ်ရမှာပါ

    စကားဆက်ရရင် ဘီးမကျတော့ မဆင်းဘူးဗျ… ခပ်တည်တည်နဲ့ မန္တလေးကို မောင်းချသွားတယ်… လေထဲမှာဝဲပြီး သေချာအောင် 2G(gravity) turn ဆွဲတယ်… ရှေ့ဘီးကျချင်လာတဲ့ လက္ခဏာတွေတွေ့လာရတယ်… ပြီးတော့ မန္တလေးပြေးလမ်းကို နောက်တခါ နောက်ဘီးနဲ့ထပ်ဆင်းပြီး ကြည့်လိုက်သေးတယ်

    ဒုလေယာဉ်မှူးကမေးတယ် “ကိုစိုးဟန် ဆင်းမရရင် ခင်ဗျားဘာလုပ်မှာလဲ?”တဲ့… ဆရာက ရီကျဲကျဲနဲ့ မထီတရီပြောလိုက်တယ် “ခါးပတ်သာပတ်ထား ဘာမှမဖြစ်ဘူး ရွာကလယ်မှာ ထယ်ထိုးသလိုသဘောထား သူ့ဟာသူရပ်သွားလိမ့်မယ် မသေနိုင်ဘူး”တဲ့လေ

    နောက်ဆုံးတကြိမ် ဆရာထပ်ဆင်းလာတယ်… ရှေ့ကကြိုးစားခဲ့တဲ့ လုပ်ရပ်တွေကြောင့် နောက်ဘီးနဲ့ဆင်းအပြီးမှာ ရှေ့ဘီးဟာ ဆတ်ကနဲကျပြီး Lock ဖြစ်သွားတယ်… တွေဝေမနေဘဲ အသာလေးခေါင်းချပြီးဆင်းသွားတယ်လေ

    အကျိုးဆက်က ခရီးသည်တွေအကုန် ထိခိုက်မှုဘာမှမရှိတဲ့အပြင် လေယာဉ်ပျက်ကျလို့ မီးလောင်ရင်(အဲဒီခေတ်က မီးသတ်မပြည့်စုံပါ) ဆုံးရှုံးမယ့်ဘေးက ကာကွယ်နိုင်ခဲ့တယ်… လေယာဉ်လဲ ပျက်စီးမှုတစုံတရာ မရှိခဲ့ပါ

    ဒါတွေဟာ ဒဏ္ဍာရီမဟုတ်ခဲ့သလို အခုဖြစ်ခဲ့တဲ့ Embraer လေယာဉ်မှာ ဆရာဟာ သက်ရှိထင်ရှား လေယာဉ်မောင်းနေဆဲပါ… အခုခေတ်လို မီဒီယာတွေမဖွံ့ဖြိုးခဲ့သေးလို့ ချီးကျူးခံရဖို့နေနေသာသာ အသိအမှတ်တောင် ပြုမခံခဲ့ရပါဘူး

    ဒီလိုရေးရခြင်းဟာ အခုလို မျိုးဆက်သစ်တွေကို ဂုဏ်ပြုနေချိန်မှာ ဆရာ့ကို အားနာလွန်းလို့ ဖြစ်သလို မြန်မာ့လေကြောင်းသမိုင်းဝင် ဖြစ်ရပ်တခုကို ဂုဏ်ယူစွာမှတ်တမ်းတင်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ

    Ps. အချိန်ရရင် အလားတူဖြစ်စဉ်တွေ မှတ်တမ်းတင်ပါအုံးမည်

    ချစ်ခြင်းအားဖြင့်
    အောင်ပို
    ၁၄-၅-၂၀၁၉
    Read More
    By သတင္းစံုေပ်ာ္၀င္အိုးၾကီး at May 15, 2019 No comments:
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: letter, People

    Tuesday, February 19, 2019

    အကျဖင့္ ရိုးသားစြာ ဝမ္းစာရွာတဲ့ လိႈင္သာယာသူ(မႏွင္းဆီ)

    By သတင္းစံုေပ်ာ္၀င္အိုးၾကီး February 19, 2019 dance, People

    အကျဖင့္ ဝမ္းစာရွာတဲ့ လိႈင္သာယာသူ(မႏွင္းဆီ)
    မုနိၿမီ၊ ေဖေဖာ္ဝါရီ ၁၈
    ဂုဏ္သိကၡာရွိရွိ မိမိ၏ တတ္ကၽြမ္းေသာ အကျဖင့္ ဝမ္းစာရွာသူ တစ္ဦးဟု လိႈင္သာယာၿမိဳ႕၌ နာမည္ ႀကီးလာေသာ လိႈင္သာယာသူ တစ္ဦးပင္ ျဖစ္တယ္။
    အမည္အရင္းကေတာ့ မာသူရိ(ဟိႏၵဴ/ဗုဒၶဘာသာ)ျဖင့္ ေတးသီးခ်င္းတစ္ပုဒ္လၽွင္ ေငြ၁၀၀၀က်ပ္ အမ်ားေပ်ာ္ရႊင္ေအာင္ကျပ ေဖ်ာ္ေျဖ၍ လင္ေယာက်္ားႏွင့္အတူ ရိုးသားစြာ သားသမီး ၅ဦးကို ရွာဖြယ္ေကၽြးေမြးရင္း ဝမ္းစာရွာတဲ့ လိႈင္သာယာၿမိဳ႕၏ ေလးစားဂုဏ္ယူစရာ ေကာင္းေသာ မိခင္ေကာင္း တစ္ဦးပင္ ျဖစ္သည္။
    အႏုပညာအမည္ မႏွင္းဆီျဖစ္ၿပီး လိႈင္သာယာၿမိဳ႕တြင္ ရိုးသားစြာ ရွာဖြယ္လုပ္ကိုင္ေနေသာ အသက္ ၅၀ႏွစ္ခန္႔ လိႈင္သာယာၿမိဳ႕၏ စံျပရိုးသားျဖဴစင္သူ တစ္ဦးပင္ ျဖစ္သည္။
    သာခိုင္(မုနိၿမီ)
    Video - Oo Naing Win
    Read More
    By သတင္းစံုေပ်ာ္၀င္အိုးၾကီး at February 19, 2019 No comments:
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: dance, People

    ကေလးအသက္တစ္ေခ်ာင္း ေဆးအလုံး၆၀ လိုေငြဆယ္သိန္း

    By သတင္းစံုေပ်ာ္၀င္အိုးၾကီး February 19, 2019 health, People

    ကေလးအသက္တစ္ေခ်ာင္း ေဆးအလုံး၆၀ လိုေငြဆယ္သိန္း
    သားေလးနာမည္ကေနၿဖိဳးေအာင္ အသက္က၇ႏွစ္ပဲရွိပါေသးတယ္။
    သားေလးကဦးေႏွာက္အသားေရာင္ေရာဂါေၾကာင့္မႏၲေလးကုတင္၅၅၀၊ကေလးေဆး႐ုံဖ်ားနာေဆာင္၂/ကမွာကုသေနရပါတယ္။
    သားေလးအသက္ကိုအခ်ိန္မွီကယ္တင္ရန္ Acyclovir 250mgေဆးတစ္ေန႔ကို၆လုံးနဲ႔၂၁ရက္ထိုးရပါမယ္။
    ေဆး႐ုံကေတာ့ရွိတဲ့ေဆးတစ္ရက္စာကိုအခမဲ့ထိုးေပးထားပါသည္။
    ဒါေၾကာင့္က်န္တဲ့ရက္၂၀အတြက္ေဆး၁၂၀လုံးလိုအပ္ေနပါတယ္။
    ေဆးတစ္လုံးကို၈၆၀၀က်ပ္ဆိုေတာ့ စုစုေပါင္းဆယ္သိန္းသုံးေသာင္းႏွစ္ေထာင္က်ပ္လိုအပ္ေနပါတယ္။
    အဖြားျဖစ္သူမွာလဲမတတ္ႏိုင္တာေၾကာင့္သားေလးအသက္ကယ္ႏိုင္ရန္ကူညီေပးၾကပါဦးဗ်ာ 😞 😞
    ONE TO ONE ျပည္သူ႔ကူညီေရး
    ကိုဝမ္း ဖုန္း ၀၉၄၄၄၆၆၆၅၈၆ မႏၲေလးၿမိဳ႕
    unicode

    ကလေးအသက်တစ်ချောင်း ဆေးအလုံး၆၀ လိုငွေဆယ်သိန်း
    သားလေးနာမည်ကနေဖြိုးအောင် အသက်ကရနှစ်ပဲရှိပါသေးတယ်။
    သားလေးကဦးနှောက်အသားရောင်ရောဂါကြောင့်မန္တလေးကုတင်၅၅၀၊ကလေးဆေးရုံဖျားနာဆောင်၂/ကမှာကုသနေရပါတယ်။
    သားလေးအသက်ကိုအချိန်မှီကယ်တင်ရန် Acyclovir 250mgဆေးတစ်နေ့ကို၆လုံးနဲ့၂၁ရက်ထိုးရပါမယ်။
    ဆေးရုံကတော့ရှိတဲ့ဆေးတစ်ရက်စာကိုအခမဲ့ထိုးပေးထားပါသည်။

    ဒါကြောင့်ကျန်တဲ့ရက်၂ဝအတွက်ဆေး၁၂ဝလုံးလိုအပ်နေပါတယ်။

    ဆေးတစ်လုံးကို၈၆ဝဝကျပ်ဆိုတော့ စုစုပေါင်းဆယ်သိန်းသုံးသောင်းနှစ်ထောင်ကျပ်လိုအပ်နေပါတယ်။

    အဖွားဖြစ်သူမှာလဲမတတ်နိုင်တာကြောင့်သားလေးအသက်ကယ်နိုင်ရန်ကူညီပေးကြပါဦးဗျာ 😞 😞

    ONE TO ONE ပြည်သူ့ကူညီရေး

    ကိုဝမ်း ဖုန်း ၀၉၄၄၄၆၆၆၅၈၆ မန္တလေးမြို့
    Read More
    By သတင္းစံုေပ်ာ္၀င္အိုးၾကီး at February 19, 2019 No comments:
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: health, People

    Tuesday, January 29, 2019

    စစ္သားေဟာင္းႀကီးရဲ့ ဘ၀...

    By သတင္းစံုေပ်ာ္၀င္အိုးၾကီး January 29, 2019 Burmese Army, People

    ဒီေန႔ေန႔လည္အလံုက King လဘက္ရည္ဆိုင္မွာ
    ေန႔လည္စာစားေနစဥ္စစ္ဝတ္စံုအေဟာင္းေလးကိုဝတ္ထားတဲ့
    အသက္[၇၀]ပတ္ဝန္းက်င္ အဘတေယာက္
    စာအုပ္ေလးေတြကိုကိုင္ရင္းမဝံ့မရဲခ်ည္းကပ္လာပါတယ္.
    သူေနမေကာင္းျဖစ္ေနလို႔ေဆးခန္းျပစရာ
    ေငြလိုေနလို႔ စာအုပ္ေလးေတြလာေရာင္းတာပါ
    ပထမေတာ့လိမ္ေနတာမ်ားလားထင္ၿပီး ျငင္းလိုက္မိပါတယ္




    ကြ်န္ေတာ္တို႔စားပြဲက စာအုပ္တအုပ္မွမဝယ္ေတာ့
    ေထာ့နဲ႔ ေထာ့နဲ႔နဲ႔ ေနာက္တဝိုင္း၊ ၿပီးတာ့ေနာက္တဝိုင္းကိုသြား ၊ခခယယေျပာၿပီး
    စာအုပ္ေလးေတြေရာင္းေနတာေတြ႕ရေတာ့
    "သူတကယ္ဒုကၡေရာက္ေနတာပါလား"လို႔ေတြးမိၿပီး
    ေတာ္ေတာ္သနားသြားတာနဲဲ့အဲဒီအဘကိုလွမ္းေခၚၿပီး
    ငါးေထာင္တန္တရြက္ထုတ္ေပးၿပီး"အဘဆီက စာအုပ္ဝယ္မယ္ေနာ္"ဆိုၿပီး
    အေပၚဆံုးက ဘုရားစာအုပ္ခပ္ပါးပါးေလးကိုပဲေရြးပါတယ္
    "အဘကိုကန္ေတာ့တယ္လို႔မွတ္ပါအဘ ဒီစာအုပ္ေလးကိုပဲ ဝယ္မယ္
    ပိုတာျပန္မအမ္းနဲ႔ "လို႔ဆိုေတာ့
    အဘက"ဒီစာအုပ္က ေစ်းေပါပါတယ္
    ေဟာဒီစာအုပ္ယူပါ ေကာင္းလဲေကာင္းတယ္" ဆိုၿပီး
    ေအာက္ဆံုးက ဆရာသန္းဝင္းလႈိင္ရဲ႕ "ရာဇဝင္ထဲက လရာသီ"စာအုပ္ကို
    လွမ္းေပးပါတယ္..
    အဘက်န္းမာေရးအတြက္ ေဆးခန္းျပခ်င္ရင္
    ဇီဝိတဒါနေဆးရုံက လူOPDကိုလာျပႏုိင္ေၾကာင္း၊
    ေငြကုန္ေၾကးက်နည္းနည္းေလးနဲ႔ ဆရာဝန္ေတြက
    ဇီဝိတဒါနၾကည့္ေပးေနေၾကာင္းေဆးစစ္တာေတြလုပ္ေပးေနေၾကာင္း
    ကြ်န္ေတာ့ဆီလာေတြ႕ရင္ လိုက္ကူညီေပးမယ္ဆိုတဲ့
    အေၾကာင္း"ေျပာျပခဲ့ပါတယ္..
    ကြ်န္ေတာ္တို႔ကို ဆုေတြေပးၿပီးတျခားစားပြဲေတြဆီ
    က်န္တဲ့စာအုပ္ေလးေတြေရာင္းဖို႔တေရြ႕ေရြ႕သြားေနတဲ့ စစ္သားအိုႀကီးရဲ႕
    ေက်ာျပင္ကို ေငးၾကည့္ရင္း..
    ▪▪စစ္ဗိုလ္ခ်ဳပ္ႀကီးေတြကေတာ့အၿငိမ္းစားယူခ်ိန္ တိုက္ေတြ၊ကားေတြ၊ေျမကြက္ေတြ၊
    ကုမၸဏီႀကီးေတြ ၊ပင္စင္လစာ အမ်ားႀကီးနဲ႔စည္းစိမ္အျပည့္ရေနခ်ိန္
    စစ္သားေဟာင္းႀကီးေတြကေတာ့ဘဝေတြ ကစုတ္ျပတ္သတ္ၿပီး
    စာအုပ္ေလးေတြလိုက္ေရာင္းေနၾကရ၊ ေဆးေတာင္မကုႏုိင္ၾကပါလား
    ရင္နာစရာပါလား▪▪ လို႔တရား ေတြ ရေနမိပါေတာ့တယ္.....
     K Maung Maung
    Read More
    By သတင္းစံုေပ်ာ္၀င္အိုးၾကီး at January 29, 2019 No comments:
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: Burmese Army, People

    Monday, January 28, 2019

    အရက္ ရဲ႕ေက်းကြ်န္ဖခင္ႀကီး၊ အရြယ္ မေရာက္ေသးတဲ့ေမာင္ေလး၊ အလုပ္မလုပ္ႏိုင္တဲ့အဖြားနဲ႔တစ္တန္းတက္ေနတဲ့ညီမေလးေတြ တြက္ အရြယ္ နဲ႔ မမွ်ေအာင္ ႐ုန္းကန္ေနရ ရွာတဲ့ သမီးေလး

    By သတင္းစံုေပ်ာ္၀င္အိုးၾကီး January 28, 2019 People

    ဖခင္ကအရက္ရဲ႕ ေက်းကြ်န္ အလုပ္မလုပ္ႏိုင္လို႔ ငယ္ငယ္ရြယ္ရြယ္နဲ႔ကိုယ့္ေက်ာင္းစရိတ္ကိုရွာၿပီး အသက္အရြယ္ႀကီးရင့္ေနတဲ့ အဖြားနဲ႔တစ္တန္းတက္ေနတဲါ အငယ္မေလးကို ကိုယ္တိုင္ရွာေဖြ ေကြ်းေမြးေစာင့္ေရွာက္ေနရွာတဲ့ ငယ္ရြယ္ေပမဲ့အသိႂကြယ္ၿပီးသနားစရာေကာင္းလွတဲ့ သမီးေလး

    ေမာင္နမခ်င္းစာနာရင္ရွဲေပးပါ ေနျပည္ေတာ္ ေရဆင္းရြာမွာေနပါတယ္မိခင္ကဆံုးပါးသြားပါပီဖခင္ကအရက္ေက်းက်ြန္ အလုပ္မလုပ္နုိင္ေတာ့ ဘူး အသက္အရြယ္ျကီးရင့္ေနပီျဖစ္တဲ႕အဖြားအိုနဲ႕ေနတယ္ အရြယ္မေရာက္ေသးတဲ႕ေမာင္ေလးတေယာက္လဲရွိေသးတယ္ စားဝတ္ေနေရးနဲ႕ေက်ာင္းစရိတ္အတြက္ ေက်းရြာထဲမွာ ရရာအလုပ္ကိုလုပ္ကိုင္ပီး ေရဆင္း အ လ က (၁၇) မွာ ေက်ာင္းတက္ေနတယ္ အႀကီးမ က ၄ တန္းအငယ္မ ၁ တန္းတဲ႕ ဘဝကိုခက္ခက္ခဲခဲနဲ႕ရပ္တည္ေနရတယ္ ထားစရာေနရာမရွိေအာင္ေပါမ်ားတဲ႕ေနရာေတြကို လႈဒါန္းေနသလို ဒီလို အမွန္တကယ္ လိုအပ္ေနတဲ႕ေနရာေတြကိုလဲကူညီ ေပးေစခ်င္ပါတယ္။
    ko than hlaing
    #Unicode Version#
    ဖခင်ကအရက်ရဲ့ ကျေးကျွန် အလုပ်မလုပ်နိုင်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ကိုယ့်ကျောင်းစရိတ်ကိုရှာပြီး အသက်အရွယ်ကြီးရင့်နေတဲ့ အဖွားနဲ့တစ်တန်းတက်နေတဲါ အငယ်မလေးကို ကိုယ်တိုင်ရှာဖွေ ကျွေးမွေးစောင့်ရှောက်နေရှာတဲ့ ငယ်ရွယ်ပေမဲ့အသိကြွယ်ပြီးသနားစရာကောင်းလှတဲ့ သမီးလေး

    မောင်နမချင်းစာနာရင်ရှဲပေးပါ နေပြည်တော် ရေဆင်းရွာမှာနေပါတယ်မိခင်ကဆုံးပါးသွားပါပီဖခင်ကအရက်ကျေးကျွန် အလုပ်မလုပ်နိုင်တော့ ဘူး အသက်အရွယ်ကြီးရင့်နေပီဖြစ်တဲ့အဖွားအိုနဲ့နေတယ် အရွယ်မရောက်သေးတဲ့မောင်လေးတယောက်လဲရှိသေးတယ် စားဝတ်နေရေးနဲ့ကျောင်းစရိတ်အတွက် ကျေးရွာထဲမှာ ရရာအလုပ်ကိုလုပ်ကိုင်ပီး ရေဆင်း အ လ က (၁၇) မှာ ကျောင်းတက်နေတယ် အကြီးမ က ၄ တန်းအငယ်မ ၁ တန်းတဲ့ ဘဝကိုခက်ခက်ခဲခဲနဲ့ရပ်တည်နေရတယ် ထားစရာနေရာမရှိအောင်ပေါများတဲ့နေရာတွေကို လှုဒါန်းနေသလို ဒီလို အမှန်တကယ် လိုအပ်နေတဲ့နေရာတွေကိုလဲကူညီ ပေးစေချင်ပါတယ်။
    ko than hlaing
    Read More
    By သတင္းစံုေပ်ာ္၀င္အိုးၾကီး at January 28, 2019 No comments:
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: People

    Sunday, January 20, 2019

    အီရတ္မွာ က်ဆုံးခဲ့တဲ့ ျမန္မာလူမ်ိဳး အေမရိကန္စစ္သား ေဝၿဖိဳးလြင္

    By သတင္းစံုေပ်ာ္၀င္အိုးၾကီး January 20, 2019 letter, People

    အရင္ေရးဖူးၿပီးသားပါ။ ၂၀၀၅ ခုႏွစ္ မတ္လ၂ ရက္ေန႔က အီရတ္စစ္ပြဲမွာ က်ဆုံးခဲ့တဲ့ ျမန္မာႏြယ္ဖြား အေမရိကန္ၾကည္းတပ္က ႐ိုး႐ိုးတပ္သားေဝၿဖိဳးလြင္ပါ။
    အဲဒီေန႔က သူတို႔စီးလာတဲ့ ဟမ္းဗီးယာဥ္မိုင္းထိၿပီး က်ဆုံးခဲ့တာပါ။ သူနဲ႔အတူက်ဆုံးခဲ့တဲ့သူက မြတ္ဆလင္ဘာသာဝင္ အဇာအလီဆိုတဲ့ တပ္သားပါ။
    သူတို႔ဟမ္းဗီးယာဥ္ဟာ ေလဆိပ္နဲ႔ Green Zone ၾကားထဲမွာ အတိုက္ခံလိုက္ရတာပါ။ ႏွစ္ေယာက္စလုံး အသက္ ၂၇ ႏွစ္ရွိၿပီး အိမ္ေထာင္မရွိသူမ်ားျဖစ္ပါတယ္။
    အြန္လိုင္းေပၚမွာသိပ္မေတြ႕ရေပမဲ့ လြန္ခဲ့တဲ့ ၇ ႏွစ္ေလာက္က ဖတ္ခဲ့ဖူးတဲ့Trader Hotel ကထုတ္တဲ့ မဂၢဇင္းတစ္ေစာင္မွာေတာ့ ဂစ္တာႏိုင္ေဇာ္က ေဝၿဖိဳးလြင္အေမနဲ႔ေတြ႕ဆုံေမးျမန္းၿပီး ေဆာင္းပါးျပန္ေရးခဲ့တာရွိပါတယ္။
    ႐ိုး႐ိုးတပ္သားေလးမ်ားသာျဖစ္တဲ့ သူတို႔အေလာင္းေတြကို အေမရိကန္အထိျပန္သယ္လာၿပီး တိုက္ေလယာဥ္ေတြ၊ ရဟတ္ယာဥ္ေတြပါတဲ့ ဂုဏ္ျပဳတပ္ဖြဲ႕န႔ ဗိုလ္ခ်ဳပ္ႀကီးေတြကိုယ္တိုင္ အေလးျပဳပါတယ္။
    ကိုေဝၿဖိဳးလြင္အိမ္မွာ အသုဘအခမ္းအနားက်င္းပတဲ့အခ်ိန္ကေနစၿပီး ၂လျပည့္တဲ့အထိ လိုအပ္တဲ့အကူအညီေပးႏိုင္ေအာင္ဆိုၿပီး အေမရိကန္တပ္မေတာ္က အရာရွိႏွစ္ေယာက္ဟာ
    ဘဏ္အေစာင့္ေတြလို အိမ္တံခါးေပါက္မွာ လာေစာင့္ေပးပါသတဲ့။ ေန႔စဥ္ အလွည့္က်ေပါ့။ ႏွစ္ေယာက္ၿပီးရင္ ေနာက္ထပ္ တျခားႏွစ္ေယာက္ေပါ့။
    ကိုေဝၿဖိဳးလြင္မိခင္ ေဒၚေမသီခက အားနာလြန္းလို႔ ျပန္ပါေတာ့ ရပါၿပီဆိုတာေတာင္ “အားမနာပါနဲ႔ ဒါ ကြၽန္ေတာ္တို႔ လုပ္ကိုလုပ္ရမယ့္တာဝန္”လို့ ေျပာပါသတဲ့။
    ကြၽန္ေတာ္ေတာ့ စဖတ္ခါစက အေတာ္ေလးအံ့အားသင့္သြားမိပါတယ္။ေအာ္ … ဒါ့ေၾကာင့္လည္း အေမရိကန္လူငယ္ေတြ စစ္ထဲဝင္ၾကတာကိုးလို႔ သေဘာေပါက္လိုက္မိပါတယ္။ ေဝၿဖိဳးလြင္ဆိုတာ သာမန္တပ္သားေလးတစ္ေယာက္ပါခင္ဗ်ား …… ။
    စစ္အေၾကာင္း မေရးရရင္ မေနႏိုင္လို႔ေရးလိုက္တာပါ။ ျမန္မာျပည္ကအေၾကာင္း မဟုတ္ဘူးေနာ္။ သူမ်ားႏိုင္ငံအေၾကာင္းပါ။
    ဘယ့္ႏွယ္ ႀကံႀကံဖန္ဖန္ ရဲေဘာ္ေသတာ အရာရွိႏွစ္ေယာက္က ႏွစ္လေလာက္ အသုဘအိမ္လာေစာင့္ေပးရတယ္လို႔၊ ၾကားၾကားဖူးေပါင္ …. ။ ။

    Ye Kyaw Thura





    (Unicodeျဖင့္ ဖတ္ရန္)

    အရင်ရေးဖူးပြီးသားပါ။ ၂၀၀၅ ခုနှစ် မတ်လ၂ ရက်နေ့က အီရတ်စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ မြန်မာနွယ်ဖွား အမေရိကန်ကြည်းတပ်က ရိုးရိုးတပ်သားဝေဖြိုးလွင်ပါ။
    အဲဒီနေ့က သူတို့စီးလာတဲ့ ဟမ်းဗီးယာဉ်မိုင်းထိပြီး ကျဆုံးခဲ့တာပါ။ သူနဲ့အတူကျဆုံးခဲ့တဲ့သူက မွတ်ဆလင်ဘာသာဝင် အဇာအလီဆိုတဲ့ တပ်သားပါ။
    သူတို့ဟမ်းဗီးယာဉ်ဟာ လေဆိပ်နဲ့ Green Zone ကြားထဲမှာ အတိုက်ခံလိုက်ရတာပါ။ နှစ်ယောက်စလုံး အသက် ၂၇ နှစ်ရှိပြီး အိမ်ထောင်မရှိသူများဖြစ်ပါတယ်။
    အွန်လိုင်းပေါ်မှာသိပ်မတွေ့ရပေမဲ့ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ဖတ်ခဲ့ဖူးတဲ့Trader Hotel ကထုတ်တဲ့ မဂ္ဂဇင်းတစ်စောင်မှာတော့ ဂစ်တာနိုင်ဇော်က ဝေဖြိုးလွင်အမေနဲ့တွေ့ဆုံမေးမြန်းပြီး ဆောင်းပါးပြန်ရေးခဲ့တာရှိပါတယ်။
    ရိုးရိုးတပ်သားလေးများသာဖြစ်တဲ့ သူတို့အလောင်းတွေကို အမေရိကန်အထိပြန်သယ်လာပြီး တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေပါတဲ့ ဂုဏ်ပြုတပ်ဖွဲ့န့ ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင် အလေးပြုပါတယ်။
    ကိုဝေဖြိုးလွင်အိမ်မှာ အသုဘအခမ်းအနားကျင်းပတဲ့အချိန်ကနေစပြီး ၂လပြည့်တဲ့အထိ လိုအပ်တဲ့အကူအညီပေးနိုင်အောင်ဆိုပြီး အမေရိကန်တပ်မတော်က အရာရှိနှစ်ယောက်ဟာ
    ဘဏ်အစောင့်တွေလို အိမ်တံခါးပေါက်မှာ လာစောင့်ပေးပါသတဲ့။ နေ့စဉ် အလှည့်ကျပေါ့။ နှစ်ယောက်ပြီးရင် နောက်ထပ် တခြားနှစ်ယောက်ပေါ့။
    ကိုဝေဖြိုးလွင်မိခင် ဒေါ်မေသီခက အားနာလွန်းလို့ ပြန်ပါတော့ ရပါပြီဆိုတာတောင် “အားမနာပါနဲ့ ဒါ ကျွန်တော်တို့ လုပ်ကိုလုပ်ရမယ့်တာဝန်”လို့ ပြောပါသတဲ့။
    ကျွန်တော်တော့ စဖတ်ခါစက အတော်လေးအံ့အားသင့်သွားမိပါတယ်။အော် … ဒါ့ကြောင့်လည်း အမေရိကန်လူငယ်တွေ စစ်ထဲဝင်ကြတာကိုးလို့ သဘောပေါက်လိုက်မိပါတယ်။ ဝေဖြိုးလွင်ဆိုတာ သာမန်တပ်သားလေးတစ်ယောက်ပါခင်ဗျား …… ။
    စစ်အကြောင်း မရေးရရင် မနေနိုင်လို့ရေးလိုက်တာပါ။ မြန်မာပြည်ကအကြောင်း မဟုတ်ဘူးနော်။ သူများနိုင်ငံအကြောင်းပါ။
    ဘယ့်နှယ် ကြံကြံဖန်ဖန် ရဲဘော်သေတာ အရာရှိနှစ်ယောက်က နှစ်လလောက် အသုဘအိမ်လာစောင့်ပေးရတယ်လို့၊ ကြားကြားဖူးပေါင် …. ။ ။
    Ye Kyaw Thura
    Read More
    By သတင္းစံုေပ်ာ္၀င္အိုးၾကီး at January 20, 2019 No comments:
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: letter, People

    Friday, January 18, 2019

    ကယ္ၾကပါဦး အရပ္ကတို႔ေရ … မင္းမဲ့တိုင္းျပည္လို လုပ္ေနပါတယ္ဗ်ိဳ႕ (ရုပ္သံ)

    By သတင္းစံုေပ်ာ္၀င္အိုးၾကီး January 18, 2019 letter, People

    ဒါကေတာ့ မႏၲေလးၿမိဳ႕ 35 ×73 လမ္း အေနာက္ေျမာက္ေထာင့္ အိမ္ဝင္းထဲက ေအာ္သံပါ ။ ဟုတ္ပါတယ္ … ဒီေန႔ေန႔လည္မွာ ကြၽန္ေတာ္တို႔ မႏၲေလးၿမိဳ႕ထဲက ေနၿပီး အၾကမ္းဖက္သမားေတြရဲ႕ အၾကမ္းဖက္မႈကို ခံေနရပါတယ္။ (အၾကမ္းဖက္သမားေတြ ဟုတ္မဟုတ္ ဆိုတာ ေအာက္က video ထဲမွာ ၾကည့္ပါ)

    ျဖစ္စဥ္ကေတာ့ …. ကြၽန္ေတာ္တို႔ လက္ရိွ ေနထိုင္တဲ့ ေနအိမ္ဟာ အဖိုးျဖစ္သူ ငယ္ငယ္ေလးထဲကေန ေျမးျဖစ္သူ ကြၽန္ေတာ္တို႔ လက္ထက္အထိ ႏွစ္ေပါင္း ၇၀ ေက်ာ္ ေနထိုင္ေန ပါတယ္ ။ ဘိုးဘြားပိုင္ အမွတ္၇၉ နဲ႔ပါ ။

    ဒါကို ေဟာင္ေကာင္ကေန ဒီကို လာတဲ့ (ျမန္မာႏိုင္ငံသားမဟုတ္တဲ့ တ႐ုတ္လူမ်ိဳး ဦးျမင့္ေအာင္ဆိုသူ) က လြန္ခဲ့တဲ့ ႏွစ္၂၀ ေက်ာ္ကတည္းက ဦးကံေကာင္း ဆိုသူထံမွ (ေျမကို မူလပိုင္႐ွင္ေတြ မသိဘဲ) ခိုး၍ ဝယ္ယူခဲ့ပါတယ္ ။ အဲ့ဒီဦးကံေကာင္းဆိုသူက ခိုးေရာင္းၿပီး သူလည္း ဆက္လက္ေနထိုင္ခဲ့ပါတယ္ ။

    အဲ့ဒါက ဦးျမင့္ေအာင္က ဦးကံေကာင္းနဲ႔ အမႈေတြ အႀကိမ္ႀကိမ္ ျဖစ္ပြားၿပီး ေနာက္ဆံုး ဦးကံေကာင္းဆိုသူရံႈးတယ္ဆိုၿပီး သူက ထြက္သြားရပါတယ္။ အမွန္က ဦးကံေကာင္းပိုင္တဲ့ ေနရာ မဟုတ္ပါဘူး။ အဲ့ဒါကို သူထြက္သြားေတာ့ တ႐ုတ္ပိုင္ မဟုတ္လို႔ ကြၽန္ေတာ္တို႔ မူလ ေျမပိုင္႐ွင္ေတြျဖစ္ေတာ့ အဝင္မခံခဲ့ပါဘူး။
    ဒီေတာ့ အဲ့ဒီ တ႐ုတ္ဦးျမင့္ေအာင္နဲ႔ ကြၽန္ေတာ္တို႔က ေျမပိုင္ဆိုင္မႈ အမႈျဖစ္ေနဆဲပါ ။ အမႈမၿပီးျပတ္ေသးပါဘူး။ တရားရံုးကေနလည္း ဦးျမင့္ေအာင္ကို တရားဝင္ ေနထိုင္ခြင့္ မျပဳေသးပါဘူး ။ အဲ့ဒါကို ဒီေန႔ေန႔လည္ ၁၂ နာရီမွာ တူေတြ သံတူရြင္းေတြနဲ႔ မက်ဴးေက်ာ္ရလို႔ ေရးထားတဲ့ဟာကို အတင္းဖ်က္ဆီးၿပီး ဝင္ေရာက္ပါတယ္ ။ Video မွာေဖာ္ျပထားပါတယ္ ။
    အၾကမ္းဖက္မႈ ဟုတ္မဟုတ္ ဆိုတာ video ႐ိုက္တဲ့ ကြၽန္ေတာ့ ကိုေတာင္ သံတူရြင္း နဲ႔ ခ်ိန္ပါတယ္။ ၿမိဳ႕တြင္း အၾကမ္းဖက္မႈပါ။ ျပည္တြင္းမွာ လူမိုက္ငွါး အၾကမ္းဖက္ေနလို႔ပါ။ ျဖစ္ခ်ိန္မွာ 199 ကိုဆက္ပါတယ္။ ၄ ခါေျမာက္မွာ ဖုန္းကိုင္ပါတယ္ ။ 199 က ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးလာမွ ေခၚလို႔ေျပာပါတယ္။ ၆၈၂ ေမာရဂီဝါ ရပ္ကြက္ပါ ။ ေထြအုပ္ႀကီးက အဲ့အခ်ိန္မွာ မရိွပါဘူး ။

    အၾကမ္းဖက္သမားေတြက အၾကမ္းဖက္ေတာ့ ရပ္ကြက္တာဝန္ရိွသူေတြလည္း ျမင္ၾက ၾကားၾကမွာပါ။ ဒီေလာက္ တိုးတက္ေနတဲ့ ေခတ္ႀကီးမွာ မသိစရာ မရိွပါဘူး။ အၾကမ္းဖက္ ခံေနရခ်ိန္ေတာ့ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေနပါတယ္။ ခန ေနေတာ့ ေယာင္လည္လည္နဲ႔ ဆယ္အိမ္မႉးက စက္ဘီးေလးနဲ႔ ေရာက္လာပါတယ္ ။ ဒါကို ခန ေနေတာ့ တားေနတဲ့ၾကားထဲက 199 က ရဲေတြ ၃ ၊ ေယာက္ ၄ ေယာက္ေရာက္လာခ်ိန္မွာ အဲ့ဒီ ဆယ္အိမ္မႉးလည္း မရိွေတာ့ပါဘူး။
    ေရာက္လာတဲ့ ရဲမ်ားကေတာ့ video ႐ိုက္ၿပီး ျပန္သြားၾကပါတယ္။ တရားရံုးကို မင္းတို႔႐ိုက္ထားတဲ့ video ျပဆိုၿပီးလည္း ရဲမ်ားက ေျပာသြားပါတယ္။ ဒီေတာ့ လက္ရိွ မႏၲေလးၿမိဳ႕ထဲမွာေနၿပီး ဥပေဒ မစိုးမိုးတဲ့ တိုင္းျပည္မွာေနရသလို ခံစားလာရပါတယ္။ ျဖစ္ေနတဲ့ အမႈအေၾကာင္းအရာေတြကို ႏိုင္ငံေတာ္ သမၼတ ရံုးေကာ ၊ နိုင္ငံေတာ္အတိုင္ပင္ခံရံုး တို႔ကိုလည္း လြန္ခဲ့တဲ့ ၂၀၁၈ ကတည္းက တိုင္စာမ်ားလည္း ေရးပို႔တိုင္တန္း ထားပါတယ္ ။

    အခုေတာ့ အဲ့ဒီတ႐ုတ္ဦးျမင့္ေအာင္က မြတ္ဆလင္ လူမ်ိဳး မ်ားကိုငွါးၿပီး (video file)မွာ ၾကည့္ပါ။ အတင္းအၾကမ္းဖက္ ၿပီး ဝင္ေရာက္ဖ်က္ဆီး ခံခဲ့ရပါတယ္။ အဲ့ဒါကို အခု အားကိုးရာ တစ္စ အျဖစ္ FB ေပၚတင္လိုက္ရျခင္းပါ ။ သတင္း႒ာန အစရိွသည္ တို႔ကိုလည္း ကြၽန္ေတာ့တို႔ ကေန ဥပေဒမဲ့ လုပ္ခံေနရတာကိုလည္း သတင္းေပးဖို႔ အဆင္သင့္ပါ။ မိတ္ေဆြတို႔လည္း တရားမွ်တမႈကို လိုလားမယ္လို႔ ကြၽန္ေတာ္ ယံုၾကည္ပါတယ္။ အဲ့ဒီအတြက္ တရားမွ်တမႈအတြက္ Share ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္ ။
    Unlawful at Mandalay
    Aung Thein
    ...............................
    (Unicode)

    ကယ်ကြပါဦး အရပ်ကတို့ရေ … မင်းမဲ့တိုင်းပြည်လို လုပ်နေပါတယ်ဗျို့
    ဒါကတော့ မန္တလေးမြို့ 35 ×73 လမ်း အနောက်မြောက်ထောင့် အိမ်ဝင်းထဲက အော်သံပါ ။ ဟုတ်ပါတယ် … ဒီနေ့နေ့လည်မှာ ကျွန်တော်တို့ မန္တလေးမြို့ထဲက နေပြီး အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်မှုကို ခံနေရပါတယ်။ (အကြမ်းဖက်သမားတွေ ဟုတ်မဟုတ် ဆိုတာ အောက်က video ထဲမှာ ကြည့်ပါ)
    ဖြစ်စဉ်ကတော့ …. ကျွန်တော်တို့ လက်ရှိ နေထိုင်တဲ့ နေအိမ်ဟာ အဖိုးဖြစ်သူ ငယ်ငယ်လေးထဲကနေ မြေးဖြစ်သူ ကျွန်တော်တို့ လက်ထက်အထိ နှစ်ပေါင်း ၇၀ ကျော် နေထိုင်နေ ပါတယ် ။ ဘိုးဘွားပိုင် အမှတ်၇၉ နဲ့ပါ ။
    ဒါကို ဟောင်ကောင်ကနေ ဒီကို လာတဲ့ (မြန်မာနိုင်ငံသားမဟုတ်တဲ့ တရုတ်လူမျိုး ဦးမြင့်အောင်ဆိုသူ) က လွန်ခဲ့တဲ့ နှစ်၂၀ ကျော်ကတည်းက ဦးကံကောင်း ဆိုသူထံမှ (မြေကို မူလပိုင်ရှင်တွေ မသိဘဲ) ခိုး၍ ဝယ်ယူခဲ့ပါတယ် ။ အဲ့ဒီဦးကံကောင်းဆိုသူက ခိုးရောင်းပြီး သူလည်း ဆက်လက်နေထိုင်ခဲ့ပါတယ် ။
    အဲ့ဒါက ဦးမြင့်အောင်က ဦးကံကောင်းနဲ့ အမှုတွေ အကြိမ်ကြိမ် ဖြစ်ပွားပြီး နောက်ဆုံး ဦးကံကောင်းဆိုသူရှုံးတယ်ဆိုပြီး သူက ထွက်သွားရပါတယ်။ အမှန်က ဦးကံကောင်းပိုင်တဲ့ နေရာ မဟုတ်ပါဘူး။ အဲ့ဒါကို သူထွက်သွားတော့ တရုတ်ပိုင် မဟုတ်လို့ ကျွန်တော်တို့ မူလ မြေပိုင်ရှင်တွေဖြစ်တော့ အဝင်မခံခဲ့ပါဘူး။
    ဒီတော့ အဲ့ဒီ တရုတ်ဦးမြင့်အောင်နဲ့ ကျွန်တော်တို့က မြေပိုင်ဆိုင်မှု အမှုဖြစ်နေဆဲပါ ။ အမှုမပြီးပြတ်သေးပါဘူး။ တရားရုံးကနေလည်း ဦးမြင့်အောင်ကို တရားဝင် နေထိုင်ခွင့် မပြုသေးပါဘူး ။ အဲ့ဒါကို ဒီနေ့နေ့လည် ၁၂ နာရီမှာ တူတွေ သံတူရွင်းတွေနဲ့ မကျူးကျော်ရလို့ ရေးထားတဲ့ဟာကို အတင်းဖျက်ဆီးပြီး ဝင်ရောက်ပါတယ် ။ Video မှာဖော်ပြထားပါတယ် ။

    အကြမ်းဖက်မှု ဟုတ်မဟုတ် ဆိုတာ video ရိုက်တဲ့ ကျွန်တော့ ကိုတောင် သံတူရွင်း နဲ့ ချိန်ပါတယ်။ မြို့တွင်း အကြမ်းဖက်မှုပါ။ ပြည်တွင်းမှာ လူမိုက်ငှါး အကြမ်းဖက်နေလို့ပါ။ ဖြစ်ချိန်မှာ 199 ကိုဆက်ပါတယ်။ ၄ ခါမြောက်မှာ ဖုန်းကိုင်ပါတယ် ။ 199 က ရပ်ကွက်အုပ်ချုပ်ရေးမှူးလာမှ ခေါ်လို့ပြောပါတယ်။ ၆၈၂ မောရဂီဝါ ရပ်ကွက်ပါ ။ ထွေအုပ်ကြီးက အဲ့အချိန်မှာ မရှိပါဘူး ။

    အကြမ်းဖက်သမားတွေက အကြမ်းဖက်တော့ ရပ်ကွက်တာဝန်ရှိသူတွေလည်း မြင်ကြ ကြားကြမှာပါ။ ဒီလောက် တိုးတက်နေတဲ့ ခေတ်ကြီးမှာ မသိစရာ မရှိပါဘူး။ အကြမ်းဖက် ခံနေရချိန်တော့ ကြက်ပျောက်ငှက်ပျောက် နေပါတယ်။ ခန နေတော့ ယောင်လည်လည်နဲ့ ဆယ်အိမ်မှူးက စက်ဘီးလေးနဲ့ ရောက်လာပါတယ် ။ ဒါကို ခန နေတော့ တားနေတဲ့ကြားထဲက 199 က ရဲတွေ ၃ ၊ ယောက် ၄ ယောက်ရောက်လာချိန်မှာ အဲ့ဒီ ဆယ်အိမ်မှူးလည်း မရှိတော့ပါဘူး။
    ရောက်လာတဲ့ ရဲများကတော့ video ရိုက်ပြီး ပြန်သွားကြပါတယ်။ တရားရုံးကို မင်းတို့ရိုက်ထားတဲ့ video ပြဆိုပြီးလည်း ရဲများက ပြောသွားပါတယ်။ ဒီတော့ လက်ရှိ မန္တလေးမြို့ထဲမှာနေပြီး ဥပဒေ မစိုးမိုးတဲ့ တိုင်းပြည်မှာနေရသလို ခံစားလာရပါတယ်။ ဖြစ်နေတဲ့ အမှုအကြောင်းအရာတွေကို နိုင်ငံတော် သမ္မတ ရုံးကော ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး တို့ကိုလည်း လွန်ခဲ့တဲ့ ၂၀၁၈ ကတည်းက တိုင်စာများလည်း ရေးပို့တိုင်တန်း ထားပါတယ် ။

    အခုတော့ အဲ့ဒီတရုတ်ဦးမြင့်အောင်က မွတ်ဆလင် လူမျိုး များကိုငှါးပြီး (video file)မှာ ကြည့်ပါ။ အတင်းအကြမ်းဖက် ပြီး ဝင်ရောက်ဖျက်ဆီး ခံခဲ့ရပါတယ်။ အဲ့ဒါကို အခု အားကိုးရာ တစ်စ အဖြစ် FB ပေါ်တင်လိုက်ရခြင်းပါ ။ သတင်းဋ္ဌာန အစရှိသည် တို့ကိုလည်း ကျွန်တော့တို့ ကနေ ဥပဒေမဲ့ လုပ်ခံနေရတာကိုလည်း သတင်းပေးဖို့ အဆင်သင့်ပါ။ မိတ်ဆွေတို့လည်း တရားမျှတမှုကို လိုလားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဲ့ဒီအတွက် တရားမျှတမှုအတွက် Share ပေးဖို့ တောင်းဆိုလိုက်ပါတယ် ။Unlawful at Mandalay
    Aung Thein
    Read More
    By သတင္းစံုေပ်ာ္၀င္အိုးၾကီး at January 18, 2019 No comments:
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: letter, People

    Saturday, December 29, 2018

    ေျမစာပင္ခေလး ၃ ေယာက္

    By သတင္းစံုေပ်ာ္၀င္အိုးၾကီး December 29, 2018 letter, People

    အေဖလုပ္သူက ေန႔တုိင္မူးရူးေနၿပီး မိန္းမလုပ္သူကုိရုိက္ႏွက္ေနေတာ့ မခံႏုိင္တဲ့အဆုံး မုိးေတြသဲႀကီးမဲႀကီး ရြာေနတဲ့ ညတစ္ညမွာခေလးေတြအေမ ထြက္ေျပးသြားေတာ့တယ္။ ဘယ္ဆီေျပးမွန္းမသိ ခုထိသတင္းအစေတာင္မရဘူး ခေလးေတြနဲ႔သူတုိ႔အေဖ ငမူးပဲက်န္ခဲ့တယ္။
    ငမူးကေတာ့အိမ္ေလးကုိလည္းျပန္လာခ်င္လ ာတယ္ မလာခ်င္လည္းမလာဘူးတဲ့ ခေလးေတြခမ်ာသူတုိ႔ဖာသာသူတုိ႔ရွာေဖြ ေတာတုိး အရြက္ေတြခူး ဆန္ေလးနဲ႔ခ်က္စ ားၾကရရွာတယ္။
    ပါတ္ဝန္းက်င္ကလည္း လက္လုပ္လက္စားေတြခ်ည္းဆုိေတာ့ အခ်ိန္ျပည့္ၾကည့္မေနႏုိင္ရွာဘူးေလ။

    က်ေနာ္ စေတြ႕ေတာ့သေဘာၤသီးတစ္လုံး အစိမ္းကုိ အႀကီးေလးက ဓားကုိင္ၿပီးခြဲေနတာ အငယ္ေလးေတြေကြ်းမလုိ႔ထင္ပါရဲ႕ အိမ္ေလးကလည္းျမင္တဲ့အတုိင္းပါပဲ။
    အေဖ အေမ မရွိေတာ့တဲ့ အိမ္ကေလးဟာ ေႏြးေထြးမႈ့ရွိပါအုန္းမလားဗ်ာ သူတုိ႔အေၾကာင္းေလးေတြသိရေအာင္လုိ႔ မ်က္ႏွာခ်င္းဆုိင္တဲအိမ္ကေလးကုိ ​ေမးၾကည့္ရာမွ အေပၚကအေၾကာင္းေတြကုိ အိမ္ရွင္ဦးႀကီးေျပာျပလုိ႔သိခဲ့ရပါတယ္။

    က်ေနာ္တုိ႔မွာပါသမၽွ ဆီထမင္း ေကာ္ဖီမစ္ ေပါင္မုန္႔ ေျပာင္းဖူး အခ်ိဳရည္ စတာေတြကုိ ခေလး ၃ေယာက္ကုိေခၚေပးခဲ့ပါတယ္။ သူတုိ႔ပုံေလးေတြၾကည့္ၿပီးစိတ္လည္း ထိခုိက္မိပါတယ္။ ​
    ေက်ာင္းေနအရြယ္ေလးေတြ ေက်ာင္းလည္းမတက္၇ရွာၾကဘူး ။ေကာ္ဖီေဖ်ာ္ၿပီးသားကုိဇလုံႀကီးနဲ႔ ထည့္ေတာ့ ဇလုံကအေပါက္ႀကီးပဲ ရွိတယ္တဲ့ ေကာ္ဖီေတြက တစ္ေတာက္ေတာက္က်လုိ..့..အဲ့ဒါႏဲ့ထည့္ၿပီးခ်က္ျခင္းေသာက္ခုိင္းရတယ္။

    မင္းတုိ႔ဝဋ္ေႂကြးေတြေပါ့ခေလးငယ္တုိ႔ေ၇ ဒီဘဝ ဒီမၽွနဲ႔ ဒီလုိမိဘဆုိးေတြကုိၾကံဳေတြ႕ၾက ပါေစကြာ။ ေနာက္ႏွစ္ျပန္ေရာက္တဲ့အခါ မင္းတုိ႔ဆီလာခဲ့ပါအုန္းမယ္။ အမုိးအကာမလုံတဲ့ တဲေလးထဲ မေႏြးေထြးတဲ့ေအးစက္စက္ေဆာင္းညေတြမွာ မင္းတုိ႔မိဘေတြကုိ အမွတ္ရေနအုန္းမလား ခေလးတုိ႔ရယ္…… က်ိဳက္ထုိ ကဒတ္​​ေခ်ာင္​းတံတားအနီးမွာ အဲ့ခေလး ၃ေယာက္တဲေလးရွိပါတယ္။ ၾကံဳႀကိဳက္လုိ႔ရွိရင္ မိတ္ေဆြတုိ႔ပုိေနတဲ့မုန္႔ပဲ သြားရည္စာေလးသြားေပးလုိ႔ရပါတယ္ ။
    ခေလးေတြဟာ ခုထိ လုံးဝ ေလၽွာက္မေတာင္းစားပါ။ သူတုိ႔ဖာသာ ေတာတုိးရွာၾကံ စားေသာက္ေနၾကျခင္းျဖစ္ပါတယ္။

    Phoe Zaw






    Unicode

    အဖေလုပ်သူက နေ့တိုင်မူးရူးနေပြီး မိန်းမလုပ်သူကိုရိုက်နှက်နေတော့ မခံနိုင်တဲ့အဆုံး မိုးတွေသဲကြီးမဲကြီး ရွာနေတဲ့ ညတစ်ညမှာခလေးတွေအမေ ထွက်ပြေးသွားတော့တယ်။ ဘယ်ဆီပြေးမှန်းမသိ ခုထိသတင်းအစတောင်မရဘူး ခလေးတွေနဲ့သူတို့အဖေ ငမူးပဲကျန်ခဲ့တယ်။



    ငမူးကတော့အိမ်လေးကိုလည်းပြန်လာချင်လ ာတယ် မလာချင်လည်းမလာဘူးတဲ့ ခလေးတွေခမျာသူတို့ဖာသာသူတို့ရှာဖွေ တောတိုး အရွက်တွေခူး ဆန်လေးနဲ့ချက်စ ားကြရရှာတယ်။

    ပါတ်ဝန်းကျင်ကလည်း လက်လုပ်လက်စားတွေချည်းဆိုတော့ အချိန်ပြည့်ကြည့်မနေနိုင်ရှာဘူးလေ။



    ကျနော် စတွေ့တော့သဘောၤသီးတစ်လုံး အစိမ်းကို အကြီးလေးက ဓားကိုင်ပြီးခွဲနေတာ အငယ်လေးတွေကျွေးမလို့ထင်ပါရဲ့ အိမ်လေးကလည်းမြင်တဲ့အတိုင်းပါပဲ။

    အဖေ အမေ မရှိတော့တဲ့ အိမ်ကလေးဟာ နွေးထွေးမှု့ရှိပါအုန်းမလားဗျာ သူတို့အကြောင်းလေးတွေသိရအောင်လို့ မျက်နှာချင်းဆိုင်တဲအိမ်ကလေးကို မေးကြည့်ရာမှ အပေါ်ကအကြောင်းတွေကို အိမ်ရှင်ဦးကြီးပြောပြလို့သိခဲ့ရပါတယ်။



    ကျနော်တို့မှာပါသမျှ ဆီထမင်း ကော်ဖီမစ် ပေါင်မုန့် ပြောင်းဖူး အချိုရည် စတာတွေကို ခလေး ၃ယောက်ကိုခေါ်ပေးခဲ့ပါတယ်။ သူတို့ပုံလေးတွေကြည့်ပြီးစိတ်လည်း ထိခိုက်မိပါတယ်။

    ကျောင်းနေအရွယ်လေးတွေ ကျောင်းလည်းမတက်၇ရှာကြဘူး ။ကော်ဖီဖျော်ပြီးသားကိုဇလုံကြီးနဲ့ ထည့်တော့ ဇလုံကအပေါက်ကြီးပဲ ရှိတယ်တဲ့ ကော်ဖီတွေက တစ်တောက်တောက်ကျလို..့..အဲ့ဒါနဲ့ထည့်ပြီးချက်ခြင်းသောက်ခိုင်းရတယ်။



    မင်းတို့ဝဋ်ကြွေးတွေပေါ့ခလေးငယ်တို့ရေ ဒီဘဝ ဒီမျှနဲ့ ဒီလိုမိဘဆိုးတွေကိုကြုံတွေ့ကြ ပါစေကွာ။ နောက်နှစ်ပြန်ရောက်တဲ့အခါ မင်းတို့ဆီလာခဲ့ပါအုန်းမယ်။ အမိုးအကာမလုံတဲ့ တဲလေးထဲ မနွေးထွေးတဲ့အေးစက်စက်ဆောင်းညတွေမှာ မင်းတို့မိဘတွေကို အမှတ်ရနေအုန်းမလား ခလေးတို့ရယ်…… ကျိုက်ထို ကဒတ်ချောင်းတံတားအနီးမှာ အဲ့ခလေး ၃ယောက်တဲလေးရှိပါတယ်။ ကြုံကြိုက်လို့ရှိရင် မိတ်ဆွေတို့ပိုနေတဲ့မုန့်ပဲ သွားရည်စာလေးသွားပေးလို့ရပါတယ် ။

    ခလေးတွေဟာ ခုထိ လုံးဝ လျှောက်မတောင်းစားပါ။ သူတို့ဖာသာ တောတိုးရှာကြံ စားသောက်နေကြခြင်းဖြစ်ပါတယ်။
    Read More
    By သတင္းစံုေပ်ာ္၀င္အိုးၾကီး at December 29, 2018 No comments:
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: letter, People

    Friday, December 28, 2018

    မနန္းဆုျမတ္ထိုက္} အသက္ (၃၅)ႏွစ္ အတြက္

    By သတင္းစံုေပ်ာ္၀င္အိုးၾကီး December 28, 2018 letter, People, Social Media

    က်ေနာ္ လူပ်ဳိ ဆရာဝန္တစ္ေယာက္ပါ
    အိမ္ေထာင္မရွိေသးတဲ့ လူပ်ဳိ
    အေတြ႕အႀကံဳနည္းနည္းေရာမ်ားမ်ားပါရွိတဲ့ လူပ်ဳိ
    က်ေနာ့္ လူပ်ဳိ ဘ၀စကတည္းက
    အေတြ႕အႀကံဳေတြ သင္
    ရည္းစားေတြထား
    ခ်စ္တင္းလည္း ေႏွာေပါ့
    က်ေနာ္ တြဲခဲ့သမွ်ေတြကို
    အဆင္သိပ္မေျပလာရင္ ျဖတ္လုိက္တယ္
    ေအးေဆး
    က်ေနာ္က လူပ်ဳိ
    လူပ်ဳိဆုိေတာ့ ထိုက္တန္ရာကုိပဲ လိုခ်င္တယ္
    ရည္းစားေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေျပာင္းသြားတယ္
    က်ေနာ္ လူပ်ဳိ အဲ့ေတာ့အပ်ိဳ ကိုလိုခ်င္တယ္
    အပ်ိဳဆိုမွ အပ်ိဳစင္ စစ္စစ္ ေရမေရာတာကိုမွ
    လိုခ်င္တဲ့ လူပ်ိဳ
    အိပ္ရာခင္းေတြ တစ္ခုၿပီးတစ္ခု ေလွ်ာ္ပလုိက္တယ္
    က်ေနာ္ နဲ႔ အိပ္ဖူးတာေလးေတြသာ အပ်ဳိမျဖစ္ေတာ့တာ
    က်ေနာ့္ အေပါင္းအသင္းေတြနဲ႔
    က်ေနာ့ ပတ္၀န္းက်င္ကလည္းေျပာတယ္
    က်ေနာ္ လူပ်ဳိ ဆရာဝန္ ပါတဲ့
    က်ေနာ့္ ရည္းစားေတြ အပ်ဳိမျဖစ္ေတာ့မွန္း သူတို႔သိလည္း
    က်ေနာ္ လူပ်ဳိတဲ့
    အပ်ဳိမျဖစ္ေတာ့တာ နဲ႔ လူပ်ဳိမျဖစ္ေတာ့တာနဲ႔ ဘာကြာသလဲ
    ဘယ္သူမွလည္း မသိခ်င္ၾကဘူး
    က်ေနာ္လည္း ပြင့္လြင္းစြာ၀န္ခံရရင္ မသိခ်င္ဘူး
    ေနာက္
    အိမ္ေထာင္ျပဳဖုိ႔စိတ္ကူးရွိလာေတာ့
    အပ်ဳိစင္စစ္စစ္ကုိလည္း ရွာေနတဲ့အခ်ိန္
    ႐ို႐ိုးသားသား မိအုပ္ဖအုပ္ မိေကာင္းဖခင္ အေျခအေနအပိ်ဳစင္ေအးေအး မိန္းမပီပီသသနဲ႔ ခ်စ္စရာ ငယ္ငယ္ရြယ္ရြယ္ အမ်ိဳးသမီးေလးတေယာက္ကို ေတြ႕ပါေလေရာ
    သူမက ၂၀ေက်ာ္ က်ေနာ္ က ၃၀ေက်ာ္
    က်ေနာ့္ ထက္ အသက္ေတြအမ်ားႀကီးငယ္ေတာ့ က်ေနာ့္ သေဘာ က်ေနာ့္စိတ္နဲ႔ အံကိုက္ပဲေလ
    က်ေနာ့္ကို လဲ အရမ္းခ်စ္ရွာေတာ့ သိပ္မၾကာဖူး
    လက္ထပ္ပလိုက္တယ္
    က်ေနာ့္ အက်င့္ကို လင္မယားျဖစ္လာေတာ့ ပိုသိလာတဲ့ သူမ
    အေနကလည္း ေအးေဆး လြန္းေတာ့ ခ်စ္တဲ့စိတ္နဲ႔ ႀကိတ္မွိတ္ သည္းခံရွာတာေပါ့
    က်ေနာ္ ကလဲ မရဖူးေလ မ်ိဳးေစ့မွန္လို႔အပင္သန္ခဲ့သူဆိုေတာ့ ေနာက္ပီး
    က်ေနာ့္မွာ ဆရာဝန္ႀကီးဆိုတဲ့ပညာ ဂုဏ္ျဒပ္ေတြရွိတယ္ တပည့္တပန္းေပါတယ္ ေနာက္
    ပိုက္ဆံ ေပါတယ္
    ပညာေတာ္သင္ေတြသြားရတယ္
    နယ္ဖက္ကိုတာဝန္က်တဲ့အခါ ရံဖန္ရံခါလို အိုင္ေတြ႕ရင္ေျခေဆးေတာ့တာပဲ
    ဘာလို႔ဆို က်ေနာ့္ေျခေထွာက္ေတြ က ဘယ္လိုေဆးေဆးမေျပာင္ႏိုင္ေအာင္ ညစ္ပတ္ေတာ့ ခဏခဏ ေဆးရေက်ာရ ဝါသနာအရေပါ့
    ဒါနဲ႔ ခ်မ္းေအးတဲ့ နယ္ၿမိဳ႕တၿမိဳ႕ကို တာဝန္က်တဲ့အခိုက္ အဲ့ၿမိဳ႕က သားဖြားမီးယပ္ ဆရာဝန္မေလးတဦးကို သေဘာေတြ႕ပါေရာ
    ဒါနဲ႔ ႐ိုးရာမျပတ္ ခရီးဆက္လိုက္ၾကတာ
    ေနာက္ဆံုး တားမႏ္ုင္စီးမရေတြ ျဖစ္ၾကလို႔
    အႏိုင္က်င့္လို႔ရတဲ့ က်ေနာ့္ မိန္းမ ဆီျမႇားဦးလွည့္လိုက္ရတယ္ မတတ္ႏိုင္ဖူး ေလ သူမ ကိုမွဒီလို မရက္စက္ရင္ က်ေနာ့္ ဘဝ ပကာသနေတြၾကားကေနေထာင္နန္းစံရေတာ့မွာ ဘယ္ျဖစ္မလဲ
    မိန္းမလုပ္သူ ရဲ႕ အားနည္းခ်က္ကို သိေနေတာ့
    ႏိုင္ကြက္နင္းပီး အခ်ိဳသပ္အေပ်ာ့ဆြဲနဲ႔ကြာခိုင္းကြဲခိုင္းရေတာ့တာပဲ
    မိန္းမရယ္ ကိုကို က မိန္းမကိုပဲခ်စ္တာပါ က်န္တာ အလကား အခုလဲ ဒီစာခ်ဳပ္ေလး ျပႏိုင္မွ သူ က ကိုကို႔ကို တရားမစြဲမွာ က်န္တာမိန္းမ စိတ္ခ် အဲ့ကိစၥေတြရွင္းပီး မိန္းမ ဆီအေရာက္ျပန္လာမယ္ေနာ္ တဲ့
    ေယာက်ၤားကို ဘုရားလုပ္ ခ်စ္လဲခ်စ္လြန္း ယံုၾကည္လြန္းတဲ့ သူမ သိပ္ၾကာၾကာ ညာပီး မညႇိလိုက္ရဖူး ၂ဦး သေဘာတူလက္မွတ္ထိုးထားတဲ့
    ကြာရွင္းစာခ်ဳပ္ ေလးကိုင္ပီး
    က်ေနာ္ ခ်မ္းေအးတဲ့ၿမိဳ႕ေလးက OG ဆရာမေလးဆီ ျပန္လာခဲ့တယ္
    ဒီလို နဲ႔ ရန္ကုန္ က ကြာရွင္းထားတဲ့မိန္းမ ကိုလဲ ပံုမွန္ဆိုသလို ဖုန္းေတြ ဆက္ စာေတြပို႔ facebook ေတာင္မသံုးဖူးတဲ့ သူမ ရဲ႕ သူငယ္ခ်င္းသိပ္မရွိတဲ့ အေကာင့္ေလး ထဲ ဝင္ ပီး သူမ တင္သမွ် ပိုစ့္ေလးေတြ Like လုပ္ ညာတာပါေတး အေပ်ာ့ဆြဲေလး ေၾကာင္ေခ်း ေပါ့ဗ်ာ
    ဒီလိုနဲ႔ အေပ်ာ့ဆြဲလာလိုက္တာ ဒီဖက္က မိန္းမနဲ႔ သားေလးတေယာက္ရတဲ့အထိပါပဲ
    ပညာတတ္ေပမဲ့ အခ်စ္ေၾကာင့္စံုလံုးကန္းပီး ကိုယ္ ျပဳသမွ် ႏုေပးရတဲ့ အသက္ငယ္ငယ္ေခ်ာေခ်ာ ပထမ မိန္းမ ခမ်ာမွာေတာ့ က်ေနာ္ ညာေျပာသမွ် ယံုၾကည္ေပးေနတုန္း
    မိန္းမေတြ ခက္တယ္ အခ်စ္နဲ႔ပတ္သက္ရင္ ႏွာေခါင္းမပါရင္ေတာင္ ေခ်းစားမလား မသိ (ဒါက က်ေနာ္လို လူစိတ္မရွိ ယုတ္မာတတ္တဲ့ သူမ်ိဳးပဲ ေတြးတတ္တဲ့ စကားစုဗ်)
    ဒီလို ဒီလိုနဲ႔ ရန္ကုန္မွာက်န္ခဲ့တဲ့ မိန္းမ ခမ်ာေတာ့ ပတ္ဝန္းက်င္ အသိုင္းအဝိုင္းတခ်ိဳ႕ က မယားႀကီးရွိရက္ ေနာက္မိန္းမ နဲ႔ ကေလး တေယာက္ယူပီး fb ေပၚ ေပ်ာ္ရႊင္စရာေတြ တင္လို႔ တခ်ိဳ႕က လဲ မၾကားတၾကား တခ်ိဳ႕က်လဲ တမင္တကာၾကားေအာင္ ဒီဒဏ္ေတြၾကား
    ေယာက်ၤား ပိုင္းလံုး ေခၚရမလား ေယာက်ၤားတဏွာ႐ူး ေျပာရမလား (ပညာတတ္ ပီး ကိုယ္ခ်င္းစာတရား မထားတတ္တဲ့ ဆရာဝန္ႀကီး တပည့္တပန္းေတြၾကား ေျမႇာက္စားခံရပီး ကြယ္ရာမွာ အတြင္းစိတ္အညႇီအေဟာက္ခ်ည္း ေရြးစားေနတဲ့ လူစားႀကီးမွန္း ဘယ္သူမွမသိလိုက္ရဖူး)
    အိမ္ထဲ က အိမ္ျပင္မထြက္ေတာ့ပဲ တေန႔တျခား စိတ္က် ေရာဂါနဲ႔ ဘယ္သူမွအေတြ႕မခံ ေတာ့ပဲ ေရာဂါေတြ
    စုျပံဳဝင္လဲ ႀကိတ္မွိတ္ ၿမိဳသိပ္ခံေနတဲ့ ရန္ကုန္က မိန္းမ ခမ်ာေတာ့ သူ႔ခ်စ္သူ အမ်ိဳးသား ေနာက္မိန္းမနဲ႔ ဒုတိယေျမာက္ ကိုယ္ဝန္လြယ္ ထားရတယ္ဆိုတဲ့ သတင္း အဲ့ ဆရာဝန္ရဲ႕ အေကာင့္ထဲ ပလူပ်ံေအာင္ ဂုဏ္ျပဳခံ ရပီး ေနာက္မၾကာခင္မွာပဲ ေအာင္ဆန္းေဆးရံု မွာ အေရးေပၚလူနာ ဘဝနဲ႔ေသဆံုးသြားရရွာတယ္
    မိန္းမတေယာက္ရဲ႕ ငယ္ရြယ္ႏုပ်ိဳ ထက္ျမတ္ျခင္း နဲ႔ တန္ဖိုးရွိတဲ့အခ်ိန္ေတြ အကုန္ အၫႊန္႔ခူးစားသြားတဲ့ ဆရာဝန္ေၾကာင္သူေတာ္ႀကီးခမ်ာေတာ့ ဒုတိယကေလးေမြးပီးလို႔ fb မွာ ေပ်ာ္ရႊင္စရာပံုရိပ္မ်ားနဲ႔ ပလံုစီေနလို႔ေပါ့ေနာ္
    တဖက္မွာ ေတာ့ သူ လိမ္ညာလွည့္ျဖားၿပီး သူတပါးရဲ႕ သားသမီးကို အယံုသြင္း ကြာရွင္းခဲ့တဲ့ ဇာတ္လမ္း ေလးဟာ လူမသိ သူမသိ ပီးဆံုးေပ်ာက္ကြယ္ ၿပီး ပံုျပင္တပုဒ္လိုျဖစ္......ဇာတ္လမ္း ေလးသည္တြင္ပီး၏ေပါ့
    ေအာ္ ေလာကႀကီးက တရားလိုက္တာ ေနာ္ ...😌
    ေကာသလမင္းႀကီး အိမ္မက္ တစ္ဆယ့္ေျခာက္ခ်က္
    ေက်ာ့္အတြက္ေတာ့ သိပ္ ဟက္ထိတာ
    အခုလက္ရွိကို အဲ့လို မ်က္ႏွာဖံုး နဲ႔ လူႀကီးလူေကာင္းေတြ ကမာၻေျမ ဘယ္ေလာက္ေလးေအာင္ထမ္းထားရသလဲ မသိဖူးဗ်ာ ခက္တာက တခ်ိဳ႕လူေတြကလည္း သိကၡာမပါရင္ေန ပကာသနပါရင္ ဖင္ဗလာနဲ႔ ပြဲတက္ေတာင္ လူရာသြင္းၾကေတာ့လည္းခက္သားလား
    ကဲ ဆရာဝန္ ဦးဦး "တဏွာသည္" ႀကီး ေရ..ဆက္လုပ္စရာရွိတာ လုပ္ပါ
    ခမ်ားကိုခ်စ္လြန္းလို႔ သစၥာမရွိတဲ့ေယာက်ၤားျပန္လာမယ္ဆိုတဲ့စကားကို ယံုၾကည္ၿပီး သစၥာရွိရွိ ေစာင့္သြားရွာတဲ့မိန္းမ လည္း ခမ်ားစိတ္နဲ႔ လူ႔ေလာကထဲ က ေအးခ်မ္း စြာ ထြက္ခြါ သြားရွာပီ ...
    ခမ်ား ေပ်ာ္ပါ ေစာက္ရမ္းေတြေပ်ာ္ပါ အားပါးတရ ေပ်ာ္စမ္းပါ ခမ်ား လုပ္ရပ္ သူမ်ားသားသမီးေပၚ တရားတယ္ထင္ရင္ မီးကုန္ယမ္းကုန္ ေပ်ာ္လိုက္စမ္းပါ
    (အမွားပါရင္ ခြင့္လႊတ္ဗ်ာ လို႔မေျပာခ်င္ဖူူး
    ဒါ...ခမ်ားကို တည္ပီးေရးတာ ေက်ာ့္အေကာင့္ထဲ လဲ ခမ်ား တပည့္ေတြ ရွိပါတယ္ တမင္တကာ ရွာပီး က်ဳပ္ေဝါထဲ အ႐ွဳပ္ခံထဲ့ထားတာ တမင္ကိုျမင္ေစခ်င္လို႔မွတ္)
    အားႏႊဲ႕တဲ့ မိန္းမတေယာက္အေပၚ အဲ့လို လူပါးဝၿပီး ယုတ္မာသြားတဲ့ အမဲစက္က အဲ့အမ်ိဳးသမီး ဆံုးပါးသြားလို႔ ေပ်ာက္ကြယ္သြားပီထင္ရင္ ခမ်ားသိပ္မွားမွာေပါ့
    ခမ်ားဝဋ္လည္အုန္းမွာပါ ဒုကၡလွလွေတြေရာက္အုန္းမွာ
    အဲ့အခါက် ျပံဳးခံႏိုင္ေအာင္ႀကိဳးစားပါ ဦးဦးဆရာဝန္ တဏွာသည္ ႀကီးရယ္
    ဆုမြန္ေကာင္းေတြေတာင္းေပးလိုက္တယ္ေနာ္
    ❤️၁၉.၁၁.၂၀၁၈ ရက္ေန႔ ေအာင္ဆန္းေဆးရံု တြင္ကြယ္လြန္သူ {မနန္းဆုျမတ္ထိုက္} အသက္ (၃၅)ႏွစ္ အတြက္ အမွတ္တရ 😔😔😔
    "ခ်စ္စရာေကာင္းပီးေအးေဆးတည္ၿငိမ္ တဲ့ အမေရ ေနာင္ ဘဝ ဆက္တိုင္းဆက္တိုင္း ဒီလို စုတ္ျပတ္ ရြံရွာစရာေကာင္းတဲ့ အဆင္းသာရွိပီး အခ်င္းပုပ္အက္တဲ့ သူမ်ိဳး နဲ႔ ဆုေတာင္းမွားပီး ေရစက္မဆံု ရပါေစနဲ႔ ေနာ္" 😔😔😔
    #YeeMonAung
    မူးရင္းလင့္ https://m.facebook.com/story.php?story_fbid=379904249438360&id=100022563650254

    Khin Thandar Paing
    15 hrs · Edited
    ငယ္သူငယ္ခ်င္းအရင္းေခါက္ေခါက္တစ္ေယာက္လံုးရံႈးဆံုးရတာတစ္လေက်ာ္တဲ့အခ်ိန္မွာဒီစာေလးကိုဖတ္ခြင့္ရတာအရမ္းကိုေက်နပ္မိတယ္ စာေရးသူကိုလဲအရမ္းေက်းဇူးတင္ပါတယ္ ဒါေပမယ့္ဒီလူယုတ္မာကဒီေလာက္နဲ႔အရွက္ခြဲရတာဘယ္တန္မလဲ သူမ်ားသားသမီးႏုႏုထြတ္ထြတ္ရဲ႕ဘဝကိုေသသည္ထိယုတ္မာခဲ့တဲ့လူယုတ္မာ တစ္ေန႔ေတာ့ျပန္ေပးဆပ္ဖို႔ေစာင့္ေနပါ
    Khin Thandar Paing

    Khin Thandar Paing Yee Mon Aung အစကတည္းကသေဘာတူခ်င္တာမဟုတ္ဘူး အသက္က၁၂ႏွစ္ေက်ာ္ကြာတယ္ သမိုင္းကမေကာင္း သူငယ္ခ်င္းကအရမ္းေအးတာ ဒီဘဲကိုစေတြ႕ေတာ့အမကိုေခၚျပတယ္ ေတြ႕ၿပီးတစ္လေလာက္မွာသူကယူဖို႔စီစဥ္ေနေတာ့အမဘယ္လိုတားမလဲ ကိုယ္ၾကားထားတာေတြကမေကာင္း တကယ့္ပိုင္းလံုးေကာင္ပါ ခုေတာ့သူငယ္ခ်င္းကအသက္ပါေပးလိုက္ရေတာ့ ကိုယ့္ပေရာဂမကင္းသလိုေတာင္ခံစားရတယ္ အစကတားခဲ့ရင္ေကာင္းသားေပါ့ ဒါဟာမိန္းကေလးေတြအတြက္သင္ခန္းစာပဲ ဘာမွရွက္စရာမဟုတ္ဘူး ကိုယ္ေဖါက္ျပန္တာမဟုတ္ဘူး ဒီလိုလူကိုအသက္ေပးစရာအေၾကာင္းမရွိဘူး တူေသာအက်ိဳးကိုျပန္ၿပီးေပးဆပ္ခိုင္းရမွာ အျပင္မွာေတြ႕ရင္လဲမ်က္ႏွာခ်င္းဆိုင္ကိုသြားေမးအံုးမွာ brandedေတြဝတ္ ကားအေကာင္းစားေတြစီး မိသားစုေတြေပ်ာ္ရႊင္ေနၾကတာအားရရဲ႕လား လိပ္ျပာလံုရဲ႕လားလို႔ ဒဲ့ေမးအံုးမွာ


    Yee Mon Aung
    ႀကိဳက္တဲ့ေနရာမွာႀကိဳက္သလိုရွင္းပါ သူေတာ္ေကာင္း ေဒါက္တာႀကီးရဲ႕ တူမေတာ္သူေရ ေနာ္😂😂
    ကိုယ့္အလုပ္နဲ႔ကိုယ္မအားတဲ့ၾကား က
    တကူးတက ထ ေရးတာ အားယားေနလို႔ ၫႊန္႔ခ်င္လို႔
    PP လုပ္ခ်င္လို႔မဟုတ္ပါဖူးေနာ္
    ေသသြားတဲ့သူ႔ေနရာမွာ ငါသာဆိုရင္
    ဒါမွမဟုတ္ ငါ့အမ ငါ့ညီမ ငါ့အေဒၚသာဆိုရင္ လို႔ေတြးပါ 🤗🤗
    လူလူခ်င္းကိုယ္ခ်င္းစာပါ
    ၆၆ဃ မေျပာနဲ႔ ဘယ္ဥပေဒမွ ကိုယ္မွန္မယ္ထင္ရင္မေၾကာက္ပါဖူး
    ပုတ္ရင္ေပၚ ဟုတ္ရင္ေက်ာ္ပါတယ္
    မူရင္းပိုစ့္မွာ ေသဆံုးသူရဲ႕ နံမည္ ထဲ့ရံုနဲ႔တင္
    ဘယ္ေဒါက္တာ ဘယ္သူဆိုတာ တန္းသိတဲ့သူအမ်ားႀကီးပါ
    Cb က ေန လာျပၾကလို႔
    ထိုင္တဲ့ေဆးခန္းအစ နံမည္အဆံုးပါ မသိခ်င္မျမင္ခ်င္အဆံုးပါ
    အဲ့အေပါက္ေတြ ပိတ္ခ်င္ရင္အဲ့အပုတ္ေတြေပ်ာက္ခ်င္ရင္
    ခမ်ားဦးေလးလား အေဒၚလား ၂ေယာက္လံုး ကို ႏ္ုိင္ငံျခားလႊတ္လိုက္ပါေနာ္
    ကိုယ့္ခ်ီးထုပ္ကိုယ္ေျဖမိလို႔ေျဖမိမွန္းမသိဖူး ဘယ္သူက ဝင္ရွည္ခ်င္တာ လဲ ကိုယ့္ မ်က္ေခ်းေလး မွန္ၾကည့္ပီး ျပန္ႏွိုက္ ဦး 😁😁😁






    ............
    ကျနော် လူပျို ဆရာဝန်တစ်ယောက်ပါ

    အိမ်ထောင်မရှိသေးတဲ့ လူပျို

    အတွေ့အကြုံနည်းနည်းရောများများပါရှိတဲ့ လူပျို

    ကျနော့် လူပျို ဘဝစကတည်းက

    အတွေ့အကြံုတွေ သင်

    ရည်းစားတွေထား

    ချစ်တင်းလည်း နှောပေါ့

    ကျနော် တွဲခဲ့သမျှတွေကို

    အဆင်သိပ်မပြေလာရင် ဖြတ်လိုက်တယ်

    အေးဆေး

    ကျနော်က လူပျို

    လူပျိုဆိုတော့ ထိုက်တန်ရာကိုပဲ လိုချင်တယ်

    ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားတယ်

    ကျနော် လူပျို အဲ့တော့အပျို ကိုလိုချင်တယ်
    အပျိုဆိုမှ အပျိုစင် စစ်စစ် ရေမရောတာကိုမှ
    လိုချင်တဲ့ လူပျို

    အိပ်ရာခင်းတွေ တစ်ခုပြီးတစ်ခု လျှော်ပလိုက်တယ်

    ကျနော် နဲ့ အိပ်ဖူးတာလေးတွေသာ အပျိုမဖြစ်တော့တာ

    ကျနော့် အပေါင်းအသင်းတွေနဲ့

    ကျနော့ ပတ်ဝန်းကျင်ကလည်းပြောတယ်

    ကျနော် လူပျို ဆရာဝန် ပါတဲ့

    ကျနော့် ရည်းစားတွေ အပျိုမဖြစ်တော့မှန်း သူတို့သိလည်း

    ကျနော် လူပျိုတဲ့

    အပျိုမဖြစ်တော့တာ နဲ့ လူပျိုမဖြစ်တော့တာနဲ့ ဘာကွာသလဲ

    ဘယ်သူမှလည်း မသိချင်ကြဘူး

    ကျနော်လည်း ပွင့်လွင်းစွာဝန်ခံရရင် မသိချင်ဘူး

    နောက်
    အိမ်ထောင်ပြုဖို့စိတ်ကူးရှိလာတော့

    အပျိုစင်စစ်စစ်ကိုလည်း ရှာနေတဲ့အချိန်
    ရိုရိုးသားသား မိအုပ်ဖအုပ် မိကောင်းဖခင် အခြေအနေအပျိုစင်အေးအေး မိန်းမပီပီသသနဲ့ ချစ်စရာ ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးလေးတယောက်ကို တွေ့ပါလေရော

    သူမက ၂၀ကျော် ကျနော် က ၃၀ကျော်
    ကျနော့် ထက် အသက်တွေအများကြီးငယ်တော့ ကျနော့် သဘော ကျနော့်စိတ်နဲ့ အံကိုက်ပဲလေ

    ကျနော့်ကို လဲ အရမ်းချစ်ရှာတော့ သိပ်မကြာဖူး
    လက်ထပ်ပလိုက်တယ်
    ကျနော့် အကျင့်ကို လင်မယားဖြစ်လာတော့ ပိုသိလာတဲ့ သူမ
    အနေကလည်း အေးဆေး လွန်းတော့ ချစ်တဲ့စိတ်နဲ့ ကြိတ်မှိတ် သည်းခံရှာတာပေါ့
    ကျနော် ကလဲ မရဖူးလေ မျိုးစေ့မှန်လို့အပင်သန်ခဲ့သူဆိုတော့ နောက်ပီး
    ကျနော့်မှာ ဆရာဝန်ကြီးဆိုတဲ့ပညာ ဂုဏ်ဒြပ်တွေရှိတယ် တပည့်တပန်းပေါတယ် နောက်
    ပိုက်ဆံ ပေါတယ်
    ပညာတော်သင်တွေသွားရတယ်
    နယ်ဖက်ကိုတာဝန်ကျတဲ့အခါ ရံဖန်ရံခါလို အိုင်တွေ့ရင်ခြေဆေးတော့တာပဲ
    ဘာလို့ဆို ကျနော့်ခြေထှောက်တွေ က ဘယ်လိုဆေးဆေးမပြောင်နိုင်အောင် ညစ်ပတ်တော့ ခဏခဏ ဆေးရကျောရ ဝါသနာအရပေါ့
    ဒါနဲ့ ချမ်းအေးတဲ့ နယ်မြို့တမြို့ကို တာဝန်ကျတဲ့အခိုက် အဲ့မြို့က သားဖွားမီးယပ် ဆရာဝန်မလေးတဦးကို သဘောတွေ့ပါရော
    ဒါနဲ့ ရိုးရာမပြတ် ခရီးဆက်လိုက်ကြတာ
    နောက်ဆုံး တားမန်ုင်စီးမရတွေ ဖြစ်ကြလို့
    အနိုင်ကျင့်လို့ရတဲ့ ကျနော့် မိန်းမ ဆီမြှားဦးလှည့်လိုက်ရတယ် မတတ်နိုင်ဖူး လေ သူမ ကိုမှဒီလို မရက်စက်ရင် ကျနော့် ဘဝ ပကာသနတွေကြားကနေထောင်နန်းစံရတော့မှာ ဘယ်ဖြစ်မလဲ
    မိန်းမလုပ်သူ ရဲ့ အားနည်းချက်ကို သိနေတော့
    နိုင်ကွက်နင်းပီး အချိုသပ်အပျော့ဆွဲနဲ့ကွာခိုင်းကွဲခိုင်းရတော့တာပဲ
    မိန်းမရယ် ကိုကို က မိန်းမကိုပဲချစ်တာပါ ကျန်တာ အလကား အခုလဲ ဒီစာချုပ်လေး ပြနိုင်မှ သူ က ကိုကို့ကို တရားမစွဲမှာ ကျန်တာမိန်းမ စိတ်ချ အဲ့ကိစ္စတွေရှင်းပီး မိန်းမ ဆီအရောက်ပြန်လာမယ်နော် တဲ့
    ယောကျင်္ားကို ဘုရားလုပ် ချစ်လဲချစ်လွန်း ယုံကြည်လွန်းတဲ့ သူမ သိပ်ကြာကြာ ညာပီး မညှိလိုက်ရဖူး ၂ဦး သဘောတူလက်မှတ်ထိုးထားတဲ့
    ကွာရှင်းစာချုပ် လေးကိုင်ပီး
    ကျနော် ချမ်းအေးတဲ့မြို့လေးက OG ဆရာမလေးဆီ ပြန်လာခဲ့တယ်
    ဒီလို နဲ့ ရန်ကုန် က ကွာရှင်းထားတဲ့မိန်းမ ကိုလဲ ပုံမှန်ဆိုသလို ဖုန်းတွေ ဆက် စာတွေပို့ facebook တောင်မသုံးဖူးတဲ့ သူမ ရဲ့ သူငယ်ချင်းသိပ်မရှိတဲ့ အကောင့်လေး ထဲ ဝင် ပီး သူမ တင်သမျှ ပိုစ့်လေးတွေ Like လုပ် ညာတာပါတေး အပျော့ဆွဲလေး ကြောင်ချေး ပေါ့ဗျာ
    ဒီလိုနဲ့ အပျော့ဆွဲလာလိုက်တာ ဒီဖက်က မိန်းမနဲ့ သားလေးတယောက်ရတဲ့အထိပါပဲ
    ပညာတတ်ပေမဲ့ အချစ်ကြောင့်စုံလုံးကန်းပီး ကိုယ် ပြုသမျှ နုပေးရတဲ့ အသက်ငယ်ငယ်ချောချော ပထမ မိန်းမ ခမျာမှာတော့ ကျနော် ညာပြောသမျှ ယုံကြည်ပေးနေတုန်း
    မိန်းမတွေ ခက်တယ် အချစ်နဲ့ပတ်သက်ရင် နှာခေါင်းမပါရင်တောင် ချေးစားမလား မသိ (ဒါက ကျနော်လို လူစိတ်မရှိ ယုတ်မာတတ်တဲ့ သူမျိုးပဲ တွေးတတ်တဲ့ စကားစုဗျ)
    ဒီလို ဒီလိုနဲ့ ရန်ကုန်မှာကျန်ခဲ့တဲ့ မိန်းမ ခမျာတော့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတချို့ က မယားကြီးရှိရက် နောက်မိန်းမ နဲ့ ကလေး တယောက်ယူပီး fb ပေါ် ပျော်ရွှင်စရာတွေ တင်လို့ တချို့က လဲ မကြားတကြား တချို့ကျလဲ တမင်တကာကြားအောင် ဒီဒဏ်တွေကြား
    ယောကျင်္ား ပိုင်းလုံး ခေါ်ရမလား ယောကျင်္ားတဏှာရူး ပြောရမလား (ပညာတတ် ပီး ကိုယ်ချင်းစာတရား မထားတတ်တဲ့ ဆရာဝန်ကြီး တပည့်တပန်းတွေကြား မြှောက်စားခံရပီး ကွယ်ရာမှာ အတွင်းစိတ်အညှီအဟောက်ချည်း ရွေးစားနေတဲ့ လူစားကြီးမှန်း ဘယ်သူမှမသိလိုက်ရဖူး)
    အိမ်ထဲ က အိမ်ပြင်မထွက်တော့ပဲ တနေ့တခြား စိတ်ကျ ရောဂါနဲ့ ဘယ်သူမှအတွေ့မခံ တော့ပဲ ရောဂါတွေ
    စုပြံုဝင်လဲ ကြိတ်မှိတ် မြိုသိပ်ခံနေတဲ့ ရန်ကုန်က မိန်းမ ခမျာတော့ သူ့ချစ်သူ အမျိုးသား နောက်မိန်းမနဲ့ ဒုတိယမြောက် ကိုယ်ဝန်လွယ် ထားရတယ်ဆိုတဲ့ သတင်း အဲ့ ဆရာဝန်ရဲ့ အကောင့်ထဲ ပလူပျံအောင် ဂုဏ်ပြုခံ ရပီး နောက်မကြာခင်မှာပဲ အောင်ဆန်းဆေးရုံ မှာ အရေးပေါ်လူနာ ဘဝနဲ့သေဆုံးသွားရရှာတယ်

    မိန်းမတယောက်ရဲ့ ငယ်ရွယ်နုပျို ထက်မြတ်ခြင်း နဲ့ တန်ဖိုးရှိတဲ့အချိန်တွေ အကုန် အညွှန့်ခူးစားသွားတဲ့ ဆရာဝန်ကြောင်သူတော်ကြီးခမျာတော့ ဒုတိယကလေးမွေးပီးလို့ fb မှာ ပျော်ရွှင်စရာပုံရိပ်များနဲ့ ပလုံစီနေလို့ပေါ့နော်
    တဖက်မှာ တော့ သူ လိမ်ညာလှည့်ဖြားပြီး သူတပါးရဲ့ သားသမီးကို အယုံသွင်း ကွာရှင်းခဲ့တဲ့ ဇာတ်လမ်း လေးဟာ လူမသိ သူမသိ ပီးဆုံးပျောက်ကွယ် ပြီး ပုံပြင်တပုဒ်လိုဖြစ်......ဇာတ်လမ်း လေးသည်တွင်ပီး၏ပေါ့

    အော် လောကကြီးက တရားလိုက်တာ နော် ...😌

    ကောသလမင်းကြီး အိမ်မက် တစ်ဆယ့်ခြောက်ချက်
    ကျော့်အတွက်တော့ သိပ် ဟက်ထိတာ
    အခုလက်ရှိကို အဲ့လို မျက်နှာဖုံး နဲ့ လူကြီးလူကောင်းတွေ ကမ္ဘာမြေ ဘယ်လောက်လေးအောင်ထမ်းထားရသလဲ မသိဖူးဗျာ ခက်တာက တချို့လူတွေကလည်း သိက္ခာမပါရင်နေ ပကာသနပါရင် ဖင်ဗလာနဲ့ ပွဲတက်တောင် လူရာသွင်းကြတော့လည်းခက်သားလား

    ကဲ ဆရာဝန် ဦးဦး "တဏှာသည်" ကြီး ရေ..ဆက်လုပ်စရာရှိတာ လုပ်ပါ
    ခများကိုချစ်လွန်းလို့ သစ္စာမရှိတဲ့ယောကျင်္ားပြန်လာမယ်ဆိုတဲ့စကားကို ယုံကြည်ပြီး သစ္စာရှိရှိ စောင့်သွားရှာတဲ့မိန်းမ လည်း ခများစိတ်နဲ့ လူ့လောကထဲ က အေးချမ်း စွာ ထွက်ခွါ သွားရှာပီ ...
    ခများ ပျော်ပါ စောက်ရမ်းတွေပျော်ပါ အားပါးတရ ပျော်စမ်းပါ ခများ လုပ်ရပ် သူများသားသမီးပေါ် တရားတယ်ထင်ရင် မီးကုန်ယမ်းကုန် ပျော်လိုက်စမ်းပါ
    (အမှားပါရင် ခွင့်လွှတ်ဗျာ လို့မပြောချင်ဖူူး
    ဒါ...ခများကို တည်ပီးရေးတာ ကျော့်အကောင့်ထဲ လဲ ခများ တပည့်တွေ ရှိပါတယ် တမင်တကာ ရှာပီး ကျုပ်ဝေါထဲ အရှုပ်ခံထဲ့ထားတာ တမင်ကိုမြင်စေချင်လို့မှတ်)
    အားနွှဲ့တဲ့ မိန်းမတယောက်အပေါ် အဲ့လို လူပါးဝပြီး ယုတ်မာသွားတဲ့ အမဲစက်က အဲ့အမျိုးသမီး ဆုံးပါးသွားလို့ ပျောက်ကွယ်သွားပီထင်ရင် ခများသိပ်မှားမှာပေါ့
    ခများဝဋ်လည်အုန်းမှာပါ ဒုက္ခလှလှတွေရောက်အုန်းမှာ
    အဲ့အခါကျ ပြံုးခံနိုင်အောင်ကြိုးစားပါ ဦးဦးဆရာဝန် တဏှာသည် ကြီးရယ်
    ဆုမွန်ကောင်းတွေတောင်းပေးလိုက်တယ်နော်

    ❤️၁၉.၁၁.၂၀၁၈ ရက်နေ့ အောင်ဆန်းဆေးရုံ တွင်ကွယ်လွန်သူ {မနန်းဆုမြတ်ထိုက်} အသက် (၃၅)နှစ် အတွက် အမှတ်တရ 😔😔😔
    "ချစ်စရာကောင်းပီးအေးဆေးတည်ငြိမ် တဲ့ အမရေ နောင် ဘဝ ဆက်တိုင်းဆက်တိုင်း ဒီလို စုတ်ပြတ် ရွံရှာစရာကောင်းတဲ့ အဆင်းသာရှိပီး အချင်းပုပ်အက်တဲ့ သူမျိုး နဲ့ ဆုတောင်းမှားပီး ရေစက်မဆုံ ရပါစေနဲ့ နော်" 😔😔😔
    #YeeMonAung

    မူးရင်းလင့် https://m.facebook.com/story.php?story_fbid=379904249438360&id=100022563650254
    Read More
    By သတင္းစံုေပ်ာ္၀င္အိုးၾကီး at December 28, 2018 No comments:
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: letter, People, Social Media

    Followers

    Sponsor

    Popular Posts

    • မာ႐ွီ....    ကမၻာကေခၚတာက Weed / Ganja / Marijuana / Cannabis
      မာ႐ွီ.... ကမၻာကေခၚတာက Weed / Ganja / Marijuana / Cannabis
      မာ႐ွီ.... ကမၻာကေခၚတာက Weed / Ganja / Marijuana / Cannabis ဗမာအေခၚက ေဆးေျခာက္ (မုန္းလိုက္တာ အဲ႔နာမည္ၾကီး) Q : အဲ႔ဒါၾကီးက မူးယစ္ေဆး၀ါး...
    • မာနဟာ ထူးျခားတယ္
      မာနဟာ ထူးျခားတယ္
      မာနဟာ ထူးျခားတယ္။ ေသးေသးမႊားမႊား ျဖစ္ပါေစ... ႀကီးႀကီးမားမား ျဖစ္ပါေစ... မိမိရဲ႕ ပိုင္ဆိုင္မႈ... မိမိ ရရွိထားပါတဲ့ ဆုတံဆိပ္... မိမိ ေစာင့္...
    • ဘစ္ကားေပၚမွ အုပ္စုလိုက္ ၀ိုင္းမုဒိန္းက်င့္ခဲ့သည့္ရုပ္သံ ဆိုရွယ္မီဒီယာမ်ားက ေဖၚျပခဲ့ေနာက္ တရားခံ(၆)ဦးအားဖမ္းဆီး
      ဘစ္ကားေပၚမွ အုပ္စုလိုက္ ၀ိုင္းမုဒိန္းက်င့္ခဲ့သည့္ရုပ္သံ ဆိုရွယ္မီဒီယာမ်ားက ေဖၚျပခဲ့ေနာက္ တရားခံ(၆)ဦးအားဖမ္းဆီး
      ေမာ္ရိုကို (23-8-2017) ေမာ္ရိုကိုနိုင္ငံက ျမိဳ ့တြင္းေျပးဆြဲေနတဲ့ ဘစ္ကား တစီးေပၚမွာ အမ်ိဳးသမီးငယ္တဦးကို ကားသြားေနစဥ္ အုပ္စုလိုက္၀ိုင္...
    • လုလုေအာင္ HD အသစ္
      လုလုေအာင္ HD အသစ္
      လုလုေအာင္ HD အသစ္
    • ဂ်ပန္ႏိုင္ငံမွာ အသုဘပြဲေတြအတြက္ ရြတ္ဖတ္ သရဇၩယ္ေပးတဲ့ ဘုန္းႀကီးစက္႐ုပ္
      ဂ်ပန္ႏိုင္ငံမွာ အသုဘပြဲေတြအတြက္ ရြတ္ဖတ္ သရဇၩယ္ေပးတဲ့ ဘုန္းႀကီးစက္႐ုပ္
      ဂ်ပန္ႏိုင္ငံမွာ အသုဘပြဲေတြအတြက္ ဘာသာေရးထံုးတမ္းအတိုင္း ရြတ္ဖတ္ သရဇၩယ္ေပးတဲ့ ဘုန္းႀကီးစက္႐ုပ္ ေပၚလာၿပီ။(ဘုန္းႀကီးအစစ္ပင့္ရတာထက္ စရိတ္သက္သာ...
    • တနသၤာရီတိုင္းေဒသၾကီး ၀န္ၾကီးႏွစ္ဦးကို သေဘာဆႏၵအေလ်ာက္ႏုတ္ထြက္ခြြင့္ျပဳလုိုက္သည္
      တနသၤာရီတိုင္းေဒသၾကီး ၀န္ၾကီးႏွစ္ဦးကို သေဘာဆႏၵအေလ်ာက္ႏုတ္ထြက္ခြြင့္ျပဳလုိုက္သည္
      တနသၤာရီတိုင္းေဒသၾကီး ၀န္ၾကီးႏွစ္ဦးကို သေဘာဆႏၵအေလ်ာက္ႏုတ္ထြက္ခြြင့္ျပဳလုိုက္သည္
    • အဂတိလုိက္စားသူ ၄၆ ဦးကုိ တရားစြဲခဲ့ေၾကာင္း ေကာ္မရွင္ေျပာ
      အဂတိလုိက္စားသူ ၄၆ ဦးကုိ တရားစြဲခဲ့ေၾကာင္း ေကာ္မရွင္ေျပာ
      အဂတိလိုက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္ ဥကၠ႒ ဦးေအာင္ၾကည္ ကို ၂၀၁၉၊ မတ္ ၂၃ ရက္ေန႔က ဧရာ၀တီတုိင္း ပုသိမ္ၿမိဳ႕မွာ က်င္းပတဲ့ အဂတိလိုက္စားမႈ တားဆီး...
    • Masturbation (မာစတာေဘးရွင္း)
      Masturbation (မာစတာေဘးရွင္း)
      အသက္ ၁၈ ႏွစ္ျပည့္မွ ဖတ္ပါ (၂၅) Masturbation (မာစတာေဘးရွင္း) ဆိုတာ “က်ား” ျဖစ္ျဖစ္၊ “မ” ျဖစ္ျဖစ္၊ တေယာက္ထဲနဲ႔ လိင္ဆႏၵအရ သာယာမႈ ရွာတာပါ...
    • ၿဂိဳလ္သိမ္ၿဂိဳလ္မႊားတစ္ခု နယူးေယာက္ကို႐ိုက္ခတ္ခဲ့ပီးေနာက္ ထိတ္လန္႔စရာရလဒ္မ်ားထြက္ေပၚလာေၾကာင္း နာဆာထုတ္ျပန္
      ၿဂိဳလ္သိမ္ၿဂိဳလ္မႊားတစ္ခု နယူးေယာက္ကို႐ိုက္ခတ္ခဲ့ပီးေနာက္ ထိတ္လန္႔စရာရလဒ္မ်ားထြက္ေပၚလာေၾကာင္း နာဆာထုတ္ျပန္
      နာဆာဟာ အေရးေပၚအထူးတုန္႔ျပန္မႈအေနနဲ႔ “planetary defence” ဆိုတဲ့ကာကြယ္ေရးေလ့က်င့္မႈတစ္ခုကို ေလ့က်င့္လုပ္ေဆာင္ခဲ့ပါတယ္။ အခုလိုအစမ္းေလ့က်င္...
    • ေဒၚေအာင္ဆန္းစုၾကည္ကို ေကာ္မရွင္မွာတိုင္တန္း
      ေဒၚေအာင္ဆန္းစုၾကည္ကို ေကာ္မရွင္မွာတိုင္တန္း
       ေဒၚေအာင္ဆန္းစုၾကည္ဟာ အခ်ိန္မတိုင္ခင္ မဲဆြြယ္စည္းရံုးတယ္ဆိုၿပီး ေနျပည္ေတာ္ကေန တသီးပုဂၢလအေနနဲ႔ ယွဥ္ၿပိဳင္မယ့္ ကုိယ္စားလွယ္ေလာင္း ဦးေက်ာ္ဝင...
    Powered by Blogger.
    Created By Sora Templates & Blogger Templates