Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 28, 2015

ဆင်ခြေဖုံးရပ်ကွက်များတွင် ညပိုင်းချိန်းတွေ့သော စုံတွဲများထံမှ ဆိုင်ကယ်ဖြင့် လုယက်ထွက်ပြေးမှု များလာ


Saturday, February 28, 2015
ရန်ကုန်မြို့ဆင်ခြေဖုံး ရပ်ကွက်များတွင် ညအချိန် မှောင်ရိပ်ခို၍ ချိန်းတွေ့နေသော စုံတွဲများထံမှ ဆိုင်ကယ်ဖြင့် ပစ္စည်းလုယက်ထွက်ပြေးမှုများ ပိုမိုပြုလုပ်လာကြောင်း ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
ရန်ကုန်တိုင်းအတွင်းရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ဖြစ်ပွားသောမှုခင်းများအနက် ထိုကဲ့သို့မှောင်ရိပ်ကျသည့် နေရာများတွင် ချိန်းတွေ့လေ့ရှိသည့် လူငယ်စုံတွဲများထံမှ ဆိုင်ကယ်ဖြင့် ပစ္စည်းလုယက်မှုများ သိသာစွာ မြင့်တက်လာသည်ဟု အရှေ့ပိုင်း ခရိုင် မှုခင်းရေးရာဌာနမှ ဌာနစု မှူး ရဲအုပ်စောမြိုင်အုံးက ပြော ကြားသည်။
တိုင်ချက်ဖွင့် မှတ်တမ်းများ နှင့် တိုင်းရုံးသို့ အမှုများ တင်ပြ သည့်အခါ အဆိုပါ ဆိုင်ကယ်ဖြင့် လုယက်မှုများမှာ ရန်ကုန်မြို့ အတွင်း တစ်လလျှင် ပျမ်းမျှလေး မှုခန့်ရှိကြောင်း ၎င်းကပြောသည်။
‘‘ဆိုင်ကယ် ကယ်ရီသမား တွေကလည်း ကြုံရင်ကြုံသလို လုပ်ကြတယ်။ တချို့ကလည်း အ ဖွဲ့လိုက်ဂိုဏ်းဖွဲ့ပြီး လုပ်တာတွေ ရှိတယ်’’ ဟု ၎င်းက ပြောသည်။
၂၀၁၅ ဇန်န၀ါရီတွင် ရန် ကုန်တိုင်းအတွင်း ဆိုင်ကယ်ဖြင့် လုယက်မှုငါးမှုဖြစ်ပွားခဲ့ပြီး အဖြစ် အများဆုံးမှာ မြောက်ပိုင်းခရိုင်အ တွင်းရှိ မြို့နယ်များဖြစ်ကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ ဆိုင်ကယ်စီးရင်း ပစ္စည်းလုယူထွက်ပြေးသူ အများစုမှာ ဖမ်းဆီးရမိပါက အသက်(၂၀) ကျော်အရွယ် လူငယ်များအများဆုံးဖြစ်ပြီး (၁၆) နှစ်၊ (၁၇)နှစ်အ ရွယ် လူငယ်များပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရသည် ဟု မြောက်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှသန်းက ပြောကြားသည်။
ဆင်ခြေဖုံးရပ်ကွက်များတွင် နေထိုင်ကြသော ပြည်သူများမှာ သွားလာရေး လွယ်ကူစေရန် စက်ဘီးများထက် ဆိုင်ကယ်ကို အသုံးပြုလာကြပြီး ဆိုင်ကယ် ကယ်ရီဆွဲသူများလည်း ညအချိန် များတွင် ပိုမိုများပြားလာကြောင်း မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
‘‘ဆင်ခြေဖုံးရပ်ကွက် အများ စုက ညဘက်ဆို လမ်းမီးတိုင်တွေ ပြည့်ပြည့်စုံစုံမရှိဘူး။ မီးတိုင်ရှိတဲ့ နေရာကလည်း မီးမလာတာများ တော့ လူငယ်သဘာဝ အမှောင် ထဲ ချိန်းတွေ့တာရှိတာပေါ့’’ ဟု ၎င်းက ပြောသည်။
ဆင်ခြေဖုံးမြို့နယ်များဖြစ် သော လှိုင်သာယာ၊ မြောက်ဥက္က လာပ၊ သာကေတ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဒဂုံအရှေ့၊ တောင် ဒဂုံ၊ ဒဂုံဆိပ်ကမ်းစသည့် ဆိုင် ကယ်အသုံးပြုသူများသည့် မြို့ နယ်များတွင် ထိုကဲ့သို့ လုယက်မှု အများဆုံးဖြစ်သည်ဟု မြောက် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှ နယ်ထိန်း တစ်ဦးက ပြောသည်။
‘‘လှည့်ကင်းတွေ လုပ်လိုက် ရင် နည်းနည်းငြိမ်သွားတယ်။ လှည့်ကင်းလစ်လပ်သွားတဲ့ အ ချိန်တွေဆို ပြန်ထလာပြန်ရော။ ခရိုင်ပေါင်းစုံက နယ်ထိန်းတွေနဲ့ လည်း ချိတ်ဆက်ပြီး စောင့်ကြည့် နေတယ်’’ ဟု ၎င်းက ပြောသည်။
လုယက်သူများမှာ လက် ကိုင်အိတ်နှင့် ဖုန်းများကို အဓိက လုယူကြပြီး လူပြတ်သောနေရာ များတွင် လမ်းလျှောက်ရင်း ဖုန်း ပြောနေသူများထံမှ ဖုန်းများ လု ယူလေ့ရှိကြောင်း မြောက်ဒဂုံမြို့ နယ်မှ ကိုထက်အောင်မင်းကပြောသည်။
‘‘အဓိကကတော့ ညဘက် တွေ လူပြတ်တဲ့နေရာတွေ သွား ရင် ယောက်ျားလေးဖြစ်ဖြစ်၊ မိန်း ကလေးဖြစ်ဖြစ် တစ်ယောက် တည်းမသွားတာကောင်းတယ်။ အဖော်ပါရင်တောင်မှ တစ်ခါတ လေ ဆိုင်ကယ်နဲ့လုပြီး မောင်း ပြေးသွားရင် ဘာမှလုပ်လို့မရဘူး’’ ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုအတွင်းမှ ဆိုင်ကယ်စီးပြည်သူတစ်ဦး (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily

No comments:

Post a Comment