CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label movie. Show all posts
Showing posts with label movie. Show all posts
Sunday, June 17, 2018
သားပိုက်ကောင်အကြောင်း အကယ်ဒမီထွန်းထွန်းနဲ့ရွှေသမီး ဘာပြောသလဲ
သားပိုက်ကောင်အကြောင်း အကယ်ဒမီထွန်းထွန်းနဲ့ရွှေသမီး ဘာပြောသလဲ
Tuesday, November 21, 2017
Room Tone
အခုလေးတင် အွန်လိုင်းမှာ မြန်မာရုပ်ရှင်ကား တစ်ကားကို ကြည့်ပြီးလို့ အဓိက ပြောချင်တဲ့ အပိုင်းဖြစ်တဲ့ အသံဖမ်းတဲ့ အပိုင်းနဲ့ ပက်သက်ပြီး ရေးချင်ပါတယ်။ ဇာတ်လမ်းပိုင်း၊ သရုပ်ဆောင်ပိုင်း၊ ဒါရိုက်တာပိုင်း၊ ကင်မရာရိုက်ချက်တွေ၊ မီးအလင်းအမှောင်တွေလည်း တော်တော်လေးကို ကောင်းပါတယ်။ ဇာတ်ကားတစ် ကားလုံးကို ခြုံပြီးပြောရမယ်ဆိုရင်တော့ အသံဖမ်းတဲ့ အပိုင်းကလွဲလို့ အကုန်လုံးကြိုက်ပါတယ်။
ဒါပေမဲ့ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေရဲ့ ခံစားချက်နဲ့အတူ ပရိသတ်က လိုက်ပြီးစီးမျောနေရင်း နဲ့ တစ်ချက်တစ်ချက်မှာ အသံက ဆောင့်ပြီးဝင်လာတာမျိုးတွေ၊ ဇာတ်ကောင်တွေ စကားပြော ခဏရပ် သွားတဲ့အခိုက်အတန့်မှာ အသံရဲ့ Continuity ပျက်သွားပြီး၊ တစ်ခါ စကားဆက် ပြီးပြောတဲ့အခါကျမှ အသံက ဝေါကနဲ ၀င်လာတာမျိုးတွေ … အဲဒါမျိုးတွေဖြစ်နေတော့ ဇာတ်လမ်းရဲ့ အရသာ အပြည့်အ၀ မခံစားရဘူးပေါ့။
မြန်မာကား အတော်များများမှာ ပရိသတ်တွေ သတိထားမိကြမှာပါ။ ဇာတ်ကောင်တွေ အပြင်မှာ လမ်းလျှောက် စကားပြောတဲ့ အခန်းတွေမှာဆိုရင် သဘာဝအသံတွေဖြစ်တဲ့ ကားသံတွေရှိမယ်၊ ကျီးကန်းအော်သံ တွေကြားရ မယ်၊ လေယာဉ်ပျံအသံတွေကြားရမယ်။ ဒါပေမဲ့ ဇာတ်ကောင်တွေ လမ်းမပေါ် လမ်းလျှောက်နေစဉ်မှာ ဘာဆို ဘာသံမှ မကြားရဘဲ၊ စကားစပြီးပြောတာနဲ့ စကားပြောသံ နဲ့အတူ အဲဒီ ဆူညံသံတွေက ဝေါကနဲဆို ၀င်လာလိုက်၊ တစ်ခါ စကားပြောတာ ခဏရပ်သွားရင် စကားသံ နဲ့အတူ အဲဒီအသံတွေပါ လုံးဝပျောက်သွား လိုက်နဲ့ အသံအ၀င်အထွက်တွေ မညီဘူးဖြစ်နေရော။
အဲဒီလို အသံတွေ ကြားတစ်ချက်၊ မကြားတစ်ချက်ဖြစ်လိုက်၊ ဆောင့်ပြီးဝင်လာလိုက်၊ ဆောင့်ထွက်သွားလိုက် မဖြစ်အောင် လုပ်ဖို့ နံပါတ် (၁) တာဝန်ရှိတဲ့လူက ရှုတင်မှာ အသံဖမ်း တာဝန်ယူတဲ့သူ (Sound Recordist or Sound Mixer) နဲ့ နံပါတ် (၂)ကတော့ Post Production အပိုင်းမှာ အဓိက တာဝန်ယူရတဲ့ သူတွေထဲက တစ်ဦးဖြစ်တဲ့ တည်းဖြတ်တဲ့သူရဲ့ တာဝန်ပါ။
အဲဒီတော့ ရိုက်ကွင်းမှာ အသံဖမ်းတဲ့သူက ဘယ်လိုအသံဖမ်းရသလဲ?
ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း အသံဖမ်းရတဲ့အပြင်၊ ရိုက်ကွင်းနေရာတိုင်း (Shooting Location) မှာ ရိုက်ကူးမှု ပြီးစီးသွားတိုင်း “Room Tone” ကို ထည့်ပြီး အသံဖမ်းရမှာပါ။ အသံဖမ်းတဲ့အပိုင်းမှာ Room Tone ဖမ်းတယ်ဆိုတာက အရမ်းကို အခြေခံကျတဲ့အဆင့်မှာပဲရှိတာပါ။
“Room Tone” ဆိုတာကတော့ ရိုက်ကွင်းနေရာ တစ်နေရာမှာ တစ်နေ့စာ ရိုက်ရမယ့် Scene တွေ အ ကုန်ရိုက်ပြီးသွားတဲ့အခါမှာ၊ ဒါရိုက်တာ နဲ့ သရုပ်ဆောင်တွေအပါအ၀င် အဲဒီအချိန်မှာ ရိုက်ကွင်းမှာ ရှိနေသမျှလူ အားလုံးကို အသံဖမ်းတဲ့သူက “Room Tone” လို့ ပြောရပါမယ်။ အသံဖမ်းတဲ့သူက အဲလိုပြောလိုက်တာ နဲ့ ရိုက်ကွင်းမှာရှိသမျှလူအားလုံးက စက္ကန့် (၃၀) ခန့်အကြာ (သတိဆွဲနေသလိုမျိုး မလှုပ်မယှက်) ငြိမ်နေပေးရပါမယ်။ အဲဒီအချိန်အတွင်းမှာ အသံဖမ်းတဲ့သူက recorder နဲ့ စက္ကန့် (၃၀) ကြာ အသံဖမ်းရပါမယ်။ ဘာစကားပြောမှမပါတဲ့ အဲဒီအသံဖိုင်ကို အဲဒီနေရာမှာရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းတွေက အသံဖိုင်တွေ နဲ့အတူ အုပ်စုတစ်စုထဲမှာထားပြီး သိမ်းထားရမှာပါ။ အဲဒါ ရိုက်ကွင်းနေရာ ပြောင်းပြီးရိုက်တိုင်း၊ အဲဒီနေရာမှာ အဲဒီနေ့အတွက် ရိုက်ကူးရေး ပြီးစီးသွားတိုင်း လုပ်ရမယ့်အလုပ်ပါ။
အဲဒီ Room Tone အသံဖိုင်တွေကို Post Production မှာ အယ်ဒီတာက ဘယ်လို အသုံးပြုသလဲ?
Scene တစ်ခု တည်းဖြတ်နေတဲ့အခါတိုင်း အဲဒီ Scene နဲ့ ပက်သက်တဲ့ အသံ နဲ့ အရုပ်တွေကို Timeline ပေါ်မှာ တင်တာ နဲ့ တစ်ပြိုင်နက် အဲဒီ Scene ရိုက်တုန်းက သွင်းထားတဲ့ Room Tone ကိုပါ Audio Track ထဲမှာ တစ်လိုင်းတင်ထားရမှာပါ။ Room Tone ကို စက္ကန့် (၃၀) စာပဲ အသံဖမ်းထားခဲ့ပေမဲ့ အဲဒီ Scene က စက္ကန့် (၃၀) ထက်ပိုပြီးရှည် မယ်ဆိုရင် အဲဒီ စက္ကန့် (၃၀) စာ Room Tone ကို Copy and Paste လုပ်ပြီး ပွားယူလို့ရပါတယ်။ ဒါပေမဲ့ နောက်ထပ် Location အသစ်တခုမှာရိုက်တဲ့ Scene တစ်ခုကို ဆက်ပြီးတည်းဖြတ်တဲ့ အခါကျရင်တော့ အဲဒီ နောက်ထပ် Location မှာ သွင်းထားတဲ့ နောက်ထပ် Room Tone ကိုပဲ သုံးရမှာပါ။ အရင် Scene မှာ သုံးခဲ့တဲ့ Room Tone ကို ပွားယူပြီး သုံးလို့မရပါဘူး။ တည်းဖြတ်တဲ့ အပိုင်းမှာ Dialogue နဲ့ Room Tone ကို ဘယ်လို သုံးသလဲဆိုတာ အောက်မှာ ဓာတ်ပုံ နမူနာ နဲ့ ပြပေးထားပါတယ်။
အခုပြောသွားတဲ့အပိုင်းက ရုပ်ရှင်ရဲ့ အသံပိုင်းမှာ Continuity ရှိအောင် နဲ့ သင့်တင့်တဲ့ အသံအရည်အသွေးရှိတဲ့ ဇာတ်ကားတစ်ကားဖြစ်ဖို့ အခြေခံအရမ်းကျတဲ့ အသံဖမ်းတဲ့အပိုင်းကို ပြောသွားတာပါ။ ဆူညံသံတွေ၊ လေသံတွေကို ဖျောက်တဲ့အပိုင်းတွေ နဲ့ ဇာတ်ကားအမျိုးအစား (Genre) ပေါ်မူတည်ပြီး၊ ဇာတ်ကားတစ်ကား ရဲ့ အသံဒီဇိုင်း (Sound Design) လိုအပ်ချက်အရ အသံကြိုး (Sound Track) တွေဖန်တီးရတဲ့အပိုင်း၊ ထူးထူးခြားခြား အသံအထူးပြုလုပ်ချက်တွေ ဖန်တီးရတဲ့ အပိုင်းကတော့ အသံ ဒီဇိုင်းပညာရှင် (Sound Designer) ရဲ့ အပိုင်းပါ။
အခုတော့ ဒီလောက်ပါပဲ။ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး (Film Production) အပိုင်းတွေကို မရေးတာ ၃ လ လောက်တောင် ရှိသွားပြီဆိုတော့ အခုတော့ ဒါလေးကို ဖတ်ပြီး ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။
ကျော်သိင်္ခ
Saturday, November 4, 2017
My little baby,Jara
မင်း ပျော် တယ်။ ငါ ပျော် တယ်။ ဒါဆို အားလုံးပျော် တယ်။
ဖေဖေ ၀မ်စူး နဲ့ သမီးလေး ဂျာ ရာ တို့ သိတ်ကြိုက်ခဲ့ ကြတဲ့ တီဗီ ကြော်ငြာလေးပေါ့။တောင်ကိုရီးယားနိုင်ငံရဲ့ ဂန်ဝါဒေသမှာ နေထိုင်တုန်း ကဖေဖေ နဲ့ သမီးလေး တို့ ဘ၀မှာ မြစ်ပြင်ကျယ်ကြီးရယ်၊စင်ယော်ငှက်ကလေးတွေရယ်၊ ဘုရားကျောင်း က သီချင်းသံတွေရယ်၊ဒါတွေပဲ ရှိခဲ့တာ။ ည ကျရင် သားအဖ ၂ယောက် တီ ဗီ တူတူကြည့်ရင်း ဘ၀တွေ ငြိမ်သက်အေးချမ်းခဲ့တာပေါ့။
ဖေဖေ ၀မ်စူး ဟာ Cerebral Palsy လို့ ခေါ်တဲ့ ( လွယ်လွယ်ပြောရရင်) အကြော တွေ အားနည်းလို့  မသန် တဲ့ ရောဂါ တစ်ခု ဖြစ်နေပါတယ်။မွေးရာပါပေါ့။မြန်မာပြည်မှာတော့ အဲလို ဝေဒနာရှင်တွေကို အလွယ်ပဲ ပိုလီယို လို့ ခေါ်ကြလေ့ရှိပါတယ်။
ဖေဖေ ၀မ်စူးကသမီးလေး ကို ပညာတတ် ကြီးဖြစ်စေချင်တယ်။တောကျောင်းလေးမှာတင် မတင်းတိမ်ဖူးပေါ့။ဒီလိုနဲ့ ဆိုလ်း မြို့ရဲ့ အနုပညာ အထက်တန်းကျောင်း ၀င်ခွင့်ရတယ်။သမီး ထက် အဖေ ကပိုပျော် တာပါ။တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော်ကြီးဆီ သူတို့ လှမ်းခဲ့တယ်။သမီးလေး ဂျာရာ အတွက် ဖိနပ်ကောင်းကောင်း၊ကျောပိုးအိပ်ကောင်းကောင်း ၀ယ်ပေးနိုင်ဖို့  ကြိတ်စုထားတဲ့ ပိုက်ဆံတွေ ဖေဖေ ၀မ်စူး သုံးခဲ့ရတယ်။
ဆိုလ်းမြို့ လူဆင်းရဲ ရပ်ကွက် က တိုက်တန်းလျားတစ်ခုခေါင်မိုးပေါ်မှာ သားအဖ ၂ ယောက် အခြေ ချခဲ့တယ်။ဖေဖေ ၀မ်စူးက စက်ရုံကျ အထည်တွေ(ဘေထုပ်ထည်တွေပေါ့)ကို လမ်းဘေးမှာ ရောင်းဖို့ ကြိုးစားတာ ခနခန မောင်းထုတ်ခံရတယ်။ဒါပေမဲ့ သူ အားမလျော့ခဲ့ဖူး။သမီးလေး ဂျာ ရာ ရဲ့ ကျောင်း စရိတ် အတွက် ငွေလိုတယ်လေ။သဘောကောင်းတဲ့ လမ်းဘေးဈေးသည် တစ်သိုက် ကူညီလိုက်လို့ ဖေဖေ ၀မ်စူး ဈေးရောင်းခွင့်ရခဲ့တာပေါ့။
သမီးလေး ၈ျာရာ ဟာ နယ်မှာ တုန်း က ဘုရားကျောင်း က သင်ပေးထားလို့  ကောင်းကောင်းဆိုနိုင်နေသူပါ။ အတန်းထဲမှာ အသံ လာစစ် တော့ သူ အကောင်းဆုံး ဆိုနိုင်ခဲ့သလို ကျောင်းလက်ရွေးစင် အသင်းအတွက်ပါ ပဏာမ ရွေးခံခဲ့ရတယ်။ဒါဟာ ဂျာရာ အတွက် ကောင်းရော အဆိုးပါ ဖြစ်စေခဲ့တယ်။သူဌေးသမီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲ့ သမီး ဟေဆွန်း နဲ့ထိပ်တိုက်တိုးတော့တာပါပဲ။ဂျာရာ့  ကို ခင်မိတဲ့ မင်ဂျောင်းဆိုတဲ့ သိုးမလိုနုံအအ ကောင်မလေး ကတစ်ဆင့် ဟေဆွန်းတို့အုပ်စုက ဂျာရာ့နောက်ကြောင်းကိုရှာဖွေတွေ့ခဲ့တယ်။
ဂျာရာက သူ့ကို လူအထင်ကြီးအောင် သူဟာ အထည် အ၀တ် ထုတ်လုပ်တဲ့စက်ရုံပိုင်ရှင်ရဲ့ သမီးလို့ ညာခဲ့တာကိုး။တတိယနှစ်ကျောင်းသား ၊အဆိုအဖွဲ့ခေါင်းဆောင် ယူဂျင်းကလဲ အဆိုကောင်း၊ရုပ်ချော၊ပိုက်ဆံပေါတဲ့ ၈ျာရာ့ ကို အပိုင်ချည်တော့တာ။အကုန်လွဲကုန်တော့တယ်။ဒီမှာတင် ရှက်ရမ်းရမ်းပြီး ဂျာရာကို ဖျက်ဆီးဖို့ ကြံကြတော့တယ်။
သွေးအေးအေး နဲ့ မိန်းကလေးတစ်ယောက် ဘ၀ ကို ၀ိုင်းဖျက်ဆီးကြတာ ရင်နာနာ နဲ့ ကြည့်ခဲ့ရတဲ့ရုပ်ရှင်ပါ။ဒါတွေကို သူ့အဖေ ၀မ်စူ ကမသိရှာဖူး။ဈေးရောင်းကောင်းနေတာကိုး။သမီးလေးဂျာရာက ဖုန်းဖွင့်ပြီး ဖေဖေ လို့  အော်ဟစ် အကူအညီတောင်းခဲ့ပေမဲ့ ဖေဖေ ၀မ်စူး ကတော့ မကြားနိုင်တော့ပါဖူး။တစ်ထည် ၀ယ်ရင် တစ်ထည် အလကားပေးမယ် ဆိုပြီး ဈေးရောင်းနေတာကိုး။
ဂျာရာ ဟာ သူ့အဖြစ်အပျက်တွေကို ဒိုင်ယာရီစာအုပ်ထဲရေးပြီး သူအလုပ်လုပ်တဲ့ စတိုးဆိုင်မှာ ဖွက်ထားခဲ့တယ်။ဂျာရာ စိတ်ထဲမှာ မြစ်ပြင်ကျယ်၊စင်ယော်ငှက်တွေနဲ့ သီချင်းသံတွေပဲ တမ်းတနေမိတယ်။ဂျာရာ ဆိုးလ်မှာ ဘာဆက်ဖြစ်မလဲ။မသန်စွမ်းအဖေကြီးတစ်ယောက်ကရော။ထင်မှတ်မထားတဲ့ ဘ၀ ရဲ့ အလှည့်အပြောင်းတွေက My little baby,Jara ကို ပုံဖော်လိုက်ကြတယ်။
သမီးလေး ဂျာရာ ပြောနေကြစကားလေးပေါ့။
အိမ် ပြန်ရောက်လာရင် အဖေ က အဖေ ပါပဲ တဲ့။
မသန်စွမ်း အဖေကြီးဟာ တကယ် အဖေ တစ်ယောက်လို သူ့သမီးလေးကိုကာကွယ်နိုင်ခဲ့ရဲ့လား။ကြည်နူးလို့ ကျရတဲ့မျက်ရည်၊နာကျည်းလို့ ကျရတဲ့မျက်ရည်၊အော့နှလုံးနာ မခံချိ မခံသာ လို့ ကျရတဲ့ မျက်ရည်။ အဲသလို မျက်ရည် မျိုးစုံ ကို သယ်ယူသွားတဲ့ရုပ်ရှင်ပါ။
ဂျာရာနေရာက သရုပ်ဆောင်တဲ့ အိုရီဆိုး ဟာ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး မျက်နှာ သစ်သရုပ်ဆောင်ဆု ရဖို့  လျာထားခံ လိုက်ရပါပြီ။
channelmyanmar.orgမှာ ကြည့်လို့ ရနေပါပြီ။
ဇာဂနာ
Always be my maybe
တကယ်တော့ ဖိလစ်ပိုင် ဟာ အာရှတိုက်ရဲ့ သက်တမ်း အရင့်ဆုံး ရုပ်ရှင်ထုတ်လုပ်ခဲ့တဲ့နိုင်ငံပါ။မြန်မာ ပြည်ထက် အများကြီး စောပါတယ်။၁၉၁၉ ခုနှစ်ကထဲက ဇာတ်လမ်းရုပ်ရှင်ကို စတင်စမ်း သပ်နေတဲ့နိုင်ငံပေါ့။
မာကိုစ် သမ္မတ ဖြစ်လာတော့ တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးနဲ့ထိန်းကျောင်းလိုက်တာ ရုပ်ရှင် လောက ဟာ ၀ါဒဖြန့်ချိရုံသက်သက်ဖြစ်ခဲ့ရပါလေရော။၂၀၀၀ပြည့်နှစ် သည်ဖက်ပိုင်းတွေကျမှ ရုပ်ရှင်လုပ်ငန်း ဟာ ပြန်လည် ဦးမော့လာတာပါ။ဒါကလဲ အစိုးရ ကောင်းတစ်ရပ် ရဲ့ စနစ်ကျနတဲ့ ပြုစုပျိုးထောင်မှုလို့ ပြောရပါလိမ့်မယ်။၂၀၁၁ခုနှစ်မှာ ဖိလစ်ပိုင် ဖလင် အကယ်ဒမီ ကိုတည်ထောင်ပေးခဲ့ပြီး ရုပ်ရှင် အနုပညာရှင် အတတ်ပညာရှင်တွေ မွေးထုတ်ပေးခဲ့ ကြပါတယ်။
တစ်ခါအင်မတန်အားရစရာကောင်းတဲ့အချက်တစ်ခုရှိပါသေးတယ်။၂၀၀၉ ခုနှစ်မှာ ရုပ်ရှင်အကဲဖြတ်အဖွဲ့(ဆင်ဆာ Censor လို့ မသုံးနှုန်းပါဖူး။ Regulator စိစစ်ပေးသူပေါ့) ကနေ ရုပ်ရှင်ဇာတ်ကားတွေကို အဆင့်အတန်း သတ်မှတ်ပေးပါတယ်။ အားလုံး ကြည့်လို့ရတဲ့အဆင့်၊ အသက်၁၃နှစ်အောက်ကလေးတွေ မိဘနဲ့  ကြည့်ရမဲ့အဆင့်၊ ၁၈နှစ်အောက် ကလေးတွေ မကြည့်ရမဲ့အဆင့် စသဖြင့် စံနှုန်းတွေ သတ်မှတ်ပေးတဲ့ စနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့ပါတယ်။ဒါကိုပြီးပြီးရော ကျင့်သုံးခဲ့တာ မဟုတ်ပါဖူး။ဆုပေးဒဏ်ပေးစနစ်နဲ့ပါ။
တကယ်လို့ ရုပ်ရှင် ဇာတ်ကားတစ်ကားဟာ အရွယ် သုံးပါး မရွေး ကြိုက်တဲ့အချိန် ကြိုက်တဲ့ နေရာမှာ ကြည့်ခွင့် လက်မှတ် G ဆိုတဲ့ အမှတ်အသားရခဲ့ရင် ဖျော်ဖြေရေးအခွန် ၃၀ ရာခိုင်နှုန်း ကို နိုင်ငံတော် ကရုပ်ရှင်ထုတ်လုပ်သူကိုပြန်လည်ပေးအပ်ခဲ့ပါတယ်။ရုပ်ရှင်ထုတ်လုပ်သူတွေ၊ရုပ်ရှင်ရုံလုပ်ငန်းလုပ်ကိုင်လိုသူတွေ၊ပြည်တွင်းဈေးကွက်မှာ နိုင်ငံခြား က လာရောက်ရင်းနှီးမြှုပ်နှံလို သူတွေအတွက် VAT ခေါ် Value added Tax ၁၂ ရာခိုင်နှုန်း ကို သက်သာခွင့်ပေးလိုက်ပါတယ်။
ဒီလိုနဲ့ ဖိလစ်ပိုင် ရုပ်ရှင်ဟာ အရှေ့တောင်အာရှမှာထိုးထောင်တက်လာလိုက်တာ ခုဆို မြန်မာပြည်ရုပ်ရှင်လောကတောင် ဖိလစ်ပိုင်လက်ထဲ လေးပုံတစ်ပုံတော့ ကျရောက်နေပါပြီ။ အထက်က ပြောခဲ့တဲ့ အစီအမံတွေဟာ လွှတ်တော် နဲ့ အစိုးရက ကွပ်ကဲ စီစဉ်ပေးခဲ့တာပါ။
(တနေ့ က ရုပ်ရှင် အစည်းအရုံးကနေ လွှတ်တော် ကို ဥပဒေ မူကြမ်း ကိစ္စ သွားရောက်ရှင်းလင်းတယ်လို့ ကြားရပါတယ်။အဆိုပါ ကိစ္စရပ်တွေ မပါဖူးလို့ လဲ သိရပါတယ်။ လွှတ်တော် ကိုယ်စားလှယ် မင်းများ နဲ့  အစိုးရ အဖွဲ့ တို့ သတိပြုစေလိုပါတယ်။တောင်ကိုရီယား မိုဒယ် ကိုပဲ ယူယူ ဖိလစ်ပိုင် မော်ဒယ်ကိုပဲ တုတု အစိုးရ နဲ့ လွှတ်တော် ပါကို ပါမှ ဖြစ်မယ် ဆိုတာ ပါ)။
ဒီလိုပြုပြင်ပြောင်းလဲ ခဲ့မှု ရဲ့ အကျိုးဆက်ကနေ ခု လို Always be my maybe ရုပ်ရှင်ကားမျိုးတွေပေါ်ထွက်လာခဲ့တာပေါ့။ဒီလို ဒါရိုက်တာ သရုပ်ဆောင်တွေမွေးဖွားခဲ့တာပေါ့။
အချစ်ဟာသ လို့ ဆိုရပေမဲ့ ဒီထက်နက်ရှိုင်းတဲ့ မေတ္တာဘွဲ့ ကိုတွေ့ရပါမယ်။ အင်မတန် ချမ်း သာတဲ့ ဂျိတ် ဟာ အိမ်ထောင်ပြုဖို့ အချိန်ရောက်ပြီ လို့ သူ့ကိုယ်သူ သိလိုက်တဲ့အခါမှာတော့ သူနဲ့တွဲနေခဲ့တဲ့ ကောင်မလေး တွေဟာ ကိုယ်စီ ကိုယ်စီ အိမ်ထောင်ပြုဖို့ အဆင်သင့်ဖြစ်ကုန်နေပါပြီ။
အလွဲလွဲ အမှားမှားနဲ့ လက်ထပ်ခွင့်တောင်းခဲ့ရှာတဲ့ ၈ျိတ် ရဲ့အဖြစ်အပျက်တွေဟာ တော်တော် လေး ဟာသမြောက်ပါတယ်။လက်ထပ်လက်စွပ် တစ်ကွင်းနဲ့ မိန်းမ အရှာထွက်ပုံတွေ ကြည့်ရတာ ဟောလီဝုဒ်ရုပ်ရှင် The Bachelorကို သတိရစေပါတယ်။အမွေဒေါ်လာ သန်းတစ်ရာ မရမှာ ကြောက်လို့  မိန်းမ ရအောင်ယူရတဲ့ ဟာသဇာတ်လမ်းထဲက တချို့ ဇာတ်ကွက်တွေ ယူထားတာ တွေ့လိုက်ရပါတယ်။ အကြံတူနောက်လူ သာစမြဲ ဆိုတာလို ဖိလစ်ပိုင်ရုပ်ရှင်ကတော့ ပို ရီရတာပေါ့။
ဒီလိုနဲ့ မိန်းမ မရ လို့ စိတ်ကျသွားတဲ့ ဂျိတ်ဟာ သူပိုင်တဲ့ ပင်လယ်ကမ်းစပ်က ဟော်တယ်ကိုရောက်လာခဲ့ရတယ်။ဒီမှာ တင်တင် နဲ့တွေ့တော့တာပါပဲ။တင်တင် က မိတ်ကပ်ဆရာမ။Blogger ။ အွန်လိုင်းမှာ အလှအပရေးရာ တွေကို ပုံမှန်တင်ဆက်နေသူပေါ့။ခုလဲ ကြော်ငြာမင်းသမီးတစ်ယောက် ကို အလှပြင်ပေးဖို့ ရောက်လာခဲ့တာပါ။ဟော်တယ်ပိုင်ရှင် ဂျိတ် နဲ့ တင်တင် တို့ စကားတွေ ပြောဖြစ်ကြတယ်။တင်တင်ဟာ ပွင့်လင်းတယ်။ဂျိတ်ကပျော်တတ်တယ်။ မိုးလင်းတဲ့ထိ တူတူသောက်ရင်း ပြောလိုက်ကြတဲ့စကား။
အတိုချုပ်လိုက်ရရင် ခြောက်လလောက် ပင်လယ်ကမ်းစပ်မှာ အချိန်ဖြုန်းနေတဲ့ သူဌေးလေး ဂျိတ် ဟာ မနီလာ ရွှေမြို့တော်ကြီးဆီ ပြန်လာပြီး အလုပ်ဝင်ပါတော့တယ်။တင်တင် နဲ့လဲ ချိန်း ပြီးစကားပြောကြ။ငြင်းကြ။ရန်ဖြစ်ကြပေါ့။
ဒါဆို ဇာတ်လမ်း က ဘယ်လိုရှေ့ဆက်ကြမလဲ။ပြီးရောပေါ့။ဘယ်ဖြစ်ပါ့မလဲ။EX တွေ ၀င်လာပါတော့တယ်။ တင်တင် ရဲ့ချစ်သူဟောင်း၊ပြီးတော့ ဂျိတ် ရဲ့ အဆက်ဟောင်း ထရေစီ။သူတို့တွေက သူတို့ဆုံးဖြတ်ချက်တွေ မှားခဲ့တယ် ဆိုပဲ။
တင်တင် ဟာ ချစ်သူဟောင်း ဂျယ်ရီ ဆီ ပြန်သွားခဲ့လေသလား
ဂျိတ်ကရော ထရေစီ ကို ပြန်လက်ခံခဲ့သလား။
ကိုယ်ထင်ထဲ့အတိုင်းသာ ဖြစ်ခဲ့မယ် ဆိုရင် ဘာလို့ ရုပ်ရှင်တွေ ရိုက်နေကြတော့မှာတဲ့လဲ။လက်တွေ့ဘ၀ ထဲမှာလဲ ထွက်ခွာသွားသူတွေ အတွက် တနေရာ ရှိသင့်သေးရဲ့လား။
သေချာတာတစ်ခုကတော့ ဇာတ်သိမ်းထိ ရီနေရတာပါပဲ။
အထူးချီးကျူးချင်တာကတော့ နောက်ခံတေးဂီတပါ။ဇာတ် တစ်ခုလုံးကိုအကောင်းဆုံးပံ့ပိုးထားနိုင်ခဲ့တာပါ။ဇာတ်ဝင်သီချင်းတွေ ကောင်းလွန်းနေတာကလဲ ဇာတ်ကားအတွက် အင်အားတစ်ခုပေါ့။
စိတ်ညစ်နေရင် ဒီရုပ်ရှင်သာ ကြည့်လိုက်ပါ လို့ ညွှန်းပါရစေ။
ဇာဂနာ
Friday, November 3, 2017
ထိုင်းမှာရိုက်တဲ့ အလောင်းမင်းတရား ရုပ်ရှင်
မြန်မာ့ ရုပ်ရှင်လောကအတွက်တော့ ရှက်ဖွယ် လိလိ ဖြစ်ဦးတော့မယ်...
ထိုင်းက ပထမဦးဆုံး ဆူရီယိုထိုင်း ရိုက်တယ် အဲဒီကားမှာ တပင်ရွှေထီးနဲ့ ဘုရင့်နောင် တို့ ပထမဦးဆုံးအကြိမ် ထိုင်းကို ဝင်ရောက်တိုက်ခိုက်တဲ့ အကြောင်း ရိုက်ပြထားတယ်...
(အဖြစ် ရိုက်တဲ့ ဘန်ရဂျန်းလို ပေစုတ်စုတ်ကားကို ထည့်မတွက်ပါ)
ဒုတိယကားအနေနဲ့ နရဲစွမ်း ထွက်တယ်... ဒေါ်လာသန်းချီ အကုန်ခံရိုက်တယ်... မြန်မာနိုင်ငံကိုလာပြီး ကမ္ဘောဇသာဒီနန်းတော် ပုဂံနန်းတော်နဲ့ မန္တလေးနန်းတော်တို့ အမျိုးသားပြတိုက်တို့ကိုလာပြီး ဓါတ်ပုံရိုက် ထိုင်းမှာ မြန်မာနန်းတော် အတုတစ်ခု ကြီးကျယ်ခန်းနားစွာ ပြန်ဆောက်ပြီး ရိုက်တယ်။ ရိုက်တဲ့နေရာမှာ အဝတ်အစား costume တွေကို တခန်းတနားနဲ့ ပြင်ဆင်တယ်... အသုံးပြုတဲ့ စစ်မြင်းတွေကို သြစတေးလျကနေ မှာတယ်... the lord of the ring ရိုက်တဲ့အဖွဲ့ကို ခေါ်ပြီး စက်တင် ဆင်ရိုက်တယ်... အလွန်ခန်းနားလွန်းတယ်...
အဲဒီကားတွေမှာ မြန်မာ့သမိုင်းမှာ မှန်တာပါသလို လုပ်ဇတ်လုပ်ပြီး ရိုက်ထားတဲ့ သမိုင်းလိမ်လည်း ပါမှာပဲ... ဒါပေမယ့် ဘာဖြစ်လဲ... တသက်လုံး ပြိုင်ဖက်ဖြစ်လာတဲ့ မြန်မာကို ပေစုတ်စုတ် မရိုက်ဘူး.. အလွန်ခန်းနားကြီးကျယ်တဲ့ ဟံသာဝတီ နန်းတော် နိုင်ငံတော်အနေနဲ့ ရိုက်တယ်... ဒါမှ ကိုယ့်ထက်ကြီးကျယ်တဲ့ ခန်းနားတဲ့ ပြိုင်ဖက်နိုင်ငံရဲ့ ကျူးကျော်မှုကို ယိုးဒယားတွေက တွန်းလှန်နိုင်တယ်ဆိုမှ သူတို့ ဂုဏ်ရှိမှာလေ... တကယ်လည်း မြန်မာ့သမိုင်းမှာ ဘုရင့်နောင်ရဲ့ နိုင်ငံတော်ဟာ ကြီးကျယ် ခန်းနားခဲ့ပါတယ်။
အခုနောက်ဆုံး တတိယကားအနေနဲ့ အလောင်းမင်းတရား ရုပ်ရှင် စရိုက်နေပြီ။ ဒီpost မှာ ဇာတ်ဝင်ခန်းအချို့ရဲ့ ဓါတ်ပုံတွေ တင်ပေးထားပါတယ် ကြည့်ကြည့်ပါ။ ထိုင်းတွေက မြန်မာနန်းတော် အတု တစ်ခါပဲ ဆောက်တယ် costume တွေကို တစ်ခါပဲ အကုန်ခံလုပ်တယ်။ ကြီးကျယ်ခန်းနားသော စက်တင်တွေကို တစ်ခါပဲဆောက်တယ်။ ပြီးတော့ လူတွေ စိတ်ဝင်စားစေမယ့် ရုပ်ရှင် ၉ ကားလောက် ရိုက်လိုက်တယ် (ဆူရီယိုထိုင်းက ၁ ကား၊ နရဲစွမ်းက ၆ ကား၊ ကြားထဲမှာ နိုင်ငံခြားရုပ်ရှင်း the prince and me ဆိုလား စိတ်ကူးယဉ်နိုင်ငံလုပ်ရိုက်တဲ့ တကား၊ အခုနောက်ဆုံး အလောင်းဘုရားကား) ပြီးတော့ နရဲစွမ်းကို tv series လုပ် ရိုက်လိုက်သေးတယ်။ ပြီးတော့ အဲဒီ နန်းတော်တွေ costume တွေကို ပြစားတယ်။ အဲဒီတော့ သူတို့ အရင်းက ကျေသထက်အပြင် အမြတ်တောင် အများကြီး ပေါ်နေပြီ။
ကျွန်တော်တို့ မြန်မာ ရုပ်ရှင်တွေက ရှေးခေတ် မြန်မာ့ စစ်ကားရိုက်တယ်။ ကျန်စစ်မင်းဆို နှာဘူးကားဖြစ်လို့... ဘာကြီးကျယ်ခန်းနားမှုမှလည်း မရှိ၊ ဘုရင်အခန်းတွေ ရိုက်တဲ့ကားတွေဆိုလည်း စုတ်တီးစုတ်ပြတ်နဲ့။ ထိုင်းလို ငွေမရှိလို့ မရိုက်နိုင်ဘူး ဆင်ခြေမပေးနဲ့။ တကယ်လုပ်တတ်ရင် တကယ် မခိုမကပ်ပဲ နိုင်ငံချစ်စိတ် ပြည်သူတွေကို တန်ဖိုးထားပြီး ဇာတ်ကားကောင်း ဖန်တီးချင်စိတ် စေတနာစိတ်ထားပြီး ရိုက်ရင်ရတယ်။ မြန်မာပြည်မှာလည်း နန်းတော် အတုဆောက်လို့ရတယ် ပြီးတော့ ဇာတ်လမ်းတွဲပေါင်းများစွာ မကုန်နိုင်မခန်းနိုင် (မွန်မြန်မာ နှစ် ၄၀ စစ်အကြောင်း၊ အင်းဝ၊ အမရပူရ ဟံသာဝတီ တောင်ငူ ခေတ်အဆက်ဆက်က သူရဲကောင်းတွေအကြောင်း မင်းတွေအကြောင်း ဇတ်ကားဖြစ်ဖြစ် ရိုက်လို့ရတယ်။
ဒါပေမယ့် မရိုက်ခဲ့ဘူး။ မရိုက်တဲ့အပြင် ဒီဖက်ခေတ် ကိုယ့်မြန်မာပြည်ရဲ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်တောင် လေနဲ့ ရိုက်နေတာ ၅ နှစ် မကတော့ဘူး။ ဘာမှ အကောင်အထည် မပေါ်တဲ့အပြင် ပြတဲ့ ဇာတ်ဝင်ခန်းကလည်း ပေစုတ်စုတ်နဲ့။
အခု ထိုင်းက ရိုက်မယ့် အလောင်းမင်းတရား ရုပ်ရှင်ကလည်း အလွန်ခန်းနားစွာ လာပါဦးမယ်။ အဲဒီ ရုပ်ရှင် ထွက်လာရင်လည်း သမိုင်းလိမ်တယ် ဘာညာနဲ့ အော်ဦးမယ်။ ကိုယ့်နိုင်ငံသမိုင်းကို ကိုယ်က ကြီးကျယ်ခန်းနားစွာ လက်ဦးအောင် မရိုက်ပြပဲနဲ့ သူများတိုင်းပြည်က ကြီးကျယ်ခန်းနားမှုကို ရှေ့တန်းတင်ပြီး သူတို့လိုသလို မြန်မာ့သမိုင်းကို လိမ်ရိုက်တာလည်း ခံရဦးမယ်။ ဘယ်လောက်တောင် ရှက်ဖို့ ကောင်းပါသလဲ။
အခု မြန်မာ့ ရုပ်ရှင်ကို ကြည့်တယ်။ သရဲကားခေတ်ကောင်းရင် သရဲကားလိုက်ရိုက်တယ် ဟာသကား ခေတ်ကောင်းရင် ဟာသကား လိုက်ရိုက်တယ် မင်းသားတွေ မိန်းမလိုဝတ် အခြောက်ပုံလုပ်တာ လူတွေ သဘောကျရင် ရှိသမျှ မင်းသားအကုန် အခြောက်လိုဝတ် ရိုက်ရတယ်။ ဘယ်မှာလဲ ဖန်တီးမှုတွေ၊ ဘယ်မှာလဲ ကြီးကျယ်ခန်းနားမှုတွေ။ ဒါကြောင့်လည်း မြန်မာ့ရုပ်ရှင်တွေကို ဘယ်လိုမှ ကြည့်မရတော့တာ။ acting တွေက over တွေ ဖြစ်လာ ပရိတ်သတ်ကို လည်း ခပ်ပေါပေါတွေ ချပြ မင်းသမီးတွေက လည်း တင်ပဲ ပြစားလိုက် ရင်သားပဲ ကြီးအောင်လုပ်လိုက် ကိုရီးယားသွား အလှပြင်လိုက်နဲ့ပဲ ပြီးတယ်။
ဖြစ်စေချင်တာက မြန်မာပြည်မှာ ရိုက်ပြနိုင်တဲ့ ရုပ်ရှင်တွေ သမိုင်းတွေ အများကြီးပါ။ tourist attraction ဖြစ်အောင် လုပ်လို့ရတာတွေ အများကြီးပါ။ ဘာလုပ် မလုပ်ကြတာလဲ။ မလုပ်နိုင်တာလား ရေသာခိုတာလား ဘာမှ ကြိုးစားမှု ပြင်းထန်အားထုတ်မှု မရှိပဲ အလွယ်တကူ ပိုက်ဆံလိုချင်နေတာလားဆိုတာတော့ လက်ရှိ ရုပ်ရှင်လောကက လူတွေသာ ကိုယ့်အကြောင်းကို အသိဆုံး ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ လက်ရှိအချိန်အထိ လေးစားရသော မြန်မာ့ သမိုင်းဝင် ရုပ်ရှင်ဇတ်ကား ထွက်တာ မတွေ့ရသေးပါ။
အခု ထိုင်းကရိုက်တဲ့ အလောင်းမင်းတရား ရုပ်ရှင်ထွက်တာနဲ့ လက်ဝယ်ရဖို့ ကြိုးစားနေပါတယ်။ ပြီးရင် ထပ်ရေးပါဦးမယ်။ ထိုင်းက သမိုင်းလိမ်သည်ဖြစ်စေ လိုသလိုဆွဲသည်ဖြစ်စေ ကိုယ့်ဘုရင်အကြောင်း ခုလို တခမ်းတနားနဲ့ ရိုက်ပြတဲ့အတွက် ကျေးဇူးတင်တာတော့ ရှိပါတယ်။
Thit Sar
Thursday, November 2, 2017
ငါပြေးရမယ် ဟာနာ၊ ငါ ရပ်လို့ မဖြစ်ဖူး။
ငါပြေးရမယ် ဟာနာ၊ ငါ ရပ်လို့ မဖြစ်ဖူး။
ဟုတ်တာပေါ့။ သဲမာ ပြေးနေရတယ်။
ဆုတံဆိပ် အတွက်လဲ မဟုတ်ဖူး။နိုင်ငံအတွက်လဲ မဟုတ်ဖူး။
သူ့မိသားစုအတွက်။
ငါပြေးနေရမယ် ဟာနာ။
---------------------------------------------------
သဲမာ၊ဟာနာ တို့က ညီအမတွေ။အထက်တန်းကျောင်းသူလေးတွေ။သဲမာ က ညီမလေး ကိုသိပ်ချစ်တယ်။ရှိတာကမှ ဒီ ၂ယောက်ထဲကို။သူတို့မိသားစုကလဲ ဖေဖေ အယ်ဒိုရယ် မေမေ ဖလောရင်းရယ် ပေါင်းမှ လေးယောက်ရယ်။တခါတလေ မေမေ့ အလုပ်တွေ လာကူလုပ်ပေးတဲ့ မေမေ့ ညီမ မာရီ ပါထည့်လိုက်ရင်တော့ ငါးယောက်ပေါ့။သူတို့ မိသားစုက ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း က လယ်သမားမိသားစုပါ။ဖေဖေ အယ်ဒို က သူများ လယ်မှာ အလုပ်လုပ်နေရတာ။မေမေ ကတော့ အိမ်မှာ ယက္ကန်း ယက်တယ်။ပိတ်စရရင် မြို့ကလေး က အန်တီ မီဒါ ဆီ ပို့ရောင်းတာပေါ့။ အန်တီမီဒါကတော့ နည်းနည်း ပါပါးပြုပြင်ပြီး နိုင်ငံခြားသား တွေကို ပြန်ရောင်းတယ်။ဒါ သူတို့မိသားစုရဲ့ ၀င်ငွေ။အလုပ်အဆင်မပြေရင် အစားအသောက်လဲ ခက်တယ်။ဒီလို အခါမျိုးကျရင် ဖေဖေ က ညည်းတယ်။ သဲမာ သာ ယောင်္ကျားလေး ဖြစ်ခဲ့ရင် အား ကိုးရမယ် တဲ့။သဲမာ စိတ်ပျက်တယ်။ဒီလိုစကားမျိုး ကို စိတ်ပျက်တာပါ။
ခုကော ယောကျာင်္းလေး တစ်ယောက် ထက် ဆိုးတဲ့ဘ၀မှာနေနေရတာ။ကျောင်းသာတက်နေရတယ်။ဖိနပ်ကောင်းကောင်းမရှိဖူး။ မုန့်ဝယ်မစားနိုင်ဖူး။သူ့အဖေ ရဲ့ အကျ အကျီင်္ ဟောင်းတွေ ၀တ်နေရတာ။သူ့စိတ်ကိုက ယောကျာင်္းစိတ်။ ထမင်းဟင်းလဲ မချက်ချင်။အ၀တ်လဲ မလျှော်ချင်။သူတို့ညီအမ ၂ ယောက် ထဲ လယ်ကွင်းတွေ၊ မြောင်းဘောင်တွေ၊တောင်ကုန်းတွေ ပေါ်မှာ ပြေးကြတယ်။တစ်ခါတစ်ခါ စိတ်ရူးပေါက်ရင် ညီအမ၂ယောက် မုန့် ဆိုင်တွေက မုန့်ခိုးစားတယ်။ပြီးတော့ပြေးတယ်။အိမ်မှာလာ တိုင်ခံရတဲ့အခါ ဖေဖေ က တွယ်တော့တာပေါ့။
မေမေ့ အလုပ်ကို ကူတဲ့အနေနဲ့ အန်တီမီဒါဆီ ပစ္စည်းသွားပေးတယ်။ ညီမလေး ဟာနာက အန်တီမီဒါ အိမ် ဧည့်ခန်းထဲက Wheel Chair ပေါ်တက်ဆော့တော့ အငေါက်ခံရတာပေါ့။နိမိတ်များ ပြလေ သလား။
နောက်တစ်နေ့ ကျောင်းသွားတော့ သဲမာ ရှာ ထားတဲ့ဖြတ်လမ်း ကနေ သွားတာ။ညီမလေး ဟာနာ ကားတိုက်ခံရပါလေရော။တကယ်တော့ အမြန်လမ်းပေါ် လမ်းဖြတ်ကူးလို့ မရဘူးလေ။
ဆေးရုံကိုရောက်တဲ့အခါ ပိုက်ဆံ မရှိတော့ မျက်နှာငယ်။ကုတင် မရလို့ အခက်ကြုံရပြန်ပါတယ်။ညီမလေး ဟာနာရဲ့ခြေထောက်ထဲကို သတ္ထု ထည့် ပြီး ကုရမယ်။ မြို့တော် မနီလာ ကိုပို့ရမယ်တဲ့။ဘယ်မလဲ ပိုက်ဆံ။လောလောဆယ်တော့ Wheel Chair နဲ့ထားပါ ဆိုပဲ။သဲမာ မျက်လုံးထဲ သူ့ညီမလေး ဟာနာ တက်ကစားခဲ့တဲ့ အန်တီ မီဒါ့ အိမ်က Wheel Chair ကြီး ကိုပဲ မြင်နေတယ်။
လမ်းမှာသူတို့မုန့်ခိုးစားနေကြဆိုင်ကြီးက ဦးလေးကြီးက သတင်းအကြားနဲ့ သနားပြီး မုန့် နှစ်ခု လက်ဆောင်ပေးလိုက်တယ်။အဲဒီ မုန့်ဆိုင်မှာ နံရံကပ်ကြော်ငြာတစ်ခုတွေ့တယ်။ ဟိုဘက်မြို့ မှာ မာရသွန်ပြေးပွဲလုပ်မယ် ဆိုပဲ။သူ ၀င်ပြိုင်ချင်တယ်။သူ့ကိုယ်သူပြေးနိုင်တယ်လို့ ယုံတယ်။သူ ဘယ်သူ့ကိုမှ မပြောဖူး။ညီမလေး ကိုတော့ ပြောခဲ့တယ်။ မုန့်တစ်ယောက်တစ်ခု စားရင်း ငါသွားပြေးမယ်ဟာနာ။ညီမလေး အတွက် မမသွားပြေးမယ်တဲ့။
စိတ်ဝင်စားဖို့ ကောင်းတာက ဒီ ဇာတ်ကားမှာ ဇာတ်ဝင်ခန်းတွေကို လှ လို့ ဆိုပြီး တမင်သက်သက် ထည့်ထားတာမျိုးတစ်ခုမှ မရှိဖူး။Wheel Chair အဟောင်း ကိုထည့်ထားတယ်။ နောက်တော့ ညီမလေး ဟာနာ အတွက်ဖြစ်ခဲ့တယ်။လေရဟတ် နဲ့လျပ်စစ် ထုတ်တဲ့နေရာတွေဆီ ညီအမ ၂ယောက် ပြေးကြတယ်။ ခု သူအပြေးကျင့်တော့ဒီနေရာတွေမှာပဲ။သူတို့က လျပ်စစ်ဓါတ်ထုတ်ပေးတယ်။ငါက အနိုင်ရရမယ် ဆိုတဲ့ စိတ်ဓါတ် ထုတ်ပေးနေတယ် တဲ့။ဒါ သဲမာ စကား။
တကယ်လဲ သူနိုင်ခဲ့တယ်။ပြိုင်ပွဲက ရတဲ့ပိုက်ဆံနဲ့ ညီမလေး ဟာနာအတွက် Wheel Chair၀ယ်ပေးတယ်။ပိုတဲ့ပိုက်ဆံတွေကို မေမေ့ ကိုပေးလိုက်တယ်။သိတ်လှတဲ့ မြင်ကွင်းပါ။ညည့်ဦးယံမှာ မမ သဲမာ က ညီမလေး ဟာနာ ကိုWheel Chair ပေါ်တင်ပြီး တောင်ကုန်းပေါ် ပြေးတက်ကြတာ။
သူ အနိုင်ရတဲ့ သတင်း သူ့ကျောင်းဆီရောက်တော့ အားကစားဆရာက အိမ်ထိ လိုက်လာပြီး သဲမာ ကို ကျောင်း ပြန်တက်ခိုင်းဖို့ လာခေါ်တယ်။ဒီတော့မှပဲ သဲမာ မေမေ ဖလောရင်း ဟာ တချိန်က ကျောင်းဂုဏ်ဆောင်အပြေးမယ် တစ်ယောက်ဖြစ်မှန်း သိခဲ့၇တယ်။ငယ်ငယ်ရွယ်ရွယ် နဲ့ အိမ်ထောင်ကျပြီး အားကစားလောကကို စွ့န်ခဲ့ရတာ တဲ့။
ဘာပဲဖြစ်ဖြစ် သဲမာကျောင်းပြန်ရောက်ရတယ်။စာသင်ခန်းထဲမှာ စာသင်ရသလို အားကစားကွင်းမှာလေ့ကျင့်ရတယ်။ခက်နေတာက သူ့မှာ အားကစား ဖိနပ်မရှိဖူး။ရိုးရိုး ညှပ်ဖိနပ်ကို တံတောင်ဆစ်ထိ စွပ်ပြီး ပြေးနေတာ။ ဒါကိုသိတော့ သူ့ အားကစားမှူးက ဟိုတုန်းက သူ့အမေ စီးခဲ့တဲ့ ဖိနပ် အဟောင်းလေး ထုတ်ပေးတယ်။သူကတော့ ဖိနပ်မပါပဲ ပြေးချင်နေသူပါ။
ဘာပဲဖြစ်ဖြစ် ကျောင်းပေါင်းစုံမှာလဲ သူနိုင်တယ်။မြို့ပေါင်းစုံမှာလဲ သူနိုင်တယ်။ မနီလာ ရွှေမြို့တော်ကြီးက အားကစား အကယ်ဒမီ ကို ပညာသင်ဆု နဲ့ သွားရတော့မယ်။ညီမလေး ဟာနာ ကို ထားခဲ့၇မယ်။မိသားစု ကိုထားခဲ့ရမယ်။ဒါပေမဲ့ သူ မပြေးလို့ မဖြစ်ဖူး။
မနီလာမှာ သူ့ကိုလယ်တောသူမ လို့ ခေါ်တယ်။သူ စိတ်မဆိုးဖူး။စာ မလိုက်နိုင်လို့ ဆရာကဆူတယ်။သူစိတ်မဆိုးဖူး။သူ နိုင်ဖို့ ပဲ သိတယ်။လက်ရှိချန်ပီယံ မနီလာသူက သူ့ကို အမြဲရိတယ်။သူ့ ကို တစ်ဖက်သတ် သဘောကျနေတဲ့ ကောင်လေး က သဲမာ ကိုအမြဲအားပေးတယ်။သူ့အမေလိုတော့ သဲမာ မဖြစ်ချင်ဖူး။ချစ်ခြင်းမေတ္တာ ဆိုတာ ဘ၀ နဲ့ ယှဉ်လိုက်ရင် အငွေ့တစ်ခု ပါလို့  သဲမာ ယုံကြည်တယ်။နှလုံးသားကို စတေးရမှာပေါ့။
ဒီ ပြိုင်ပွဲမှာနိုင်ရင် လက်ရွေးစင်ဖြစ်မယ်။အရှေ့တောင်အာရှအဆင့်တက်ရမယ်။နက်ဖြန် ပြိုင်ရတော့မယ်။ဒီနေ့ သူ့အမေ ယက်ကန်းစင်မှာ မူးလဲကျတယ်။ညီမလေး ဟာနာ ကို ဘယ်သူစောင့်ရှောက်မလဲ။သူ့အဖေ ကလဲ အလုပ်တစ်ဖက်၊ ဒုက္ခိတညီမလေးတစ်ဖက်၊ဝေဒနာသည် မေမေ ဖလောရင်းဆီ ဘယ်လို သွားမလဲ။
ဇာတ်ညွှန်းအရ Dilemma ဆီ တွန်း ပို့လိုက်ပါပြီ။ပြေးမလား ပြန်မလား။
ကိုယ်ဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ။ လယ်ကွင်း အစပ်က မလုံမခြုံ တဲ ကလေးဆီ ပြန်မလား။မီးရောင်စုံထိန်ညီးနေတဲ့ မနီလာ မြို့တော်ကြီးမှာ နေမလား။သဲမာ အဖြစ်သရုပ်ဆောင်တဲ့ မဂျာ ဆယ်လ်ဗေဒိုရဲ့ ထူးခြားတဲ့ ကောင်းမွန်သပ်ရပ်တဲ့ သရုပ်ဆောင်ချက်တွေကိုတွေ့ရမှာပါ။ဒါကြောင့်လဲ သရုပ်ဆောင် အကယ်ဒမီဆုကိုရခဲ့တာပေါ့။လက်ရှိ အကဘုရင်မလို့ နာမည်ကျော်နေတဲ့ ဆယ်လ်ဗေဒို ဟာ သက်သက်မဲ့နာမည် ကြီးနေတာ မဟုတ်ဖူးဆိုတာကိုတော့ ဒီရုပ်ရှင်က သက်သေပြပါလိမ့်မယ်။
----------------------------------------------------------------------------------------
ညီမလေး ဟာနာ ငါပြေးရမယ်
ဒဏ်ရာ မရှိပဲ အောင်မြင်ခြင်း ဆီ ငါမရောက်ဖူး
စွန့်လွှတ်ခြင်းတွေ မရှိပဲ ပန်းတိုင်ဆီ ငါ မရောက်ဖူး
စတေးရတာ မပါရင် ဒါဟာ အောင်မြင်ခြင်းမဟုတ်သေးဖူး။
ငါပြေးရမယ် ညီမလေး ဟာနာ။
တစ်ခုလေးပဲ မေတ္တာရပ်ခံချင်ပါတယ်။မျက်ရည် လွ.ယ်ရင် မကြည့်ကြပါနဲ့။ဇာတ်ကားပြီးချိန်ထိ ခင်ဗျားတို့ ပါးပေါ်မှာ မျက်ရည်တွေ ကျန်နေသေးရင် ကျွန်တော့ အပြစ် မဟုတ်ပါဖူး။
Channelmyanmar.orgမှာ မြန်မာ စာတန်းထိုး နဲ့ ကြည့်လို့ ရပါတယ်။
ဇာဂနာ
Friday, October 20, 2017
ကမ္ဘာပေါ်မှာ Independent Films ခေါ်တဲ့ အင်ဒီးစ်တွေထဲက ၀င်ငွေအများဆုံးရတဲ့ ရုပ်ရှင် Big Sick
ဒါရိုက်တာ ရော၊ မင်းသား မင်းသမီး ကို ပါ မသိ ပါဘူး။ဒါပေမဲ့ ကမ္ဘာပေါ်မှာ Independent Films ခေါ်တဲ့ အင်ဒီးစ်တွေထဲက ၀င်ငွေအများဆုံးရတဲ့ ရုပ်ရှင်ဆိုတော့ နည်းနည်း စိတ်ဝင်စားသွားပါတယ်။ဟုတ်တယ်လေ။ကုန်ကျစရိတ်ဒေါ်လာ ၅သန်း၊ခု အမြတ်ငွေက ဒေါ်လာ ၅၂သန်းကျော် ကိုး။ဘယ်လိုတွေရိုက် ဘာတွေရိုက်ပါလိမ့်ပေါ့။
အဲဒီမှာတွေ့တော့တာပါပဲ။ပါကစ္စတန်လူမျိုး၊ အစ္စလာမ်ဘာသာဝင် ကူမေးလ်ဟာ အမေရိကန်လူရွှင်တော် ဖြစ်ချင်လို့ ကြိုးစားနေသူတစ်ယောက်ပါ။မြန်မာ လူရွှင်တော် နဲ့ သူတို့ လူရွှင်တော် သဘာဝ ခြားနားပါတယ်။Standup comedianခေါ်တဲ့ သူတို့ရဲ့ သဘာဝ ကို က လူသူအများရှေ့မှာ တစ်ယောက်ထဲ တီးဝိုင်းမပါ၊အတွဲအဖက်မရှိ ရပ်ပြီးစကားပြောရတာပါ။မြန်မာလူရွှင်တော် တွေလို သီတံပြက်လုံး၊ခြံခတ်ပြက်လုံးမျိုးတွေ ပြက်ပြနေတာ မဟုတ်ပါဖူး။အဓိက ကတော့လူ့ သဘာဝ ရဲ့ အမြီးအမောက် မတည့်တာတွေကိုဟာသလုပ်လို့ ပြောပြရတာပါ။ဒိတော့ လူအများရှေ့ ရယ်စရာထွက်ပြောတဲ့ လူဟာ ၀မ်းစာပြည့်ဖို့လိုပါတယ်။စာဖတ်ရပါတယ်။လေ့လာရပါတယ်။
ကူမေးလ် က Uber အငှားကားမောင်းရင်း သူ့ရဲ့ ခရီးသည်တွေဆီက ပညာ ရှာနေတာပါ။ညဖက်ကျတော့မှာ ချီကာဂိုရဲ့စင်မြင့်သေးသေးလေးတွေပေါ် ပရိသတ် လေး ငါးဆယ် ရယ်အောင် ဟာသတွေ ပြောပြရတာပေါ့။
တစ်ညသားမှာတော့ အမ်မလီ နဲ့ ဆုံတွေ့ခဲ့၇ပါတယ်။ဒါကလဲ စင်ပေါ်ကလူ နဲ့ ပရိသတ် တွေ့ကြတဲ့သဘောပါ။ကူမေးလ် တို့လို တက်သစ်စ လူရွှင်တော် တွေ ဟာ ပရိသတ် ကိုအခေါ်အပြောလုပ်ပြီး အာဝဇ္ဖန်းနဲ့ ရီစရာလုပ်လေ့ရှိပါတယ်။ခင်ဗျားဘယ်မြို့ကလဲ၊ဘာစားလာခဲ့လဲ ဆိုတာမျိုးပေါ့။ပြန်ဖြေတဲ့ စကားပေါ် မူတည်ပြီး တော့မှ ပြက်လုံးလုပ်ရတာကိုး။
အမ်မလီက ကူမေးလ် ပြက်လုံးထဲမှာ အော်ပြီးနောက်လိုက်တယ်။ကူမေးလ်က ပရိသတ်ထဲမှာ ပါကစ္စတန် ရှိလားလို့ မေးတာကို အမ်မလီ က (အူး) လို့ အော်လိုက်တာကိုး။ကူမေးလ်က ခင်ဗျား ပါကစ္စတန် မဖြစ်နိုင်ပါဖူး လို့ ပြန်ဖြေ ပြီးသူ့ပြက်လုံးဘယ်လိုရှေ့ ဆက်ရမှန်းမသိတော့တာပါ။အမှန်ကတော့ ချိစ်၊ ဘိန်းဖြူ နဲ့ ပါကစ္စတန် ကိုချိတ်ဆက် ပြက်လုံးထုတ်ဖို့  သူ စီစဉ်ထားခဲ့တာလေ။
ဘာပဲ ဖြစ်ဖြစ် ကူမေးလ် နဲ့ အမ်မလီ တွေ့ဆုံ ချစ်ကြိုက်သွားကြတယ်။ဒါဟာ အခက်အခဲ တစ်ခုပါ။9/11ပြီးကထဲက အစ္စလာမ် ပါကစ္စတန် ဆို အကြမ်းဖက်သမားလို့  ထင်ထားကြတဲ့အမေ၇ိကန်အသိုင်းအ၀ိုင်းရဲ့ Tolerance ကိုမီးမောင်းထိုးပြလိုက်တာပါပဲ။ဒါရိုက်တာ ဟာ ပါးပါးနပ်နပ် ကိုင်တွယ်သွားပါတယ်။
ကူမေးလ် မိဘတွေက သူတို့လူမျိုး ဘာသာ အယူအရ ကူမေးလ်ကို ပါကစ္စတန် အစ္စလာမ် မိန်းကလေးနဲ့ အိမ်ထောင်ချပေးဖို့ ချွေး မ ရွေးနေပါပြီ။ကူမေးလ် နဲ့အမ်မလီ တို့ နှစ်ယောက်ကတော့ အချစ်ပိုနေဆဲ။
တစ်ရက်မှာတော့ သူတို့ ချစ်သူသဘာဝ စကားများ၇န်ဖြစ်ကြရင်း လမ်းခွဲဖို့ထိ ဖြစ်ခဲ့ကြတယ်။အဲဒီညမှာပဲ အမ်မလီဆေးရုံပေါ်ရောက် ခဲ့ရတယ်။အမ်မလီ ရဲ့ သူငယ်ချင်း က ကူမေးလ် ကိုဖုန်းဆက်ပြီး အမ် မလီ အနား လူနာ စောင့် သွားလုပ်ပေးဖို့ ပြောလိုက်လေရဲ့။
အူကြောင်ကြောင် နဲ့ဆေးရုံရောက်လာတဲ့ကူမေးလ် ကို ဆရာဝန်က အမ်မလီဟာ အသက်ရှုဖို့ ခက်ခဲတဲ့ ဝေဒနာ ဖြစ်နေတယ်တဲ့။ကူးစက်ပိုးတစ်မျိုးကြောင့်။ဒါကိုအမြန်ကုဖို့လိုတယ်၊အသက်ရှူ အကူကိ၇ိယာ တပ်ဆင်ရမယ် ၊လူနာရှင်သဘော တူ လက်မှတ်ထိုး၇မယ် ဆိုတော့ သူ့ကိုယ်သူ အမ်မလီ ရဲ့ယောကျာင်္း ပါဆိုပြီးထိုးထည့်လိုက်တော့တယ်။
အမ်မလီဟာ သတိလစ်နေရှာပြီ။အမ်မလီ မိဘတွေက တောင် ကယ်ရိုလိုင်းနားမှာ။ဘယ်လိုအကြောင်းကြားမလဲ။လိပ်စာ မသိ၊ဖုန်းနံပါတ် မသိ။သည်တော့ အမ်မလီ ပိုက်ဆံအိပ်ထဲက IPhoneခလုပ်ပေါ် သတိလစ်နေတဲ့ အမ်မလီ လက်မလေး တင်ပြီး ဆောရီးပါ အမ်မလီရယ် လို့  ဆိုကာ ဖုန်းဖွင့်လိုက်ရတာပေါ့။
ဒီလိုနဲ့ အမ်မလီ ရဲ့မိဖ ၂ ပါးသမီးနားရောက်လာတယ်။တာဝန်ခံဆရာဝန်က စကားပြောချင်တယ် ဆိုတော့ ၃ယောက်လုံး အခန်းတစ်ခန်းထဲရောက် သွားခဲ့လေရဲ့။
ဒါရိုက်တာဟာ ဘယ် အထိ ဂရုစိုက်သလဲ ဆိုရင် အခန်းထဲ က စားပွဲတင် ပြက္ခဒိန်ပေါ်မှာGrief is Love's unwillingness to let go ဆိုတဲ့ စာသားလေး ပါ ဇာတ်ဝင်ခန်းထဲ ထည့်သုံးထားပါတယ်။
တိုတိုပြောရရင် အမ်မလီ ဟာ ကိုမာ ရနေပါပြီ။ဒါပေမဲ့ဆေးပညာအရ ကောင်းသော ကိုမာ၊မကောင်းသော ကိုမာ နှစ်မျိုးနှစ်စားထဲက ကောင်းသော ကိုမာ ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ အမ်မလီ ရဲ့ကျောက်ကပ်ဆိ ကို ပိုးကပျံ့ နေတယ် တဲ့။အခြေအနေ ကတော့ ငါးဆယ် ငါးဆယ်ပေါ့။
ကူမေးလ်မှာကလဲ ကျဉ်းထဲကျပ်ထဲ ရောက်နေလေရဲ့။သူ့ဘ၀တက်လမ်း က မွန်ထရီယယ်လ် ဟာသပွဲတော် မှာ တင်ဆက်ခွင့်ရဖို့ ။တစ်ဖက်မှာ မိဘတွေကလဲ ပါကစ္စတန်သူနဲ့အိမ်ထောင်ချပေးဖို့။ဒီမှာလဲ အမ်မလီ ကိုမထားခဲ့ရက်။အမ်မလီ ရဲ့မိဘတွေက သူ့ကို သိတ်မလိုလားပါဖူး။အမ်မလီအဖေကဆို မင်း ကိုကျေးဇူးတင်တယ် မင်းသွားချင်သွားနိုင်ပါပြီ လို့ သာသာလေး နှင်ထုတ်ခဲ့တာ။သူ့စိတ်တွေက အမ်မလီ့ဆီမှာပါ။ဒါ့ကြောင့်လဲ မွန်ထရီရယ်လ် ဟာသပွဲတော် လူရွေးပွဲမှာ သူပြုတ်ခဲ့တယ်။အမ်မလီ ရဲ့အနားမှာပဲနေတော့မယ် လို့ ဆုံးဖြတ်ပြီး အမ်မလီ မိဘ တွေ မကြည်ဖြူတဲ့ ကြားက ဇွတ်ကို ဆေးရုံမှာ လာ ထိုင်နေပါတော့တယ်။
နောက်ဆုံးတော့ အမ်မလီရဲ့အဖေက သနားပြီး အသိအမှတ်ပြုလာပါတယ်။သူတို့နဲ့အတူတူ မုန့်စားဖို့ဖိတ်ခေါ် လာတဲ့အထိပေါ့၊ဖြစ်ချင်တော့အမ်မလီ သတိပြန်ရလာပါရော၊AOSD ခေါ်တဲ့ အင်မတန်ရှားပါးတဲ့ ရောဂါတစ်မျိုး ကြောင့်ပါ။ဒီရောဂါ ဖြစ်လာရင် ဆရာဝန် တွေ ရေလိုက်လွဲ တတ်ပါတယ်။အဆစ်အမြစ်ကိုက်တာက စတာပါ။
ကူမေးလ် လဲ အမှတ်ရသွားတယ်။သူတို့လည်ပတ်တဲ့တစ်ညတုန်းကအမ်မလီ ခြေဆစ်လက်ဆစ်ကိုက်ခဲ့ဖူးတာကိုး။သမီးသတိရလာတော့မိဖ ၂ ပါး အိမ်ပြန်ခွင့်ရပါတယ်။ချီကာ၈ိုမှာ သွားစရာမရှိတော့ ကူမေးလ် က သူ့အခန်းကိုလိုက်တည်းဖို့ ဖိတ်ခေါ်ခဲ့တယ်။ဒါဟာ ဇာတ်ရဲ့အချိုး အကွေ့တစ်ခုပါ။ညဖက် ကူမေးလ် ရဲ့ ဖျော်ဖြေပွဲ ကျတော့ ကူမေးလ် ပြက်လုံးပြက်နေတုန်း ပ၇ိသတ်ထဲက လူငယ်တစ်ယောက်က ISISဆီသွားလို့  ကူမေးလ် ကိုလှမ်းအော်တယ်။ဒါကို အမ်မလီရဲ့အမေ က မပြောသင့်တဲ့စကားဆိုပြီးထကန့်ကွက်ရာကပွဲပျက်ပါလေရော။
ဖြစ်ချင်တော့ ကူမေးလ် ရဲ့မိဖ ၂ ပါးကပါအိမ်ရောက်လာပြီး ကူမေးလ် ကို သားအဖြစ်ကနေ စွန့်လိုက်ပြီတဲ့။
ဒီလောက် ပိတ်ကျပ်နေတဲ့ ကူမေးလ်ဘ၀ ကိုအလင်းတစ်ပွင့်ပေးလိုက်တာက နယူးယောက်ဟာသ စင်တာ မှာ လာရောက်ဖျော်ဖြေ ဖို့ ဖိတ်ခေါ်ခံလိုက်ရတာပါပဲ။သူနဲ့ တူတူ သူ့ သူငယ်ချင်း ၂ယောက်ပါ လိုက်ရမယ်တဲ့။
အမ်မလီ လဲ နေကောင်းပြီ။
အမ်မလီ မိဘတွေ လဲ သူ့ကို ကြည့်ဖြူနေပြီ ဆိုမှ မိုင် ၇၀၀ ကျော် အဝေးကို သူပြောင်းရွေ့ရတော့မယ်။ဒါဟာ တကယ့်ကိုလမ်းဆုံလမ်းခွ ဆီ တွန်းထိုး ပို့လိုက်တာပါပဲ။
ဘာဆက်ဖြစ်မလဲ။
သိတ်ပြီးရင်ထဲကို နာကျင်စေတဲ့ အခန်းကတော့ သားဖြစ်သူ ကူမေးလ် ကို တစ်သက်စာ လာနှုတ်ဆက်တဲ့ မိဖ ၂ပါးနဲ့တွေ့ဆုံခန်းပါ။အမေက ကားပေါ်က မဆင်းဖူး။အဖေက ဆင်းလာပြီး မင်းအမေ မင်းအတွက် ဘရန်ရန်နီ လုပ်ပေးလိုက်တယ်။မင်းအကြိုက် အာလူးများများနဲ့။ဒါပေမဲ့ မင်း ကို သူစကားပြောမှာ မဟုတ်ဖူး။ငါလဲ မင်း ကိုဖက်ပြီးနှုတ်ဆက်ခွင့်မရှိဖူးတဲ့။ပါးစပ်ကဘာမှ အပိုဆာဒါးတွေ မိဖမေတ္တာ ဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်တွေ ပြောမနေပဲ ဒန်ပေါက်ထမင်းတစ်ဘူးနဲ့ မျက်ရည်ကျစေခဲ့ပါတယ်။
သေချာတာတစ်ခုကတော့ သာမန်အချစ်ဇာတ်လမ်းမဟုတ်တဲ့ရုပ်ရှင်ဇာတ်ကားပါ။လူမျိုးရေး၊တန်းတူညီမျှရေး၊နားလည်သည်းခံနိုင်ရေးဆိုတာတွေ နဲ့ ဖော်စပ် သွားတဲ့ ဒန်ပေါက်ထမင်းတစ်ပွဲပါပဲ။စားပြီးရင်တော့ အနံ့ ကလေး စွဲကျန်နေမှာပါ။
Maung Thura
Thursday, September 14, 2017
***အောင်စေ ပိုင်စေ***** ဟာသ အက်ရှင်ရုပ်ရှင်ဇာတ်ကား
Tuesday, September 12, 2017
How to be a Cinematographer / Videographer
ဒီလောကနဲ့ သိပ်မစိမ်းသူကတော့ Cinematographer တွေ Videographer ဆိုတဲ့ ဝေါဟာရတွေကို ကြားဖူးပြီးဖြစ်နိုင်ပေမယ့် လူစိမ်းတစ်ယောက်အတွက် စိမ်းသက်တဲ့ ဝေါဟာရတွေဖြစ်မှာပါ။ ဒါပေမယ့် လူတိုင်းနဲ့ မစိမ်းတဲ့ အသုံးအနှုန်းရှိပါတယ်။ အဲ့ဒါကတော့ Camera Man ပါ။ Camera Man ဆို လူတိုင်းသိကြမှာပါ။ ဒီဆောင်းပါးလေးမှာတော့ အလုပ်သဘောအရ ကွာခြားနိုင်တဲ့ အခေါ်အဝေါ်တွေ ဘာတွေကွာလဲ Camera ကို ၀ါသနာပါသူတွေအတွက် ဘာတွေသိရမလဲစသဖြင့် အကြောင်းအရာတွေကို ရေးပေးသွားမှာပါ။

ပထမဆုံး ဒီ Cinematographer နဲ့ Videographer ဘာကွာလဲဆိုတာ အရင်ရေးချင်ပါတယ်။ သူတို့နှစ်ခုက ဒီနေ့ခေတ်မှာ ဘာကွာလဲဆိုတာ သေချာပြောဖို့ခက်သွားပါပြီ။ အခြေခံပညာရပ်ပိုင်းကတော့ တူတူပဲလို့ပြောလို့ရပါတယ်။ ဒီ အခြေခံတစ်ခုအပေါ်မှာပဲ အလုပ်ပုံစံကွဲသွားတာမျိုးပါ။ ဒါပေမယ့် ကွဲသွားတဲ့ အလုပ်သဘောအရ တစ်ချို့သော ပညာရပ်ပိုင်းတွေလဲကွာခြားသွားနိုင်ပါတယ်။ ဒါတွေကို နောက်ပိုင်းမှာဆက်ရေးပါမယ်။ ပထမဆုံးက Cinematographer ဆိုတာ ဘာလဲဆိုတာအရင်ရေးပါမယ်။ များသောအားဖြင့်တော့ ရုပ်ရှင်တွေ High End Work မှာ Camera ကိုင်တဲ့ သူတွေကို DP တို့ Cinematographer တို့လို့ ခေါ်တတ်ကြတာများပါတယ်။ ကျွန်တော်ကတော့ ဒါတွေကို International မှာ စီးပွားရေးပုံစံနဲ့ပဲ ခွဲခြားတာကို မြင်ဖူးပါတယ်။ Cinematographer ဆိုတာ Freelance ရပ်တည်သူတွေပါ။ သူတို့ကို အလုပ်အပ်မယ့်သူတွေက Director နဲ့ Producer တို့ပဲဖြစ်ပါတယ်။ သူက ဒီ Project ရဲ့ Visual ပိုင်းကို ဖန်တီးဖို့ကအဓိကပါ။ Client နဲ့ စကားပြောတာ ညှိနှိုင်းမှုတွေမှာ ဘာမှမပါပါဘူး။ နောက် DP တွေ အနေနဲ့ ကိုယ့်ကိုယ်ကို ကြော်ငြာရင် နာမည်နဲ့ပဲသုံးကြပါတယ်။ သူတို့က Production House နာမည်နဲ့ အလုပ်မလုပ်ကြပါ။ DP ဆိုတာက သီးသန့်တစ်ဦးတည်း Freelance ရပ်တည်တာမျိုးပါ။ ရိုက်ထားတဲ့ ရုပ်တွေဟာ DP မပိုင်ပါဘူး။

Videographer ဖြစ်တဲ့ Video လုပ်ငန်းမှာတော့ Videograpaher ဘယ်သူကွဆိုပြီး ရပ်တည်တာမျိုးမရှိပါဘူး။ သူတို့ဟာ Studio တွေ Production နာမည်တွေနဲ့ရပ်တည်ကြပါတယ်။ ပြီးတော့ သူတို့အလုပ်ဟာ ရိုက်ကူးရုံတစ်ခုပဲမဟုတ်ပါဘူး။ Client နဲ့ တိုက်ရိုက်ဆက်ဆံရတာတွေပါပါတယ်။ ဥပမာဆိုရရင် Wedding Video တစ်ခုအပ်ပြီဆိုရင် သတို့သားနဲ့သတို့သမီးဟာ Client ပါ။ Wedding နေ့ သွားရိုက်ပြီး မပြီးပါဘူး။ Editing ပါ အပြီးပေးရပါမယ်။ သူတို့တွေလိုချင်တာတွေကို တိုက်ရိုက်ညှိနှိုင်းရပါတယ်။ ဒါ့ကြောင့် Videographer တွေဟာ အဖွဲ့နဲ့လုပ်ကိုင်မှသာ အဆင်ပြေပါတယ်။ နောက်တစ်ခုက DP တွေဟာ Camera ကိုယ်ပိုင်မရှိလို့ ဘာမှမဖြစ်ပါဘူး။ ရှိလဲ သူတို့ Camera တိုင်းဟာ Project ရဲ့ လိုအပ်ချက်နဲ့ကိုက်ညီချင်မှ ကိုက်မှာပါ။ အပြင်က Rent လုပ်ကြတာများပါတယ်။ Videographer တွေကတော့ ကိုယ်ပိုင် Camera , Lighting တွေ ကိုယ်ပိုင်ရှိမှပဲ အဆင်ပြေမှာပါ။ DP တွေကိုယ်တိုင် ကိုယ်ပိုင် Production တွေ လုပ်ထားတာလဲရှိပါတယ်။ ဒါပေမယ့် High End အလုပ်တွေကို Client Dealing ကနေ Directing ထိ ကိုယ့်ဘာသာလုပ်နိုင်တဲ့သူတွေ လုပ်ကြတာများပါတယ်။

ဒီလောက်ဆို DP , Videographer ဘာကွာလဲ သိလောက်ပါပြီ။ Broadcast Media တွေမှာတော့ Camera Man တို့ Camera Operator တို့ စသဖြင့်ခေါ်ကြပါတယ်။ သူတို့ကတော့ ရှင်းပါတယ်။ ပညာပိုင်းကိုပြောရမယ်ဆိုရင်တော့ အပေါ်ကရေးခဲ့သလိုပဲ တော်တော်များများဟာတူညီပြီးသားဖြစ်ပါတယ်။ ဒီ Camera တွေ အပေါ်မှာပဲ အလုပ်လုပ်ရတဲ့သူတွေပါ။ Digital Cinema Camera, ENG, EFP, DSLR ဘယ်လို Camera အမျိုးအစားပဲဖြစ်စေ အခြေခံတစ်ခုအပေါ်မှာပဲသွားပါတယ်။ ဒီအခြေခံကို ဘယ်နေရာမှာမဆို အလွယ်တကူပြောင်းလဲ Adapt လုပ်နိုင်ဖို့နဲ့ Self Learning ကောင်းဖို့ပဲ အရေးကြီးပါတယ်။ တစ်ချို့တွေဟာ Camera ကို အရမ်းကို ၀ါသနာပါကြပါတယ်။ ကျွန်တော်တို့ သင်တန်းတွေမှာကို အများကြီးတွေ့ဖူးပါတယ်။ ဒါပေမယ့် ဘာရိုက်ချင်တာလဲဆို မသိတော့ပါဘူး။ ဒါကြောင့် ဒီလောက်ထိဖတ်ထားရင်ကို လုပ်လို့ရတဲ့ လမ်းကြောင်းတွေကို မြင်လိမ့်မယ်ထင်ပါတယ်။
Generally တူညီနိုင်တဲ့ ဘာတွေတတ်ရမလဲဆိုတာတွေကို ရေးပေးပါမယ်။ ပထမဦးဆုံးကတော့ Camera ကို အသုံးပြုသူများဖြစ်တဲ့အတွက် Camera အကြောင်းကတော့ မဖြစ်မနေသိရပါမယ်။ Camera အလုပ်လုပ်ပုံကစပြီး ပုံရိပ်အလင်းအမှောင်ချိန်တာတွေကို အကုန်သိရပါမယ်။ ဒီထိကတော့ Cinematographer ပဲဖြစ်ဖြစ် Videographer ပဲဖြစ်ဖြစ် theory တစ်ခုတည်းပါပဲ။ Exposure Control တွေ ဖြစ်တဲ့ Aperture – Shutter Speed – ISO စတာတွေကိုတော့ သေချာသိရပါမယ်။ ဒီမှာတစ်ခုရှိတာက Digital Cinema Camera တွေမှာ Shutter က Shutter Speed မဟုတ်ပဲ Shutter Angle ဖြစ်တာများပါတယ်။ Video Camera တွေမှာ ကျတော့ ISO က Gain ဆိုပြီး db တန်ဖိုးတွေနဲ့ပြတတ်ကြပါတယ်။ ဒါကတော့ ကျွန်တော်အပေါ်ကရေးထားသလိုမျိုး အခြေခံ theory ကိုတော့ သိအောင်လုပ်ပြီး ပြောင်းလဲသွားတာတွေကို လွယ်လွယ် Adapt လုပ်နိုင်ဖို့ပဲ လိုအပ်ပါတယ်။ Videographer တွေ အနေနဲ့က Camera ကို အပိုင်ဝယ်ထားရတဲ့ အလုပ်သဘောတရားမို့လို့ သူတို့ကရှင်းပါတယ်။ DP တွေ အနေနဲ့က ဒီနေရာမှာ လိုအပ်လာမှာတစ်ခုက ဒီ Workflow ထဲက Camera တွေအကြောင်းတွေ အကုန်သိဖို့ပါပဲ။ ဒါမှလဲ ကိုယ့်ကိုလာငှားတဲ့ Project အရ ဘယ် Camera သုံးရမယ်ဆိုတာကို ရွေးချယ်နိုင်မှာပါ။ ဘယ် Camera ကပဲ Director လိုချင်တဲ့ ပုံစံဖြစ်အောင်လုပ်နိုင်တယ် ဆုံးဖြတ်ပေးနိုင်ရပါတယ်။

နောက်တစ်ခုကတော့ Camera Setting ပိုင်းတွေပါ။ Videographer နဲ့ Cinematographer တွေ အနေနဲ့ ဒီနေရာမှာ ကွာခြားလာပါပြီ။ Videographer တွေရဲ့ Final Output တော်တော်များများဟာ DVD-Memory Stick ဖြစ်တာများပါတယ်။ Cinematographer အနေနဲ့ကတော့ အကုန်ဖြစ်နိုင်ပါတယ်။ အဲ့ဒီအခါ Frame Rate သတ်မှတ်တာတွေက အစကွဲပြားလာပါတယ်။ ဒါပေမယ့် အရေးကြီးတာက Videographer ပဲဖြစ်ဖြစ် Cinematographer ပဲဖြစ်ဖြစ် Frame Rate ဆိုတာ ဘာလဲသိရင်ပြီးပါပြီ။ Frame Rate ဆိုတာကတော့ 1 second မှာ Record လုပ်ပြီး ပြန် Display လုပ်တဲ့ ပုံအရေအတွက်ပါ။ ရုပ်ရှင်တွေအတွက်က 24 Frame Per Second (24fps)ပါ။ ဒါတွေကလဲ သူ့သမိုင်းကြောင်းနဲ့သူရှိပါတယ်။ ဒါတွေကို ဆောင်းပါးအဖြစ် အသေးစိတ်ရေးပေးဖူးပါတယ်။ TV Broadcast မှာဆိုရင်တော့ စနစ်၂ခု ပြန်ကွဲပါတယ်။ NTSC နဲ့ PAL ဆိုပြီးရှိပါတယ်။ ဒါတွေကတော့ နိုင်ငံတွေအပေါ်မူတည်ပြီး ကွဲပြားပါတယ်။ မြန်မာနိုင်ငံကတော့ NTSC System ပါ။ ဒါ့ကြောင့် 30 fps အသုံးပြုပါတယ်။ ဒါ့ကြောင့် TV ပေါ်တင်မယ့် အရာတွေကို NTSC System (30 fps) သုံးပြီးရိုက်ကူးကြပါတယ်။ ဒါတွေလဲသိရပါမယ်။

နောက်တစ်ခုကတော့ Cinematographer ပဲဖြစ်ဖြစ် Videographer ပဲဖြစ်ဖြစ် ထပ်သိရမှာကတော့ Lens အကြောင်းပါ။ ဒါပေမယ့် Video Camera တော်တော်များများဟာတော့ Lens ဖြုတ်တပ်လုပ်မရတဲ့ Fixed Lens တွေဖြစ်ပါတယ်။ ပြီးတော့ Lens အလဲ အတပ်လုပ်ပြီး ရိုက်ကူးတာဟာ ရုပ်ရှင်ကလာတဲ့အတွက် Cinematographer တွေနဲ့ ပိုသက်ဆိုင်ပါတယ်။ ချွင်းချက်အနေနဲ့ နောက်ပိုင်းမှာ Videographer တွေဟာ DSLR တွေကို သုံးလာကြတဲ့ အတွက် Interchangeable Lens ကို အကုန်လုံးသိထားတာကောင်းပါတယ်။ Lens ရဲ့ Aperture Value အကြောင်းတွေ Focal Length အကြောင်းတွေသိရပါမယ်။ Wide – Tele စတဲ့ အရာတွေနဲ့ Focal Length ဆက်စပ်ပုံတွေသိရပါမယ်။ ဒီနေရာမှာ Cinematographer တွေ ပိုသိရမယ့်အရာတွေကတော့ Lens Mount အကြောင်းတွေနဲ့ Digital Cinema Camera တွေရဲ့ Lens Mount တွေ အကြောင်း ဘာ Lens Mount တွေလဲဆိုတာ လေ့လာထားရပါမယ်။ ဒီ Lens ကတော့ Videography နဲ့ Cinematography အကြားနည်းနည်းကွဲပြားတာမြင်ရတဲ့ အပိုင်းလေးပါ။

နောက်တစ်ခုကတော့ တကယ်ရိုက်ကူးကြတဲ့ အချိန်မှာ Composition ပိုင်းနဲ့ Camera Movement ပိုင်းတွေပါ။ Cinematograher ပဲ ဖြစ်ဖြစ် Videographer ပဲ ဖြစ်ဖြစ် Shot Size တွေ အကြောင်း Framing အကြောင်းတွေ Angle တွေ နောက်ဆုံး Camera Movement အပိုင်းတွေကို နားလည်ပြီးတတ်ကျွမ်းထားရပါမယ်။ ဒီနေရာမှာ Cinematographer နဲ့ Videographer ကွဲပြားနိုင်တာက Cinematography က Conveying Feeling ပါ။ Videography အများစုက မှတ်တမ်းပိုင်းနွယ်တာများတာကြောင့် သူတို့က Information အဓိက ပါ။ ရုပ်ရှင်မှာ Dolly Shot လေးတစ်ခုနဲ့ Videography မှာ သုံးလိုက်တဲ့ Dolly Shot ဟာ အနက်ချင်းတော့ မတူနိုင်ပါဘူး။ကျန်တဲ့ Framing တွေဖြစ်တဲ့ Wide – Medium – Close Up စတာတွေကတော့ တူတူပါပဲ။ Cinematographer ရော Videographer ရော အရေးကြီးဆုံးကတော့ ဒီ Composition နဲ့ Camera Movement တွေကို နားလည်ဖို့ပါပဲ။ အပေါ်မှာရေးခဲ့သလိုပဲ စီးပွားရေးလုပ်ကိုင်မှု ကွာခြားမှုအရ ဒီအပိုင်းကို အသုံးချရမှုကတော့ ကွာခြားပါတယ်။ Cinematographer တစ်ယောက်ရဲ့ ဒီ Composition တွေ Camera Movement တွေအပေါ် လေးနက်မှုကတော့ ပိုရပါတယ်။

နောက်ဆုံးတစ်ခုကတော့ Lighting ပါ။ ဒါကလဲ နှစ်မျိုးစလုံးအတွက်အရေးကြီးပါတယ်။ Videographer တစ်ယောက်သိရမယ့် Lighting နဲ့ Cinematographer တစ်ယောက်သိရမယ့် Lighting ဟာလဲ သူတို့ရဲ့ အလုပ်သဘောအရ ကွာခြားနိုင်ပါတယ်။ Cinematographer တစ်ယောက်အနေနဲ့ Lighting Tools တွေ Lighting Quality အကြောင်းတွေ Color Temperature အကြောင်းတွေ အပြင်နောက်ဆုံးအရေးကြီးဆုံးက ဘယ် Lighting ကို ဘယ်လိုထားရင် ဘယ်လိုဖြစ်လဲဆိုတာကို သိရပါမယ်။ Lighting တွေကို ဘယ်လို Modify လုပ် ဘယ်လို Shape လုပ်ရမလဲဆိုတာတွေ သိရပါမယ်။ ဈေးကွက်ထဲမှာရှိနေတဲ့ Lighting Tools တွေကို သိရပါမယ်။ Videographer အနေနဲ့ကတော့ သူတို့ဟာ Lighting ကို ကိုယ်ပိုင်ဝယ်ယူထားတတ်ကြပါတယ်။ အလုပ်သဘောအရ အပေါ်ကရေးထားတာလောက်သိစရာမလိုပေမယ့် Lighting တွေရဲ့ သဘောတရားနဲ့ မိမိမှာရှိတဲ့ Gear နဲ့ အသုံးပြုနိုင်ဖို့ကို သေချာသိနေရမှာပါ။ နောက် Cinematography အလုပ်သဘော သဘာဝလိုနှစ်ခါပြန်လုပ်ခိုင်းလို့မရတဲ့ အရာတွေဖြစ်တာကြောင့် အလင်းပေးနိုင်ဖို့ အဓိကလုပ်ရတာမျိုးပါ။
ဒီလောက်ဆိုရင် Camera ကို ၀ါသနာပါပါတယ်ဆိုတဲ့သူတွေအတွက် ဘယ်လို အလုပ်သဘာဝတွေရှိတယ်ဆိုတာသိလောက်ပါပြီ။
*** ဒီစာက ဖတ်တဲ့သူတွေ အနေနဲ့ အများကြီးကွဲလွဲပြီး တွေးတာတွေ သိတာတွေ ရှိမှာပါ။ ကျွန်တော်ရေးထားသမျှ အလုံးစုံမမှန်နိုင်တာလေးနဲ့ ကျွန်တော့်အမြင်သီးသန်းဆိုတာကိုတော့ အမြဲသတိထားဖတ်ပေးပါ။***
Written by Phyo Zan
(You can SHARE as u need)
Saturday, August 19, 2017
ဟောလိဝုဒ်မှာ
ဟောလိဝုဒ်မှာ ရုပ်သံ နဲ့ ရုပ်ရှင် မင်းသား၊ မင်းသမီး လုပ်တဲ့သူတွေဟာ audition လို့ခေါ်တဲ့ သရုပ်ဆောင် ရွေးချယ်ခံတဲ့ အဆင့်ကို မကျော်ဖြတ်ပဲ နဲ့ မင်းသား၊ မင်းသမီး ဖြစ်မလာကြပါဘူး။ အတူတူပါပဲ။ ဒါရိုက်တာ လုပ်တဲ့ သူတွေလည်း casting လို့ ခေါ်တဲ့ သရုပ်ဆောင်ရွေးချယ်တဲ့ အဆင့်ကို မကျော်ဖြတ်ပဲ နဲ့ ဒါရိုက်တာ ဖြစ်မလာကြပါဘူး။ ဒါရိုက်တာတွေက Casting Calls တွေခေါ်ရတယ်။ သရုပ်ဆောင်တွေက သူတို့ရဲ့ Acting Reel တွေ၊ Resume တွေ နဲ့အတူ လျှောက်လွှာတင်ကြတယ်။ စိတ်ဝင်စားတဲ့ သူတွေကို ပဏာမ အနေနဲ့ လူတွေ့ပြီး သရုပ်ဆောင်ရွေးကြတယ်။ အဲဒီအထဲကမှ ဇာတ်ကောင် နဲ့ အလိုက်ဖက်ဆုံး နဲ့ သရုပ်ဆောင် အကောင်းဆုံး သူတွေကို ပြန်ခေါ် (Call Back) ကြတယ်။ သရုပ်ဆောင်တွေအနေနဲ့ audition အတွေ့အကြုံရှိထားမှ ကိုယ့်ဘက်က ဘာတွေလိုတယ်။ ဘာတွေပြင်ဆင်ရမယ်ဆိုတာကို သိမှာ။ ဒါရိုက်တာ လုပ်တဲ့သူတွေ ဘက်ကလည်း casting လုပ်ဖူးမှ ဇာတ်ကားအတွက် မှန်ကန်တဲ့ သရုပ်ဆောင်တွေကို ဘယ်ပုံ ဘယ်နည်း နဲ့ ရွေးရမလဲဆိုတာကို casting အတွေ့အကြုံအရ တဖြည်းဖြည်း နဲ့ သိလာမှာ။
Audition မှာ အကောင်းဆုံး လုပ်ပြနိုင်တဲ့ မင်းသား၊ မင်းသမီးတွေ တောင်မှ စိတ်ချရသေးတာမဟုတ်ဘူး။ တကယ့်ရိုက်ကွင်းရောက်ရင် မီးရောင်တွေ၊ ကင်မရာတွေ၊ တခြားစက်ပစ္စည်းတွေ နဲ့ လူတွေအများ ကြီး ရှေ့မှာ ရှိန်ပြီးတော့ အယောင် ယောင် အမှားမှား ဖြစ်တတ်ကြ သေးတာ။ Dialogue တွေ မေ့လို့ ခဏခဏ ပြန်ပြန်ပြီး ရိုက်ရသေးတာ။
ဟောလိဝုဒ်မှာ ဘယ်သူကမှ “မင်းက မင်းသားရုပ် ပေါက်တယ်။ နင်က မင်းသမီးရုပ်ပေါက်တယ်” လို့ မပြောကြဘူး။ ဟောလိဝုဒ်မှာ သရုပ်ဆောင်တိုင်းက မင်းသား၊ မင်းသမီးချည်းပဲ။ သရုပ်ဆောင်တိုင်းက ဇာတ်ပို့ဇာတ်ရံတွေချည်းပဲ။ အဲဒီလို ကိုယ် နဲ့ အံဝင်ခွင်ကျဖြစ်မယ့် ဇာတ်ရုပ်အပေါ်မူတည်ပြီး တစ်လှည့်စီဖြစ်နေတာ။ အသက်အရွယ်တွေ၊ ရုပ်ရည်တွေ နဲ့ မဆိုင်ဘူး။ ရုပ်ဆိုးလည်း ဇာတ်လမ်းထဲက အဓိက ဇာတ်ကောင်ရဲ့ ဇာတ်ရုပ်နဲ့ ပီပြင်အောင် လုပ်ပြနိုင်ရင် မင်းသား၊ မင်းသမီး အဖြစ် အရွေးခံရမှာပဲ။ ဟောလိဝုဒ်မှာ မင်းသား၊ မင်းသမီးဖြစ်ဖို့ ရုပ်ချောဖို့မလိုသလို၊ ပိုက်ဆံရှိဖို့ လည်း မလိုဘူး။ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ နိုင်နင်းနင်း နဲ့ ပီပီပြင်ပြင် လုပ်နိုင်မယ်။ ကိုယ့်ဘက်က လိုအပ်တဲ့၊ လုံလောက်တဲ့ ကြိုတင် ပြင်ဆင်မှုတွေ ကြိုပြီး လုပ်ထားနိုင်ရင် ဖြစ်တယ်။
ဟောလိဝုဒ်မှာရှိတဲ့ သရုပ်ဆောင်တိုင်း၊ သရုပ်ဆောင်တိုင်း audition process ကို ဖြတ်သန်းပြီးမှ သရုပ်ဆောင် ဖြစ်လာကြတာမို့လို့ ဟောလိဝုဒ်မှာ မင်းသား၊ မင်းသမီးအလွှာတို့၊ ဇာတ်ပို့ဇာတ်ရံအလွှာတို့ ဆိုတာ မရှိဘူး။ Casting Calls တွေခေါ်တဲ့အခါမှာ ဇာတ်ကောင်ရဲ့ သဘာဝ (Character Breakdown)၊ ဇာတ်ကောင်ရဲ့ အသားအရောင်၊ အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ပေါက် စသဖြင့် တခါတည်း ဖော်ပြထားပြီးခေါ်တာ ဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်ကိုကိုယ် အဲဒီဇာတ်ကောင်နဲ့ လိုက်ဖက်မယ်လို့ ထင်ရင်၊ ကိုယ့်ကိုကိုယ် အဲဒီဇာတ် ကောင်နေရာမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်မယ်လို့ ယုံကြည်မှု အပြည့်ရှိရင် လျှောက်လွှာတင်လိုက်တာပဲ။ သရုပ်ဆောင်ရွေးချယ်ရေး အေဂျင်စီတွေဆိုတာကလည်း လက်ချိုးရေလို့တောင် မလောက်ဘူး။ သရုပ်ဆောင်ရွေးချယ်ပွဲတွေ ဆိုတာကလည်း နေရာတိုင်းမှာ နေ့တိုင်းရှိတယ်။
နာမည်ကြီး ဒါရိုက်တာတွေ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေ အတွက် သရုပ်ဆောင်ရွေးချယ်ပွဲတွေ လုပ်တဲ့အခါဆိုရင် သရုပ်ဆောင်ရွေးချယ်ရေး (audition) လုပ်မယ့် အေဂျင်စီရုံးခန်းအရှေ့မှာ မနက်မိုးမလင်းခင် ၄ နာရီလောက်ကတည်းက သရုပ်ဆောင် အရွေးချယ်ခံမယ့် သူတွေ တန်းစီပြီးစောင့်နေကြတာ။ ဘာနဲ့ တူသလဲဆိုတော့ မြန်မာနိုင်ငံမှာ အဝေးသင်တက္ကသိုလ် စာသင်နှစ်မစခင် ကျောင်းအပ်နှံတဲ့အခါမှာ ကျောင်းသားရေးရာ ဌာနတွေမှာ ကျောင်းသားတွေ ကြိတ်ကြိတ်တိုးပြီး ကျက်ပျံမကျ စည်းကားနေသလိုပါပဲ။
ကျနော်က များသောအားဖြင့် ညလုံးပေါက် Uber မောင်းတာဆိုတော့ တခါတလေ မနက် ၆ နာရီလောက်မှာ အဲဒီအေဂျင်စီတွေရှေ့မှာ ခရီးသည်ရတယ်။ သရုပ်ဆောင်ရွေးချယ်ပွဲကနေ ကိုယ့်အလှည့်ပြီးလို့ အိမ်ပြန်မယ့် သူတွေကို အိမ်ပြန်ပို့ပေးရတယ်။ အာရှသား သရုပ်ဆောင် တစ်ချို့ကိုလည်း တွေ့တယ်။ လမ်းမှာ ကားမောင်း ရင်းနဲ့ audition နဲ့ ပက်သက်ပြီး သူတို့ရဲ့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အတွေ့အကြုံ လေးတွေကို ပြန်ပြောပြကြတယ်။
Audition ပွဲကိုသွားရ တယ်ဆိုတာ အမေရိကန် ပြည်ထောင်စုမှာ ဒေါ်လာသန်းချီပေါက်နိုင်တဲ့ ထီတွေဖြစ်တဲ့ Power Ball တို့၊ Mega Million တို့ကို ထိုးရသလိုပါပဲတဲ့။ Call Back Date မှာ အေဂျင်စီတွေဘက်က ကိုယ့်ကို ဖုန်းနဲ့ ဖြစ်စေ၊ အီးမေးလ် နဲ့ဖြစ်စေ ပြန်ပြီး ဆက်သွယ်လာမလားဆိုပြီး စောင့်ရတာက ထီမထွက်မချင်း ပေါက်ဂဏန်းကို ရင်ခုန်စွာ နဲ့ စောင့်ရတဲ့ အဖြစ်နဲ့ အတူတူပါပဲတဲ့။
လာမယ့်နှစ်မှာ ရုံတင်မယ့် Ready Player One ဇာတ်ကားထဲမှာ ဇာတ်ကောင် Daito အဖြစ် သရုပ်ဆောင်တဲ့ မြန်မာမင်းသား အ၀င်း လည်း ဒီအဆင့်တွေကို ဖြတ်ကျော်ခဲ့ရတာပါဘဲ။ Satacracy 88 ရုပ်သံဇာတ်လမ်းတွဲမှာ ဇာတ်ကောင် Arial Zim အဖြစ် သရုပ်ဆောင်ပြီး Emmy Award ကို ဆွတ်ခူးခဲ့တဲ့ ဟောလိဝုဒ်က မြန်မာ သရုပ်ဆောင် မင်းသား Adrian Zaw လည်း ဒီအဆင့်တွေကို ဖြတ်ကျော်ခဲ့ရတာ ပါဘဲ။
ဟောလိဝုဒ်လို နေရာမျိုးမှာ ကိုယ့်ကိုကိုယ် သရုပ်ဆောင်ပိုင်းမှာ အရမ်းကောင်းနေတဲ့သူလို့ ထင်ရင်၊ တစ်ချိန် တည်းမှာပဲ ကိုယ့်လို သရုပ်ဆောင် ကောင်းတဲ့ သူတွေ တစ်ထောင်၊ တစ်သောင်းမကရှိတယ်လို့ တွေးထားပြီး ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ထားရမှာပါ။ Audition ပွဲတွေကို များများသွားရမှာပါ။
အလားတူပါပဲ။ ဒါရိုက်တာ လုပ်မယ့်သူ တစ်ယောက်အတွက် ဆိုရင်လည်း ဒါရိုက်တာ မလုပ်ခင် သရုပ်ဆောင် ရွေးချယ်ရေး ဒါရိုက်တာ (Casting Director) အဆင့်ကို မကျော်ဖြတ်ဘဲ၊ audition ပွဲတွေ မလုပ်ဘဲ နဲ့ ဒါရိုက်တာကောင်း တစ်ယောက် ဖြစ်ဖို့ မလွယ်ပါဘူး။ ဒါရိုက်တာ တစ်ယောက်အနေနဲ့ Casting အတွေ့အကြုံတွေ များများရှိထားမှ နောက်ပိုင်းမှာ ကိုယ်ရိုက်ကူးမယ့် ဇာတ်လမ်းတွေထဲက သက်ဆိုင်ရာ ဇာတ်ကောင် နေရာတွေအတွက် မှန်ကန်သင့်တော်တဲ့ သရုပ်ဆောင်တွေကို ရွေးချယ်တတ်လာမှာပါ။
Kyaw Thein Kha
Wednesday, August 9, 2017
သိန်းနှစ်သောင်းကုန်ကျမည့် ဗိုလ်ချုပ်ရှပ်ရှင် အိပ်စိုက်ရိုက်ကူးမည်ဟု ဇာဂနာ ပြောကြား
သိန်းနှစ်သောင်းကုန်ကျမည့် ဗိုလ်ချုပ်ရှပ်ရှင် အိပ်စိုက်ရိုက်ကူးမည်ဟု ဇာဂနာ ပြောကြား
ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်တွင် မြန်မာနိုင်ငံတွင် ရုံတင်ပြသနိုင်မည် ကြွေးကြော်ကာ ရိုက်ကူးရန် ကြိုးစားခဲ့ကြသည့် ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားသည် ဝိဝါဒကွဲပြားမှုများ ငွေကြေးမလုံလောက်မှုများနှင့် မျောနေခဲ့ရာ လာမည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ထွက်ရှိရန် ကြိုးပမ်းနေပြီဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ဒါရိုက်တာမော်သူရ(ဇာဂနာ)က အတည်ပြုပြောကြားလိုက်ပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ပြီးမြောက်ရန်အတွက် ကျပ်သိန်းနှစ်သောင်း ကုန်ကျမည်ဖြစ်သော်လည်း လှူဒါန်းရရှိသော ငွေကြေးမှာ ကျပ်သိန်း ၂,၀၀၀ ဝန်းကျင်ရရှိထားပြီး၊ ဇာတ်ကားအတွက် ဖြစ်မြောက်ရေးကော်မတီမှ ကျပ်သိန်း ၈,၀၀၀ ဝန်းကျင် စိုက်ထုတ်သုံးစွဲခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
ရရှိထားသောငွေကြေးနှင့် ဇာတ်ကားကုန်ကျမည့်စရိတ်မှာ များစွာကွာခြားလျှက်ရှိသည်ကို မီဒီယာများတွင် မပြောဖြစ်ခဲ့ပဲ ဇာတ်ကားစတင်ရိုက်ကူးနိုင်ရန်သာ ကြိုးပမ်းခဲ့ပြီးနောက် ပြောဆိုဝေဖန်မှုများရှိလာသည့်အပေါ် များစွာစိတ်မကောင်း ဖြစ်မိကြောင်း ဇာတ်ကားဖြစ်မြောက်ရေးအဖွဲ့ကိုယ်စား ဇာဂနာက ပြောကြားခဲ့သည်။
ထို့ကြောင့် ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ပြီးစီးအောင်မြင်ရန် လိုအပ်နေသော ငွေကြေးများကို မည်သူ့ထံမှ အလှူခံသွားမည်မဟုတ်ပဲ ဇာတ်ကားဖြစ်မြောက်ရေးအဖွဲ့၏ ကိုယ်ပိုင်ငွေကြေးများဖြင့် စိုက်ထုတ်သုံးစွဲ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဗိုလ်ချုပ်ဇာတ်ကားတွင် ရွေးချယ်ခံထားရသော သရုပ်ဆောင်များကိုလည်း မကြာမီပြန်လည်ဆက်သွယ်သွားမည်ဖြစ်ကြောင်း ဒါရိုက်တာမောင်သူရ(ဇာဂနာ)မှ သတင်းမီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။
ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်ရိုက်ကူး ပြသသွားမည်ဖြစ်သည်။ မျှော်လင့်ကြပါကုန်…
သတင်းရင်းမြစ်−မြန်မာ့အလင်း
Credit: popoplay
Wednesday, August 2, 2017
Golden Kingdom
Golden Kingdom
https://www.facebook.com/notes
Golden Kingdom ရုပ်ရှင်၏ Cinematography ကို လေ့လာခြင်း
(ဒီလိုပုံစံမျိုးကလည်း ကျွန်တော်တစ်ခါမှမရေးခဲ့ဖူးတဲ့ပုံစံပါ။ ရေးရတာလဲ ပိုခက်ပြီးအချိန်လဲပိုပေးရပါတယ်။ ဒါပေမယ့် ရေးလို့လဲကောင်း ဖတ်တဲ့သူအတွက်လဲ အကျိုးရှိစေမယ်ထင်လို့ ရေးလိုက်ပါတယ်။ ဒီ Note အတွက် လိုချင်တာကတော့ ထင်မြင်မိတဲ့ Comment တွေပဲဖြစ်ပါတယ်။ အကျိုးရှိလား ဘာရသွားလဲ ဒီတိုင်း ဖတ်လို့ကောင်းရုံလားစသဖြင့်လေး Comment မှာ သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။)
ဒီဆောင်းပါးကတော့ Analysis ဖြစ်ပါတယ်။ ကျွန်တော်က Cinematography ပိုင်းနဲ့ Camera ပိုင်းတွေကို အဓိကလေ့လာသူဖြစ်ပါတယ်။ ဒီ golden kingdom ရုပ်ရှင်ဟာ မြန်မာနိုင်ငံမှာ လာရိုက်ထားတာဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲတွေမှာလဲ ပြသခဲ့တဲ့ ဇာတ်ကားလဲဖြစ်ပါတယ်။ Social Network ပေါ်မှာ Share များစွာနဲ့ မြန်မာတွေရဲ့ အားပေးမှုကို အများကြီးလဲရခဲ့ပါတယ်။ ဇာတ်ကားကို စိတ်ဝင်စားတာနဲ့ ကြည့်ပြီးနောက်မှာ Filmmaker သုံးစွဲထားတဲ့ Cinema Language ဟာ တော်တော်လေး ကဗျာဆန်တယ်ပဲပြောရပါမယ်။ Sound ရယ် Cinematography ဟာ သူပြောနေတဲ့ Storytelling ကို အကောင်းဆုံး ထောက်ပံ့နေတာတွေ့ရပါတယ်။

ရိုက်ကူးသူ Director ဟာ Brain Perkins ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဆောင်းပါးရေးချင်လို့ သူတို့ရဲ့ Interview တွေ Behind the Scene တွေ Information တွေ လိုက်ရှာခဲ့ပါတယ်။ ခက်ခဲစွာပင် Behind the Scene ကတော့ တော်တော်လေးရှားပါးပါတယ်။

Director ရဲ့ Facebook Page , Instagram ပြီးတော့ Cinematographer ရဲ့ Facebook, Instagram တို့မှာ ဇာတ်ကားရိုက်ကူးစဉ်က ပုံတွေလိုက်ရှာခဲ့ပါတယ်။ Cinematographer ကတော့ အမျိုးသမီးဖြစ်ပြီး Bella Halben ဖြစ်ပါတယ်။ ဇာတ်ကားကိုကြည့်မယ့်သူတွေကတော့ ဒီဆောင်းပါးမှာ Spoiler တွေပါမှာဖြစ်လို့ ကြည့်ပြီးမှဖတ်ပေးပါ။
ဇာတ်ကားအမျိုးအစားကို Lyrical Film လို့ သတ်မှတ်ထားကြပါတယ်။ Lyrical ဆိုတာက Perception, Emotion, Insight, Mood တွေကို Narrative Structure မသုံးပဲ ရိုက်ကူးပြသတာမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဘ၀နေထိုင်ခြင်း သေဆုံးခြင်းနဲ့ ဘာသာရေးယုံကြည်မှုဆိုင်ရာတွေကိုပါ ပြသထားတာတွေ့ရပါတယ်။ ဒီမှာတော့ Cinematography အရ Storytelling နဲ့ချိတ်ဆက်ပုံကိုပဲ လေ့လာထားတာဖြစ်ပါတယ်။ ဇာတ်လမ်းပိုင်းဆိုင်ရာကိုတော့ Detail မသွားတော့ပါဘူး။ Cinematography ဆိုတာ လှုပ်ရှားမှုပုံရိပ်တွေဖြစ်တာမို့ ဒီမှာ ဓါတ်ပုံနဲ့ စာနဲ့မှာ အတတ်နိုင်ဆုံး ကြိုးစားရေးပေးသွားပါမယ်။ ဒီဇာတ်ကားကို RED EPIC Camera နဲ့ ရိုက်ကူးထားပါတယ်။ Steadicam ပါပေမယ့် တော်တော်လေး Gear ကို Minimum ဖြစ်အောင်လုပ်ပြီး ရိုက်ကူးထားတယ်လို့လဲ Interview မှာ ဖြေထားပါတယ်။
ပထမဆုံးမှာ ကိုရင်လေး ၄ယောက် အိပ်ပျော်နေတာကို Wide Shot လေးနဲ့ ရိုက်ထားတာတွေ့ပါတယ်။ Motion က Still ပါပဲ။ ဒီအထိက ကိုရင်လေးပါးကိုပြတာပဲလို့ပဲ သဘောပေါက်ထားပါတယ်။ နောက်တစ် Shot မှာ အစွန်ဆုံးက ကိုရင်ကို Close Up ပြပါတယ်။ စိတ်ထဲတစ်မျိုးဖြစ်သွားတာက အိပ်ပျော်နေတာကို Close Up တွေနဲ့လိုက်ပြရင် ပျင်းစရာကြီးပေါ့။ ဘာလို့အဲ့လိုပြတာလဲမသိလို့ဖြစ်နေချိန်မှာ Camera က ဘေးဘက်တွေကို တစ်ဖြည်းဖြည်းရွေ့လာပြီး ကျန်တဲ့ကိုရင်တွေပါ အိပ်ပျော်နေတာကို ပြပါတယ်။ နောက်ဆုံး တစ်ပါး နှစ်ပါး သုံးပါး အိပ်ပျော်နေတဲ့ပုံတွေ အနီးကပ် Camera ဆွဲလာပြီး နောက်ဆုံးတစ်ပါးအရောက်မှာ ကိုရင်က အိပ်ပျော်မနေပဲ နိုးနေတာပါ။ Camera Movement Motivation အရတော်တော်လေး သဘောကျမိပါတယ်။ နောက် ဒီ Story တစ်ခုလုံးမှာ ဘယ်ကိုရင်ဟာ Main Character ဆိုတာလဲ တန်းကို သိသွားပါတယ်။ ဒီနေရာမှာ စဉ်းစားမိတာ Wide အရင်ပြ ပြီးမှ ကျန်တဲ့ကိုရင် ၃ပါးကို Close Up Still အတိုင်းပြပြီးမှ နောက်ဆုံး ကိုရင်ကို Still Shot ပဲပြမယ်ဆို ကြည့်ရတဲ့ခံစားချက်က ဆွဲခေါ်လို့ပါလာတဲ့ Feeling ဖြစ်မှာမဟုတ်ပါ။ Camera Movement ရဲ့ သက်ရောက်မှုကို ရိုးရှင်းစွာ အကျိုးရှိအောင် သုံးထားတာတွေ့ရပါတယ်။ အောက်ကပုံမှာ အတတ်နိုင်ဆုံး ပုံဖော်ထားပါတယ်။

နောက်တစ်ခုကလဲ Camera Movement ပဲ ဖြစ်ပါတယ်။ ဆွမ်းလာပေးနေကြ တိုင်းရင်းသားဦးလေးကြီး ဆွမ်းချိုင့်လာပို့တာကို ရိုက်ပြထားတာပါ။ စစချင်းမှာ လာနေပုံကို Medium Close Up နဲ့ ရိုက်ပြထားပါတယ်။ ဒီမှာ ကျွန်တော်တို့သိလိုက်ရတာက ဆွမ်းချိုင့်လာပို့သူ လာနေတာပေါ့ သိလိုက်ရပါတယ်။ နောက် တစ် Shot ပြောင်းသွားတဲ့အချိန်မှာ Wide Shot နဲ့ ပြန်ပြထားတော့ စစချင်းမှာတော့ နည်းနည်းကြောင်သွားတာက ပုံမှန်မှာ Wide ပြပြီးမှသာ Close Up ပြန်ပြတာများပါတယ်။ ဒီမှာ Medium Close Up နဲ့ လိုအပ်တဲ့ Information တွေဖြစ်တဲ့ ဆွမ်းလာပို့သူ အသက် ပုံပန်းတွေကို အကုန်မြင်ပြီးမှ Wide Shot ပြန်ပြထားလို့ကြောင်နေစဉ်မှာပဲ Camera က အနောက်ကို ပြန်ဝင်သွားပြီး ပြတင်းပေါက်က ပြန်ဝင်သွားပြီး ပြတင်းကနေစောင့်နေတဲ့ ကိုရင်တွေကို Focus Racking လုပ်သွားပါတယ်။ တော်တော်လေးကြိုက်မိပါတယ်။ ဒီ Movement တစ်ခုတည်းမှာပဲ လာနေတဲ့သူအပြင် သူ့ကို စောင့်နေတဲ့ ကိုရင်လေးတွေကိုပါပြသသွားပါတယ်။ ဒီကနေပဲ အလိုလိုရလိုက်တာက ကိုရင်လေးတွေက ဒီဆွမ်းလာပို့သူကို စောင့်နေတတ်တဲ့ အလေ့အထရှိတာကို ခံစားလိုက်ရပါတယ်။ ဥပမာ အပြင်ကနေပဲ ကိုရင်တွေစောင့်နေတာကို မျက်နှာစာကရိုက်ပြလိုက်ရင် စောင့်နေတဲ့ ကိုရင်တွေရဲ့ အမြင် ခံစားမှုကိုမြင်ရမှာမဟုတ်ပဲ Third Person View ကပဲ တွေ့ရမှာပါ။ အခုဒီမှာသုံးထားတဲ့ Movement ကတော့ ကိုရင်တွေရဲ့ အမြင်နဲ့ခံစားချက်ကို ရပါတယ်။

နောက်သတိထားမိတာက ညဘက်မှာ ဘုရားရှိခိုးပြီး တရားထိုင်ကြတဲ့အချိန်မှာ Close Up Detail ပြတာပါ။ ကျောင်းထိုင်ဆရာတော်တစ်ပါးတည်းတင် မျက်နှာ Close Up ကနေ တစ်ဖြည်းဖြည်းပုတီးစိတ်နေတဲ့အထိဆင်းလာတာ Shot Duration က ၁မိနစ် ၁၀ စကန့်ကြာပါတယ်။ တကယ်တန်းဆို တစ်မိနစ်ဆိုတာ တော်တော်ကြာပါတယ်။ ပြီးတော့ Character က ညိမ်သက်နေတာပါ။ တော်ရုံဆိုပျင်းသွားနိုင်ပါတယ်။ ဒါပေမယ့် နောက်ခံအသံနဲ့ Camera Movement ဟာ တရားထိုင်နေတာရဲ့ လေးနက်မှုကို နက်နက်နဲနဲပြသသွားနိုင်တယ်လို့ခံစားရပါတယ်။ တရားထိုင်ပြီး တိတ်ဆိတ်နေတဲ့အခန်းထဲကိုရောက်သွားတဲ့အခါဖြစ်လာတဲ့ Mood ကို သွားခံစားမိပါတယ်။ နောက်ခံအသံဟာ ကြားနေရမှန်းမသိတဲ့ အသံအနေအထားကနေ အထောက်အပံ့ပေးသွားပါတယ်။ ညတွေမှာ ကြားရတတ်တဲ့ တိတ်ဆိတ်မှုရဲ့ အသံလို့ပြောလို့ရတဲ့ Sound Effect ကို သုံးထားပါတယ်။

ဒီဇာတ်ကားကိုပြောကြတဲ့အချိန်မှာ ရိုက်ထားတာ သဘာဝတွေလှတယ်ဆိုတာကိုလဲတွေ့မိပါတယ်။ ဒီနေရာမှာလှအောင်ရိုက်ထားတာနဲ့ ဒီ Environment ရဲ့ Scenery ကို ပုံဖော်ထားတာက အင်မတန်ထိရောက်တာလို့ပဲ မြင်ပါတယ်။ Cinematography ဆိုတာ လှတာက Cinematography မဟုတ်ပဲ Story ကို Cinematography ပညာတွေကနေ Shot , Angle , Movement , Composition , Lighting တွေကနေ ပုံပေါ်လာအောင်လုပ်ပေးတာပါ။ ဒီမှာ တောတွေ တောင်တွေရိုက်ပြတိုင်း ဒီတိုင်းအလှအပကို ရိုက်ပြနေတာထက် အပေါ်ကပြောတဲ့ Scenery ကို ပုံဖော်သွားတာများပါတယ်။ ဒါမှကျွန်တော်တို့တွေက Story ဖြစ်တည်နေရာနေရာရဲ့ Mood နဲ့ Scenery ကို ခံစားမိပါတယ်။ သတိထားကြည့်မိသလောက် Location ကို ဒီတိုင်းကြီးရိုက်ပြတာ ဥပမာတောတွေရိုက်ပြတာ တောင်တွေရိုက်ပြတာမျိုးထက် တစ်ခုခုနဲ့ အမြဲချိတ်ထားတာတွေ့ရပါတယ်။ ကိုရင်တွေ ဆော့နေတာမျိုး ထိုင်နေတာမျိုး လျှောက်သွားတာမျိုးနဲ့တွဲထားတဲ့အခါ ဒီတိုင်းကြီး Location ကို ကြည့်လိုက်ရတာမျိုးမဟုတ်ပဲ နေရာနဲ့ ဒီ Character တွေရဲ့ ချိတ်ဆက်မှုကိုပါ မြင်နိုင်ပါတယ်။

ဒီဇာတ်ကားမှာ Lighting တွေကို ကြည့်မိတဲ့အချိန်မှာ Shot တိုင်း Scene တိုင်းဟာ ကျွန်တော်တို့ အခေါ် Cinematic ဖြစ်တာကို တွေ့ရပါတယ်။ သူတို့သုံးတဲ့ Lighting Equipment တွေကို လေ့လာဖို့လိုက်ရှာတဲ့အချိန်မှာ Behind the Scene မှာ ဘာမှမတွေ့ခဲ့ပါဘူး။ Instagram မှာပဲ Director တင်ထားတဲ့အထဲမှာ Flag တွေနဲ့ Bounce Card နဲ့ LED Panel လေးပဲတွေ့ပါတယ်။ Lighting က သုံးထားတဲ့ Lighting ရယ် Behind the Scene တွေကို မြင်မှသာ သေချာလေ့လာနိုင်မှာဖြစ်ပါတယ်။ ဒီမှာတော့ မြင်တဲ့အတိုင်းပဲ လေ့လာနိုင်ပါတယ်။

Story ဖြစ်တည်နေတဲ့ ဘုန်းကြီးကျောင်းဟာ တံခါး ပြတင်းပေါက်တွေ ပတ်ပတ်လည်ရှိတာတွေ့ရပါတယ်။ ဒီတံခါးတွေကိုပဲ အပိတ်အဖွင့်တွေလုပ်ပြီး Lighting မှာ Depth ကြွလာအောင် လုပ်ထားတာ သတိထားမိပါတယ်။ နောက် ကိုရင်လေးတွေ ကျောင်းထဲမှာဆိုရင် အမြဲပြတင်းပေါက်နားမှာပဲ နေရာချပြီး ရိုက်ကူးထားတာသတိထားမိပါတယ်။ ဒီပြတင်းပေါက်က၀င်လာတဲ့အလင်းတွေ ကြမ်းပြင်ကို Bounce ရိုက်ပြီး ပြန်လင်းနေတာလေးတွေက တော်တော်လေး Depth ပေါ်ပြီး Cinematic Visual ဖြစ်တယ်လို့ခံစားရပါတယ်။

Close up တော်တော်များများမှတော့ Light & Shadow Ratio အမြဲကွာထားလို့ ရုပ်လုံးတွေကြွနေတာကို သတိထားမိပါတယ်။ Outdoor တော်တော်များများမှာတောင်မှ Lighting Flat ဖြစ်သွားတာသိပ်မတွေ့ရပါဘူး။ Lighting တွေကလဲ Soft ဖြစ်တာတွေ့ရပါတယ်။ တော်တော်များများကြိုက်ကြတဲ့အထဲမှာ ဒီဟာလေးလဲ ပါမှာပါ။
Indoor Close Up တွေမှာလဲ နောက်ခံ Background မှာ ပြတင်းပေါက်က၀င်လာတဲ့ အလင်းတွေရိုက်နေတာက ကိုယ်ရိုက်နေတဲ့ Character နဲ့ Background ကို Separation ဖြစ်သွားစေပါတယ်။ တစ်ချို့အရာတွေက မစီစဉ်ပဲဖြစ်နေတာတွေဖြစ်နိုင်ပေမယ့် ဒီမှာတော့ သေချာကို စီစဉ်ထားတယ်လို့ထင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Shot တိုင်းနီးပါးမှာ လုပ်လာတဲ့ Style , Visual မပျောက်သွားလို့ပါ။

ဇာတ်ကားတစ်ကားလုံးမှာ Candle Lit Scene တွေတော်တော်ပါပါတယ်။ တကယ်ပဲ Candle နဲ့ပဲ Lighting ပေးထားတာတွေလဲပါနိုင်သလို Extra Light ပေးထားတာတွေလဲ တွေ့နိုင်ပါတယ်။ သေချာတော့ ခန့်မှန်းလို့မရနိုင်အောင်လောက်ပါပဲ။ တစ်ချို့သော Candle Lit Style လေးတွေမှာ Moon Light လာရိုက်နေတဲ့ပုံစံ အပြာရောင် Light ကို Back Light အဖြစ်သုံးထားတာလေးတွေလဲတွေ့ပါတယ်။ နောက်ပြီး ညဘက် scene တွေကို Moon Light ပုံစံလေးတွေလုပ်ထားတာလဲတွေ့ရပါတယ်။

နောက်ဆုံးအနေနဲ့ ဒီဇာတ်ကားမှာ သူတို့သုံးထားတဲ့ Cinema Language တွေထဲက တစ်ချို့ကို ထုတ်နုတ်ရေးလိုက်ပါတယ်။ စစ်ဘေးကြောင့် လူတွေသေတာကိုပြတဲ့အချိန်မှာ ကိုရင်က အလောင်းတွေကို စတွေ့ပါတယ်။ အဲ့ဒီအချိန်မှာ ကိုရင်လမ်းလျှောက်နေတာကို Slow Motion နဲ့ရိုက်ပြထားပါတယ်။ အဲ့ဒီအချိန်မှာ အလောင်းတွေကလဲ သေချာမမြင်ရသေးတဲ့အခြေအနေပါ။ ဆိုတော့ ဘာပြမလဲ ရှေ့မှာဘာဖြစ်မလဲဆိုတဲ့ Expectation က တော်တော်လေးတတ်လာပါတယ်။ Slow Motion နဲ့ အဲ့ဒီအချိန်ရဲ့ Background Music ဟာတော်တော်လေး ဒီ Scene ကို Supporting ပေးသွားပါတယ်။

နောက်တစ်ခုက အလောင်းတွေကိုမြင်ပြီးအချိန်မှာ ဒီရုပ်အလောင်းရယ် စစ်ဖြစ်နေတဲ့ အခြေအနေရယ်ကို Layer ခွဲပြီး Foreground Background ပုံစံနဲ့ ရိုက်ပြထားတဲ့ Composition လေးက Frame တစ်ခုတည်းမှာ ပြောချင်တာ နှစ်ခုလုံးပြောသွားသလိုပါပဲ။

နောက်တစ်ခုကတော့ ကိုရင် Main Character နဲ့ နောက်ကိုရင်သုံးပါးတို့စကားပြောနေတဲ့ အခန်းပါ။ စကားပြောနေတဲ့ ကိုရင်ကိုတိုက်ရိုက်မပြပဲ အရိပ်နဲ့ပဲပြပြီး ကျန်တဲ့ကိုရင်လေးတွေက နားထောင်တာကို ပြထားတာလေးပါပါတယ်။ ဒီ အသုံးပြုပုံလေးက သဘောကျဖို့ကောင်းပါတယ်။ Smart အရမ်းဖြစ်တဲ့ Directorial Choice လို့ထင်ပါတယ်။

နောက်ပြီး လက်နက်ကိုင်တွေကို ကိုရင်တွေမြင်တဲ့ အခန်းမှာ လက်နက်ကိုင်တွေကို ပြတဲ့ပုံက အရင်က မြင်နေကြပုံမဟုတ်တာကို သတိထားမိပါတယ်။ မြင်နေကျမှာဆို Background Music ကို ခပ်ကြမ်းကြမ်းနဲ့ ကြောက်စရာပုံစံရောက်အောင်ပုံဖော်လိုက်ကြတာများပါတယ်။ ဒီမှာတော့ လက်နက်ကိုင်တွေကို ပြတဲ့နေရာမှာ Slow Motion ရယ် Silhouette ပုံစံနဲ့ အပင်တွေကြားကရိုက်ပြထားတဲ့ပုံစံတွေကို ကြည့်လိုက်ရပါတယ်။ Background Music ရယ် ရိုက်ထားတဲ့ Style တွေကို ပေါင်းလိုက်ရင် ခံစားလာရတာက ဒီလူတွေက ခံစားချက်မရှိပဲ လုပ်စရာရှိတာကိုလုပ်နေတဲ့ပုံစံကို ပိုရောက်သလိုခံစားရပါတယ်။ Filmmaker က ပေးချင်တဲ့ ခံစားချက် ဟုတ်ချင်မှဟုတ်နိုင်ပေမယ့် ဒီလိုပဲခံစားလိုက်ရပါတယ်။

ရေးစရာတွေရှိသေးပေမယ့်လဲ ရှည်လာပြီဖြစ်လို့ ဒီလောက်နဲ့ပဲရပ်ပါတော့မယ်။ ဇာတ်ကားထဲက အကြိုက်ဆုံး Staging လေးတစ်ခုနဲ့ပဲ အဆုံးသတ်လိုက်ပါတော့မယ်။ ဆွမ်းပို့မယ့်သူလဲမလာ ချက်ကျွေးသွားတဲ့တစ်ယောက်လဲပျောက်သွားတဲ့အချိန်မှာကိုရင်လေးပါးလုံးကို ပြတဲ့ ပြကွက်လေးပါ။ နေရာချထားမှုရော ဖြစ်နေတဲ့ Lighting တွေရောက တစ်ပါးချင်းစီတိုင်းရဲ့ အားငယ်မှု သီးခြားစီတည်ရှိနေမှုစတဲ့ ခံစားချက်တွေကို ဒီ အကွက်လေးတစ်ကွက်မှာပဲ ပြသွားနိုင်တာတွေ့ရပါတယ်။ Composition ရယ် Lighting ရယ်က ဒီ Shot ရဲ့ အသက်ပါပဲ။

အားလုံးအချုပ်ဆိုရမယ်ဆိုရင် ဒီ Golden Kingdom ဇာတ်ကားက ဇာတ်လမ်းအရရော Visual အရရော ကောင်းမွန်ပြီး Filmmaker ရဲ့ Cinematic Imagery ကို လှပစွာပုံဖော်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်ကားကြည့်ရုံနဲ့ပဲ ဒီ လေ့လာမှုကိုရေးတာမို့ လွဲမှားတာတွေပါနိုင်တာတော့ တစ်ခါတည်း သတိပေးချင်ပါတယ်။
ထင်တာလေးတွေ Comment ရေးပေးခဲ့ပေးပါ။ Share ချင် ကြိုက်သလို Share လို့ရပါတယ်။
Written by
Phyo Zan
Wednesday, July 26, 2017
မြန်မာပေါကားတွေရပ်
မြတ်စွာဘုရား…
ဒါမြန်မာဗီဒီယိုဇာတ်ကားရိုက်နေတာတဲ့လား…
"မြန်မာပေါကားတွေရပ် " ဆိုတုန်းက အဲဒီလောက်အထိ ကျွန်တော်မပြောလိုခဲ့ပါဘူး…
အခုဟာကြီးကတော့ လွန်သွားပြီ ကိုရွှေဒါရိုက်တာတို့ရေ…
ဒီဇာတ်ကားကို ဘယ်လိုမိသားစုမျိုးက ဘယ်လိုမျက်နှာမျိုးနဲ့များကြည့်ကြရမှာပါလိမ့်…
ဒီမိုကရေစီခေတ်မှာ လုပ်ချင်တာလုပ်တိုင်းတင့်တယ် တယ်လို့ယူဆနေရင်တော့ ခင်ဗျားတို့မှားပါလိမ့်မယ်…
အနုပညာသမားဆိုတာ ကိုယ့်လုပ်ရပ်တစ်ခုက ဘယ်လောက်အတိုင်းအတာအထိတာသွားနိုင်မလဲဆိုတာပါထည့်တွက်ရပါမယ်…
ကိုယ့်ထမင်းရှင်ပြည်သူတွေကို အနုပညာအစစ်အမှန်တွေမထုတ်ပြနိုင်ရင်နေပါ…
ဖျင်တော့မလှန်ပြကြပါနဲ့လို့ တောင်းပန်ပါရစေဗျာ…
Photo Credit : Ei Phyo
ဒါရိုက်တာက ဒိန်းဒေါင်
သူဒါရိုက်တာလုပ်တဲ့ ဟာသကျေးရွာ အခန်းဆက်ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းပေါ့
ဒါဆို ဒီဇာတ်လမ်းတွဲထဲက ဒီဇာတ်ဝင်ခန်းကိုကြည့်ပြီးသူများကို တစ်ခုလောက်မေးပါရစေ…
ကျွန်တော်တို့ဒီဇာတ်ဝင်ခန်းကို ကိုယ့်မိသားစုတွေနဲ့အတူ ဘယ်လိုမျက်နှာမျိုးနဲ့များကြည့်ရပါ့မလဲ…
ဆိုလိုချင်တာက ဒီဇာတ်ဝင်ခန်းဟာ လွှင့်ပြီးသားဟုတ်တယ် မဟုတ်ဘူးငြင်းနေတာမဟုတ်ပါဘူး
ရှေးဆိုရိုးစကားတစ်ခုရှိပါတယ်
ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်မယ်ဆိုတဲ့စကားပါ
ကိုင်း…
ဒီဇာတ်ဝင်ခန်းကို ဒါရိုက်တာလုပ်သူက ပရိသတ်အတွက် ဘာတွေများ Message ပေးချင်တာပါလဲ…ကြည့်ပြီးတဲ့လူတွေကရော ဘာတွေများရလိုက်ပါသလဲ…
ဟာသအတွက်သက်သက်သာ ဒီဇာတ်ဝင်ခန်းကိုပြချင်တာလား
သေချာတာတစ်ခုကတော့ ဒီဇာတ်ဝင်ခန်းကို အဲဇာတ်ဝင်ခန်းလွှင့်တဲ့အချိန်ထိုင်ကြည့်နေကြတဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေကြည့်လိုက်ရမှာပေါ့
အဲဒီပရိသတ်တွေထဲမယ် မောင်နဲ့နှမပါမယ် သားနဲ့အမိပါမယ် ဖအေနဲ့သမီးပါမယ်…နောက်ဆုံးသံဃာတော်တွေလည်းပါချင်ပါလိမ့်မယ်…
အဲဒီတော့ ပြကွက်ရဲ့ Message ပေးချင်တဲ့အရာကဘာပါလဲ…
ကျွန်တော်တို့နိုင်ငံဟာ ဟီရိသြတ္တပ္ပတရားဆိုတဲ့ အရှက်အကြောက်နဲ့လူလုပ်ကြတဲ့နိုင်ငံ ဂါရဝတောစ နိဝါတောစဆိုတဲ့စကားအတိုင်း ဂါရဝတရားလက်ကိုင်ထားပြီး ကြီးသူကိုငယ်သူကရိုသေလေးစားစွာဆက်ဆံနေထိုင်ကြတဲ့နိုင်ငံပါ
အခုလို အရှက်မရှိ ဇာတ်လမ်းဇာတ်ကွက်မရှိ ဟာသတစ်ခုအတွက်သာရည်ရွယ်ပြီး ကြည့်ရှုသူပရိသတ်ကို ဘာအကျိုးပြုမှုမှမရှိစေတဲ့ လုပ်ရပ်တွေကို ပြတ်ပြတ်သားသားဆန့်ကျင်ရှုံ့ချရမှာ ပရိသတ်တွေရဲ့အခွင့်အရေးဖြစ်ပါတယ်…
တကယ်လို့သာ ဒီလိုဇာတ်ဝင်ခန်းမျိုးတွေကို ကြည့်ရှုသူပရိသတ်က ဘာမှမပြောပဲငြိမ်နေရင် ငါတို့လုပ်တာ ဘယ်သူမှဘာမှမပြောကြဘူး ဆိုပြီး ဒီထက်ဆိုးဝါးတဲ့ဇာတ်ဝင်ခန်းတွေထပ်မပေါ်ပေါက်လာပါဘူးလို့ ထင်ပါသလား…
မမှန်တာကိုမမှန်တဲ့အကြောင်း မဟုတ်တာကိုမဟုတ်တဲ့အတိုင်း ရဲရဲဝံ့ဝံ့ပြောဆိုနိုင်ကြပါစေ…
ဒီဇာတ်ကားကို ဘယ်လိုမိသားစုမျိုးက ဘယ်လိုမျက်နှာမျိုးနဲ့များကြည့်ကြရမှာပါလိမ့်…
ဒီမိုကရေစီခေတ်မှာ လုပ်ချင်တာလုပ်တိုင်းတင့်တယ် တယ်လို့ယူဆနေရင်တော့ ခင်ဗျားတို့မှားပါလိမ့်မယ်…
အနုပညာသမားဆိုတာ ကိုယ့်လုပ်ရပ်တစ်ခုက ဘယ်လောက်အတိုင်းအတာအထိတာသွားနိုင်မလဲဆိုတာပါထည့်တွက်ရပါမယ်…
ကိုယ့်ထမင်းရှင်ပြည်သူတွေကို အနုပညာအစစ်အမှန်တွေမထုတ်ပြနိုင်ရင်နေပါ…
ဖျင်တော့မလှန်ပြကြပါနဲ့လို့ တောင်းပန်ပါရစေဗျာ…
Photo Credit : Ei Phyo
ဒါရိုက်တာက ဒိန်းဒေါင်
သူဒါရိုက်တာလုပ်တဲ့ ဟာသကျေးရွာ အခန်းဆက်ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းပေါ့
ဒါဆို ဒီဇာတ်လမ်းတွဲထဲက ဒီဇာတ်ဝင်ခန်းကိုကြည့်ပြီးသူများကို တစ်ခုလောက်မေးပါရစေ…
ကျွန်တော်တို့ဒီဇာတ်ဝင်ခန်းကို ကိုယ့်မိသားစုတွေနဲ့အတူ ဘယ်လိုမျက်နှာမျိုးနဲ့များကြည့်ရပါ့မလဲ…
ဆိုလိုချင်တာက ဒီဇာတ်ဝင်ခန်းဟာ လွှင့်ပြီးသားဟုတ်တယ် မဟုတ်ဘူးငြင်းနေတာမဟုတ်ပါဘူး
ရှေးဆိုရိုးစကားတစ်ခုရှိပါတယ်
ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်မယ်ဆိုတဲ့စကားပါ
ကိုင်း…
ဒီဇာတ်ဝင်ခန်းကို ဒါရိုက်တာလုပ်သူက ပရိသတ်အတွက် ဘာတွေများ Message ပေးချင်တာပါလဲ…ကြည့်ပြီးတဲ့လူတွေကရော ဘာတွေများရလိုက်ပါသလဲ…
ဟာသအတွက်သက်သက်သာ ဒီဇာတ်ဝင်ခန်းကိုပြချင်တာလား
သေချာတာတစ်ခုကတော့ ဒီဇာတ်ဝင်ခန်းကို အဲဇာတ်ဝင်ခန်းလွှင့်တဲ့အချိန်ထိုင်ကြည့်နေကြတဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေကြည့်လိုက်ရမှာပေါ့
အဲဒီပရိသတ်တွေထဲမယ် မောင်နဲ့နှမပါမယ် သားနဲ့အမိပါမယ် ဖအေနဲ့သမီးပါမယ်…နောက်ဆုံးသံဃာတော်တွေလည်းပါချင်ပါလိမ့်မယ်…
အဲဒီတော့ ပြကွက်ရဲ့ Message ပေးချင်တဲ့အရာကဘာပါလဲ…
ကျွန်တော်တို့နိုင်ငံဟာ ဟီရိသြတ္တပ္ပတရားဆိုတဲ့ အရှက်အကြောက်နဲ့လူလုပ်ကြတဲ့နိုင်ငံ ဂါရဝတောစ နိဝါတောစဆိုတဲ့စကားအတိုင်း ဂါရဝတရားလက်ကိုင်ထားပြီး ကြီးသူကိုငယ်သူကရိုသေလေးစားစွာဆက်ဆံနေထိုင်ကြတဲ့နိုင်ငံပါ
အခုလို အရှက်မရှိ ဇာတ်လမ်းဇာတ်ကွက်မရှိ ဟာသတစ်ခုအတွက်သာရည်ရွယ်ပြီး ကြည့်ရှုသူပရိသတ်ကို ဘာအကျိုးပြုမှုမှမရှိစေတဲ့ လုပ်ရပ်တွေကို ပြတ်ပြတ်သားသားဆန့်ကျင်ရှုံ့ချရမှာ ပရိသတ်တွေရဲ့အခွင့်အရေးဖြစ်ပါတယ်…
တကယ်လို့သာ ဒီလိုဇာတ်ဝင်ခန်းမျိုးတွေကို ကြည့်ရှုသူပရိသတ်က ဘာမှမပြောပဲငြိမ်နေရင် ငါတို့လုပ်တာ ဘယ်သူမှဘာမှမပြောကြဘူး ဆိုပြီး ဒီထက်ဆိုးဝါးတဲ့ဇာတ်ဝင်ခန်းတွေထပ်မပေါ်ပေါက်လာပါဘူးလို့ ထင်ပါသလား…
မမှန်တာကိုမမှန်တဲ့အကြောင်း မဟုတ်တာကိုမဟုတ်တဲ့အတိုင်း ရဲရဲဝံ့ဝံ့ပြောဆိုနိုင်ကြပါစေ…
Friday, July 7, 2017
ဇာတ်ကောင်တွေရဲ့ လေယူလေသိမ်းကို လေ့လာတဲ့ပညာရပ် -Lincoln ဇတ်ကားမှ Daniel Day Lewis ရဲ့ လေယူလေသိမ်း
ဟောလိဝုဒ်မှာ အရည်အချင်းပြည့်ဝတဲ့ ဒါရိုက်တာ (skilled director) တွေ နဲ့ အရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင် (skilled actor) တွေရဲ့ ထူးခြားပြောင်မြောက်တဲ့ အရည်အချင်းတွေထဲက တစ်ခုကတော့ - မင်းသား၊ မင်းသမီးတစ်ယောက်က အင်္ဂလိပ်လိုပြောလိုက်တာ နဲ့ အဲဒီပြောလိုက်တဲ့ လေသံ (accent) ကို ဖမ်းပြီးတော့ ဒီမင်းသား (သို့) မင်းသမီးဟာ (အမေရိကန်ဆိုရင်) အမေရိကန်ပြည်ထောင်စုထဲက ဘယ်ပြည်နယ်က လူတွေပြောတဲ့ လေသံလဲဆိုတာကို တန်းပြီး သိတယ်။ ဥပမာ - အမေရိကန် တောင်ပိုင်းသံ (Southern accent) လား ၊ အနောက်အလယ်ပိုင်းသံ (Mid West accent) လား၊ အနောက်ဗာဂျီးနီးယား လေသံ (West Virginia accent) လား၊ New York accent လား၊ Boston accent လား၊ Texas accent ဆိုတာကို သိတယ်။
အကယ်၍ မင်းသား၊ မင်းသမီးက အမေရိကန် မဟုတ်ပဲ အမေရိကန်ပြင်ပက အင်္ဂလိပ်စကား ပြောတဲ့နိုင်ငံတွေ က လာတဲ့သူဖြစ်တယ်ဆိုရင်လည်း Canadian accent လား၊ British accent လား၊ South African accent လား၊ Australian accent လား၊ New Zealander accent လားဆိုတာကို တန်းပြီး သိတယ်။
ဟောလိဝုဒ်မှာ တကယ့် ထိပ်တန်း မင်းသား၊ မင်းသမီးတွေဆိုရင် ကြိုက်တဲ့လေသံ နဲ့ သူတို့ကို စကားပြောခိုင်းကြည့်။ အင်္ဂလိပ်စကားကို လေသံပေါင်းစုံ နဲ့ ပြောနိုင်တယ်။ ဥပမာ - Lincoln ဇာတ်ကားထဲမှာ အမေရိကန် သမ္မတ အေဗရာ ဟန်လင်ကွန်း အဖြစ်သရုပ်ဆောင်သွားတဲ့ ဗြိတိန်မင်းသား Daniel Day Lewis ရဲ့ လေယူလေသိမ်း (အဲဒီဇာတ်ကားမှာ Daniel Day Lewis အကောင်းဆုံး အမျိုသားဇာတ်ဆောင်ဆု နဲ့ အော်စကာဆု ဆွတ်ခူးခဲ့ပါတယ်။)၊
ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာ အကြောင်းကို ရိုက်ထားတဲ့ The Iron Lady ဇာတ်ကားမှာ မာဂရက်သက်ချာအဖြစ် သရုပ်ဆောင်သွားတဲ့ အမေရိကန် ပြည်ထောင်စု နယူးဂျာစီပြည်နယ်ဖွား အော်စကာဆု သုံးဆုရှင် Meryl Streep ရဲ့ လေယူလေသိမ်း (အဲဒီဇာတ်ကားမှာ Maryl Streep ဟာ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု နဲ့ အော်စကာဆု ရခဲ့ပါတယ်။) ဒီနှစ်ကျင်းပတဲ့ ၈၉ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အော်စကာ ၄ ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ Hell or High Water မှာလည်း ကာလီဖိုးနီးယားပြည်နယ်ဖွား မင်းသားတွေဖြစ်ကြတဲ့ Jeff Bridges နဲ့ Chris Pine၊ မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့သား Ben Foster တို့သုံးယောက် ဇာတ်ကားတစ်ကားလုံးမှာ Texas ပြည်နယ်လေသံ နဲ့ ပြောသွားတာကို ကြားရမှာပါ။ ကောင်းဘွိုင်ဇာတ်လမ်းတွေထဲက လေသံမျိုးပေါ့။
နောက်ပြီးတော့ ... ဒီနှစ် အော်စကာ နှစ်ဆုရ Manchester by the Sea ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ Boston လေယူလေသိမ်း။
ဟောလိဝုဒ်မှာ တက်သစ်စ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေကနေ၊ ဟိုး အထက်ပိုင်းမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေကြတဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေအားလုံး အဲဒီ လေယူလေသိမ်း ကိစ္စကို အရမ်းကို ဂရုစိုက်ကြပါတယ်။ ဇာတ်ကောင်က အမေရိကန် ဇာတ်ကောင်ဖြစ်ပြီးတော့ ကိုယ်သုံးတဲ့ မင်းသား မင်းသမီးက Australian (သို့) British (သို့) South African (သို့) New Zealander ဖြစ်ခဲ့မယ်ဆိုရင် မင်းသား၊ မင်းသမီးအနေနဲ့ အမေရိကန် လေသံ နဲ့ ပြောရဲ့လားဆိုတာကို ဒါရိုက်တာအနေနဲ့ နားပါးပါး နဲ့နားထောင်မှ ရမှာပါ။ တစ်ချက်တစ်ချက်မှာ လွတ်ထွက်သွားတတ်တဲ့ အတွက်ကြောင့်ပါ။
လေယူလေသိမ်း ကိစ္စနဲ့ပက်သက်ပြီး မြန်မာရုပ်ရှင် အပိုင်းကိုတော့ အပြုသဘောအနေနဲ့ နည်းနည်းလေးဝေဖန် ခွင့်ပြုပါ။ မြန်မာရုပ်ရှင်တွေထဲမှာ ဇာတ်ကောင်က ကရင်ဖြစ်တယ်ဆိုရင် ကရင်အင်္ကျီ ကောက်ပြီး စွပ်လိုက်တာ နဲ့ ကရင်ဖြစ်သွားရော။ မွန်ဆိုရင်လည်း မွန်တိုက်ပုံ၊ မွန်လုံချည်ဝတ်လိုက်တာ နဲ့ မွန်ဆံထုံး ထုံးလိုက်တာ နဲ့ မွန်ဖြစ်သွားရော။ တကယ်ဆိုရင် ဒါရိုက်တာ အနေနဲ့ အဲဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်မယ့် မင်းသား (သို့မဟုတ်) မင်းသမီးကို ဇာတ်ကောင်ရဲ့ လေယူလေသိမ်းကို သီးသန့် လေ့လာခိုင်းရမှာပါ။ ဥပမာ - ကျနော် အကြိုက်ဆုံး လုံးချင်းဝတ္ထုတွေထဲက တစ်ခုဖြစ်တဲ့ ဆရာမ မြသန္တာရဲ့ နော်ရင်မွှေး ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်တော့ နော်ရင်မွှေးအဖြစ် သရုပ်ဆောင်တဲ့ စိုးမြတ်သူဇာအနေနဲ့ ကရင်လေသံ လုံးဝမပေါက်ပါဘူး။ (အဲဒီဇာတ်ကားမှာ ၁၉၉၄ ခုနှစ်အတွက် အမျိုးသမီး ဇာတ်ဆောင်ဆုကို နော်ရင်မွှေးဇာတ်ကား နဲ့ စိုးမြတ်သူဇာ ရခဲ့ပြီး အဲဒီဆုက သူ့အတွက် ပထမဆုံး အကယ်ဒမီ ဆုပါ။) ဇာတ်ကောင်တွေရဲ့ လေသံ စစ်စစ်ကို မကြားရတာကလွဲရင် နော်ရင်မွှေးရုပ်ရှင်ကားကလည်း ကျနော်အကြိုက်ဆုံး ရုပ်ရှင်ကားတွေ ထဲက တစ်ခုပါ။
အဓိက ပြောချင်တာက (အခုခေတ်) မြန်မာရုပ်ရှင် လောကမှာ ဒါရိုက်တာ အများစု နဲ့ သရုပ်ဆောင် အများစုဟာ ဇာတ်ကောင်စရိုက်ကိုပဲ လေ့လာကြပေမဲ့၊ ဇာတ်ကောင်တွေဟာ မြန်မာပြည်ရဲ့ ဘယ်အရပ်ကလဲ၊ သူတို့ မြန်မာလို စကားပြောကြတဲ့အခါမှာ ဘယ်လို လေယူလေသိမ်းမျိုး နဲ့ ပြောသလဲဆိုတဲ့အပိုင်းကို လေ့လာမှု အားနည်းတယ်လို့ပဲ မြင်တယ်။ ရုပ်ရှင်ထဲမှာ ဇာတ်ကောင်တွေရဲ့ စရိုက်ကို မြင်ရပေမယ့်၊ ဇာတ်ကောင်တွေရဲ့ လေသံစစ်စစ်ကို မကြားရဘူး။
အမေရိကန်ပြည်ထောင်စုမှာလိုပဲ မြန်မာပြည်မှာလည်း တောင်ပိုင်း လေယူလေသိမ်း (မွန်၊ ကရင်၊ ထားဝယ်၊ မြိတ်) ၊ မြောက်ပိုင်းလေ ယူလေသိမ်း (ကချင်)၊ အနောက်ပိုင်း (ချင်း) စသည်ဖြင့် လေသံအမျိုးမျိုးရှိပါတယ်။ ဗမာတွေကြားထဲမှာတောင်မှ ရန်ကုန်သံ၊ အညာသံ၊ မန္တလေးသံ ကွာပါသေးတယ်။
ဇာတ်ကောင်တွေရဲ့ လေယူလေသိမ်းကို လေ့လာတဲ့ပညာရပ်ဟာ ဒါရိုက်တာ ပညာ နဲ့ သရုပ်ဆောင် ပညာရပ်တွေထဲက တစ်ခုပါ။ အဲဒီပညာရပ်မျိုးကျတော့ ကျောင်းမှာ သင်ယူလို့မရပါဘူး။ အပြင်မှာ အရပ်ဒေသ ပေါင်းစုံက လူပေါင်းစုံ နဲ့ ထိတွေ့ဆက်ဆံ ပြောဆိုရင်း နဲ့ လေ့လာရတာပါ။
Kyaw Thein Kha























