Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Showing posts with label interview. Show all posts
Showing posts with label interview. Show all posts

Saturday, December 22, 2018

အရက္ေသာက္တာ အျပစ္ရွိသလား ငရဲက်နိုင္သလား(ဆရာၾကီးေရႊဥေဒါင္းႏွင့္ ဦးပဥၨင္းတစ္ပါး ေျပာဆို ေဆြးေႏြးခ်က္မ်ား)


ေရးသားသူ – ဆရာႀကီး ေ႐ႊဥေဒါင္း
ဆရာၾကီးေရႊဥေဒါင္းႏွင့္ ဦးပဥၨင္းတစ္ပါး ေျပာဆို ေဆြးေႏြးခ်က္မ်ား

ဇင္း ။ ။ တကာၾကီးက အရက္ေသာက္တာ အျပစ္မရွိဘူးလို႔ ေရးဖူးတယ္ဆို ၊ တကာၾကီးကိုယ္တိုင္ေကာ အရက္ေသာက္သလား ။
ေရႊ ။ ။ စာအုပ္ထဲမွာ ေတြ႕ပါသလားဘုရား ။

ဇင္း ။ ။ စာအုပ္ထဲမွာေတာ့ မေတြ႕ပါဘူး ၊ တစ္ေနရာမွာ ေရးဖူးတယ္လို႔ ေျပာၾကတယ္ ။
ေရႊ ။ ။ တင္ပါ ၊ တပည့္ေတာ္ရဲ႕ ” ေျဖာင့္ခ်က္ ” ဆိုတဲ့ ေဆာင္းပါးထဲမွာ ေရးဖူးပါတယ္ဘုရား ။

ဇင္း ။ ။ ဘာေၾကာင့္ ေရးတာလည္း တကာၾကီး ။
ေရႊ ။ ။ ေျဖာင့္ခ်က္ဆိုေတာ့ တပည့္ေတာ္ရဲ႕ အယူအဆ နဲ႕ အျပဳအမူေတြကို ဟုတ္မွန္အတိုင္း ေဖာ္ထုတ္ျပီး ေရးရမည့္ တာ၀န္ရွိလို႔ပါ ဘုရား ။

ဇင္း ။ ။ ဘယ္သူက ေရးခိုင္းလို႔ ေရးရတာလည္း တကာၾကီး ။စိတ္မရွိပါနဲ႔ေနာ္ ၊ ဦးပဥၨင္းက တကာၾကီး ဘက္သားပါ ။
ေရႊ ။ ။ ဘယ္လို ဘက္သားပါလဲ ဘုရား ။ ဒီၿပႆနာေလးရွင္းေပးပါအံုး……………..

ဇင္း ။ ။ လူေတြက မဟုတ္တရုတ္ စြပ္စြဲၾကေလသလားလို႔ ကိုယ္တိုင္ ၀င္ျပီး ေမးၾကည့္တာပဲ ။
ေရႊ ။ ။ ေက်းဇူးတင္ပါတယ္ ဘုရား ။ တပည့္ေတာ္ ေျဖပါေတာ့မယ္ ။ ဦးပဥၨင္း ရဲ႕ ေမးခြန္းေတြက တစ္ထိုင္တည္းမွာ သံုးခုရွိသြားပါျပီ ။ (၁) ေျဖာင့္ခ်က္ေတြကို ဘယ္သူေရးခိုင္းတာလဲ ။ (၂) အရက္ေသာက္တာ အျပစ္ မရွိဘူးလို႔ ေရးသလား ။ (၃) တကာၾကီးကိုယ္တိုင္ အရက္ေသာက္သလား ။ ဟုတ္ရဲ႕လား ဘုရား ။

ဇင္း ။ ။ အရက္ေသာက္ေသးသလားလို႔ ဆိုလိုပါတယ္ ။
ေရႊ ။ ။ မွန္လွပါဘုရား ၊ ဘယ္သူက ေရးခိုင္းသလဲ ဆိုတဲ့ ေမးခြန္းကို ေျဖရလွ်င္ ဘယ္သူကမွေတာ့ အေရးမခိုင္းပါဘူး ။ သို႔ေသာ္တပည့္ေတာ္က ေလာကုတၱရာ ေရးရာအတြက္ အားထုတ္ေနသူ ျဖစ္တဲ့အျပင္ ကိုယ္သိသမွ် ျမင္သမွ်ေလးကို သူတစ္ပါးအား တင္ျပေနသူျဖစ္ေလေတာ့ ကိုယ့္အေပၚမွာ သံသယ ကင္းရွင္းသြားေစလိုသည္ တစ္ေၾကာင္း ၊ တပည့္ေတာ္ ရဲ႕ ၀ါသနာတစ္ခုက ဘယ္သူေတြလက္ခံျခင္း ၊ လက္မခံျခင္းကို အပထား ၊ ကိုယ္တိုင္ စိတ္ခ်လက္ခ် ယံုၾကည္ထားတဲ့ အျခင္းအရာတစ္ခုကို တင္ျပရမွ ေက်နပ္တတ္တာက တစ္ေၾကာင္း ျဖစ္ပါတယ္ ဘုရား ။

ဇင္း ။ ။ ေျဖာင့္ခ်က္ ေရးရျခင္း အေၾကာင္းကေတာ့ ဟုတ္ပါျပီ ၊ အရက္ေသာက္တာ အျပစ္မရွိဘူးလို႔ ေရးတာက ဘယ္လိုလည္းတကာၾကီး ။
ေရႊ ။ ။ ဦးပဥၨင္း က တပည့္ေတာ္ရဲ႕ ေဆာင္းပါးကို ကိုယ္တိုင္ ဖတ္ဖူးဟန္ မတူပါဘူး ။

ဇင္း ။ ။ ဒိေ႒ ဒိ႒မတၱံ စာအုပ္ကိုသာ ဖတ္ဖူးတယ္ ၊ ေျဖာင့္ခ်က္ကို မဖတ္ဖူးပါဘူး ၊ လူေျပာသူေျပာပါပဲ ။
ေရႊ ။ ။ စာကို ေသေသခ်ာခ်ာ မဖတ္ဘဲနဲ႕ ေျပာၾကတာပါဘုရား ။ အျပစ္မရွိဘူးလို႔ မေရးဖူးပါဘူး ။ ငရဲမၾကီးဘူးလို႔သာ ေရးပါတယ္ဘုရား ။

ဇင္း ။ ။ ဘာေၾကာင့္ ငရဲမၾကီးရသလဲ ၊ သုရာေမရယသိကၡာပုဒ္ပဲ ။
ေရႊ ။ ။ ငရဲၾကီးတယ္ (သို႔) အပါယ္က်တယ္ဆိုတာ ဒုစရိုက္ ၁၀ပါး က်ဴးလြန္မွ မဟုတ္လားဘုရား ၊ သုရာေမရယ ဟာက သီလနယ္ထဲက မဟုတ္ပါလားဘုရား ။ ဒုစရိုက္မႈ နဲ႔ သီလက တစ္ျခားစီပါဘုရား ။ ဒုစရိုက္မႈ ဆိုတာက က်ဴးလြန္လွ်င္ အပါယ္က်တယ္ ။ သီလ ဆိုတာက ေကာင္းေသာ အေလ့အက်င့္ ျဖစ္ပါတယ္ ။ အရက္ေသာက္ျခင္းဟာ ေကာင္းေသာအေလ့ေတာ့ မဟုတ္ဘူးေပါ့ ဘုရား ။ နစၥ ၊ဂီတ ၊ ၀ါဒိတ ဆိုတာမ်ဳိးေတြလိုေပါ့ ။ ေရွာင္လွ်င္ေကာင္းတယ္ (သို႔) ငရဲေတာ့ မၾကီးပါဘူးဘုရား ။

ဇင္း ။ ။ သို႔ေသာ္ သုရာေမရယကို ကာေမသုမိစၧာစာရကံထဲမွာ ထည့္သြင္းရမယ္လို႔ အ႒ကထာ ဆရာက ဆိုတယ္ တကာၾကီး ။
ေရႊ ။ ။ ဒါက သူ႕အယူအဆကိုးဘုရား ။ သူတစ္ပါး မယားကို ျပစ္မွားတာနဲ႔ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ ၀ယ္ေသာက္တာ နဲ႔ ဘာမ်ားသက္ဆိုင္လို႔လဲဘုရား ။

ဇင္း ။ ။ ကာမဂုဏ္ ခံစားတဲ့ သဘာ၀ခ်င္းတူတယ္ တကာၾကီး ။
ေရႊ ။ ။ ကာမဂုဏ္ခံစားရံုနဲ႔ ငရဲၾကီးတယ္လို႔ ဗုဒၶက ေဟာေတာ္မမူခဲ့ပါဘူးဘုရား ။ တစ္ခ်ဳိ႕က ဘယ္လိုေတာင္ ေရးၾကသလဲဆိုေတာ့ အရက္ေသာက္တဲ့လူဟာ ရသာရံုခံစားျခင္းပဲတဲ့ ။ ကိုယ္တိုင္ ဘာမွ မသိဘဲနဲ႔ ရမ္းျပီး ေရးခ်င္တဲ့ လူေတြေၾကာင့္ ခက္တာပဲ ။ အရက္ေသာက္တယ္ဆိုတာ ရသာရံုခံစားျခင္း မဟုတ္တဲ့အျပင္ အစ ပထမ မွာ ရႈံ႕ရံႈ႕မဲ့မဲ့ နဲ႔ မ်ဳိခ်ရတဲ့ အရည္ပါ ဘုရား ။ ေနာက္ေတာ့မွဇိမ္တစ္မ်ဳိးရွိတယ္ဆိုျပီး ၾကိဳက္တတ္လာျခင္း ျဖစ္ပါတယ္ ။ ” ဇိမ္ ” ကို ၾကိဳက္ျခင္းပါ ။ အရသာကို ၾကိဳက္ျခင္း မဟုတ္ပါဘူးဘုရား ။

ဇင္း ။ ။ ေနာက္ေတာ့ အရသာကိုပါ ၾကိဳက္လာတယ္ဆို ။
ေရႊ ။ ။ ဒါကေတာ့ တမာရြက္ျပဳတ္စားတဲ့ လူလိုေပါ့ဘုရား ။ ပထမေတာ့ ခါးတယ္ ။ ေနာက္ေတာ့မွ ၾကိဳက္တာပါ ။ အရက္မွာေတာ့ဇိမ္က အဓိက ပါဘုရား ။ ကိုယ္တိုင္ ျမည္းမစမ္းဘဲနဲ႔ သူတစ္ပါး ပါးစပ္ထဲက အရသာကို မွန္းဆျပီး ဆရာလုပ္ခ်င္တဲ့ လူေတြေတာ့တပည့္ေတာ္ က တယ္မတည့္ဘူး ။ သုရာေမရယဟာ ငရဲၾကီးတယ္ဆိုရင္ ဗုဒၶက ဒုစရိုက္ ၁၁ ပါးလို႔ ေဟာခဲ့မွာေပါ့ဘုရား ။ ၁၁ ပါးေဟာလွ်င္လည္း ဂဏန္းအေနနဲ႔ အရုပ္မဆိုးပါဘူး ။ မီး ၁၁ ပါး တို႔ ဘာတို႔ ရွိသားပဲ ။ ဗုဒၶက ၁၀ ပါးလို႔ ေဟာေတာ္မူခဲ့တဲ့ အထဲမွာ သီလထဲကတစ္ခုယူျပီး ကာေမသု ထဲ အတင္းသြင္း လို႔ တပည့္ေတာ္ေတာ့ လက္မခံဘူး ။ သူ႔သေဘာ သက္သက္ပဲ ။ ဘုရားေဟာ မဟုတ္ဘူး ။

ဇင္း ။ ။ လူေတြ လိမၼာ လာေအာင္ဆိုတဲ့ သေဘာနဲ႔ သြင္းထည့္တာ ထင္ပါရဲ႕ တကာၾကီး ။ အရက္ေသာက္ျခင္းဟာ မေကာင္းတာေတာ့ ၀န္ခံတယ္ မဟုတ္လား ။
ေရႊ ။ ။ အတိုင္းအရွည္နဲ႔ ၀န္ခံပါတယ္ ။ သို႔ေသာ္ လိမၼာေအာင္ဆိုျပီး အပိုေျခာက္လွန္႔ေပးလွ်င္ေတာ့ အမွန္ (သစၥာ)တရား ပ်က္တယ္လို႔ တပည့္ေတာ္ နားလည္ပါတယ္ဘုရား ။ ဥပမာ – စေလာင္းဖံုး ၂ ခ်ပ္ကိုတီးလွ်င္ က်ားကိုက္တတ္တယ္လို႔ ေရွးကလူၾကီးေတြကကေလးေတြကို ေျခာက္ခဲ့တယ္ ။ အမွန္ကေတာ့ (ေျမ)စေလာင္းဖံုး ၂ ခ်ပ္ကိုတီးလွ်င္ ကြဲမွာစိုးလို႔ပါပဲ ။ ကေလးေတြအဖို႔ ဟုတ္ခ်င္ဟုတ္မယ္ ။ သို႔ေသာ္ လူတိုင္းဟာ ကေလး မဟုတ္ဘူးဘုရား ။ ဘာပဲေျပာေျပာ တပည့္ေတာ္အေနနဲ႔ကေတာ့ ဗုဒၶကမွန္တဲ့အတိုင္း ေဟာထားပါလ်က္နဲ႔ တစ္ခ်ဳိ႕က ဥာဏ္ကြန္႔ျပီး အေျခာက္ေတြ ၊ အေျမွာက္ေတြနဲ႔ ျဖည့္စြက္တာကို တပည့္ေတာ္ မလိုလားဘူးဘုရား ။ မွန္တာကို ေဖာ္ထုတ္ခ်င္တာပဲ ။

ဇင္း ။ ။ တကာၾကီး က အရက္ေသာက္တာဟာ အျပစ္မရွိဘူးတဲ့လား ။
ေရႊ ။ ။ ဒီလို မလုပ္ပါနဲ႔ ဦးပဥၨင္း ။ တပည့္ေတာ္ ဥပမာေဆာင္ခဲ့ျပီးေကာဘုရား ။ စေလာင္းဖံုး ၂ ခ်ပ္ကိုတီးလွ်င္ က်ားကိုက္တတ္တယ္ ဆိုတာ မဟုတ္ေပမဲ့ ကြဲတတ္တယ္ဆိုတာ မွန္သလိုပဲ အရက္ေသာက္ျခင္းေၾကာင့္ ငရဲၾကီးတယ္ဆိုတာ မမွန္ေပမဲ့ စေလာင္းဖံုးကြဲတာလိုပဲ အျပစ္ေတာ့ရွိတတ္တာေပါ့ဘုရား ။

ဇင္း ။ ။ ရွိတတ္တယ္ဆိုေတာ့ ဧကန္စကား မဟုတ္ဘူး ။ အေနကန္စကားေပါ့ တကာၾကီး ။
ေရႊ ။ ။ အတိုင္းနဲ႔အထြာနဲ႔ စည္းနဲ႔ ကမ္းနဲ႔ ဆိုလွ်င္ေတာ့ လူေတြထင္ၾကသလို ဧရာမအျပစ္ၾကီး မဟုတ္နိုင္ပါဘူးဘုရား ။ တပည့္ေတာ္က ဒီအေၾကာင္းေတြကို စျပီး ေရးကတည္းက ရည္ရြယ္ခ်က္တစ္ခု ရွိပါေသးတယ္ ။ အရက္ေသာက္တဲ့လူေတြကို အရက္မေသာက္ေအာင္ တပည့္ေတာ္ မတတ္နိုင္ဘူး ။ ဘယ္သူမွလည္း တတ္နိုင္မွာ မဟုတ္ဘူး ။ သို႔ေသာ္ ေသာက္ၾကလို႔ရွိလွ်င္ စည္းနဲ႔ကမ္းနဲ႔ အတိုင္းနဲ႔ အထြာနဲ႔ အခ်ိန္နာရီ နဲ႔ ေသာက္ၾကဖို႔ သတိေပးခ်င္ လို႔ပါပဲ ။

ဇင္း ။ ။ ဘယ္လို ေသာက္ပုံေသာက္နည္းလဲ တကာၾကီး ရဲ႕ ။
ေရႊ ။ ။ တပည့္ေတာ္တို႔ တိုင္းျပည္ကို ဟိုတုန္းက အုပ္ခ်ဴပ္သြားတဲ့ အဂၤလိပ္လူမ်ဳိးေတြကို တပည့္ေတာ္တို႔ ျမန္မာေတြက မိစၧာဒိ႒ိေတြ ၊ ေမ်ာက္ကဆင္းသက္တဲ့ အရိုင္းအစိုင္းေတြ ၊ ဘာေတြညာေတြ နဲ႔ ေခၚခ်င္တတ္တယ္ မဟုတ္ဘူးလား ။ သူတို႔အရာရွိေတြဟာ လူတိုင္းလိုလိုပဲ အရက္ေသာက္တတ္တယ္ ။ သို႔ေပမဲ့ ဂ်င္မခါနာကလပ္မွာ မူးျပီး ရန္ျဖစ္ၾကတယ္လို႔ ဘယ္ႏွစ္ခါမ်ား ၾကားရဖူးသလဲ ။ မူးလဲေနတယ္လို႔ေကာ ၾကားရသလား ။ အလုပ္ခြင္ကို အရက္မူးျပီး လာတယ္လို႔ရွိပါသလား ။ ရွိတဲ့ပိုက္ဆံ အကုန္ေသာက္ပစ္တယ္လို႔
ေကာ ၾကားရပါသလား ။ လူၾကားထဲမွာ ေျပာမွားဆိုမွားျဖစ္ေအာင္ မူးတယ္လို႔ေတာင္ ၾကားရပါသလား ။ ေတြ႔ရပါသလားဘုရား ။

ဇင္း ။ ။ ဒါကေတာ့ သူတို႔က အထက္တန္း လူစားေတြကိုး တကာၾကီး ။
ေရႊ ။ ။ တပည့္ေတာ္ကလည္း ဇိမ္ခံခ်င္လို႔ ေသာက္လွ်င္ အထက္တန္းလူမ်ားေသာက္နည္း ၊ ဂုဏ္သေရရွိတဲ့လူမ်ား(Gentlemen )ေသာက္နည္းေသာက္တတ္ေအာင္ သတိေပးခ်င္တဲ့ ရည္ရြယ္ခ်က္ပါဘုရား ။ တပည့္ေတာ္ ရဲ႕ အယူအဆ က လူေတြကို ငါးပါးသီလ နဲ႔ငရဲ နဲ႔ ဘာနဲ႔ ေျခာက္နည္းမ်ဳိးထက္ ေသာက္ခ်င္းေသာက္လွ်င္ သိကၡာရွိရွိနဲ႔ ေသာက္တတ္ဖို႔ သတိေပးျခင္းက လိုက္နာၾကဖို႔ နီးစပ္လိမ့္မယ္လို႔ ထင္ျမင္ပါတယ္ဘုရား ။

ဇင္း ။ ။ ေသာက္တတ္ျပီး လူမ်ားအဖို႔ေတာ့ ဟုတ္တာေပါ့ တကာၾကီး ။
ေရႊ ။ ။ ေသာက္တတ္ျပီး လူမ်ားအဖို႔ တပည့္ေတာ္ ရည္ရြယ္တာပဲ ။ မေသာက္တတ္တဲ့ လူအဖို႔ေတာ့ ပိုက္ဆံကုန္မွာ တစ္ခုတည္းနဲ႔ပဲ ေတာ္ေတာ္လံုေလာက္ေနပါျပီ ။ ေသာက္တတ္တဲ့လူကို မဟုတ္တရုတ္ ေျခာက္လွန္႔ျပီး အျဖတ္ခိုင္းျခင္းထက္ မွန္လည္းမွန္တယ္ ၊ သဘာ၀လည္းက်တယ္ ၊ နားေထာင္ခ်င္စဖြယ္လည္း ရွိတယ္ဆိုတဲ့နည္းနဲ႔ သတိေပးျခင္းက ပိုျပီး ေအာင္ျမင္ဖို႔ ေမွ်ာ္လင့္ထိုက္တယ္ မဟုတ္လားဘုရား ။

ဇင္း ။ ။ ေျခာက္လွန္႔ေပးလို႔ ျပတ္တဲ့လူမ်ားေကာ မရွိေပဘူးလား တကာၾကီးရယ္ ။
ေရႊ ။ ။ ငရဲၾကီးတယ္ဆိုလို႔ မေသာက္ဘဲ ေနခ်င္ေနမယ္ ၊ ေသာက္တတ္ျပီးမွေတာ့ ငရဲေၾကာက္လို႔ ျဖတ္တဲ့လူ နည္းပါလိမ့္မယ္ ။နာမည္ေကာင္းယူခ်င္လို႔ေသာ္လည္းေကာင္း ၊ အေသာက္လြန္ျပီး ေသမွာေၾကာက္လို႔ေသာ္လည္းေကာင္း ၊ ပိုက္ဆံမတတ္နိုင္လို႔ေသာ္ လည္းေကာင္း ျဖတ္ၾကတဲ့လူက မ်ားပါလိမ့္မယ္ ။

ဇင္း ။ ။ ဒါျဖင့္ အျပစ္ရွိပံုက ဘယ္လိုရွိတာလဲ တကာၾကီး ။
ေရႊ ။ ။ (၁) အခ်ိန္မေရြးေသာက္လွ်င္ ယစ္ထုပ္ျဖစ္ျပီး ေနာင္ဘ၀မွာ ရူးတတ္တယ္ဆိုတာ တပည့္ေတာ္ ယံုၾကည္တယ္ဘုရား ။
(၂) ပိုက္ဆံကုန္တယ္ဘုရား ။
(၃) လြန္လြန္က်ဴးက်ဴးဆိုလွ်င္ က်န္းမာေရးကို ထိခိုက္တယ္ဘုရား ။ ဒါကေတာ့ လြန္လြန္က်ဴးက်ဴး သမားမ်ားမွပါဘုရား ။လြန္လြန္က်ဴးက်ဴးဆိုတာမ်ဳိးကေတာ့ ဘယ္ေနရာမွ မေကာင္းဘူးဘုရား ။ အျဗဟၼစရိယာ အလုပ္ဟာ ငရဲေတာ့မၾကီးဘူး ။ ဒါေပမဲ့
လြန္လြန္က်ဴးက်ဴးဆိုလွ်င္ ဒုကၡေရာက္တတ္တာပါပဲဘုရား ။ ကာမဂုဏ္ခံစားမႈ ဟူသမွ်ဟာ ဒီအတိုင္းခ်ည္းပါပဲဘုရား ။ အျပစ္က ခံစားမႈေၾကာင့္ မဟုတ္ ။ လြန္က်ဴးမႈေၾကာင့္ပါ ဘုရား ။

ဇင္း ။ ။ ကာမဂုဏ္ခံစားျခင္းဟာ အျပစ္ မဟုတ္ဘူးလား တကာၾကီး ။
ေရႊ ။ ။ တပည့္ေတာ္က ငရဲမၾကီးတတ္ျခင္းကို ဆိုလိုပါတယ္ ။ လူ႔ေဘာင္မွာ ေနရတယ္ဆိုတာ ၀မ္းစာအတြက္ အလုပ္လုပ္ရ ၊ဟိုဟာေၾကာင့္ၾက ၊ ဒီဟာေၾကာင့္ၾက ၊ ေသာကဗ်ာပါဒေတြ မ်ားေလေတာ့ အားလပ္တဲ့အခ်ိန္ကေလးမွာ ဟိုတယ္တက္သူတက္ ၊ဘိလိယက္ထိုးသူထိုး ၊ တင္းနစ္ရိုက္သူရိုက္ ၊ ရုပ္ရွင္ ၾကည့္သူၾကည့္ ကိုယ့္နည္းနဲ႔ ကိုယ္ ေဖ်ာ္ေျဖမႈရွာၾကရတာပဲ ဦးပဥၨင္း ။

ဇင္း ။ ။ ဒါေတြ မပါဘဲ မျဖစ္နိုင္ဘူးလား တကာၾကီး ။
ေရႊ ။ ။ ဒါေတြ မရွိလွ်င္ ေျခာက္ကပ္ကပ္ လူတစ္ေယာက္ ျဖစ္သြားနိုင္တယ္ ။ ဦးပဥၨင္းမ်ားေတာ့ ေနနိုင္တယ္ ၊ ေနလည္းေနထိုက္တယ္ ၊ မေနၾကတာကေတာ့ ဦးပဥၨင္းတို႔ အျပစ္ပဲ ။

ဇင္း ။ ။ ဦးပဥၨင္းမ်ားဆီ လွည့္လာျပီကိုး တကာၾကီးရဲ႕ ၊ ဗုဒၶကေတာ့ ကာမဂုဏ္ကို အျပစ္လို႔ဆိုပါလား တကာၾကီး ။
ေရႊ ။ ။ ဒါက အဓိပၸာယ္တစ္မ်ဳိးပါဘုရား ။ သံသရာ၀ဋ္မွ ကၽြတ္လြတ္ခ်င္တဲ့ လူမ်ားအတြက္ ေဟာျခင္း ျဖစ္ပါတယ္ ။ ကၽြတ္လြတ္ခ်င္တဲ့သူ ဘယ္ႏွစ္ေယာက္ ရွိလို႔လဲ ။ ဦးပဥၨင္းေရာ ” သံသရာ၀ဋ္ဒုကၡေတာ ” ဆိုျပီးေတာ့ တစ္ကယ္ ကၽြတ္လြတ္ခ်င္တဲ့စိတ္ ရွိရဲ႕လား ။

ဇင္း ။ ။ က်ဳပ္တို႔ဆီ လွည့္လွည့္လာေတာ့တာကိုး တကာၾကီးက ။
ေရႊ ။ ။ လွည့္ရတာက တစ္ျခားေၾကာင့္ မဟုတ္ပါဘူး ဘုရား ။ ဦးပဥၨင္းဟာက ငရဲၾကီးမၾကီးအေၾကာင္း ေဆြးေႏြးရာကေနျပီးလြတ္ေျမာက္ေရးတရား အေၾကာင္း ထည့္ထည့္ေျပာတာကိုးဘုရား ။ ဒီႏွစ္ခုဟာ တစ္ကန္႔စီထားမွ ျဖစ္ပါလိမ့္မယ္ဘုရား ။ လူသာမန္ေတြအေၾကာင္းေျပာလွ်င္ အပါယ္ငရဲက လြတ္ဖို႔ေလာက္ဆိုလွ်င္ ေတာ္ပါျပီ ။ ၀ဋ္မွ လြတ္ေျမာက္ေရး နဲ႔ ပတ္သက္တဲ့ အက်င့္ကေတာ့ တစ္က႑ထားသင့္ပါတယ္ဘုရား ။ အမွန္မွာေတာ့ လူမ်ားအဖို႔မွာ (အမ်ားအားျဖင့္) သံသရာမွာ ေကာင္းေကာင္းလည္ဖို႔ ၊ ရဟန္းမ်ား အဖို႔ေတာ့ သံသရာ၀ဋ္မွ ကၽြတ္လြတ္ဖို႔ ၊ အဲဒီလို အက်င့္တစ္မ်ဳိးစီ ၊ တစ္ကန္႔စီထားလိုက္ပါတယ္ဘုရား ။

ဇင္း ။ ။ ေသ အရက္ဟာက ( ပမာဒတရား ) ေမ့ေလ်ာ့ျခင္းကို ျဖစ္ေစတတ္တယ္တဲ့ ။ေမ့ေလ်ာ့တာေကာ အျပစ္မဟုတ္ဘူးလား တကာၾကီး ။
ေရႊ ။ ။ လာျပန္ပါျပီ ။ ေမ့ေလ်ာ့ျခင္းေၾကာင့္ မဂ္ဖိုလ္နဲ႔ ေ၀းတာေတာ့ မွန္တယ္ ။ သို႔ေသာ္ ေမ့ေလ်ာ့ရံုသက္သက္ေၾကာင့္ေတာ့ ငရဲၾကီးေသးတာ မဟုတ္ဘူး ဦးပဥၨင္း ။ ဒါထက္ ပမာဒတရားဆိုတာ ဘာကိုေမ့ေလ်ာ့ျခင္းလို႔ ဆိုလိုတယ္ ထင္သလဲဘုရား ။

ဇင္း ။ ။ ကုသိုလ္ေကာင္းမႈျပဳဖို႔ ေမ့ေလ်ာ့ျခင္းေပါ့ တကာၾကီး ။
ေရႊ ။ ။ ဒါန ၊ သီလတို႔ ၊ ဥပုသ္ေစာင့္တာတို႔ ဘာတို႔လားဘုရား ။

ဇင္း ။ ။ ဟုတ္တာေပါ့ တကာၾကီး ။
ေရႊ ။ ။ ဗုဒၶ ပရိနိဗၺာန္ျပဳခါနီးမွာ ” ဟႏၵဒါနိ ဘိကၡေ၀ ” ဆိုတဲ့ ေနာက္ဆံုးသတိေပးခ်က္ တစ္ခု မိန္႔ေတာ္မူခဲ့တယ္ ၊ ရုပ္နာမ္တရားတို႔သည္ ပ်က္တတ္ေသာ သေဘာရွိတယ္တဲ့ ။ အဲဒါကို မေမ့ၾကနဲ႔တဲ့ ။ ဒါန ၊ သီလတို႔အတြက္ ဗုဒၶပြင့္ေတာ္မူျခင္း မဟုတ္ ။ ဒါေတြကေတာ့ ဗုဒၶေတြ မပြင့္လွ်င္လည္း အျပည္ျပည္မွာ ျပဳလုပ္တဲ့ လူမ်ား ျပဳလုပ္ၾကစျမဲပါဘုရား ။ ေနာက္ဆံုး သတိေပးခ်က္အေနနဲ႔ အေမာခံျပီး မိန္႔ေတာ္မူမည္ မဟုတ္ပါဘုရား ။ ပ်က္တတ္ေသာသေဘာရွိတယ္ ဆိုတာကိုေတာ့ သတၱ၀ါေတြက ေမ့တတ္လြန္းလို႔ ဗုဒၶက အေမာခံျပီး ေနာက္ဆံုး သတိေပးေတာ္မူခဲ့ျခင္း ျဖစ္ပါတယ္ဘုရား ။

ဇင္း ။ ။ ဒါကေတာ့ လက္မခံလို႔ မျဖစ္ဘူး ။ လက္ခံရေပမွာေပါ့ ။ ဒါထက္ သုရာေမရယ ဟာ ငရဲမၾကီးဘူးဆိုတာကို တကာၾကီးဘယ္လိုေၾကာင့္ သေဘာေပါက္သြားတာလဲ ။ ဒုစရိုက္ ၁၀ ပါး ထဲမွာ မပါလို႔ စဥ္းစားမိတာပဲလား ။
ေရႊ ။ ။ အမွန္ကေတာ့ စိတ္သဘာ၀အေၾကာင္းကို တပည့္ေတာ္တရားအားထုတ္ရင္း ေလ့လာရာမွာ အျပဳအမူတစ္ခုဟာ ဘာေၾကာင့္ ကုသိုလ္ျဖစ္တယ္ ။ ဘာေၾကာင့္ အကုသိုလ္ ျဖစ္တယ္ဆိုတာကို ေရွးဦးစြာ သေဘာေပါက္လာပါတယ္ဘုရား ။ သူတစ္ပါးကို ထိခိုက္နစ္နာေစလိုတဲ့ ေစတနာနဲ႔ျပဳလုပ္ျခင္း ၊ ေျပာဆိုျခင္းဟာ အကုသိုလ္ ျဖစ္တယ္ ၊ သူတစ္ပါးကို ေကာင္းေစလိုတဲ့ ေစတနာနဲ႔ ျပဳလုပ္ျခင္း ၊ ေျပာဆိုျခင္းဟာ ကာမာ၀စရ ကုသိုလ္ ျဖစ္တယ္ ။ ကုသိုလ္မႈ ၊ အကုသိုလ္မႈမွာ ေစတနာဟာ အေၾကာင္းရင္း ျဖစ္တယ္လို႔ တပည့္ေတာ္ သေဘာက်လာပါတယ္ ။ ဗုဒၶကလည္း ေစတနာကို ကံ ဟူ၍ ေကာက္ယူရမယ္လို႔ ေဟာေတာ္မူတယ္ ။ ဒီေတာ့မွ ဒုစရိုက္၁၀ ပါးထဲမွာ ရွာၾကည့္လိုက္ေတာ့ သုရာေမရယ မပါျခင္းကို ေတြ႔ရလို႔ တပည့္ေတာ္ အျမင္နဲ႔ ကိုက္ေနတာပဲဘုရား ။

ဇင္း ။ ။ ေနပါဦး တကာၾကီး ၊ အရက္ေသာက္တဲ့လူဟာ မူယစ္ခ်င္တဲ့ ေစတနာ မရွိဘူးလား ။
ေရႊ ။ ။ ဦးပဥၨင္းက ေစတနာနဲ႔ ရည္ရြယ္ခ်က္ကို ေရာေထြးေနတာကိုးဘုရား ။ မူးယစ္ခ်င္တဲ့ ရည္ရြယ္ခ်က္ေတာ့ ရွိမယ္ ။ ရည္ရြယ္ခ်က္ဟာ ေစတနာ မဟုတ္ဘူးဘုရား ။

ဇင္း ။ ။ ရွင္းပါဦး တကာၾကီး ။
ေရႊ ။ ။ ေစတနာဆိုတာမ်ဳိးဟာ သူတစ္ပါးအေပၚမွာ ထားရွိျခင္းကို ဆိုလိုပါတယ္ ။ မိမိကိုယ္အေပၚမွာ ထားရွိျခင္းကို မဆိုလိုပါ

ဘူးဘုရား ။ သူတစ္ပါးအေပၚမွာ ေစတနာေကာင္းထားလွ်င္ ကုသိုလ္ျဖစ္တယ္ ။ ေစတနာဆိုးထားလွ်င္ အကုသိုလ္ ျဖစ္ပါတယ္ ။ ကိုယ့္ကိုကိုယ္ ၾကီးပြားေစခ်င္တာေတာ့ လူတိုင္းမွာ ရွိတတ္ပါတယ္ ။ သို႕ေသာ္ ဒါကို ကုသိုလ္စိတ္လို႔ မေခၚနိုင္ပါဘူးဘုရား ။ ေလာဘစိတ္သာ ျဖစ္ပါတယ္ ။ အရက္ေသာက္ျခင္းအားျဖင့္ သူတစ္ပါးနဲ႔ ပတ္သက္တဲ့ ေစတနာဆိုးေသာ္လည္းေကာင္း ၊ ေစတနာေကာင္းေသာ္လည္းေကာင္း မပါရွိသည့္အတြက္ေၾကာင့္ ကုသိုလ္ ၊ အကုသိုလ္ မေကာက္ထိုက္ပါဘုရား ။

ဇင္း ။ ။ မူးျပီး ရမ္းတဲ့လူေကာ တကာၾကီး ။
ေရႊ ။ ။ ဒါက တစ္ျခားပါဘုရား ။ရမ္းတဲ့အျပစ္ ေရာက္တာပါပဲ ။

ဇင္း ။ ။ သုရာေမရယ သက္သက္နဲ႔ေတာ့ အကုသိုလ္ မျဖစ္ဘူးေပါ့ တကာၾကီး ။
ေရႊ ။ ။ စိတ္သဘာ၀ကို တပည့္ေတာ္ကိုယ္တိုင္ ေလ့လာလို႔ ေတြ႔ရွိထားတဲ့အတိုင္းမွာေတာ့ ေလာကမွာအကုသိုလ္ျဖစ္တဲ့ အရည္လည္း မရွိပါဘူး ။ ကုသိုလ္ျဖစ္တဲ့ အရည္လည္း မရွိပါဘူးဘုရား။ ေစတနာသာလွ်င္ ကုသိုလ္ ၊ အကုသိုလ္ ျဖစ္ေစပါတယ္ ။

ဇင္း ။ ။ သဘာ၀ေတာ့ က်တတပဲ တကာၾကီး ။ က်ဴပ္ေတာင္ လက္ခံခ်င္လာျပီ ။ သို႔ေသာ္ မိရိုးဖလာ သမားေတြကေတာ့ ၾကိဳက္ၾကရမွာ မဟုတ္ေပဘူး ။
ေရႊ ။ ။ အထူးသျဖင့္ အသက္ကိုအေသခံမယ္ ၊ ေသအရက္ကို လွ်ာေပၚမတင္ဖူးပါဘူး ညာဘူး နဲ႔ ၾကြားေနတဲ့ လူေတြက သာျပီးသေဘာမက် မွာေပါ့ဘုရား ။ သူတို႔အသားယူစရာ အလံုးကေလးတစ္ခု လက္လြတ္သြားမွာကိုဘုရား ။ သို႔ေသာ္ တပည့္ေတာ္ စာေရးတဲ့အခါမွာ မိရိုးဖလာသမားေတြအတြက္ မေရးပါဘူးဘုရား ။ ကာလာမသုတ္မွာ ေဟာေတာ္မူခဲ့တဲ့အတိုင္း သဘာ၀က်မက်ကို ကိုယ္

ပိုင္ဥာဏ္နဲ႔ ဆင္ျခင္သံုးသပ္ရဲတဲ့ ပုဂၢိဳလ္မ်ားအတြက္ ေရးပါတယ္ဘုရား ။

ဇင္း ။ ။ ဒီလိုဆို တကာၾကီးရဲ႕စာကို လူမ်ားစုက လက္ခံဖို႔ ခဲယဥ္းလိမ့္မယ္ေပါ့ ။
ေရႊ ။ ။ တပည့္ေတာ္ဟာ လူျပိန္းမ်ားပါ နားလည္ေအာင္ေတာ့ ရွင္းျပတတ္တယ္လို႔ ကိုယ့္ဟာကို ထင္မိပါတယ္ ၊ သို႔ေသာ္ နားလည္ေပမဲ့ မၾကိဳက္နိုင္တာက ရွိေသးတာကိုးဘုရား ။ နားေတာ့လည္ေစမယ္ ၊ သို႔ေသာ္ လက္ခံဖို႔ဆိုတာကေတာ့ ဥာဏ္အႏုအရင့္က ရွိေသးတာကိုးဘုရား ။ အခ်ဳိ႕လူမ်ားကေတာ့ သူတို႔ၾကားဖူးထားတဲ့ အယူနဲ႔ မတူလွ်င္ ခါးခါးသီးသီး ဖယ္ပစ္ခ်တတ္ ၾကပါတယ္ ။ သူတို႔အတြက္ တပည့္ေတာ္ မေရးဖူးပါဘူးဘုရား ။

ဇင္း ။ ။ (၁) နဲ႔ (၂) ကေတာ့ ေျပလည္ပါျပီ ။ နံပါတ္(၃) က်န္ေသးတယ္ တကာၾကီးရဲ႕ ၊ တကာၾကီးဟာ အခု အရက္ေသာက္ပါေသးသလား ။
ေရႊ ။ ။ လူပုဂၢိဴလ္ခ်င္းဆိုလွ်င္ေတာ့ ေမး၀ံ့တဲ့ ေမးခြန္း မဟုတ္ဘူးေပါ့ ။ သို႔ေသာ္ ရဟန္းဆိုေတာ့ ေမးနိုင္ပါတယ္ ။

ဇင္း ။ ။ ဒီလိုေၾကာင့္ပါ တကာၾကီး ။ တရားအားထုတ္ေနတယ္ဆိုတဲ့အျပင္ က်မ္းျပဳဆရာတစ္ေယာက္ဆိုလို႔ ေမးရျခင္း ျဖစ္ပါတယ္ တကာၾကီးရယ္ ။ မေျဖခ်င္လည္းေနေပါ့ ။
ေရႊ ။ ။ တပည့္ေတာ္ကေတာ့ ေမးသူရွိလွ်င္ ေျဖဖို႔ အသင့္ပါပဲ ဘုရား ။ ဟန္ေဆာင္တတ္တဲ့ လူတစ္ေယာက္ မဟုတ္ပါဘူးဘုရား ။

ဇင္း ။ ။ ရတနာ့သုတ္ထဲကလိုလား ။
ေရႊ ။ ။ ဒါကေတာ့ ဦးပဥၨင္း ထင္ခ်င္သလိုထင္ေပါ့ဘုရား ။ တပည့္ေတာ္ ေလွ်ာက္ထားတာကို ယံုပါေနာ္ ။ ဒါမ်ဳိးမွာ တပည့္ေတာ္မလိမ္ပါဘူး ။

ဇင္း ။ ။ ဘယ္လိုဟာမ်ဳိးမွာမွ မလိမ္ဘူး ဟုတ္လား ။
ေရႊ ။ ။ ဒီေလာက္လည္း မဟုတ္ေသးဘူးဘုရား ။ တပည့္ေတာ္ အသက္ေသရမည့္ ကိစၥမ်ဳိးဆိုလွ်င္ ေသရမွာကို ေၾကာက္ျပီးလိမ္မိမလား မေျပာတတ္ပါဘုရား ။

ဇင္း ။ ။ တကာၾကီးက ေသရမွာ ေၾကာက္တုန္းလား ။
ေရႊ ။ ။ ဘယ့္ႏွယ္ဘုရား ၊ ေလာကဓံေအာင္ျပီလို႔ ၀န္မခံနိုင္ေသးလွ်င္ အာဇာနည္မ်ားမွတစ္ပါး ေသရမွာကို ေၾကာက္တဲ့လူခ်ည္းေပါ့ဘုရား ။

ဇင္း ။ ။ ကိုင္း တကာၾကီးနဲ႔ အရက္အေၾကာင္းကို ေျဖပါေတာ့ေလ ။
ေရႊ ။ ။ ငယ္စဥ္တုန္းကေတာ့ ေသာက္ခဲ့တယ္ေပါ့ဘုရား ။ ဒါေပမဲ့ တပည့္ေတာ္တို႔ လူသိုက္က စည္းနဲ႔ ကမ္းနဲ႔ အိုင္စီအက္ေသာက္ေသာက္တဲ့ လူေတြပါ ။

ဇင္း ။ ။ တကာၾကီးက အိုင္စီအက္ေတာ့ တယ္အထင္ၾကီးသကိုး ။
ေရႊ ။ ။ ဒီ႔ျပင္ေနရာမွာ ဒီေလာက္ မဟုတ္ဘူး ။ ေသာက္တဲ့ေနရာမွာေတာ့ သူတို႔လူစုကို ေကာင္းေကာင္း အတုခိုးတယ္ ဘုရား ။ မင္းၾကီးရဲ႕ေတာလိုက္ စာေရးလုပ္ခဲ့ဖူးေတာ့ ဂ်င္မခါနာကလပ္တို႔ ၊ ပဲခူးကလပ္တို႔မွာ သူတို႔ေသာက္ပံုေတြကို ျမင္ရဖူးသကိုးဘုရား ။တပည့္ေတာ္ သေရက်မိတယ္ ။

ဇင္း ။ ။ အတိုင္းအတာရွိတယ္ ၊ မလြန္ေစရဘူး ဆိုပါေတာ့ ။
ေရႊ ။ ။ ဒါတြင္မကဘူး ၊ နံနက္ခင္းမွာ ဘယ္ေတာ့မွ မေသာက္ဘူး ။

ဇင္း ။ ။ ဘာေၾကာင့္တဲ့လဲ ။
ေရႊ ။ ။ နံနက္ခင္း ေသာက္တဲ့လူဟာ တစ္ေန႔လံုးေသာက္ျဖစ္ျပီး ယစ္ထုပ္ျဖစ္သြားတတ္လို႔ပဲဘုရား ။ သူတို႔က ေသာက္ၾကေပမဲ့ မေသာက္ရလွ်င္ မေနနိုင္ဆိုတဲ့ ယစ္ထုပ္ျဖစ္မခံဘူး ဘုရား ၊ အဲဒါကို တပည့္ေတာ္က သိပ္သေဘာက်တယ္ ။ တပည့္ေတာ္ ယံုၾကည္ခ်က္ကလည္း ယစ္ထုပ္ျဖစ္သြားလွ်င္ ေနာင္ဘ၀ မွာ အရူး ျဖစ္တတ္တယ္ ။ ရူးသြပ္တယ္ဆိုလွ်င္ မဂ္ဖိုလ္အတြက္ တစ္ဘ၀ဆံုးေတာ့တာပဲဘုရား ။

ဇင္း ။ ။ မဂ္ဖိုလ္အတြက္ေတာ့ ေတာ္ေတာ္ေၾကာင့္ၾကစိုက္သကိုး တကာၾကီး ။
ေရႊ ။ ။ တပည့္ေတာ္က ဆင္းရဲမွာကို မေၾကာက္လွဘူး ။ ဘ၀ဆံုးရံႈးသြားမွာကို အေၾကာက္ဆံုးပဲ ၊ ဒါကိုေတာ့ ေတာ္ေတာ္ ငယ္ငယ္ကတည္းက အထူးသတိထားပါတယ္ ။

ဇင္း ။ ။ ေတာ္ေတာ္ၾကီးလာေတာ့ ဘယ္လိုျဖစ္လာသလဲ ။
ေရႊ ။ ။ ဒင္နာပါတီမ်ဳိးျဖစ္ေစ ၊ ကြဲကြာေနတဲ့ ငယ္သူငယ္ခ်င္းေသာက္ေဖာ္ ေသာက္ဖက္မ်ားနဲ႔ ေတြ႔ဆံုၾကတဲ့ အခါမ်ဳိးေလာက္ျဖစ္ေစ ေသာက္ပါေတာ့တယ္ ။

ဇင္း ။ ။ အခုတိုင္ ဒီလိုပဲလား ။
ေရႊ ။ ။ အခုတိုင္ေတာ့ မဟုတ္ပါဘူးဘုရား ။ တစ္ျဖည္းျဖည္း ေျပာင္းလဲလာပံုကို အဆင့္ဆင့္ ေလၽွ်ာက္ထားျခင္းေပါ့ ။

ဇင္း ။ ။ ေနာက္ေတာ့ေကာ တကာၾကီး ။
ေရႊ ။ ။ တရားေတြ ဘာေတြ အားထုတ္ ၊ ရဟန္းျပဳျပီးလို႔ လူထြက္ရတဲ့ေနာက္ေတာင္ ။

ဇင္း ။ ။ ဒုလႅဘရဟန္းလား တကာၾကီး ၊ ဘယ္ေလာက္၀တ္ခဲ့သလဲ ။
ေရႊ ။ ။ ဒုလႅဘရဟန္း မဟုတ္ပါဘူး ။ ကိုယ့္ဟာကို ထင္ခဲ့မိတယ္ ၊ ငါေတာ့ ဒီတစ္သက္မွာ အရက္ေတာ့ ေသာက္ခ်င္ေတာ့မွာမဟုတ္ဘူးလို႔ ။ သို႔ေသာ္ တစ္ႏွစ္ေက်ာ္ေလာက္ၾကာေတာ့ ငယ္ေပါင္းၾကီးေဖာ္မ်ားႏွင့္ ဆံုစည္းရာမွာ ေသာက္ခ်င္တဲ့စိတ္ ျဖစ္လာျပန္တယ္ ။ တပည့္ေတာ္ ေမွ်ာ္လင့္တာက ေသာက္ခ်င္တဲ့စိတ္ ကုန္ျပီထင္တာ ၊ အခုေတာ့ ရွိေနျပန္တယ္ ။ အနာဂါမ္ပုဂၢိဳလ္မ်ားဟာကာမရာဂ ( လိင္ကိစၥ ) ကို ပယ္တယ္ဆိုတာ ေအာင့္ထားျခင္း မျဖစ္ရဘူး ။ စိတ္ကုန္ခန္းသြားျခင္း ျဖစ္ရမယ္လို႔ တပည့္ေတာ္ တြက္တယ္ ။ ကိုယ့္ကို ကိုယ္အနာဂါမ္ ျဖစ္တယ္ထင္လို႔ ေအာင့္ထားရံုနဲ႔လည္း အနာဂါမ္ ျဖစ္တာ မဟုတ္နိုင္ဘူး ။ ကိုင္း ဒီေတာ့ ေသာက္ခ်င္တဲ့စိတ္ ရွိေသးတဲ့အတူတူ ေသာက္ေပဦးေတာ့ ။ သို႔ေသာ္ ေသာက္ခ်င္စိတ္ ေပ်ာက္ေအာင္ အားထုတ္ယူမယ္လို႔ ျပ႒ာန္းလိုက္တယ္ ။



ဇင္း ။ ။ ဒီေတာ့ ေရွးေရွးကအတိုင္း ေသာက္ျပန္ေရာ့လား ။
ေရႊ ။ ။ ငယ္စဥ္တုန္းက အတိုင္းေတာ့ မဟုတ္ပါဘူး ။ ဒင္နာပါတီတို႔ ဘာတို႔ေလာက္ပါပဲ ။

ဇင္း ။ ။ ေနာက္တစ္ထစ္က ဘယ္လိုလဲ ။
ေရႊ ။ ။ တပည့္ေတာ္က ကိုယ့္စိတ္ကို စစ္ေဆးတဲ့အလုပ္ လုပ္လာခဲ့တာက ေတာ္ေတာ္ၾကာပါျပီ ။

ဇင္း ။ ။ ဘယ္လို စစ္ေဆးသလဲ တကာၾကီး ။
ေရႊ ။ ။ ေသာက္ခ်င္တဲ့စိတ္ ျဖစ္ေပၚလာျခင္းဟာ တပည့္ေတာ္အဖို႔မွာေတာ့ အစားေကာင္းေကာင္းနဲ႔ တြဲတြဲျပီး ျဖစ္တတ္တယ္ ။

ဒီလိုပါဘုရား ၊ တပည့္ေတာ္က အစားေကာင္းၾကိဳက္တတ္တဲ့ လူတစ္ေယာက္ ျဖစ္ပါတယ္ ။ လူတိုင္းၾကိဳက္တယ္ဆိုေပမဲ့ တပည့္ေတာ္က ကဲလြန္းပါတယ္ ။ ၾကိဳက္ဟင္း မပါလွ်င္ မ်ဳိလို႔ မက်သေလာက္ပါပဲ ။ ျပီးေတာ့ အေသာက္ရဲ႕ သတၱိဟာက ေကာင္းတဲ့ အစာတစ္ခုကိုပိုျပီးေကာင္းေအာင္ လုပ္ေပးနိုင္ပါတယ္ ။ ဒီေတာ့ကာ တပည့္ေတာ္မွာ ဘယ္လို ျဖစ္ေနသလဲဆိုေတာ့ ငယ္စဥ္တုန္းကဆိုလွ်င္ အိမ္မွာအထူးတလည္ ေကာင္းေကာင္းခ်က္ထားတဲ့ ဟင္းမ်ဳိးနဲ႔ေတြ႕လွ်င္ ထမင္း မစားေသးပဲ တစ္ခြက္ေျပးျပီး ေသာက္လိုက္ရပါေသးတယ္ ။
ရည္ရြယ္ခ်က္ကေတာ့ ေကာင္းေနတဲ့ဟင္းကို ပိုျပီး အရသာ ေပၚလာေအာင္ေပါ့ဘုရား ။ ေနာက္ပိုင္းက်ေတာ့ အိမ္ကဟင္းေၾကာင့္ေတာ့ မျဖစ္ေတာ့ပါဘူး ။ သို႔ေပမဲ့ အင္မတန္ၾကိဳက္တတ္တဲ့ တရုတ္စားပြဲၾကီးမ်ဳိးက်ေတာ့ အစားေကာင္းတာနဲ႔ပဲ ေရွ႕မွာေထာင္ထားတဲ့ပုလင္းဆီကို လက္က ေရာက္ေရာက္သြားခ်င္တယ္ ။ ဒီအထဲမွာ အနားကလူက ငွဲ႔ေပးျပန္ေတာ့ ေသာက္လိုက္မိတာေပါ့ဘုရား ။

တရုတ္ျပည္သြားတုန္းက ငါေသာက္လို႔ ေတာ္မထင္ပါဘူးလို႔ ေအာက္ေမ့သြားေပမဲ့ အစားေကာင္းေသြးေဆာင္မႈေၾကာင့္ ေသာက္ခဲ့မိတာက မ်ားတယ္ဘုရား ။

ဇင္း ။ ။ ဒီလိုဆို တကာၾကီးဟာက ျဖတ္ဖို႔ခက္ေနျပီေကာ ။
ေရႊ ။ ။ ေနပါဦး ဦးပဥၨင္း ၊ တပည့္ေတာ္ ေလွ်ာက္ခဲ့တဲ့အတိုင္း အစားေကာင္း ေသြးေဆာင္မႈေၾကာင့္ ေသာက္ျဖစ္တယ္ဆိုလွ်င္ အစားေကာင္း စားခ်င္တတ္တဲ့ အာသာဆႏၵကို ျဖတ္ပစ္လိုက္နိုင္လွ်င္ေတာ့ အေသာက္ပါ ပါသြားမွာပဲလို႔ အၾကံ ျဖစ္ေပၚလာတယ္ ။

ဇင္း ။ ။ ဘယ္လို လုပ္သလဲ ။
ေရႊ ။ ။ တပည့္ေတာ္ဟာ က်န္းမာေရးလိုက္စားေလ့ရွိေလေတာ့ အိႏၵိယျပည္ ေဆးက်မ္းတစ္ခုမွာ ဖတ္ရဖူးတယ္ ။ လူတိုင္းဟာကိုယ့္၀မ္းဗိုက္ ( အစာအိမ္ ) ကို အလုပ္ေပးလြန္းအားၾကီးတယ္တဲ့ ၊ တစ္ႏွစ္မွာ ရက္သတၱတစ္ပတ္ေလာက္ လံုး၀ အစာေရွာင္သည္ျဖစ္ေစ ၊ သို႔တည္းမဟုတ္ ထမင္းဟင္း မပါဘဲ ဟင္းရြက္ျပဳတ္ေလာက္ခ်ည္း စားေနသည္ ျဖစ္ေစ ၀မ္းဗိုက္ အနားရလို႔ ပိုျပိး က်န္းမာနိုင္တယ္တဲ့ ၊ ဒီနည္းကို ႏွစ္စဥ္ ၀မ္းဗိုက္ရွင္းနည္း ( Annual Cleaning ) လို႔ေခၚတယ္ ။ ဒါကို တပည့္ေတာ္ သေဘာက်လို႔ တစ္ပတ္ေလာက္ လုပ္စမ္းၾကည့္ရာမွာ က်န္းမာေရး အတြက္ သာမက အစားေကာင္းခင္မင္တတ္တဲ့ အက်င့္ဆိုးဟာလည္း ေလ်ာ့ဆင္းသြားတာကို ေတြ႔ရတယ္ ။ ဟင္းသီးဟင္းရြက္ျပဳတ္ခ်ည္း တစ္ပတ္ေလာက္ စားေနနိုင္တယ္ ဆိုကတည္းက ဟင္းမေကာင္းတာေလာက္ေတာ့သည္းခံနိုင္သြားေတာ့တာပါပဲဘုရား ။ ဟင္းမေကာင္းျခင္းကို သည္းခံနိုင္လွ်င္ ဟင္းေကာင္း ခင္မင္တတ္ျခင္းဟာလည္း ေလ်ာ႔ဆင္းရေတာ့တာပဲဘုရား ။ အဲဒီလိုခ်ည္း တစ္လမွာ တစ္ပတ္ေလာက္ ႏွစ္လမွာ တစ္ပတ္ေလာက္ လုပ္သြားတဲ့အခါမွာ ကိုယ္ကာယဟာ ပိုျပီးေပါ့ပါး ဖ်တ္လတ္လာရံု မက အစားေကာင္း ( ရသာရံု ) ႏွင့္ ပတ္သက္လို႔ အာသာငမ္းငမ္း ရွိတတ္တဲ့ ၀ါသနာဟာလည္း ေပ်ာက္လုမတတ္ ျဖစ္သြားပါတယ္ဘုရား ။

ဇင္း ။ ။ လုမတတ္ဆိုေတာ့ လံုးလံုးၾကီးေပ်ာက္တာ မဟုတ္ဘူးေပါ့ ။
ေရႊ ။ ။ သူတစ္ပါး နည္းတူေတာ့ ရွိေသးတာေပါ့ဘုရား ။ တပည့္ေတာ္က ရသာရံုဘက္မွာ လူအမ်ားထက္ ကဲလြန္ေနေတာ့အစြန္းကေလး တိပစ္လိုက္သလိုေပါ့ ဘုရား ။

ဇင္း ။ ။ အစားေကာင္းေကာင္းစားဖို႔ ငမ္းငမ္းတက္ မျဖစ္ေတာ့ကာ ေသာက္ခ်င္တဲ့ တမ္းတမႈပါ ျပဳတ္သြားေလေရာလား ။
ေရႊ ။ ။ တပည့္ေတာ္ အဖို႔မွာေတာ့ ျပဳတ္သေလာက္ပါပဲဘုရား ။

ဇင္း ။ ။ တကာၾကီးရဲ႕ ျဖတ္နည္းကလည္း မွတ္သားေလာက္ပါတယ္ ။ ေနပါဦး ၊ တကာၾကီးဟာ အိုင္စီအက္မ်ားလို စည္းနဲ႔ ကမ္းနဲ႔ ေသာက္တတ္တယ္ဆိုျပီး ေနာက္ဆံုးမွာ ဘာျဖစ္လို႔ ဒီလို လုပ္ေနရေသးသလဲ ။
ေရႊ ။ ။ အေၾကာင္းေတြက ေတာ္ေတာ္မ်ားပါတယ္ဘုရား ။ ပထမအေၾကာင္းက တပည့္ေတာ္ဟာ ခပ္ရြယ္ရြယ္တုန္းကေတာ့သူတစ္ပါးကို မထိခိုက္လွ်င္ ဘယ္သူကဘာထင္ထင္ လုပ္ခ်င္တဲ့ ၀ါသနာရွိေသာ္လည္း အဘိုးၾကီးပိုင္းေရာက္လာေတာ့ ထပ္ျပီး စဥ္းစားလာတယ္ဘုရား ။ ကိုယ္က တရားသမားလည္းဆိုေသး ဒင္နာပါတီေလး ဘာေလးမွာ တစ္ခြက္တစ္ေလ ေသာက္လိုက္မိတယ္ဆိုလွ်င္ လူကို အထင္ေသးတာထက္ တရားကို အထင္ေသးသြားမွာ စိုးတဲ့အတြက္ ဒုကၡခံျပီး ဟင္းရြက္ျပဳတ္နဲ႔ ျဖတ္ရတာပါဘုရား ။

ဇင္း ။ ။ သာဓုပါဗ်ာ ၊ ဒီ့ျပင္ေကာဗ် ၊ ဒီဟာက ဇိမ္တစ္မ်ဳိးရွိတယ္ဆို ။
ေရႊ ။ ။ ငယ္စဥ္တုန္းကေတာ့ အဲဒီဇိမ္ကိုလည္း ၾကိဳက္ခဲ့ဖူးပါတယ္ ။ တရားအားထုတ္ျပီးတဲ့ေနာက္ေတာ့ အလိုရွိတဲ့အခါမွာအဲဒီ ဇိမ္ထက္ ၾကည္လင္ သန္႔ရွင္း အျပစ္ကင္းတဲ့ ဇိမ္မ်ဳိးကို ခံစားနိုင္ေလေတာ့ သူ႔ ဇိမ္ အတြက္ မမက္ေမာေတာ့ပါဘူးဘုရား ။

ဇင္း ။ ။ ဒါျဖစ့္လည္းဗ်ာ အဲဒီ ဇိမ္ နဲ႔ပဲ ျဖတ္ပါေတာ့လား ၊ အစားဆင္းရဲခံျပီး ဟင္းရြက္ျပဳတ္ လုပ္ေနရေသးသလား ။
ေရႊ ။ ။ ဒီ ဇိမ္ နဲ႔ခ်ည္း ၂၄ နာရီေနလို႔ မရဘူးေပါ့ဘုရား ။ စားတဲ့အခ်ိန္မွာ မ်က္မ်က္ေကာင္းေကာင္း စားခ်င္တဲ့ ေလာဘကရွိေသးတာကိုး ဘုရား ။

ဇင္း ။ ။ အေၾကာင္းအမ်ဳိးမ်ုိဳးလို႔ ေျပာပါတယ္ ။ ဒီ့ျပင္ အေၾကာင္း မ်ားေကာ တကာၾကီး ။
ေရႊ ။ ။ ဒုတိယအေၾကာင္းတစ္ခုကေတာ့ တရားအားထုတ္တဲ့အခါမွာ အေႏွာင့္အယွက္ နည္းနည္း ေတြ႔ရလို႔ပါဘုရား ။

ဇင္း ။ ။ သိပ္မမူးဘဲ စားေကာင္းရံုေလာက္ဆိုလွ်င္ ကိစၥမရွိဘူးဟုတ္လား ။
ေရႊ ။ ။ တရားအားထုတ္ဖို႔ အလုပ္မရွိတဲ့ လူမ်ားအဖို႔မွာေတာ့ မွန္ပါတယ္ ။ တရားအားထုတ္ေနတဲ့ လူမ်ားအဖို႔မွာေတာ့နည္းနည္းေလာက္ ေသာက္မိလွ်င္ပဲ စိတ္ထဲမွာသိပ္ျပီး မသန္႔ရွင္းဘူးဘုရား ။ ၾကည္လင္မႈလည္း နည္းနည္းေလ်ာ့တယ္ ။ တပည့္ေတာ္က အေတြးနဲ႔ ေျပာျခင္း မဟုတ္ပါဘူး ။ ကိုယ္ေတြ႔ပါဘုရား ။ သတိနည္းနည္း လြတ္တတ္ပါတယ္ ။

ဇင္း ။ ။ သိပ္မူးမွ သတိလစ္တာ မဟုတ္လား ။
ေရႊ ။ ။ အဲဒီ သတိမ်ဳိးကို မဆိုလိုပါဘုရား ၊ နာမ္ရုပ္ကို ရႈဆင္ျခင္တဲ့ သမၼာသတိ လို႔ ဆိုလိုပါတယ္ ။

ဇင္း ။ ။ ဟုတ္ျပီ ၊ ပမာဒတရားကို ဆိုလိုတာေပါ့ ။ ဒါေၾကာင့္ ျမတ္စြာဘုရားက ေဟာခဲ့တာကိုးဗ် ။ သုရာေမရယ မဇၨပမာဒ႒ာနာတဲ့ ဗ်ေနာ္ ။
ေရႊ ။ ။ ေစာေစာကတည္းက တပည့္ေတာ္က ဒါကို ေလွ်ာက္လိုျခင္းပါဘုရား ။ ေမ့ေလ်ာ့ရံု သက္သက္ နဲ႔ေတာ့ အကုသိုလ္မဟုတ္ဘူး ။ သို႔ေသာ္ တရားအားထုတ္ေရးအတြက္ေတာ့ အေႏွာင့္အယွက္ ျဖစ္ပါတယ္ ။

ဇင္း ။ ။ ၾကိဳက္ပါ့ဗ်ာ ၊ ဦးပဥၨင္းတို႔ကေတာ့ ဒီလို ၀န္ခံလွ်င္ သေဘာက်တာပါပဲ ။
ေရႊ ။ ။ တကာၾကီး ေရႊဥေဒါင္းက အရက္ေသာက္တာ အျပစ္မရွိဘူးလို႔ ေရးတယ္ဆိုတဲ့ လူမ်ားကို ရွင္းျပလိုက္ပါဘုရား ။စေလာင္းဖံုး ၂ ခ်ပ္ကို တီးလွ်င္ ကြဲတတ္တာမွန္တယ္ ၊ က်ားကိုက္တတ္တယ္ဆိုတာေတာ့ မမွန္ဘူးလို႔ ဆိုလိုျခင္းပါ ။ ဒီအေၾကာင္းေတြကို တပည့္ေတာ္ ေျဖာင့္ခ်က္ထဲမွာ ေရးျပရျခင္း အေၾကာင္းတစ္ခုကေတာ့ မေသာက္တတ္တဲ့ လူေတြကို ေသာက္ခ်င္ေအာင္ မဟုတ္ ၊

အရက္ကေလးတစ္ခု ေရွာင္ျပီး ကိုယ္ခ်င္းစာတရား မကပ္ဘဲ လုပ္ခ်င္ရာေတြလုပ္တဲ့ လူမ်ားက အသားယူေနၾကတာေတြကို ရံြ႕တြံတြံရွိလို႔ မွန္တဲ့အတိုင္း တင္ျပျခင္းပါဘုရား ။

ဇင္း ။ ။ ေက်နပ္ပါျပီ တကာၾကီး ၊ လိပ္ပတ္လည္သြားပါျပီ ။
ေရႊဥေဒါင္း ၏ လူျဖစ္ရက်ဳိးနပ္ပါေစ ႏွင့္ အေတြးအျမင္ ေဆာင္းပါးမ်ား မွ ေကာက္ႏႈတ္ေဖာ္ျပပါသည္။
...........................................................
Unicode Version

အရက်သောက်တာ အပြစ်ရှိသလား ငရဲကျနိုင်သလား

ရေးသားသူ – ဆရာကြီး ရွှေဥဒေါင်း

ဆရာကြီးရွှေဥဒေါင်းနှင့် ဦးပဉ္ဇင်းတစ်ပါး ပြောဆို ဆွေးနွေးချက်များ

ဇင်း ။ ။ တကာကြီးက အရက်သောက်တာ အပြစ်မရှိဘူးလို့ ရေးဖူးတယ်ဆို ၊ တကာကြီးကိုယ်တိုင်ကော အရက်သောက်သလား ။

ရွှေ ။ ။ စာအုပ်ထဲမှာ တွေ့ပါသလားဘုရား ။

ဇင်း ။ ။ စာအုပ်ထဲမှာတော့ မတွေ့ပါဘူး ၊ တစ်နေရာမှာ ရေးဖူးတယ်လို့ ပြောကြတယ် ။

ရွှေ ။ ။ တင်ပါ ၊ တပည့်တော်ရဲ့ ” ဖြောင့်ချက် ” ဆိုတဲ့ ဆောင်းပါးထဲမှာ ရေးဖူးပါတယ်ဘုရား ။

ဇင်း ။ ။ ဘာကြောင့် ရေးတာလည်း တကာကြီး ။

ရွှေ ။ ။ ဖြောင့်ချက်ဆိုတော့ တပည့်တော်ရဲ့ အယူအဆ နဲ့ အပြုအမူတွေကို ဟုတ်မှန်အတိုင်း ဖော်ထုတ်ပြီး ရေးရမည့် တာဝန်ရှိလို့ပါ ဘုရား ။

ဇင်း ။ ။ ဘယ်သူက ရေးခိုင်းလို့ ရေးရတာလည်း တကာကြီး ။စိတ်မရှိပါနဲ့နော် ၊ ဦးပဉ္ဇင်းက တကာကြီး ဘက်သားပါ ။

ရွှေ ။ ။ ဘယ်လို ဘက်သားပါလဲ ဘုရား ။ ဒီပြဿနာလေးရှင်းပေးပါအုံး……………..

ဇင်း ။ ။ လူတွေက မဟုတ်တရုတ် စွပ်စွဲကြလေသလားလို့ ကိုယ်တိုင် ဝင်ပြီး မေးကြည့်တာပဲ ။

ရွှေ ။ ။ ကျေးဇူးတင်ပါတယ် ဘုရား ။ တပည့်တော် ဖြေပါတော့မယ် ။ ဦးပဉ္ဇင်း ရဲ့ မေးခွန်းတွေက တစ်ထိုင်တည်းမှာ သုံးခုရှိသွားပါပြီ ။ (၁) ဖြောင့်ချက်တွေကို ဘယ်သူရေးခိုင်းတာလဲ ။ (၂) အရက်သောက်တာ အပြစ် မရှိဘူးလို့ ရေးသလား ။ (၃) တကာကြီးကိုယ်တိုင် အရက်သောက်သလား ။ ဟုတ်ရဲ့လား ဘုရား ။

ဇင်း ။ ။ အရက်သောက်သေးသလားလို့ ဆိုလိုပါတယ် ။

ရွှေ ။ ။ မှန်လှပါဘုရား ၊ ဘယ်သူက ရေးခိုင်းသလဲ ဆိုတဲ့ မေးခွန်းကို ဖြေရလျှင် ဘယ်သူကမှတော့ အရေးမခိုင်းပါဘူး ။ သို့သော်တပည့်တော်က လောကုတ္တရာ ရေးရာအတွက် အားထုတ်နေသူ ဖြစ်တဲ့အပြင် ကိုယ်သိသမျှ မြင်သမျှလေးကို သူတစ်ပါးအား တင်ပြနေသူဖြစ်လေတော့ ကိုယ့်အပေါ်မှာ သံသယ ကင်းရှင်းသွားစေလိုသည် တစ်ကြောင်း ၊ တပည့်တော် ရဲ့ ဝါသနာတစ်ခုက ဘယ်သူတွေလက်ခံခြင်း ၊ လက်မခံခြင်းကို အပထား ၊ ကိုယ်တိုင် စိတ်ချလက်ချ ယုံကြည်ထားတဲ့ အခြင်းအရာတစ်ခုကို တင်ပြရမှ ကျေနပ်တတ်တာက တစ်ကြောင်း ဖြစ်ပါတယ် ဘုရား ။

ဇင်း ။ ။ ဖြောင့်ချက် ရေးရခြင်း အကြောင်းကတော့ ဟုတ်ပါပြီ ၊ အရက်သောက်တာ အပြစ်မရှိဘူးလို့ ရေးတာက ဘယ်လိုလည်းတကာကြီး ။

ရွှေ ။ ။ ဦးပဉ္ဇင်း က တပည့်တော်ရဲ့ ဆောင်းပါးကို ကိုယ်တိုင် ဖတ်ဖူးဟန် မတူပါဘူး ။

ဇင်း ။ ။ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ စာအုပ်ကိုသာ ဖတ်ဖူးတယ် ၊ ဖြောင့်ချက်ကို မဖတ်ဖူးပါဘူး ၊ လူပြောသူပြောပါပဲ ။

ရွှေ ။ ။ စာကို သေသေချာချာ မဖတ်ဘဲနဲ့ ပြောကြတာပါဘုရား ။ အပြစ်မရှိဘူးလို့ မရေးဖူးပါဘူး ။ ငရဲမကြီးဘူးလို့သာ ရေးပါတယ်ဘုရား ။

ဇင်း ။ ။ ဘာကြောင့် ငရဲမကြီးရသလဲ ၊ သုရာမေရယသိက္ခာပုဒ်ပဲ ။

ရွှေ ။ ။ ငရဲကြီးတယ် (သို့) အပါယ်ကျတယ်ဆိုတာ ဒုစရိုက် ၁၀ပါး ကျူးလွန်မှ မဟုတ်လားဘုရား ၊ သုရာမေရယ ဟာက သီလနယ်ထဲက မဟုတ်ပါလားဘုရား ။ ဒုစရိုက်မှု နဲ့ သီလက တစ်ခြားစီပါဘုရား ။ ဒုစရိုက်မှု ဆိုတာက ကျူးလွန်လျှင် အပါယ်ကျတယ် ။ သီလ ဆိုတာက ကောင်းသော အလေ့အကျင့် ဖြစ်ပါတယ် ။ အရက်သောက်ခြင်းဟာ ကောင်းသောအလေ့တော့ မဟုတ်ဘူးပေါ့ ဘုရား ။ နစ္စ ၊ဂီတ ၊ ဝါဒိတ ဆိုတာမျိုးတွေလိုပေါ့ ။ ရှောင်လျှင်ကောင်းတယ် (သို့) ငရဲတော့ မကြီးပါဘူးဘုရား ။

ဇင်း ။ ။ သို့သော် သုရာမေရယကို ကာမေသုမိစ္ဆာစာရကံထဲမှာ ထည့်သွင်းရမယ်လို့ အဋ္ဌကထာ ဆရာက ဆိုတယ် တကာကြီး ။

ရွှေ ။ ။ ဒါက သူ့အယူအဆကိုးဘုရား ။ သူတစ်ပါး မယားကို ပြစ်မှားတာနဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သောက်တာ နဲ့ ဘာများသက်ဆိုင်လို့လဲဘုရား ။

ဇင်း ။ ။ ကာမဂုဏ် ခံစားတဲ့ သဘာဝချင်းတူတယ် တကာကြီး ။

ရွှေ ။ ။ ကာမဂုဏ်ခံစားရုံနဲ့ ငရဲကြီးတယ်လို့ ဗုဒ္ဓက ဟောတော်မမူခဲ့ပါဘူးဘုရား ။ တစ်ချို့က ဘယ်လိုတောင် ရေးကြသလဲဆိုတော့ အရက်သောက်တဲ့လူဟာ ရသာရုံခံစားခြင်းပဲတဲ့ ။ ကိုယ်တိုင် ဘာမှ မသိဘဲနဲ့ ရမ်းပြီး ရေးချင်တဲ့ လူတွေကြောင့် ခက်တာပဲ ။ အရက်သောက်တယ်ဆိုတာ ရသာရုံခံစားခြင်း မဟုတ်တဲ့အပြင် အစ ပထမ မှာ ရှုံ့ရှုံ့မဲ့မဲ့ နဲ့ မျိုချရတဲ့ အရည်ပါ ဘုရား ။ နောက်တော့မှဇိမ်တစ်မျိုးရှိတယ်ဆိုပြီး ကြိုက်တတ်လာခြင်း ဖြစ်ပါတယ် ။ ” ဇိမ် ” ကို ကြိုက်ခြင်းပါ ။ အရသာကို ကြိုက်ခြင်း မဟုတ်ပါဘူးဘုရား ။

ဇင်း ။ ။ နောက်တော့ အရသာကိုပါ ကြိုက်လာတယ်ဆို ။

ရွှေ ။ ။ ဒါကတော့ တမာရွက်ပြုတ်စားတဲ့ လူလိုပေါ့ဘုရား ။ ပထမတော့ ခါးတယ် ။ နောက်တော့မှ ကြိုက်တာပါ ။ အရက်မှာတော့ဇိမ်က အဓိက ပါဘုရား ။ ကိုယ်တိုင် မြည်းမစမ်းဘဲနဲ့ သူတစ်ပါး ပါးစပ်ထဲက အရသာကို မှန်းဆပြီး ဆရာလုပ်ချင်တဲ့ လူတွေတော့တပည့်တော် က တယ်မတည့်ဘူး ။ သုရာမေရယဟာ ငရဲကြီးတယ်ဆိုရင် ဗုဒ္ဓက ဒုစရိုက် ၁၁ ပါးလို့ ဟောခဲ့မှာပေါ့ဘုရား ။ ၁၁ ပါးဟောလျှင်လည်း ဂဏန်းအနေနဲ့ အရုပ်မဆိုးပါဘူး ။ မီး ၁၁ ပါး တို့ ဘာတို့ ရှိသားပဲ ။ ဗုဒ္ဓက ၁၀ ပါးလို့ ဟောတော်မူခဲ့တဲ့ အထဲမှာ သီလထဲကတစ်ခုယူပြီး ကာမေသု ထဲ အတင်းသွင်း လို့ တပည့်တော်တော့ လက်မခံဘူး ။ သူ့သဘော သက်သက်ပဲ ။ ဘုရားဟော မဟုတ်ဘူး ။

ဇင်း ။ ။ လူတွေ လိမ္မာ လာအောင်ဆိုတဲ့ သဘောနဲ့ သွင်းထည့်တာ ထင်ပါရဲ့ တကာကြီး ။ အရက်သောက်ခြင်းဟာ မကောင်းတာတော့ ဝန်ခံတယ် မဟုတ်လား ။

ရွှေ ။ ။ အတိုင်းအရှည်နဲ့ ဝန်ခံပါတယ် ။ သို့သော် လိမ္မာအောင်ဆိုပြီး အပိုခြောက်လှန့်ပေးလျှင်တော့ အမှန် (သစ္စာ)တရား ပျက်တယ်လို့ တပည့်တော် နားလည်ပါတယ်ဘုရား ။ ဥပမာ – စလောင်းဖုံး ၂ ချပ်ကိုတီးလျှင် ကျားကိုက်တတ်တယ်လို့ ရှေးကလူကြီးတွေကကလေးတွေကို ခြောက်ခဲ့တယ် ။ အမှန်ကတော့ (မြေ)စလောင်းဖုံး ၂ ချပ်ကိုတီးလျှင် ကွဲမှာစိုးလို့ပါပဲ ။ ကလေးတွေအဖို့ ဟုတ်ချင်ဟုတ်မယ် ။ သို့သော် လူတိုင်းဟာ ကလေး မဟုတ်ဘူးဘုရား ။ ဘာပဲပြောပြော တပည့်တော်အနေနဲ့ကတော့ ဗုဒ္ဓကမှန်တဲ့အတိုင်း ဟောထားပါလျက်နဲ့ တစ်ချို့က ဉာဏ်ကွန့်ပြီး အခြောက်တွေ ၊ အမြှောက်တွေနဲ့ ဖြည့်စွက်တာကို တပည့်တော် မလိုလားဘူးဘုရား ။ မှန်တာကို ဖော်ထုတ်ချင်တာပဲ ။

ဇင်း ။ ။ တကာကြီး က အရက်သောက်တာဟာ အပြစ်မရှိဘူးတဲ့လား ။

ရွှေ ။ ။ ဒီလို မလုပ်ပါနဲ့ ဦးပဉ္ဇင်း ။ တပည့်တော် ဥပမာဆောင်ခဲ့ပြီးကောဘုရား ။ စလောင်းဖုံး ၂ ချပ်ကိုတီးလျှင် ကျားကိုက်တတ်တယ် ဆိုတာ မဟုတ်ပေမဲ့ ကွဲတတ်တယ်ဆိုတာ မှန်သလိုပဲ အရက်သောက်ခြင်းကြောင့် ငရဲကြီးတယ်ဆိုတာ မမှန်ပေမဲ့ စလောင်းဖုံးကွဲတာလိုပဲ အပြစ်တော့ရှိတတ်တာပေါ့ဘုရား ။

ဇင်း ။ ။ ရှိတတ်တယ်ဆိုတော့ ဧကန်စကား မဟုတ်ဘူး ။ အနေကန်စကားပေါ့ တကာကြီး ။

ရွှေ ။ ။ အတိုင်းနဲ့အထွာနဲ့ စည်းနဲ့ ကမ်းနဲ့ ဆိုလျှင်တော့ လူတွေထင်ကြသလို ဧရာမအပြစ်ကြီး မဟုတ်နိုင်ပါဘူးဘုရား ။ တပည့်တော်က ဒီအကြောင်းတွေကို စပြီး ရေးကတည်းက ရည်ရွယ်ချက်တစ်ခု ရှိပါသေးတယ် ။ အရက်သောက်တဲ့လူတွေကို အရက်မသောက်အောင် တပည့်တော် မတတ်နိုင်ဘူး ။ ဘယ်သူမှလည်း တတ်နိုင်မှာ မဟုတ်ဘူး ။ သို့သော် သောက်ကြလို့ရှိလျှင် စည်းနဲ့ကမ်းနဲ့ အတိုင်းနဲ့ အထွာနဲ့ အချိန်နာရီ နဲ့ သောက်ကြဖို့ သတိပေးချင် လို့ပါပဲ ။

ဇင်း ။ ။ ဘယ်လို သောက်ပုံသောက်နည်းလဲ တကာကြီး ရဲ့ ။

ရွှေ ။ ။ တပည့်တော်တို့ တိုင်းပြည်ကို ဟိုတုန်းက အုပ်ချူပ်သွားတဲ့ အင်္ဂလိပ်လူမျိုးတွေကို တပည့်တော်တို့ မြန်မာတွေက မိစ္ဆာဒိဋ္ဌိတွေ ၊ မျောက်ကဆင်းသက်တဲ့ အရိုင်းအစိုင်းတွေ ၊ ဘာတွေညာတွေ နဲ့ ခေါ်ချင်တတ်တယ် မဟုတ်ဘူးလား ။ သူတို့အရာရှိတွေဟာ လူတိုင်းလိုလိုပဲ အရက်သောက်တတ်တယ် ။ သို့ပေမဲ့ ဂျင်မခါနာကလပ်မှာ မူးပြီး ရန်ဖြစ်ကြတယ်လို့ ဘယ်နှစ်ခါများ ကြားရဖူးသလဲ ။ မူးလဲနေတယ်လို့ကော ကြားရသလား ။ အလုပ်ခွင်ကို အရက်မူးပြီး လာတယ်လို့ရှိပါသလား ။ ရှိတဲ့ပိုက်ဆံ အကုန်သောက်ပစ်တယ်လို့
ကော ကြားရပါသလား ။ လူကြားထဲမှာ ပြောမှားဆိုမှားဖြစ်အောင် မူးတယ်လို့တောင် ကြားရပါသလား ။ တွေ့ရပါသလားဘုရား ။

ဇင်း ။ ။ ဒါကတော့ သူတို့က အထက်တန်း လူစားတွေကိုး တကာကြီး ။

ရွှေ ။ ။ တပည့်တော်ကလည်း ဇိမ်ခံချင်လို့ သောက်လျှင် အထက်တန်းလူများသောက်နည်း ၊ ဂုဏ်သရေရှိတဲ့လူများ(Gentlemen )သောက်နည်းသောက်တတ်အောင် သတိပေးချင်တဲ့ ရည်ရွယ်ချက်ပါဘုရား ။ တပည့်တော် ရဲ့ အယူအဆ က လူတွေကို ငါးပါးသီလ နဲ့ငရဲ နဲ့ ဘာနဲ့ ခြောက်နည်းမျိုးထက် သောက်ချင်းသောက်လျှင် သိက္ခာရှိရှိနဲ့ သောက်တတ်ဖို့ သတိပေးခြင်းက လိုက်နာကြဖို့ နီးစပ်လိမ့်မယ်လို့ ထင်မြင်ပါတယ်ဘုရား ။

ဇင်း ။ ။ သောက်တတ်ပြီး လူများအဖို့တော့ ဟုတ်တာပေါ့ တကာကြီး ။

ရွှေ ။ ။ သောက်တတ်ပြီး လူများအဖို့ တပည့်တော် ရည်ရွယ်တာပဲ ။ မသောက်တတ်တဲ့ လူအဖို့တော့ ပိုက်ဆံကုန်မှာ တစ်ခုတည်းနဲ့ပဲ တော်တော်လုံလောက်နေပါပြီ ။ သောက်တတ်တဲ့လူကို မဟုတ်တရုတ် ခြောက်လှန့်ပြီး အဖြတ်ခိုင်းခြင်းထက် မှန်လည်းမှန်တယ် ၊ သဘာဝလည်းကျတယ် ၊ နားထောင်ချင်စဖွယ်လည်း ရှိတယ်ဆိုတဲ့နည်းနဲ့ သတိပေးခြင်းက ပိုပြီး အောင်မြင်ဖို့ မျှော်လင့်ထိုက်တယ် မဟုတ်လားဘုရား ။

ဇင်း ။ ။ ခြောက်လှန့်ပေးလို့ ပြတ်တဲ့လူများကော မရှိပေဘူးလား တကာကြီးရယ် ။

ရွှေ ။ ။ ငရဲကြီးတယ်ဆိုလို့ မသောက်ဘဲ နေချင်နေမယ် ၊ သောက်တတ်ပြီးမှတော့ ငရဲကြောက်လို့ ဖြတ်တဲ့လူ နည်းပါလိမ့်မယ် ။နာမည်ကောင်းယူချင်လို့သော်လည်းကောင်း ၊ အသောက်လွန်ပြီး သေမှာကြောက်လို့သော်လည်းကောင်း ၊ ပိုက်ဆံမတတ်နိုင်လို့သော် လည်းကောင်း ဖြတ်ကြတဲ့လူက များပါလိမ့်မယ် ။

ဇင်း ။ ။ ဒါဖြင့် အပြစ်ရှိပုံက ဘယ်လိုရှိတာလဲ တကာကြီး ။

ရွှေ ။ ။ (၁) အချိန်မရွေးသောက်လျှင် ယစ်ထုပ်ဖြစ်ပြီး နောင်ဘဝမှာ ရူးတတ်တယ်ဆိုတာ တပည့်တော် ယုံကြည်တယ်ဘုရား ။

(၂) ပိုက်ဆံကုန်တယ်ဘုရား ။

(၃) လွန်လွန်ကျူးကျူးဆိုလျှင် ကျန်းမာရေးကို ထိခိုက်တယ်ဘုရား ။ ဒါကတော့ လွန်လွန်ကျူးကျူး သမားများမှပါဘုရား ။လွန်လွန်ကျူးကျူးဆိုတာမျိုးကတော့ ဘယ်နေရာမှ မကောင်းဘူးဘုရား ။ အဗြဟ္မစရိယာ အလုပ်ဟာ ငရဲတော့မကြီးဘူး ။ ဒါပေမဲ့
လွန်လွန်ကျူးကျူးဆိုလျှင် ဒုက္ခရောက်တတ်တာပါပဲဘုရား ။ ကာမဂုဏ်ခံစားမှု ဟူသမျှဟာ ဒီအတိုင်းချည်းပါပဲဘုရား ။ အပြစ်က ခံစားမှုကြောင့် မဟုတ် ။ လွန်ကျူးမှုကြောင့်ပါ ဘုရား ။

ဇင်း ။ ။ ကာမဂုဏ်ခံစားခြင်းဟာ အပြစ် မဟုတ်ဘူးလား တကာကြီး ။

ရွှေ ။ ။ တပည့်တော်က ငရဲမကြီးတတ်ခြင်းကို ဆိုလိုပါတယ် ။ လူ့ဘောင်မှာ နေရတယ်ဆိုတာ ဝမ်းစာအတွက် အလုပ်လုပ်ရ ၊ဟိုဟာကြောင့်ကြ ၊ ဒီဟာကြောင့်ကြ ၊ သောကဗျာပါဒတွေ များလေတော့ အားလပ်တဲ့အချိန်ကလေးမှာ ဟိုတယ်တက်သူတက် ၊ဘိလိယက်ထိုးသူထိုး ၊ တင်းနစ်ရိုက်သူရိုက် ၊ ရုပ်ရှင် ကြည့်သူကြည့် ကိုယ့်နည်းနဲ့ ကိုယ် ဖျော်ဖြေမှုရှာကြရတာပဲ ဦးပဉ္ဇင်း ။

ဇင်း ။ ။ ဒါတွေ မပါဘဲ မဖြစ်နိုင်ဘူးလား တကာကြီး ။

ရွှေ ။ ။ ဒါတွေ မရှိလျှင် ခြောက်ကပ်ကပ် လူတစ်ယောက် ဖြစ်သွားနိုင်တယ် ။ ဦးပဉ္ဇင်းများတော့ နေနိုင်တယ် ၊ နေလည်းနေထိုက်တယ် ၊ မနေကြတာကတော့ ဦးပဉ္ဇင်းတို့ အပြစ်ပဲ ။

ဇင်း ။ ။ ဦးပဉ္ဇင်းများဆီ လှည့်လာပြီကိုး တကာကြီးရဲ့ ၊ ဗုဒ္ဓကတော့ ကာမဂုဏ်ကို အပြစ်လို့ဆိုပါလား တကာကြီး ။

ရွှေ ။ ။ ဒါက အဓိပ္ပာယ်တစ်မျိုးပါဘုရား ။ သံသရာဝဋ်မှ ကျွတ်လွတ်ချင်တဲ့ လူများအတွက် ဟောခြင်း ဖြစ်ပါတယ် ။ ကျွတ်လွတ်ချင်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ ။ ဦးပဉ္ဇင်းရော ” သံသရာဝဋ်ဒုက္ခတော ” ဆိုပြီးတော့ တစ်ကယ် ကျွတ်လွတ်ချင်တဲ့စိတ် ရှိရဲ့လား ။

ဇင်း ။ ။ ကျုပ်တို့ဆီ လှည့်လှည့်လာတော့တာကိုး တကာကြီးက ။

ရွှေ ။ ။ လှည့်ရတာက တစ်ခြားကြောင့် မဟုတ်ပါဘူး ဘုရား ။ ဦးပဉ္ဇင်းဟာက ငရဲကြီးမကြီးအကြောင်း ဆွေးနွေးရာကနေပြီးလွတ်မြောက်ရေးတရား အကြောင်း ထည့်ထည့်ပြောတာကိုးဘုရား ။ ဒီနှစ်ခုဟာ တစ်ကန့်စီထားမှ ဖြစ်ပါလိမ့်မယ်ဘုရား ။ လူသာမန်တွေအကြောင်းပြောလျှင် အပါယ်ငရဲက လွတ်ဖို့လောက်ဆိုလျှင် တော်ပါပြီ ။ ဝဋ်မှ လွတ်မြောက်ရေး နဲ့ ပတ်သက်တဲ့ အကျင့်ကတော့ တစ်ကဏ္ဍထားသင့်ပါတယ်ဘုရား ။ အမှန်မှာတော့ လူများအဖို့မှာ (အများအားဖြင့်) သံသရာမှာ ကောင်းကောင်းလည်ဖို့ ၊ ရဟန်းများ အဖို့တော့ သံသရာဝဋ်မှ ကျွတ်လွတ်ဖို့ ၊ အဲဒီလို အကျင့်တစ်မျိုးစီ ၊ တစ်ကန့်စီထားလိုက်ပါတယ်ဘုရား ။

ဇင်း ။ ။ သေ အရက်ဟာက ( ပမာဒတရား ) မေ့လျော့ခြင်းကို ဖြစ်စေတတ်တယ်တဲ့ ။မေ့လျော့တာကော အပြစ်မဟုတ်ဘူးလား တကာကြီး ။

ရွှေ ။ ။ လာပြန်ပါပြီ ။ မေ့လျော့ခြင်းကြောင့် မဂ်ဖိုလ်နဲ့ ဝေးတာတော့ မှန်တယ် ။ သို့သော် မေ့လျော့ရုံသက်သက်ကြောင့်တော့ ငရဲကြီးသေးတာ မဟုတ်ဘူး ဦးပဉ္ဇင်း ။ ဒါထက် ပမာဒတရားဆိုတာ ဘာကိုမေ့လျော့ခြင်းလို့ ဆိုလိုတယ် ထင်သလဲဘုရား ။

ဇင်း ။ ။ ကုသိုလ်ကောင်းမှုပြုဖို့ မေ့လျော့ခြင်းပေါ့ တကာကြီး ။

ရွှေ ။ ။ ဒါန ၊ သီလတို့ ၊ ဥပုသ်စောင့်တာတို့ ဘာတို့လားဘုရား ။

ဇင်း ။ ။ ဟုတ်တာပေါ့ တကာကြီး ။

ရွှေ ။ ။ ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုခါနီးမှာ ” ဟန္ဒဒါနိ ဘိက္ခေ၀ ” ဆိုတဲ့ နောက်ဆုံးသတိပေးချက် တစ်ခု မိန့်တော်မူခဲ့တယ် ၊ ရုပ်နာမ်တရားတို့သည် ပျက်တတ်သော သဘောရှိတယ်တဲ့ ။ အဲဒါကို မမေ့ကြနဲ့တဲ့ ။ ဒါန ၊ သီလတို့အတွက် ဗုဒ္ဓပွင့်တော်မူခြင်း မဟုတ် ။ ဒါတွေကတော့ ဗုဒ္ဓတွေ မပွင့်လျှင်လည်း အပြည်ပြည်မှာ ပြုလုပ်တဲ့ လူများ ပြုလုပ်ကြစမြဲပါဘုရား ။ နောက်ဆုံး သတိပေးချက်အနေနဲ့ အမောခံပြီး မိန့်တော်မူမည် မဟုတ်ပါဘုရား ။ ပျက်တတ်သောသဘောရှိတယ် ဆိုတာကိုတော့ သတ္တဝါတွေက မေ့တတ်လွန်းလို့ ဗုဒ္ဓက အမောခံပြီး နောက်ဆုံး သတိပေးတော်မူခဲ့ခြင်း ဖြစ်ပါတယ်ဘုရား ။

ဇင်း ။ ။ ဒါကတော့ လက်မခံလို့ မဖြစ်ဘူး ။ လက်ခံရပေမှာပေါ့ ။ ဒါထက် သုရာမေရယ ဟာ ငရဲမကြီးဘူးဆိုတာကို တကာကြီးဘယ်လိုကြောင့် သဘောပေါက်သွားတာလဲ ။ ဒုစရိုက် ၁၀ ပါး ထဲမှာ မပါလို့ စဉ်းစားမိတာပဲလား ။

ရွှေ ။ ။ အမှန်ကတော့ စိတ်သဘာဝအကြောင်းကို တပည့်တော်တရားအားထုတ်ရင်း လေ့လာရာမှာ အပြုအမူတစ်ခုဟာ ဘာကြောင့် ကုသိုလ်ဖြစ်တယ် ။ ဘာကြောင့် အကုသိုလ် ဖြစ်တယ်ဆိုတာကို ရှေးဦးစွာ သဘောပေါက်လာပါတယ်ဘုရား ။ သူတစ်ပါးကို ထိခိုက်နစ်နာစေလိုတဲ့ စေတနာနဲ့ပြုလုပ်ခြင်း ၊ ပြောဆိုခြင်းဟာ အကုသိုလ် ဖြစ်တယ် ၊ သူတစ်ပါးကို ကောင်းစေလိုတဲ့ စေတနာနဲ့ ပြုလုပ်ခြင်း ၊ ပြောဆိုခြင်းဟာ ကာမာဝစရ ကုသိုလ် ဖြစ်တယ် ။ ကုသိုလ်မှု ၊ အကုသိုလ်မှုမှာ စေတနာဟာ အကြောင်းရင်း ဖြစ်တယ်လို့ တပည့်တော် သဘောကျလာပါတယ် ။ ဗုဒ္ဓကလည်း စေတနာကို ကံ ဟူ၍ ကောက်ယူရမယ်လို့ ဟောတော်မူတယ် ။ ဒီတော့မှ ဒုစရိုက်၁၀ ပါးထဲမှာ ရှာကြည့်လိုက်တော့ သုရာမေရယ မပါခြင်းကို တွေ့ရလို့ တပည့်တော် အမြင်နဲ့ ကိုက်နေတာပဲဘုရား ။

ဇင်း ။ ။ နေပါဦး တကာကြီး ၊ အရက်သောက်တဲ့လူဟာ မူယစ်ချင်တဲ့ စေတနာ မရှိဘူးလား ။

ရွှေ ။ ။ ဦးပဉ္ဇင်းက စေတနာနဲ့ ရည်ရွယ်ချက်ကို ရောထွေးနေတာကိုးဘုရား ။ မူးယစ်ချင်တဲ့ ရည်ရွယ်ချက်တော့ ရှိမယ် ။ ရည်ရွယ်ချက်ဟာ စေတနာ မဟုတ်ဘူးဘုရား ။

ဇင်း ။ ။ ရှင်းပါဦး တကာကြီး ။

ရွှေ ။ ။ စေတနာဆိုတာမျိုးဟာ သူတစ်ပါးအပေါ်မှာ ထားရှိခြင်းကို ဆိုလိုပါတယ် ။ မိမိကိုယ်အပေါ်မှာ ထားရှိခြင်းကို မဆိုလိုပါ

ဘူးဘုရား ။ သူတစ်ပါးအပေါ်မှာ စေတနာကောင်းထားလျှင် ကုသိုလ်ဖြစ်တယ် ။ စေတနာဆိုးထားလျှင် အကုသိုလ် ဖြစ်ပါတယ် ။ ကိုယ့်ကိုကိုယ် ကြီးပွားစေချင်တာတော့ လူတိုင်းမှာ ရှိတတ်ပါတယ် ။ သို့သော် ဒါကို ကုသိုလ်စိတ်လို့ မခေါ်နိုင်ပါဘူးဘုရား ။ လောဘစိတ်သာ ဖြစ်ပါတယ် ။ အရက်သောက်ခြင်းအားဖြင့် သူတစ်ပါးနဲ့ ပတ်သက်တဲ့ စေတနာဆိုးသော်လည်းကောင်း ၊ စေတနာကောင်းသော်လည်းကောင်း မပါရှိသည့်အတွက်ကြောင့် ကုသိုလ် ၊ အကုသိုလ် မကောက်ထိုက်ပါဘုရား ။

ဇင်း ။ ။ မူးပြီး ရမ်းတဲ့လူကော တကာကြီး ။

ရွှေ ။ ။ ဒါက တစ်ခြားပါဘုရား ။ရမ်းတဲ့အပြစ် ရောက်တာပါပဲ ။

ဇင်း ။ ။ သုရာမေရယ သက်သက်နဲ့တော့ အကုသိုလ် မဖြစ်ဘူးပေါ့ တကာကြီး ။

ရွှေ ။ ။ စိတ်သဘာဝကို တပည့်တော်ကိုယ်တိုင် လေ့လာလို့ တွေ့ရှိထားတဲ့အတိုင်းမှာတော့ လောကမှာအကုသိုလ်ဖြစ်တဲ့ အရည်လည်း မရှိပါဘူး ။ ကုသိုလ်ဖြစ်တဲ့ အရည်လည်း မရှိပါဘူးဘုရား။ စေတနာသာလျှင် ကုသိုလ် ၊ အကုသိုလ် ဖြစ်စေပါတယ် ။

ဇင်း ။ ။ သဘာဝတော့ ကျတတပဲ တကာကြီး ။ ကျူပ်တောင် လက်ခံချင်လာပြီ ။ သို့သော် မိရိုးဖလာ သမားတွေကတော့ ကြိုက်ကြရမှာ မဟုတ်ပေဘူး ။

ရွှေ ။ ။ အထူးသဖြင့် အသက်ကိုအသေခံမယ် ၊ သေအရက်ကို လျှာပေါ်မတင်ဖူးပါဘူး ညာဘူး နဲ့ ကြွားနေတဲ့ လူတွေက သာပြီးသဘောမကျ မှာပေါ့ဘုရား ။ သူတို့အသားယူစရာ အလုံးကလေးတစ်ခု လက်လွတ်သွားမှာကိုဘုရား ။ သို့သော် တပည့်တော် စာရေးတဲ့အခါမှာ မိရိုးဖလာသမားတွေအတွက် မရေးပါဘူးဘုရား ။ ကာလာမသုတ်မှာ ဟောတော်မူခဲ့တဲ့အတိုင်း သဘာဝကျမကျကို ကိုယ်

ပိုင်ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ရဲတဲ့ ပုဂ္ဂိုလ်များအတွက် ရေးပါတယ်ဘုရား ။

ဇင်း ။ ။ ဒီလိုဆို တကာကြီးရဲ့စာကို လူများစုက လက်ခံဖို့ ခဲယဉ်းလိမ့်မယ်ပေါ့ ။

ရွှေ ။ ။ တပည့်တော်ဟာ လူပြိန်းများပါ နားလည်အောင်တော့ ရှင်းပြတတ်တယ်လို့ ကိုယ့်ဟာကို ထင်မိပါတယ် ၊ သို့သော် နားလည်ပေမဲ့ မကြိုက်နိုင်တာက ရှိသေးတာကိုးဘုရား ။ နားတော့လည်စေမယ် ၊ သို့သော် လက်ခံဖို့ဆိုတာကတော့ ဉာဏ်အနုအရင့်က ရှိသေးတာကိုးဘုရား ။ အချို့လူများကတော့ သူတို့ကြားဖူးထားတဲ့ အယူနဲ့ မတူလျှင် ခါးခါးသီးသီး ဖယ်ပစ်ချတတ် ကြပါတယ် ။ သူတို့အတွက် တပည့်တော် မရေးဖူးပါဘူးဘုရား ။

ဇင်း ။ ။ (၁) နဲ့ (၂) ကတော့ ပြေလည်ပါပြီ ။ နံပါတ်(၃) ကျန်သေးတယ် တကာကြီးရဲ့ ၊ တကာကြီးဟာ အခု အရက်သောက်ပါသေးသလား ။

ရွှေ ။ ။ လူပုဂ္ဂိူလ်ချင်းဆိုလျှင်တော့ မေးဝံ့တဲ့ မေးခွန်း မဟုတ်ဘူးပေါ့ ။ သို့သော် ရဟန်းဆိုတော့ မေးနိုင်ပါတယ် ။

ဇင်း ။ ။ ဒီလိုကြောင့်ပါ တကာကြီး ။ တရားအားထုတ်နေတယ်ဆိုတဲ့အပြင် ကျမ်းပြုဆရာတစ်ယောက်ဆိုလို့ မေးရခြင်း ဖြစ်ပါတယ် တကာကြီးရယ် ။ မဖြေချင်လည်းနေပေါ့ ။

ရွှေ ။ ။ တပည့်တော်ကတော့ မေးသူရှိလျှင် ဖြေဖို့ အသင့်ပါပဲ ဘုရား ။ ဟန်ဆောင်တတ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူးဘုရား ။

ဇင်း ။ ။ ရတနာ့သုတ်ထဲကလိုလား ။

ရွှေ ။ ။ ဒါကတော့ ဦးပဉ္ဇင်း ထင်ချင်သလိုထင်ပေါ့ဘုရား ။ တပည့်တော် လျှောက်ထားတာကို ယုံပါနော် ။ ဒါမျိုးမှာ တပည့်တော်မလိမ်ပါဘူး ။

ဇင်း ။ ။ ဘယ်လိုဟာမျိုးမှာမှ မလိမ်ဘူး ဟုတ်လား ။

ရွှေ ။ ။ ဒီလောက်လည်း မဟုတ်သေးဘူးဘုရား ။ တပည့်တော် အသက်သေရမည့် ကိစ္စမျိုးဆိုလျှင် သေရမှာကို ကြောက်ပြီးလိမ်မိမလား မပြောတတ်ပါဘုရား ။

ဇင်း ။ ။ တကာကြီးက သေရမှာ ကြောက်တုန်းလား ။

ရွှေ ။ ။ ဘယ့်နှယ်ဘုရား ၊ လောကဓံအောင်ပြီလို့ ဝန်မခံနိုင်သေးလျှင် အာဇာနည်များမှတစ်ပါး သေရမှာကို ကြောက်တဲ့လူချည်းပေါ့ဘုရား ။

ဇင်း ။ ။ ကိုင်း တကာကြီးနဲ့ အရက်အကြောင်းကို ဖြေပါတော့လေ ။

ရွှေ ။ ။ ငယ်စဉ်တုန်းကတော့ သောက်ခဲ့တယ်ပေါ့ဘုရား ။ ဒါပေမဲ့ တပည့်တော်တို့ လူသိုက်က စည်းနဲ့ ကမ်းနဲ့ အိုင်စီအက်သောက်သောက်တဲ့ လူတွေပါ ။

ဇင်း ။ ။ တကာကြီးက အိုင်စီအက်တော့ တယ်အထင်ကြီးသကိုး ။

ရွှေ ။ ။ ဒီ့ပြင်နေရာမှာ ဒီလောက် မဟုတ်ဘူး ။ သောက်တဲ့နေရာမှာတော့ သူတို့လူစုကို ကောင်းကောင်း အတုခိုးတယ် ဘုရား ။

မင်းကြီးရဲ့တောလိုက် စာရေးလုပ်ခဲ့ဖူးတော့ ဂျင်မခါနာကလပ်တို့ ၊ ပဲခူးကလပ်တို့မှာ သူတို့သောက်ပုံတွေကို မြင်ရဖူးသကိုးဘုရား ။တပည့်တော် သရေကျမိတယ် ။

ဇင်း ။ ။ အတိုင်းအတာရှိတယ် ၊ မလွန်စေရဘူး ဆိုပါတော့ ။

ရွှေ ။ ။ ဒါတွင်မကဘူး ၊ နံနက်ခင်းမှာ ဘယ်တော့မှ မသောက်ဘူး ။

ဇင်း ။ ။ ဘာကြောင့်တဲ့လဲ ။

ရွှေ ။ ။ နံနက်ခင်း သောက်တဲ့လူဟာ တစ်နေ့လုံးသောက်ဖြစ်ပြီး ယစ်ထုပ်ဖြစ်သွားတတ်လို့ပဲဘုရား ။ သူတို့က သောက်ကြပေမဲ့ မသောက်ရလျှင် မနေနိုင်ဆိုတဲ့ ယစ်ထုပ်ဖြစ်မခံဘူး ဘုရား ၊ အဲဒါကို တပည့်တော်က သိပ်သဘောကျတယ် ။ တပည့်တော် ယုံကြည်ချက်ကလည်း ယစ်ထုပ်ဖြစ်သွားလျှင် နောင်ဘ၀ မှာ အရူး ဖြစ်တတ်တယ် ။ ရူးသွပ်တယ်ဆိုလျှင် မဂ်ဖိုလ်အတွက် တစ်ဘဝဆုံးတော့တာပဲဘုရား ။

ဇင်း ။ ။ မဂ်ဖိုလ်အတွက်တော့ တော်တော်ကြောင့်ကြစိုက်သကိုး တကာကြီး ။

ရွှေ ။ ။ တပည့်တော်က ဆင်းရဲမှာကို မကြောက်လှဘူး ။ ဘဝဆုံးရှုံးသွားမှာကို အကြောက်ဆုံးပဲ ၊ ဒါကိုတော့ တော်တော် ငယ်ငယ်ကတည်းက အထူးသတိထားပါတယ် ။

ဇင်း ။ ။ တော်တော်ကြီးလာတော့ ဘယ်လိုဖြစ်လာသလဲ ။

ရွှေ ။ ။ ဒင်နာပါတီမျိုးဖြစ်စေ ၊ ကွဲကွာနေတဲ့ ငယ်သူငယ်ချင်းသောက်ဖော် သောက်ဖက်များနဲ့ တွေ့ဆုံကြတဲ့ အခါမျိုးလောက်ဖြစ်စေ သောက်ပါတော့တယ် ။

ဇင်း ။ ။ အခုတိုင် ဒီလိုပဲလား ။

ရွှေ ။ ။ အခုတိုင်တော့ မဟုတ်ပါဘူးဘုရား ။ တစ်ဖြည်းဖြည်း ပြောင်းလဲလာပုံကို အဆင့်ဆင့် လျျှောက်ထားခြင်းပေါ့ ။

ဇင်း ။ ။ နောက်တော့ကော တကာကြီး ။

ရွှေ ။ ။ တရားတွေ ဘာတွေ အားထုတ် ၊ ရဟန်းပြုပြီးလို့ လူထွက်ရတဲ့နောက်တောင် ။

ဇင်း ။ ။ ဒုလ္လဘရဟန်းလား တကာကြီး ၊ ဘယ်လောက်ဝတ်ခဲ့သလဲ ။

ရွှေ ။ ။ ဒုလ္လဘရဟန်း မဟုတ်ပါဘူး ။ ကိုယ့်ဟာကို ထင်ခဲ့မိတယ် ၊ ငါတော့ ဒီတစ်သက်မှာ အရက်တော့ သောက်ချင်တော့မှာမဟုတ်ဘူးလို့ ။ သို့သော် တစ်နှစ်ကျော်လောက်ကြာတော့ ငယ်ပေါင်းကြီးဖော်များနှင့် ဆုံစည်းရာမှာ သောက်ချင်တဲ့စိတ် ဖြစ်လာပြန်တယ် ။ တပည့်တော် မျှော်လင့်တာက သောက်ချင်တဲ့စိတ် ကုန်ပြီထင်တာ ၊ အခုတော့ ရှိနေပြန်တယ် ။ အနာဂါမ်ပုဂ္ဂိုလ်များဟာကာမရာဂ ( လိင်ကိစ္စ ) ကို ပယ်တယ်ဆိုတာ အောင့်ထားခြင်း မဖြစ်ရဘူး ။ စိတ်ကုန်ခန်းသွားခြင်း ဖြစ်ရမယ်လို့ တပည့်တော် တွက်တယ် ။ ကိုယ့်ကို ကိုယ်အနာဂါမ် ဖြစ်တယ်ထင်လို့ အောင့်ထားရုံနဲ့လည်း အနာဂါမ် ဖြစ်တာ မဟုတ်နိုင်ဘူး ။ ကိုင်း ဒီတော့ သောက်ချင်တဲ့စိတ် ရှိသေးတဲ့အတူတူ သောက်ပေဦးတော့ ။ သို့သော် သောက်ချင်စိတ် ပျောက်အောင် အားထုတ်ယူမယ်လို့ ပြဋ္ဌာန်းလိုက်တယ် ။

ဇင်း ။ ။ ဒီတော့ ရှေးရှေးကအတိုင်း သောက်ပြန်ရော့လား ။

ရွှေ ။ ။ ငယ်စဉ်တုန်းက အတိုင်းတော့ မဟုတ်ပါဘူး ။ ဒင်နာပါတီတို့ ဘာတို့လောက်ပါပဲ ။

ဇင်း ။ ။ နောက်တစ်ထစ်က ဘယ်လိုလဲ ။

ရွှေ ။ ။ တပည့်တော်က ကိုယ့်စိတ်ကို စစ်ဆေးတဲ့အလုပ် လုပ်လာခဲ့တာက တော်တော်ကြာပါပြီ ။

ဇင်း ။ ။ ဘယ်လို စစ်ဆေးသလဲ တကာကြီး ။

ရွှေ ။ ။ သောက်ချင်တဲ့စိတ် ဖြစ်ပေါ်လာခြင်းဟာ တပည့်တော်အဖို့မှာတော့ အစားကောင်းကောင်းနဲ့ တွဲတွဲပြီး ဖြစ်တတ်တယ် ။

ဒီလိုပါဘုရား ၊ တပည့်တော်က အစားကောင်းကြိုက်တတ်တဲ့ လူတစ်ယောက် ဖြစ်ပါတယ် ။ လူတိုင်းကြိုက်တယ်ဆိုပေမဲ့ တပည့်တော်က ကဲလွန်းပါတယ် ။ ကြိုက်ဟင်း မပါလျှင် မျိုလို့ မကျသလောက်ပါပဲ ။ ပြီးတော့ အသောက်ရဲ့ သတ္တိဟာက ကောင်းတဲ့ အစာတစ်ခုကိုပိုပြီးကောင်းအောင် လုပ်ပေးနိုင်ပါတယ် ။ ဒီတော့ကာ တပည့်တော်မှာ ဘယ်လို ဖြစ်နေသလဲဆိုတော့ ငယ်စဉ်တုန်းကဆိုလျှင် အိမ်မှာအထူးတလည် ကောင်းကောင်းချက်ထားတဲ့ ဟင်းမျိုးနဲ့တွေ့လျှင် ထမင်း မစားသေးပဲ တစ်ခွက်ပြေးပြီး သောက်လိုက်ရပါသေးတယ် ။

ရည်ရွယ်ချက်ကတော့ ကောင်းနေတဲ့ဟင်းကို ပိုပြီး အရသာ ပေါ်လာအောင်ပေါ့ဘုရား ။ နောက်ပိုင်းကျတော့ အိမ်ကဟင်းကြောင့်တော့ မဖြစ်တော့ပါဘူး ။ သို့ပေမဲ့ အင်မတန်ကြိုက်တတ်တဲ့ တရုတ်စားပွဲကြီးမျိုးကျတော့ အစားကောင်းတာနဲ့ပဲ ရှေ့မှာထောင်ထားတဲ့ပုလင်းဆီကို လက်က ရောက်ရောက်သွားချင်တယ် ။ ဒီအထဲမှာ အနားကလူက ငှဲ့ပေးပြန်တော့ သောက်လိုက်မိတာပေါ့ဘုရား ။

တရုတ်ပြည်သွားတုန်းက ငါသောက်လို့ တော်မထင်ပါဘူးလို့ အောက်မေ့သွားပေမဲ့ အစားကောင်းသွေးဆောင်မှုကြောင့် သောက်ခဲ့မိတာက များတယ်ဘုရား ။

ဇင်း ။ ။ ဒီလိုဆို တကာကြီးဟာက ဖြတ်ဖို့ခက်နေပြီကော ။

ရွှေ ။ ။ နေပါဦး ဦးပဉ္ဇင်း ၊ တပည့်တော် လျှောက်ခဲ့တဲ့အတိုင်း အစားကောင်း သွေးဆောင်မှုကြောင့် သောက်ဖြစ်တယ်ဆိုလျှင် အစားကောင်း စားချင်တတ်တဲ့ အာသာဆန္ဒကို ဖြတ်ပစ်လိုက်နိုင်လျှင်တော့ အသောက်ပါ ပါသွားမှာပဲလို့ အကြံ ဖြစ်ပေါ်လာတယ် ။

ဇင်း ။ ။ ဘယ်လို လုပ်သလဲ ။

ရွှေ ။ ။ တပည့်တော်ဟာ ကျန်းမာရေးလိုက်စားလေ့ရှိလေတော့ အိန္ဒိယပြည် ဆေးကျမ်းတစ်ခုမှာ ဖတ်ရဖူးတယ် ။ လူတိုင်းဟာကိုယ့်ဝမ်းဗိုက် ( အစာအိမ် ) ကို အလုပ်ပေးလွန်းအားကြီးတယ်တဲ့ ၊ တစ်နှစ်မှာ ရက်သတ္တတစ်ပတ်လောက် လုံး၀ အစာရှောင်သည်ဖြစ်စေ ၊ သို့တည်းမဟုတ် ထမင်းဟင်း မပါဘဲ ဟင်းရွက်ပြုတ်လောက်ချည်း စားနေသည် ဖြစ်စေ ဝမ်းဗိုက် အနားရလို့ ပိုပြိး ကျန်းမာနိုင်တယ်တဲ့ ၊ ဒီနည်းကို နှစ်စဉ် ဝမ်းဗိုက်ရှင်းနည်း ( Annual Cleaning ) လို့ခေါ်တယ် ။ ဒါကို တပည့်တော် သဘောကျလို့ တစ်ပတ်လောက် လုပ်စမ်းကြည့်ရာမှာ ကျန်းမာရေး အတွက် သာမက အစားကောင်းခင်မင်တတ်တဲ့ အကျင့်ဆိုးဟာလည်း လျော့ဆင်းသွားတာကို တွေ့ရတယ် ။ ဟင်းသီးဟင်းရွက်ပြုတ်ချည်း တစ်ပတ်လောက် စားနေနိုင်တယ် ဆိုကတည်းက ဟင်းမကောင်းတာလောက်တော့သည်းခံနိုင်သွားတော့တာပါပဲဘုရား ။ ဟင်းမကောင်းခြင်းကို သည်းခံနိုင်လျှင် ဟင်းကောင်း ခင်မင်တတ်ခြင်းဟာလည်း လျော့ဆင်းရတော့တာပဲဘုရား ။ အဲဒီလိုချည်း တစ်လမှာ တစ်ပတ်လောက် နှစ်လမှာ တစ်ပတ်လောက် လုပ်သွားတဲ့အခါမှာ ကိုယ်ကာယဟာ ပိုပြီးပေါ့ပါး ဖျတ်လတ်လာရုံ မက အစားကောင်း ( ရသာရုံ ) နှင့် ပတ်သက်လို့ အာသာငမ်းငမ်း ရှိတတ်တဲ့ ဝါသနာဟာလည်း ပျောက်လုမတတ် ဖြစ်သွားပါတယ်ဘုရား ။

ဇင်း ။ ။ လုမတတ်ဆိုတော့ လုံးလုံးကြီးပျောက်တာ မဟုတ်ဘူးပေါ့ ။

ရွှေ ။ ။ သူတစ်ပါး နည်းတူတော့ ရှိသေးတာပေါ့ဘုရား ။ တပည့်တော်က ရသာရုံဘက်မှာ လူအများထက် ကဲလွန်နေတော့အစွန်းကလေး တိပစ်လိုက်သလိုပေါ့ ဘုရား ။

ဇင်း ။ ။ အစားကောင်းကောင်းစားဖို့ ငမ်းငမ်းတက် မဖြစ်တော့ကာ သောက်ချင်တဲ့ တမ်းတမှုပါ ပြုတ်သွားလေရောလား ။

ရွှေ ။ ။ တပည့်တော် အဖို့မှာတော့ ပြုတ်သလောက်ပါပဲဘုရား ။

ဇင်း ။ ။ တကာကြီးရဲ့ ဖြတ်နည်းကလည်း မှတ်သားလောက်ပါတယ် ။ နေပါဦး ၊ တကာကြီးဟာ အိုင်စီအက်များလို စည်းနဲ့ ကမ်းနဲ့ သောက်တတ်တယ်ဆိုပြီး နောက်ဆုံးမှာ ဘာဖြစ်လို့ ဒီလို လုပ်နေရသေးသလဲ ။

ရွှေ ။ ။ အကြောင်းတွေက တော်တော်များပါတယ်ဘုရား ။ ပထမအကြောင်းက တပည့်တော်ဟာ ခပ်ရွယ်ရွယ်တုန်းကတော့သူတစ်ပါးကို မထိခိုက်လျှင် ဘယ်သူကဘာထင်ထင် လုပ်ချင်တဲ့ ဝါသနာရှိသော်လည်း အဘိုးကြီးပိုင်းရောက်လာတော့ ထပ်ပြီး စဉ်းစားလာတယ်ဘုရား ။ ကိုယ်က တရားသမားလည်းဆိုသေး ဒင်နာပါတီလေး ဘာလေးမှာ တစ်ခွက်တစ်လေ သောက်လိုက်မိတယ်ဆိုလျှင် လူကို အထင်သေးတာထက် တရားကို အထင်သေးသွားမှာ စိုးတဲ့အတွက် ဒုက္ခခံပြီး ဟင်းရွက်ပြုတ်နဲ့ ဖြတ်ရတာပါဘုရား ။

ဇင်း ။ ။ သာဓုပါဗျာ ၊ ဒီ့ပြင်ကောဗျ ၊ ဒီဟာက ဇိမ်တစ်မျိုးရှိတယ်ဆို ။

ရွှေ ။ ။ ငယ်စဉ်တုန်းကတော့ အဲဒီဇိမ်ကိုလည်း ကြိုက်ခဲ့ဖူးပါတယ် ။ တရားအားထုတ်ပြီးတဲ့နောက်တော့ အလိုရှိတဲ့အခါမှာအဲဒီ ဇိမ်ထက် ကြည်လင် သန့်ရှင်း အပြစ်ကင်းတဲ့ ဇိမ်မျိုးကို ခံစားနိုင်လေတော့ သူ့ ဇိမ် အတွက် မမက်မောတော့ပါဘူးဘုရား ။

ဇင်း ။ ။ ဒါဖြစ့်လည်းဗျာ အဲဒီ ဇိမ် နဲ့ပဲ ဖြတ်ပါတော့လား ၊ အစားဆင်းရဲခံပြီး ဟင်းရွက်ပြုတ် လုပ်နေရသေးသလား ။

ရွှေ ။ ။ ဒီ ဇိမ် နဲ့ချည်း ၂၄ နာရီနေလို့ မရဘူးပေါ့ဘုရား ။ စားတဲ့အချိန်မှာ မျက်မျက်ကောင်းကောင်း စားချင်တဲ့ လောဘကရှိသေးတာကိုး ဘုရား ။

ဇင်း ။ ။ အကြောင်းအမျိုးမျိုးလို့ ပြောပါတယ် ။ ဒီ့ပြင် အကြောင်း များကော တကာကြီး ။

ရွှေ ။ ။ ဒုတိယအကြောင်းတစ်ခုကတော့ တရားအားထုတ်တဲ့အခါမှာ အနှောင့်အယှက် နည်းနည်း တွေ့ရလို့ပါဘုရား ။

ဇင်း ။ ။ သိပ်မမူးဘဲ စားကောင်းရုံလောက်ဆိုလျှင် ကိစ္စမရှိဘူးဟုတ်လား ။

ရွှေ ။ ။ တရားအားထုတ်ဖို့ အလုပ်မရှိတဲ့ လူများအဖို့မှာတော့ မှန်ပါတယ် ။ တရားအားထုတ်နေတဲ့ လူများအဖို့မှာတော့နည်းနည်းလောက် သောက်မိလျှင်ပဲ စိတ်ထဲမှာသိပ်ပြီး မသန့်ရှင်းဘူးဘုရား ။ ကြည်လင်မှုလည်း နည်းနည်းလျော့တယ် ။ တပည့်တော်က အတွေးနဲ့ ပြောခြင်း မဟုတ်ပါဘူး ။ ကိုယ်တွေ့ပါဘုရား ။ သတိနည်းနည်း လွတ်တတ်ပါတယ် ။

ဇင်း ။ ။ သိပ်မူးမှ သတိလစ်တာ မဟုတ်လား ။

ရွှေ ။ ။ အဲဒီ သတိမျိုးကို မဆိုလိုပါဘုရား ၊ နာမ်ရုပ်ကို ရှုဆင်ခြင်တဲ့ သမ္မာသတိ လို့ ဆိုလိုပါတယ် ။

ဇင်း ။ ။ ဟုတ်ပြီ ၊ ပမာဒတရားကို ဆိုလိုတာပေါ့ ။ ဒါကြောင့် မြတ်စွာဘုရားက ဟောခဲ့တာကိုးဗျ ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာတဲ့ ဗျနော် ။

ရွှေ ။ ။ စောစောကတည်းက တပည့်တော်က ဒါကို လျှောက်လိုခြင်းပါဘုရား ။ မေ့လျော့ရုံ သက်သက် နဲ့တော့ အကုသိုလ်မဟုတ်ဘူး ။ သို့သော် တရားအားထုတ်ရေးအတွက်တော့ အနှောင့်အယှက် ဖြစ်ပါတယ် ။

ဇင်း ။ ။ ကြိုက်ပါ့ဗျာ ၊ ဦးပဉ္ဇင်းတို့ကတော့ ဒီလို ဝန်ခံလျှင် သဘောကျတာပါပဲ ။

ရွှေ ။ ။ တကာကြီး ရွှေဥဒေါင်းက အရက်သောက်တာ အပြစ်မရှိဘူးလို့ ရေးတယ်ဆိုတဲ့ လူများကို ရှင်းပြလိုက်ပါဘုရား ။စလောင်းဖုံး ၂ ချပ်ကို တီးလျှင် ကွဲတတ်တာမှန်တယ် ၊ ကျားကိုက်တတ်တယ်ဆိုတာတော့ မမှန်ဘူးလို့ ဆိုလိုခြင်းပါ ။ ဒီအကြောင်းတွေကို တပည့်တော် ဖြောင့်ချက်ထဲမှာ ရေးပြရခြင်း အကြောင်းတစ်ခုကတော့ မသောက်တတ်တဲ့ လူတွေကို သောက်ချင်အောင် မဟုတ် ၊

အရက်ကလေးတစ်ခု ရှောင်ပြီး ကိုယ်ချင်းစာတရား မကပ်ဘဲ လုပ်ချင်ရာတွေလုပ်တဲ့ လူများက အသားယူနေကြတာတွေကို ရွံ့တွံတွံရှိလို့ မှန်တဲ့အတိုင်း တင်ပြခြင်းပါဘုရား ။

ဇင်း ။ ။ ကျေနပ်ပါပြီ တကာကြီး ၊ လိပ်ပတ်လည်သွားပါပြီ ။

ရွှေဥဒေါင်း ၏ လူဖြစ်ရကျိုးနပ်ပါစေ နှင့် အတွေးအမြင် ဆောင်းပါးများ မှ ကောက်နှုတ်ဖော်ပြပါသည်။


ကုိယ့္လူအဖြဲ႕အစည္းကို ဖ်က္ဆီးမယ့္ စစ္အာဏာရွင္ ေက်ာင္းကို ကၽြန္ေတာ္တို႔က လူထုဘတ္ဂ်က္နဲ႔ ပိုက္ဆံ ေထာက္ပံ့ရမွာလား


အင္တာဗ်ဴး
------------------------------------------------
“ ဒီမိုကေရစီေခတ္မွာ စစ္အာဏာရွင္ေတြရဲ႕ လက္ကိုင္တုတ္ ပဥၥမံတပ္သားေတြ ေမြးထုတ္တဲ့ ေက်ာင္းက ဆက္ရွိသင့္သလား ဆိုတာ ျပသနာ။

ဒုတိယအခ်က္က ဒီဆရာ၀န္ေလးေရးတာ သူ႔လြပ္လပ္ခြင့္
ပဲဗ်။ စာရြက္စာတန္းေတြ ျဖန္႔တာမွ မဟုတ္တာ။ အဲဒါကို
စစ္ေဆးတယ္ဆိုရင္ ဆရာ၀န္ေလးေျပာတဲ့ အေၾကာင္း
အရာကိုက်ေတာ့ မလုပ္ေတာ့ဘူးလား။

ပါေမာကၡဌာနမွဴးဆိုတဲ့ ပုဂိၢဳလ္က NLD အစိုးရနဲ႔ ၿငိမ္းခ်မ္းေရးကို ထိပါး ေစာ္ကားတာ (ဒါကၽြန္ေတာ့္မွာ
အေထာက္အထား မရွိေသးပါဘူး။ သူတို႔ေရးတာကို
ေျပာျပတာပါ) က ရာဇသတ္ႀကီး ပုဒ္မ ၁၂၄ (က) ဆိုတာ၊
ႏိုင္ငံေတာ္ အစိုးရကို အၾကည္ညိဳ ပ်က္ေစမွဳဆိုတာ အာမခံမရဘူး။ တစ္ကၽြန္းထိ ေထာင္ခ်လို႔ ရတယ္။
အဲဒါကို မစံုစမ္း မစစ္ေဆးသင့္ ဘူးလား . . .”
---------------------------------------------------------------------
ဒီဇင္ဘာ (၂၂)၊ ၂၀၁၈၊ ရန္ကုန္
The Nyang News

မိုးကုတ္ၿမိဳ႕နယ္၊ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၊ ဦးစီး
အရာရွိ (သြားက်န္းမာ) မွ ေဒါက္တာ စိုးသူရေဇာ္ သည္
အထက္ျမန္မာျပည္ ဗဟို၀န္ထမ္းတကၠသိုလ္ (ဇီးပင္ႀကီး)
တြင္ အရာထမ္း ေလာင္းအေျခခံ အထူးသင္တန္းတက္စဥ္
ႀကံဳေတြခဲ့မွဳမ်ားအား ‘ဇီးပင္ႀကီး စစ္တမ္း’ ဟု အမည္
ေပးၿပီး ၄င္း၏ လူမွဳ ကြန္ရက္တြင္ ေရးသားခဲ့ သည္။

အဆိုပါ ေရးသားခ်က္အေပၚ အမ်ားျပည္သူက အားေပး
ေထာက္ခံမွဳ မ်ားခဲ့ၿပီး ၄င္း၏ မိခင္၀န္ႀကီးဌာနက စံုခံုဖြဲ႕
စစ္ေဆးခဲ့ရာ ကန္႔ကြက္မွဳမ်ား ျပင္းထန္ခဲ့သည္။

အဆိုပါကန္႔ကြက္ သူမ်ားထဲတြင္ ‘လြပ္လပ္ေသာ ေရွ႕ေန
မ်ား အသင္း’ လည္း ပါ၀င္ၿပီး ျဖစ္စဥ္ကို အနီးကပ္
ေစာင့္ၾကည့္၍ ဥပေဒနွင့္အညီ ေဆာင္ရြက္မွဳမ်ား ျပဳလုပ္
သြား မည္ဟု လြပ္လပ္ေသာ ေရွ႕ေနမ်ား အသင္း၊
လူ႔အခြင့္ေရး ဆပ္ေကာ္မတီက ထုတ္ျပန္ခ်က္တစ္ေစာင္
ဒီဇင္ဘာ (၂၁) ရက္ေန႔ကထုတ္ျပန္ ခဲ့သည္။

ယင္းအေျခအေနမ်ားႏွင့္ စပ္လ်ဥ္းၿပီး လြပ္လပ္ေသာ
ေရွ႕ေန မ်ားအသင္း၊ လူ႔အခြင့္ေရး ဆပ္ေကာ္မတီ၏
ဥကၠဌ၊ တရားလႊတ္ေတာ္ ေရွ႕ေန ဦးသိန္းသန္းဦးကို
ျငမ္းမီဒီယာက ဆက္သြယ္ေမးျမန္းထားျခင္း ျဖစ္သည္။

ျငမ္း - ‘ဇီးပင္ႀကီးစစ္တမ္း’ ကိုေရးတဲ့ သြားဆရာ၀န္
ေဒါက္တာ စိုးသူရေဇာ္ကိစၥမွာ လြပ္လပ္ေသာ ေရွ႕ေန
မ်ားအသင္းက ေၾကညာ ခ်က္ ထုတ္ထားတယ္။ ဒီကိစၥ
ကို ဘာအတြက္ ၀င္ပါတာလဲ။

TTO - သိပ္ၿပီးေတာ့ မတရားဘူး ထင္လို႔ပါ။ ႏွစ္ခ်က္
ရွိတယ္၊ တစ္ အခ်က္က ဒီသင္တန္းေက်ာင္း ေတြက
ဘယ္အခ်ိန္မွာ တကၠသိုလ္ ျဖစ္သြားတာလဲ မသိဘူး။
ဒီေက်ာင္းေတြက မ.ဆ.လ နဲ႔ စစ္အာဏာ ရွင္ေတြအတြက္
ေကဒါေတြ လက္သပ္ ေမြးျမဴတဲ့ေက်ာင္းေတြ။ အနာ
တစ္ျခား ေဆးတစ္ျခားျဖစ္ေနတဲ့ ေက်ာင္းေတြ။ကၽြန္ေတာ္
တို႔ မွာ အေထာက္အထားေတြ ရွိပါတယ္။ လႊတ္ေတာ္မွာ
လာၿပီး ပိုက္ဆံ ေတာင္းေတာ့၊ သူတို႔က ဘယ္ေလာက္
အသံုးတည့္လဲ ဆိုတာကို လိုက္စံုစမ္းေတာ့၊ ေငြစာရင္း
က႑ေလးကေတာ့ ေကာင္းတယ္လို႔ ေျပာတယ္။ သမိုင္း
ဘာသာရပ္ ကလည္း (၈) တန္း သမိုင္းေလာက္ပဲ ရွိတယ္
တဲ့။ ဒီမိုကေရစီေခတ္မွာ စစ္အာဏာရွင္ေတြရဲ႕ လက္ကိုင္
တုတ္ ပဥၥမံတပ္သားေတြ ေမြးထုတ္တဲ့ေက်ာင္းက ဆက္ရွိ
သင့္ သလားဆိုတာ ျပသနာ။ ဒုတိယအခ်က္က ဒီဆရာ၀န္
ေလးေရးတာ သူ႔လြပ္လပ္ခြင့္ပဲဗ်။ စာရြက္စာတန္းေတြ
ျဖန္႔တာမွ မဟုတ္တာ။ အဲဒါကို စစ္ေဆးတယ္ဆိုရင္
ဆရာ၀န္ေလးေျပာတဲ့ အေၾကာင္း အရာကိုက်ေတာ့
မလုပ္ေတာ့ဘူးလား။ ပါေမာကၡဌာနမွဴးဆိုတဲ့ ပုဂိၢဳလ္က
NLD အစိုးရနဲ႔ ၿငိမ္းခ်မ္းေရးကို ထိပါး ေစာ္ကားတာ
(ဒါကၽြန္ေတာ့္မွာ အေထာက္အထား မရွိေသးပါဘူး။
သူတို႔ေရးတာကို ေျပာျပတာပါ) က ရာဇသတ္ႀကီး ပုဒ္မ
၁၂၄ (က) ဆိုတာ၊ ႏိုင္ငံေတာ္ အစိုးရကို အၾကည္ညိဳ
ပ်က္ေစမွဳဆိုတာ အာမခံ မရဘူး။ တစ္ကၽြန္း ထိေထာင္ခ်
လို႔ ရတယ္။ အဲဒါကို မစံုစမ္း မစစ္ေဆးသင့္ဘူးလား။
ဟုတ္တယ္ဆို ထိုင္ၾကည့္ေနလို႔ မရဘူး။ ဒီေက်ာင္းမွာ
ဘာေတြသင္ ေနလဲ၊ ဘာေတြလုပ္ေနလဲ။ ဒီမိုကေရစီ
ဆန္႔က်င္ေရး၊ လူထုအစိုးရကို ဆန္႔က်င္ေရး၊ၿငိမ္းခ်မ္းေရး
ကို ဆန္႔က်င္ေရး အေတြးအေခၚေတြ ျဖန္႔ခ်ီေနတဲ့ သူေတြ
ရဲ႕ ေက်ာင္းႀကီး ျဖစ္ေနၿပီလားဆိုတာ အကဲျဖတ္ ဖို႔၊ စံုစမ္း
စစ္ေဆးဖို႔ လိုၿပီလို႔ ထင္လို႔ ဒီကိစၥမွာ ကၽြန္ေတာ္တို႔
ေၾကညာ ခ်က္ထုတ္လိုက္တာ ျဖစ္ပါတယ္။

ျငမ္း - ဒီျဖစ္စဥ္ကို အေသးစိတ္ ေစာင့္ၾကည့္ၿပီး ႏိုင္ငံေတာ္
အတိုင္ ပင္ခံနဲ႔ သမၼတဆီကို အစီရင္ခံစာ ပို႔သြားမွာ
ျဖစ္သလို ဥပေဒနဲ႔အညီ ေဆာင္ရြက္သြားမယ္ဆိုေတာ့
ဘယ္လို ဥပေဒနဲ႔အညီ ေဆာင္ရြက္ မွာလဲ။

TTO - ဥပမာ အစိုးရက အမွဳမဖြင့္ရင္ ကၽြန္ေတာ္တို႔က
ဇီးပင္ႀကီး ကိုသြားၿပီး ၅၀၅ (ခ) နဲ႔အမွဳဖြင့္မယ္။ ၁၂၄(က)
နဲ႔ တရားစြဲေပးဖို႔ ကၽြန္ေတာ္တို႔ ေရွ႕ေနအသင္းအေနနဲ႔
ေဆာင္ ရြက္သြားမယ္။ အဲဒါမ်ိဳးေတြ ျဖစ္လာေအာင္
လက္မွတ္ေတြ ေကာက္မယ္။ အခုဆိုရင္ သက္ေသ
စုေဆာင္းေနတာ ဆရာ၀န္ေတြဘက္ကေတာ့ အေတာ္
ထြက္လာၿပီ။ အဲဒီသင္တန္းကို တက္ခဲ့လို႔ သူေျပာခဲ့တာ
ေတြကို နား ေထာင္ခဲ့ရ ပါတယ္ဆိုတဲ့ သူေတြ အမ်ားႀကီး
ထြက္လာၿပီ။ တရားရံုး ေရွ႕ေရာက္ရင္လည္း သက္ေသခံ
ၾကမွာ။ အဲဒီလို အေထာက္အထား ေတြ ရွိေနေတာ့ ဒီလို
ကိစၥမ်ိဳးက ဒီအတိုင္း ၾကည့္ေနလို႔ မရဘူးဗ်။ ဒါ ဌာန
ဆိုင္ရာ စံုစမ္းစစ္ေဆးဖို႔ မလိုဘူး။ ၀န္ထမ္းစည္းမ်ဥ္းနဲ႔
နည္း ဥေဒမွာ ျပစ္မွဳက်ဴးလြန္တဲ့သူကို က်ဴးလြန္ေၾကာင္း
ထင္ရွားရင္ တစ္ပတ္အတြင္း အမွဳဖြင့္အေရးယူရမယ္၊
စံုစမ္းစစ္ေဆးဖို႔ မလိုဘူး။ ဒီဟာကို တကယ္ပဲ သူ႔အေနနဲ႔
ဒီစကား ေျပာခဲ့တယ္ဆိုရင္ ၁၂၄ (က) ပဲ၊ အနိမ့္ဆံုး ၅၀၅
(ခ) ပဲ။ အဲဒါဆို ဘာမွ စစ္ေဆးစရာ မလိုဘူး။ တန္းၿပီး
တရားစြဲ၊ တန္းၿပီးဖမ္းရမွာ။ ကၽြန္ေတာ္တို႔က သက္ေသ
ေတြ စုေဆာင္းေနတယ္။ ႏိုင္ငံေတာ္ သမၼတဆီ တင္မယ္။
အစိုးရက တရားစြဲရမွာကို မစြဲရင္ ကိုယ္ဘာသာ စြဲမယ္။

ျငမ္း - အစိုးရက တရားမစြဲဘဲ ဦးသိန္းသန္းဦးတို႔က တရားစြဲလို႔ ရပါသလား။

TTO - တိုက္ရိုက္ေတာ မရွိဘူး။ အစိုးရက တရားလိုလုပ္
ရမွာ။ ႏိုင္ငံေတာ္ အစိုးရကို အၾကည္ညိဳ ပ်က္ေစတာ။
သို႔ရာတြင္ ျပစ္မွဳ က်ဴးလြန္ျခင္းကို ဘယ္သူမဆို ပထမ
သတင္းေပး တိုင္ခ်က္ဖြင့္လို႔ ရတယ္။ အဲဒီအေပၚမွာ
ကၽြန္ေတာ္တို႔ လုပ္မယ္။ အနိမ့္ဆံုး ကၽြန္ေတာ္တို႔ လုပ္ႏိုင္
တာက ဇီးပင္ႀကီး ကိုသြားၿပီး ကၽြန္ေတာ္တို႔ တိုင္ခ်က္
ဖြင့္မွာပဲ။ တိုင္ခ်က္ကို ဖြင့္မေပးရင္ စာခၽြန္ေတာ္ တက္လို႔
ရတယ္။ ဒီေက်ာင္းေတြရဲ႕ ပဥၥမံဒလံ ေမြးေနတဲ့ကိစၥကို
တစ္ခါတည္း ရွင္းရမယ္။ တိုင္းျပည္မွာ ေငြလည္း ကုန္
တယ္။ လက္နက္ကိုင္ တပ္ဖြဲ႕ေတြအတြက္ စည္းကမ္း က
အေရးႀကီးလို႔ ေခါင္းအံုးေတြ တစ္ညီတည္း၊ ဖိနပ္ေတြ
တစ္ညီတည္း လုပ္ရတာ မွန္ပါတယ္။ အရပ္သားပညာရွင္
ေတြအတြက္ လူထုဆက္ဆံေရး မြမ္းမံတို႔၊ ဗဟုသုတ
အလို႔ငွာတို႔ပဲ ျဖစ္ရမွာေပါ့။ ဒီေက်ာင္းေတြရဲ့ သင္ရိုး
ညႊန္း တမ္းေတြက ဘာေတြ သင္တယ္။ ဆရာေတြက
ဘယ္လိုဘြဲ႕ရထား တယ္။ ဘယ္လို အရည္အခ်င္းေတြ
ရွိတယ္ဆိုတာ ျပည္သူက သိဖို႔ လိုတယ္။ ကုိယ့္လူအဖြဲ႕
အစည္းကို ဖ်က္ဆီးမယ့္ စစ္အာဏာရွင္ ေက်ာင္းကို
ကၽြန္ေတာ္တို႔က လူထုဘတ္ဂ်က္နဲ႔ ပိုက္ဆံ ေထာက္ပံ့ရ
မွာလား။

ျငမ္း - ရာထူး၀န္အဖြဲ႕က ဖြင့္ထားတဲ့ ေဖာင္ႀကီးနဲ႔ ဇီးပင္
ႀကီး ေက်ာင္းႏွစ္ေက်ာင္းအေပၚ ဘယ္လို မွတ္ခ်က္ေပး
ခ်င္လဲ။

TTO - ရာထူး၀န္အဖြဲ႕က စေျပာရမွာပဲ။ ဥကၠဌက ဘယ္က
လာသလဲ၊သူ႔ရဲ႕ရပ္တည္ခ်က္ကဘာလဲ။ႏိုင္ငံေရးကင္းရွင္း
ရမယ္။ ရာထူး၀န္ အဖြဲ႕ဆိုတာ ပညာရွင္ေတြ ျဖစ္ရမယ္။
မရွိရဘူး မေျပာပါဘူး။ ၀န္ႀကီး ဌာနအလိုက္ သင္တန္း
ေက်ာင္းေတြ လုပ္လိုက္ေပါ့။ ဘယ္သူေတြလဲ၊ ဘာေတြ
သင္ေနတာလဲ၊ႏိုင္ငံေတာ္အတြက္ဘယ္လိုအက်ိဳးေက်းဇူး
ရလဲ။ ဒါေတြကို ခုခ်ိန္မွာ ျပည္သူေတြကို ပြင့္ပြင့္လင္းလင္း
ထုတ္ေဖာ္ ေျပာဆိုဖို႔လိုၿပီ။ ဟိုတုန္းကတည္းကဒီမိုကေရစီ
ကိုဆန္႔က်င္တဲ့၊လူထုအက်ိဳးကိုဆန္႔က်င္တဲ့အေတြးအေခၚ
ေတြ ေတာက္ေလ်ာက္ ျဖန္႔ခ်ိေနခဲ့ တာ။ အခု ျပည္သူ႔
လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္တဲ့ေဒါက္တာၾကည္မို႔မို႔ေဇာ္
တို႔ အကုန္ ထြက္ခဲ့ရတာပဲ။ သမိုင္းက ပါၿပီး သားပဲ။
လႊတ္ေတာ္ကလည္းေတာင္းဆိုဖို႔ လိုၿပီ။ ႏိုင္ငံေတာ္သမၼတ
တင္မကပါဘူး။လႊတ္ေတာ္က ေမးျမန္းဖို႔လည္းကၽြန္ေတာ္
တို႔ တင္ ျပပါမယ္။ဇီးပင္ႀကီးနဲ႔ ေဖာင္ႀကီးကိုျပည္ေထာင္စု
အဆင့္ စံုစမ္းစစ္ ေဆးေပးဖို႔ ေတာင္းဆိုမယ္။

ျငမ္း - ခုလိုေျဖၾကားေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္။

ဓာတ္ပံု - ဦးသိန္းသန္းဦး facebook
ျငမ္းမီဒီယာ
................
ဆက္စပ္သတင္း

Tuesday, July 17, 2018

“အ႐ြယ္ကလဲ အသက္ ၄၀ ႐ိုး႐ိုးအအ ပုံစံဆိုေတာ့ ေခၚလာလိုက္တယ္။ အိမ္မွာလုပ္တာ ရွစ္ရက္ပဲရွိေသးတယ္။ မုဒိမ္းက်င့္ခံရပါတယ္ဆိုၿပီး ထြက္ေျပးသြားေရာ”


“အ႐ြယ္ကလဲ အသက္ ၄၀ ႐ိုး႐ိုးအအ ပုံစံဆိုေတာ့ ေခၚလာလိုက္တယ္။ အိမ္မွာလုပ္တာ ရွစ္ရက္ပဲရွိေသးတယ္။ မုဒိမ္းက်င့္ခံရပါတယ္ဆိုၿပီး ထြက္ေျပးသြားေရာ”သီဟတင္စိုးအမွဳJ

ပဲခူးၿမိဳ႕ခံ ပြဲ႐ုံလုပ္ငန္းရွင္ ကိုဝင္းမင္းတို႔ ဇနီးေမာင္ႏွံႏွင့္ေတြ႔ဆုံျခင္း

အကယ္ဒမီ သီဟတင္စိုးကို မုဒိမ္းမႈပုဒ္မျဖင့္ တရားလိုျပဳ အမႈဖြင့္တိုင္ၾကားထားေသာ မခင္မာျမင့္ (ခ) မခင္မာညဳိမွာ လြန္ခဲ့သည့္ သုံးလေက်ာ္က ပဲခူးၿမိဳ႕ အမွတ္ (၃) ရဲစခန္းတြင္လည္း ပြဲ႐ုံပိုင္ရွင္တစ္ဦး၏ လူယုံတပည့္ အမ်ိဳးသားတစ္ဦးကို မုဒိမ္းမႈျဖင့္ တရားစြဲဆိုခဲ့သည္။ အဆိုပါအမႈႏွင့္ပတ္သက္ၿပီး ၎အိမ္အကူအျဖစ္ လုပ္ကိုင္ခဲ့သည့္ ပြဲ႐ုံပိုင္ရွင္ ကိုဝင္းမင္းတို႔ဇနီးေမာင္ႏွံကို The Voice Daily သတင္းစာမွ သြားေရာက္ေတြ႔ဆုံေမးျမန္းမႈမ်ားမွ ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ပဲခူးၿမိဳ႕ခံ ပြဲ႐ုံလုပ္ငန္းရွင္ ကိုဝင္းမင္းတို႔ ဇနီးေမာင္ႏွံႏွင့္ေတြ႔ဆုံျခင္း

The Voice : အကယ္ဒမီ သီဟတင္စိုးကို မုဒိမ္းမႈပုဒ္မနဲ႔ တရားလိုျပဳ အမႈဖြင့္ထားတဲ့အမ်ိဳးသမီးက အရင္က အစ္ကို႔အိမ္မွာ အိမ္အကူ လုပ္ခဲ့ဖူးတယ္လို႔သိရၿပီး အစ္ကို႔တပည့္ေလးကိုလည္း မုဒိမ္းမႈနဲ႔ တရားစြဲဆိုထားတယ္လို႔ ၾကားမိတယ္။ အဲဒါ ဟုတ္ မဟုတ္ အတည္ျပဳေပးပါခင္ဗ်ား။
ကိုဝင္းမင္း : မင္းသား သီဟတင္စိုး မုဒိမ္းမႈနဲ႔ အမႈဖြင့္ခံရတယ္လို႔ သတင္းေတြမွာ ဖတ္မိတယ္။ အိမ္ေဖာ္ မခင္မာျမင့္က သူ မုဒိမ္းက်င့္ခံရပါတယ္။ အေဒၚျဖစ္သူ ေဒၚညိဳရွိရာကို ထြက္ေျပးခဲ့တယ္လို႔ သတင္းေတြမွာပါတယ္။ ကၽြန္ေတာ့္အိမ္မွာ အိမ္အကူ လုပ္သြားတုန္းက သူ႔နာမည္က မခင္မာညိဳ ေနာက္ဆုံးပိတ္နာမည္မွာ ျမင့္ နဲ႔ ညိဳ လြဲေနတာေၾကာင့္ သူ (အိမ္အကူ) ျဖစ္လိမ့္မယ္လို႔ မထင္ခဲ့ဘူး။ မေန႔က The Voice ေဖ့စ္ဘြတ္ခ္မွာ သူ႔ကို အင္တာဗ်ဴးထားတဲ့ ဗီဒီယိုဖိုင္ တက္လာတယ္။ မ်က္ႏွာဝါးထားေပမယ့္ အသံနဲ႔ ကိုယ္ေနဟန္ထားၾကည့္ၿပီး သူမွန္း သိလိုက္တယ္။ ခဏၾကာေတာ့ မ်က္ႏွာမဖ်က္ထားတဲ့ပုံေတြ ထပ္တက္လာတယ္။ သူက ကၽြန္ေတာ့္တပည့္ကိုလဲ မုဒိမ္းမႈနဲ႔ လက္ရွိ တရားစြဲဆိုထားတယ္။

The Voice : သိန္းတစ္ရာေပးရင္ အမႈမဖြင့္ဘူးလို႔ အိမ္လာေျပာသူေတြက ဘယ္သူေတြလဲ ခင္ဗ်ာ။
ကိုဝင္းမင္း : အိမ္အကူ မခင္မာညိဳ ရယ္ သူ႕ေခၚလာတဲ့ ထြန္းေတာက္ အက်ိဳးေဆာင္က ဦးေဌးဝင္းရယ္ အိမ္ေဖာ္ပြဲစား ေဒၚညိဳရယ္နဲ႔ ေနာက္ႏွစ္ေယာက္ ပါလာေသးတယ္။ နာမည္ေတြေတာ့ မမွတ္မိေတာ့ဘူး။ စုစုေပါင္း ငါးေယာက္ေပါ့။ အမႈမဖြင့္ေစခ်င္ရင္ သိန္းတစ္ရာ ေပးရမယ္လို႔ ေျပာတယ္။

The Voice : ရဲစခန္းေရာက္ေတာ့ သူတို႔ဘာေတြ ဆက္ျဖစ္ၾကလဲခင္ဗ်။
ကိုဝင္းမင္း : ကၽြန္ေတာ့္တပည့္က သူ႔ကို မုဒိမ္းက်င့္ပါတယ္။ သူက အပ်ိဳႀကီးပါတဲ့။ မေန႔က ေဖ့စ္ဘြတ္ခ္မွာ တက္လာတဲ့ အင္တာဗ်ဴးထဲမွာက် သူက အိမ္ေထာင္နဲ႔ပါ။ အသက္ ၇၀ သူ႔ေယာက္်ားက ေလျဖတ္ေနတယ္။ ၁၈ ႏွစ္အ႐ြယ္သားတစ္ေယာက္က အိမ္ေထာင္က်သြားၿပီ။ ခုလို ေစာ္ကားခံရတာမ်ိဳး တစ္ခါမွမႀကဳံဖူးဘူးလို႔ ေျပာသြားတယ္။ ………………………………………။

The Voice : ဒီအမ်ိဳးသမီးက အစ္ကိုတို႔ အိမ္မွာ ဘယ္ေလာက္ၾကာၾကာ အလုပ္လုပ္ခဲ့သလဲ။ ဘယ္သူ႔အဆက္အသြယ္နဲ႔ ေခၚခဲ့တာလဲဆိုတာ ေျပာျပေပးပါ။
ကိုဝင္းမင္း၏ဇနီး : ရန္ကုန္တက္ၿပီး သူ႔ကို ကၽြန္မ ကိုယ္တိုင္ သြားေခၚခဲ့တာ။ တာေမြ ၁၅၃ လမ္းက ထြန္းေတာက္ အက်ိဳးေဆာင္လုပ္ငန္းကေန။ အဲဒီက အက်ိဳးေဆာင္ ဦးေဌးဝင္းက အပ်ိဳႀကီး မခင္မာညိဳကို ေခၚသြား အဆင္ေျပမယ္ဆို သူက နင့္အိမ္မွာ တစ္သက္လုံးေနမွာ။ ကေလးေတြရဲ႕ ေဝယ်ာဝစၥေတြအကုန္ သူေကာင္းေကာင္း လုပ္တတ္တယ္တဲ့။ အ႐ြယ္ကလဲ အသက္ ၄၀ ႐ိုး႐ိုးအအ ပုံစံဆိုေတာ့ ေခၚလာလိုက္တယ္။ အိမ္မွာ လုပ္တာ ရွစ္ရက္ပဲ ရွိေသးတယ္။ မုဒိမ္းက်င့္ခံရပါတယ္ဆိုၿပီး ထြက္ေျပးသြားေရာ။ ဒီမိန္းမပုံစံက ထူးေတာ့ ထူးျခားတယ္။ ဒီအတိုင္းဆို သူ႔ပုံစံက မထုံတတ္ေသး။ ေယာက္်ားေလးေတြနဲ႔ဆို ………………..။

ေတြ႔ဆုံေမးျမန္းမႈ အျပည့္အစုံကို မနက္ျဖန္ ဗုဒၶဟူးေန႔ထုတ္ သတင္းစာတြင္ ေဖာ္ျပေပးသြားမည္ျဖစ္ပါေၾကာင္း ေလးစားစြာ အသိေပးပါသည္။

The Voice

Sunday, June 3, 2018

ရက္ရက္စက္စက္မိုးမွာ ေတြ့ရမယ့္ စိုင္းစည္တြမ္ခမ္း

ရက္ရက္စက္စက္မိုးမွာ ေတြ့ရမယ့္ စိုင္းစည္တြမ္ခမ္း


င့ါကိုနမ္းတဲ့မုန္တိုင္း သရုပ္ေဆာင္မ်ားႏွင့္အင္တာဗ်ဴး(ေဖြးေဖြး၊ရဲရင့္ေအာင္၊လႊမ္းပိုင္)

င့ါကိုနမ္းတဲ့မုန္တိုင္း သရုပ္ေဆာင္မ်ားႏွင့္အင္တာဗ်ဴး(ေဖြးေဖြး၊ရဲရင့္ေအာင္၊လႊမ္းပိုင္)


Saturday, May 26, 2018

မရူးဘဲႏွင့္ စိတ္က်န္းမာေရးေဆးရံု အပို႕ခံရသည့္ မိခင္

တာေမြၿမိဳ႕နယ္ နတ္ေမာက္ရပ္ကြက္ ဦးထြန္းျမတ္လမ္းရွိ ၿခံက်ယ္ႏွင့္တိုက္ အေမြဆိုင္ကိစၥႏွင္႔ပတ္သက္ၿပီး မိခင္အရင္းကို စိတ္က်န္းမာေရးေဆး႐ံုသို႔ မ႐ူးဘဲ ပို႔ခဲ့သျဖင့္ မိခင္က သမီးသံုးဦးစလံုးကို တရားစြဲခဲ့ရတဲ့အေၾကာင္း ေဒၚစုစုၾကည္ကို Speaker ဂ်ာနယ္မွ ေတြ႕ဆံုေမးျမန္းထားသည္မ်ားကို ျပန္လည္ေဖာ္ျပလုိက္ပါသည္။

Speaker ။ ။ အန္တီ့ရဲ႕အမ်ဳိးသားမွာ ေမြးခ်င္း ဘယ္ႏွေယာက္ရွိလဲ။ အဲဒီအထဲက ဒီအေမြကို ရယူခ်င္တာ ဘယ္သူရွိလဲ။
DSSK ။ ။ အန္တီ့အမ်ဳိးသားမွာ ေမြးခ်င္း ခုနစ္ေယာက္ရွိတယ္။ အေႏွာင့္အယွက္ေပးေနတာေတာ့ တစ္ေယာက္တည္းပါ။
Speaker ။ ။ သူတို႔ေတြက ဘယ္မွာေနတာလဲ။
DSSK ။ ။ အရင္တုန္းက ဒီအထဲမွာေနတယ္။ အခုေတာ့ ေျပာင္းသြားၿပီ။
Speaker ။ ။ သမီးေတြက အန္တီလိုမိခင္ စကားထက္ အေဒၚရဲ႕ စကားကို နားဝင္တယ္ဆိုတာ ဘယ္လိုေၾကာင့္ျဖစ္မယ္ထင္လဲ။
DSSK ။ ။ အဲဒါေတာ့ အန္တီလည္း စဥ္းစားလို႔မတတ္ဘူး။ အန္တီက ေမြးကတည္းက အတူတူေနၿပီး တာဝန္ေက်တဲ့ အေမဆိုေတာ့ အန္တီ့ ဘက္က လိပ္ျပာသန္႔ပါတယ္။ တရား႐ံုးမွာထြက္တာေတြက အန္တီ့ သမီးေတြရဲ႕ ဆႏၵမဟုတ္ဘူး။
Speaker ။ ။ ဘယ္လိုေၾကာင့္ အခုသမီးေတြနဲ႔ ျဖစ္ရတာလဲ။
DSSK ။ ။ ရွင္းရွင္းေျပာရရင္ အန္တီက ေလာဘရွိလို႔ မဟုတ္ဘူး။ အန္တီက သမီး ေတြကို ဆံုးမရတယ္။ သူတို႔အေဖက ဂ်ပန္မွာ (၁၉) ႏွစ္ေနတာေလ လူမႈေရးကိစၥနဲ႔ ပတ္သက္လာရင္ သူတို႔အေဒၚက ေျမႇာက္ ေျမႇာက္ေပးတယ္။ အန္တီ့သမီး သံုးေယာက္လံုး အိမ္ေထာင္ျပဳသြားပါၿပီ။ သံုးေယာက္လံုး အိမ္ေထာင္ျပဳျခင္းမွာ အန္တီ့ရဲ႕ ခြင့္ျပဳခ်က္ မပါဘူး။ အသိေပးတာေလာက္ပဲ ရွိတယ္။ အန္တီ့သမီးအႀကီးဆိုရင္ (၄၅)ႏွစ္ရွိၿပီ။ ေရနံ ကုမၸဏီမွာလုပ္တယ္။ အလတ္က (၃၇) ႏွစ္ စင္ကာပူမွာ။ အငယ္မေလးက (၂၉) ႏွစ္ ဆရာဝန္မေလးပါ။
Speaker ။ ။ ရြာသာႀကီးကို ပို႔တာက ဘယ္သမီးလဲ။
DSSK ။ ။ သမီးသံုးေယာက္လံုး ပို႔တာပါ။ ရဲက သံုးေယာက္လံုး စြဲခိုင္းတယ္။ မိသားစု ေရွ႕ေနရွိတယ္။ အစ္မႀကီးသမီးေတြ တရား႐ံုး ေရာက္ရင္ ၿငိမ္သြားမွာေပါ့ဆိုၿပီး စြဲတာ။ ေဘးပေယာဂ ပါတာရယ္။ သူတို႔ရဲ႕ ဘာသာ ေရးအသိ မရွိတာလည္း ပါတာေပါ့။ အန္တီက ေျပာတယ္။ အေမ့မွာ ဘာမွမရွိဘူး။ အန္တီ့မွာ အေၾကြးေတြ ရွိတယ္။ သားသမီး သံုးေယာက္ကို ပညာသင္ခဲ့ရတာ။ အေၾကြးေတြရွိတဲ့အခါက်ေတာ့ အေမ့အေၾကြးေတြကို ဆပ္မယ္။ အေဖရွိတုန္းက ဒီက ရတဲ့ အိမ္လခကို အေဖကယူတယ္။ အေဖမရွိေတာ့ ဒီက အိမ္လခကို အေမယူမယ္။ သမီးတို႔လည္း အေမ့ကို မေထာက္ပံ့နဲ႔။ အမ်ားဆံုးေထာက္ပံ့တာက သမီးအႀကီးဆုံးကပဲ ေထာက္ပံ့တယ္။ ဒီဟာေရာင္းရရင္ ေလးပံုပံုမယ္။ သမီးတို႔လည္း ေလးပံုတစ္ပံု။ အေမ ေလးပံုတစ္ပံု ယူမယ္။ အေမ့ ေလးပံုတစ္ပံုလည္း သမီးတို႔ကို အေမက ေပးမယ္။ ဆက္ခံခြင့္ထားခဲ့ မယ္ေပါ့။ ဒါေပမဲ့ အန္တီ့ရဲ႕သမီးက ဘာေျပာလည္းဆိုေတာ့ သမီးနာမည္ က လင္းတင့္ၾကည္။ လင္းတင့္ၾကည္က ဥပေဒမွာတဲ့ လင္ေသရင္ မယားမရဘူး။ အေဖေသရင္ သမီးရမယ္။ စာခ်ဳပ္စာတမ္းဥပေဒမွာ မေရႊ႕ေျပာင္းႏိုင္တဲ့အိမ္ႀကီး အန္တီ့ရဲ႕ေယာကၡမႀကီး ေတြကေတာင္ ေပးခဲ့ၿပီးသား။ နင္တို႔ လက္ခံလို႔ရတယ္ဆို ငါလိုက္ပို႔ေပးမယ္။ သြားပို႔ေတာ့ ဟိုက မရဘူး။ ေနာက္ၿပီးေတာ့ ကေမၻာဇဘဏ္မွာ သူတို႔အေဖ စာအုပ္က်န္ခဲ့တယ္။ အဲဒီ စာအုပ္ကို သူတို႔ယူထားတယ္။ သူတို႔က သြားထုတ္တယ္ မရဘူး။ အန္တီ့ကို ရြာသာႀကီးပို႔ ထားတဲ့အခ်ိန္မွာ သူတို႔က သြားထုတ္တာ။ ဒါေပမဲ့ ဘဏ္ကေျပာတာ လိုက္ၾကည့္မယ္။ ေဒၚစုစုၾကည္ တကယ္ရူးတယ္ဆိုရင္ ထုတ္ေပးမယ္ဆိုေတာ့ ရွင္းရွင္းေျပာရင္ ဒါေတြ အားလံုး အန္တီရဲ႕ သမီးေတြဟာ အဲဒီေလာက္ မေကာက္က်စ္ဘူး။ အန္တီေမြးခဲ့တာ အန္တီ သိတာေပါ့။ ဒါေပမဲ့ ကေလးေတြရဲ႕ ကံတရား၊ အန္တီ့ရဲ႕ အတိတ္ဝဋ္ေၾကြး၊ သူတို႔အေဒၚ အဓိက ေနာက္ကႀကိဳးကိုင္တဲ့သူကို ေဖာ္ခ်င္လို႔ အန္တီ ဒါကို လုပ္တာပဲ။
Speaker ။ ။ ရြာသာႀကီးကိုပို႔တဲ့ အေျခ အေနက ဘယ္လိုကေန ဘယ္လိုျဖစ္သြားလဲ။
DSSK ။ ။ ရြာသာႀကီးကိုပို႔တဲ့ အေျခအေနက ျဖစ္တဲ့ေန႔က အန္တီက သူငယ္ခ်င္းေတြအိမ္ သြားေနတာ။ အန္တီရဲ႕ အမ်ဳိးသား ဆံုးတဲ့ေန႔ ကတည္းကစၿပီး သူတို႔က ထြက္လိုက္ ဝင္လိုက္ပဲ အၿငိမ္ကိုမေနဘူး။ အၾကီးႏွစ္ ေယာက္စလံုးကေပါ့။ အငယ္ေလးကေတာ့ သြားလိုက္ လာလိုက္ ေပါ့။ မသၿဂဳႋဟ္ခင္လည္း သူတို႔က အန္တီ့ကို ေကာင္းေကာင္းမြန္မြန္ မဆက္ဆံဘူး။ သၿဂဳႋဟ္တဲ့ေန႔မွာလည္း ေကာင္းေကာင္းမြန္မြန္ မဆက္ဆံ ဘူး။ ရက္လည္ေတာ့လည္း အဲဒီလိုပဲ သူစိမ္းလိုပဲ ဆက္ဆံတယ္။ မိေထြး လိုေပါ့။ ဒါေပမဲ့ ရက္လည္ၿပီး ႏွစ္ရက္အၾကာမွာ အန္တီက အိမ္မွာ တစ္ေယာက္တည္း ေနရတယ္ဆိုေတာ့ အေဖာ္ ေကာင္မေလးကလည္း အိမ္ျပန္ခ်င္ေတာ့ သူငယ္ခ်င္းအိမ္မွာ သြားေနေတာ့ သူတို႔က ၁ဝ နာရီခြဲ လာေခၚေတာ့ အန္တီက ျပန္လာတယ္။ အိမ္ကိုျပန္ေရာက္ေတာ့ ည ၁၁ နာရီ ၂ဝ၁၅ ဇန္နဝါရီ ၃ဝ ရက္ ေသာၾကာေန႔ ည ၁၁ နာရီမွာေပါ့။ အန္တီ က အဲဒီမွာ ထိုင္ေနတာ ေကာ္ဖီေသာက္ေနရင္းေပါ့။ အဲဒီအခ်ိန္မွာ လူငါး ေယာက္ဝင္လာတယ္။ သန္မာ ထြားႀကိဳင္းတဲ့ အမ်ဳိးသားေတြေပ့ါ။ အဲဒီမွာ အန္တီက ဘာလာလုပ္တာလဲ။ အလတ္မက တံခါးဖြင့္ၿပီး အေမ့ကို ၿမိဳ႕နယ္မွဴးက ေတြ႕ခ်င္လို႔တဲ့ဆိုေတာ့ ဘာလုပ္ဖို႔ ေတြ႕ခ်င္လည္း မနက္ျဖန္မွေတြ႕ေလ ညဥ့္နက္ေနၿပီလို႔ ေျပာတာေပါ့။ အဲဒီမွာပဲထိုင္ေနတာ။ အဲဒီအခ်ိန္မွာ အန္တီက နည္းနည္းပိန္ေနတာေပါ့။ စိတ္လည္း ညစ္ေနတာ ကိုး။ အဲဒီအခ်ိန္ အန္တီကို ေပြ႕လိုက္တယ္။ ေပြ႕ၿပီး ပါးစပ္ပိတ္လိုက္တာ အန္တီကလည္း ႐ုန္းတာေပါ့။ အိမ္ေရွ႕မွာ တကၠစီ ေရာက္ေနတယ္။ ဒ႐ိုင္ဘာေဘးမွာ တစ္ေယာက္ထိုင္တယ္။ ေဘးမွာ အန္တီ့သမီး အလတ္ ထိုင္တယ္။ အန္တီက အလယ္မွာ ေဘးမွာ ႏွစ္ေယာက္၊ ေနာက္မွာ ႏွစ္ေယာက္နဲ႔ေပါ့။ အန္တီ့ကို တျဖည္းျဖည္းနဲ႔ ေခၚေခၚ သြားလိုက္တာ ဒီနား ညာဘက္ကိုေကြ႕မယ္ဆို ၿမိဳ႕နယ္ေကာင္စီ မေကြ႕ဘူး။ ဘယ္ကို ေကြ႕တယ္။ နင္တို႔ ဘယ္ေကြ႕တယ္ဆိုေတာ့ SSC တဲ့။ SSC က်ရင္လည္း ဘယ္ေကြ႕ရမွာေလ။ အဲဒါလည္း မေကြ႕ဘူး။ တည့္တည့္ ႀကီးသြားေတာ့ အန္တီက ဒီကေန ရြာသာႀကီးကို တြက္ၾကည့္ ၄၅ မိနစ္ ေလာက္ ေမာင္းရတယ္။ ညဘက္ႀကီး လမ္းကလည္း ခင္းေနတာ။ ဟိုက်ေတာ့ စိတ္က်န္းမာေရးေဆး႐ံုႀကီး ရြာသာႀကီး အန္တီ့သမီးကို အန္တီက ငယ္ငယ္လို႔ ေခၚတာကိုး။ ငယ္ငယ္ နင္ငါ့ကို လုပ္ခ်လိုက္ၿပီ ေျပာလိုက္တယ္။ ဟိုက်ေတာ့ အန္တီက ကားေပၚကမဆင္းဘူး။ မဆင္းရင္ အတင္းေခၚမယ္တဲ့ ေခၚရင္ ေအာ္မွာပဲလို႔။ အဲဒီမွာ ဆရာဝန္မေလးက အန္တီခဏေလး ဆင္းလိုက္ပါဆိုေတာ့ ဆင္းလိုက္တာေပါ့။ ဆင္းေတာ့စစ္တာေပါ့။ ဆင္းလည္းဆင္းေရာ အန္တီ့ကို ခ်ဳပ္တာေပါ့။ အန္တီက ႐ုန္းတာ အတင္းကို႐ုန္းတာ။ အဲဒီအခ်ိန္ နာရီၾကည့္လိုက္ေတာ့ ည ၁ နာရီ။ သူတို႔က လက္ကို ေဆးတစ္လံုး ထိုးလိုက္တယ္။ အဲဒီမွာ ေမ့ သြားတယ္။ ေနာက္တစ္ေန႔မနက္မွာ အန္တီ့ကို ႏွစ္ေယာက္ခန္းမွာ တစ္ေယာက္တည္းထားတယ္။ အန္တီက နာရီၾကည့္လိုက္ေတာ့ ၅ နာရီ ငါဘယ္ေရာက္ေနလဲလိုဆိုေတာ့ တစ္ဖက္ခန္း လူနာေစာင့္ ေကာင္မေလးက အန္တီ ရြာသာႀကီး ေရာက္ေနတာဆိုေတာ့ အန္တီသိၿပီလို႔ ေျပာလိုက္တယ္။ အဲဒီကစၿပီး ရွစ္ရက္ေျမာက္ေန႔မွာ အန္တီကေတာ့ အ႐ူး ေတြၾကားထဲမွာ ေနရတာေပါ့။ အန္တီေရာက္ တဲ့ အခ်ိန္တုန္းက တစ္ေန႔လံုး အ႐ူးေတြကို လႊတ္ထားတယ္။ အခုေနာက္ပိုင္းေတာ့ မသိဘူး။ အန္တီက မနက္ဆို ဆရာဝန္အခန္းထဲမွာ ေနတယ္။ အ႐ူးေဆး႐ံုဆိုေတာ့ အ႐ူးလိုပဲေပါ့။ ရွစ္ရက္ေျမာက္မွာ လူနာေစာင့္တစ္ေယာက္ဆီမွာ ဖုန္းပါတယ္။ သူ႔ဖုန္းနဲ႔ အန္တီ့ ညီမကို ဖုန္းဆက္တယ္။ ေနာက္ အန္တီ့ရဲ႕ အစ္မ ေထာင္ဆရာဝန္ လုပ္ခဲ့ဖူးသူေလ။ သူတို႔ဖုန္းႏွစ္လံုးပဲ အလြတ္ရတာေလ။ ဆက္ေတာ့ ႏွစ္ေယာက္လံုး ဖုန္းမကိုင္ဘူး။ ေနာက္ပိုင္းမွာ အန္တီ့ညီမက ဖုန္းကိုင္တယ္။ အန္တီ့ရဲ႕ အိမ္နာမည္က မစီေလ။ အဲဒီမွာ မစီ ဘယ္ေရာက္ေနတာလဲ။ ငါရြာသာႀကီးမွာ။ အဲထင္သားပဲတဲ့။ ဒီမွာေတာ့ အမႈဖြင့္ထားတယ္ဆိုေတာ့ ငါ့ကို လာေခၚလွည့္ဆိုေတာ့ ည ၇ နာရီရွိေနၿပီ။ ေနာက္ေန႔က စေနေန႔။ အဲဒီရက္မွာ ဘာေျပာလဲဆိုေတာ့ နပ္စ္မေလး ကေပါ့ အန္တီ ေရႊျမယာဆရာေတာ္က ထမင္းလာေကြၽးမယ္ဆိုေတာ့ အန္တီက စိတ္ ေရာဂါေဝဒနာရွင္မွ မဟုတ္တာ။ အထဲမွာေနတာေပါ့။ စေန၊ တနဂၤေႏြ ႏွစ္ရက္လံုး အန္တီ့ အမ်ဳိးေတြေရာ၊ အန္တီတူေတြေရာ အကုန္လံုး လာၾကတယ္။ အဲဒီမွာ ရန္ျဖစ္ၾကတယ္။ ေနာက္ဆံုး တနလၤာေန႔ၾကရင္ ဆရာဝန္ႀကီးနဲ႔ ဘုတ္ထိုင္ၿပီးေတာ့ ျပန္လႊတ္ေပးပါ့မယ္ ဆိုၿပီးေတာ့ တနလၤာေန႔မွာ ဘုတ္ထိုင္ေတာ့ ေဒါက္တာဝင္းေအာင္ျမင့္ စိတ္က်န္းမာေရး ဆရာဝန္ႀကီး။ သူက ကြၽန္ေတာ္ ဝင္းေအာင္ျမင့္ လို႔ေျပာတယ္။ အဲဒီမွာ အန္တီက ဆရာနဲ႔ ကြ်န္မေတြ႕တာ ဒါ first time ပဲေနာ္ ဆိုေတာ့၊ သူက ဟုတ္ပါတယ္ဆိုေတာ့ အန္တီ့ကို အရင္ စစ္တယ္။ အန္တီ့အမ်ဳိးေတြကို စစ္တယ္။ ေနာက္ အန္တီ့သမီးေတြ စစ္တယ္။ ဆရာႀကီး က ကြၽန္ေတာ္ လူမႈေရးအရ မွားၿပီးေတာ့ ေခၚလိုက္မိတာပါ။ အန္တီက အိမ္ျပန္လို႔ရ ၿပီလားဆိုေတာ့ ရၿပီတဲ့။ အဲဒီမွာ ကြၽန္မကို ဘယ္လို DC ေပးမွာလဲဆိုေတာ့ ကြၽန္မကို အ႐ူးလက္မွတ္ေပးမွာလားဆိုေတာ့ မဟုတ္ ပါဘူး အန္တီတဲ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြ်န္မက လုပ္စရာေတြ အမ်ားႀကီးရွိေသးတယ္လို႔ မေပးပါဘူးဆိုေတာ့ သမီးႀကီးက အိမ္ျပန္ေခၚလို႔မရဘူးတဲ့ အိမ္မွာ ဘယ္သူမွ မရွိဘူးတဲ့ ဆရာဝန္ႀကီးက အငယ္ဆရာဝန္မ ကို နင့္အေမနဲ႔ ျပန္ေနရမယ္ဆိုေတာ့ အငယ္ မေလးက အေမ့ေၾကာက္လို႔ အစ္မနဲ႔သြားေန တာ ၁၁ ရက္ေျမာက္ေန႔မွာ အစ္မႀကီးက လာေခၚတယ္။ သုဝဏၰ ေရႊအင္ၾကင္းအိမ္ရာမွာ ရက္ ၄ဝ ေနခဲ့ရတယ္။ ဘာလို႔လဲဆို ေတာ့ ဒီအိမ္မွာ ေသာ့က သံုးေခ်ာင္းရွိတာကိုး။ အန္တီ့ကို တစ္စံုပဲေပးၿပီး သူတို႔ကႏွစ္စံု ယူထားတာ။ အဲဒီေတာ့ အန္တီက ေသာ့ေတြ အကုန္လံုး လဲပစ္တယ္။ သူတို႔နဲ႔ ျပႆနာျဖစ္တာက ၂ဝ၁၅ ဇန္နဝါရီ ၂၁ ရက္က ျဖစ္တာ တရား႐ံုးမွာေပါ့။ ဒါေပမဲ့ အန္တီက ရဲမွာ အမႈဖြင့္ေတာ့ ရဲက အေမနဲ႔ သမီးဆိုေတာ့ ေရွာင္ေနဆိုၿပီး အန္တီက ေရွာင္ေနတယ္။ အိမ္ကေကာင္မေလးကို လာလာဆြယ္တယ္။ အဲဒီေတာ့ အန္တီက ေကာင္မေလးကို ေခၚသြားတယ္။ သူတို႔မွာ ေသာ့ရွိေတာ့ အန္တီ က အထဲကေန ေသာ့ခတ္ထားတယ္။ အဲဒီမွာ ဒီဝင္ေပါက္က မဟုတ္ဘဲ ဘုရားခန္းနားက ဆြဲတံခါးေလး တစ္ခုရွိတယ္။ အဲဒီေသာ့က အန္တီ့ဆီမွာပဲ ရွိတယ္။ အဲဒီမွာ ေကာင္မေလးနဲ႔ အျပင္ထြက္မယ္ဆို ေကာင္မေလးကို အ ရင္ထြက္ၿပီးမွ အန္တီက ေသာ့ပိတ္။ အဲဒီဆြဲ တံခါးကေနထြက္ၿပီး ျပန္ပိတ္တာေပါ့။ အဲဒီလို လုပ္တာကို အန္တီရဲ႕ ေယာက္မကေနၿပီး ႏွစ္ရက္ေျမာက္ေန႔မွာ အေပၚထပ္ကေနၿပီး ၾကည့္ေနတာ။ ဘယ္ကဝင္တယ္ ဆိုတာကို ေတြ႕သြားတယ္။ သံုးရက္ေျမာက္ေန႔မွာ အန္တီ့သမီးအလတ္နဲ႔ ေယာင္းမရဲ႕အမ်ဳိးသား အဲဒီေသာ့ကို ဖ်က္ေနတာ။ ရဲကို ဖုန္းဆက္ရတာေပါ့။ အဲဒီမွာ အမႈဖြင့္တယ္။ သံုးရက္အထိ မလာေတာ့ တရား႐ံုးကို အန္တီဦးတိုက္ေလွ်ာက္တာ ၂ဝ၁၆ ဇန္နဝါရီ ၂၈ ရက္ကေန အမႈရင္ဆိုင္ေနတာ အခုထိပဲ။ ေနာက္ သူတို႔က ျပည္ထဲေရးကို တိုင္တာ ရွိေသးတယ္။ ျပည္ထဲေရးကေန ရန္ကုန္တိုင္းရဲကို ခ်တယ္။ အဲဒီကေန အေနာက္ပိုင္းခ႐ိုင္ ရဲမွဴးၿပီးေတာ့ ဗဟန္းရဲမွဴး ဦးခင္ေမာင္ႀကီး သူ႔ကို ခ်ေပးေတာ့ အန္တီကိုစစ္တယ္။ အစစ္ခံၿပီးၿပီ ရဲက သူတို႔ကို ေတာင္းပန္ ခိုင္းတယ္။ သူတို႔မေတာင္းပန္ဘူး။ အန္တီက အမႈျဖစ္တာ ႏွစ္ႏွစ္ခြဲ ေယာက်္ား ေသတာ သံုးႏွစ္ဆိုေတာ့ အန္တီ့ အေနနဲ႔ လုပ္သင့္ၿပီလို႔ ထင္လို႔ ဒီလို မီဒီယာ ကို ေျပာတာျဖစ္တယ္။ အဲဒီလို လုပ္တာဟာ လည္း ဒီတိုက္မွာ အမ်ဳိးေတြပဲရွိတာ။ သူတို႔က ေတာ့မပါဘူး ဒါေပမဲ့ အခုခ်ိန္မွာ အဓိကပါဝင္တာက ၾသစေတးလ်ားမွာ ၁၉၈၉ မွာ ထြက္သြားတဲ့ ေယာင္းမအငယ္ ေျမႇာက္လို႔ သူက အန္တီကို အတိုက္အခံလုပ္တယ္။ ဒါေၾကာင့္မို႔ အန္တီက လုပ္လိုက္တာ ဒါပဲ။ အန္တီက အမွန္တရားကို ေဖာ္ထုတ္တာပါ။ တကယ္လုပ္တဲ့သူကို ခံေစခ်င္တာ ဥပေဒ အရပဲေလ မီဒီယာကို ဘာျဖစ္လို႔ ေျပာရလဲ ဆို ႏိုင္ငံေတာ္ကသိေအာင္ ေခတ္ေတြလည္း ေျပာင္းပါၿပီ။
Speaker ။ ။ အန္တီရဲ႕အမ်ဳိးသား က်န္ခဲ့တဲ့ ပိုင္ဆိုင္မႈက ဘယ္ေလာက္က်န္ခဲ့လဲ။
DSSK ။ ။ ဒီၿခံႀကီးေရာင္းလို႔ရရင္ အခ်ဳိး က်ရမယ္။ ဘယ္ေလာက္တန္တယ္ဆိုတာေတာ့ မသိဘူး။ အန္တီ့ေယာက်္ားရွိတုန္းက လည္း ေပးရင္ယူတယ္၊ ေကြၽးရင္စားတယ္။ ဒါေပမဲ့ အန္တီ့ကို အဓိက ေထာက္ပံ့ေပးခဲ့တာက အမ်ဳိးသားက ျမန္မာျပည္မွာတုန္းက တကၠစီေမာင္းတယ္၊ ရွာေကြၽးပါတယ္။ ဂ်ပန္ ထြက္သြားတယ္။ အဲဒီမွာ (၁၉) ႏွစ္ဆိုလည္း သူက ေပ်ာ္သလိုေနတာေပါ့။ ဒါေပမဲ့ အန္တီ့ အေပၚမွာ အရမ္းေကာင္းတာက ေယာကၡထီး နဲ႔ ေယာကၡမပဲ။ ဟိုဘက္ခန္းမွာ ေနတယ္။ ဒါေပမဲ့ ဆံုးသြားၾကၿပီ။ သူတို႔ကလည္း သား မရွိေတာ့ ဒီအိမ္ႀကီးကို အေမြဆက္ခံခြင့္ေပး ခဲ့ပါတယ္။ စာခ်ဳပ္စာတမ္းနဲ႔ တရားဝင္လုပ္ ေပးခဲ့ပါတယ္။ အဲဒါနဲ႔တင္ တရားဝင္ပါတယ္။ ဥပေဒအရ အက်ဳံးဝင္ေစခ်င္လို႔ အေရွ႕ပိုင္းခ႐ိုင္ တရား႐ံုးမွာ အန္တီက ဦးတိုက္ေလွ်ာက္ ၿပီးပါၿပီ။ အန္တီက အခု ပင္စင္ႏွစ္ေသာင္း ရွစ္ေထာင္ ရပါတယ္။ ဒီအိမ္ေရွ႕က ငွားထားတာ အန္တီရပါတယ္။ သံုးႏွစ္ရွိၿပီေပါ့။ ဒါေပမဲ့လည္း အန္တီမွာ အေၾကြးေတြ သိန္းႏွစ္ရာ့ငါးဆယ္ ဆပ္ခဲ့ရပါတယ္။ အန္တီ မရွက္ပါဘူး။ အေၾကြးကေတာ့ေက်ၿပီ။ အတိုးေတြကေတာ့ ေပးရဦးမွာေပါ့။ ေပးရမယ့္သူက အန္တီရဲ႕အမ်ဳိးသားတူေလးကို ေပးရမွာ ေၾကြးပူေတာ့ မဟုတ္ဘူး။ ဒီအိမ္ႀကီး ေရာင္းရရင္ေတာ့ ေပးမယ္လို႔ေျပာထားတယ္။ ေၾကြးေအးေပါ့။ အန္တီသည္ အခုခ်ိန္မွာ ေနစရာ အိမ္ရွိတယ္။ အန္တီက သမီးေတြကို ဆယ္တန္းေအာင္ရင္ ကားေမာင္းသင္ေပးတယ္။ ကိုယ္တိုင္ကားေမာင္းၿပီး ေက်ာင္းတက္ခိုင္းတယ္။ သမီးႀကီးက ဝိဇၨာသိပၸံ၊ အလတ္က ECO ၊ အငယ္က ေဆး(၂)။ ဒါေပမဲ့ အန္တီက ဟိုဘက္လမ္းမွာ အေမြရေသးတယ္။ အငယ္မေလး ေက်ာင္းတက္တုန္းက သိန္းႏွစ္ ရာနဲ႕ ၿပိဳင္ကားေလးဝယ္ေပးေသးတယ္။ သမီးေလး အိမ္ေထာင္က်ၿပီး အန္တီနဲ႔ ျပႆနာ ျဖစ္ေတာ့ ေရာင္းလိုက္ေတာ့ သိန္းငါးဆယ္ပဲ ရပါတယ္။ သားတို႔အျမင္ ဆိုရင္ေတာ့ အန္တီ့ဘဝက ေအးခ်မ္းတယ္လို႔ ထင္မွာပါ။ ဒီအိမ္ေရာင္းရရင္ရမွာ ဒါေပမဲ့လည္း အေမြဆိုတာ ထိုက္မွ စားရတာပါ။ တကယ့္အစစ္ အမွန္ အန္တီလိုခ်င္တာက ဘယ္သူပဲျဖစ္ ျဖစ္ ဝင္မပါနဲ႔။ မိသားစုေျပလည္ေအာင္ လုပ္ခ်င္လုပ္။ အခုျဖစ္ေနတာက ေယာင္းမေပါ့။ အန္တီနဲ႕ဆိုေတာ့ သူစိမ္းေလ။ သမီးေတြနဲ႔က်ေတာ့ သူတို႔အေဒၚ ျဖစ္တာေပါ့။ ဒါေတြက မလုပ္သင့္ဘူးေလ။ သူလည္း အိမ္ေထာင္နဲ႔ အေမတစ္ေယာက္အေနနဲ႔ စဥ္းစားၾကည့္ေလ။ ကိုယ္ခ်စ္တဲ့ သမီးေတြနဲ႔ ခြဲေနရတာ ဘယ္လို ခံစားရတယ္ဆိုတာ သားတို႔စဥ္းစားၾကည့္ပါ။ (ငိုျပီးေတာ့ေျပာသည္) ကိုယ္ခ်စ္တဲ့ သမီးေတြေလ။ အန္တီ အရမ္းစိတ္ထိခိုက္ခံစားရ ပါတယ္။ အန္တီ အမ်ားႀကီး စဥ္းစားပါတယ္။ အန္တီမွာ တိုင္ပင္ရမယ့္သူဆိုတာ မရွိပါဘူး။ အန္တီအစ္မေတြကလည္း သူတို႔ကို စိတ္နာ တယ္။
Speaker ။ ။ ဒီလိုလုပ္ရတဲ့ အေၾကာင္းက ေနာက္ကြယ္က ဘယ္လိုေတြ ရွိလို႔ထင္လဲ။
DSSK ။ ။ အန္တီ့အျမင္က မိသားစုမွာ ဖြင့္မေျပာသာတဲ့ အေၾကာင္းေတြရွိမယ္။ ရွိလည္း ရွိပါတယ္။ ဒါေပမဲ့ အန္တီသည္ ေသ သြားတဲ့သူေတြကို မထိခိုက္ေစခ်င္ပါဘူး။ အဓိက တကယ္ေတာ့ ရွင္းရွင္းေလးေျပာရရင္ အမ်ားထင္သလို အေမြလိုခ်င္လို႔ မဟုတ္ဘူး။ သမီးေတြက အေမြလိုခ်င္လို႔ မဟုတ္ဘူး။ ေသြးထိုးေပးသူက အေမြမေပးခ်င္လို႔။ ဒါေၾကာင့္မို႔ မိသားစုၿပိဳကြဲေအာင္ လုပ္လိုက္တာပဲ။ ဒါေပမဲ့ အန္တီနဲ႔ သမီးေတြၾကားမွာလည္း လူမႈေရးကိစၥေတာ့ ရွိတာေပါ့။ ဒါေတြ ဟာ ဖြင့္မေျပာသာဘူး။ အေမဆိုတာ သူမ်ားေျပာမွ ၾကားရတာေလ သားသမီးယံု စံုလံုး ကန္းေလ။ ကြၽန္ယံုရင္ တစ္ဖက္ပဲ ကန္းတာ။ ဖြင့္မေျပာသာတဲ့ အေၾကာင္းေတြရွိတဲ့အတြက္ ဘာမွမေျပာခ်င္ဘူး။ အန္တီနားမလည္တာ က အန္တီသမီးေတြက တစ္ဖက္ကေသြးထိုး တာကိုဘာ့ေၾကာင့္ သူတို႔ဘဝကို အပ်က္ခံ ၿပီး။ လုပ္သလဲဆိုတာကိုေတာ့ အန္တီ အဲဒီ အေျဖကို လိုခ်င္လို႔ အန္တီ ဒါလုပ္တာပါ။ ေနာက္က လက္မဲေလ အခုဟာက သမီးေတြနဲ႔ ဖိုက္ေနရတာေလ။ အန္တီသမီးေတြထဲမွာ အၾကီးဆံုးေလးက လိမၼာတယ။္ သူက ရွာ ေကြၽးခဲ့တယ္။ အန္တီ့ကို ရွာေကြၽးလို႔ ေက်းဇူး တင္ရမယ္ဆိုရင္ သမီးအႀကီးပဲရွိတယ္။ အလတ္နဲ႔ အငယ္က အန္တီ့အေပၚမွာ ေက်းဇူး တစ္စက္ေလးမွ မရွိခဲ့ဘူး။ ကေလးတစ္ေယာက္ကို ေက်ာင္းထားရတယ္ဆိုတာ မိဘတိုင္း သိပါတယ္။ အန္တီေျပာခ်င္တာက ျမန္မာ ျပည္မွာရွိတဲ့ မိခင္ေတြအားလံုး ကိုယ္စားျပဳတယ္။ သားသမီးေတြ အားလံုးကို ကိုယ္စားျပဳတယ္။ မိခင္ဆိုတာ ဘယ္ေတာ့မွ သားသမီး အက်ဳိးယုတ္ေအာင္ မလုပ္ဘူးဆိုတာ ေပၚလြင္ေစခ်င္ပါတယ္။ ေနာက္တစ္ခ်က္ သားသမီးတိုင္းသည္ မိခင္ေက်းဇူးကို မဆပ္ခ်င္ ေန ေက်းဇူးမကန္းသင့္ဘူးဆိုတာ က်န္တဲ့ သားသမီးတိုင္း သိေစခ်င္လို႔ ဒီျပသနာကို ေဖာ္ရတာပါ။
Speaker ။ ။ ဒီရက္ပိုင္း လူမႈကြန္ရက္မွာလည္း ျပန္႔သြားေတာ့ သားသမီးေတြက ျပန္ၿပီး ဆက္သြယ္တာ ရွိလား။
DSSK ။ ။ ဧၿပီသံုးရက္က ဗဟန္း ဒုၿမဳိ႕နယ္မွဴးက ေခၚေပးတယ္။ သူတို႔ဆီမွာ အန္တီတို႔က အစစ္ခံခဲ့ရတာကိုး။ အငယ္မေလးက မမကို ေျပာေပးပါဆိုေတာ့ မလာပါဘူး။ သံုးရက္ထိ ေစာင့္ေသးတယ္။ ဒုၿမိဳ႕နယ္မွဴးက အန္တီ ႀကိဳက္သလိုလုပ္ပါလို႔ ေျပာတယ္။ မဆက္သြယ္ပါဘူး။ အလတ္ကေတာ့ စင္ကာပူ မွာ ေနတယ္ဆိုေတာ့ တရား႐ံုးက ကင္းလြတ္ခြင့္ေပးထားတယ္။
Spaker ။ ။ အခုလုိ စိတ္ရွည္လက္ရွည္ ေျဖၾကားေပးတာ Speaker က ေက်းဇူးတင္ပါတယ္ အန္တီ။

SPeaker

#Unicode Version#
တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဦးထွန်းမြတ်လမ်းရှိ ခြံကျယ်နှင့်တိုက် အမွေဆိုင်ကိစ္စနှင့်ပတ်သက်ပြီး မိခင်အရင်းကို စိတ်ကျန်းမာရေးဆေးရုံသို့ မရူးဘဲ ပို့ခဲ့သဖြင့် မိခင်က သမီးသုံးဦးစလုံးကို တရားစွဲခဲ့ရတဲ့အကြောင်း ဒေါ်စုစုကြည်ကို Speaker ဂျာနယ်မှ တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

Speaker ။ ။ အန်တီ့ရဲ့အမျိုးသားမှာ မွေးချင်း ဘယ်နှယောက်ရှိလဲ။ အဲဒီအထဲက ဒီအမွေကို ရယူချင်တာ ဘယ်သူရှိလဲ။
DSSK ။ ။ အန်တီ့အမျိုးသားမှာ မွေးချင်း ခုနစ်ယောက်ရှိတယ်။ အနှောင့်အယှက်ပေးနေတာတော့ တစ်ယောက်တည်းပါ။
Speaker ။ ။ သူတို့တွေက ဘယ်မှာနေတာလဲ။
DSSK ။ ။ အရင်တုန်းက ဒီအထဲမှာနေတယ်။ အခုတော့ ပြောင်းသွားပြီ။
Speaker ။ ။ သမီးတွေက အန်တီလိုမိခင် စကားထက် အဒေါ်ရဲ့ စကားကို နားဝင်တယ်ဆိုတာ ဘယ်လိုကြောင့်ဖြစ်မယ်ထင်လဲ။
DSSK ။ ။ အဲဒါတော့ အန်တီလည်း စဉ်းစားလို့မတတ်ဘူး။ အန်တီက မွေးကတည်းက အတူတူနေပြီး တာဝန်ကျေတဲ့ အမေဆိုတော့ အန်တီ့ ဘက်က လိပ်ပြာသန့်ပါတယ်။ တရားရုံးမှာထွက်တာတွေက အန်တီ့ သမီးတွေရဲ့ ဆန္ဒမဟုတ်ဘူး။
Speaker ။ ။ ဘယ်လိုကြောင့် အခုသမီးတွေနဲ့ ဖြစ်ရတာလဲ။
DSSK ။ ။ ရှင်းရှင်းပြောရရင် အန်တီက လောဘရှိလို့ မဟုတ်ဘူး။ အန်တီက သမီး တွေကို ဆုံးမရတယ်။ သူတို့အဖေက ဂျပန်မှာ (၁၉) နှစ်နေတာလေ လူမှုရေးကိစ္စနဲ့ ပတ်သက်လာရင် သူတို့အဒေါ်က မြှောက် မြှောက်ပေးတယ်။ အန်တီ့သမီး သုံးယောက်လုံး အိမ်ထောင်ပြုသွားပါပြီ။ သုံးယောက်လုံး အိမ်ထောင်ပြုခြင်းမှာ အန်တီ့ရဲ့ ခွင့်ပြုချက် မပါဘူး။ အသိပေးတာလောက်ပဲ ရှိတယ်။ အန်တီ့သမီးအကြီးဆိုရင် (၄၅)နှစ်ရှိပြီ။ ရေနံ ကုမ္ပဏီမှာလုပ်တယ်။ အလတ်က (၃၇) နှစ် စင်ကာပူမှာ။ အငယ်မလေးက (၂၉) နှစ် ဆရာဝန်မလေးပါ။
Speaker ။ ။ ရွာသာကြီးကို ပို့တာက ဘယ်သမီးလဲ။
DSSK ။ ။ သမီးသုံးယောက်လုံး ပို့တာပါ။ ရဲက သုံးယောက်လုံး စွဲခိုင်းတယ်။ မိသားစု ရှေ့နေရှိတယ်။ အစ်မကြီးသမီးတွေ တရားရုံး ရောက်ရင် ငြိမ်သွားမှာပေါ့ဆိုပြီး စွဲတာ။ ဘေးပယောဂ ပါတာရယ်။ သူတို့ရဲ့ ဘာသာ ရေးအသိ မရှိတာလည်း ပါတာပေါ့။ အန်တီက ပြောတယ်။ အမေ့မှာ ဘာမှမရှိဘူး။ အန်တီ့မှာ အကြွေးတွေ ရှိတယ်။ သားသမီး သုံးယောက်ကို ပညာသင်ခဲ့ရတာ။ အကြွေးတွေရှိတဲ့အခါကျတော့ အမေ့အကြွေးတွေကို ဆပ်မယ်။ အဖေရှိတုန်းက ဒီက ရတဲ့ အိမ်လခကို အဖေကယူတယ်။ အဖေမရှိတော့ ဒီက အိမ်လခကို အမေယူမယ်။ သမီးတို့လည်း အမေ့ကို မထောက်ပံ့နဲ့။ အများဆုံးထောက်ပံ့တာက သမီးအကြီးဆုံးကပဲ ထောက်ပံ့တယ်။ ဒီဟာရောင်းရရင် လေးပုံပုံမယ်။ သမီးတို့လည်း လေးပုံတစ်ပုံ။ အမေ လေးပုံတစ်ပုံ ယူမယ်။ အမေ့ လေးပုံတစ်ပုံလည်း သမီးတို့ကို အမေက ပေးမယ်။ ဆက်ခံခွင့်ထားခဲ့ မယ်ပေါ့။ ဒါပေမဲ့ အန်တီ့ရဲ့သမီးက ဘာပြောလည်းဆိုတော့ သမီးနာမည် က လင်းတင့်ကြည်။ လင်းတင့်ကြည်က ဥပဒေမှာတဲ့ လင်သေရင် မယားမရဘူး။ အဖေသေရင် သမီးရမယ်။ စာချုပ်စာတမ်းဥပဒေမှာ မရွှေ့ပြောင်းနိုင်တဲ့အိမ်ကြီး အန်တီ့ရဲ့ယောက္ခမကြီး တွေကတောင် ပေးခဲ့ပြီးသား။ နင်တို့ လက်ခံလို့ရတယ်ဆို ငါလိုက်ပို့ပေးမယ်။ သွားပို့တော့ ဟိုက မရဘူး။ နောက်ပြီးတော့ ကမ္ဘောဇဘဏ်မှာ သူတို့အဖေ စာအုပ်ကျန်ခဲ့တယ်။ အဲဒီ စာအုပ်ကို သူတို့ယူထားတယ်။ သူတို့က သွားထုတ်တယ် မရဘူး။ အန်တီ့ကို ရွာသာကြီးပို့ ထားတဲ့အချိန်မှာ သူတို့က သွားထုတ်တာ။ ဒါပေမဲ့ ဘဏ်ကပြောတာ လိုက်ကြည့်မယ်။ ဒေါ်စုစုကြည် တကယ်ရူးတယ်ဆိုရင် ထုတ်ပေးမယ်ဆိုတော့ ရှင်းရှင်းပြောရင် ဒါတွေ အားလုံး အန်တီရဲ့ သမီးတွေဟာ အဲဒီလောက် မကောက်ကျစ်ဘူး။ အန်တီမွေးခဲ့တာ အန်တီ သိတာပေါ့။ ဒါပေမဲ့ ကလေးတွေရဲ့ ကံတရား၊ အန်တီ့ရဲ့ အတိတ်ဝဋ်ကြွေး၊ သူတို့အဒေါ် အဓိက နောက်ကကြိုးကိုင်တဲ့သူကို ဖော်ချင်လို့ အန်တီ ဒါကို လုပ်တာပဲ။
Speaker ။ ။ ရွာသာကြီးကိုပို့တဲ့ အခြေ အနေက ဘယ်လိုကနေ ဘယ်လိုဖြစ်သွားလဲ။
DSSK ။ ။ ရွာသာကြီးကိုပို့တဲ့ အခြေအနေက ဖြစ်တဲ့နေ့က အန်တီက သူငယ်ချင်းတွေအိမ် သွားနေတာ။ အန်တီရဲ့ အမျိုးသား ဆုံးတဲ့နေ့ ကတည်းကစပြီး သူတို့က ထွက်လိုက် ဝင်လိုက်ပဲ အငြိမ်ကိုမနေဘူး။ အကြီးနှစ် ယောက်စလုံးကပေါ့။ အငယ်လေးကတော့ သွားလိုက် လာလိုက် ပေါ့။ မသဂြုႋဟ်ခင်လည်း သူတို့က အန်တီ့ကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူး။ သဂြုႋဟ်တဲ့နေ့မှာလည်း ကောင်းကောင်းမွန်မွန် မဆက်ဆံ ဘူး။ ရက်လည်တော့လည်း အဲဒီလိုပဲ သူစိမ်းလိုပဲ ဆက်ဆံတယ်။ မိထွေး လိုပေါ့။ ဒါပေမဲ့ ရက်လည်ပြီး နှစ်ရက်အကြာမှာ အန်တီက အိမ်မှာ တစ်ယောက်တည်း နေရတယ်ဆိုတော့ အဖော် ကောင်မလေးကလည်း အိမ်ပြန်ချင်တော့ သူငယ်ချင်းအိမ်မှာ သွားနေတော့ သူတို့က ၁ဝ နာရီခွဲ လာခေါ်တော့ အန်တီက ပြန်လာတယ်။ အိမ်ကိုပြန်ရောက်တော့ ည ၁၁ နာရီ ၂ဝ၁၅ ဇန်နဝါရီ ၃ဝ ရက် သောကြာနေ့ ည ၁၁ နာရီမှာပေါ့။ အန်တီ က အဲဒီမှာ ထိုင်နေတာ ကော်ဖီသောက်နေရင်းပေါ့။ အဲဒီအချိန်မှာ လူငါး ယောက်ဝင်လာတယ်။ သန်မာ ထွားကြိုင်းတဲ့ အမျိုးသားတွေပေ့ါ။ အဲဒီမှာ အန်တီက ဘာလာလုပ်တာလဲ။ အလတ်မက တံခါးဖွင့်ပြီး အမေ့ကို မြို့နယ်မှူးက တွေ့ချင်လို့တဲ့ဆိုတော့ ဘာလုပ်ဖို့ တွေ့ချင်လည်း မနက်ဖြန်မှတွေ့လေ ညဉ့်နက်နေပြီလို့ ပြောတာပေါ့။ အဲဒီမှာပဲထိုင်နေတာ။ အဲဒီအချိန်မှာ အန်တီက နည်းနည်းပိန်နေတာပေါ့။ စိတ်လည်း ညစ်နေတာ ကိုး။ အဲဒီအချိန် အန်တီကို ပွေ့လိုက်တယ်။ ပွေ့ပြီး ပါးစပ်ပိတ်လိုက်တာ အန်တီကလည်း ရုန်းတာပေါ့။ အိမ်ရှေ့မှာ တက္ကစီ ရောက်နေတယ်။ ဒရိုင်ဘာဘေးမှာ တစ်ယောက်ထိုင်တယ်။ ဘေးမှာ အန်တီ့သမီး အလတ် ထိုင်တယ်။ အန်တီက အလယ်မှာ ဘေးမှာ နှစ်ယောက်၊ နောက်မှာ နှစ်ယောက်နဲ့ပေါ့။ အန်တီ့ကို တဖြည်းဖြည်းနဲ့ ခေါ်ခေါ် သွားလိုက်တာ ဒီနား ညာဘက်ကိုကွေ့မယ်ဆို မြို့နယ်ကောင်စီ မကွေ့ဘူး။ ဘယ်ကို ကွေ့တယ်။ နင်တို့ ဘယ်ကွေ့တယ်ဆိုတော့ SSC တဲ့။ SSC ကျရင်လည်း ဘယ်ကွေ့ရမှာလေ။ အဲဒါလည်း မကွေ့ဘူး။ တည့်တည့် ကြီးသွားတော့ အန်တီက ဒီကနေ ရွာသာကြီးကို တွက်ကြည့် ၄၅ မိနစ် လောက် မောင်းရတယ်။ ညဘက်ကြီး လမ်းကလည်း ခင်းနေတာ။ ဟိုကျတော့ စိတ်ကျန်းမာရေးဆေးရုံကြီး ရွာသာကြီး အန်တီ့သမီးကို အန်တီက ငယ်ငယ်လို့ ခေါ်တာကိုး။ ငယ်ငယ် နင်ငါ့ကို လုပ်ချလိုက်ပြီ ပြောလိုက်တယ်။ ဟိုကျတော့ အန်တီက ကားပေါ်ကမဆင်းဘူး။ မဆင်းရင် အတင်းခေါ်မယ်တဲ့ ခေါ်ရင် အော်မှာပဲလို့။ အဲဒီမှာ ဆရာဝန်မလေးက အန်တီခဏလေး ဆင်းလိုက်ပါဆိုတော့ ဆင်းလိုက်တာပေါ့။ ဆင်းတော့စစ်တာပေါ့။ ဆင်းလည်းဆင်းရော အန်တီ့ကို ချုပ်တာပေါ့။ အန်တီက ရုန်းတာ အတင်းကိုရုန်းတာ။ အဲဒီအချိန် နာရီကြည့်လိုက်တော့ ည ၁ နာရီ။ သူတို့က လက်ကို ဆေးတစ်လုံး ထိုးလိုက်တယ်။ အဲဒီမှာ မေ့ သွားတယ်။ နောက်တစ်နေ့မနက်မှာ အန်တီ့ကို နှစ်ယောက်ခန်းမှာ တစ်ယောက်တည်းထားတယ်။ အန်တီက နာရီကြည့်လိုက်တော့ ၅ နာရီ ငါဘယ်ရောက်နေလဲလိုဆိုတော့ တစ်ဖက်ခန်း လူနာစောင့် ကောင်မလေးက အန်တီ ရွာသာကြီး ရောက်နေတာဆိုတော့ အန်တီသိပြီလို့ ပြောလိုက်တယ်။ အဲဒီကစပြီး ရှစ်ရက်မြောက်နေ့မှာ အန်တီကတော့ အရူး တွေကြားထဲမှာ နေရတာပေါ့။ အန်တီရောက် တဲ့ အချိန်တုန်းက တစ်နေ့လုံး အရူးတွေကို လွှတ်ထားတယ်။ အခုနောက်ပိုင်းတော့ မသိဘူး။ အန်တီက မနက်ဆို ဆရာဝန်အခန်းထဲမှာ နေတယ်။ အရူးဆေးရုံဆိုတော့ အရူးလိုပဲပေါ့။ ရှစ်ရက်မြောက်မှာ လူနာစောင့်တစ်ယောက်ဆီမှာ ဖုန်းပါတယ်။ သူ့ဖုန်းနဲ့ အန်တီ့ ညီမကို ဖုန်းဆက်တယ်။ နောက် အန်တီ့ရဲ့ အစ်မ ထောင်ဆရာဝန် လုပ်ခဲ့ဖူးသူလေ။ သူတို့ဖုန်းနှစ်လုံးပဲ အလွတ်ရတာလေ။ ဆက်တော့ နှစ်ယောက်လုံး ဖုန်းမကိုင်ဘူး။ နောက်ပိုင်းမှာ အန်တီ့ညီမက ဖုန်းကိုင်တယ်။ အန်တီ့ရဲ့ အိမ်နာမည်က မစီလေ။ အဲဒီမှာ မစီ ဘယ်ရောက်နေတာလဲ။ ငါရွာသာကြီးမှာ။ အဲထင်သားပဲတဲ့။ ဒီမှာတော့ အမှုဖွင့်ထားတယ်ဆိုတော့ ငါ့ကို လာခေါ်လှည့်ဆိုတော့ ည ၇ နာရီရှိနေပြီ။ နောက်နေ့က စနေနေ့။ အဲဒီရက်မှာ ဘာပြောလဲဆိုတော့ နပ်စ်မလေး ကပေါ့ အန်တီ ရွှေမြယာဆရာတော်က ထမင်းလာကျွေးမယ်ဆိုတော့ အန်တီက စိတ် ရောဂါဝေဒနာရှင်မှ မဟုတ်တာ။ အထဲမှာနေတာပေါ့။ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး အန်တီ့ အမျိုးတွေရော၊ အန်တီတူတွေရော အကုန်လုံး လာကြတယ်။ အဲဒီမှာ ရန်ဖြစ်ကြတယ်။ နောက်ဆုံး တနင်္လာနေ့ကြရင် ဆရာဝန်ကြီးနဲ့ ဘုတ်ထိုင်ပြီးတော့ ပြန်လွှတ်ပေးပါ့မယ် ဆိုပြီးတော့ တနင်္လာနေ့မှာ ဘုတ်ထိုင်တော့ ဒေါက်တာဝင်းအောင်မြင့် စိတ်ကျန်းမာရေး ဆရာဝန်ကြီး။ သူက ကျွန်တော် ဝင်းအောင်မြင့် လို့ပြောတယ်။ အဲဒီမှာ အန်တီက ဆရာနဲ့ ကျွန်မတွေ့တာ ဒါ first time ပဲနော် ဆိုတော့၊ သူက ဟုတ်ပါတယ်ဆိုတော့ အန်တီ့ကို အရင် စစ်တယ်။ အန်တီ့အမျိုးတွေကို စစ်တယ်။ နောက် အန်တီ့သမီးတွေ စစ်တယ်။ ဆရာကြီး က ကျွန်တော် လူမှုရေးအရ မှားပြီးတော့ ခေါ်လိုက်မိတာပါ။ အန်တီက အိမ်ပြန်လို့ရ ပြီလားဆိုတော့ ရပြီတဲ့။ အဲဒီမှာ ကျွန်မကို ဘယ်လို DC ပေးမှာလဲဆိုတော့ ကျွန်မကို အရူးလက်မှတ်ပေးမှာလားဆိုတော့ မဟုတ် ပါဘူး အန်တီတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ မပေးပါဘူးဆိုတော့ သမီးကြီးက အိမ်ပြန်ခေါ်လို့မရဘူးတဲ့ အိမ်မှာ ဘယ်သူမှ မရှိဘူးတဲ့ ဆရာဝန်ကြီးက အငယ်ဆရာဝန်မ ကို နင့်အမေနဲ့ ပြန်နေရမယ်ဆိုတော့ အငယ် မလေးက အမေ့ကြောက်လို့ အစ်မနဲ့သွားနေ တာ ၁၁ ရက်မြောက်နေ့မှာ အစ်မကြီးက လာခေါ်တယ်။ သုဝဏ္ဏ ရွှေအင်ကြင်းအိမ်ရာမှာ ရက် ၄ဝ နေခဲ့ရတယ်။ ဘာလို့လဲဆို တော့ ဒီအိမ်မှာ သော့က သုံးချောင်းရှိတာကိုး။ အန်တီ့ကို တစ်စုံပဲပေးပြီး သူတို့ကနှစ်စုံ ယူထားတာ။ အဲဒီတော့ အန်တီက သော့တွေ အကုန်လုံး လဲပစ်တယ်။ သူတို့နဲ့ ပြဿနာဖြစ်တာက ၂ဝ၁၅ ဇန်နဝါရီ ၂၁ ရက်က ဖြစ်တာ တရားရုံးမှာပေါ့။ ဒါပေမဲ့ အန်တီက ရဲမှာ အမှုဖွင့်တော့ ရဲက အမေနဲ့ သမီးဆိုတော့ ရှောင်နေဆိုပြီး အန်တီက ရှောင်နေတယ်။ အိမ်ကကောင်မလေးကို လာလာဆွယ်တယ်။ အဲဒီတော့ အန်တီက ကောင်မလေးကို ခေါ်သွားတယ်။ သူတို့မှာ သော့ရှိတော့ အန်တီ က အထဲကနေ သော့ခတ်ထားတယ်။ အဲဒီမှာ ဒီဝင်ပေါက်က မဟုတ်ဘဲ ဘုရားခန်းနားက ဆွဲတံခါးလေး တစ်ခုရှိတယ်။ အဲဒီသော့က အန်တီ့ဆီမှာပဲ ရှိတယ်။ အဲဒီမှာ ကောင်မလေးနဲ့ အပြင်ထွက်မယ်ဆို ကောင်မလေးကို အ ရင်ထွက်ပြီးမှ အန်တီက သော့ပိတ်။ အဲဒီဆွဲ တံခါးကနေထွက်ပြီး ပြန်ပိတ်တာပေါ့။ အဲဒီလို လုပ်တာကို အန်တီရဲ့ ယောက်မကနေပြီး နှစ်ရက်မြောက်နေ့မှာ အပေါ်ထပ်ကနေပြီး ကြည့်နေတာ။ ဘယ်ကဝင်တယ် ဆိုတာကို တွေ့သွားတယ်။ သုံးရက်မြောက်နေ့မှာ အန်တီ့သမီးအလတ်နဲ့ ယောင်းမရဲ့အမျိုးသား အဲဒီသော့ကို ဖျက်နေတာ။ ရဲကို ဖုန်းဆက်ရတာပေါ့။ အဲဒီမှာ အမှုဖွင့်တယ်။ သုံးရက်အထိ မလာတော့ တရားရုံးကို အန်တီဦးတိုက်လျှောက်တာ ၂ဝ၁၆ ဇန်နဝါရီ ၂၈ ရက်ကနေ အမှုရင်ဆိုင်နေတာ အခုထိပဲ။ နောက် သူတို့က ပြည်ထဲရေးကို တိုင်တာ ရှိသေးတယ်။ ပြည်ထဲရေးကနေ ရန်ကုန်တိုင်းရဲကို ချတယ်။ အဲဒီကနေ အနောက်ပိုင်းခရိုင် ရဲမှူးပြီးတော့ ဗဟန်းရဲမှူး ဦးခင်မောင်ကြီး သူ့ကို ချပေးတော့ အန်တီကိုစစ်တယ်။ အစစ်ခံပြီးပြီ ရဲက သူတို့ကို တောင်းပန် ခိုင်းတယ်။ သူတို့မတောင်းပန်ဘူး။ အန်တီက အမှုဖြစ်တာ နှစ်နှစ်ခွဲ ယောကျ်ား သေတာ သုံးနှစ်ဆိုတော့ အန်တီ့ အနေနဲ့ လုပ်သင့်ပြီလို့ ထင်လို့ ဒီလို မီဒီယာ ကို ပြောတာဖြစ်တယ်။ အဲဒီလို လုပ်တာဟာ လည်း ဒီတိုက်မှာ အမျိုးတွေပဲရှိတာ။ သူတို့က တော့မပါဘူး ဒါပေမဲ့ အခုချိန်မှာ အဓိကပါဝင်တာက သြစတေးလျားမှာ ၁၉၈၉ မှာ ထွက်သွားတဲ့ ယောင်းမအငယ် မြှောက်လို့ သူက အန်တီကို အတိုက်အခံလုပ်တယ်။ ဒါကြောင့်မို့ အန်တီက လုပ်လိုက်တာ ဒါပဲ။ အန်တီက အမှန်တရားကို ဖော်ထုတ်တာပါ။ တကယ်လုပ်တဲ့သူကို ခံစေချင်တာ ဥပဒေ အရပဲလေ မီဒီယာကို ဘာဖြစ်လို့ ပြောရလဲ ဆို နိုင်ငံတော်ကသိအောင် ခေတ်တွေလည်း ပြောင်းပါပြီ။
Speaker ။ ။ အန်တီရဲ့အမျိုးသား ကျန်ခဲ့တဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်ကျန်ခဲ့လဲ။
DSSK ။ ။ ဒီခြံကြီးရောင်းလို့ရရင် အချိုး ကျရမယ်။ ဘယ်လောက်တန်တယ်ဆိုတာတော့ မသိဘူး။ အန်တီ့ယောကျ်ားရှိတုန်းက လည်း ပေးရင်ယူတယ်၊ ကျွေးရင်စားတယ်။ ဒါပေမဲ့ အန်တီ့ကို အဓိက ထောက်ပံ့ပေးခဲ့တာက အမျိုးသားက မြန်မာပြည်မှာတုန်းက တက္ကစီမောင်းတယ်၊ ရှာကျွေးပါတယ်။ ဂျပန် ထွက်သွားတယ်။ အဲဒီမှာ (၁၉) နှစ်ဆိုလည်း သူက ပျော်သလိုနေတာပေါ့။ ဒါပေမဲ့ အန်တီ့ အပေါ်မှာ အရမ်းကောင်းတာက ယောက္ခထီး နဲ့ ယောက္ခမပဲ။ ဟိုဘက်ခန်းမှာ နေတယ်။ ဒါပေမဲ့ ဆုံးသွားကြပြီ။ သူတို့ကလည်း သား မရှိတော့ ဒီအိမ်ကြီးကို အမွေဆက်ခံခွင့်ပေး ခဲ့ပါတယ်။ စာချုပ်စာတမ်းနဲ့ တရားဝင်လုပ် ပေးခဲ့ပါတယ်။ အဲဒါနဲ့တင် တရားဝင်ပါတယ်။ ဥပဒေအရ အကျုံးဝင်စေချင်လို့ အရှေ့ပိုင်းခရိုင် တရားရုံးမှာ အန်တီက ဦးတိုက်လျှောက် ပြီးပါပြီ။ အန်တီက အခု ပင်စင်နှစ်သောင်း ရှစ်ထောင် ရပါတယ်။ ဒီအိမ်ရှေ့က ငှားထားတာ အန်တီရပါတယ်။ သုံးနှစ်ရှိပြီပေါ့။ ဒါပေမဲ့လည်း အန်တီမှာ အကြွေးတွေ သိန်းနှစ်ရာ့ငါးဆယ် ဆပ်ခဲ့ရပါတယ်။ အန်တီ မရှက်ပါဘူး။ အကြွေးကတော့ကျေပြီ။ အတိုးတွေကတော့ ပေးရဦးမှာပေါ့။ ပေးရမယ့်သူက အန်တီရဲ့အမျိုးသားတူလေးကို ပေးရမှာ ကြွေးပူတော့ မဟုတ်ဘူး။ ဒီအိမ်ကြီး ရောင်းရရင်တော့ ပေးမယ်လို့ပြောထားတယ်။ ကြွေးအေးပေါ့။ အန်တီသည် အခုချိန်မှာ နေစရာ အိမ်ရှိတယ်။ အန်တီက သမီးတွေကို ဆယ်တန်းအောင်ရင် ကားမောင်းသင်ပေးတယ်။ ကိုယ်တိုင်ကားမောင်းပြီး ကျောင်းတက်ခိုင်းတယ်။ သမီးကြီးက ဝိဇ္ဇာသိပ္ပံ၊ အလတ်က ECO ၊ အငယ်က ဆေး(၂)။ ဒါပေမဲ့ အန်တီက ဟိုဘက်လမ်းမှာ အမွေရသေးတယ်။ အငယ်မလေး ကျောင်းတက်တုန်းက သိန်းနှစ် ရာနဲ့ ပြိုင်ကားလေးဝယ်ပေးသေးတယ်။ သမီးလေး အိမ်ထောင်ကျပြီး အန်တီနဲ့ ပြဿနာ ဖြစ်တော့ ရောင်းလိုက်တော့ သိန်းငါးဆယ်ပဲ ရပါတယ်။ သားတို့အမြင် ဆိုရင်တော့ အန်တီ့ဘဝက အေးချမ်းတယ်လို့ ထင်မှာပါ။ ဒီအိမ်ရောင်းရရင်ရမှာ ဒါပေမဲ့လည်း အမွေဆိုတာ ထိုက်မှ စားရတာပါ။ တကယ့်အစစ် အမှန် အန်တီလိုချင်တာက ဘယ်သူပဲဖြစ် ဖြစ် ဝင်မပါနဲ့။ မိသားစုပြေလည်အောင် လုပ်ချင်လုပ်။ အခုဖြစ်နေတာက ယောင်းမပေါ့။ အန်တီနဲ့ဆိုတော့ သူစိမ်းလေ။ သမီးတွေနဲ့ကျတော့ သူတို့အဒေါ် ဖြစ်တာပေါ့။ ဒါတွေက မလုပ်သင့်ဘူးလေ။ သူလည်း အိမ်ထောင်နဲ့ အမေတစ်ယောက်အနေနဲ့ စဉ်းစားကြည့်လေ။ ကိုယ်ချစ်တဲ့ သမီးတွေနဲ့ ခွဲနေရတာ ဘယ်လို ခံစားရတယ်ဆိုတာ သားတို့စဉ်းစားကြည့်ပါ။ (ငိုပြီးတော့ပြောသည်) ကိုယ်ချစ်တဲ့ သမီးတွေလေ။ အန်တီ အရမ်းစိတ်ထိခိုက်ခံစားရ ပါတယ်။ အန်တီ အများကြီး စဉ်းစားပါတယ်။ အန်တီမှာ တိုင်ပင်ရမယ့်သူဆိုတာ မရှိပါဘူး။ အန်တီအစ်မတွေကလည်း သူတို့ကို စိတ်နာ တယ်။
Speaker ။ ။ ဒီလိုလုပ်ရတဲ့ အကြောင်းက နောက်ကွယ်က ဘယ်လိုတွေ ရှိလို့ထင်လဲ။
DSSK ။ ။ အန်တီ့အမြင်က မိသားစုမှာ ဖွင့်မပြောသာတဲ့ အကြောင်းတွေရှိမယ်။ ရှိလည်း ရှိပါတယ်။ ဒါပေမဲ့ အန်တီသည် သေ သွားတဲ့သူတွေကို မထိခိုက်စေချင်ပါဘူး။ အဓိက တကယ်တော့ ရှင်းရှင်းလေးပြောရရင် အများထင်သလို အမွေလိုချင်လို့ မဟုတ်ဘူး။ သမီးတွေက အမွေလိုချင်လို့ မဟုတ်ဘူး။ သွေးထိုးပေးသူက အမွေမပေးချင်လို့။ ဒါကြောင့်မို့ မိသားစုပြိုကွဲအောင် လုပ်လိုက်တာပဲ။ ဒါပေမဲ့ အန်တီနဲ့ သမီးတွေကြားမှာလည်း လူမှုရေးကိစ္စတော့ ရှိတာပေါ့။ ဒါတွေ ဟာ ဖွင့်မပြောသာဘူး။ အမေဆိုတာ သူများပြောမှ ကြားရတာလေ သားသမီးယုံ စုံလုံး ကန်းလေ။ ကျွန်ယုံရင် တစ်ဖက်ပဲ ကန်းတာ။ ဖွင့်မပြောသာတဲ့ အကြောင်းတွေရှိတဲ့အတွက် ဘာမှမပြောချင်ဘူး။ အန်တီနားမလည်တာ က အန်တီသမီးတွေက တစ်ဖက်ကသွေးထိုး တာကိုဘာ့ကြောင့် သူတို့ဘဝကို အပျက်ခံ ပြီး။ လုပ်သလဲဆိုတာကိုတော့ အန်တီ အဲဒီ အဖြေကို လိုချင်လို့ အန်တီ ဒါလုပ်တာပါ။ နောက်က လက်မဲလေ အခုဟာက သမီးတွေနဲ့ ဖိုက်နေရတာလေ။ အန်တီသမီးတွေထဲမှာ အကြီးဆုံးလေးက လိမ္မာတယ။် သူက ရှာ ကျွေးခဲ့တယ်။ အန်တီ့ကို ရှာကျွေးလို့ ကျေးဇူး တင်ရမယ်ဆိုရင် သမီးအကြီးပဲရှိတယ်။ အလတ်နဲ့ အငယ်က အန်တီ့အပေါ်မှာ ကျေးဇူး တစ်စက်လေးမှ မရှိခဲ့ဘူး။ ကလေးတစ်ယောက်ကို ကျောင်းထားရတယ်ဆိုတာ မိဘတိုင်း သိပါတယ်။ အန်တီပြောချင်တာက မြန်မာ ပြည်မှာရှိတဲ့ မိခင်တွေအားလုံး ကိုယ်စားပြုတယ်။ သားသမီးတွေ အားလုံးကို ကိုယ်စားပြုတယ်။ မိခင်ဆိုတာ ဘယ်တော့မှ သားသမီး အကျိုးယုတ်အောင် မလုပ်ဘူးဆိုတာ ပေါ်လွင်စေချင်ပါတယ်။ နောက်တစ်ချက် သားသမီးတိုင်းသည် မိခင်ကျေးဇူးကို မဆပ်ချင် နေ ကျေးဇူးမကန်းသင့်ဘူးဆိုတာ ကျန်တဲ့ သားသမီးတိုင်း သိစေချင်လို့ ဒီပြသနာကို ဖော်ရတာပါ။
Speaker ။ ။ ဒီရက်ပိုင်း လူမှုကွန်ရက်မှာလည်း ပြန့်သွားတော့ သားသမီးတွေက ပြန်ပြီး ဆက်သွယ်တာ ရှိလား။
DSSK ။ ။ ဧပြီသုံးရက်က ဗဟန်း ဒုမြို့နယ်မှူးက ခေါ်ပေးတယ်။ သူတို့ဆီမှာ အန်တီတို့က အစစ်ခံခဲ့ရတာကိုး။ အငယ်မလေးက မမကို ပြောပေးပါဆိုတော့ မလာပါဘူး။ သုံးရက်ထိ စောင့်သေးတယ်။ ဒုမြို့နယ်မှူးက အန်တီ ကြိုက်သလိုလုပ်ပါလို့ ပြောတယ်။ မဆက်သွယ်ပါဘူး။ အလတ်ကတော့ စင်ကာပူ မှာ နေတယ်ဆိုတော့ တရားရုံးက ကင်းလွတ်ခွင့်ပေးထားတယ်။
Spaker ။ ။ အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတာ Speaker က ကျေးဇူးတင်ပါတယ် အန်တီ။
 Lwinpyin

Thursday, May 17, 2018

ဥပါဒါန္ရုပ္ရွင္ဇတ္ကားၾကီးရဲ့ ဒါရိုက္တာဗန္းၾကီးႏွင့္အင္တာဗ်ဴး


ဥပါဒါန္ရုပ္ရွင္ဇတ္ကားၾကီးရဲ့ ဒါရိုက္တာဗန္းၾကီးႏွင့္အင္တာဗ်ဴး

Tuesday, May 15, 2018

ဆီးခ်ိဳသမားမ်ားရဲ႕ လြဲမွားတတ္ေသာအရာမ်ားဆီးခ်ိဳသမားမ်ားရဲ႕ လြဲမွားတတ္ေသာအရာမ်ား"


ပါေမာကၡေဒါက္တာဦးကိုကို (ဆီးခ်ဳိႏွင့္ အေထြေထြေရာဂါအထူးကု)ႏွင့္ ေတြ႕ဆံုေဆြးေႏြးျခင္း
ေမး။ ။ ဆီးခ်ဳိသမားေတြမွာ အမ်ားဆံုး လြဲမွားတတ္တဲ့အရာေတြကို သိပါရေစ ဆရာ။

ဖ။ ။ အမ်ားဆံုး လြဲမွားတဲ့အခ်က္ေတြကေတာ့ ေဆးေတြကုိ ရပ္လုိက္တာတို႔၊ ေလွ်ာ့ေသာက္ၾကတာတို႔ေတြျဖစ္တာ မ်ားပါတယ္။ တစ္ခါတေလ အဂၤလိပ္ေဆးေတြ အကုန္ရပ္လိုက္ၿပီးေတာ့ ေဆးၿမီးတိုေတြ ေသာက္တာလည္းရွိပါတယ္။
တစ္ခါတေလ ပ်ားမီးစြဲရြက္ေတြေသာက္တယ္၊ သၾကားမကိုက္ရြက္ေတြ ေသာက္ေနတာလည္း ရွိပါတယ္။ ဒီပ်ားမီးစြဲရြက္ေတြ၊ သၾကားမကုိက္ရြက္ေတြ ေသာက္လုိ႔ရပါသလားလို႔ ေမးရင္ ဆရာတို႔ အေတြ႕အႀကံဳအရေတာ့ အဲဒီအရြက္ေတြေသာက္ရင္ ဆီးခ်ဳိက်ပါတယ္။ ဒါေပမဲ့ ဆရာတို႔က လူနာကုိ ေဆးကုသတဲ့အခါမွာ ဆီးခ်ဳိက်႐ံု တစ္ခုတည္းမကဘဲ အသက္ရွည္ေအာင္ပါ ေဆးေပးရပါတယ္။ အခု ဆရာတို႔တစ္ေတြ ေသာက္သံုးခုိင္းေနတဲ့ ႏုိင္ငံျခားေဆးေတြကေတာ့ အကုန္းစမ္းသပ္ၿပီးသားေတြပါ။ ႏိုင္ငံျခားေဆးေတြကို ေသာက္ရင္ ဆီးခ်ဳိလည္း က်တယ္၊ အသက္လည္းရွည္တယ္၊ ေသေသခ်ာခ်ာ စမ္းသပ္ထားတာျဖစ္တဲ့အတြက္ ေသခ်ာပါတယ္။ ဒီေဆးၿမီးတိုတစ္ခြက္ေသာက္လုိက္ရင္ ဆီးခ်ဳိက ဘယ္ေလာက္က်သြားလည္း မသိႏုိင္ပါဘူး။ သူတို႔ကုိ ေရရွည္စမ္းသပ္ထားတာလည္း မရွိပါဘူး။ ဆရာတို႔ကေတာ့ လူနာကုိ ကုိယ့္သေဘာပါလို႔ပဲ ေျပာပါတယ္။
ႏုိင္ငံျခားေဆးတစ္လံုးေသာက္လိုက္ရင္ ဆီးခ်ဳိဘယ္ေလာက္က်သြားမလဲဆိုတာ ဆရာတုိ႔ အၾကမ္းဖ်င္းသိပါတယ္။ ဒီအရြက္တစ္ရြက္ကုိ ေသာက္လုိက္ရင္ ဆီးခ်ဳိ ဘယ္ေလာက္က်သြားမလဲ မသိပါဘူး။ ဆီးခ်ဳိေတာ့ က်ပါတယ္၊ ဒါေပမဲ့ ဘယ္ေလာက္က်မယ္၊ ဘာေတြျဖစ္ႏုိင္လဲ ဆိုတာလည္း မသိ။ ကိုယ့္အယူအဆနဲ႔ ကုိယ္ေဆးၿမီးတိုေတြ၊ တ႐ုတ္ေဆးေတြ ေသာက္တာဟာဆီးခ်ဳိက်ခ်င္ က်မယ္၊ ဒါေပမဲ့ ကုိယ့္အသက္ကိုေတာ့အပ္ထားတာနဲ႔ အတူတူပါပဲ။ ဆီးခ်ဳိထိန္းခ်ဳပ္မႈ (Control) မေကာင္းရင္ ေနာက္ဆက္တြဲ ဆိုးက်ဳိးေတြျဖစ္တတ္ပါတယ္။ ေျခေထာက္ျဖတ္ရတာ၊ မ်က္စိမျမင္ရေတာ့တာေတြအထိ ျဖစ္တတ္ပါတယ္။
ေမး။ ။ ဆီးခ်ဳိသမားေတြ စားေသာက္ရာမွာ သတိျပဳသင့္တဲ့ အခ်က္ေတြရွိရင္လည္း သိပါရေစ ဆရာ။
ေျဖ။ ။ ဆီးခ်ဳိသမားေတြအတြက္ အေရးႀကီးတဲ့ အခ်က္တစ္ခုကေတာ့ အစားအေသာက္ပါပဲ။
အၾကမ္းဖ်င္းအားျဖင့္ ဆီးခ်ဳိသမားေတြမွာ ႀကိဳက္သေလာက္စားလို႔ရတဲ့ အစားအစာဆိုရင္ ဟင္းသီးဟင္းရြက္ေတြရယ္၊ အသားေတြ၊ ငါးေတြရယ္ကုိ ႀကိဳက္သေလာက္စားလို႔ရပါတယ္။ ဆီျပန္ဟင္းစားလို႔ ရပါတယ္။ ဆန္၊ ဂ်ံဳ၊ ေခါက္ဆြဲကုိ အသင့္အတင့္စားလုိ႔ရပါတယ္။ဘယ္လိုဆန္ကုိပဲစားပါလုိ႔ေတာ့မေျပာပါဘူး။ ဒါေပမဲ့လံုးတီးဆန္က အေကာင္းဆံုးျဖစ္ပါတယ္။ ဘက္စမာတီဆိုတဲ့ ဆန္ကုိလည္း ဆီးခ်ဳိမတက္ဘူးဆိုၿပီးစားေနက်ဆိုေပမယ့္ သူလည္းတက္ပါတယ္။ ဆန္အမ်ဳိးအစားနဲ႔စာရင္ ဆန္ပမာဏနဲ႔ ပုိဆိုင္မယ္လုိ႔ ေျပာလို႔ရပါတယ္။ အေနာက္တစ္ခုက ေရခန္းခ်က္တာနဲ႔ ေရငဲွ႔ခ်က္တာ ဘယ္လိုခ်က္ရမလဲဆိုရင္ ဆရာတုိ႔ကေတာ့ မလိုဘူးလို႔ပဲ ေျဖပါတယ္။ နည္းနည္းေလးေတာ့ ကြဲျပားမႈရွိေပမယ့္ မထူးျခားပါဘူး။ ဆန္ပမာဏအေပၚပဲ မူတည္ပါတယ္။ ဆီးခ်ဳိတက္ရင္ ထမင္းေလွ်ာ့စားပါ။ဆီးခ်ဳိတက္လုိ႔ ခ်ာပါတီနဲ႔ ေျပာင္းစားမယ္ဆိုလည္းမထူးပါဘူး။အသီးေတြစားမယ္ဆိုလည္း အရမ္းခ်ဳိတဲ့အသီးနဲ႔ အရမ္းမခ်ဳိတဲ့ အသီးမွာ အရမ္းမခ်ဳိတဲ့ အသီးေတြကုိ စားလို႔ရပါတယ္။ အရမ္းမခ်ဳိတဲ့ သစ္ေတာ္သီးတို႔၊ပန္းသီးတို႔စားလုိ႔ရပါတယ္။ အရမ္းခ်ဳိတဲ့ အသီးေတြျဖစ္တဲ့ သရက္သီးတို႔၊ ဒူးရင္းသီးတို႔ စားမယ့္အခ်ိန္မွာေတာ့ ဆီးခ်ဳိတက္ေနရင္ မစားပါနဲ႔၊ ဆီးခ်ဳိမတက္ရင္ေတာ့ စားလို႔ရပါတယ္။ တစ္သက္လံုး မစားရဘူးဆိုတဲ့ အစာ ဘာမွမရွိပါဘူး။

ေမး။ ။ဆီးခ်ဳိသမားေတြကအတြက္ သီးသန္႔ စားရမယ့္ အစားအေသာက္ေတြ ရွိပါသလား ဆရာ။
ေျဖ။ ။ ဆီးခ်ဳိသမားေတြ သီးသန္႔စားရမယ္ဆိုတဲ့ အစားအေသာက္လည္းမရွိပါဘူး။ ခ်ဳိတဲ့အရည္ေတြ၊ အစားအေသာက္ေတြ မွန္သမွ်ကိုလည္း ဆီးခ်ဳိမတက္ရင္ စားေသာက္လုိ႔ရပါတယ္။ ဆီးခ်ဳိတက္ေနရင္ေတာ့ မစားေသာက္ပါနဲ႔။ တခ်ဳိ႕အစားအေသာက္ေတြမွာ ဆီးခ်ဳိသၾကား ထည့္ေသာက္ရင္ ပုိေကာင္းပါတယ္။ေနာက္ျပႆနာတစ္ခုက ေကာ္ဖီမစ္ပါ။ ဆီးခ်ဳိသမားေတြ ေသာက္တဲ့ေကာ္ဖီမစ္၊ ေကြကာအုတ္ဆို ၿပီး ေရာင္းေနတာေတြ ရွိပါတယ္။ ဒါေတြကုိေလ့လာတဲ့အခါမွာ အဲဒါေတြကလည္း ဆီးခ်ဳိတက္တာကိုေလ့လာစမ္းသပ္မႈအရ ေတြ႕ပါတယ္။ အဲဒီေကာ္ဖီေတြ ေသာက္မယ့္အစား ေကာ္ဖီကုိအက်ရည္ေဖ်ာ္ၿပီး ႏြားႏို႔၊ ႏို႔စိမ္းနဲ႔ ဃသ္္နန ၾေအနနဲ႔ ဆီးခ်ဳိသၾကားနဲ႔ တြဲေသာက္ရပါတယ္။ ဆုိင္ကေန ေသာက္ခ်င္ရင္ ႏုိ႔စိမ္းတီးေသာက္ပါ။ ႏို႔ဆီ မထည့္ရဘူး၊ သၾကားမထည့္ရပါဘူး။ တစ္ေန႔ သံုးခြက္ေလာက္ ေသာက္လို႔ ရပါတယ္။ဆရာက ဖရဲသီး ၅၀ ဂရမ္ရယ္၊ လိေမၼာ္သီး ၅၀ ဂရမ္ရယ္ကုိ လူတစ္ေယာက္တည္းကုိပဲ ေကြၽးပါတယ္။ ေကြၽးၿပီးရင္ ႏွစ္နာရီၾကာမွာ ျပန္တုိင္းမယ္၊ အဲဒီမွာ ေသြးတြင္းသၾကားဓာတ္ကုိ ျပန္တုိင္းပါမယ္။ အဲဒီမွာ ဘယ္အသီးစားရင္ ဆီးခ်ဳိ ဘယ္ေလာက္တက္သြားလဲ ဆိုတာကုိေလ့လာၿပီး ဆီးခ်ဳိတက္ႏႈန္းမ်ားတဲ့ အသီးေတြနဲ႔ နည္းတဲ့အသီးေတြဆိုၿပီးေတာ့ ခြဲျခားထားပါတယ္။ ဒီလိုခြဲျခားထားေပမယ့္လည္းလူနာကခ်ဳိတဲ့ အသီးေတြကုိ စားခ်င္ေနတယ္၊ ဆီးခ်ဳိတိုင္းၾကည့္လို႔ တက္မေနရင္စားခိုင္းတယ္။ စစ္ၾကည့္လို႔ ဆီးခ်ဳိေကာင္းရင္ ခြင့္ျပဳပါတယ္။ ေရခဲမုန္႔လည္းေကြၽးပါတယ္။ ဆီးခ်ဳိသမားေတြကုိ မွာခ်င္တာကေတာ့ မစားရတဲ့ အစာဆိုတာ မရွိပါဘူး။ ဒါေပမဲ့ကုိယ့္ဂဏန္းေတြကုိကုိယ္သိပါ။ ခ်ဳိတဲ့အရာ မွန္သမွ်ကုိ ဆီးခ်ဳိတက္ေနရင္ မစားပါနဲ႔။ မတက္ရင္ စားပါ။

ေမး။ ။ ဆီးခ်ဳိသမားေတြဖ်ားတဲ့အခါ အစားအေသာက္နဲ႔ ပတ္သက္ၿပီး ဘယ္လို သတိထားသင့္ပါသလဲဆရာ။
ေျဖ။ ။ ဆီးခ်ဳိသမားေတြမွာ လြဲမွားတတ္တာ ေနာက္တစ္ခုက ဆီးခ်ဳိသမားေတြ ဖ်ားတဲ့အခါမွာ ဘာမွမစားေတာ့ဘူး။ ဘာမွမစားေတာ့တဲ့အတြက္ ဆီးခ်ဳိေဆး ေတြကို ရပ္ပစ္လိုက္ပါတယ္။ အဲဒါ မွားပါတယ္။ ဘာလို႔မွားလဲဆိုရင္ အဖ်ားရွိတဲ့အတြက္ ဆီးခ်ဳိသမားမွာစိတ္ဖိစီးမႈ၀င္သြားပါတယ္။ စိတ္ဖိစီးမႈေၾကာင့္ ေသြးတြင္း သၾကားဓာတ္က ပုိတက္လာပါတယ္။ အဲဒီအခ်ိန္မွာ ဆီးခ်ဳိေဆးကုိ ရပ္လုိက္တဲ့အတြက္ေၾကာင့္ေသြးတြင္း သၾကားဓာတ္ေတြ မထိန္းႏိုင္ေတာ့ဘဲဒုကၡ ေရာက္ႏုိင္ပါတယ္။

ေမး။ ။ ဆီးခ်ဳိသမားတစ္ေယာက္ ဆရာတို႔ဆီေရာက္လာတဲ့အခါ ဘယ္လို အခ်က္ေတြကို အဓိက စစ္ေဆးေပးေလ့ရွိပါသလဲ ဆရာ။
ေျဖ။ ။ ဆီးခ်ဳိသမားတစ္ေယာက္က ဆရာတို႔ဆီ ေရာက္လာၿပီဆိုတာနဲ႔ အခ်က္ေတြ စဥ္းစားရပါတယ္။ နံပါတ္တစ္အေနနဲ႔ သူေဆးမွန္မွန္ ေသာက္ရဲ႕လားလို႔စစ္ရပါတယ္။
နံပါတ္ ၂ က သူေဆးေတြကုိ ေလွ်ာ့ေသာက္ေနသလားလို႔လည္း စစ္ပါတယ္။ လူနာေတြမွာဆီးခ်ဳိ အရမ္းက်သြားမွာစိုးတဲ့ စိတ္ကလည္း ရွိေနတာကိုေတြ႕ရတဲ့အတြက္ ေဆးကုိ ေလွ်ာ့ေသာက္ေနတာေတြလည္း ရွိပါတယ္၊
နံပါတ္ ၃ ကေတာ့ အစားအေသာက္ကုိ စစ္ရပါတယ္။ ဆီးခ်ဳိတက္ရင္ ၁၀၀ မွာ ၇၀ ရာခိုင္ႏႈန္းကအစားအေသာက္ေၾကာင့္ ျဖစ္ၾကတာပါ။
နံပါတ္ ၄ က ဆီးခ်ဳိတက္ေစတဲ့ေဆးေတြေသာက္ေနတာ၊ ထိုးေနတာရွိလားလို႔ စစ္ရပါတယ္။ အမ်ားဆံုးေသာက္ေန၊ ထိုးေနတဲ့ ေဆးေတြကေတာ့ စပ္ေဆးေတြပါပဲ။ လူေတြက အဆစ္အမ်က္ကုိက္လို႔ စပ္ေဆးေတြ ေသာက္ပါတယ္၊ အဲဒီေဆးေတြထဲမွာ စတီး႐ြိဳက္ေတြပါတယ္။ ရင္ေတြက်ပ္လုိ႔ေသာက္တယ္၊ ျမန္မာေဆးတခ်ဳိ႕ကို အကုိက္အခဲေပ်ာက္ေဆးေတြအေနနဲ႔ ေသာက္တယ္။ အဲဒီအထဲမွာ စတီး႐ြိဳက္ေတြပါတယ္။ အဲဒါေတြ ပါတဲ့အတြက္ မ်က္ႏွာကလည္း အမ္းလာၿပီး ဆီးခ်ဳိေတြ တက္လာတာကို ေတြ႕ရပါတယ္။ေနာက္ၿပီး စိတ္ဖိစီးမႈေတြမ်ားရင္လည္း ဆီးခ်ဳိေတြ တက္တယ္။ ဥပမာဆို ဆီးခ်ဳိသမား ေလျဖတ္တာမ်ဳိး၊ ဆီးခ်ဳိသမား ဖ်ားတာမ်ဳိးဆိုရင္ ဆီးခ်ဳိကအရမ္း တက္သြားပါတယ္။ ဆီးခ်ဳိသမားတစ္ေယာက္
ဆီးခ်ဳိကို ေကာင္းေကာင္း Control မရရင္ အဲဒီအခ်က္ေတြ အကုန္လံုးစစ္ရပါတယ္။ အဲဒီအခ်က္ေတြကို အကုန္လိုက္နာလို႔မွ Control မရရင္ေတာ့ သူကေရာဂါသက္တမ္းၾကာလာလို႔ ခႏၶာကုိယ္ထဲက အင္ဆူလင္ထုတ္တဲ့ ဆဲလ္ေတြအရမ္းနည္းလာလုိ႔လည္းျဖစ္ႏိုင္ပါတယ္။
Healthy Life

Unicode
ဆီးချိုသမားများရဲ့ လွဲမှားတတ်သောအရာများ
ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း
မေး။ ။ ဆီးချိုသမားတွေမှာ အများဆုံး လွဲမှားတတ်တဲ့အရာတွေကို သိပါရစေ ဆရာ။
ဖြေ။ ။ အများဆုံး လွဲမှားတဲ့အချက်တွေကတော့ ဆေးတွေကို ရပ်လိုက်တာတို့၊ လျှော့သောက်ကြတာတို့တွေဖြစ်တာ များပါတယ်။ တစ်ခါတလေ အင်္ဂလိပ်ဆေးတွေ အကုန်ရပ်လိုက်ပြီးတော့ ဆေးမြီးတိုတွေ သောက်တာလည်းရှိပါတယ်။တစ်ခါတလေ ပျားမီးစွဲရွက်တွေသောက်တယ်၊ သကြားမကိုက်ရွက်တွေ သောက်နေတာလည်း ရှိပါတယ်။ ဒီပျားမီးစွဲရွက်တွေ၊ သကြားမကိုက်ရွက်တွေ သောက်လို့ရပါသလားလို့ မေးရင် ဆရာတို့ အတွေ့အကြုံအရတော့ အဲဒီအရွက်တွေသောက်ရင် ဆီးချိုကျပါတယ်။ ဒါပေမဲ့ ဆရာတို့က လူနာကို ဆေးကုသတဲ့အခါမှာ ဆီးချိုကျရုံ တစ်ခုတည်းမကဘဲ အသက်ရှည်အောင်ပါ ဆေးပေးရပါတယ်။ အခု ဆရာတို့တစ်တွေ သောက်သုံးခိုင်းနေတဲ့ နိုင်ငံခြားဆေးတွေကတော့ အကုန်းစမ်းသပ်ပြီးသားတွေပါ။ နိုင်ငံခြားဆေးတွေကို သောက်ရင် ဆီးချိုလည်း ကျတယ်၊ အသက်လည်းရှည်တယ်၊ သေသေချာချာ စမ်းသပ်ထားတာဖြစ်တဲ့အတွက် သေချာပါတယ်။ ဒီဆေးမြီးတိုတစ်ခွက်သောက်လိုက်ရင် ဆီးချိုက ဘယ်လောက်ကျသွားလည်း မသိနိုင်ပါဘူး။ သူတို့ကို ရေရှည်စမ်းသပ်ထားတာလည်း မရှိပါဘူး။ ဆရာတို့ကတော့ လူနာကို ကိုယ့်သဘောပါလို့ပဲ ပြောပါတယ်။
နိုင်ငံခြားဆေးတစ်လုံးသောက်လိုက်ရင် ဆီးချိုဘယ်လောက်ကျသွားမလဲဆိုတာ ဆရာတို့ အကြမ်းဖျင်းသိပါတယ်။ ဒီအရွက်တစ်ရွက်ကို သောက်လိုက်ရင် ဆီးချို ဘယ်လောက်ကျသွားမလဲ မသိပါဘူး။ ဆီးချိုတော့ ကျပါတယ်၊ ဒါပေမဲ့ ဘယ်လောက်ကျမယ်၊ ဘာတွေဖြစ်နိုင်လဲ ဆိုတာလည်း မသိ။ ကိုယ့်အယူအဆနဲ့ ကိုယ်ဆေးမြီးတိုတွေ၊ တရုတ်ဆေးတွေ သောက်တာဟာဆီးချိုကျချင် ကျမယ်၊ ဒါပေမဲ့ ကိုယ့်အသက်ကိုတော့အပ်ထားတာနဲ့ အတူတူပါပဲ။ ဆီးချိုထိန်းချုပ်မှု (Control) မကောင်းရင် နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တတ်ပါတယ်။ ခြေထောက်ဖြတ်ရတာ၊ မျက်စိမမြင်ရတော့တာတွေအထိ ဖြစ်တတ်ပါတယ်။
မေး။ ။ ဆီးချိုသမားတွေ စားသောက်ရာမှာ သတိပြုသင့်တဲ့ အချက်တွေရှိရင်လည်း သိပါရစေ ဆရာ။ဖြေ။ ။ ဆီးချိုသမားတွေအတွက် အရေးကြီးတဲ့ အချက်တစ်ခုကတော့ အစားအသောက်ပါပဲ။
အကြမ်းဖျင်းအားဖြင့် ဆီးချိုသမားတွေမှာ ကြိုက်သလောက်စားလို့ရတဲ့ အစားအစာဆိုရင် ဟင်းသီးဟင်းရွက်တွေရယ်၊ အသားတွေ၊ ငါးတွေရယ်ကို ကြိုက်သလောက်စားလို့ရပါတယ်။ ဆီပြန်ဟင်းစားလို့ ရပါတယ်။ ဆန်၊ ဂျံု၊ ခေါက်ဆွဲကို အသင့်အတင့်စားလို့ရပါတယ်။
ဘယ်လိုဆန်ကိုပဲစားပါလို့တော့မပြောပါဘူး။ ဒါပေမဲ့လုံးတီးဆန်က အကောင်းဆုံးဖြစ်ပါတယ်။ ဘက်စမာတီဆိုတဲ့ ဆန်ကိုလည်း ဆီးချိုမတက်ဘူးဆိုပြီးစားနေကျဆိုပေမယ့် သူလည်းတက်ပါတယ်။ ဆန်အမျိုးအစားနဲ့စာရင် ဆန်ပမာဏနဲ့ ပိုဆိုင်မယ်လို့ ပြောလို့ရပါတယ်။ အနောက်တစ်ခုက ရေခန်းချက်တာနဲ့ ရေငှဲ့ချက်တာ ဘယ်လိုချက်ရမလဲဆိုရင် ဆရာတို့ကတော့ မလိုဘူးလို့ပဲ ဖြေပါတယ်။ နည်းနည်းလေးတော့ ကွဲပြားမှုရှိပေမယ့် မထူးခြားပါဘူး။ ဆန်ပမာဏအပေါ်ပဲ မူတည်ပါတယ်။ ဆီးချိုတက်ရင် ထမင်းလျှော့စားပါ။ဆီးချိုတက်လို့ ချာပါတီနဲ့ ပြောင်းစားမယ်ဆိုလည်းမထူးပါဘူး။အသီးတွေစားမယ်ဆိုလည်း အရမ်းချိုတဲ့အသီးနဲ့ အရမ်းမချိုတဲ့ အသီးမှာ အရမ်းမချိုတဲ့ အသီးတွေကို စားလို့ရပါတယ်။ အရမ်းမချိုတဲ့ သစ်တော်သီးတို့၊ပန်းသီးတို့စားလို့ရပါတယ်။ အရမ်းချိုတဲ့ အသီးတွေဖြစ်တဲ့ သရက်သီးတို့၊ ဒူးရင်းသီးတို့ စားမယ့်အချိန်မှာတော့ ဆီးချိုတက်နေရင် မစားပါနဲ့၊ ဆီးချိုမတက်ရင်တော့ စားလို့ရပါတယ်။ တစ်သက်လုံး မစားရဘူးဆိုတဲ့ အစာ ဘာမှမရှိပါဘူး။

မေး။ ။ဆီးချိုသမားတွေကအတွက် သီးသန့် စားရမယ့် အစားအသောက်တွေ ရှိပါသလား ဆရာ။
ဖြေ။ ။ ဆီးချိုသမားတွေ သီးသန့်စားရမယ်ဆိုတဲ့ အစားအသောက်လည်းမရှိပါဘူး။ ချိုတဲ့အရည်တွေ၊ အစားအသောက်တွေ မှန်သမျှကိုလည်း ဆီးချိုမတက်ရင် စားသောက်လို့ရပါတယ်။ ဆီးချိုတက်နေရင်တော့ မစားသောက်ပါနဲ့။ တချို့အစားအသောက်တွေမှာ ဆီးချိုသကြား ထည့်သောက်ရင် ပိုကောင်းပါတယ်။
နောက်ပြဿနာတစ်ခုက ကော်ဖီမစ်ပါ။ ဆီးချိုသမားတွေ သောက်တဲ့ကော်ဖီမစ်၊ ကွေကာအုတ်ဆို ပြီး ရောင်းနေတာတွေ ရှိပါတယ်။ ဒါတွေကိုလေ့လာတဲ့အခါမှာ အဲဒါတွေကလည်း ဆီးချိုတက်တာကိုလေ့လာစမ်းသပ်မှုအရ တွေ့ပါတယ်။ အဲဒီကော်ဖီတွေ သောက်မယ့်အစား ကော်ဖီကိုအကျရည်ဖျော်ပြီး နွားနို့၊ နို့စိမ်းနဲ့ ဃသ််နန ြအေနနဲ့ ဆီးချိုသကြားနဲ့ တွဲသောက်ရပါတယ်။ ဆိုင်ကနေ သောက်ချင်ရင် နို့စိမ်းတီးသောက်ပါ။ နို့ဆီ မထည့်ရဘူး၊ သကြားမထည့်ရပါဘူး။ တစ်နေ့ သုံးခွက်လောက် သောက်လို့ ရပါတယ်။
ဆရာက ဖရဲသီး ၅၀ ဂရမ်ရယ်၊ လိမ္မော်သီး ၅၀ ဂရမ်ရယ်ကို လူတစ်ယောက်တည်းကိုပဲ ကျွေးပါတယ်။ ကျွေးပြီးရင် နှစ်နာရီကြာမှာ ပြန်တိုင်းမယ်၊ အဲဒီမှာ သွေးတွင်းသကြားဓာတ်ကို ပြန်တိုင်းပါမယ်။ အဲဒီမှာ ဘယ်အသီးစားရင် ဆီးချို ဘယ်လောက်တက်သွားလဲ ဆိုတာကိုလေ့လာပြီး ဆီးချိုတက်နှုန်းများတဲ့ အသီးတွေနဲ့ နည်းတဲ့အသီးတွေဆိုပြီးတော့ ခွဲခြားထားပါတယ်။ ဒီလိုခွဲခြားထားပေမယ့်လည်းလူနာကချိုတဲ့ အသီးတွေကို စားချင်နေတယ်၊ ဆီးချိုတိုင်းကြည့်လို့ တက်မနေရင်စားခိုင်းတယ်။ စစ်ကြည့်လို့ ဆီးချိုကောင်းရင် ခွင့်ပြုပါတယ်။ ရေခဲမုန့်လည်းကျွေးပါတယ်။ ဆီးချိုသမားတွေကို မှာချင်တာကတော့ မစားရတဲ့ အစာဆိုတာ မရှိပါဘူး။ ဒါပေမဲ့ကိုယ့်ဂဏန်းတွေကိုကိုယ်သိပါ။ ချိုတဲ့အရာ မှန်သမျှကို ဆီးချိုတက်နေရင် မစားပါနဲ့။ မတက်ရင် စားပါ။

မေး။ ။ ဆီးချိုသမားတွေဖျားတဲ့အခါ အစားအသောက်နဲ့ ပတ်သက်ပြီး ဘယ်လို သတိထားသင့်ပါသလဲဆရာ။
ဖြေ။ ။ ဆီးချိုသမားတွေမှာ လွဲမှားတတ်တာ နောက်တစ်ခုက ဆီးချိုသမားတွေ ဖျားတဲ့အခါမှာ ဘာမှမစားတော့ဘူး။ ဘာမှမစားတော့တဲ့အတွက် ဆီးချိုဆေး တွေကို ရပ်ပစ်လိုက်ပါတယ်။ အဲဒါ မှားပါတယ်။ ဘာလို့မှားလဲဆိုရင် အဖျားရှိတဲ့အတွက် ဆီးချိုသမားမှာစိတ်ဖိစီးမှုဝင်သွားပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးတွင်း သကြားဓာတ်က ပိုတက်လာပါတယ်။ အဲဒီအချိန်မှာ ဆီးချိုဆေးကို ရပ်လိုက်တဲ့အတွက်ကြောင့်သွေးတွင်း သကြားဓာတ်တွေ မထိန်းနိုင်တော့ဘဲဒုက္ခ ရောက်နိုင်ပါတယ်။

မေး။ ။ ဆီးချိုသမားတစ်ယောက် ဆရာတို့ဆီရောက်လာတဲ့အခါ ဘယ်လို အချက်တွေကို အဓိက စစ်ဆေးပေးလေ့ရှိပါသလဲ ဆရာ။
ဖြေ။ ။ ဆီးချိုသမားတစ်ယောက်က ဆရာတို့ဆီ ရောက်လာပြီဆိုတာနဲ့ အချက်တွေ စဉ်းစားရပါတယ်။နံပါတ်တစ်အနေနဲ့ သူဆေးမှန်မှန် သောက်ရဲ့လားလို့စစ်ရပါတယ်။
နံပါတ် ၂ က သူဆေးတွေကို လျှော့သောက်နေသလားလို့လည်း စစ်ပါတယ်။ လူနာတွေမှာဆီးချို အရမ်းကျသွားမှာစိုးတဲ့ စိတ်ကလည်း ရှိနေတာကိုတွေ့ရတဲ့အတွက် ဆေးကို လျှော့သောက်နေတာတွေလည်း ရှိပါတယ်၊
နံပါတ် ၃ ကတော့ အစားအသောက်ကို စစ်ရပါတယ်။ ဆီးချိုတက်ရင် ၁၀၀ မှာ ရ၀ ရာခိုင်နှုန်းကအစားအသောက်ကြောင့် ဖြစ်ကြတာပါ။
နံပါတ် ၄ က ဆီးချိုတက်စေတဲ့ဆေးတွေသောက်နေတာ၊ ထိုးနေတာရှိလားလို့ စစ်ရပါတယ်။ အများဆုံးသောက်နေ၊ ထိုးနေတဲ့ ဆေးတွေကတော့ စပ်ဆေးတွေပါပဲ။ လူတွေက အဆစ်အမျက်ကိုက်လို့ စပ်ဆေးတွေ သောက်ပါတယ်၊ အဲဒီဆေးတွေထဲမှာ စတီးရွိုက်တွေပါတယ်။ ရင်တွေကျပ်လို့သောက်တယ်၊ မြန်မာဆေးတချို့ကို အကိုက်အခဲပျောက်ဆေးတွေအနေနဲ့ သောက်တယ်။ အဲဒီအထဲမှာ စတီးရွိုက်တွေပါတယ်။ အဲဒါတွေ ပါတဲ့အတွက် မျက်နှာကလည်း အမ်းလာပြီး ဆီးချိုတွေ တက်လာတာကို တွေ့ရပါတယ်။နောက်ပြီး စိတ်ဖိစီးမှုတွေများရင်လည်း ဆီးချိုတွေ တက်တယ်။ ဥပမာဆို ဆီးချိုသမား လေဖြတ်တာမျိုး၊ ဆီးချိုသမား ဖျားတာမျိုးဆိုရင် ဆီးချိုကအရမ်း တက်သွားပါတယ်။ ဆီးချိုသမားတစ်ယောက်
ဆီးချိုကို ကောင်းကောင်း Control မရရင် အဲဒီအချက်တွေ အကုန်လုံးစစ်ရပါတယ်။ အဲဒီအချက်တွေကို အကုန်လိုက်နာလို့မှ Control မရရင်တော့ သူကရောဂါသက်တမ်းကြာလာလို့ ခန္ဓာကိုယ်ထဲက အင်ဆူလင်ထုတ်တဲ့ ဆဲလ်တွေအရမ်းနည်းလာလို့လည်းဖြစ်နိုင်ပါတယ်။