Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label Gov. Show all posts
Showing posts with label Gov. Show all posts
Thursday, December 5, 2019
ကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ်ဘာကြောင့်အနီရောင်အဆင့်သတ်မှတ်သလဲ။ R2P နှင့် မြန်မာနိုင်ငံ
ကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ်ဘာကြောင့်အနီရောင်အဆင့်သတ်မှတ်သလဲ
R2P နှင့် မြန်မာနိုင်ငံ
-----------------------။
R2Pလို့ ခေါ်တဲ့ Responsibilities to Protect ဆိုတာ နိုင်ငံတနိုင်ငံ ရဲ့  အစိုးရ ဟာ ကိုယ့်ပြည်သူတွေကို အကာအကွယ် မပေးနိုင်ဘူးဆိုရင် နိုင်ငံတကာ ဒါမှမဟုတ် ကုလသမဂ္ဂ လုံခြုံရေး တပ်တွေက ၀င်ရောက် တာဝန်ယူပေးခြင်းကို R2P လို့ ခေါ်ပါတယ်။
R2P ကို အဆင့် (၃) ဆင့် ခွဲထားပါတယ်။
၁။ အ၀ါရောင် ၊ စိုးရိမ်ရ၊ စိတ်ပူရတဲ့ နိုင်ငံ။( ရာဇ၀တ်မှု)
၂။ လိမ္မော်ရောင်၊ အကြမ်းဖက်မှု၊ မုဒိန်းမှု၊ နေအိမ် မီးရှို့ မှု၊ မိမိဒေသ အတွင်း လုံခြုံစွာ နေထိုင်လို့မရအောင် ဖန်တီးမှု ၊ (လူသားဆန့်ကျင်မှု)
၃။ အနီရောင်။ လူမျိုးတုံး သတ်ဖြတ်မှု၊ မုဒိန်းမှု၊ မီးရှို့ မှု တို့ ပါဝင်ပါတယ်။ (လူမျိုးတုံး သတ်ဖြတ်မှု)
မြန်မာနိုင်ငံကို အနီရောင် အဆင့် သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် အချက်အလက် ရှာဖွေ ရေးတွေ ဆောင်ရွက်ရမယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး နှင့် ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒ ရေးရာ အရှိက ပြောခဲ့တာဖြစ်ပါတယ်။
အကြောင်းကြောင့် အကျိုး ဖြစ်လာခြင်း။
၁၉ ၈၈ ခုနှစ် လူထု အုံကြွမှု ကြီးအတွင်း နှိမ်နှင်းမှုမှတ်တွေအရ လည်းကောင်း။
ပြည်တွင်းစစ်ပွဲတွေကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးကြရပြီး ထိုင်းနယ်စပ် တလျောက် UN ရဲ့  စောင့်ရှောင့်မှုကို ခံယူခဲ့ရတဲ့ မြန်မာ နိုင်ငံသားတွေဟာ သန်း နဲ့ချီ ရှိခဲ့တဲ့ UN ရဲ့  မှတ်တမ်းတွေအရလည်းကောင်း၊
ကချင်ပြည်နယ်။ ရှမ်းပြည်နယ်များအတွင်း စစ်ပွဲတွေကြောင့် တရုတ်နယ်စပ် နှင့် လုံခြုံရေး အရပ်တွေကို နေရပ်စွန့်ခွာ ပြေးနေဆဲ ဖြစ်တဲ့ အခြေအနေ တွေအရ လည်းကောင်း။
ရခိုင်ပြည်နယ် အတွင်း မြန်မာလုံခြုံရေး တပ်စခန်း တွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့မှုကို နှိမ်နင်းစဉ်အတွင်း ဘင်္ဂလားဒေ့ရ် နိုင်ငံ ထဲသို့ ထွက်ပြေး သွားကြတဲ့ ဘင်္ဂလီ ၆ သိန်းကျော် တို့ ရဲ့ အခြေအနေ အရ လည်းကောင်း။
အထက်ပါ အခြေအနေ အရပ်ရပ်တွေကြောင့် R2P အနီရောင်အဆင့် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
၁၉ ၉ ၃ ခုနှစ် အတွင်းက မြန်မာနိုင်ငံနဲ့ အလားတူ ဖြစ်ရပ်မျိုး တွေ ကြောင့် ကုလသမဂ္ဂလုံခြုံရေး တပ်ဖွဲ့တွေ ဟာ ယူဂိုဆလပ်ဗီးယား၊ ဒါဖိုး နှင့် လစ်ဗျား နိုင်ငံတွေကို R2P ကို အကြောင်းပြပြီး အရေးယူခဲ့ကြပါတယ်။
အချုပ်အခြာ အာဏာ ပိုင်။
အချုပ်အခြာ အာဏာ ဆိုတာ နိုင်ငံတကာ ကွန်ဗန်းရှင်း ပုဒ်မ (၁) မှာတော့
နိုင်ငံ ဆိုသည်မှာ နယ်မြေ ရှိရမယ်။ လူထုရှိရမယ်။ အစိုးရ ရှိရမယ်။ နိုင်ငံတကာ နှင့် ဆက်သွယ်နိုင်စွမ်း ရှိရမယ် လို့ အင်္ဂါ (၄၀) ပြဌာန်းထားပါတယ်။ ဒီ ၄ ရပ်ကို နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အခါ အချုပ်အခြာ ပေါ်လာခဲ့ပါတယ်။
ဒီပြဌာန်းချက် မှာ လူထု ဆိုတဲ့ အချက်က အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။ လူထု ရဲ့  အချုပ်အခြာ အာဏာနှင့် လုံခြုံမှုအတွက် အစိုးရ ကိုတာဝန်ပေးတယ်။ အစိုးရက တာဝန် မယူနိုင်တဲ့အခါ နိုင်ငံတကာက ဒီလူထု ရဲ့  လုံခြုံရေး ကို တာဝန်ယူပေးရခြင်းပါပဲ။
ဒီအတွက် နိုင်ငံတကာ က အရေးယူဖို့ အတွက် အချက်အလက် ရှာဖွေရေး ကော်မရှင် ပေါ်လာပါပြီ။ ဒီ ကော်မရှင် ပေါ်ပေါက်လာရခြင်း ရဲ့ အဓိက နိုင်ငံတကာ အဆင့် ပြစ်မှု ၃ ဆင့် ဖြစ်တဲ့
၁။ ရာဇ၀တ်မှု
၂။ လူသား ဆန့်ကျင် မှု
၃။ လူမျိုး တုံး သတ်ဖြတ်မှု
ဒီအဆင့် ၃ ဆင့်အပေါ်မှာ အချက်အလက် ရှာဖွေ စုဆောင်ကြမှာဖြစ်ပါတယ်။
အနီရောင် အဆင့် သတ်မှတ်ရလိုက်ရတဲ့ အကြောင်းရင်းကို ၂ ချက် ဖေါ်ပြထားပါတယ်။
၂၀၁၁ ခုနှစ် ကချင်ပြည်နယ် တိုက်ပွဲအတွင်း နေရပ် စွန့်ခွာ ထွက်ပြေးရမှု နှင့် ၂၀၁၂ ခုနှစ်အတွင်းက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလီ ပြသနာ ၊ ဒီ ၂ ချက် ကို အခြေခံပြီး အဓိက ရှာဖွေ စုဆောင်ရမယ်လို့ ညွှန်ကြားမှုမှာ ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ ခောတ်အဆက်ဆက်က အုပ်ချုပ်ခဲ့တဲ့ စစ်တပ် ရဲ့  ကျူးလွန်ခဲ့တဲ့ ပြစ်မှု မှတ်တမ်းတွေ ဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်။ ကချင်၊ ရှမ်း စတဲ့ တိုက်ပွဲ ဖြစ်ပွားရာ ဒေသ တွေအလိုက် အ၀ါရောင်၊ လိမ္မော်ရောင် တို့ကို အဆင့်ဆင့် သတ်မှတ်ခဲ့ကြပြီး နောက်ဆုံး အဆင့် အနီရောင်ကိုတော့ မကြာခင်ကမှ သတ်မှတ်ပြီး အချက်အလက် ရှာဖွေစုဆောင်းရေး ကော်မရှင် ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
Khant Ko(သြစီ)Ko
Wednesday, July 3, 2019
Tuesday, July 2, 2019
မန္တလေးမှာ လမ်းမီးတိုင် ခြောက်ထောင်ကျော်၊ မီးလုံး ခုနစ်ထောင်ကျော် စံချိန်တင် တပ်ဆင်မည်
မန္တလေးမြို့တော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော မြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လမ်းအသုံးပြုသူများ ညအချိန် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် လုံခြုံရေးအတွက် street light technology အသုံးပြုပြီး 9meter G.I Pole မီးတိုင်နှင့် 115/120 Watt LED မီးလုံးများဖြင့် နိုင်ငံတကာအဆင့်မီ လမ်းမီးများပြောင်းလဲတပ်ဆင်ပေးနေပါတယ်။
မီးတိုင်စိုက်ထူရာမှာ အသုံးပြုတဲ့ concrete footing ကိုလည်း precast စနစ်ဖြင့်ဆောင်ရွက်ခဲ့ပြီး Double Arm မီးတိုင်စိုက်ထူရာမှာ လမ်းလယ်ကျွန်း concrete အား cast-in-situ ဆောင်ရွက်စဉ် နောင်လိုအပ်မည့် cctvများ တပ်ဆင်နိုင်ရေး၊ Fiber Cable နှင့် Power Supply ကြိုးများအတွက်Connection Pipe များ ထည့်သွင်း ဆောင်ရွက်ခဲ့ပါတယ်။
Credit_U Ye Lwin
Unicode version
မန္တလေးမြို့မှာ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ကာလအတွင်း လမ်းမီးတိုင်ပေါင်း ၆ဝဝဝ ကျော်နဲ့ မီးလုံး ရဝဝဝ ကျော်စံချိန်တင်တပ်ဆင်ဖို့ရှိတယ် လို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက သိရပါတယ်။
မန္တလေးမြို့တော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်သောမြို့တော်အဖြစ် အကောင် အထည်ဖော် ဆောင်ရွက်ရာမှာ လမ်းအ သုံးပြုသူများ ညအချိန်အန္တရာယ်ကင်း ရှင်းစွာသွားလာနိုင်ရေးနဲ့လုံခြုံရေးအတွက် နိုင်ငံတကာအဆင့်မီလမ်းမီးများ ပြောင်း လဲ တပ်ဆင်ပေးနေတယ်။
သည်အတွက် ၂၀၁၈-၂၀၁၉ မှာ လမ်းမီးတိုင်ပေါင်း ၆၁၅၀ တိုင်နဲ့ ဝပ် ၁၂၀ အယ်လ်အီးဒီမီးလုံး ၇၀၈၀ လုံး တပ်ဆင် ဆောင်ရွက်သွားဖို့ စံချိန်တင် လျာထား တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက သိရပါတယ်။
အရင်ခေတ်က လမ်းမီးတွေကို ရိုးရိုးသာမန်ဓာတ်တိုင်ပေါ်မှာ ထွန်းခဲ့ကြပြီး ၈၀ ဝပ်အားကိုပဲအသုံးပြုခဲ့ကြလို့ လမ်းမီးတွေက အလင်းရောင်ရှိတယ်ဆိုရုံလောက်ပဲလင်းတာပါ။
မန္တလေးမြို့တော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော မြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လမ်းအသုံးပြုသူများ ညအချိန် အန္တရာယ်ကင်းရှင်းစွာ သွားလာနိူင်ရေးနှင့် လုံခြုံရေးအတွက် street light technology အသုံးပြုပြီး 9meter G.I Pole မီးတိုင်နှင့် 115/120 Watt LED မီးလုံးများဖြင့် နိုင်ငံတကာအဆင့်မီ လမ်းမီးများပြောင်းလဲတပ်ဆင်ပေးနေပါတယ်။
Street light technology အရ လမ်းအကျယ်ပေါ်မူတည်ပြီး တိုင်အမြင့်၊ arm angulation၊ မီးသီးရဲ့ဝပ်အား၊ တိုင်တစ်တိုင်နဲ့တစ်တိုင်အကွာအဝေး တွေကိုတွက်ချက်ရလို့ မီးလင်းအားပိုကောင်းပြီး blind spots တွေမရှိတော့ပါဘူး။
မီးတိုင်စိုက်ထူရာမှာ အသုံးပြုတဲ့ concrete footing ကိုလည်း precast စနစ်ဖြင့်ဆောင်ရွက်ခဲ့ပြီး Double Arm မီးတိုင်စိုက်ထူရာမှာ လမ်းလယ်ကျွန်း concrete အား cast-in-situ ဆောင်ရွက်စဉ် နောင်လိုအပ်မည့် cctvများ တပ်ဆင်နိူင်ရေး၊ Fiber Cable နှင့် Power Supply ကြိုးများအတွက်Connection Pipe များ ထည့်သွင်း ဆောင်ရွက်ခဲ့ပါတယ်။
နည်းပညာပြောင်းလဲအသုံးပြုခြင်း၊ ဝန်ထမ်းများ ပိတ်ရက်မရှိ ညအချိန်အထိ အလုပ်ဆင်းခြင်းတို့ကြောင့် အဖွဲ့တစ်ဖွဲ့ကို တစ်ရက်ကိုမီးတိုင် ၁၀တိုင် စိုက်ထူနိုင်ခဲ့တဲ့အထိ လုပ်ငန်းဆောင်ရွက်မှု မြန်ဆန်ခဲ့တာပါ။
လောလောဆယ် အဖွဲ့ ၆ဖွဲ့နဲ့ဆောင်ရွက်နေပါတယ်။
လက်ရှိအချိန်ထိ Double Arm မီးတိုင်= ၅၄၆ တိုင်၊Single Arm မီးတိုင် = ၈၇၂ တိုင် ၊Triple Arm မီးတိုင် = ၂၀ တိုင် နှင့် စုစုပေါင်း 115 W LED မီးလုံး = ၄၀၈၂ လုံး ၊ 120 W LED မီးလုံး = ၂၂၄ လုံး တပ်ဆင်နိုင်ခဲ့ပါတယ်။
ယခု Budget နှစ်မှ စတင်၍ ယခင် 115W LED မီးလုံးများအစား မီးအား အစားနည်းပြီး လင်းအားပိုများသော၊ ရေ၊ဖုန်၊အင်းဆက်ပိုးမွှား အန္တရာယ်မှ ကာကွယ်နိုင်သော၊ လျှပ်စီးပြင်းအား 10 KV ထိ ခံနိုင်ရည်ရှိသော Surge Protection Device ပါဝင်ပြီး၊ တပ်ဆင်ရန် လွယ်ကူခြင်း၊ IP 68, IK 08 ( Mechanical Strength) ရှိပြီး ၊(၇)နှစ် အာမခံပေးတဲ့ OPPLE တံဆိပ် 120 W LE D မီးလုံးများအား အသုံးပြုနေပါပြီ။
ပြည်သူများကလည်း မြို့တော်ရဲ့ မဟာဗျူဟာလမ်းမကြီးများအတွက် လှူဒါန်းနေသလို၊ မိမိနေထိုင်ရာလမ်း မီးလင်းရေးအတွက်လည်း လှူဒါန်ကြပါတယ်။
ယနေ့အထိ အလှူရှင်ပေါင်း ၁၀၉ဦးမှ Double Arm မီးတိုင် (၃၉၃)တိုင်၊ Single Arm မီးတိုင် (၃၃၁)တိုင်၊ 115W LED မီးလုံး (၁၆၈) လုံး၊ 120 W LED မီးလုံး (၉၄၉)လုံး လှူဒါန်းထားပါတယ်။
၂၀၁၈-၁၉ဘတ်ဂျက်မှာလည်း လမ်းမီးတိုင်ပေါင်း (၆၁၅၀)တိုင်နှင့် 120W LED မီးလုံး (၇၀၈၀)လုံး အား တပ်ဆင်ဆောင်ရွက်သွားရန် စံချိန်တင် လျာထားပါတယ်။
အရင်နှစ်တွေတုန်းက ၈၀ ဝပ်မီးသီးတွေကိုပဲ တစ်နှစ်အလုံး ၁၀၀၀ လောက်ပဲဝယ်ယူခဲ့ကြတာပါ။
လမ်းမီးတိုင်အသစ်တည်ဆောက်တဲ့နေရာက တိုင်အဟောင်းတွေနဲ့ ၈၀ ဝပ်မီးသီးအဟောင်းတွေကို လမ်းမီးမရသေးတဲ့နေရာတွေမှာ ပြန်လည်တပ်ဆင်သွားမှာပါ။
Credit_U Ye Lwin
Wednesday, June 26, 2019
မြန်မာနိုင်ငံရဲ့ လာဘ်စားမှု ဗိုလ်စွဲသော ဌာနများ စာရင်း ထွက်ရှိ
နိုင်ငံတွင်းရှိ ရဲစခန်း၊ လ၀က၊ တရားရုံး၊ လျပ်စစ်ရုံး၊ကျောင်း နှင့် ဆေးရုံ များတွင် လာဒ်ပေးလာဒ်ယူ မှုများ ရှိနေဆဲဟု နိုင်ငံတကာ စစ်တမ်း ထုတ်ပြန်
အမျိုးသား ဒီမိုကရေစီ အစိုးရ မှ ၂၀၁၆ တွင် အာဏာရရှိခဲ့ချိန်ကစပြီး နိုင်ငံသားများ၏ အကျိုး နှင့် ပြည်ပ ရင်းနှီး မြုပ်နှံမှုများ ဆွဲဆောင်နိုင်ရေး အတွက် အစိုးရ၀န်ထမ်းများအား လာဒ်ပေးလာဒ်ယူမှု ပပျောက်ရေးအတွက် လိုက်နာရမည့် စည်းမျဉ်း များ ထုတ်ပြန်ခဲ့သည့်အပြင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဥပဒေအားလည်း ပြင်ဆင်ပြဠာန်း ပေးခဲ့ပြန်ပါတယ်။
သို့သော်လည်း တိုးတက်မှု နှေးကွေးနေဆဲ ဖြစ်တယ်ဆိုတာကို International Transparency (IT) မှနိုင်ငံတွင်း ကွင်းဆင်း လေ့လာပြီး ထုတ်ပြန်လိုက်တဲ့စစ်တမ်း များက ပြဆိုနေပါတယ်။
IT အဖွဲ့ကြီးမှ နိုင်ငံတွင်းရှိ အိမ်ထောင်စုပေါင်း ၁,၂၂၄ စုအား မျက်နှာချင်းဆိုင် တွေ့ ဆုံပြီး မေးခွန်း သုံးခု ကုအဓိက ထား မေးမြန်းခဲ့ပါတယ်။
ရဲ ဌာန (၄၉%)
လ၀က (၄၁%)
ဆေးရုံ (၂၁%)
အဆိုပါ စာရင်းများကို ပျမ်းမျ တွက်ချက်ခဲ့ရာမှာ ၃၂% က လာဒ်ပေးနေရဆဲ ဖြစ်တာ တွေ့ခဲ့ရပြီး ဖြေသာစရာ တခုက အရှေ့တောင်အာရှ နိုင်ငံများထဲတွင်ဗီယက်နမ်က လာဒ်ပေးရမှု မှာ မြန်မာနိုငိငံထက် နှစ်ဆ နီးပါး များပြီး ၆၁% ရှိတာ တွေ့ရပါတယ်။
နောက်မေးခွန်းတခုကတော့ လာဒ်မပေးပဲ နေဖို့ ရွေးချယ် ၍ ဖြစ်လားဆိုတဲ့ မေးခွန်းကို ရနိုင်တယ်လို့ဖြေကြားသူ ၁၀% ပဲ ရှိတဲ့ အတွက် ပြည်သူ အများစုအဖို့ အခြားရွေးစရာလမ်း မရှိဖူးဆိုတာ ပြဆိုနေပါတယ်။
တတိယ မေးခွန်းကတော့ အစိုးရကို တိုင်ကြားရင်ထိရောက်မယ်လို့ ထင်ပါသလား ဖြစ်ပြီး ၉% ကပဲထင်ပါတယ် လို့ ဖြေကြားနိုင်ခဲ့တာ တွေ့ရပြန်ပါတယ်။
နှစ်ပေါင်းများစွာ အနိုင်ကျင့် နှိပ်စက်ခံလာနေရတဲ့ပြည်သူများမှ အားကိုးတကြီး တင်မြှောက်ခံထားရတဲ့ အစိုးရ အနေနဲ့ မသိကျိုး က္ဈံ ပြုနေ၍ မဖြစ်တော့ပေ။မိမိတို့ ရှေ့လျောက် ဖေါ်ဆောင်မယ့် ဖွံ့ ဖြိုး တိုးတက်ရေး ခရီး မှာ ကြီးစွာသောဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာနေ၍ ဆက်လက် ထမ်းရွက်ထား၍ မဖြစ်နိုင်တော့။
လူချင်းတူတူ သူချင်းမျမျ မနေနိုင်ခဲ့ရ၍ စာရိတ္တ ပျက်ယွင်းခဲ့ရမှု များအား လတ်တလော ဖြေရှင်းနိုင်မည့်နည်းလမ်းများကတော့ .
(၃) ပြည်တွင်းရှိ ကုမ္ပဏီများက နိုင်ငံတကာ စံနှုန်းများ ဖြစ်သော အကျင့်ပျက်ခြစားမှု အားမပေးသည့်စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြခြင်း
(၄) ပြည်ပ ကုမ္ပဏီ များ အနေနဲ့ ယင်းကဲ့သို့ လိုက်နာသော ကုမ္ပဏီများနှင့်သာ ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ကြောင်း စင်္ကာပူ တွင် ရုံးထိုင်သည့် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများ အန္တရာယ် ဖြစ်မှု ဆန်းစစ်ရေး အတိုင်ပင်ခံ ပုဂ္ဂိုလ် ဂ္ဈန် ဘရေး က ထောက်ပြခဲ့ပါတယ်။
Hla Soewai
news-green.com
Unicode
နိုင်ငံတွင်းရှိ ရဲစခန်း၊ လဝက၊ တရားရုံး၊ လျပ်စစ်ရုံး၊ကျောင်း နှင့် ဆေးရုံ များတွင် လာဒ်ပေးလာဒ်ယူ မှုများ ရှိနေဆဲဟု နိူင်ငံတကာ စစ်တမ်း ထုတ်ပြန်
အမျိုးသား ဒီမိုကရေစီ အစိုးရ မှ ၂၀၁၆ တွင် အာဏာရရှိခဲ့ချိန်ကစပြီး နိူင်ငံသားများ၏ အကျိုး နှင့် ပြည်ပ ရင်းနှီး မြုပ်နှံမှုများ ဆွဲဆောင်နိူင်ရေး အတွက် အစိုးရဝန်ထမ်းများအား လာဒ်ပေးလာဒ်ယူမှု ပပျောက်ရေးအတွက် လိုက်နာရမည့် စည်းမျဉ်း များ ထုတ်ပြန်ခဲ့သည့်အပြင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဥပဒေအားလည်း ပြင်ဆင်ပြဠာန်း ပေးခဲ့ပြန်ပါတယ်။
သို့သော်လည်း တိုးတက်မှု နှေးကွေးနေဆဲ ဖြစ်တယ်ဆိုတာကို International Transparency (IT) မှနိူင်ငံတွင်း ကွင်းဆင်း လေ့လာပြီး ထုတ်ပြန်လိုက်တဲ့စစ်တမ်း များက ပြဆိုနေပါတယ်။
IT အဖွဲ့ကြီးမှ နိူင်ငံတွင်းရှိ အိမ်ထောင်စုပေါင်း ၁,၂၂၄ စုအား မျက်နှာချင်းဆိုင် တွေ့ ဆုံပြီး မေးခွန်း သုံးခု ကုအဓိက ထား မေးမြန်းခဲ့ပါတယ်။
ပထမ မေးခွန်းကတော့ ပြီးခဲ့သည့် ၂၀၁၆ အတွင်း ရဲ၊ လဝက၊ တရားရုံး၊ ဆေးရုံ၊ လျပ်စစ်ရုံး နဲ့ ကျောင်းတွေနဲ့ ထိတွေ့ ဆက်ဆံမှု ရှိခဲ့ပါသလား၊ ရှိခဲ့ရင် လာဒ်ပေးခဲ့ရပါလားဆိုတဲ့ မေးခွန်း ဖြစ်ပြီး ပြန်လည်ဖြေဆိုရာမှာ ဖြေဆိုသူများထဲမှ ….
ရဲ ဌာန (၄၉%)
လဝက (၄၁%)
တရားရုံး (၃၉%) (ထိတ်လန့်စရာ အကောင်းဆုံးဖြစ်ပါတယ်)
ဆေးရုံ (၂၁%)
လျပ်စစ်မီတာရုံး (၂၀%)နဲ့ ကျောင်း (၁၆%) အသီးသီး က ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
အဆိုပါ စာရင်းများကို ပျမ်းမျ တွက်ချက်ခဲ့ရာမှာ ၃၂% က လာဒ်ပေးနေရဆဲ ဖြစ်တာ တွေ့ခဲ့ရပြီး ဖြေသာစရာ တခုက အရှေ့တောင်အာရှ နိူင်ငံများထဲတွင်ဗီယက်နမ်က လာဒ်ပေးရမှု မှာ မြန်မာနိူငိငံထက် နှစ်ဆ နီးပါး များပြီး ၆၁% ရှိတာ တွေ့ရပါတယ်။
နောက်မေးခွန်းတခုကတော့ လာဒ်မပေးပဲ နေဖို့ ရွေးချယ် ၍ ဖြစ်လားဆိုတဲ့ မေးခွန်းကို ရနိူင်တယ်လို့ဖြေကြားသူ ၁၀% ပဲ ရှိတဲ့ အတွက် ပြည်သူ အများစုအဖို့ အခြားရွေးစရာလမ်း မရှိဖူးဆိုတာ ပြဆိုနေပါတယ်။
တတိယ မေးခွန်းကတော့ အစိုးရကို တိုင်ကြားရင်ထိရောက်မယ်လို့ ထင်ပါသလား ဖြစ်ပြီး ၉% ကပဲထင်ပါတယ် လို့ ဖြေကြားနိူင်ခဲ့တာ တွေ့ရပြန်ပါတယ်။
နှစ်ပေါင်းများစွာ အနိူင်ကျင့် နှိပ်စက်ခံလာနေရတဲ့ပြည်သူများမှ အားကိုးတကြီး တင်မြှောက်ခံထားရတဲ့ အစိုးရ အနေနဲ့ မသိကျိုး က္ဈံ ပြုနေ၍ မဖြစ်တော့ပေ။မိမိတို့ ရှေ့လျောက် ဖေါ်ဆောင်မယ့် ဖွံ့ ဖြိုး တိုးတက်ရေး ခရီး မှာ ကြီးစွာသောဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာနေ၍ ဆက်လက် ထမ်းရွက်ထား၍ မဖြစ်နိူင်တော့။
လူချင်းတူတူ သူချင်းမျမျ မနေနိူင်ခဲ့ရ၍ စာရိတ္တ ပျက်ယွင်းခဲ့ရမှု များအား လတ်တလော ဖြေရှင်းနိူင်မည့်နည်းလမ်းများကတော့ .
(၁) မလိုအပ်ပဲ ကြန့်ကြာနေသည့် ကြိုးနီစနစ်များဖယ်ရှားပြစ်ရေး
(၂) ဥပဒေ နဲ့ အညီ ထိရောက်စွာ အရေးယူခြင်း
(၃) ပြည်တွင်းရှိ ကုမ္ပဏီများက နိူင်ငံတကာ စံနှုန်းများ ဖြစ်သော အကျင့်ပျက်ခြစားမှု အားမပေးသည့်စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြခြင်း
(၄) ပြည်ပ ကုမ္ပဏီ များ အနေနဲ့ ယင်းကဲ့သို့ လိုက်နာသော ကုမ္ပဏီများနှင့်သာ ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ကြောင်း စင်္ကာပူ တွင် ရုံးထိုင်သည့် နိူင်ငံတကာ စီးပွားရေး လုပ်ငန်းများ အန္တရာယ် ဖြစ်မှု ဆန်းစစ်ရေး အတိုင်ပင်ခံ ပုဂ္ဂိုလ် ဂ္ဈန် ဘရေး က ထောက်ပြခဲ့ပါတယ်။
ကိုးကား။ ။ Myanmar: Facing up to Bureaucratic Bribery from Forbes Magazine
Hla Soewai
news-green.com
Saturday, June 22, 2019
အ​ဖေ ကို မဖမ်းမိလို့ သားဖြစ်​သူ ၉ တန်း​ကျောင်းသား​လေးကို ဖမ်းဆီးထား
အ​ဖေ ကို မဖမ်းမိလို့ သားဖြစ်​သူ ၉ တန်း​ကျောင်းသား​လေးကို ဖမ်းဆီးထား "
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာမှ ကျောက်မီးသွေးသုံး အယ်လ်ဖာဘိလပ်မြေစက်ရုံ စီမံကိန်း ဆန့်ကျင်ရေး လှုပ်ရှားမှု မှာ ပါဝင်တဲ့ ရွာသားတစ်ဦးဖြစ်တဲ့ မောင်တူးဝေယံ ၏ အဖေကို မမိတော့ သားဖြစ်သူကို ဖမ်းပြီး အကျဉ်းထောင်ထဲထည့်တယ်။
အခု ကျောင်းတက်ကာလမှာ ၉ တန်းကျောင်းတက်နေဆဲဖြစ်တဲ့ မောင်တူးဝေယံကို ပြန်လည်လွတ်ပေးဖို့ မလုပ်ဘဲ ထောင်တွင်းကနေ အခွင့်အရေးပေးသလို ထောင်တွင်းမှာပဲ ပညာသင်ခိုင်းတယ်။
မောင်တူးဝေယံကို ခြွင်းချက်မရှိ လွတ်ရန် လိုအပ်ပါတယ် ။
ကိုးတန်းကျောင်းသား_မောင်တူးဝေယံ
ခြွင်းချက်မရှိ_ချက်ချင်းလွှတ်
Photo credit
.............
အဖေ့ကြောင့်ကျွန်တော်အဖမ်းခံရတယ်လို့မပြောဘဲ "အဖေ့ကို သူတို့လိုချင်တာ
အဖေမလာပါနဲ့ ကျွန်တော်သေချင်သေပါစေ"
လို့ ငိုသံကြားကပြောခဲ့တဲ့ကလေး
ခုတော့ သူ့နှလုံးသားမှာ ဒဏ်ရာတွေဘယ်လောက်ရနေပြီလဲ။
ရွာလမ်းကိုဖျက်
ရွာမြေကိုသိမ်း
ရွာသားကိုသတ်နေတဲ့ စီမံကိန်း
အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကိုးတန်းကျောင်းသားကိုဖမ်းဆီး
သက် ၇၀ ကျော်အမေအိုကို ဝရမ်းထုတ်ပြီး ကာကွယ်ပေးထားတဲ့ ဒီစီမံကိန်းကနေ နိုင်ငံတော်ရမယ့် အကျိုးအမြတ်က တနှစ်ကို မြန်မာငွေ သိန်းခြောက်ဆယ်တဲ့
.......
ကျောင်းဖွင့်ချိန်တွင် ဖမ်းဆီးခံရသည့်အတွက် ပညာသင်ခွင့် ဆုံးရှုံးနေကြောင်း ဖမ်းဆီးခံ (၉)တန်းကျောင်းသား ကိုသုဝေပြော
ရန်ကုန် ။ ဇွန် ၂၁
ကျောင်းဖွင့်ချိန်တွင် ဖမ်းဆီးခံရသည့်အတွက် ပညာသင်ခွင့် ဆုံးရှုံးနေကြောင်း ဖမ်းဆီးခံ (၉)တန်းကျောင်းသား ကိုသုဝေက ယနေ့ ဇွန်လ (၂၁)ရက်နေ့ နေ့လည်ပိုင်းက ပုသိမ်ကြီး မြို့နယ် တရားရုံး ရုံးထုတ်ချိန်တွင် ပြောဆိုခဲ့ပါသည်။
အဆိုပါ ဖမ်းဆီးခံ ရသော (၉)တန်းကျောင်းသား ကိုသုဝေ၊ Channel Mandalay TV သတင်းထောက် နန္ဒ(တစ်ကိုယ်တော်) အပါအဝင် ရွာသား(၈)ဦးကို ပုဒ်မ ၁၄၇(ရုန်းရင်းဆန်ခတ် မှု)၊ ပုဒ်မ ၃၅၃(ပြည်သူ့ဝန်ထမ်းကို နှောက်ယှက်ဟန့်တား)၊ ပုဒ်မ ၃၃၂(ပြည်သူ့ဝန်ထမ်းကို သာမာန်ဒဏ်ရာရအောင်ပြုမှု)၊ ပုဒ်မ ၃၃၃(ပြည်သူ့ဝန်ထမ်းကို ပြင်းထန်ဒဏ်ရာရအောင်ပြုမှု)၊ ပုဒ်မ ၁၁၄(အားပေးကူညီမှု) တိုဖြင့် ရဲမှူးမျိုးညွန့်သန်းက တရားလိုပြုလုပ်ကာ ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
Photo-Kaung Zaw Hein/MPA
Khit Thit Media
Wednesday, June 12, 2019
သမ္မတ(ငြိမ်း) ဦသိန်းစိန်မှ ဧရာဝတီတိုင်းက ထူးချွန်ကျောင်းသားများကို အငြိမ်းစားလစာမှ ထောက့်ပံမည်
ဧရာဝတီတိုင်းသား သမ္မတ(ငြိမ်း) ဦသိန်းစိန်မှ ပြီးခဲ့​သည့်​ တက္ကသိုလ်​ဝင်​စာ​မေးပွဲတွင်​ ..
ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ(ငြိမ်း) ဦသိန်းစိန် ဖုန်းပြောနေတဲ့ ဗွီဒီယိုဖိုင်တစ်ခု ကို တင်ပြပေးလိုက်ပါသည်။
သမ္မတ(ငြိမ်း) ဦသိန်းစိန်မှ ထူးချွန်ကျောင်းသားများကို အဆောင်မှာ အခမဲ့ထားပေးပြီး ဘွဲ့တစ်ခုခု ရစေချင်ကြောင်းနှင့် ဘီအီဒီဘွဲ့လေး ရစေချင်းကြောင်းနှင့် ကလေးတွရဲ့ သဘောဆန္ဒတွေကိုလည်း သူတို့ ဘာဖြစ်ချင်လဲဆိုလေးတွေကို မေးမြန်းစေခဲ့ပါပါတယ်။
Source – Aye Chan Min
Unicode Version
ဧရာဝတီတိုင်းသား သမ္မတကြီး(ငြိမ်း) ဦသိန်းစိန်မှ ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ..
Video ကြည့်ရန်
ထူးချွန် စွာအောင်မြင်ခဲ့သော ဧရာဝတီတိုင်းက (၁ – ၁၀) ဝင်သော ထူးချွန်ကျောင်းသားများအား ဂုဏ်ယူ ကြောင်းနှင့် ကျောင်းနေ/ စားရိတ်များကို အငြိမ်းစားလစာ မှထောက့်ပံမည်ဟု သိရှိရပါသည်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတကြီး(ငြိမ်း) ဦသိန်းစိန် ဖုန်းပြောနေတဲ့ ဗွီဒီယိုဖိုင်တစ်ခု ကို တင်ပြပေးလိုက်ပါသည်။
သမ္မတကြီး(ငြိမ်း) ဦသိန်းစိန်မှ ထူးချွန်ကျောင်းသားများကို အဆောင်မှာ အခမဲ့ထားပေးပြီး ဘွဲ့တစ်ခုခု ရစေချင်ကြောင်းနှင့် ဘီအီဒီဘွဲ့လေး ရစေချင်းကြောင်းနှင့် ကလေးတွရဲ့ သဘောဆန္ဒတွေကိုလည်း သူတို့ ဘာဖြစ်ချင်လဲဆိုလေးတွေကို မေးမြန်းစေခဲ့ပါပါတယ်။
Source – Aye Chan Min
Thursday, June 6, 2019
မိုးရွာ မိုးခြိမ်းသံကြားရုံဖြင့််​ …မီးလိုင်းဖြတ်​ခြင်းပြု လုပ်​ပါက… မြို့နယ်​ လျှပ်​စစ်​အင်​/ယာ ကို…အ​ရေးယူပါမည်
မိုး ရွာ မိုးခြိမ်းသံကြားရုံဖြင့်​ မီးလိုင်းဖြတ်​ခြင်းပြု လုပ်​ပါက မြို့နယ်​ လျှပ်​စစ်​အင်​/ယာ ကိုအ​ရေးယူမည်​ဟုဆို
မိုး ရွာခြင်းမိုးခြိမ်းခြင်း​ကြောင့်​ ဓာတ်​အားလိုင်းဖြတ်​​တောက်​ ခြင်းပြုခွင့်​​ပေးမထား​ကြောင်း ထိုသို့ပြုလုပ်​ပါက သက်​ဆိုင်​ရာမြို့နယ်​ လျှပ်​စစ်​အင်​/ယာ အားအ​ရေးယူ
သွား မည်ဟု မွန်​ပြည်​နယ်​လျှပ်​စစ်​ နှင့်​စွမ်းအင်​၀န်​ကြီးဦး လှထွန်းက​ပြောသည်
“မိုး ကြီးပြီး​လေပြင်း​တွေတိုက်လို့ ဓာတ်​မီးတိုင်​​တွေပျက်​ဆီးမှာ ဓာတ်​ကြိုး​တွေ ပြတ်​ကျ ပြီးပြည်​သူ​တွေ အန္တရာယ်​ဖြစ်​မှာ စိုးရိမ်​ရတာဆိုယင်​​တော့ မီးဖြတ်​တာရှိပါတယ်​ မိုးရွာလို့ လျှပ်​စီးလက်​လို့မီးမိုးကြိုးပစ်​မှာစိုးလို့မီးဖြတ်​တယ်​ဆိုယင်​အဲ့ဒီမြို့နယ်​လျှပ်​စစ်​အင်​ဂျင်​နီယာကိုအ​ရေးယူမယ်​” ဟု ၀န်​ကြီး ဦးလှထွန်းက မွန်​ပြည်​နယ်​ အစိုးရအဖွဲ၏ ဇွန်​လ ၄ ရက်​​နေ့ကပြုလုပ်​​သောသတင်းစာရှင်းလင်းပွဲ၌ လူထုက​လောင်​ သတင်းဂျာနယ်​၏​မေးမြန်းချက်​အ​ပေါ် ပြန်​လည်​​ဖြေကြား​ပြောဆိုခဲ့သည်
၂၀၁၈/၁၉ ဘဏ္ဏာနှစ်​အတွင်း မွန်​ပြည်​နယ် အတွင်း၌​ကျေးရွာ​ပေါင်း ၉၇ ခု၌ မီတာအလုံး​ပေါင်း၂၂၀၀၀ ​ကျော်​တိုးချဲ့တပ်​ဆင်​​ပေးထား​ကြောင်းပြည်​နယ်​လျှပ်​စစ်
ဝရဇိန်​ (​ပေါင်​)
Poung Daily
Unicode ဖြင့်ဖတ်ရန်
မိိုးရွာ မိုးခြိမ်​းသံကြားရုံဖြင်​့ မီးလိုင်​းဖြတ်​ခြင်​းပြု လုပ်​ပါက မြို့နယ်​ လျှပ်​စစ်​အင်​/ယာ ကိုအ​ရေးယူမည်​ဟုဆိို
မိုးရွာခြင်​းမ်ိုးခြိမ်​းခြင်​်း​ကြောင်​့ ဓာတ်​အားလိုင်​းဖြတ်​​တောက်​ ခြင်​းပြုခွင်​့​ပေးမထား​ကြောင်​း ထိုသို့ပြုလုပ်​ပါက သက်​ဆိုင်​ရာမြို့နယ်​ လျှပ်​စစ်​အင်​/ယာ အားအ​ရေးယူ
သွားမည်​်ဟု မွန်​ပြည်​နယ်​လျှပ်​စစ််​ နှင်​့စွမ်​းအင်​၀န်​ကြီး
ဦးလှထွန်​းက​ပြောသည်​်
“မိုးကြီးပြီး​လေပြင်​း​တွေတိုက်​်လို့ ဓာတ်​မီးတိုင်​​တွေပျက်​ဆီးမှာ ဓာတ်​ကြိုး​တွေ ပြတ်​ကျ ပြီးပြည်​သူ​တွေ အန္တရာယ်​ဖြစ်​မှာ စိုးရိမ်​ရတာဆိုယင်​​တော့ မီးဖြတ်​တာရှိပါတယ်​ မိုးရွာလို့ လျှပ်​စီးလက်​လို့မီးမိုးကြိုးပစ်​မှာစိုးလို့မီးဖြတ်​တယ်​ဆိုယင်​အဲ့ဒီမြို့နယ်​လျှပ်​စစ်​အင်​ဂျင်​နီယာကိုအ​ရေးယူမယ်​” ဟု ၀န်​ကြီး ဦးလှထွန်​းက မွန်​ပြည်​နယ်​ အစိုးရအဖွဲ၏ ဇွန်​လ ၄ ရက်​​နေ့ကပြုလုပ်​​သောသတင်​းစာရှင်​းလင်​းပွဲ၌ လူထုက​လောင်​ သတင်​းဂျာနယ်​၏​မေးမြန်​းချက်​အ​ပေါ် ပြန်​လည်​​ဖြေကြား​ပြောဆိုခဲ့သည်​
ယခုနှစ်​မိုးဦးရာသီစတင်​ချိန်​ကစတင်​ပြီးမွန်​ပြည်​နယ်​အတွင်​းရှိ မြို့နယ်​များတွင်​ အ​ကြောင်​းအမျိုးမျိုးဖြင်​့ ဓာတ်​အားပြတ်​​တောက်​မှုများ ဆက်​တိုက်​ဖြစ်​​ပေါ်​နေခဲ့ပြီး
တိုက်​ဆိုင်​စွာပင်​ မိုးရွာသွန်​းပြီး လျှပ်​စီးလက်​သည်​နှင်​့ လျှပ်​စစ်​မီးပြတ်​​တောက်​မှုများလည်​း ဖြစ်​ပွား​နေခဲ့​ကြောင်​း​တွေ့ရသည်​်
၂၀၁၈/၁၉ ဘဏ္ဏာနှစ်​အတွင်​း မွန်​ပြည်​နယ်​် အတွင်​း၌​ကျေးရွာ​ပေါင်​း ၉၇ ခု၌ မီတာအလုံး​ပေါင်​း၂၂၀၀၀ ​ကျော်​တိုးချဲ့တပ်​ဆင်​​ပေးထား​ကြောင်​းပြည်​နယ်​လျှပ်​စစ်​
ဌာနမှထုတ်​ပြန်​​သောစာရင်​းအရသိရသည်​်
၀ရဇိန်​ (​ပေါင်​)
Poung Daily
Tuesday, May 28, 2019
ကျပ်သန်းတစ်ထောင်တန် လမ်းဆောက်လုပ်ရေးတင်ဒါမခေါ်တဲ့ကိစ္စ စိစစ်ပေးဖို့ အစိုးရထံ တောင်းဆို
မွန်ပြည်နယ် ရေးမြို့နယ်က အောင်သပြေ-နှစ်ကရင် လမ်းကို တွေ့ရစဉ် / Photo: Khaing Soe Lin
မွန်ပြည်နယ် ရေးမြို့နယ်က ကျပ်သန်းတစ်ထောင်တန် အောင်သပြေ-နှစ်ကရင် လမ်း ဆောက်လုပ်ရေးအတွက် တင်ဒါမခေါ်ယူဘဲ The Southern Myanmar(SMD) ကုမ္ပဏီကို ပြည်နယ်ဝန်ကြီးချုပ်က လုပ်ပိုင်ခွင့်ပေးလိုက်တာနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ စိစစ်စုံစမ်းပေးဖို့ ဆိုပြီး မွန်ညီညွတ်ရေးပါတီက ပြည်ထောင်စုအစိုးရထံ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
အောင်သပြေ-နှစ်ကရင် လမ်းပိုင်းနဲ့ပတ်သက်လို့ မေ ၃ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်မှာ ဒေါက်တာ အောင်နိုင်ဦးက မေးခွန်း မေးမြန်းရာမှာ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက တင်ဒါခေါ်ယူတာ မပြုလုပ်ဘဲ SMD ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးခဲ့တာလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒီကိစ္စကို ဆက်လက်ဆောင်ရွက်ခြင်းမရှိဘဲ ဖုံးကွယ်ထားမယ်ဆိုရင် မွန်ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကြားမှာ ပွတ်တိုက်မှုတွေ ရှိလာနိုင်သလို အပြန်အလှန်ထိန်းကြောင်းမှုပိုင်းမှာ အားနည်းသွားနိုင်တာကြောင့် ရှေ့ဆက်ဘယ်လိုကိုင်တွယ်ဆောင်ရွက်သွားမလဲဆိုတာ ပြည်သူတွေကို ပွင့်လင်းမြင်သာစွာရှင်းပြပေးဖို့ တောင်းဆိုထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။
RFA Burmese
https://www.rfa.org
Monday, May 27, 2019
NLD အစိုးရ တတိယတစ်နှစ်တာကာလ စစ်ဖက်ကနေ အရပ်ဖက်ပြောင်းသူ ၈၀ ကျော်ရှိ
 တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောဆို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် တတိယ တစ်နှစ်တာ ကာလအတွင်း ကာကွယ်ရေး ဝန်ကြီးဌာနကနေ အရပ်ဖက် ဝန်ကြီးဌာနကို ပြောင်းလဲလာတဲ့ အရာထမ်း ဦးရေ ၂၂ ဦးရှိပြီး အရပ်ဖက် ဝန်ကြီးဌာနတွေကနေ ကာကွယ်ရေး ဝန်ကြီးဌာနဆီကို ပြန်တမ်းဝင် အရာရှိတောင်းခံလို့ ပြောင်းလာရသူ အရာထမ်း ၆၀ ဦးရှိတယ်လို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေက ပြောပါတယ်။
ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေက အများဆုံးကတော့ပြည်ထဲရေးဝန်ကြီးဌာနကိုပြောင်းတာ များပါတယ်။ ဒုတိယအများဆုံးကတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချဝန်ကြီးဌာန ပေါ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ အရာရှိတွေပြောင်းတာဖြစ်ပါတယ်။ ကျန်တာကတော့ လိုအပ်ချက်အရ ခေါ်တာပါ။ အရပ်ဖက်ဝန်ကြီးဌာနတွေဘက်က ခေါ်တာပါ။ နည်းပညာပိုင်း ၊ ကျွမ်းကျင်မှုပိုင်းတွေမှာ လိုအပ်ချက်အရ ခေါ်တဲ့အခါ သမ္မတအထိတင်ပြပြီး ပြောင်းသင့်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကိုသာ ပြောင်းခွင့်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
ကာကွယ်ရေး ဝန်ကြီးဌာနကနေ အရပ်ဖက်ဝန်ကြီးဌာနကို ပြောင်းရွှေ့မယ့် အရာထမ်းတွေအတွက် အချက် ၃ ချက် သတ်မှတ်ထားပါတယ်။
သတ်မှတ်ထားတဲ့ သုံးချက်အနက် ပထမ အချက်ကတော့ ကျွမ်းကျင်မှု အရည်အချင်းဖြစ်ပြီး လိုအပ်ချက်အရ မဖြစ်မနေခေါ်ခန့်ရမည့်နေရာမျိုးမှာ ခန့်အပ်တာဖြစ်ပါတယ်။ဒုတိယအချက်ကတော့ ဌာနတွင်းဝန်ထမ်းတွေရဲ့ ရာထူးတိုးမြင့်ခြင်းနဲ့ တခြားအခွင့်အရေးတွေကို စစ်ဖက်က ပြောင်းလာသူကြောင့် အကျိုးထိခိုက်မှု မရှိဆိုတဲ့ ဌာန အကြီးအကဲရဲ့ ထောက်ခံချက်ဖြင့် ပြောင်းပေးခြင်းဖြစ်ပြီး နောက်ဆုံးအချက်ကတော့ သာမန်အရပ်သားဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ဖို့ ခက်ခဲတဲ့ဒေသတွေကို စစ်ဖက်က လူများကို ခန့်အပ်တာဝန်ပေးအပ်တာတို့ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်ရဲ့ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ်က ကရင်တိုင်းရင်းသားတဦး ဖြစ်ပါတယ်။
အရင်အစိုးရတွေ လက်ထက်မှာလည်း ကာကွယ်ရေး ဝန်ကြီးဌာနကနေ အရပ်ဖက်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်တဲ့ အရာထမ်းတွေရှိခဲ့ပါတယ်။ လက်ရှိဝန်ကြီးဌာနတွေမှာလည်း ညွှန်ကြားရေးမှူးကနေ ညွှန်ကြားရေးမှူးချုပ် ရာထူးအထိ တာဝန်ထမ်းဆောင်နေသူ အများစုမှာ တပ်မတော်က အရာရှိဟောင်းတွေဖြစ်ပါတယ်။
အခုလို ပြောင်းရွှေ့တာတွေနဲ့ ပတ်သက်လို့ အရင်တုန်းက အသံ သိပ်မထွက်ခဲ့ကြပေမယ့် အခုအစိုးရလက်ထက်မှာတော့ အရပ်ဖက်ဝန်ကြီးဌာနတွေကို စစ်ဘက်က ပြောင်းရွှေ့ရင် ကန့်ကွက်တာတွေ လုပ်ဆောင်လာကြပါတယ်။
BBC Burmese
https://www.bbc.com
Friday, May 24, 2019
ကရင်ပြည်နယ်ဝန်ကြီး ၁ ဦးကို ထပ်မံနုတ်ထွက်ခွင့်ပြု
ကရင်ပြည်နယ်အစိုးရသတင်းစာရှင်းလင်းပွဲ
ကရင်ပြည်နယ်အစိုးရရဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးဟာ မိမိသဘောဆန္ဒအလျောက် ပြည်နယ်ဝန်ကြီးရာထူးကနေ နုတ်ထွက်ခွင့်ပြုဖို့ တင်ပြတောင်းဆိုချက်ကို လက်ခံပြီး နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ သမ္မတရုံးက အမိန့်ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒီလိုနုတ်ထွက်တာဟာ စီးပွားရေးကိစ္စကြောင့် ဖြစ်ပြီး သူ့တောင်းဆိုချက် လိုက်လျောပေးတာ မရှိလို့ နုတ်ထွက်တာပါလို့ မေလ ၂၃ ရက်နေ့က ဘားအံမှာလုပ်တဲ့ ကရင်ပြည်နယ်အစိုးရသတင်းစာရှင်းလင်းပွဲမှာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က မီဒီယာတွေကို ပြောခဲ့ပါတယ်။
ဦးတေဇထွဋ်လှိုင်ထွေးဟာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေအထွေးရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တာဖြစ်ပြီး သူ့ကို အခုဝန်ကြီးအဖြစ်နေ နုတ်ထွက်ခွင့်ပြုလိုက်ပေမယ့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကတော့ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။
BBC Burmese
တစ်နှစ်အတွင်း ဝန်ထမ်း ၂ ထောင်ကျော် အရေးယူခဲ့လို့ ရာထူးဝန်အဖွဲ့ပြော
လာဘ်စားတဲ့စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ ဥပဒေအရာရှိအမျိုးသမီးတစ်ဦးကို ရုံးထုတ်ခဲ့စဉ်
နိုင်ငံဝန်ထမ်း နည်းဥပဒေတွေအရ ပြီးခဲ့တဲ့ ၂၀၁၈ ဧပြီလကနေ ၂၀၁၉ မတ်လကုန်အထိ ရာထူးက ထုတ်ပယ်ခံရတဲ့ ဝန်ထမ်း ၁၆၃၈ ဦးနဲ့ ဝန်ထမ်းအဖြစ်က အထုတ်ခံရသူ ၇၃၉ ဦးရှိတယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်းက ပြောပါတယ်။
ဝန်ကြီးဌာနတွေထဲမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပယ်ခံရသူ ဝန်ထမ်း ၈၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယ၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဌာနက တတိယအများဆုံးဖြစ်ပါတယ်။
ဒါ့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခဲ့ရသူတချို့ရှိနေတဲ့အပြင် ဝန်ထမ်းအငယ်တွေဟာ လစာနည်းတာ၊ ခံစားခွင့်နည်းတာအပြင် တချို့ဝေးလံတဲ့ဒေသတွေမှာ နေထိုင်စရာမရှိတဲ့ အတွက်လည်း တာဝန်ကျတဲ့နေရာကိုမသွားတော့ပဲ ဝန်ထမ်းအဖြစ်က ထွက်သွားသူတွေလည်း ရှိခဲ့ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအောက်မှာတော့ အရင်ခေတ်ကာလတုန်းက ဆရာဝန်တွေဟာ တာဝန်ကျတဲ့နေရာကို မသွားဘဲ နောက်ပိုင်းကျမှ နေရာပြောင်းယူတာမျိုးတွေ ရှိခဲ့ပါတယ်။
အခုလက်ရှိမှာတော့ ဆရာဝန်တွေဟာ တာဝန်ကျတဲ့နေရာကို မသွားဘူးဆိုရင် ခွင့်မဲပျက်ကွက်အနေနဲ့ အရေးယူခံတာ များလာနေတယ်လို့ ကျန်းမာရေးဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာကျော်စွာဦးက ပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese
Thursday, May 23, 2019
အစိုးရဝန်ထမ်းများ ပင်စင်ယူပြီးပါက နေစရာအိမ်ပါ ရရှိတော့မည်
MyanmarExpress
#Unicode Version#
အစိုးရဝန်ထမ်းများအတွက် သတင်းကောင်းတစ်ရပ်အဖြစ် ရုံးဌာနအသီးသီးမှ ပင်စင်ယူပြီးပါက နေစရာနေရာ ကိုယ်ပိုင်အိမ်ရရှိမည့် အစီစဉ်တစ်ရပ်ကို စီမံဘဏ္ဍာဝန်ကြီးဌါနမှ ဆောက်လုပ်ရေးဝန်ကြီးဌါနနှင့် ပူပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံအဝှမ်းရှိ ဝန်ထမ်းများအားလုံး၊ စစ်ဘက် ရဲဘက် အမှုထမ်းအရာထမ်းများအားလုံးအတွက် ပင်စင်ယူသွားပြီးနောက် နေစရာနေရာအတွက် ပူပင်ကြောင့်ကြမှု မရှိစေရပဲ ကိုယ်စီကိုယ်ငှ အိမ်ယာပိုင်ဆိုင်နိုင်စေရေးအတွက် အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးပွဲကို မတ်လ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်
အစည်းအဝေးတွင် မြေနေရာ၊ လျှပ်စစ်၊ အခြေခံအဆောက်အဦနှင့် ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်အသီးသီးကို ဆွေးနွေးတင်ပြခဲ့ကြပြီး အခက်အခဲများစွာ ရှိနေသည်မှန်သော်ငြားလည်း မဖြစ်မနေ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။အဆိုပါအစီအစဉ်ကို စီမံဘဏ္ဍာဝန်ကြီးဌါနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌါနတို့ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်
MyanmarExpress
မကွေးဝန်ကြီးချုပ်နဲ့ ၀န်ကြီး နှစ်ဦးကို အဂတိကော်မရှင်ထံ တိုင်ကြား
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ကို တွေ့ရစဉ် / Photo: RFA
မကွေးတိုင်းဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦးဟာ အဂတိလိုက်စားတယ်ဆိုပြီး မကွေး တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်ထံ တိုင်ကြားထားတယ်လို့ ပြောပါတယ်။
၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော် ကာလတွင်းမှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးနဲ့ လုံ/နယ် ဝန်ကြီးတို့ဟာ တည်းခိုခန်းခမပေးဘဲ တည်းခိုခဲ့တဲ့အတွက် အခုလိုတိုင်ကြားတာလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလကတည်းက တိုင်ကြားခဲ့တာဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မေးခွန်းမေးမြန်းခဲ့ပေမယ့်လည်း ထူးခြားတာမရှိခဲ့ဘူးလို့ ပြောပါတယ်။
တည်းခိုခန်းလုပ်ငန်းရှင်က သူနစ်နာခဲ့ရတာကို အကူအညီတောင်းခံလာတဲ့အတွက် အခုလိုတိုင်ကြားတာလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း ကပြောပါတယ်။
‘’ဝန်ကြီးချုပ်နဲ့ ဝန်ကြီး ၃ ဦးကတော့ ဂေါပကအဖွဲ့ဥက္ကရယ်၊ ဂေါပကအဖွဲ့ဝင်တွေကနေတဆင့် အဲဒီအခန်းတွေမှာ အခကြေးငွေ သတ်မှတ်ထားတာမပေးဘဲနဲ့ သုံးစွဲခဲ့ပါတယ်၊ အဲဒါနိုင်ငံရေးရာထူး လက်ရှိရှိတဲ့သူတွေက အဂတိ လိုက်စားခြင်းပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေမှာကိုက နိုင်ငံရေး လက်ရှိရာထူးရှိတဲ့သူတွေက သတ်မှတ် ထားတဲ့ အခကြေးငွေ တစ်စုံတစ်ရာမပေးဘဲနဲ့ သုံးစွဲတာဟာ အဂတိလိုက်စားမှုမြောက်တာပဲဗျ ’’
တစ်ယောက်နဲ့တစ်ယောက် အကျိုးတစ်စုံတစ်ရာမျှော်ကိုးခြင်းမရှိဘဲ နှစ်ဖက်သဘောတူခဲ့တယ်ဆိုရင်တော့ အဂတိလိုက်စားမှုမြောက်တယ်လို့ ပြောလို့မရဘဲ သူ့အကျိုးကိုယ့်အကျိုးမျှော်ကိုးပြီး ရလိုမှုနဲ့ တည်ခင်းဧည့်ခံတယ်၊ ကျွေးမွေးတယ်ဆိုရင်တော့ အဂတိလိုက်စားမှုမြောက်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေမှာပါရှိပါတယ်။
‘’သူတို့နှစ်ယောက်အပေါ်မှာ လုပ်ငန်းနဲ့ပတ်သက်ပြီး ဆက်စပ်မှုမရှိဘူး၊ အကျိုးမျှော်ကိုးခြင်းလည်းမရှိဘူး၊ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးမှုအနေနဲ့ ဆောင်ရွက်တဲ့ကိစ္စဆိုရင် ဒါတစ်မျိုးပေါ့နော်၊ မဟုတ်ဘဲနဲ့ အကျိုးမျှော်ပြီးတော့မှ ရလိုမှုနဲ့ဒီလိုမျိုး အဖိုးစားနားပုံစံမျိုးနဲ့ ကျွန်တော်တို့ ဥပဒေမှာလည်းပါပါတယ်၊ တည်ခင်း ဧည့်ခံတယ်၊ ကျွေးမွေးတယ်ဆိုရင် အဂတိမြောက်တာပေါ့နော်၊ ဒါကတော့ သူတို့ရဲ့လုပ်ဆောင်ချက်အပေါ် မူတည်ပါတယ် တရားသေကြီးတော့ မရဘူးပေါ့ ’’
ကော်မရှင်ဆီတိုင်ကြားစာတွေနဲ့ ပတ်သက်ပြီးကာယံရှင်တွေကလွဲပြီး ဘယ်သူ့ကိုမျှ ထုတ်ဖော်ပြောဆိုတာမရှိဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောခွင့်ရသူ ဦးကျော်စိုးက ပြောပါတယ်။
ဘယ်သူမဆို တည်းခိုခန်းတစ်ခုမှာ တည်းခိုမယ်ဆိုရင် ကျသင့်တဲ့အခကြေးငွေ ကြိုတင်ပေးရပြီးမှသာ တည်းခို ခွင့်ရတဲ့အတွက် နဂိုမတည်းခင်ကတည်းက ကျသင့်ငွေကို တောင်းထားရမှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က အခုလိုသုံးသပ်ပြပါတယ်။
‘’အစတည်းခိုကတည်းက နားလည်မှုရှိပြီးတော့ တည်းသွားတာဖြစ်နိုင်တယ်၊ တည်းခိုခန်းတည်းတယ်ဆိုတာ အစကတည်းက ပိုက်ဆံပေးရတယ်၊ တောင်းလို့မပေးဘူးဆိုရင် တည်းခွင့်မပြုသင့်ဘူးပေါ့ သူကြည်ဖြူလို့ ပေးခဲ့တာပေါ့ အဲကတည်းက သူမတောင်းခဲ့တာမို့ သဘောတူရာရောက်တယ်လို့ ယူဆလို့ရပါတယ်’’
ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားခံရသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ဦးတင်အောင်ထွန်းဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ် နဲ့ ရွေးကောက်ပွဲမှာအောင်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လမှာပါတီကနေ နှုတ်ထွက်ခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း NLD ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာမျိုးညွန့်ကိုလည်း မကွေးတိုင်း မင်းဘူးမြို့မရဲစခန်းမှာ တရားစွဲအမှုဖွင့်ခဲ့သေးတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese
Sunday, May 19, 2019
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် စင်္ကာပူ၌ ကွယ်လွန် ဆိုသည့် သတင်းမှာ မဟုတ်မမှန်သတင်းဖြစ်ကြောင်း…..
မဟုတ်မမှန်သတင်း…
ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတဟောင်းကြီးအဂ္ဂမဟာသရေစည်သူ၊မဂ္ဂမဟာသီရိသုဒဓမ္မဦးသိန်းစိန်သည်Singapore နိုင်ငံရှိKhoo Teck Puat Hospital ၌ယနေ့မနက်၁နာရီ၁၇မိနစ်အချိန်ကနှလုံးရောဂါဖြင့်ကွယ်လွန်သွားပြီဖြစ်ကြောင်း…..
unicode
ပြည်သူ့အချစ်တော် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ကွယ်လွန်….ဆိုသည့်သတင်းမှာမမှန်ကန်ကြောင်း
နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ကွယ်လွန်သည် ဆိုသည့်သတင်း မဟုတ်မှန် –
ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်တွင် ပျံ့နှံ့လာသည့် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ကွယ်လွန်သည် ဆိုသည့်သတင်းမှာ မမှန်ကန်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး(ငြိမ်း) သည် ပြင်ဦးလွင်မြို့တွင် ကျန်းမာစွာ ရှိနေကြောင်း…..
မကြာမီ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ သြဝါဒဖြင့် ဒုလ္လဘ ရဟန်းပြုရန်ရှိကြောင်း သမ္မတ(ငြိမ်း)၏ တပည့်တစ်ဦးဖြစ်သူ ဦးအောင်ပိုင်မင်းက သူ၏ လူမှုကွန်ယက်အကောင့်တွင် ရှင်းလင်းပြောကြားထားသည်။
ယခုရက်ပိုင်းအတွင်း ထွက်ပေါ်နေသော ကောလဟလများနှင့်ပတ်သက်၍ သမ္မတ(ငြိမ်း) ကျန်းမာစွာရှိကြောင်း ဓာတ်ပုံများဖြင့် ဖော်ပြနေခြင်းများလည်း ရှိသည်။
အောက်ပါပုံများမှာ ၁၈.၅.၂၀၁၉ ရက်နေ့က ပြင်ဦးလွင်မြို့နယ်၊ ဖလန်တောင်၊ မဟာဝိဇယဘုရားသို့ သမ္မတကြီး(ငြိမ်း) မိသားစု ဘုရားဖူး လာရောက်ပြီး အလှူငွေများ လှူဒါန်းခြင်းဖြစ်ကြောင်း အရှင် ဣန္ဓာဝုဓ အကောင့်မှ တင်ပြထားခြင်း ဖြစ်သည်။
မဟုတ်မမှန်သတင်း…
နိုင်ငံတော်္မသမ္မတဟောင်းဦးသိန်းစိန်ကွယ်လွန်…
ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတဟောင်းကြီးအဂ္ဂမဟာသရေစည်သူ၊မဂ္ဂမဟာသီရိသုဒဓမ္မဦးသိန်းစိန်သည်Singapore နိုင်ငံရှိKhoo Teck Puat Hospital ၌ယနေ့မနက်၁နာရီ၁ရမိနစ်အချိန်ကနှလုံးရောဂါဖြင့်ကွယ်လွန်သွားပြီဖြစ်ကြောင်း…..
သမ္မတဟောင်းကြီးဦးသိန်းစိန်ဧ။်ရုပ်အလောင်းအားမိသားစုပိုင်ရဟက်ယာဉ်ဖြင့်နေပြည်တော်ရှိမဏိရတနာကျောက်စိမ်းခမ်းမသို့သယ်ဆောင်ကာမြန်မာပြည်သူပြည်သားများလာရောက်ပူဇော်ကန်တော်နိုင်ရန်အတွက်နိုင်ငံတော်စျာပနအဖြစ်ထားရှိသွားမည်ဖြစ်ကြောင်းနှင့်သင်္ဂြုလ်မည့်ရက်ကိုတော့အသိမကျမပြောနိုင်သေးကြောင်းနိုင်ငံတော်ပြောရေးဆိုခွင့်ရှိသူများထံမှသိရပါတယ်။
သမ္မတကြီးဦးသိန်းစိန်သည်ယခင်နဝတစစ်အစိုးရဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး၂၀၀၀–၂၀၁၅ခုနှစ်အတွင်းမြန်မာနိုင်ငံတော်သမ္မတအဖြစ်၅နှစ်တာတာဝန်ထမ်းဆောင်ခဲ့ပြီးတယ်လီဖုန်းများလူတိုင်းကိုင်နိုင်ရန်၊ကားလူတိုင်းစီးနိုင်ရန်ဖော်ဆောင်ခဲ့သည်ပြည်သူချစ်သမ္မတကြီးတစ်ဦးလည်းဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတအဂ္ဂမဟာသရေစည်သူ၊အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန်၏ကိုယ်ရေးမှတ်တမ်းအကျဉ်းနိုင်ငံတော်သမ္မတဦးသိန်းစိန်အား၁၉၄၅ခုနှစ်ဧပြီလ၂ဝရက်၊သောကြာနေ့တွင်အဘဦးမောင်ဖြိုး၊အမိဒေါ်ခင်ညွှန့်တို့မှဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ကျုံကူးကျေးရွာတွင်မွေးဖွားခဲ့သည်
။မွေးချင်းသုံးယောက်အနက်အငယ်ဆုံးဖြစ်ပြီးအစ်မဖြစ်သူမှာဒေါ်ရင်လှိုင်နှင့်အစ်ကိုဖြစ်သူမှာဦးထွန်းမြင့်တို့ဖြစ်သည်။ဆင်းရဲသောကျေးလက်မိသားစုဘဝတွင်ရှင်သန်ကြီးပြင်းခဲ့ပြီးမိဘများ၏အားပေးထောက်ပံ့မှုဖြင့်ပညာရေးကိုကြိုးစားသင်ယူခဲ့သည်။မူလတန်းပညာကိုကျုံကူးကျေးရွာရှိဆရာဦးမောင်ဦးကျောင်း၌သင်ကြားခဲ့သည်။
အလယ်တန်းပညာရေးကိုမိဘများဆင်းရဲနွမ်းပါးမှုကြောင့်တစ်နှစ်နောက်ကျမှတက်ရောက်ခွင့်ရခဲ့ပြီးအလက(၁) ပုသိမ်နှင့်ပြင်ခရိုင်၊ချောင်းဝအလယ်တန်းကျောင်းတို့တွင်သင်ကြားခဲ့သည်။အထက်တန်းပညာရေးအားအထက(၁) ပုသိမ်တွင်တက်ရောက်သင်ကြားခဲ့သည်။
တက္ကသိုလ်ဝင်တန်းအားသင်ကြားနေစဉ်စာသင်နှစ်နှစ်ဝက်၌DSA ဝင်ခွင့်ဖြေဆိုအောင်မြင်ခဲ့သည်။၁၉၆၄ခုနှစ်တွင်ပြင်ဦးလွင်စစ်တက္ကသိုလ်အပတ်စဉ်(၉) တက်ရောက်ခဲ့ပြီး၁၉၆၈ခုနှစ်တွင်B.A(DSA) ဘွဲ့ကိုရရှိခဲ့သည်။
စစ်တက္ကသိုလ်မှသင်တန်းဆင်းပြီးရှမ်း(၁) တွင်တာဝန်ထမ်းဆောင်နေစဉ်၁၉၈၆ခုနှစ်တွင်ဗိုလ်ကြီးအဆင့်သို့တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသည်။၁၉၈၂ခုနှစ်အထိအရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ခမရ(၁၀၉) နှင့်ခလရ(၈၉) တို့တွင်ဗိုလ်မှူးအဆင့်ဖြင့်တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ခုနှစ်တွင်တပ်ရင်းမှူးအဆင့်ဖြင့်စစ်ကိုင်းတိုင်း၊ကလေးမြို့ခြေလျင်တပ်ရင်းတွင်တာဝန်ထမ်းဆောင်ခဲ့သည်။ယခုရက်ပိုင်းအတွင်းလူမှုကွန်ရက်တွင်ပျံ့နှံ့လာသည့်နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်ကွယ်လွန်သည်ဆိုသည့်သတင်းမှာမမှန်ကန်ကြောင်း၊နိုင်ငံတော်သမ္မတ(ငြိမ်း)သည်ပြင်ဦးလွင်မြို့တွင်ကျန်းမာစွာရှိနေကြောင်း၊
မကြာမီပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏သြဝါဒဖြင့်ဒုလ္လဘရဟန်းပြုရန်ရှိကြောင်း…..သမ္မတ(ငြိမ်း)၏တပည့်တစ်ဦးဖြစ်သူဦးအောင်ပိုင်မင်းကသူ၏လူမှုကွန်ရက်အကောင့်တွင်ရှင်းလင်းပြောကြားထားသည်။
ယခုရက်ပိုင်းအတွင်းထွက်ပေါ်နေသောကောလဟလများနှင့်ပတ်သက်၍သမ္မတ(ငြိမ်း) ကျန်းမာစွာရှိကြောင်းဓာတ်ပုံများဖြင့်ဖော်ပြနေခြင်းများလည်းရှိသည်။
အောက်ပါပုံများမှာ၁၈.၅.၂၀၁၉ရက်ကပြင်ဦးလွင်မြို့နယ်၊ဖလန်တောင်၊မဟာဝိဇယဘုရားသို့သမ္မတကြီး(ငြိမ်း) မိသားစုဘုရားဖူးလာရောက်ပြီးအလှူငွေများလှူဒါန်းခြင်းဖြစ်ကြောင်းအရှင်ဣန္ဓာဝုဓအကောင့်မှတင်ပြထားခြင်းဖြစ်သည်။
Friday, May 10, 2019
နှစ်မကုန်ခင် လျှပ်စစ်မီးလိုအပ်ချက် ၅ဝ ရာခိုင်နှုန်း ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည် ရည်မှန်း
၂ဝ၁၉ ခုနှစ် မေလ ၉ ရက်နေ့က မကွေးဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပွဲမှာ တွေ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ /Photo: Myanmar State Counsellor Office
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနှစ်မကုန်ခင် မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးလိုအပ်ချက်ကို ၅ဝ ရာခိုင်နှုန်း အထိ ဖြည့်ဆည်းပေးဖို့ မျှော်မှန်းထားပါတယ်။ ဒ့ါအပြင် နောက် ၃ နှစ်အတွင်းမှာ အပြည့်အဝရရှိဖို့ ကြိုးစားမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ မကွေးဒေသခံပြည်သူတွေနဲ့ မနေ့က တွေ့ဆုံရာမှာ သူက အခုလို ပြောကြားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ အစိုးရတာဝန်ယူချိန်ကစပြီး နံပါတ်တစ် ဦးစားပေးအချက်က တနိုင်ငံလုံးမှာ အလုပ်အကိုင်တွေ ဖန်တီးပေးရေးဖြစ်တယ်။ အဲဒီလို အလုပ်အကိုင်တွေ ဖန်တီးရေးအတွက် လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး ရရှိရေးဟာ အခြေခံကျတယ်။ ပြီးခဲ့တဲ့ ၂ နှစ် လောက်တုန်းကဆိုရင် လျှပ်စစ်မီးကို နိုင်ငံ့လိုအပ်ချက်ရဲ့ ၃ဝ ရာခိုင်နှုန်းလောက်ပဲ ဖြန့်ဖြူးပေးနိုင်ခဲ့တာဖြစ်တဲ့အတွက် အခု နှစ်ဆနီးပါးတိုးတက်လာတာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
တဆက်တည်းမှာပဲ ခေတ်နဲ့ညီပြီး လက်တွေ့ကျတဲ့ ပညာရေးစနစ်ကို ထူထောင်လိုကြောင်းနဲ့ အသက်မွေးဝမ်းကျောင်းပညာကို အားပေးမှာဖြစ်ကြောင်းများအပြင် ပြည်သူပြည်သားအားလုံးအနေနဲ့ လူ့ဘဝကို ဖြတ်သန်းရှင်သန်နေစဉ်အတွင်း လောကကောင်းကျိုးအတွက် တခုခုလုပ်ပေးနိုင်ခဲ့အောင် စိတ်ဓာတ်တွေ မွေးမြူကြပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
RFA Burmese
https://www.rfa.org/burmese
Wednesday, May 8, 2019
ဦးဝီရသူကို တရားစွဲဖို့ သာသနာရေး စီစဉ်နေ
အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ၂၀၁၉၊ မေ ၅ ရက်နေ့က ဆရာတော် ဦးဝီရသူက ဟောပြောနေစဉ် /Photo: Htet Arkar/ RFA
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီး တရားဟောပြောချက်နဲ့ ပတ်သက်ပြီး မန္တလေးတိုင်း မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို တရားစွဲဆိုဖို့ အမှုတည်ဆောက်နေတယ်လို့ ပြည်တွင်းသတင်းမီဒီယာတချို့မှာ ဖော်ပြထားပါတယ်။
၂၉ ရက်နေ့ မြိတ်မြို့မှာပြုလုပ်တဲ့ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေနဲ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ထောက်ခံဆန္ဒပြပွဲ ပြောဆိုဟောပြောမှုတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုနိုင်အောင် ဆောင်ရွက်နေတာဖြစ်တယ်လို့ မီဒီယာတချို့မှာ ဖော်ပြထားတာဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး သာသနာရေး ဝန်ကြီးဌာနကို RFA က ဆက်သွယ်ရာမှာ ၀န်ကြီးဌာနအနေနဲ့ သတင်းထုတ်ပြန်သွားမယ်လို့ သာသနာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။
သာသနာရေး ဝန်ကြီးဌာနက တရားစွဲဆိုဖို့စီစဉ်နေတဲ့အပေါ် ဆရာတော် ဦးဝီရသူထံ RFA က ဆက်သွယ်ချိန်မှာ ဆရာတော်ရဲ့ တပည့်သာ ဖုန်းကိုင်ပြီး မေးမြန်းသိရှိလိုပါက မန္တလေး မစိုးရိမ်တိုက်သစ်ကျောင်းကို လာရောက် မေးမြန်းနိုင်ကြောင်း ဖြေကြားခဲ့ပါတယ်။
မြိတ်မြို့ ဟောပြောပွဲအပြီး သုံးရက်အကြာ မေလ ၃ ရက်မှာလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်ဒေသမှာ တရားပွဲပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဖူးခက်ဒေသရောက် မြန်မာလုပ်သားတွေနဲ့ ထိုင်းအာဏာပိုင်တွေက ခွင့်မပြုတဲ့အတွက် ဟောပြောပွဲ မကျင်းပဖြစ်ခဲ့ပါဘူး။
မေ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ဆန္ဒပြပွဲမှာတော့ ဦးဝီရသူ ဟောပြောနေစဉ် ကန့်ကွက်ခဲ့သူတချို့ရှိခဲ့ပြီး အဲဒီထဲက နှစ်ဦးဟာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံထားရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese
Tuesday, April 23, 2019
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် အယူခံ ပယ်ချခံရ
တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် ကို တွေ့ရစဉ် / Photo: RFA
အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ရဲ့ အာမခံ လျှောက်ထားမှုကို တိုင်းတရားလွှတ်တော်က ဒီနေ့ ပယ်ချလိုက်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ဟာ ကျန်းမာရေး အခြေအနေအရ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့က ဒုတိယအကြိမ် ရုံးချိန်းမှာ ရှေနေ့ကတင်ဆင့် အာမခံ လျှောက်ထားတာတာပါ။
သူမဟာ ရင်သားကင်ဆာရောဂါ ရှိနေပြီး သက်သေခံ စာရွက်စာတမ်းတွေကို သူကိုယ်တိုင်ရှာဖွေဖို့ လိုအပ်နေတဲ့အတွက် အမှုကိုပြန်လည်ရင်ဆိုင် ဖြေရှင်းနိုင်ဖို့ အာမခံလျှောက်ထားခဲ့တာလို့ သိရပါတယ်။
ဝန်ကြီးချုပ်ဟောင်းရဲ့ အာမခံ လျှောက်ထားမှုကို တိုင်းတရားလွှတ်တော်က ပယ်ချခဲ့ပေမယ့် တရားစွဲခံရသူဘက်က ဆန္ဒရှိမယ်ဆိုရင် နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ အယူခံ ဆက်လက်ဝင်ခွင့်ရှိတယ်လို့ ဒေါက်တာ လဲ့လဲ့မော်ရဲ့ ရှေ့နေ ဦးနိုင်လင်းထွန်းက RFA ကို ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တာဝန်ရှိသူတွေကို စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ နောက်တစ်ပတ် ရုံးချိန်းကို လာမယ့် မေလ ၆ ရက်နေ့မှာ ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် အပါအဝင် GGS ကုမ္ပဏီက တာဝန်ရှိသူ ၃ ဦးကို အဂတိလိုက်စားမှု ဥပဒေပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ မတ်လက တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒေါက်တာ လဲ့လဲ့မော် အပါအ၀င် လေးဦးကို အဂတိလိုက်စားမှုတွေရှိတယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားလိုလုပ်ပြီး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရနိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ဟာ  ဧပြီ ၄ ရက်နေ့က ရုံးချိန်းမှာ အာမခံလျှောက်ထားခဲ့တာပါ။
အာမခံပယ်ချခံရတာနဲ့ပတ်သက်လို့ ဒေါက်တာ လဲ့လဲ့မော်ရဲ့ ရှေ့နေ ဦးနိုင်လင်းထွန်းက RFA ကို အခုလိုပြောပါတယ်။
"ဒေါက်တာ လဲ့လဲ့မော်ရဲ့ကျန်းမာရေးအခြေအနေ အမှုရင်ဆိုင်ဖို့ အကြောင်းအရာလေးတွေပေါ့။ အဲဥစ္စာကို ကျွန်တော်တို့က လမ်းကြောင်းနှစ်ခုနဲ့ လျှောက်တာ အာမခံလျှောက်တဲ့ကိစ္စကို ဒီနေ့ ရုံးအမိန့်ချတယ် ကျွန်တော်တို့လျှောက်ထားမှုကို ပယ်တယ်"
ဒီအမှုဟာ အများ စိတ်ဝင်တစားစောင့်ကြည့်နေတဲ့အမှုဖြစ်ပြီး ဒီနေ့ တရားရုံးချိန်းမှာဆိုရင် ထားဝယ်မြို့ခံတချို့ သွားရောက်စောင့်ကြည့်ကြတာလည်း ရှိပါတယ်။
"မပေးသင့်တဲ့ဟာကို ပေးလို့ရှိရင် ဒီမှာ အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ အားလုံးက ဒေါက်ထောက်ကြည်နေတဲ့အနေအထားမှာ ဥပဒေကြောင်းအရကော နိုင်ငံရေးစနစ်အရကော တကယ်ပေးလိုက်လို့ရှိရင်တော့ ဒါက တော်တော်လေးဂယက်ရိုက်သွားမှာပေါ့လေ။ ပြစ်မှုအနေနဲ့ အပြစ်ရှိတယ်ဆိုပြီး သူကိုဖမ်းထားတဲ့အနေအထားမှာ မပေးတာက ဖြစ်သင့်တယ်လို့မြင်တယ်"
တရားရုံးကို သွားရောက်ခဲ့တဲ့ ထားဝယ်ဒေသခံ ဦးအောင်မောင်သိန်း ပြောသွားတာပါ။
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ဟာ ကင်ဆာရောဂါ ခံစားနေရတယ်လို့ ရှေ့နေရဲ့ ပြောပြချက်အရ သိရပါတယ်။
အာမခံလျှောက်ထားရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ရှေ့နေ ဦးနိုင်လင်းထွန်းက အခုလိုပြောပါတယ်။
"ကျန်းမာရေးကိစ္စက သူ ကင်ဆာရောဂါဖြစ်နေတဲ့ဆိုတဲ့အကြောင်း အဲကြောင့်မို့ သူဟာ ကင်ဆာဆေးတွေ သွင်းနေရတယ်။ အဲကျွန်တော် သူ့အတွက် ကျန်းမာရေးအခြေအနေအရ အာမခံနဲ့ အပြင်မှာနေပြီးတော့ ထုချေခွင့်ရအောင် နောက်တစ်ခုက ကျွန်တော်တို့က သူတို့ ရုံးပိုင်းဆိုင်ရာ ကိစ္စရပ်တွေဖြစ်နေတော့ သူနဲ့ ရုံးနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေက ဒေါက်တာ လဲ့လဲ့မော် ကိုယ်တိုင် ဖြေရှင်းမှရတယ်ဆိုတဲ့ ကိစ္စတွေဆိုတော့လေ အဲလမ်းကြောင်းလေး နှစ်ခုပေါ့။ အဲဒါ နှစ်ခုကိုခေါင်းတည်ပြီး လျှောက်တာ"
တိုင်းတရားလွှတ်တော်က အာမခံပယ်ချလိုက်ပေမယ့် မိသားစုက ဆန္ဒရှိမယ်ဆိုရင် ပြည်ထောင်စု တရားလွှတ်တော်ကို ဆက်လက်လျှောက်ထားလို့ရတယ်လို့လည်း ရှေ့နေက ပြောပါတယ်။
ဒေါက်တာ လဲ့လဲ့မော်ရဲ့ မိသားစုဝင်တွေကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းပိတ်ထားပါတယ်။
ဒေါက်တာ လဲ့လဲ့မော်ဟာ ထားဝယ် လေယာဉ်ကွင်းနဲ့ ထားဝယ် တက္ကသိုလ်ဝင်း ချုံနွယ် ရှင်းလင်းတဲ့လုပ်ငန်းနဲ့ သင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်းတွေမှာ ရာထူးတာဝန်ကို အလွဲသုံးစားလုပ် တံစိုးလက်ဆောင်ရယူခဲ့တာ၊ လုပ်ပိုင်ခွင့် ချပေးတာတွေရှိတယ်ဆိုပြီး GGS ကုမ္ပဏီက တာဝန်ရှိသူ ၃ ဦးနဲ့အတူ အဂတိတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့် အရေးယူခဲ့တာဖြစ်ပါတယ်။
ဒီနေ့ တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ အဂတိတိုက်လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တာဝန်ရှိသူတွေကို စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၂ခုအတွက် စစ်ဆေးပြီးစီးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ရုံးချိန်းဟာ စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး လာမည့် ရုံးချိန်းကို မေ ၆ ရက်နေ့မှာ ပြန်လည်ချိန်းဆိုကာ တရားလိုကို ဆက်လက် စစ်ဆေးသွားမယ်လို့ သိရပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese