အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော်မှာ ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့်ရတဲ့ ဥပဒေတခု ဒီကနေ့ကစပြီး အသက်ဝင်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ လူထုဆန္ဒခံယူပွဲမှာ မဲဆန္ဒရှင်အများစု ထောက်ခံခဲ့တဲ့ ဒီဥပဒေဟာ ဗုဒ္ဓဟူးနေ့ညကနေ ကြာသပတေးနေ့ မနက်ဆီကူးပြောင်းတဲ့ သန်းခေါင်ကျော် ချိန်ကစပြီး အသက်ဝင်တာပါ။
ဒီဥပဒေအရ အသက် ၂၁ နှစ်ကနေအထက် အရွယ်ရောက် သူတိုင်းဟာ ဆေးခြောက် အလေးချိန် ၅၆ ဂရမ် အထိ ကိုယ်နဲ့အတူ ထားခွင့်ရှိပြီး အိမ်ထဲမှာ ဆေးခြောက်ပင် အနည်းငယ် စိုက်ပျိုး နိုင်မှာဖြစ်ပါတယ်။ ဆေးခြောက်ကို ၀ယ်တာ၊ ရောင်းတာ၊ အများပြည်သူနဲ့ဆိုင်တဲ့နေရာ
ဆေးခြောက်ကို အပန်းပြေ သောက်သုံးခွင့်ပြုတဲ့ ဥပဒေတွေကို အလာစကား (Alaska)၊ ကိုလိုရာဒို (Colorado) နဲ့ ၀ါရှင်တန်(Washington) ပြည်နယ်တွေမှာ လည်း ပြဌာန်းထားပြီးပါပြီ။ ဒါပေမဲ့လည်း အဲဒီတခြားပြည်နယ်သုံးခုနဲ့မ
ဒီဥပဒေကို အကောင်အထည်ဖော်တဲ့အတွက် မြို့တော်ဝန်နဲ့ တခြား တာဝန်ရှိသူတွေ ထောင်ကျနိုင်တယ်လို့ ရီပတ်ဘလီကန် အောက် လွှတ်တော် အမတ် ဂျေဆန်န် ချက်ဖ်ဖက်တ်ဇ် (Jason Chaffetz) က ဒီစီမြို့တော်ဝန် မာရီယယ်လ် ဘောင်ဆာ (Muriel Bowser) ကို သတိပေးထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
No comments:
Post a Comment