Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 27, 2015

ဓားဖြင့် ခုတ် လုယက်ခံရသော စပိန်နိုင်ငံသားကို ပြန်တွေ့


Saturday, February 28, 2015
ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသနေရင်း ပျောက်ဆုံး သွားသော စပိန်နိုင်ငံသားသည် ဆာကူရာဆေးရုံ၌ ဆေးကုသ နေသည်ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်က ပြန်တွေ့ရှိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းကြည်ကပြောကြားသည်။
ပဲခူးမြို့အထွက် ဘဏ္ဍာ ကုန်းကျေးရွာအနီးတွင် ဓားဖြင့် ခုတ်ခံရခြင်းကြောင့် ဒဏ်ရာ အ ပြင်းထန်စွာ ရရှိထားသော စပိန်နိုင်ငံသားသည် ဖေဖော်ဝါရီ ၂၅ရက်၌ ရန်ကုန်ဆေးရုံကြီးမှထွက် ပြေးသွားပြီး ပျောက်ဆုံးနေခြင်း ဖြစ်ပြီး ဆာကူရာဆေးရုံတွင် ပြန် လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
‘‘သူ့သဘောအရပေါ့။ ဆေး ရုံကြီးမှာ ဆေးမကုချင်လို့ ပြောင်း ကုတာ နေမှာပေါ့။ ဒီနေ့မနက်က ပဲ ဆာကူရာဆေးရုံမှာ ပြန်တွေ့ခဲ့ ပါတယ်။ စောင့်ရှောက်မှုတွေပေး ပြီး စပိန်ကောင်စစ်ဝန်နဲ့ ဆက် သွယ်ထားပါတယ်’’ဟု ဒုရဲမှူးကြီးဝင်းကြည်ကပြောသည်။
စက်ဘီးဖြင့် ကမ္ဘာလှည့်နေ သော စပိန်နိုင်ငံသားမစ္စတာ ကာလို့စ်ကို ဖေဖော်ဝါရီ ၂၃ ရက် ညက ပဲခူးမြို့အထွက် ဘဏ္ဍာ ကုန်းကျေးရွာအနီး၌ လူနှစ်ဦးက ဓားဖြင့် ၀ိုင်းခုတ်ကာ ပစ္စည်းများ လုယူသွားခဲ့သည်။ ဓားဖြင့် ၀ိုင်း ခုတ်၍ ပြတ်ရှဒဏ်ရာ ၁၀ ချက်ရရှိထားသော စပိန်နိုင်ငံသားကို ဖေဖော်ဝါရီ ၂၄ ရက်က ပဲခူးဆေး ရုံမှ တစ်ဆင့် ရန်ကုန်ဆေးရုံကြီး သို့ လွှဲပြောင်းဆေးကုသပေးခဲ့ သည်။
၎င်းအား ရန်ကုန် ဆေးရုံကြီးဦးနှောက်နှင့် အာရုံကြောဌာနတွင် ဆေးကုသပေးနေရာမှ ထွက်ပြေးသွားပြီး ဆာကူရာဆေးရုံသို့ပြောင်းရွှေ့ကုသခဲ့ခြင်းဖြစ်သည်။
7Day Daily

No comments:

Post a Comment