Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 31, 2015

မသိသေးတဲ့သူများ သိရှိနိုင်အောင်




ဒီနေ့ မနက် ဆိုင်ကို လူတစ်ယောက်ရောက်လာတယ်။ ဖုန်းလေးကြည့်ပေးပါဦးတဲ့ ပါဝါ မလာတော့လို့တဲ့။ အဲ့ဒါနဲ့ ဟုတ်၊ ခဏ ဆိုပြီး ပါဝါခလုတ်ကို နှိပ်ကြည့်တယ်၊ အားသွင်းခေါင်းကလည်း ချောင်နေတယ်တဲ့ ထိုးမရဘူးတဲ့၊ အဲ့ဒါနဲ့ ကိုကသဘောပေါက်လိုက်ပီ၊ ဒါ ခလေးဆော့တဲ့ ဖုန်းဆိုပီး
အဲ့ဒါနဲ့ အကို ဘယ်က၀ယ်တာလဲဆိုတော့၊ ညကတဲ့ လူတစ်ယောက် ထမင်းမစားရသေးလို့၊ မနက်ပြန်ရမှာ လေယာဉ်ခမရှိလို့ ဘာညာနဲ့ ၂ သိန်းနဲ့ရောင်းတာတဲ့၊ အဲ့ဒါ ၈ သောင်းနဲ့ရလို့ ၀ယ်လိုက်တာတဲ့။ အဲ့ဒါ သူပြတုန်းက အကောင်းကြီးတဲ့၊ ခု ပါဝါဖွင့်မရလို့တဲ့ ကလုန်းဆိုလည်း သုံးလို့ရသလောက် ရအောင်လုပ်ပေးကြည့်ပါတဲ့ပြောတယ်။
အဲ့ဒါနဲ့ ဦးလေးဖုန်းက အထဲမှာ ဆားကစ်ပြားတောင်မပါဘူးလို့၊ ပါဝါဖွင့်ရမှာမဟုတ်ဘူးလို့။ အဲ့ဒါနဲ့ ဟင် ဆိုပီး ဖြစ်သွားတယ် သူ။
ခဏနော်ဦးလေးလို့ ဦးလေးရှင်းသွားအောင် ကျွန်တော်ပြမယ်ဆိုပီး။ ခပ်မြန်မြန်ပဲ ဖုန်းကို ချက်ခြင်း လက်နဲ့ အသာလေးခွာပြလိုက်တယ်။
ပုံကတော့ အောက်မှာမြင်ရတဲ့ ပုံတွေပါပဲ။
အဲ့ဒီ ဦးလေးလည်း မျက်လုံးပြူးသွားလေရဲ့...
ကျွန်တော်ပြောပြလိုက်ပါသေးတယ်။ ဦးလေးလို့ အဲ့ဒီ ရောင်းတဲ့လူက တရုတ်လိုလို နိုင်ငံခြားသားလို ရုပ်နဲ့ အရပ်ရှည်ရှည်နဲ့မလားဆိုတော့၊ အေးအေး ဟုတ်တယ်တဲ့။ ဟုတ်ကဲ့ဦးလေးလို့ အဲ့လူ မြန်မာပြည်မှာ ခုလို လာလိမ်စားနေတာ အတော်ကြာပီဖြစ်သလို၊ လူအတော်များများလည်း အတော်ခံရပီးပီလို့၊ နှစ်တွေတောင်ကြာလာပေမယ့်၊ သူ့ကိုလက်မိလက်ရ ဖမ်းနိုင်တဲ့သူ လုံးဝမရှိသေးကြောင်း ပြောပြလိုက်ပါတယ်။
(သူကတော့ပြောသွားလေရဲ့၊ နေဦးကွာတဲ့ ညကနေရာကို ပြန်သွားပီး အနီးတ၀ိုက်ရှာကြည့်ဦးမယ်တဲ့၊ တွေ့ရင် နောက်ကနေ ၂ တစ်လက်မ နဲ့ တစ်ချက်တည်း ဆော်ချင်လို့တဲ့။ ဦးလေး အချိန်ကုန်မခံပါနဲ့ဗျာလို့၊ သူမရှိလောက်တော့ပါဘူးလို့)
(Than Dana)

သမီးအရင်းအား ပထွေး နှင့် တနှစ်ကြာ လိင်ဆက်ဆံခိုင်းခဲ့သည့် မိခင်


ထိုင်းနိုင်ငံ စူရာတ်ဌာနီ ကောစမွေ မြို့ မှ ၁၂နှစ်အ၇ွယ် ထိုင်းနိုင်ငံသူ မိန်းခလေးအား တနှစ်ခန့်  အလိုမတူဘဲ အတင်းအကြပ်လိမ်ဆက်ဆံနေသည့် ထိုင်းနိုင်ငံသား ပထွေးနှင့် အားပေးကူညီနေသည့် ထိုင်းနိုင်ငံသူ မိခင်အရင်း အား ဖမ်းဆီးပေးပါရန် မိန်းခလေး၏ ဖခင် အရင်းက ရဲစခန်းတွင် ၂၉ရက်မေလက လာရောက် အမှုဖွင့် တိုင်ကြားခဲ့သည်။

ဖခင်ဖြစ်သူမှာ အမှုခင်းတခုကြောင့် ထောင်ကျနေစဉ် ဇနီးက နောက် အိမ်ထောင်ပြုသွားခဲ့ရာ အတူပါသွားသည့် သမီးဖြစ်သူအား လင်မယားနှစ်ဦး အရက်မူးလာသည့်အခါတိုင်း ပထွေးဖြစ်သူနှင့် လိင်ဆက်ဆံပေးရန် အတင်းကြပ် ခိုင်းစေခြင်းခံရသည်။

လိင်ဆက်ဆံရန် ငြင်းဆိုသည့်အခါတိုင်း မိခင်ဖြစ်သူက ရိုက်နှက်ခြင်း သာမက ရေနွေးပူနှင့်လောင်းသည်အထိ လုပ်ခဲ့ပြီး တခြားသူအား ဖွင့်ပြောမည်ဆိုပါက သတ်ပြစ်မ ည်ဟု ပထွေးဖြစ်သူ က ခြိမ်းခြောက်ခဲ့သည်။

ဖခင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာချိန်မှာ သမီးဖြစ်သူ စိတ်ရောဂါ ခံစားနေရသည်ကို ဆေးရုံသို့  သွားရောက်ပြသခဲ့ရာမှ မိန်းခလေးက ဆရာဝန်များ အားဖွင့်ပြောခဲ့ခြင်းဖြစ်သည်။
အဆိုပါလင်မယားမှာ ရဲများသွားရောက်မဖမ်းဆီးခင်အချိန် နေအိမ်မှ ထွက်ပြေးသွားခဲ့သည်။

ကိုးကား။ ။ KA0SOD
Social Action for Women - SAW


Lwin Pyin

ဂျေလိုရဲ့နေရာကို ဆက်ခံဖို့ ရှိနေတဲ့ ပလေးဘွိုင်းမော်ဒယ် ဂျက်စီကာဘာစီယာဂါ


 ဟောလိဝုဒ်မင်းသမီး ဂျေလို လို့ဆိုလိုက်ရင် လှပဖွံ့ထွားလွန်းတဲ့ သူမရဲ့တင်ပါးတွေကြောင့် နာမည်ကြီးသလို သူမရဲ့နောက်ပိုင်းအလှကို ပျက်စီးသွားမှာ စိုးရိမ်တဲ့အတွက် တင်ပါးကို ထူးထူးဆန်းဆန်း အာမခံထားသူတစ် ယောက်အဖြစ် လူသိများသူ ဖြစ်ပါတယ်။

ခုချိန်မှာတော့ အမေရိကန်က အသက် ၃၂ နှစ်အရွယ် ပလေးဘွိုင်းမော်ဒယ် ဂျက်စီကာဘာစီယာဂါဟာ ဂျေလို လိုပဲ တင်သားအလှကြောင့် ထပ်မံနာမည်ကြီးလာမယ့်သူလို့ မီဒီယာတွေက ဟောကိန်းထုတ်လာကြပါတယ်။ ဂျက်စီကာကို မင်းသမီးဂျနီဖာလိုပက်ဇ်ရဲ့ကိုယ်ပွားလို့တောင် ပြောလာကြတာက သူမမှလည်း လှပတဲ့တင်သား အစုံကို ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။ ဂျက်စီကာဟာ အင်စတာဂရမ်ဝက်ဆိုက်မှာလည်း ပရိသတ် ၁.၂ သန်း ပိုင်ဆိုင်ထားတာမို့ မီဒီယာတွေ ဒီလိုပြောတာ မလွန်ဘူးလို့လည်း ဆိုနိုင်ပါတယ်။ သူမဟာ မော်ဒယ် တစ်ယောက်အဖြစ် ပလေးဘွိုင်း၊မစ်ဇင်စတဲ့ မဂ္ဂဇင်းတွေအတွက် ဓါတ်ပုံမော်ဒယ်လုပ်ခဲ့သလို စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမ အကြောင်းကို အသေးစိတ် သိချင်တယ်ဆိုရင်တော့ http://jessicaburciaga.me/about-me/ နဲ့ https://www.facebook.com/JessicaBurciagaFans တွေမှာ ရှာဖွေနိုင်ပါတယ်။ ဂျက်စီကာ မက္ကဆီကန်၊ ပြင်သစ်နဲ့ အိုင်းရစ်သွေးနှောတဲ့ မိန်းမလှတစ်ဦးလည်း ဖြစ်ပါတယ်။
http://www.planet.com.mm/

ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲ ဇွန်လ ၇ ရက် ကျင်းပမည်

   
ယခုနှစ်အတွက် ဆဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ပွဲကို နယူးယောက်ပြည်နယ်၊ ယူတီကာမြို့တွင် ဇွန်လ ၇ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူကို ဒေါ်လာ ၁၀,၀၀၀ နှင့် အထူးဆု ရရှိသူ နှစ်ဦးကို ဒေါ်လာ ၁,၀၀၀ စီ ပေးအပ် ချီးမြှင့်ပါမည်။ ဆုရရှိသူများ၏ အမည်ကို အခမ်းအနားတွင် ထုတ်ပြန်ကြေညာမည် ဖြစ်၏။  ပြည်သူ့ဂုဏ်ရည်အသင်းကို မြန်မာနိုင်ငံမှ ပြည်ပသို့ ရွှေ့ပြောင်းလာသော အမိနိုင်ငံချစ်မြတ်နိုးသူများဖြင့် စုပေါင်းဖွဲ့စည်းထားပြီး ဒေါ်လာ ၁၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၁၀ ခန့်) နှစ်စဉ် ချီးမြှင့်ပေးနေပါသည်။ ၂၀၁၀ ခုနှစ်မှ စ၍ မြန်မာပြည်တွင် ကိုယ်ကျိုးစွန့်၍ အများအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြသူများကို နှစ်စဉ်နှစ်တိုင်း ရွေးချယ်၍ ဂုဏ်ပြုပွဲများဖြင့် ပြည်သူ့ဂုဏ်ရည်ဆုများ ချီးမြှင့်လျက်ရှိရာ ယခု ၂၀၁၅ ခုနှစ်တွင် ၆ ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယခုနှစ် ဆုချီးမြှင့်ပွဲကို နယူးယောက်ပြည်နယ်ရှိ ယူတီကာနှင့် အယ်လ်ဘာနီ ဌာနခွဲ နှစ်ခု ပူးပေါင်း စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ဆုချီးမြှင့်ပွဲအခမ်းအနားကို နံနက် ၁၁း၀၀ နာရီ မှ ညနေ ၅ နာရီအထိ အကျွေးအမွေး၊ အဆိုအက ဖျော်ဖြေတင်ဆက်မှုများဖြင့် ဝေဝေဆာဆာ စီစဉ်ထားကြောင်း သိရသည်။ နံနက် ၁၁း၀၀ နာရီတွင် အကျွေးအမွေးအစီအစဉ်ကို ကြက်သား၊ အမဲသား ဒံပေါက်ထမင်း၊ အအေးဖျော်ရည်များဖြင့် စတင်မည်ဖြစ်၏။ ထို့နောက် ယခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရရှိသူ အမည်ကို နေ့လယ် ၁ နာရီတွင် ကြေညာကာ ဆုချီးမြှင့်ပါမည်။ ယခုနှစ်အတွက် အများပြည်သူမှ အမည်စာရင်းတင်သွင်းထားသူများအနက် သုံးဦးကို နောက်ဆုံး ဆန်ကာတင် စိစစ်ရွေးချယ်ထားသည်ဟု သိရှိရပါသည်။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၊ ဗကသ ပင်မစစ်ကြောင်းနှင့် မဖြိုးဖြိုးအောင်တို့အနက် ဆုရရှိသူကို ကြေညာမည် ဖြစ်၏။ ထို့နောက်၊ အယ်လ်ဘန်နီမြို့မှ ဒိုးပတ်အဖွဲ့၊ ကရင်ဒုံးယိမ်းနှင့် အဆိုအကများ၊ ယူတီကာမြို့မှ ရခိုင်ယဉ်ကျေးမှုအဖွဲ့အပါအဝင် အဆိုအကအဖွဲ့သုံးခုတို့၏ ဖျော်ဖြေတင်ဆက်မှုများကို ရှုစားကြရမည် ဖြစ်သည်။ “မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် ရှိနေသရွေ့၊ ဆင်းရဲဒုက္ခကြုံတွေ့နေရတဲ့ ပြည်သူလူထုကို ကူညီစောင့်ရှောက်ပေးဖို့ လူမှုသူရဲကောင်းတွေ လိုအပ်ပါတယ်။ ကိုယ်ကျိုးကို စွန့်ပြီး ပြည်သူ့အကျိုးထမ်းရွက်တဲ့ သူရဲကောင်းတွေ များများထွက်ပေါ်လာအောင် ပြည်သူ့ဂုဏ်ရည်ဆုကို ကျနော်တို့ ချီးမြှင့်ပေးနေတာ ဖြစ်ပါတယ်” ဟု အယ်လ်ဘာနီဌာနခွဲ တာဝန်ခံ ကိုထွန်းထွန်းက ကမ္ဘာသစ်မီဒီယာသို့ ပြောကြားပါသည်။ ပြည်သူ့ဂုဏ်ရည်အဖွဲ့များကို အမေရိကန် ပြည်ထောင်စုရှိ ၁၅ မြို့၊ ဂျပန်၊ ကိုရီးယား၊ ယူကေနှင့် စင်ကာပူဌာနခွဲများဖြင့် ဖွဲ့စည်းထားပါသည်။ ယခုနှစ်တွင် ကော်လိုရာဒိုပြည်နယ်မှာလည်း အဖွဲ့ခွဲအသစ်တစ်ခု မကြာမီက ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိပါသည်။ ပွဲဦးထွက် ၂၀၁၀ ဆုကို နာရေးမှု ကူညီမှုအသင်း ဦးစီးထူထောင်သော ရုပ်ရှင်မင်းသား အကယ်ဒမီ ဦးကျော်သူ၊ ၂၀၁၁ ဆုကို နိုင်ငံရေးအကျဉ်းသားများအား ထောက်ပံ့ကူညီနေသော ဒေါ်ရှု၊ ၂၀၁၂ ဆုကို Kachinland News သတင်းဌာနမှ လဖိုင်နော်မိန်း၊ ၂၀၁၃ ဆုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပညာရေးကွန်ရက်၊ ၂၀၁၄ ဆုကို ဒေါ်သန်းမြင့်အောင်တို့က အသီးသီး ရရှိခဲ့ကြသည်။ နေ့ရက် ၂ဝ၁၅ ခုနှစ် ဇွန်လ ၇ ရက်၊ တနင်္ဂနွေနေ့ အချိန် နံနက် ၁၁ နာရီ မှ ညနေ ၅ နာရီ ( နံနက် ၁၁ နာရီတွင် ဒံပေါက်ဖြင့် ဧည့်ခံပါမည်။) နေ့လယ် ၁ နာရီတွင် ဆုကြေညာမည် ဖြစ်သည်။
 နေရာ               Mohawk Valley Community College
                       1101 Sherman Drive, Utica,
                       New York 13501-539 https://www.mvcc.edu/
ဆက်သွယ်ရန်     ကိုထွန်းထွန်း(အယ်လ်ဘာနီ 518-221-4922)
                       ဦးတင်စိန် (ယူတီကာ 315-368-5618) 702-376-5758
                       (အခမဲ့ Viber ဖြင့်လည်းဆက်သွယ်နိုင်ပါသည်။)

http://kabarthit.com/index.php?option=com_content&view=article&id=667:2015-05-31-22-49-13&catid=8:2013-10-13-17-09-02&Itemid=214

ရန်ကုန်တွင် ကျပ်သိန်း ၁၀၀ မှ ၆၀၀ အတွင်း မြေကွက်များ အရောင်းအ၀ယ်ပြန်ဖြစ်


 ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်အတွင်း ယခုရက်ပိုင်း၌ ကျပ်သိန်း ၁၀၀ မှ ၆၀၀ တန်မြေကွက်များ ပြန်လည်အရောင်း အ၀ယ်ဖြစ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သတင်း ရရှိသည်။

အထူးသဖြင့် သန်လျင်၊ ဒဂုံ အရှေ့၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း နှင့် တောင်ဒဂုံမြို့နယ်များရှိ တန် ဖိုးသင့်တင့်မြေကွက်များ အရောင်းအ၀ယ်ဖြစ်နေပြီး အများစုက ဈေးလျှော့၍ ရောင်းချနေကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ ရွှေအိမ် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် ဦးမြတ်မိုး က ပြောသည်။

ပါမစ်မြေနှင့် ဂရန်မြေ အများစု အရောင်းအ၀ယ်ဖြစ်နေပြီး ပေ ၄၀ × ၆၀ မြေကွက်များမှာ ကျပ်သိန်း ၁၂၀ မှ ၆၀၀ အထိ မြို့နယ်ပေါ်မူတည်၍ အရောင်းအ၀ယ်ဖြစ်နေသည်။ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်ခဲ့စဉ်က ဈေးနှုန်းထက်ကျပ် ၁၀ သိန်းမှ သိန်း ၂၀ အထိ လျှော့ ချရောင်းချလာသဖြင့် ယခုကဲ့သို့ အရောင်းအ၀ယ်ပြန်ဖြစ်နေခြင်းဖြစ်သည်ဟု ဦးမြတ်မိုးက ဆိုသည်။

‘‘လနမြေတွေကတော့ အ ရောင်းအ၀ယ်မရှိသလောက်ပဲ။ ပါ မစ်မြေနဲ့ ဂရန်မြေတွေ တကယ် အရောင်းအ၀ယ်ဖြစ်တယ်။ ဈေး ကစားတဲ့သူတွေ ၀ယ်ကြတာ မဟုတ်ဘူး။ တကယ်နေမယ့် ထိုင်မယ့်သူတွေ၊ ပြန်ငှားတဲ့သူတွေ ၀ယ်နေကြတာ’’ ဟု သန်လျင်အောင်ချမ်းသာရပ်ကွက်မှ အကျိုးဆောင်တစ်ဦးက ပြောသည်။

‘‘သန်လျင်အောင်ချမ်းသာ (၂) ရပ်ကွက်မှာ ပေ ၄၀ × ၆၀ ကို သိန်း ၆၀၀ နဲ့ မနေ့က အရောင်း အ၀ယ်ဖြစ်သွားတယ်။ အရင် အဲဒီနေရာက ၈၀၀ နဲ့ ၉၀၀ ကြား တင်းခံနေတဲ့ နေရာတွေ’’ဟု ၎င်းက ဆိုသည်။

မြို့စွန်ရှိ မြို့နယ်အချို့တွင် တန်ဖိုးနည်းမြေကွက်များ အဓိက အရောင်းအ၀ယ် ဖြစ်နေသော် လည်း မြို့တွင်းပိုင်းရှိ ကြိုပွိုင့်ကန် ထရိုက်တိုက်ခန်းဈေးကွက်မှာ အ ရောင်းအ၀ယ်သိသိသာသာကျ ဆင်းလျက်ရှိသည်။

ထို့ပြင် တန်ဖိုးကြီးမြေကွက် နှင့် အိမ်ကြီးအိမ်ကောင်းများ၏ အရောင်းအ၀ယ်ဈေးကွက်မှာ လည်း ယခင်ကလောက် အလုပ် မဖြစ်ဘဲ ငြိမ်နေကြောင်း စိုင်းခွန် နောင်အိမ်ခြံမြေအကျိုးဆောင် ပိုင်ရှင် စိုင်းခွန်နောင်က ပြော သည်။ ရောင်းချသူများသည် ဈေးကွက်အခြေအနေကို ထပ်မံ မစောင့်နိုင်တော့သဖြင့် ရောင်းချ ခြင်းဖြစ်သည်ဟု အကျိုးဆောင်များက သုံးသပ်ကြသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်၌ ရွေးကောက်ပွဲရှိသဖြင့် လာမည့် နှစ်တွင် စီးပွားရေးအခြေအနေ ကောင်းလာပြီး အိမ်ခြံမြေမှာလည်း အရောင်းအ၀ယ်ပြန်ကောင်းလာ နိုင်သည်ဟု အကျိုးဆောင်အချို့ က မျှော်လင့်နေကြသည်။

7daydaily

မိမိတို့နိုင်ငံကို နေတိုးအဖွဲ့ အတွင်းမှ နုတ်ထွက်ရန် ပြင်သစ်ပြည်သူ ထောင်ပေါင်းများစွာ ဆန္ဒပြတောင်းဆို




ပါရီ ၊ ၁-၆-၂၀၁၅

ပြင်သစ်နိုင်ငံ ပါရီမြို့တော် တွင် ပြည်သူ ထောင်ပေါင်း များစွာက မေ ၃ဝ ရက်တွင် မိမိတို့ နိုင်ငံကို နေတိုး တပ်ဖွဲ့ဝင် နိုင်ငံအဖြစ်မှ နုတ်ထွက်၍ အချုပ်အခြာ အာဏာပိုင် နိုင်ငံ တစ်နိုင်ငံ အဖြစ် ပြန်လည် ထူထောင်ရန် ဆန္ဒပြ တောင်းဆို ခဲ့ကြကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ သည် စစ်ဘက် မဟာမိတ် အဖွဲ့ကြီး တစ်ခုဖြစ်သော နေတိုးတပ်ဖွဲ့တွင် အဖွဲ့ဝင် တစ်နိုင်ငံ အဖြစ် ပါဝင်လျက် ရှိနေခြင်းသည် နိုင်ငံကို ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်ပေါ် စေသည်ဟု ဆန္ဒပြ ပြည်သူများက ယူဆလျက် ရှိပြီး နိုင်ငံ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာကို လျော့ပါးစေရုံ သာမက စစ်အသုံး စရိတ်ကို မြင့်တက်စေလျက် ရှိသည်ဟု ၄င်းတို့က ပြောကြား ထားသည်။

ထို့ပြင် နေတိုး တပ်ဖွဲ့သည် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ကြားဝင် ဖျန်ဖြေရေး နှင့် လူ့အခွင့်အရေး မြှင့်တင်မှု ဆိုင်ရာ စစ်ပွဲ အမြောက်အမြား တွင် ပါဝင်ခဲ့ပြီး ဖြစ်သောကြောင့် အဓိက အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ပြင်သစ်နိုင်ငံမှာ ၄င်းတို့၏ စစ်အသုံးစရိတ်ကို အဆမတန် တိုးမြှင့်ခဲ့ရကြောင်း ဆန္ဒပြသူ တစ်ဦးက ထောက်ပြ ပြောကြား ခဲ့သည်။

ပြင်သစ် နိုင်ငံအတွင်း မကြာသေးမီက ကောက်ယူခဲ့သည့် လူထု စစ်တမ်းများ အရ ပြည်သူများသည် နေတိုးအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံ အဖြစ် ပါဝင်နေခြင်းကို ၂ဝဝ၉ ခုနှစ်ကထက် ပိုမို ဆန့်ကျင်လျက် ရှိပြီး အချို့က  နေတိုး တပ်ဖွဲ့ဝင် နိုင်ငံအဖြစ်မှ ပြင်သစ် နိုင်ငံသည် နုတ်ထွက်ရန် နောက်ကျ သွားပြီဟု ယူဆလျက် ရှိကြောင်း သိရသည်။

ယခင် သမ္မတဟောင်း ချားလ်ဒီဂေါ် လက်ထက် ၁၉၆၆ ခုနှစ်တွင် နေတိုးတပ်ဖွဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် ပါဝင်နေခြင်းသည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို လျော့ပါး စေသည်ဟု ဆိုကာ ပြင်သစ် အစိုးရက ထိုအဖွဲ့မှ နုတ်ထွက် ခဲ့သော်လည်း အမေရိကန် အစိုးရကို လေးစား ကြည်ညိုသည့် သမ္မတဟောင်း နီကိုလပ်စ် ဆာကိုဇီ အစိုးရ တက်ရောက် လာပြီးနောက် ပြင်သစ်နိုင်ငံ သည် အဆိုပါ စစ်ဘက် မဟာမိတ် အဖွဲ့သို့ ပြန်လည် ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PyiChitThar

နိုင်ငံတောင်ပိုင်းတွင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အစိုးရတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံး


ဗန်ကောက် ၊ ၁-၆-၂၀၁၅

ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္တနီ ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ချုံခိုတိုက်ခိုက်မှု တစ်ခုတွင် အမည်မသိ သေနတ်သမား များ၏ ပစ်ခတ် တိုက်ခိုက်မှု ကြောင့် အစိုးရ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန် ခဲ့သည်ကို ဗန်ကောက်ပို့စ် သတင်းတစ်ရပ် အရ သိရသည်။

တိုက်ခိုက်မှုတွင် အရပ်သား အသွင် ဝတ်ဆင်ထားသော ထိုင်း လုံခြုံရေး တပ်ဖွဲ့ဝင် များသည် ပတ္တနီပြည်နယ် ကာပေါ်ခရိုင် တွင် မေ ၃ဝ ရက်က မော်တော်ဆိုင်ကယ် မောင်းနှင်လာစဉ် သေနတ်သမား များ၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်း ဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ပရက်ဘ်ပါမင် မုန်ကော က ပြောကြား ခဲ့သည်။

ထို့နောက် အမည်မသိ သေနတ်သမား များသည် လုံခြုံရေး တပ်ဖွဲ့ဝင် များကို ပစ်ခတ် တိုက်ခိုက်ပြီး ၄င်းတို့၏ သေနတ်များကို ယူဆောင်၍ အခင်း ဖြစ်ပွားရာ နေရာမှ ထွက်ပြေး သွားခဲ့ကြောင်း၊ ထို ပစ်ခတ်မှုနှင့် စပ်လျဉ်း၍ အာဏာပိုင် များက စုံစမ်းလျက် ရှိသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ၂ဝဝ၄ ခုနှစ်မှစ၍ မတည်ငြိမ် မှုများ ဖြစ်ပွား ခဲ့ခြင်းကြောင့် အရပ်သား ဦးရေ ၆၅ဝဝ ကျော် သေဆုံးခဲ့ ရပြီး ဖြစ်ကြောင်း သိရသည်။

#PyiChitThar

တရုတ်တို့၏ လူလုပ်ကျွန်းများကြောင့် ငါးများ ရှားပါးလာဖွယ်ရှိ


နယူးယောက် ၊ ၁-၆-၂၀၁၅

ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံကြားရှိ စပရက်တလီ ကျွန်းစုများ အနီးတွင် တရုတ်နိုင်ငံက လူလုပ်ကျွန်းများ တည်ဆောက် နေခြင်းသည် ၄င်းဒေသ၏ ဂေဟစနစ်နှင့် ငါးများ ရှားပါးလာဖွယ် ရှိကြောင်း သိပ္ပံပညာ ရှင်များက သတိပေး စကား ပြောဆိုကြသည်။

အာရှနိုင်ငံ များက လာရောက် ငါးဖမ်းလေ့ ရှိကြသော စပရက်တလီ ကျွန်းစုများတွင် ယခင်က ငါးလွန်စွာ ပေါများသော်လည်း ပြီးခဲ့သော ဆယ်စုနှစ်များ ကစ၍ ၄င်းကျွန်းစု များတွင် ငါး အရေအတွက် လျော့ပါး လာခဲ့ကြောင်း သြစတြေးလျ နိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံ တို့မှ သိပ္ပံ ပညာရှင် များက ၂ဝ၁၃ ခုနှစ် ကတည်းက စစ်တမ်းပြုစု ခဲ့ကြရာမှ သိရှိလာခဲ့ ရသည်။

စပရက်တလီ ကျွန်းစုများ အနီး သန္တာ ကျောက်တန်းများ ပေါက်ရောက် ရှင်သန်မှု တွင်လည်း ၁ဝ နှစ်မှ ၁၅ နှစ်အတွင်း ၂ဝ ရာခိုင်နှုန်းခန့် လျော့နည်း လာကြောင်း၊ ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်မှု ဒဏ်ကို ထို သန္တာတောင်က အပြင်းအထန် ခံခဲ့ရကြောင်း သုတေသီ များက ရှင်းပြသည်။

ဆယ်စုနှစ် နှစ်စုကြာ ဖိလစ်ပိုင် နိုင်ငံတွင် နေထိုင်၍ ၄င်းကျွန်းစု များနှင့် ပင်လယ်ပျော် ရေနေ သတ္တဝါများ အကြောင်း လေ့လာနေသူ အမေရိကန် နိုင်ငံ မိန်း တက္ကသိုလ် မှ သုတေသီ ဂျွန်မက်မာနက်စ် က ယနေ့ တရုတ်အစိုးရ လုပ်ကိုင် နေသော စပရက်တလီ ကျွန်းစုများတွင် ကွန်ကရစ် လေယာဉ် ပြေးလမ်းများ အပါအဝင် အခြား ဆောက်လုပ်ရေး လုပ်ငန်း များကြောင့် သန္တာတောင်များ ပျက်စီးဖွယ် ရှိကြောင်း ရှင်းပြသည်။

အမေရိကန် အစိုးရက လွှတ်တင် ထားသော ထောက်လှမ်းရေး ဂြိုဟ်တုများမှ တစ်ဆင့် တရုတ် အစိုးရ၏ စပရက်တလီ ကျွန်းစုတွင် ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင် နေကြောင်း တွေ့ရှိခဲ့ရပြီး သဲတန်ချိန်ပေါင်း များစွာကို ပင်လယ် ကြမ်းပြင်မှ တူးဖော် အသုံးချ နေခြင်း နှင့် ဧရာမ သဲပုံကြီး များကို ကျောက်တုံးကြီး များနှင့် သန္တာ ကျောက်တန်းများ အပေါ် တင်ထားကြောင်း တွေ့ရှိ လာခဲ့ရသည်။

ကွန်ကရစ် လေယာဉ် ပြေးလမ်းများ၊ ဆိပ်ခံများမှာ အမှန်တကယ် ပင် ပင်လယ်ပျော် သတ္တဝါများ၏ ဂေဟစနစ်ကို ပျက်စီး စေကြောင်း အမေရိကန် ပင်လယ် သမုဒ္ဒရာ ဂေဟစနစ် ဆိုင်ရာ ပါမောက္ခ ဂရက်မစ်ရှဲလ် က ရှင်းလင်း ပြောပြသည်။

ဖိလစ်ပိုင် အစိုးရ နိုင်ငံခြားရေး ဝန်ကြီးက ပြီးခဲ့သော လက တရုတ် အစိုးရသည် ဧက ၃ဝဝ ကျော် ကျယ်ဝန်းသော သန္တာ ကျောက်တန်း များကို လုံးဝ ဖျက်ဆီးပစ် လိုက်ကြောင်း ဝေဖန် ပြောဆိုသည်။

#PyiChitThar

တရုတ်နိုင်ငံက ပင်လယ်ရေကြောင်း စောင့်ကြည့် ထောက်လှမ်းရေး သင်္ဘောများကို ဟာဝိုင်အီကမ်းလွန် တွင် တပ်ဖြန့်ချထား


တိုကျို ၊ ၁-၆-၂၀၁၅

အငြင်းပွားလျက် ရှိသော စပရက်တလီ ကျွန်းစုရေပြင် ပိုင်နက်နှင့် ပတ်သက်၍ အမေရိကန် ရေတပ်နှင့် တရုတ်ရေတပ် တို့အကြား တင်းမာမှုများ ဖြစ်ပေါ်နေစဉ် တရုတ်နိုင်ငံ သည် တောင်တရုတ် ပင်လယ်အတွင်း အမေရိကန် နိုင်ငံ၏ လှုပ်ရှား ဆောင်ရွက်မှုများ အပေါ် တုံ့ပြန်မှု တစ်ရပ်အဖြစ် ပင်လယ် ရေကြောင်းဆိုင်ရာ စောင့်ကြည့် ထောက်လှမ်းရေး သင်္ဘောများကို ဟာဝိုင်အီ ကမ်းလွန်သို့ စတင် စေလွှတ် ခဲ့ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် Nihon Keizai Shimbun သတင်းစာက ထုတ်ပြန် ကြေညာခဲ့သည်။

ပိုမို ဝေးကွာသော အကွာအဝေး အထိ ရောက်ရှိ ပစ်ခတ်နိုင်သည့် အဆင့်မြင့် လက်နက် စနစ်များ ဖွံ့ဖြိုးတိုးတက် လာခြင်းကြောင့် တရုတ်နိုင်ငံ၏ ကမ်းရိုးတန်း ကာကွယ်ရေး မဟာဗျူဟာ သည် နိုင်ငံ၏ အမျိုးသား အကျိုးစီးပွား များကို ရေရှည်တွင် ကာကွယ် ပေးနိုင်လိမ့်မည် မဟုတ်ကြောင်း တရုတ် တပ်မတော် မဟာဗျူဟာ စီမံကိန်း ရေးဆွဲရေး ဌာနမှ ဗိုလ်မှူးကြီး ဝန်းဂျင်က တရုတ်နိုင်ငံ ၏ (၉) ကြိမ်မြောက် ကာကွယ်ရေး ဆိုင်ရာ စက္ကူဖြူ စာတမ်း ထုတ်ပြန်မှုနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အနေဖြင့် မြေပြင်တပ်ဖွဲ့ များအစား ရေပြင်တပ်ဖွဲ့ များအား အရှိန်အဟုန်မြှင့် တည်ဆောက်ရေး အတွက် ပိုမိုရင်းနှီး မြှုပ်နှံသင့်ကြောင်း နှင့် တောင်တရုတ် ပင်လယ်အတွင်း အမေရိကန် နိုင်ငံနှင့် ဖြစ်လာနိုင်ဖွယ် ရှိသော ပဋိပက္ခ အတွက် ကြိုတင်ပြင်ဆင် ထားရမည် ဖြစ်ကြောင်း စက္ကူဖြူစာတမ်း တွင် အကြံပြု ထားသည်။

ထို့အပြင် တရုတ်နိုင်ငံ အနေဖြင့် ပင်လယ် ရေကြောင်း ဆိုင်ရာ စောင့်ကြည့် ထောက်လှမ်းရေး သင်္ဘောများကို ဟာဝိုင်အီ ကမ်းလွန်တွင် တပ်ဖြန့်ချထား စဉ်အတွင်း စပရက်တလီ ကျွန်းစု၌ မီးပြတိုက် နှစ်ခု တည်ဆောက်မှု များကိုလည်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

#PyiChitThar

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ အမှုဆောင် ကော်မတီဝင်များ အသစ် ပြန်ရွေးချယ်


Sunday, May 31, 2015
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ၏ အမှုဆောင် ကော်မတီဝင်အားလုံးကို အသစ်ပြန် လည် ရွေးချယ်ပြီးဖြစ်သည်ဟု ယင်းအဖွဲ့မှ ကိုသက်ဦးက မဇ္ဈိမကို ပြောသည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ တတိယအကြိမ်မြောက် အမှုဆောင်သစ် ရွေးချယ် ပွဲကို မေလ ၃၀ ရက်က ရန်ကုန်မြို့ ဇဝနလမ်းဆုံရှိ စမ္မပီရ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
အမှုဆောင်သစ် ရွေးချယ်ပွဲတွင် ကော်မတီဝင် အဟောင်းများနေရာတွင် အားလုံးအသစ်ပြန်လည် ဖွဲ့စည်းလိုက်သည်ဟုလည်း ကိုသက်ဦးက မဇ္ဈိမကိုပြောသည်။ "လူက အကုန်အသစ် ပြန်လဲလိုက်တာ။ လူသစ်ရွေးတာ အဆိုပြုတင်တာ ၁၆ ယောက်ကို တစ်ယောက်က မလာတော့ ၁၅ ဦးနဲ့ ကော်မတီ ပြန်ဖွဲ့မယ်" ဟု ၎င်းက ပြောသည်။
အဆိုပါ ၁၅ ဦးကို မေ ၃၁ ရက်တွင် ကော်မတီ၏ အမှုဆောင် ကဏ္ဍအသီးသီးအတွက် ပြန်လည်ဖွဲ့စည်းသွားမည် ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ရက်မှ ဦးထွန်း ကြည်က "အမှန်တော့ ညီလာခံကို ပုံမှန်လေး ပြန်လုပ်ဖြစ်တာပေါ့။ နိုင်ငံရေးအဖွဲ့လေးကို ကျစ်ကျစ်လျစ်လျစ် လေးနဲ့ ပြန်ဖွဲ့ဖြစ်လိုက်တာပေါ့" ဟု မဇ္ဈိမကို ပြောသည်။
အမှုဆောင်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်သူများ က မေလ ၂၇ ရက်နောက်ဆုံးထား၍ အဆိုပြုလွှာ တင်သွင်းခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၆ ဦးက တင်သွင်းခဲ့သည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာမှ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ဒုတိယအကြိမ်မြောက် အမှုဆောင်ရွေးချယ်ပွဲကို ပြုလုပ်ခဲ့သည်။
မေ ၃၁ ရက် အမှုဆောင်သစ် ရွေးချယ်ပွဲ အပြီးတွင် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေနှင့် နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်နေရသည့် အခြေအနေများ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပေါ် ပြန်လည်သုံးသပ်ချက်များကို သဘောထားထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်သွား မည်ဟုလည်း ဦးထွန်းကြည်က ပြောသည်။
ဧပြီလကုန်အထိတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း ဆက်လက်ထိန်းသိမ်းခံထားရ သည့် နိုင်ငံရေး အကျဉ်းသား ၁၅၇ ဦးနှင့် တရားရင်ဆိုင်နေရသူ ၄၅၃ ဦးအထိ ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မဇ္ဈိမ

ဂျပန်ကမ်းလွန်တွင် ပြင်းအား ၇ ဒသမ ၈ ရစ်ခ်ျတာစကေး ရှိ ငလျင်လှုပ်ခတ်ရာ အနည်းဆုံး လူ ၁၂ ဦးဒဏ်ရာရရှိ


Japan Earthquake: Large But Very Deep Temblor Strikes Offshore

တိုကျို ၊ ၁-၆-၂၀၁၅

ဂျပန်နိုင်ငံ ကမ်းလွန်ရှိ ပင်လယ်ပြင် အတွင်း ပြင်းအား ၇ ဒသမ ၈ ရစ်ခ်ျတာစကေး အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ် သွားခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး ဒဏ်ရာရရှိ ခဲ့ပြီး တိုကျိုမြို့တော် ရှိ အဆောက်အအုံ  များသည်လည်း ငလျင်ဒဏ် ကြောင့် လှုပ်ရှား ယိမ်းယိုင်ခဲ့ ရကြောင်း ဒေသတွင်း မီဒီယာ တစ်ခုက ယမန်နေ့တွင် ထုတ်ပြန် ထားကြောင်း သိရသည်။

အဆိုပါ ငလျင်သည် မြို့တော် တိုကျို တောင်ဘက် ပစိဖိတ် သမုဒ္ဒရာ ကြမ်းပြင်အောက် ၆၇၆ ကီလိုမီတာ အကွာကို မေ ၃ဝ ရက် ဒေသ စံတော်ချိန်ည ၈ နာရီခွဲခန့် က ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ထိုငလျင် ဒဏ်ကြောင့် ဆူနာမီ သတိပေးချက် များကို ထုတ်ပြန်ခဲ့ခြင်း မရှိဟု ပြောပြသည်။

ထိုငလျင် လှုပ်ရှားမှုကြောင့် မြို့တော်ရှိ နာရီတာ အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ ဂိတ်ပေါက်ကို  လေဆိပ် အာဏာပိုင် များက ခေတ္တ ပိတ်ပစ်ခဲ့ရပြီး စစ်ဆေးမှု များကို လုပ်ဆောင် ခဲ့ရကြောင်း သိရသည်။

#PyiChitThar

ပင်လယ်နက်အတွင်းသို့ ၀င်ရောက်လာသည့် အမေရိကန် စစ်သင်္ဘောတစ်စီးကို ဟန့်တားနိုင်ရန် ရုရှားက တိုက်လေယာဉ်တစ်စင်း စေလွှတ်



မော်စကို ၊ ၁-၆-၂၀၁၅

ရုရှား အစိုးရသည် ပင်လယ်နက် အတွင်းသို့ ဝင်ရောက် လာသည့် အမေရိကန် စစ်သင်္ဘော တစ်စီးကို ဟန့်တားနိုင်ရန် အတွက် ၄င်းတို့၏ တိုက်လေယာဉ် တစ်စင်းကို စေလွှတ် ခဲ့ရကြောင်း RIA သတင်း အေဂျင်စီ၏ မေ ၃ဝ ရက် ဖော်ပြချက် အရ သိရသည်။

USS Ross အမည်ရှိ အမေရိကန် ပဲ့ထိန်း ဒုံးကျည်တပ် သင်္ဘော သည် ရုရှားနိုင်ငံ ရေပိုင်နက် အတွင်းသို့ ဝင်ရောက် လာခဲ့ခြင်း ဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခြင်း သည် ပင်လယ်နက် အတွင်းရှိ မိမိတို့၏ စစ်သင်္ဘော များနှင့် လေ့လာ စောင့်ကြည့်ရေး ဌာနများ အတွက် စိုးရိမ် ပူပန်မှုများကို ဖြစ်ပေါ် စေခဲ့ကြောင်း ရုရှား အာဏာပိုင် များ၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါ သတင်း အေဂျင်စီက ဆက်လက် ဖော်ပြခဲ့သည်။

ထို့နောက် ရုရှားအစိုးရ သည် မိမိတို့နိုင်ငံ၏ အကျိုးစီးပွား ကို ကာကွယ်ရန် နှင့် နယ်စပ် ဖြတ်ကျော် ဝင်ရောက် လာခြင်းကို ဟန့်တားရန် အတွက် တိုက်လေယာဉ် တစ်စင်းကို စေလွှတ်ခဲ့ ရကြောင်း သိရသည်။

ထိုကိစ္စရပ်နှင့် စပ်လျဉ်း၍ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ငြင်းဆိုထားပြီး အမေရိကန် စစ်သင်္ဘော သည် နိုင်ငံတကာ ရေပိုင်နက် အတွင်း၌သာ မောင်းနှင် ခဲ့ခြင်း ဖြစ်ကြောင်း၊ ရေပိုင်နက် အတွင်းသို့ အမေရိကန် ပြည်ထောင်စု က စစ်သင်္ဘော စေလွှတ်မှုကို လူသိရှင်ကြား ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း တုံ့ပြန် ပြောကြား ခဲ့သည်။ သို့ရာတွင် အမေရိကန် အစိုးရ၏ ပြောကြားချက် ကို ရုရှားအစိုးရ က တုံ့ပြန် ပြောကြား ခဲ့ခြင်း မရှိကြောင်း သိရသည်။

#PyiChitThar

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဇွန်လ ၆ရက် ထုတ်ပြန်မည်


Sunday, May 31, 2015
၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ဇွန်လ ၆ ရက် နံနက် ၆ နာရီတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှတစ်ဆင့် မေလ ၃၁ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။
အောင်စာရင်းများကို တိုင်းနှင့် ပြည်နယ်အလိုက် မြို့နယ် ပညာရေးမှူးရုံးများ၊ စာစစ်ဌာန ကျောင်းများတွင် တစ်ပြိုင်တည်း ထုတ်ပြန်မည်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဝက်ဘ်ဆိုဒ် moemyanmar.net
 
တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ တိုင်းနှင့် ပြည်နယ်များ၏ အောင်စာရင်းကို ရန်ကုန်မြို့ အင်းစိန်၊ ရန်ကင်း၊ လမ်းမတော်၊ သင်္ဃန်းကျွန်း မြို့နယ်များရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းများ၊ ကမာရွတ်မြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် ဒဂုံမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းများတွင် ထုတ်ပြန်ထားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၁ ရက်တွင် စတင်ကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပ စာဖြေဌာန ၁၃၇၆ ခုတွင် ဖြေဆိုသူ ၅၉၀,၀၀၀ ကျော် ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။
The Voice Weekly

ကြို့ပင် ကျေးရွာ၌ အမျိုးသမီးအချင်းချင်း ဓားခုတ်မှုဖြစ်ပွား

-
အောင်လံ မေ ၃ဝ

မကွေးတိုင်းဒေသကြီး သရက် ခရိုင် အောင်လံမြို့နယ် ကြို့ပင် ကျေးရွာတွင် ယမန်နေ့ ညနေ ၆ နာရီ ခွဲက အမျိုးသမီးအချင်းချင်း ဓားခုတ် မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဓားဖြင့်ခုတ်ခံရသူ မဝင်းအေး (၃၂နှစ်) ကြို့ပင်ကျေးရွာ နေသူသည် ဖခင်ဖြစ်သူနေအိမ်မှ ပြန် လာစဉ် ရွာလယ်လမ်း၌ တစ်ရွာ တည်းနေ မခိုင်ဝင်းမော် (၂၈ နှစ်)နှင့် တွေ့ဆုံပြီး ထိုနေ့ ညနေပိုင်းက မဝင်းအေး၏အစ်မ မယဉ်အေးကို မခိုင်ဝင်းမော်က ၄င်း၏ ခင်ပွန်းနှင့် စွပ်စွဲပြောဆိုစကားများသည့်အတွက် မဝင်းအေးက မကျေမနပ်ဖြစ်၍ အပြန်အလှန် စကားများကြရာမှ မခိုင်ဝင်းမော်က အသင့်ပါလာသော အသွား ခြောက်လက်မ၊ အရိုး ငါး လက်မခွဲခန့်ရှိ ဝါးရိုးတပ် ဓားဦးချွန် ဖြင့် ထိုးခုတ်ရာ မဝင်းအေး ဒဏ်ရာ ရရှိခဲ့သဖြင့် အောင်လံမြို့မ ရဲစခန်း က အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သိန်းလွင်(iprd)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

အမေရိကန်ကာကွယ်ရေးဝန်ကြီး တည်းသည့်ဟိုတယ်ထဲ အတင်းဝင်သူကို စင်ကာပူရဲ ပစ်သတ်


စင်ကာပူနိုင်ငံမှာ အမေရိကန်ကာကွယ်ရေး ၀န်ကြီး တည်းခိုတဲ့ ဟိုတယ်ဝင်းထဲ အတင်းဝင်ရောက်ဖို့ ကြိုးစားတဲ့ ကားတစီးကို ရဲတပ်ဖွဲ့က ပစ်ခတ်ရာမှာ ၁ ဦး သေဆုံးပြီး ၂ ဦးကို ဖမ်းဆီးမိပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ကားတစီးက အမေရိကန် ကာကွယ်ရေး ၀န်ကြီး Ash Carter  တည်းခိုတဲ့ Shangri-La  ဟိုတယ်ဝင်းထဲကို  ရဲအတားအဆီးကို အတင်းဖြတ်ကျော်ဖို့ ကြိုးစားတာကို ရဲက ပစ်ခတ် ဖမ်းဆီးခဲ့တာပါ။

Shangri-La  ဟိုတယ်ထဲမှာ ထိပ်တန်း လုံခြုံရေး အရာရှိတွေ သုံးရက်ကြာ အစည်းအဝေး ကျင်းပနေချိန်လည်း ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီးရော၊ တခြား အရာရှိတွေရော တစုံတရာ ထိခိုက်မှု မရှိဘူးလို့ ရဲအဖွဲ့က ပြောပါတယ်။

အမေရိကန် အရာရှိတွေ ကိုယ်တိုင်က အဖြစ်အပျက်ကို မသိခဲ့ဘဲ သတင်းတွေ ဖတ်ရတော့မှပဲ သိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းမှာပဲ အမေရိကန် ကာကွယ်ရေး ၀န်ကြီးနဲ့အဖွဲ့ဟာ ဗီယက်နမ်ကို ဆက်လက် ထွက်ခွာသွားပါတယ်။

ကားကို စစ်ဆေးရေးဂိတ်မှာ ရဲက တားခဲ့ပေမယ့် ကားဒရိုင်ဘာက နောက်တံခါးကို မဖွင့်ဘဲ အရှိန်မြှင့်မောင်းထွက်သွားလို့ ရဲက သေနတ်နဲ့ ပစ်ပြီး ဟိုတယ်လမ်းဘေး တနေရာမှာ ရပ်တန့်နိုင်ခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်းတဲ့ ၂ ဦးထဲက တဦးမှာ  မူးယစ်ဆေးလို့ ယူဆရတဲ့ ပစ္စည်းတွေ တွေ့ရှိရတယ်လို့ ရဲ့အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

စစ်တပ်က သယံဇာတခိုးထုတ်သည့် ရန်သူကို တိုက်နေခြင်းဖြစ်ဟု ကာချုပ်ပြော

ဓာတ်ပုံ - Senior General Min Aung Hlaing facebook
စစ်တပ်အနေနဲ့ တိုင်းပြည်သယံဇာတများကို ခိုးထုတ်နေတဲ့ ခိုးထုတ်တာကို အကာအကွယ်ပေးနေတဲ့ ရန်သူကို တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုင်းရင်းသားတွေကို တိုက်ခိုက်နေတာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မေလ ၃၀ ရက်က ပြုလုပ်ခဲ့တဲ့ ၂ဝ၁၅ ခုနှစ်၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ညှိနှိုင်း အစည်းအဝေးမှာ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တပ်မတော် အနေဖြင့် တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်း မဟုတ်ဘဲ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိပါးသောရန်သူ၊ တိုင်းပြည်၏ သယံဇာတများကို ခိုးထုတ်နေသော၊ ခိုးထုတ်မှုကို ကာကွယ် ပေးနေသော ရန်သူနှင့် တကမ္ဘာလုံးက လက်မခံသည့် မူးယစ်ဆေးဝါး ထုတ်လုပ်နေသော ရန်သူများကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း။”

မြန်မာ့နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိန်းကတော့ လတ်တလောတိုက်ပွဲတွေကို ဆွေးနွေးညှိနှိုင်းဖြေရှင်းတဲ့နည်းနဲ့ ဖြေရှင်းမှ ရမယ်လို့မြင်ကြောင်း ပြောပါတယ်။

“မြန်မာနိုင်ငံ နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ဟာ သယံဇာတခိုးထုတ်တဲ့ ကိစ္စ၊မူးယစ်ဆေးဝါးကိစ္စ၊ ဒီကိစ္စတွေနဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲချင်တဲ့သဘောနဲ့ ပြောတာလို့ မြင်တယ်။ ကျနော့်အမြင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လတ်တလောဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာ လက်နက်ကိုင်တိုက်တဲ့ နည်းလမ်းမဟုတ်ဘဲနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကို အလေးထားသင့်တယ်လို့ မြင်တယ်။”

သယံဇာတနဲ့မူးယစ်ဆေးဝါးကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုရှိရှိ ဖော်ထုတ်ဖြေရှင်းသင့်ပြီး အပြန်အလှန်စွပ်စွဲပြောကြားနေရင်တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်က ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေကြောင့် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့ ၁၂ ဖွဲ့၊ ပြည်နယ်အဆင့် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၂ ဖွဲ့တို့နဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ကတိကဝတ်တွေ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်မှာ အားသွန်ခွန်စိုက် ပါဝင် ဆောင်ရွက်နေတယ်လို့လည်း ပြောသွားပါတယ်။

လတ်တလော မြန်မာပြည်အရှေမြောက်ပိုင်းဒေသမှာ စစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေတာ ၄ လနီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။

 By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no

၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမိုးသီးဇွန်နှင့် တွေ့ဆုံမေးမြန်းခြင်း – အောင်ထွန်းလင်း


“ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတတင်မြှောက်လိုက်ခြင်းဟာ စစ်တပ် အတွက် ထွက်ပေါက်ရနိုင်တယ် …”

ဒီစွပ်စွဲမှုတွေက သူတို့လို လူငယ်လေးတွေရဲ့ ထက်မြက်မှု၊ ထူးချွန်မှုတွေ ကို မှေးမှိန်အောင်လုပ်တဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ ကျွန်တော် ငယ်ငယ် တုန်းကလည်း ဗကပတွေက ကျွန်တော့်ကို ကြိုးကိုင်နေတယ်လို့ စွပ်စွဲခဲ့ကြပါတယ် …

ဒီချုပ်က အမတ်နေရာအများစု ရတဲ့အတွက် ၄၃၆ နဲ့ ၅၉(စ) ကို ပြင်လာတဲ့အခါမှာ စစ်တပ်က ဘယ်လို တုံ့ပြန်မလဲ ဒီအချိန်ကျမှ စစ်တပ်က ဟန့်တားလာရင် တကယ့် Battle Ground ဖြစ် လာမယ်။ ထောက်ခံ လာရင်တော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဟာ အောင်မြင်သွားမှာပဲ။ ဒီအခြေအနေကို ဒေါ်စု၊ စစ်တပ်နဲ့ လူထုဟာ မလွဲမသွေ ဖြတ်သန်းရ . . .


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အခြေခံဥပဒေ ပြင်ဆင်ရေး၌ အဓိကကျသည့် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ) တို့အား ပြင်ဆင်ဖွယ် မရှိကြောင်းနှင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)အနေဖြင့် နေရာအများစု အနိုင်ရအောင် လုပ်နိုင်မှသာ ယင်းဥပဒေများကို ပြင်ဆင်နိုင်ရန်အတွက် ဖိအားပေး လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည့် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်သူ ဦးမိုးသီးဇွန်က တိုက်တွန်း ပြောဆိုလိုက်သည်။

ဦးမိုးသီးဇွန်မှာ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့သူတစ်ဦး ဖြစ်ပြီး ယခုအစိုးရသစ် လက်ထက် ကျမှသာ မြန်မာနိုင်ငံသို့ ခေတ္တပြန်လာခွင့် ရရှိခဲ့ပြီး မြန်မာနိုင်ငံ သို့ ခေတ္တ ပြန်လာခွင့် ရရှိစဉ်ကလည်း မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ ၀န်ကြီးဦးအောင်မင်း၊ ဦးစိုးသိန်းတို့နှင့်လည်း တွေ့ဆုံခွင့် ရရှိခဲ့ကာ ဒီမိုကရေစီ လုပ်ငန်းစဉ်အတွင်း ပါဝင်ခွင့် ရရှိရေးအတွက် လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်း တွင် ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရသူလည်း ဖြစ်သည်။

ထို့ပြင် ဒီမိုကရေစီပညာရေး အကောင်အထည်ဖော်ရန်အတွက် ဗကသ ကျောင်းသား ခေါင်းဆောင် များအား နောက်ကွယ်မှ ကြိုးကိုင်နေသူအဖြစ် စွပ်စွဲခံခဲ့ရသူ တစ်ဦးဖြစ်သည်။ လက်ရှိဖြစ်ပျက်နေသည့် နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်၏ မေးမြန်းမှုကို မေလ ၂၄ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ပြန်လည် ဖြေကြားခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး – အခုလက်ရှိ အမျိုးသားပညာရေးနဲ့ ပတ်သက်ပြီး သပိတ်မှောက် ကျောင်းသားတွေကို ဖမ်းဆီးချုပ်နှောင်ပြီး အမှုဖွင့် စစ်ဆေးနေပါတယ်။ ကျောင်းသားတွေဘက်က ဒါဟာ အစိုးရရဲ့ကတိပျက်မှုလို့ ဆိုထားပါတယ်။ အစ်ကို့အနေနဲ့ ဒီကိစ္စအပေါ် ဘယ်လိုများ သဘောထား ပေးချင်ပါသလဲ။

ဖြေ – အစိုးရအနေနဲ့က ကျောင်းသားတွေကို အမြန်ဆုံးအမှုကနေ တရားသေ ပြန်လွှတ်လိုက်ဖို့ သင့်ပါတယ်။ သူတို့ဟာ ရာဇ၀တ်သားတွေ မဟုတ်ဘူး။ သူတို့ဟာ ပညာရေး ပြုပြင်ပြောင်းလဲဖို့အတွက် တောင်းဆိုတဲ့ သူတွေပါပဲ။ ဦးသိန်းစိန်အစိုးရဟာ ဒီမိုကရေစီအသွင် ကူးပြောင်းဖို့ ဆုံးဖြတ်ထားပြီးပြီ။ အာဏာရှင်စနစ်ကို စွန့်လွှတ်ပြီး ပါလီမန်စနစ်ကိုသွားဖို့ ဦးတည်နေပြီလို့ ဆိုထားပါတယ်။ ပါလီမန် ဒီမိုကရေစီစနစ်မှာ အတိုက် အခံတွေ၊ ဆန္ဒပြတောင်းဆိုတာတွေ၊ ဝေဖန်တာတွေဟာ မလွဲမသွေ ရှိရမယ့် အရာတွေ (ingredients) ဖြစ်ပါ တယ်။ အစိုးရ၊ ပါလီမန်၊ ကျောင်းသား၊ ပညာရေးသုတေသီတွေ ၄ ပွင့်ဆိုင် ဆွေးနွေးကြ၊ အမြင်တွေ ဖလှယ်ကြတာတွေလည်း လုပ်ထားပြီးပြီဆိုတော့ ဆန္ဒပြတာလောက်ကို သဘောထား ကြီးသင့်တယ်။ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

မေး – ဖမ်းဆီးခံ ကျောင်းသားတွေကို အစိုးရက ဗကသ ကျောင်းသားတွေ ဆိုတာထက် နောက်ကွယ်ကနေ ဗကပတွေက သွေးထိုးလို့လုပ်တာလို့ စွပ်စွဲချက်တွေ ရှိပါတယ်။ ဒီအပေါ်မှာကော အစ်ကို့အနေနဲ့ ဘာများ ပြောချင်သလဲ။

ဖြေ – အစိုးရရဲ မှားယွင်းတဲ့ ပေါ်လစီတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ၊ ဝေဖန်မှုတွေ ဖြစ်လာတိုင်း ဗကပတွေ နောက်က သွေးထိုးတယ် ဆိုတာကတော့ ရယ်စရာကောင်းတဲ့ ဟာသတစ်ခုလို ဖြစ်လာနေပါတယ်။ ဒီလို စွပ်စွဲချက်တွေကို သတိထားဖို့လိုပါတယ်။ အစိုးရအနေနဲ့ သိက္ခာကျစရာ ဖြစ်မှာပဲ။ ကျောင်းသားတွေရဲ့ ပညာရေး ပြောင်းလဲတောင်းဆိုတဲ့ လှုပ်ရှားမှုကို ဗကပရော၊ နိုင်ငံတကာ သံတမန်တွေရော၊ သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်ရော အားပေး ထောက်ခံကြတာပဲ။ မှန်ကန်တဲ့ လှုပ်ရှားမှုမို့ သူတို့ကိုထောက်ခံ အားပေးတိုင်း စွပ်စွဲနေလို့ မရဘူးလေ။

မေး – ဖမ်းဆီးခံထားရတဲ့ကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင်နဲ့ တရားခံပြေးဖြစ်နေတဲ့ ဗကသဥက္ကဋ္ဌ ကိုကျော်ကိုကို တို့ကို အစ်ကိုက နောက်ကွယ်ကနေ ကြိုးကိုင်နေတယ် ဆိုတဲ့ပုံစံမျိုးဖြစ်အောင် ဓာတ်ပုံတွေ၊ စာတွေနဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ဖြန့်ဝေမှုတွေ ရှိလာပါတယ်။ ဒါနဲ့ပတ်သက်ပြီးကော အစ်ကို့အနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်သလဲ။

ဖြေ – ကိုကျော်ကိုတို့၊ မဖြိုးဖြိုးတို့ကို ကျွန်တော်သိပါတယ်။ ခင်မင်ပါတယ်။ သူတို့ကို မြန်မာပြည် ပြန်ရောက် တုန်းက သိခွင့်ရတယ်။ အမြင်တွေ ဖလှယ်ခွင့်ရတယ်။ သူတို့ဟာ အလွန်ထက်မြက်တဲ့ လူငယ်လေးတွေ ဖြစ်တာတွေ့ရတော့ အားရတယ်။ သူတို့ကို ကျွန်တော်က ကြိုးကိုင်တယ်ဆိုတာ မမှန်ပါဘူး။ ဒီ စွပ်စွဲမှုတွေက သူတို့လို လူငယ်လေးတွေရဲ့ ထက်မြက်မှု၊ ထူးချွန်မှုတွေကို မှေးမှိန်အောင်လုပ်တဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းကလည်း ဗကပတွေက ကျွန်တော့်ကို ကြိုးကိုင်နေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

မေး – ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်း အနေနဲ့ပေါ့။ ပြည်တွင်းမှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသား တွေရဲ့ နိုင်ငံရေးလှုပ်ရှားမှု အခြေအနေနဲ့ လူထုထောက်ခံမှု ကျဆင်းလာတဲ့ အပေါ်မှာကော ဘယ်လိုများ မြင်မိသလဲ။ ဘယ်လိုမျိုး တိုက်တွန်းချင်သလဲ။

ဖြေ – ၈၈ မျိုးဆက်တွေအနေနဲ့ ရွေးကောက်ပွဲဝင်သင့်တယ်။ ပါလီမန်ထဲကို သွားသင့်တယ်လို့ မြင်တယ်။ သူတို့ အတိတ်က စွန့်လွှတ် ပေးဆပ်ခဲ့ပြီးပြီ။ ဒီအချိန်က တိုင်းပြည်ပြန်လည် တည်ဆောက်ရေးအတွက် သူတို့ ပါဝင် ရတော့မယ့် အချိန်ပါ။ လူတွေက သူတို့ရှိရမယ့်နေရာမှာ မြင်ချင်ကြပါတယ်။ သူတို့ကို အောင်မြင်စေချင်တယ်။

မေး – ၂၀၁၅ ရွေးကောက်ပွဲက နိုဝင်ဘာလဆန်းမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဆိုထားပါတယ်။ လာမယ့် ရွေးကောက်ပွဲဟာ တရားမျှတရမယ်လို့လည်း ကတိက၀တ်တွေ ပေးထားပြန်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ လာမယ့် ရွေးကောက်ပွဲကကော တကယ့်ကို တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလား ဆိုတာ သုံးသပ်ပေးပါဦး။

ဖြေ – ရွေးကောက်ပွဲကတော့ တရားမျှတတယ်၊ မမျှတဘူး မပြောနိုင်သေးဘူး။ မမြင်ရသေးဘူး။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲကတော့ အရင်တုန်းက ရွေးကောက်ပွဲတွေထက် နိုင်ငံတကာက ပိုပြီးကြည့်ကြမယ်၊ လေ့လာ ကြမယ်၊ ပိုစိတ်ဝင်စားကြမယ် ဆိုတာတော့ မြင်နေရပါတယ်။ နောက်တစ်ခုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၉၉၀၊ ၂၀၁၂ တွေကလိုပဲ ပြတ်ပြတ်သားသား နိုင်ဦးမယ့် အနေအထားမှာ ရှိနေပါတယ်။

မေး – နောက်တစ်ခုကတော့ နိုင်ငံရေးကိစ္စပါပဲ။ အစ်ကို့ကို ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ကတောင် အစ်ကိုကြီးလို့ ခေါ်ခဲ့သလို နိုင်ငံရေးနဲ့ပတ်သက်ပြီး တွဲလုပ်ခဲ့တာမျိုး ရှိပေမယ့် အခုကျတော့ ဘာလို့များ လိုင်းကွဲသွားတာလဲ။

ဖြေ – ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နဲ့က ကျွန်တော် ပြဿနာ မရှိပါဘူး။ ကျွန်တော့်ကို ပြည်ထဲရေးက ဗီဇာ ထပ်မပေးသေးတာပါပဲ။ ဗီဇာထုတ်ပေးဖို့ကိုတော့ သူတို့က ပြောဖို့လိုမယ်ထင်တယ်။ ကျွန်တော် ဦးအောင်မင်းနဲ့ စတင်ဆွေး နွေးစဉ်ကတည်းကပဲ ဦးအောင်မင်းက သူတို့ပြောင်းလဲဖို့ ကြိုးစားနေပြီ။ ပြန်လာကြည့်ပါလို့ ဖိတ်ခေါ် တယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီလိုကြားတော့ မယုံသေးဘူး။ လာကြည့်မယ်။ တွေ့ချင်တဲ့သူတွေနဲ့ တွေ့ခွင့်ရှိ မလား။ ကျွန်တော်တို့ မြင်တာတွေကို ပြောခွင့်ရှိ မလားလို့ မေးခဲ့တယ်။ ရှိပါတယ်လို့ သူတို့ ပြောတယ်။ ဒါကြောင့် ကျွန်တော် ပြန်လာတယ်။ တွေ့သင့်တဲ့သူတွေကို တွေ့တယ်။ ကျွန်တော် မြင်တာတွေကို ပြောခဲ့တာပဲ။ ကျွန်တော် မြင်တဲ့ ဟာတွေက တခြားသူတွေ မြင်သလိုပါပဲ။ ကျွန်တော်ပြောတဲ့ ဟာတွေကလည်း တခြားသူတွေ ပြောနေသလိုပါပဲ။

အစိုးရကို ချီးကျူးတာရော၊ ဝေဖန်တာရော ရှိခဲ့ပါတယ်။ ဘာမှ အထူးအဆန်းမပါဘူး။ နောက်တော့ ဦးလှမောင်ရွှေက ကျွန်တော့်ကို အစိုးရက ဗီဇာသက်တမ်း ထပ်မတိုးပေးဘူး၊ ဗီဇာကို အပြင်ထွက်ပြီး ပြန်လျှောက်ပါလို့ ပြောလာတယ်။ ကျွန်တော် ထိုင်းကိုထွက်ပြီး ပြန်လျှောက်တယ်။ ဗီဇာမပေးဘဲ နေနေပါတယ်။

သူတို့လည်း ဒီမိုကရေစီအသွင် ကူးပြောင်းချင်တယ်။ ငြိမ်းချမ်းရေး တည်ဆောက်ချင်တယ်။ ကျွန်တော်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းချင်တယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ်၊ ဘာလိုင်းကွဲစရာရှိသလဲ။ တူတာ တွဲလုပ်လို့ရသလို မတူတာ ခွဲလုပ်လို့ရတာပဲ။ ဒီမိုကရေစီမှာ သူတို့နဲ့ ကျွန်တော်တို့ဟာ မိတ်ဖက်တွေ အဖြစ် ရှိနိုင်ကြတာပဲ။ ပိုမကောင်းဘူးလား။

မေး – ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နဲ့ လုပ်နေတဲ့ နိုင်ငံရေးစနစ် ပုံစံကိုကော ဘယ်လို သိထားသလဲအစ်ကို။ နောက်ပြီး ဘယ်အရာတွေကတော့ မှားယွင်းတယ်၊ ဘယ်အရာတော့ မှန်ကန်တယ်ဆိုတာကိုကော သုံးသပ် ပေးပါဦး။

ဖြေ – သူတို့လုပ်တဲ့ နိုင်ငံရေးပုံစံနဲ့ ဦးနေ၀င်း၊ ဦးခင်ညွန့် လက်ထက်က လုပ်တဲ့ပုံစံက အခြေခံအားဖြင့် သိပ်မကွာဘူး။ ဒါကတော့ အာဏာကို စစ်တပ် သို့မဟုတ် စစ်တပ်က အနားယူလာတဲ့ စစ်ဗိုလ်ဟောင်း ဆိုသူတွေက ကိုင်ထားမယ်။ ဆုံးဖြတ်ခွင့်တွေကို ယူထားမယ်။ Decision Making Process မှာ သူတို့ပဲ ယူထားမယ်။ သူတို့ ဆုံးဖြတ်ထားတာတွေကို အကောင်ထည်ဖော်တဲ့ နေရာတွေ (Implementation Process) မှာတော့ အရပ်သားတွေ၊ နိုင်ငံရေးသမားတွေက အကောင်ထည်ဖော်ပေးကြ ဆိုတာမျိုးပေါ့။ ပြဿနာက ဆုံးဖြတ်ချက်တွေက မမှန်ကန်လာတဲ့ အခါမှာတော့ အကောင်အထည် ဖော်ရတဲ့နေရာတွေမှာ မအောင်မြင် တော့ဘူးပေါ့။ ဒီနည်းကို ဦးနေ၀င်း၊ ဦးခင်ညွန်တို့ လုပ်ခဲ့ကြပါတယ်။ မအောင်မြင်ဘဲ ဖြစ်ခဲ့တာ လူတိုင်း အသိပါပဲ။

ဥပမာ အခု ဦးအောင်မင်းလုပ်နေတဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ စစ်ပွဲတွေကို ရပ်ဆိုင်းပစ်ဖို့အတွက် ဆုံးဖြတ်ချက် ပေးမယ့်သူတွေဟာ ယခင်အစိုးရက ဗိုလ်ချုပ်ဟောင်းတွေ၊ လက်ရှိ စစ်ဗိုလ်ချုပ်တွေနဲ့ လက်ရှိအစိုးရက တာဝန်ရှိတဲ့ ၀န်ကြီးတွေ ဖြစ်နေတယ်။ စစ်ပွဲတွေကို ရပ်ဆိုင်းဖို့လိုကို လိုအပ်နေပြီဆိုတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ အရေးမှာ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေက ဆုံးဖြတ်ချက်ချတဲ့ နေရာမှာမပါဘူး။

ဥပမာ ကိုးကန့်နဲ့ ဖြစ်တဲ့စစ်ပွဲ။ ဒါက မတိုက်သင့်တဲ့စစ်ပွဲ (Not Necessary War)။ ကိုးကန့်က နယ်ခြားစောင့် တပ် မလုပ်ချင်ဘူး။ ဒါက အဓိကပဲ။ ဒါကို မြန်မာဘက်က တုံ့ပြန်တာက ကိုးကန့်က ဘိန်းထုတ်တယ်၊ တရုတ် တွေ၊ ခွဲထွက်ဖို့ ကြိုးစားတယ် ဆိုတာတွေ လုပ်ကြတယ်။ ကိုးကန့် ခေါင်းဆောင်က သူတို့ခွဲမထွက်ဘူး၊ ပြည်ထောင်စုထဲမှာ နေမယ်လို့ အကြိမ်ကြိမ် ကတိပေးနေတာကို မကြားချင်ယောင်ဆောင်ပြီး ပြဿနာ ဖြစ်စေမယ့် မမှန်တဲ့ အခြမ်းကိုပဲ ယူတယ်။ မြင်တယ်။ ဒီတော့ ပြဿနာက ပိုကြီးဖို့ပဲရှိတယ်။ မေးစရာက စစ်တပ်က ပြဿနာကို ကြီးစေချင်တာလားလို့ မေးစရာရှိလာတယ်။

ပြဿနာဟောင်းကို ပြဿနာသစ်နဲ့ အစားထိုးတဲ့ နည်းစနစ်ပဲ အသုံးပြုလာတာကို ကြည့်ရင် မြင်နိုင်ပါတယ်။ နယ်ခြားစောင့်တပ်အဖြစ် မလုပ်ချင်တာက တိုင်းရင်းသားအဖွဲ့တိုင်းပဲ မလုပ်ချင်တာပါ။ ကိုးကန့်ကိုမှ ရွေးပြီး ပြဿနာရှာတာဟာ မှန်ကန်တဲ့ ဖြေရှင်းမှု မဟုတ်ဘူးလို့ ပြောချင်တယ်။

မေး – အခု အစ်ကိုက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ပုဒ်မ ၅၉(စ)ကို ပြင်ဖို့အတွက် တိုက်တွန်းလာတာ တွေ့ရတယ်။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်ရေးအတွက်ပေါ့။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်စေရေးအတွက် အစ်ကို့ရဲ့ သဘောထားအမြင်နဲ့ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ထိုက်တာလဲ ဆိုတာလေး ရှင်းပြပါဦး။

ဖြေ – ကျွန်တော့် သုံးသပ်ချက်က အများပြောနေတဲ့ သီအိုရီဖြစ်တဲ့ ၄၃၆ ကို အရင်ပြင်၊ ပြင်လိုက်တော့ ဒီမိုကရေစီ အခြေခံဥပဒေဖြစ်၊ နောက် ၅၉(စ)ကို ပြင်ပေး၊ ဒါက လမ်းကြောင်းမှန် (Rational) နည်းလမ်းပေါ့။ ဒီလို Rational ဖြစ်တဲ့ နည်းလမ်းတွေက တစ်ခုမှ မြန်မာပြည်မှာ ဖြစ်မလာခဲ့ဘူး။ ဥပမာ၄၃၆ ပြင်ဆင်ဖို့အတွက် စတင်ဆွေးနွေး ကြပြီဆိုတာနဲ့ အခြေခံဥပဒေပြင်နိုင်ဖို့ ၄၃၆ ကို ပြင်ကြမယ်ဆိုရင် ၇၆ ရာခိုင်နှုန်းတော့ မပေးနိုင်ဘူး။ ၇၃ ရာခိုင်နှုန်းလုပ်မယ်။ တစ်ဖက်ကလည်း ရာခိုင်နှုန်း ၈၀ လုပ်မယ် စသဖြင့်၊ ဒါနဲ့တင် အချိန်က ၃ နှစ်၊ ၄ နှစ် ကြာသွားမယ်။

လက်ရှိဖြစ်နေတဲ့ ဘ၀အခြေအနေက ဒေါ်စုက အသက် ၇၀ ရှိလာပြီ။ နိုင်ငံတကာကရော၊ လူထုကပါ သူ့ကို သမ္မတအဖြစ်နဲ့ မြင်ချင်တယ်။ လူထုက သူ့ကိုတစ်ခဲနက် အားပေးနေတာ ထောက်ခံနေတာ အမြင်ပါပဲ။ ဒီမိုကရေစီ စနစ်ဆိုတာ လူထုရဲ့မဲ များများရတဲ့သူက အစိုးရဖွဲ့ရတာပါပဲ။

နောက်တစ်ခုက ကျွန်တော်တို့က ၈၈ ဒီမိုကရေစီ ဇာတ်လမ်းကို Happy Ending ဖြစ်ချင်နေပါတယ်။ ဒါကတော့ ဒေါ်စုသမ္မတဖြစ်သွား ရင် နောက်ဇာတ်လမ်းတွေကို စတင်လို့ရမယ်လို့ မြင်မိပါတယ်။ ဒီတစ်ပိုင်းကို ဖြတ်လိုက်ဖို့ လိုပါပြီ။ တစ်နည်းအားဖြင့် ဒေါ်စုကို သမ္မတ တင်မြှောက်လိုက်ခြင်းဟာ စစ်တပ်အတွက် ထွက်ပေါက်(Exit Strategy) ရနိုင်တယ်။ ကျွန်တော်တို့အတွက်လည်း Exit Strategy ရနိုင်ပါတယ်။

ဒီနေ့ မြန်မာပြည် အကျပ်အတည်းမှာ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဦးမင်းအောင်လှိုင် ဘယ်သူ့ကိုမှ သမ္မတ တင်လို့ မရနိုင်တော့ဘူး။ တင်ချင်လည်းတင်ကြည့်ပါ၊ ပြဿနာက ပိုဆိုးဖို့ပဲရှိလာနိုင်တယ်။ ဒီအခါမှ လူထုရော၊ တပ်ရောပါ နာရုံပဲရှိမယ်။ ထိုင်းနိုင်ငံမှာက ၁၉၃၀ ခုနစ်ကတည်းက အခြေခံဥပဒေ ရှိခဲ့ပေမယ့် သူတို့ဟာ ၄၃၆ လို ပုဒ်မတစ်ခုကို တိုက်နေကြတာ အခုထိ မပြီးနိုင်သေးဘူး ဖြစ်နေတာကိုလည်း သတိပြုသင့်ပါတယ်။ ၄၃၆ ရော၊ ၅၉(စ) ကိုရောကို ၂၀၁၅မှာ အစိုးရက မပြင်ပါဘူး။ မပြင်ရင်လည်း ဒေါ်စုဦးဆောင်တဲ့ ပါတီအနေနဲ့ ရွေးကောက်ပွဲကိုဝင်ဖို့ တိုက်တွန်းချင်တယ်။ ရွေးကောက်ပွဲမှာ အများစုနိုင်အောင် လုပ်ရမယ်။ အများစုနိုင်တဲ့ အခါမှာ အနိုင်ရတဲ့ ပါတီအနေနဲ့က ပြင်ဆင်နိုင်ဖို့ လုပ်ပိုင်ခွင့် ရှိလာမှာ ဖြစ်တယ်။

ဒီအခါမှာ ဒီချုပ်က အမတ်နေရာ အများစုရတဲ့အတွက် ၄၃၆နဲ့ ၅၉(စ)ကို ပြင်လာတဲ့အခါမှာ စစ်တပ်က ဘယ်လို တုံ့ပြန်မလဲ။ ဒီအချိန်ကျမှ စစ်တပ်က ဟန့်တားလာရင် တကယ့် Battle Ground ဖြစ်လာမယ်။ ထောက်ခံလာရင်တော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဟာ အောင်မြင်သွားမှာပဲ။ ဒီအခြေအနေကို ဒေါ်စု၊ စစ်တပ်နဲ့ လူထုဟာ မလွဲမသွေ ဖြတ်သန်းရမယ်။

မေး – နောက်တစ်ခုက အစ်ကိုက အစ်ကို့အမေအတွက် တံခါးကျည်းပေါင်ခွေပေးတဲ့ ဓာတ်ပုံမှတ်တမ်းကိုလည်း တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးကော ပြောပြပါဦး။

ဖြေ – အမေ့အိမ်ကနေ ထွက်လာတာ၂၆ နှစ်ကျော်ရှိခဲ့တယ်။ အိမ်မှာ အမေနဲ့ညီမ အမျိုးသမီး နှစ်ယောက်ပဲ ရှိတယ်။ အိမ်ကို မပြင်နိုင်ကြဘူးပေါ့။ ရေချိုးခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်တွေ၊ ကြမ်းခင်းတွေ ပြင်ဖို့လိုနေတယ်။ ကျွန်တော် ရောက်တုန်း တတ်နိုင်တာတွေ လုပ်ပေးခဲ့တယ်။ ၀ယ်ဖို့ကလည်း ဈေးကြီးလွန်းတယ်။ အခြေခံ လိုအပ်ချက် ပရိဘောဂတွေက အမေရိကန်ထက်ကို ဈေးကြီးနေတယ်။ စားပွဲကို ပြင်ပေးခဲ့တယ်။ စာအုပ်စင်၊ အမေ့ဆေးတွေထည့်တဲ့ စင်နဲ့ ရေချိုးခန်းကတံခါးကို ကျည်းပေါင် ပြန်ခွေပေးခဲ့တယ်။ ပျဉ်းကတိုးသား အဟောင်းကို သင်္ဃန်းကျွန်း သစ်ဆိုင်က၀ယ်ပြီး ပြန်လုပ်ပေးခဲ့တယ်။ မူလက သစ်ရိုင်းနဲ့ လုပ်ထားပုံပဲ၊ ဆွေးပြီးပျက်နေတယ်။ မီးဖိုချောင်ကို မပြင်ပေးလိုက်နိုင်ဘူး။ ပန်းကန်တွေထားဖို့ စင်နဲ့ ဓားတွေ ထည့်ဖို့ ဓားအိမ်တွေ လုပ်ပေးရဦးမယ်။ ဒီတစ်ခေါက် ပြန်ခွင့်ကြုံရင် လုပ်ပေးမယ်။ အမေ့အတွက် ပန်းချီကား ၃ ချပ်လည်း ဆွဲပေးခဲ့တယ်။ သူက ဇီးကွက်ပုံ လိုချင်တယ်ဆိုလို့ ဇီးကွက်ပုံတစ်ကား၊ လက်ပံပင်ပုံ တစ်ကားပေါ့။ ကြမ်းတွေလည်း တိုက်ပေးခဲ့ပါတယ်။

မေး – အစ်ကို့အနေနဲ့ လက်ရှိမြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး သီးခြားဖြည့်စွက် ပြောလိုတာ ရှိရင်လည်း ပြောပေးပါဦး။

ကျွန်တော့်အနေနဲ့ သီးခြားဖြေချင်တာကတော့ ကျွန်တော်အပါအ၀င် ၈၈ ပြည်ပတွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်ချင်တယ်။ နိုင်ငံတည်ဆောက်ရေးတွေမှာ ကျွန်တော်တို့ တတ်ထားတဲ့ ပညာတွေနဲ့ အလုပ် အကျွေး ပြုချင်တယ်။ ကျွန်တော်တို့ကို ဗီဇာထုတ်မပေးဘဲ ဘာကြောင့် လုပ်ထားတာလဲလို့ မေးချင်တယ်။

အောင်ထွန်းလင်း

××××× ကိုယ်ရေးအကျဉ်း ××××××

ဦးမိုးသီးဇွန်၏ အမည်ရင်းမှာ ဦးမျိုးသန်းထွဋ်ဖြစ်ပြီး ၁၉၈၈ ခုနှစ် မတ်လကတည်းက ကျောင်းသား လှုပ်ရှားမှု များတွင် ပါဝင်ခဲ့သူဖြစ်သည်။ ၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက်က ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းပေါ်တွင် မျက်နှာ အ၀တ်မစည်းဘဲ ဟောပြောရာမှ နာမည်ရလာသူ တစ်ဦးလည်း ဖြစ်ပြီး ၎င်းရေးသားသော ““မိုးသီးဇွန်”” ဟူသည့် ကဗျာခေါင်းစဉ်ကို အမည်ဝှက်အဖြစ် အသုံးပြုခဲ့ရာမှ ““မိုးသီးဇွန်””အဖြစ် လူသိများလာခဲ့သည်။

ထို့ပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်- ဗကသတွင် ကျောင်းသား ခေါင်းဆောင် (ဦး)မင်းကိုနိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ် (ဦး)မိုးသီးဇွန်မှာ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲဝင်ရန်အတွက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့သူဖြစ်ကာ ယင်းနောက်ပိုင်းတွင် အစိုးရအား လက်နက်စွဲကိုင် တော်လှန်ရန်အတွက် တောခိုခဲ့ရာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူလည်း ဖြစ်သည်။

ယင်းနောက် ထိုင်းနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် နေထိုင်ခဲ့ကာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ကမ်းလှမ်းမှုဖြင့် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် မြန်မာပြည်သို့ ပြန်လည်ခြေချခွင့် ရခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆက်လက် နေထိုင်ရန်အတွက် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ဗီဇာထပ်မံ လျှောက်ထား ခဲ့သော်လည်း ယခုအချိန်အထိ ပြည်ဝင်ခွင့်ဗီဇာ မရရှိခဲ့သူ ဖြစ်သည်။

အောင်ထွန်းလင်း
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald



အစိုးရဖျက်ဆီးခဲ့သော ကားအတွက် ဗကသများအဖွဲ့ချုပ်က ပိုင်ရှင်များထံ လတ်တလော ၃၅ သိန်း ပေးချေရမည်


ရန်ကုန်၊ မေ ၂၅

အစိုးရရဲတပ်ဖွဲ့ဝင်များ အကြမ်းဖက် ဖြိုခွဲခဲ့မှုကြောင့် ပျက်စီးခဲ့သော ဒီမိုကရေစီပညာရေး ပင်မသပိတ် စစ်ကြောင်းတွင် အသုံးပြုခဲ့ သည့် မော်တော်ကားမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က တာဝန်ယူ ငှားရမ်းထားသော ကားဖြစ်ပြီး ယခုအခါ အဆိုပါကားကို ရဲတပ်ဖွဲ့က သိမ်းဆည်း ထားသည့်အတွက် အသုံးပြုခွင့်မရဘဲ ကားဖိုးငွေ ငွေကျပ် ၃၅ သိန်း လတ်တလော ပေးချေရမည် ဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ်မှ ကိုရှိန်းရာဇာထွန်းက မေလ ၂၅ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

အဆိုပါကားကို ဗကသများအဖွဲ့ချုပ်က တစ်ရက် ၅ သောင်းနှုန်းဖြင့် ငှားရမ်းထားခြင်းဖြစ်ပြီး ကားပိုင်ရှင်များ သည်လည်း အဆိုပါကားကို အရစ်ကျ ငွေပေးချေမှုဖြင့် ၀ယ်ယူထားခြင်းဖြစ်ရာ ယခုအခါ အဆိုပါကားမှာ သက်သေခံ ပစ္စည်းအဖြစ် ရဲတပ်ဖွဲ့က ထိန်းသိမ်း ထားသောကြောင့် ကားဖိုးငွေ ပေးချေရမည့် ၃၅ သိန်းကို ဗကသများအဖွဲ့ချုပ်က တာဝန်ယူရခြင်းဖြစ်သည်။

““ကျွန်တော်တို့က အဲဒီကားကို ပိုက်ဆံပေးပြီးတော့ ငှားထားတာပေါ့နော်။ အဲဒီကားက အရိုက်ခံရတဲ့အချိန်မှာ အဲဒီကားကို ကားပိုင်ရှင်တွေက အရစ်ကျစနစ်နဲ့ ၀ယ်ထားတာ။ သူတို့က အခုကလည်း ကားက သိမ်းထား ခံရတာ ဆိုတော့ အလုပ်မရှိတော့ အရစ်ကျကို မပေးနိုင်ဘူးပေါ့ဗျာ။ မပေးနိုင်တော့ ကျွန်တော်တို့ကို ပေးပေး ပါပေါ့။ ကျန်တဲ့ကိစ္စ ကတော့ နောက်မှ ဆက်ပြီးတော့ ရှင်းမယ်ပေါ့။ အမှုပြီးမှပဲ ရှင်းလို့ရမှာကိုး။ ၃၅ သိန်းပါ။ အဆင်ပြေသွားပြီလားဆိုတော့ အမှန်အတိုင်း ပြောရင်တော့ မပြေသေးဘူးပေါ့။ အားလုံးဝိုင်းပြီးတော့ စဉ်းစား ကြတော့ ကျွန်တော်တို့ထဲက တချို့က စိုက်ပေးထားတာ ၁၅ သိန်း၊ သိန်း ၂၀ လောက်တော့ရပြီ””ဟု ဗကသများအဖွဲ့ချုပ်မှ ကိုရှိန်းရာဇာထွန်းက ပြောသည်။

အစိုးရက လက်ပံတန်းရှိ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွင်းခဲ့ရာ၌ ကျောင်းသားများ အသုံးပြုသော ကားများကို ဖျက်ဆီးရုံသာမက နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူနာတင် ယာဉ်များကိုပါ ခဲလုံးများဖြင့် ပစ်ခြင်း၊ ရိုက်နှက်ခြင်းတို့ ပြုလုပ်ခဲ့သည်။

““ငှားထားတာဆိုတော့ ငှားထားတဲ့ လူအပေါ်မှာတော့ တာဝန်ရှိတာပေါ့။ ဒါကတော့ ပြေပြေလည်လည် လုပ်ရမှာပဲ။ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်တော့ လုပ်ရမယ်။ ငှားထားတဲ့ ကားဖြစ်တဲ့အတွက် အစိုးရဘက်က ဘယ်လို စဉ်းစားပေးမလဲ။ ကားကတော့ မော်တော်ကားပဲ၊ သက်မဲ့ကို ဘာကြောင့် အဲဒီလောက် ဖျက်ဆီး တာလဲ။ ဒါတော့ အစိုးရဘက်က မှားတာပေါ့””ဟု နာရေး ကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

ကျောင်းအပ်ချိန်နှင့် တောင်ယာဝင်ချိန် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လူသစ်စုဆောင်းနေမှုကြောင့် ရွာမှလူငယ်များ တိမ်းရှောင်နေရ



နမ့်စန် မေ ၃၁

ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့၏ အနောက်တောင်ဘက် မိုင်းစစ်မြို့အနီးရှိ နောင်ဘို၊ ဈေးကုန်း၊ လိုက်ခါး၊ လုံရှိန်စသည့် ပအိုဝ်း ရွာများမှလူငယ်များအား မေ ၂ဝ ရက်ကစ၍ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ကျေးရွာလူကြီးမှ တစ်ဆင့် လူသစ်ခေါ်ယူစုဆောင်းလျက်ရှိရာ ကျောင်းအပ်ရာသီဖြစ်သည့်နည်းတူ မိုးရာသီတောင်ယာစိုက်ပျိုးချိန် ဖြစ်၍ ကျေးရွာရှိ လူငယ်များ နမ့်စန်မြို့ပေါ်နှင့် ဘုန်းတော်ကြီးကျောင်း အချို့သို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

''ကျွန်တော်တို့မေ ၂၁ ရက်မွန်း လွဲ ၂နာရီက လိုက်ခါးရွာကနေ ထွက် ပြေးလာတယ်။ တခြားနောင်ဘို၊ ဈေး ကုန်း၊ လုံရှိန် ပအိုဝ်းရွာကလူငယ် တွေလည်း ထွက်ပြေးလာလို့ ဒီ ကျောင်း ရောက်မှဆုံကြတယ်။ မေ ၂၇ ရက်နေ့နောက်ဆုံးဆိုပြီး ရွာက လူငယ် ၅ဝ ကိုသုံးရက်အချိန်ပေးပြီးတောင်းတယ်။ သူတို့ဆီမှာ ရွာကလူ ငယ်တွေရဲ့ အမည်စာရင်းအကုန်ရှိ တော့ရွာမှာနေရင် လာဖမ်းမယ်ဆို တာ သိထားတဲ့အတွက် နမ့်စန်မြို့ ပေါ်ကိုထွက်ပြေးလာတာပါ။ ဒီ ဘုန်းတော်ကြီးကျောင်းမှာလူ ၆ဝ လောက်ရောက်နေကြတယ်။ ဆွေမျိုး အိမ်တွေ၊ အသိမိတ်ဆွေအိမ်တွေ မှာလည်း ရှောင်နေတဲ့သူတွေလည်းရှိ တယ်။ သူတို့က အသက် ၁၅ နှစ်က နေ ၄ဝ ထိခေါ်တယ်။ ကျောင်းအပ် ပြီးရင် ကျောင်းတက်ရမယ်ဆိုတော့ ကျောင်းသားအချို့က ပြန်ချင်တယ်။ လူငယ်တွေက တောင်ယာဝင်ချိန် ထွန်ယက်ချိန်ဖြစ်တဲ့အတွက် ပြန်ချင် နေတယ်။ ရွာပြန်ရောက်မှ အားလုံး လာခေါ်မှာကို စိုးရိမ်တဲ့သူတွေ လည်း ရှိနေတယ်။ ကျွန်တော်ကတော့ အားလုံးအေးဆေးမှပဲ ပြန်မယ်လို့ ဆုံးဖြတ်ထားတယ်'' ဟု အသက် ၁၆ နှစ်ရှိ နဝမတန်းကျောင်းသား မောင်သန်းနောင်က ပြောသည်။

ပအိုဝ်းတိုင်းရင်းသားအများဆုံး နေထိုင်သော လိုက်ခါးရွာမှာ အိမ် ခြေ ၂၅ဝ ခန့်ရှိပြီး နောင်ဘို၊ လုံရှိန် စသည့် ပအိုဝ်းရွာမှ လူငယ်များကို လည်းခေါ်ဆောင်သွားရာ မိန်းကလေး ဆိုလျှင် အသက် ၁၅ နှစ်မှ ၃ဝ အတွင်း ခေါ်ဆောင်သောကြောင့် လုံရှိန်ရွာမှ မိန်းကလေး ၁ဝ ဦး ပါ သွားပြီး နောင်ဘို၊ လုံရှိန်ရွာမှ လူငယ်အချို့ကို ခေါ်သွားကြောင်း၊ လိုက်ခါးရွာရှိ လူစာရင်းအတိုင်း လက် နက်ကိုင်အဖွဲ့ကတောင်းရာဖြစ်စဉ် ကို ကြိုတင်သိထားသောကြောင့် ရွာ မှ လူငယ်များမြို့ပေါ်သို့ ထွက်ပြေး လာခြင်းဖြစ်ကြောင်း သိရသည်။

''၂ဝ ရက် ည ၁၁ နာရီခွဲမှာ လူတစ်ဦး စာသင်တိုက်ကို တံခါး လာခေါက်ပြီး ရွာသားတွေအတွက် နေရာပေးပါလို့ ပြောတဲ့အတွက် ပထမအကြိမ်ရောက်လာတဲ့လူငယ် ၁၉ ဦးကို ဦးပဉ္စင်းနားမှာပဲ နေရာ ပေးပါတယ်။ ၂၁ ရက် နေ့မှာ ၁ဝ ဦး ထပ်ရောက်လာပြီး ညနေမှာ ၃၂ ဦး ထပ်ရောက်လာတယ်။ အမျိုးသမီး တွေပါလာသလို အိမ်ထောင်စု အချို့လည်း ပါလာတယ်။ သူတို့ကို ရုံးက အစားအစာ၊ အဝတ်အစား၊ အိပ်ရာတွေကအစ စီစဉ်ပေးပေမယ့် ရွာမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အို နဲ့ တောင်ယာထဲမှာ ပစ်ထားခဲ့ရတဲ့ ပစ္စည်းတွေအတွက် စိုးရိမ်နေကြ တယ်။ အခုချိန် တောင်ယာ မစ နိုင်ရင် လာမယ့်နှစ် စားစရာအတွက် အခက်အခဲကြုံရနိုင်တယ်။ ဒါဟာ တောင်ယာလုပ်စားလို့မရအောင်နဲ့ လူသစ်လည်းရအောင် တစ်ချက် ခုတ်နှစ်ချက်ပြတ် လုပ်သလိုဖြစ်နေ တယ်။ တိုင်းရင်းသားအချင်းချင်း တစ်ဦးနဲ့ တစ်ဦးစာနာထောက်ထား သင့်တယ်။ နောင်ဘိုရွာထဲကို လက် နက်ကိုင်တွေ မကြာခဏဝင်ထွက်နေ ပေမယ့် မနှစ်ကလို သတင်းပဲထွက် မယ်ထင်ကြတာ၊ တောင်ယာလုပ်ချိန် မှ လူအင်အားတောင်းတော့ ရွာတွေ အတွက် အခက်ကြုံရပါတယ်'' ဟု နမ့်စန်မြို့မှ စာချဆရာတော်တစ်ပါး က မိန့်ကြားသည်။

''ကျွန်တော် ရွာကနေ မေ ၂၄ ရက် က ထွက်ပြေးခဲ့တယ်။ သားသမီး ငါးဦးမှာ နှစ်ဦးက အိမ်ထောင် သည်တွေ။ ၂၃ ရက်မှာ ရွာလူကြီးက လွယ်ကုန်းခမ်း တောင်ပေါ်စေတီ မှာရှိတဲ့ အဖွဲ့အစည်းက ခေါင်းဆောင် နဲ့တွေ့ပေးတယ်။ ပထမ ဒသမတန်း ကျောင်းသားကိုမေးတော့ သာသနာ့ ဘောင်ဝင်နေတယ်လို့ ပြောတော့ အိမ်က ၂၁ နှစ်ရှိတဲ့ သားငယ်ကို ခေါ်ခိုင်းလို့ ခေါ်လာပြရတယ်။ ကျန်း မာရေးသိပ်မကောင်းတာသိလို့ ပြန် လွှတ်တယ်။ နောက်နေ့သားလတ်ကို ခေါ်လာပါလို့ပြောတာနဲ့ မိသားစု လိုက် ထွက်ပြေးလာတာ၊ အိမ်ထောင် သည်သားတွေနဲ့ အဆက်အသွယ် မရသေးဘူး။ ရွာနဲ့ အဆက်အသွယ် မရကြတော့ မပြန်ရဲသေးဘူး။ တောင် ယာအတွက် အရဲစွန့်ပြီး ပြန်တဲ့သူ အချို့ရှိပေမယ့်သားတွေအတွက် စိုး ရိမ်ရတော့ မပြန်သေးဘူး။ မအေး ချမ်းသေးရင် ဟိုပုံးကိုပဲ ပြန်မယ်'' ဟု ရွာအခြေအနေကို ဘုန်းတော်ကြီး ကျောင်းတွင် လာရောက်စုံစမ်းသော ဦးလန်ရှမ်း အသက်(၅၅နှစ်)က ပြော သည်။

မိုးနံ့သင်းချိန် တောင်ယာလုပ် ငန်းကို ရှမ်းပြည်နယ်တွင် စတင်နေ ပြီး နောင်ဘို၊ လိုက်ခါး၊ ဈေးကုန်း၊ လုံရှိန်၊ ဟိုနား၊ ကောင်စိုင်း၊ ဝမ်ခိုင်း၊ ဟွေ့ဆိုင်း စသည့်ရွာများမှာ ပြောင်း၊ စပါး၊ ပန်းနှမ်း၊ အာလူး၊ ခရမ်းချဉ် သီးကို စီးပွားဖြစ်စိုက်ပျိုးကာ ဟင်း သီးဟင်းရွက်လည်း စတင်စိုက်ပျိုးနေ ပြီဖြစ်သည်။ ရွာအချို့မှာ ပအိုဝ်းရွာ အဖြစ် သီးသန့်ရှိပြီး ရှမ်း၊ ပအိုဝ်း၊ ကယန်း၊ ဗမာ စုပေါင်းနေထိုင်သော ရွာများလည်းရှိကြောင်း၊ ထွက်ပြေး တိမ်းရှောင်လာသောရွာများတွင် ဇွန် လမှသာ ထွန်ယက်စိုက်ပျိုးပါက အသီး သီးသော်လည်း ထွက်နှုန်း မကောင်း တတ်သောကြောင့် စိုက်ပျိုးရေး အ တွက် စိုးရိမ်ပူပန်နေခြင်းဖြစ်ကြောင်း ရွာသားအချို့ထံမှ သိရသည်။

''မေ ၂၈ ရက်က နေ့လယ်ပိုင်းမှာ နမ့်စန်လေတပ်ဌာနချုပ် တပ်မှူးက ဘုန်းတော်ကြီးကျောင်းမှာရှိတဲ့ ရွာ သားတွေကို အားပေးစကားပြောပြီး ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးပါ တယ်။ ထောက်ပို့တပ်ကလည်း ကူညီ သလို ဆေးတပ်ကလည်းကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ပေးပါတယ်။တဖြည်းဖြည်းရွာသားတွေကို ပြန် ခိုင်းနေပါပြီ၊ ရွာတွေရဲ့ အခြေအနေ ကိုစောင့်ကြည့်နေပါတယ်'' ဟု နမ့် စန်မြို့ PNO ရုံးတာဝန်ခံက မေ ၃၁ ရက် နံနက်ပိုင်း၌ ပြောသည်။

တိုင်းရင်းသားကျေးရွာများမှာ နှစ်စဉ် လူသစ်စုဆောင်းပေးရ သကဲ့သို့ ရိက္ခာအဖြစ်တစ်အိမ်ထောင် လျှင် ခြောက်ပြည်ဝင်ပုံးဖြင့် ဆန် နှစ်ပုံး၊ ငွေကျပ်ငါးသောင်းပေးရပြီး ရွာလူကြီးနှင့် ရပ်မိရပ်ဖလူကြီးများ မပေးရကြောင်း၊ ဇွန် ၁ ရက်တွင် ကျေး ရွာများရှိ စာသင်ကျောင်းများ ဖွင့် တော့မည်ဖြစ်၍ အေးချမ်းစွာ ပညာ သင်ကြားနိုင်ရန်နှင့်ကျောင်းသားများ ပညာသင်ကြားခွင့်ရရန်၊ တောင်ယာ လုပ်ငန်းကိုလည်း အပူအပင်ကင်းစွာ လုပ်ဆောင်လိုကြကြောင်း၊ တိုင်းရင်း သားအားလုံး စည်းလုံးညီညွတ်မှုသည် နိုင်ငံအတွက် အရေးကြီးသောကြောင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို ဖော် ဆောင်ရာတွင် စည်းလုံးညီညွတ်မှု သည် တိုင်းရင်းသားတို့၏ရင်တွင် ခိုင်မြဲနေရန် လိုအပ်ကြောင်း ပအိုဝ်း တိုင်းရင်းသူ ဝန်ထမ်းတစ်ဦးက မှတ် ချက်ပြုပြောကြားသည်။

သန်းထိုက် (လှိုင်သာယာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ရွေးကောက်ပွဲ အောင်နိုင်ရေး သူရဦးရွှေမန်း ဦးဆောင်သွားမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို မေလ ၃၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပနေစဉ်။ Photo: Win Naung Toe/ RFA
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းဟာ ပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင် နိုင်ရေးကော်မတီ ဥက္ကဌအဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒီနေ့နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးသိန်းဆွေက ပြောခဲ့တာ ဖြစ်ပါတယ်။

"နိုင်ငံတော်သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီတာဝန်ထမ်းဆောင်လို့ မရဘူး၊ အဲ့ဒီအတွက် ဒုတိယ ဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းက ပါတီဥက္ကဌအဖြစ် တာဝန်ယူနေပါတယ်၊ ပြီးရင် ကျနော်တို့ ရွေးကောက် ပွဲအောင်နိုင်ရေး ဥက္ကဌဖြစ်တဲ့သူ့ကို ပါတီဗဟိုကော်မတီက တာဝန်ပေးထားပါတယ်၊ အဲ့တော့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်ထိ သူကပါတီဗဟိုအောင်နိုင်ရေး ဥက္ကဌဖြစ်နေမှာဖြစ်ပါတယ်"

မေလ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ကျင်းပတဲ့ ညီလာခံမှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မှာ ပြည်ခိုင်ဖြိုးပါတီ နေရာအများစုအနိုင်ရရှိရေး အတွက် ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ်တွေ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကိုသာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ မူဝါဒဟာ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှရေး၊ ဗဟိုဦးစီးစနစ်လျော့ချရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးတွေ ဖြစ်တယ်လို့ ဒုတိ ယမြောက်နေ့မှာ ပါတီဥက္ကဌ သူရဦးရွှေမန်း က ပြောခဲ့ပါတယ်။

စတုတ္တအကြိမ်မြောက် ပြည်ခိုင်ဖြိုးဗဟိုကော်မတီ အစည်းအဝေးကို ဗဟိုအလုပ်မှု ဆောင်တွေ၊ ဗဟိုကော်မတီ ဝင်တွေနဲ့ အရန်ဗဟိုကော်မတီဝင်တွေ စုစုပေါင်း ၃၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ပြည်ခိုင်ဖြိုးပါတီ ညီလာခံ ပြီးဆုံး

ပြည်ခိုင်ဖြိုး ပါတီ အောင်နိုင်ရေး ကော်မီတီ ဥက္ကဋ္ဌဌအဖြစ် သူရဦးရွှေမန်းကို ခန့်အပ်
လေးကြိမ်မြောက် ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပ ပြီးစီးသွားခဲ့ပြီ ဖြစ်ပြီး ဒီအစည်းအဝေးမှာ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဆုံးဖြတ်ချက် လေးရပ်ကို ချမှတ်ခဲ့ပါတယ်။

လက်ရှိ ပါတီဥက္ကဋ္ဌဌ သူရဦးရွှေမန်းရဲ့ လမ်းညွှန်ချက်တွေကို ပါတီ အဆင့်ဆင့်က လိုက်နာဖို့နဲ့ ပါတီ အောင်နိုင်ရေး ကော်မိတီ ဥက္ကဋ္ဌဌ အဖြစ် သူရဦးရွှေမန်းကို ခန့်အပ်လိုက်တဲ့ အကြောင်း ဗဟို ကော်မီတီဝင် ဦးသိန်းဆွေက ပြောပါတယ်။

သူရ ဦးရွှေမန်း အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်ထိ ပါတီကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

အများ စိတ်ဝင်စားနေတဲ့ သမ္မတလောင်း အမည်စာရင်းနဲ့ ပတ်သက်လို့တော့ ထုတ်ပြန် ကြေညာဖို့ မရှိဘူးလို သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စု ဝန်ကြီးတွေအနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ် ဆိုရင်တော့ ဥပဒေအတိုင်းသာ ဆောင်ရွက်ရမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

တပ်မတော်ကနေ ထွက်ပြီး ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံမယ့် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါမှာတော့ ဦးသိန်းဆွေက ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးနဲ့ ပတ်သက်လို့ ဒီအစည်းအဝေးမှာ အခြေခံမူတွေ အတည်ပြုနိုင်ခဲ့ပြီးနောက် နှစ်ပတ်လောက်မှာတော့ ကိုယ်စားလှယ်လောင်း စာရင်းတွေ ထုတ်ပြန်နိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးမှာ ပါတီ ဗဟို အတွင်းရေးမှူး ဖြစ်တဲ့ လက်ရှိ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ကို ဗဟို အတိုင်ပင်ခံ အဖြစ် ရာထူး တိုးပေးခဲ့ပါတယ်။

ဒါ့အပြင် ပါတီ ဗဟို အကြံပေးတွေ ဖြစ်တဲ့ ဦးဇော်မင်း၊ ဦးခင်မောင်မြင့်နဲ့ ဦးသိန်းထွန်းတို့ကို ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင်များ အဖြစ် ပြောင်းလဲ ခန့်အပ် ခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအနေနဲ ၂၀၁၀ ရွေးကောက်ပွဲမှာ အငြင်းပွားစရာ အများစု နိုင်ခဲ့ပေမဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာတော့ ၄၃ နေရာ ရှုံးနိမ့်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၊ ငါးဦးသေဆုံး၊ ၁၅ ဦးဒဏ်ရာရ


မန္တလေး မေ ၃၁

နေပြည်တော်မှ မန္တလေးမြို့သို့ ယာဉ်မောင်း ကျော်စိုးမောင်းနှင်လာ သည့် YGN 2G/- - - - ခရီးသည် တင် မှန်လုံယာဉ်သည် မေ ၃၁ ရက် (ယနေ့)နံနက် ၃ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တံတားဦးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၅၇/ဝ) အရောက် တွင် ယာဉ်အရှိန်မထိန်းနိုင်ဘဲ အဝိုင်းပတ် အုတ်ခုံအား ဝင်ရောက် တိုက်မိကာ ကွန်ကရစ်လမ်းမကြီး ပေါ်တွင် တိမ်းမှောက်သွားခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် ပေါ်လိုက်ပါသည့် ခရီးသည် ၃၅ ဦး အနက် အမျိုးသမီးလေးဦးနှင့် အမျိုး သားတစ်ဦး သေဆုံးခဲ့သည်။

အဆိုပါ ခရီးသည်တင် မှန်လုံ ယာဉ်ကို ယာဉ်မောင်း ကျော်စိုး (၃၅ နှစ်)သည် ရန်ကုန်-မန္တလေး-ပြင်ဦးလွင် ခရီးစဉ် မောင်းနှင်လာစဉ် အဝိုင်းပတ်အုတ်ခုံကို ဝင်ရောက် တိုက်မိပြီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီးလေးဦး၊ အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁ဝ ဦး၊ အမျိုးသမီးငါးဦး ဒဏ်ရာရရှိခဲ့ သည်။ ဒဏ်ရာရရှိသူများအား ပြုစုနိုင်ရေးအတွက် အနီးဆုံးဖြစ် သည့် တံတားဦးမြို့နယ်ဆေးရုံတွင် ရှေးဦးစွာ ကုသပြုစုပေးခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကားပေါ်တွင် ခရီးသည် အမျိုးသား ၂ဝ၊ အမျိုးသမီး ၁၅ ဦးပါရှိ ပြီး ယာဉ်မောင်းကျော်စိုးအား အမြန် လမ်းမကြီးရဲစခန်း (စကားအင်း)က အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။

သတင်း-တင်မောင်(မန္တလေး)
ဓာတ်ပုံ-ရဲတင့်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

လိပ်ကျွန်းနားက လှေစီးပြေး ရေယာဉ်ကို သွားခွင့်မရခဲ့


ဧရာဝတီ တိုင်း ဟိုင်းကြီး ကျွန်း နားက လိပ်ကျွန်း အနီးမှာ ဆိုက်ကပ် ထားတဲ့ လှေစီးပြေး ဒုက္ခသည် ရေယာဉ်ကို ဒီနေ့ သ ဧရာဝတီ တိုင်း ဟိုင်းကြီး ကျွန်း နားက လိပ်ကျွန်း အနီးမှာ ဆိုက်ကပ် ထားတဲ့ လှေစီးပြေး ဒုက္ခသည် ရေယာဉ်ကို သတင်းထောက်တွေ သွားခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် က မြန်မာ ရေတပ် ကယ်ဆယ် ထိန်းသိမ်းထားတဲ့ လှေစီး ရွှေ့ပြောင်း ဒုက္ခသည် တွေ ရှိရာ လိပ်ကျွန်း ဆီ သတင်းထောက် တွေကို မြန်မာ ရေတပ်က သွားခွင့် မပြုဘူး လို့ သိရပါတယ်။

မြန်မာ ကမ်းရိုးတန်း နား က ပင်လယ်ပြင် မှာ လှေ တစင်း နဲ့ မျောပါ နေတဲ့ အမျိုးသမီး ၇၄ ဦး ကလေးငယ် ၄၅ ဦး အပါအဝင် လူ ၇၂၇ ဦးကို မြန်မာ ရေတပ်က တွေ့ရှိ ကယ်ဆယ် ထားကြောင်း မြန်မာ အာဏာပိုင် တွေက ထုတ်ဖော် ကြေညာ ခဲ့အပြီး သတင်းထောက် တွေက အဲဒီ ကျွန်းဆီ သွားရောက် သတင်းယူ ဖို့ ကြိုးစား ခဲ့ကြတာပါ။

လှေငယ် လေးတွေ နဲ့ သွားရောက် သတင်းယူဖို့ ကြိုးစားခဲ့ကြတဲ့ သတင်းထောက် ၈ ယောက် ကို မြန်မာ ရေတပ် က ပြန်မောင်းထုတ် ခဲ့ပြီး ကင်မရာ Memory Card ထဲက ဓာတ်ပုံတွေ အားလုံး ဖျက်ခိုင်းခဲ့ပါ တယ်။

အစိုးရ ပြန်ကြားရေး ခွင့်ပြုချက် မပါလို့ လုံခြုံရေး ကြောင့် ဒီလို သွားခွင့် မပြုတာလို့ ရေတပ် တာဝန်ရှိသူ တွေက ပြောကြောင်း ရိုက်တာ သတင်းဌာနက ကိုစိုးဇေယျာထွန်းက ပြောပါတယ် ။

လှေစီးပြေး တွေရဲ့ စက်လှေနားမှာ မြန်မာ ရေတပ်က စစ်ရေယာဉ် ၄ စီး က စောင့်ကြပ် နေတာ ဖြစ်ပြီး လိပ်ကျွန်းမှာ ရေတပ် စခန်း တခု ရှိနေပါတယ်။

နော်ဝေနိုင်ငံ အော်စလို မြို့မှာ ကျင်းပခဲ့တဲ့ ရိုဟင်ဂျာ အရေး ဆွေးနွေးပွဲ မှာ လှေစီး ဒုက္ခသည် တွေ အရေးနဲ့ ပတ်သက်လို့ နိုင်ငံတနိုင်ငံ အပေါ် တဖက်စောင်းနင်း နိုင်တဲ့ အဆိုးမြင် ပြောကြားခဲ့ချက် တွေကို ပယ်ချကြောင်း မြန်မာ အစိုးရ က သတင်း ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီလို အပြစ်ပုံချတဲ့ အပြုအမူတွေ ကြောင့် နိုင်ငံတကာက အထင်အမြင် လွဲမှားမှုတွေ ဖြစ်ပေါ်နိုင်တယ် လို့လည်း အဲဒီ သတင်း ထုတ်ပြန်ချက်ထဲမှာ ဖော် ပြထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

ခရစ်ယာန်တပ်ဖွဲ့ဝင်တစ်ဦးက IS အကျဉ်းသားကို ပြန်လည်ခေါင်းဖြတ်ကွပ်မျက်


အယ်ဟက်ဆာကာ မေ ၃ဝ

ဆီးရီးယားနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင် တပ်သားတစ်ဦးက ဖမ်းဆီးရမိသည့် IS အဖွဲ့ အကျဉ်းသား တစ်ဦးကို လက်စားချေသည့် အနေဖြင့် ခေါင်းဖြတ်သတ်ခဲ့ကြောင်း ဒေးလီးမေးလ်သတင်းဌာနက ယနေ့ဖော်ပြထားသည်။

 အဆိုပါခေါင်းဖြတ်သတ်မှုကို ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း အယ်ဟက်ဆာကာဒေသတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

IS အဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အဆိုပါဒေသမှ ခရစ်ယာန်ဘာသာဝင် ၂ဝဝခန့်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ဆီးရီးယားနိုင်ငံတွင် ဒေသခံခရစ်ယာန်ဘာသာ ဝင်များသည် IS အဖွဲ့၏ ဖမ်းဆီး သတ်ဖြတ်ခြင်းများနှင့် ကြုံတွေ့ခဲ့ပြီးနောက် IS အဖွဲ့ကို တိုက်ခိုက်နေသည့် ကာ့ဒ်လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ ပါဝင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

အယ်ဟက်ဆာကာဒေသသည် ခရစ်တော်မပေါ်မီဒေသကပင် ထွန်းကားခဲ့သည့် လူ့အဖွဲ့အစည်းဖြစ်သည့် အက်ဆာရီယန်ဒေသခံများရှိနေပြီး အဆိုပါဒေသခံများထဲမှ ခရစ်ယာန်ဘာသာဝင်များကို IS အဖွဲ့များက ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

 ယခုလ အစောပိုင်းတွင် ခရစ်ယာန်ဘာသာဝင်များနှင့်ကာ့ဒ်လက်နက်ကိုင်အဖွဲ့သည် အယ်ဆာရီ ယန်ကျေးရွာများရှိ IS တပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည်။

 အဆိုပါကျေး ရွာများသည် အီရတ်-တူရကီနယ်စပ်အနီးတွင်တွေ့ရှိပြီး ခရစ်ယာန်ဘာသာဝင်များနှင့် အာမေးနီးယန်းတို့အများစုနေထိုင်ကြောင်းသိရသည်။

T 1 P (Ref:Daily Mail)
The Union Daily
http://uniondaily.net

အလွန်လှပတဲ့ ကျွန်းစွယ်နိုင်ငံ Fiji အကြောင်း သိကောင်းစရာများ

ဘ၀မှာ လူရယ်လို့ ဖြစ်လာပြီးမှာတော့ ဒီမြို့မှာနေ ၊ ဒီမြို့မှာ ကြီးပြင်းပြီး ဒီ မြို့မှာ ပဲ သေသွားရတာ ဟာ ပျင်းစရာကောင်းလှပါတယ်။ ကမ္ဘာကြီးက ကြီးမားလွန်းတဲ့အလျောက် မိမိ မသိနိုင်တဲ့ ကမ္ဘာကြီးရဲ့ အခြားတစ်ဖက် မှာ အလွန် ဆန်းကြယ်တဲ့ နေရာ ဒေသ တွေရှိနေပါတယ်။

Fiji ဆိုတဲ့ နိုင်ငံလေးအကြောင်း ကို Jim Carrey ရဲ့ Truman Show ဇာတ်ကားထဲမှာ တစ်စွန်းတစ်စ ပြောတာတော့ ကြားဖူးကြမှာပါ။ Fiji နိုင်ငံဟာ သမ္မတ နိုင်ငံ တစ်နိုင်ငံ ပဲဖြစ်ပါတယ်။ Fiji နိုင်ငံဟာ တောင် ပစိဖိတ် သမုဒ္ဒရာ ထဲမှာ တည်ရှိတဲ့ ကျွန်းစွယ် နိုင်ငံ တစ်နိုင်ငံ ပဲ ဖြစ်ပါတယ်။ Fiji ရဲက အရှေ့မြောက် အရပ်မှာတော့ New Zealand နိုင်ငံ တည်ရှိပြီး အရှေ့ဘက်မှာတော့ Tonga နိုင်ငံ တည်ရှိပါတယ်။ အနောက်ဘက်မှာတော့ Vanuatu နိုင်ငံ တည်ရှိနေပါတယ်။

Fiji နိုင်ငံဟာ ကျွန်းစု နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ကျွန်းစွယ်ပေါင်း ၃၃၂ ခုရှိကာ ကျွန်းစွယ်ပေါင်း ၁၁၀ ကတော့ အခြေခြ နေထိုင်သူတွေ ရှိနေခဲ့တာ ကြာခဲ့ပါပြီ။ Fiji နိုင်ငံ ရဲ့ ကုန်းမြေ ဧရိယာဟာ ၁၈၃၀၀ စတုန်း ကီလိုမီတာ ကျယ်ဝန်းပါတယ်။ နေထိုင်သူ လူဦးရေ စုစုပေါင်း ၈၆၀၀၀၀ ယောက် ရှိပြီး ထိုလူဦးရေ ရဲ့ ၈၇ ရာခိုင်နှုန်းကတော့ Viti Levu နဲ့ Vanua Levu လို့ခေါ်တဲ့ ကျွန်းစွယ်မြို့တော် တွေမှာ နေထိုင်ကြပါတယ်။



Fiji နိုင်ငံဟာ ပစိဖိတ်ဒေသ မှာ စီးပွားရေး အဖွံ့ဖြိုးဆုံး နိုင်ငံ ဖြစ်ပြီး Fiji ရဲ့ အဓိက စီးပွားရေးကတော့ သစ်တောလုပ်ငန်း ၊ တွင်းထွက် သယံဇာတ နဲ့ ရေလုပ်ငန်း တို့ပဲဖြစ်ပါတယ်။ အဓိက နိုင်ငံခြား ၀င်ငွေကတော့ နယ်လှည့် ခရီးသွား လုပ်ငန်း နဲ့ သကြားတင်ပို့ရောင်းချခြင်းကနေ ရရှိပါတယ်။ Fiji နိုင်ငံရဲ့ ငွေကြေးကတော့ Fijian ဒေါ်လာပဲဖြစ်ပါတယ်။ မြို့တော် ကောင်စီ ကတစ်ဆင့် ဖွဲ့စည်းထားတဲ့ ပြည်တွင်း အစိုးရ ကို တော့ ပြည်တွင်းအစိုးရ နဲ့ မြို့ပြ ဖွံဖြိုးရေး ၀န်ကြီး ဌာန က ကိုင်တွယ် အုပ်ချုပ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၅၀ ခန့်ကတည်းက မီးတောင်ပေါက်ကွဲမှုကနေ စတင်ပြီး Fiji ရဲ့ ကျွန်းစွယ် အချို့ဖြစ်ပေါ်လာခဲ့တယ်လို့ သမိုင်းတွေကဆိုပါတယ်။ ဥရောပ တိုက်သားတွေဟာ ၁၇ ရာစုလောက်မှာ Fiji ကို စတင်လည်ပတ်ခဲ့ကြပြီး ၁၈၇၄ ခုနှစ်မှာ ဗြိတိသျှ ကိုလိုနီ နယ်ချဲ့ရဲ့ လက်အောက်ကိုကျရောက်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ တော့ သမ္မတ နိုင်ငံ တစ်နိုင်ငံ အဖြစ်သို့ ပြောင်းလဲခဲ့ပါတယ်။Fiji နိုင်ငံရဲ့ ဒီမိုကရေစီ မဲပေး ရွေးကောက်ပွဲ စနစ်ကိုတော့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှာ စတင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

( Mario )

Ref : wiki
http://knowledge.thithtoolwin.com/2015/05/fiji.html

လိပ်ကျွန်းနားက လှေစီးပြေး ရေယာဉ်ကို သွားခွင့်မရခဲ့


ဧရာဝတီ တိုင်း ဟိုင်းကြီး ကျွန်း နားက လိပ်ကျွန်း အနီးမှာ ဆိုက်ကပ် ထားတဲ့ လှေစီးပြေး ဒုက္ခသည် ရေယာဉ်ကို ဒီနေ့ သ ဧရာဝတီ တိုင်း ဟိုင်းကြီး ကျွန်း နားက လိပ်ကျွန်း အနီးမှာ ဆိုက်ကပ် ထားတဲ့ လှေစီးပြေး ဒုက္ခသည် ရေယာဉ်ကို သတင်းထောက်တွေ သွားခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် က မြန်မာ ရေတပ် ကယ်ဆယ် ထိန်းသိမ်းထားတဲ့ လှေစီး ရွှေ့ပြောင်း ဒုက္ခသည် တွေ ရှိရာ လိပ်ကျွန်း ဆီ သတင်းထောက် တွေကို မြန်မာ ရေတပ်က သွားခွင့် မပြုဘူး လို့ သိရပါတယ်။

မြန်မာ ကမ်းရိုးတန်း နား က ပင်လယ်ပြင် မှာ လှေ တစင်း နဲ့ မျောပါ နေတဲ့ အမျိုးသမီး ၇၄ ဦး ကလေးငယ် ၄၅ ဦး အပါအဝင် လူ ၇၂၇ ဦးကို မြန်မာ ရေတပ်က တွေ့ရှိ ကယ်ဆယ် ထားကြောင်း မြန်မာ အာဏာပိုင် တွေက ထုတ်ဖော် ကြေညာ ခဲ့အပြီး သတင်းထောက် တွေက အဲဒီ ကျွန်းဆီ သွားရောက် သတင်းယူ ဖို့ ကြိုးစား ခဲ့ကြတာပါ။

လှေငယ် လေးတွေ နဲ့ သွားရောက် သတင်းယူဖို့ ကြိုးစားခဲ့ကြတဲ့ သတင်းထောက် ၈ ယောက် ကို မြန်မာ ရေတပ် က ပြန်မောင်းထုတ် ခဲ့ပြီး ကင်မရာ Memory Card ထဲက ဓာတ်ပုံတွေ အားလုံး ဖျက်ခိုင်းခဲ့ပါ တယ်။

အစိုးရ ပြန်ကြားရေး ခွင့်ပြုချက် မပါလို့ လုံခြုံရေး ကြောင့် ဒီလို သွားခွင့် မပြုတာလို့ ရေတပ် တာဝန်ရှိသူ တွေက ပြောကြောင်း ရိုက်တာ သတင်းဌာနက ကိုစိုးဇေယျာထွန်းက ပြောပါတယ် ။

လှေစီးပြေး တွေရဲ့ စက်လှေနားမှာ မြန်မာ ရေတပ်က စစ်ရေယာဉ် ၄ စီး က စောင့်ကြပ် နေတာ ဖြစ်ပြီး လိပ်ကျွန်းမှာ ရေတပ် စခန်း တခု ရှိနေပါတယ်။

နော်ဝေနိုင်ငံ အော်စလို မြို့မှာ ကျင်းပခဲ့တဲ့ ရိုဟင်ဂျာ အရေး ဆွေးနွေးပွဲ မှာ လှေစီး ဒုက္ခသည် တွေ အရေးနဲ့ ပတ်သက်လို့ နိုင်ငံတနိုင်ငံ အပေါ် တဖက်စောင်းနင်း နိုင်တဲ့ အဆိုးမြင် ပြောကြားခဲ့ချက် တွေကို ပယ်ချကြောင်း မြန်မာ အစိုးရ က သတင်း ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီလို အပြစ်ပုံချတဲ့ အပြုအမူတွေ ကြောင့် နိုင်ငံတကာက အထင်အမြင် လွဲမှားမှုတွေ ဖြစ်ပေါ်နိုင်တယ် လို့လည်း အဲဒီ သတင်း ထုတ်ပြန်ချက်ထဲမှာ ဖော် ပြထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

လှေစီး ဒုက္ခသည်များကို ဥပဒေ အရ ဖြေရှင်းသွားမည်

လှေစီးဒုက္ခသည်တွေအရေး သတင်းစာရှင်းလင်းပွဲကို မေလ ၃၁ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း ရှင်းလင်းနေစဉ်။ Photo: Thiha Tun/ RFA
ရခိုင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးဒုက္ခသည်တွေကို ဥပဒေကြောင်းအရ ဖြေရှင်းသွား မှာဖြစ်ပြီး လှေစီးဒုက္ခသည်အရေး ဟာ မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်ရဲ့ ပုံရိပ်အတွက် အရေးကြီးကြောင်း ရခိုင်ပြည် နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က ပြောပါတယ်။

ရန်ကုန်မြို့ Orchid Hotel မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း က လှေစီးဒုက္ခသည်တွေအရေးကို အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။

"အနာဂတ်ကိုသွားတဲ့အခါမှာ ကျနော်ယနေ့ တည်ငြိမ်မှုရှိအောင်လုပ်မယ်၊ ပြီးရင်လှေစီး ဒုက္ခသည်တွေကို ရသင့်ရထိုက်တဲ့အခွင့်အရေးရအောင် ကျနော်လုပ်ပေးမယ်၊ အားလုံး သည်ဥပဒေအရဖြစ်ရမယ်၊ ဒီလိုကျနော် ရဲရဲတင်းတင်းပြောရဲတယ်၊ ဒီပြဿနာတွေ အားလုံး နောင်ထိအောင်ဆိုရင် လှေစီးဒုက္ခသည်ကိစ္စသည် မြန်မာနိုင်ငံ ရဲ့ဂုဏ်သိက္ခာ၊ ရခိုင်ပြည်နယ်ရဲ့ဂုဏ်သိက္ခာအထူးသဖြင့် ရခိုင်တိုင်းရင်းသားတွေရဲ့ဂုဏ်သိက္ခာ အရေးကြီး တယ်၊ ဒါတွေဟာ ကျနော်တို့က အမှန်တရားကိုဖော်ထုတ်ပေးပါလို့ ပြောချင်တယ်"

ပြီးခဲ့တဲ့လအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာမှာ လှေစီးဒုက္ခသည် ၂၀၀ ကျော် ကို ကယ်တင်ထားခဲ့ပြီး သူတို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆက်သွယ်ပြီး ပြန်လည်ပေးပို့သွားမှာ ဖြစ်တဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်ထဲကို ရောက်ရှိလာတဲ့ လှေစီး ဒုက္ခသည် ၇၀၀ ကျော်နဲ့ ပတ်သက်ပြီး  မေးမြန်းရာမှာ ရခိုင်ပြည်နယ်နဲ့ သက်ဆိုင်မှု မရှိတဲ့အတွက် ဖြေကြားခြင်းမရှိခဲ့ပါဘူး။

အဲဒီလှေစီးဒုက္ခသည် ၇၀၀ ကျော်ကို ဟိုင်းကြီးကျွန်းမှာ ယာယီထားရှိတယ်လို့  သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese/

မိုဘိုင်းလ်အင်တာနက် တွေထဲမှာ Ooreedoo ဟာ မြန်နှုန်း အမြင့်ဆုံး ဖြစ်နေတာကိုတွေ့ရှိ




မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ် အင်တာနက် စနစ် အတွက် MPT ၊ Telenor နဲ့ Ooredoo ၀န်ဆောင်မှု ကုမ္မဏီကြီး ၃ ခု ရှိရာမှ လက်ရှိ စစ်ဆေး လေ့လာမှုတွေအရ Ooredoo ကုမ္မဏီ ရဲ့ မိုဘိုင်းလ် အင်တာနက် ၀န်ဆောင်မှု ဟာ မြန်နှုန်း အမြင့်ဆုံးဖြစ်နေတာကို တွေ့ရှိရပါတယ်။

လက်ရှိ ထို ကုမ္မဏီ ကြီး ၃ခု ရဲ့ ထုတ်လွှင့်ပေးနေတဲ့ မြန်နှုန်း ပမာဏတွေအရ Telenor ရဲ့ My Internet ဟာ 500 Kbps အထိ သာ မြန်နှုန်းရှိနေပြီး Smart Internet ၀န်ဆောင်မှုကတော့ 2 Mbps အထိ မြန်နှုန်းရှိနေပါတယ်။

MPT ရဲ့ ဆွေသဟာ အစီအစဉ်ကတော့ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုတစ်မျိုးဖြစ်ပြီး Ooredoo ရဲ့ အင်တာနက် ၀န်ဆောင်မှု ပမာဏ ကဲ့သို့ပင် မြန်နှုန်း ပမာဏ ကို ဖော်ပြထားခြင်းမရှိပါဘူး။ ဒါကြောင့် Telenor ရဲ့ အင်တာနက် ၀န်ဆောင်မှု မြန်နှုန်းကို အမြင့်ဆုံး 2Mbps အဖြစ် သိရှိခဲ့ရပြီး MPT နဲ့ Ooredoo ရဲ့ မြန်နှုန်းပမာဏ ကို တော့ မသိရှိရသေးပါဘူး။
Google Play Store က ရရှိထားပြီး အင်တာနက် မြန်နှုန်း ပမာဏ တိုင်းတာ တဲ့ SPEEDTEST ဆိုတဲ့ App တစ်ခု ကို အသုံးပြုပြီး စမ်းသပ်ကြည့်လိုက်တဲ့အခါမှာတော့ MPT ရဲ့ မြန်နှုန်း ပမာဏ ဟာ 4Mbps အထိ ရရှိတာကိုတွေ့ခဲ့ရပြီး Ooredoo ကတော့ 6.67Mbps အထိ မြန်နှုန်း ပမာဏ ရရှိနေတာကိုတွေ့ရပါတယ်။ 
ဒီလို မြန်နှုန်းပမာဏ ဟာ ကွန်ရက် ထုတ်လွှတ်ပေးနေတဲ့ တာဝါတိုင် အကွာ အဝေးနဲ့တော့ သက်ဆိုင်ပါတယ်။ သို့သော်လည်း Telenor ရဲ့ အင်တာနက် မြန်နှုန်း ပမာဏ ဟာ 2Mbps အထိ ကန့်သတ်ထားတာ ဖြစ်တဲ့အတွက် တာဝါတိုင်နဲ့ အနီးဆုံးမှာ သုံးနေပေမယ့်လည်း 2Mbps အထိပဲ ရရှိမှာဖြစ်ပါတယ်။ MPT နဲ့ Ooredoo ရဲ့ မြန်နှုန်းပမာဏကတော့ ကန့်သတ်ထားခြင်းမရှိတဲ့အတွက် မတူညီတဲ့ ပမာဏ တွေကို ရရှိနိုင်တာဖြစ်ပါတယ်။
ဒါဟာ သစ်ထူးလွင်(နည်းပညာ) ဘလော့ဂ် စာမျက်နှာ ရဲ့ SPEEDTEST ဆိုတဲ့ app ကို အသုံးပြုပြီး တိုင်းတာ ရေးသားထားခြင်းသာဖြစ်ပါတယ်။ 

ငွေကြေးရယူလိုသဖြင့် လူသတ်ပစ္စည်းလုယူသူများအား ဖမ်းဆီးရမိ၊ တိမ်းရှောင်နေသူများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိ

မေ၂၅ရက်နေ့ ညနေက သနပ္ပင်မြို့ဈေးပိုင်းရပ် ခတ္တာလမ်းတွင် ဖြစ်ပွားခဲ့သောနှစ် လောင်းပြိုင်လူသတ်မှု ။ ဓါတ်ပုံ - (Zaw Shinn -fb)
နေပြည်တော် မေ ၃၁

မေ ၂၅ ရက် ည ၆ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး သနပ္ပင် မြို့ ဈေးပိုင်းရပ်ကွက်နေ ကိုအေးမင်း (၄၆ နှစ်)သည် ၎င်း၏အလှပြင်ဆိုင်၌ ရှိနေစဉ် နေအိမ်တွင်ကျန်ခဲ့သော ဖခင်ဖြစ်သူ ဦးကျော်ရှိန်နှင့် အစ်မဖြစ်သူ ဒေါ်စန်းစန်းအေးတို့ထံ လူလေးဦးက ဝင်ရောက်လာပြီး ဦးကျော်ရှိန်နှင့် ဒေါ်စန်းစန်းအေးတို့ကိုသတ်၍ ဒေါ်စန်းစန်းအေးဝတ်ဆင်ထားသည့် ကျောက်နီ လက်စွပ်တစ်ကွင်း၊ ကျောက်ဖြူနားကပ်တစ်ရန်နှင့် အိမ်ခန်းအတွင်းရှိ လက်ဆွဲ အိတ်ထဲမှ ငွေကျပ်နှစ်သိန်းတို့အား လုယူသွားခဲ့ကြောင်း၊ ‌ဒေါ်စန်းစန်းအေးနှင့် ဦးကျော်ရှိန်တို့မှာ ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့၍ သနပ္ပင်မြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်ခဲ့သည်။

အမှုမှ ပြစ်မှုကျုးလွန်သူနှင့် သက်သေခံပစ္စည်းများ အမြန်ဆုံးပြန်လည် ရရှိရန်အတွက် သနပ္ပင်မြို့မ ရဲစခန်းက အမှုစစ်အဖွဲ့ ဖွဲ့စည်းစုံစမ်းဆောင်ရွက်ခဲ့ရာ အမှုအား ကျူးလွန်ရာတွင်ပါဝင်ကြောင်း သတင်းရရှိသူ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ ရန်နိုင်စိုး(ခ)ဂီးဂီး (၁၈နှစ်)နှင့် တစ်ရပ်တည်းနေ အောင်ခန့်ဇော်(ခ)တွတ်ပီ(၁၈နှစ်)တို့အား ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ်(၁၁၅) ယာဉ်ရပ်နားစခန်းတွင် မေ ၂၈ ရက် နံနက် ၃ နာရီ ၄၅ မိနစ်၌ အာကာသ ခရီးသည်တင်ယာဉ်ပေါ်မှ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ထွက်ဆိုချက်အရ မေ ၂၅ ရက်က ဝေယံထွန်းနှင့် ခင်မင်ရင်းနှီး သူ ကိုအေးမင်း၏နေအိမ်မှ ငွေနှင့်ပစ္စည်းများ လုယူရန် မင်္ဂလာဒုံမြို့နယ် ပတ္တမြားရပ်ကွက်နေ မဝါဝါဝင်း(၂၁ နှစ်)၊ ရန်နိုင်စိုး(ခ)ဂီးဂီး၊ အောင်ခန့်ဇော်(ခ)တွတ်ပီ၊ ဝေယံထွန်းနှင့် သက်ဝေတို့သည် မဝါဝါဝင်း၏ခင်ပွန်းဖြစ်သူ သက်ဇော်ဦး (၂၇နှစ်)၊ မောင်းနှင်သည့် DD/ -----ဆူဇူကီးယာဉ်ဖြင့် သွားခဲ့ကြောင်း၊ သက်ဇော်ဦး၊ ရန်နိုင်စိုး(ခ)ဂီးဂီး၊ အောင်ခန့်ဇော်(ခ)တွတ်ပီနှင့် သက်ဝေတို့ လေးဦးမှာ ကိုအေးမင်း၏နေအိမ်အတွင်းသို့ သွားရောက်ခဲ့ကြောင်း၊ နေအိမ်ရှေ့ တွင်တွေ့ရှိသည့် ကိုအေးမင်း၏ဖခင်ဖြစ်သူ ဦးကျော်ရှိန်နှင့် နေအိမ်အတွင်းရှိ ဒေါ်စန်းစန်းအေးတို့အားသတ်ပြီး ဒေါ်စန်းစန်းအေး ဝတ်ဆင်ထားသည့် ကျောက်နီ လက်စွပ်တစ်ကွင်း၊ ကျောက်ဖြူနားကပ်တစ်ရန်နှင့် အိမ်ခန်းအတွင်းရှိ လက်ဆွဲအိတ်ထဲမှ ငွေကျပ်နှစ်သိန်းတို့အား လုယူခဲ့ကြောင်း၊ ပြစ်မှုကျုးလွန် ရခြင်းမှာ ငွေကြေးရယူလိုသည့်အတွက်ဖြစ်ကြောင်း၊ မေ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် မှော်ဘီမြို့နယ် ဂျပန်ဘုရားသွားကားလမ်းပေါ်မှ မဝါဝါဝင်းအား ဖမ်းဆီးရမိခဲ့ပြီး အမှုမှ သက်သေခံပစ္စည်းနားကပ်တစ်ရန်၊ ပြစ်မှုကျုးလွန်ရာတွင် အသုံးပြုသည့် DD/ - - - - ဆူဇူကီးယာဉ်ကို သိမ်းဆည်းကာ တိမ်းရှောင်နေသူ သက်ဝေ၊ ဝေယံထွန်းနှင့် သက်ဇော်ဦးတို့အား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ဆိုင်ကယ် ကယ်ရီငှားပြီး ကယ်ရီသမားအားသတ်၍ ဆိုင်ကယ်နှင့် ရွှေငွေများအား လုယက်သူ နှစ်ရက်အတွင်း ဖမ်းဆီးရမိ


လယ်ဝေး မေ ၃၁

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၌ ဆိုင်ကယ် ကယ်ရီငှားပြီး ကယ်ရီမောင်းနှင်သူအား သတ်၍ ဆိုင်ကယ်နှင့် ရွှေငွေပစ္စည်းများအား လုယက်သူကို ရဲတပ်ဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကြောင့် နှစ်ရက်အတွင်း ဖမ်းဆီးရမိ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၂၉ ရက် ညနေက လယ်ဝေးမြို့နယ် ကြို့ကုန်းကျေးရွာ အုပ်စု လမ်းစဉ်ကျေးရွာနှင့် ခြောက် မိုင်ကျေးရွာသွားလမ်းပေါ်ရှိ ရိုးချောင်း ချောက်ထဲတွင် ဆိုင်ကယ် ကယ်ရီ မောင်းနှင်သူ ကျော်နိုင်ဝင်းသည် ဦးခေါင်းမှာဒဏ်ရာများဖြစ် သေဆုံး နေပြီး ဆိုင်ကယ်၊ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ်နှင့် လက်ဝတ်ရတနာများ ပျောက်ဆုံးနေကြောင်း သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးကြည်ဝင်းက ယင်းည ၇ နာရီတွင် တရားလိုပြုလုပ်တိုင်တန်း သဖြင့် လယ်ဝေးမြို့မရဲစခန်းက အမှု ဖွင့်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ခဲ့ရာ သေဆုံးသူ ကျော်ဝင်းနိုင်အား မေ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က စံပြရွာဘက်သို့ အသွားအပြန် ငွေကျပ် ၆ဝဝဝ ဖြင့် ဆိုင်ကယ်ကယ်ရီ ခေါ်သွားကြောင်း၊ ခေါ်သွားသူမှာ အရပ်ရှည်ရှည် ပိန်ပိန် ပါးပါး အသားဖြူ၍ (၃ဝ နှစ်)ခန့်ရှိ ကြောင်းနှင့် အခင်းဖြစ်ပွားရာ အနီး ဝန်းကျင်ရွာနေ ဒေသခံအချို့ထံမှ စုံစမ်းချက်များအရ ယင်းနေ့တွင် ဆိုင်ကယ် ကယ်ရီအငှား ခေါ်ဆောင် သွားသူမှာ နေမင်းကို(ခ) အရှည်ကြီး (ခ)ဖိုးလုံး အမှတ်(၅) ရပ်ကွက် လယ်ဝေးမြို့နေသူ ဖြစ်ကြောင်း ရဲအုပ်ထွန်းလှိုင်နှင့်အဖွဲ့က သတင်း အတည်ပြုနိုင်ခဲ့သည်။ ပြစ်မှုကျူးလွန် သူ နေထိုင်ရာ အမှတ် (၅) ရပ်ကွက် ရှိ ၎င်း၏နေအိမ်သို့ လယ်ဝေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး စိုးမင်းသိန်းနှင့် နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ထွန်းလှိုင်ပါဝင်သော တပ်ဖွဲ့ ဝင်များက သွားရောက်ဖမ်းဆီးရာ လက်ရဖမ်းဆီးရမိခဲ့သည်။

၎င်းအားစစ်ဆေးချက်အရ မေ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲက ဆိုင်ကယ် ကယ်ရီလိုက်ပို့ပေးရန် လယ်ဝေးမြို့ မီးပွိုင့်အနီးမှ စံပြရွာသို့ အသွားအပြန် ၆ဝဝဝ ကျပ်ဖြင့် ခေါ်ဆောင်သွားပြီး စံပြရွာမှ အပြန် လမ်းခရီးလူပြတ်သည့် နေရာဖြစ် သော ရိုးကူးတံတားတွင် ဆိုင်ကယ် ဆင်းတွန်းရင်း တံတားခင်းထားသည့် သစ်သားတုတ်ဖြင့် ကျော်နိုင်ဝင်း၏ ခေါင်းအား နောက်မှရိုက်ခဲ့ကြောင်း၊ သုံးချက်ခန့်ရိုက်နှက်၍ သေဆုံးသွား ချိန်တွင် ကျော်နိုင်ဝင်းတွင်ပါရှိသော ငွေကျပ်နှစ်သိန်း၊ ဝတ်ဆင်ထားသော ရွှေလက်စွပ် တစ်ကွင်း၊ ဆင်းကတ်ပါ လက်ကိုင်ဖုန်းတစ်လုံး၊ အနက်ရောင် ဆိုင်ကယ်ကို ယူဆောင်ကာ ၎င်းအိမ်သို့ ပြန်လာခဲ့ကြောင်း ဝန်ခံထွက်ဆို သည်။ ကျော်နိုင်ဝင်းအား ထိုက်သင့် သော ပြစ်ဒဏ်ရရှိရေးအတွက် အမြန် ဆုံး တရားစွဲဆိုတင်ပို့သွားမည် ဖြစ် ကြောင်း သိရသည်။

မင်းမင်းလတ်(မန်းတက္ကသိုလ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

အရေးကြီးတဲ့ သမိုင်းအချိုး အကွေ့ရောက်နေပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၁၇ ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်ခရီးစဉ်တွင် တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရေးကြီးတဲ့သမိုင်းအချိုးအကွေ့တစ်ခုကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းရှိ အင်ဒီးယားနားတက္ကသိုလ်မှာ သောကြာနေ့ ညက ကျင်းပတဲ့ “ မြန်မာ နိုင်ငံရဲ့ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးပွဲကို ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းကိုရောက်မလား၊ စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရနိုင်မလား ဒါမှမဟုတ် အာဏာရှင်အစိုးရထက်ဘာမှပိုမထူးခြားတဲ့ အတုအယောင်ဒီမိုကရေစီနဲ့ဘဲ ဆက်လက် ရင်ဆိုင်နေရဦးမှာလားဆိုတာ လာမယ့် လအနည်းအငယ်က အဆုံးအဖြတ်ပေးပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်တင့်ကလည်း မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွေ နဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေ အရှိန်အဟုန် နှေးကွေးနေတယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ နောက်ပြန်လှည့်သွားမှာ မဟုတ်ကြောင်း သူက ပြောသွားပါတယ်။

ဒီအစီအစဉ်ကို အင်ဒီယာနာတက္ကသိုလ် နိုင်ငံတကာစီးပွားရေးပညာနဲ့ သုတေသနဌာန၊ BACI - မြန်မာ-အမေရိကန် ကွန်မြူနတီ အင်စတီကျုနဲ့  အင်ဒီယာနာ တက္ကသိုလ် Kelly နိုင်ငံတကာစီးပွားရေးပညာသိပ္ပံ တို့က ပူးပေါင်းစီစဉ် တာဖြစ်ပြီး၊  အင်ဒီယားနား ပြည်နယ်ရောက် မြန်မာနိုင်ငံသားတွေအပါအဝင် ပရိသတ် စုစုပေါင်း ၁၅၀ လောက် တက်ရောက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဆွန်နီဒုက္ခသည်တွေအပေါ် ခွဲခြားဆက်ဆံတယ်လို့ အီရတ်အစိုးရ စွပ်စွဲခံရ

အမေရိကန် စစ်ရေး အကြံပေး တွေ ကို အီရတ် တပ်မဟာ ဌာနချုပ် တွေ မှာ သာမက တကယ့် တိုက်ခိုက်ရေး တပ်ရင်း တွေ မှာပါ ပိုမို နေရာ ချထား ဖို့ လို မလို စဉ်းစား သင့်တယ်။ 
အီရတ် နိုင်ငံ အဲန်ဘာ ဒေသ မှာ ဖြစ်ပေါ် နေတဲ့ တိုက်ပွဲ တွေ ကနေ ထွက် ပြေးလာ ကြရတဲ့ ထောင်ပေါင်း များစွာ သော ဒုက္ခသည် တွေ ဘေးကင်းရာ အရပ် တွေ ဆီ မရောက် နိုင်အောင် အီရတ် အာဏာပိုင် တွေ က တားဆီး ပိတ်ပင် နေတယ် ဆိုပြီး လူ့ အခွင့် အရေး လှုပ်ရှားသူ တွေ က စွပ်စွဲ နေပါတယ်။

ရှီအာ မွတ်ဆလင်မ် တွေ ကြီးစိုး နေတဲ့ အီရတ် အစိုးရ ဟာ ဆွန်နီ ဒုက္ခသည် တွေ ကို ခွဲခြား ဆက်ဆံ နေတာ ဖြစ်တယ် လို့ လူ့ အခွင့်အရေး သမား တွေ က ပြောနေတာ ဖြစ် ပါတယ်။

ဘဂ္ဂဒက် မြို့တော် ထဲ ကို ဝင်ရောက် ဖို့ ကြိုးစား နေတဲ့ စစ်ဘေး ဒုက္ခသည် တွေ ဟာ မြို့ပြင် မှာပဲ အကြီးအကျယ် လမ်းတွေ ပိတ်ဆို့ တားဆီး ထားတာ တွေ နဲ့ တွေ့ကြုံ နေရပါတယ်။

ဒီ အချိန် မှာပဲ၊ အမေရိကန် စစ်ဗိုလ်ချုပ် ဟောင်း ဖြစ်တဲ့ ဒေးဗစ် ပေါ်ထရေးရပ်စ် က အီရတ် နိုင်ငံထဲ က အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ကို ရင်ဆိုင်ရာ မှာ ကျင့်သုံး နေတဲ့ အမေရိကန် ရဲ့ စစ်ရေး မဟာဗျုဟာ တွေ ကို ပြောင်းလဲ ဖို့ လိုတယ် ဆိုပြီး ဘီဘီစီ နဲ့ တွေ့ဆုံတုန်း မှာ ပြောခဲ့ ပါတယ်။

အီရတ် အစိုးရ နဲ့ ပူးပေါင်း ဆောင်ရွက် ရာမှာ စစ်ရေး နဲ့ နိုင်ငံရေး နှစ်ခု စလုံး မှာ အမေရိကန် အနေနဲ့ တိုးမြှင့် ဆောင်ရွက် ဖို့လိုတယ် လို့ ဗိုလ်ချုပ်ကြီးဟောင်း ပေါ်ထရေးရပ်စ် က ပြောတာပါ။

ပြန်လည် သုံးသပ်ရမယ့် ကိစ္စချင်းရာ တွေ ထဲ မှာ အမေရိကန် စစ်ရေး အကြံပေး တွေ ကို အီရတ် တပ်မဟာ ဌာနချုပ် တွေ မှာ သာမက တကယ့် တိုက်ခိုက်ရေး တပ်ရင်း တွေ မှာ ပါ ပိုမို နေရာ ချထား ဖို့ လို မလို ဆိုတဲ့ အပေါ် စဉ်းစားသင့်တယ် လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ပေါ်ထရေးရပ်စ် ဟာ ၂၀၀၇ ခုနှစ် တုန်းက အီရတ် နိုင်ငံ အတွင်း သူပုန် တွေကို နှိမ်နှင်း ရေး စီမံကိန်း တွေ ကို အောင်အောင်မြင်မြင် လုပ်ဆောင် နိုင်ခဲ့သူ တစ်ဦး အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပါတယ်။

တခါ၊ ဆီးရီးယား နိုင်ငံ မြောက်ပိုင်း မှာတော့ IS အဖွဲ့ အပေါ် သစ္စာခံတဲ့ တပ်တွေ ဟာ နယ်မြေ တွေ ပိုမို သိမ်းပိုက် နိုင်နေ ပါတယ်။

ဆိုရန် အဇတ် ဆိုတဲ့ မြို့ အပါအဝင် အနီးအနား ကျေးရွာ ၂ ခု ကနေ ပြိုင်ဘက် သူပုန်တပ်ဖွဲ့ ကို တိုက်ထုတ် လိုက် နိုင် တဲ့ အတွက် IS တွေ ရဲ့ စိုးမိုး နယ်မြေ ဟာ အခုဆို တူရကီ နယ်စပ် အနား ပိုမို နီးကပ် လာပါတယ်။

BBC Burmese
http://www.bbc.com/burmese