Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label Bank. Show all posts
Showing posts with label Bank. Show all posts
Friday, March 8, 2019
ဧရာဝတီဘဏ်က ချေးယူထားတဲ့ ငွေတွေ ပြန်ပေးဖို့ ကြေညာချက်ထုတ်
Omni Focus ကုမ္ပဏီပြေးဆွဲတဲ့ YBS ၂၀ ယာဉ်တွေကို တွေ့ရစဉ်/ Photo: Omni Focus-facebook
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ မြေး ဦးကျော်နေဝင်း ဦးစီးလုပ်ကိုင်နေတဲ့ Omni Focus General Service ကုမ္ပဏီလီမိတက်က ချေးယူထားတဲ့ ကျပ်ငွေ ဘီလီယံ ၅၀ ကို တစ်နှစ်ကျော်တဲ့အထိ အတိုးမဆပ်တဲ့အတွက် ဧရာဝတီဘဏ်က တရားစွဲဆိုသွားမယ်ဆိုလို့ ဧရာဝတီဘဏ် သတင်းထုတ်ပြန်ရေး ကော်မတီက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြပေးထားပါတယ်။
■ မနေ့က Omni Focus တာဝန်ရှိသူ ဦးကျော်နေဝင်းနဲ့ ဧရာဝတီဘဏ် တာဝန်ရှိသူတွေ၊ ရန်ကုန်တိုင်း စီးပွာ၊ စီမံ၊ ဘဏ္ဍာရေးရာ ကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဲဒီဆွေးနွေးမှုအပြီး မတ်လ ၈ ရက်နေ့မှာ အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
Omni Focus ကုမ္ပဏီလီမိတက်၊ Central Yangon Network ကုမ္ပဏီ လီမတက်နဲ့ Keen Support ကုမ္ပဏီလီမိတက် တို့အနေနဲ့ ချေးငွေအတိုးအရင်း ပေးဆပ်ဖို့ ကျန်တဲ့အပေါ် ဧရာဝတီဘဏ်ဘက်က လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းအစိုးရအဖွဲ့နဲ့ YRTA အဖွဲ့ကို အကူအညီတောင်းခံခဲ့ပြီး တရားစွဲဆိုဖို့ ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
အထက်ပါအကြောင်းအရာပါကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA က အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ကို RFA က ဆက်သွယ်မေးမြန်းချိန်မှာ အခုလို ပြောပါတယ်။
"အဲဒါတော့ ဖြေလို့မရသေးဘူးပေါ့၊ ငါတို့အဆင့် ဖြေလို့မဖြစ်သေးဘူး ဟုတ်ပြီနော်၊ မင်းတို့မီဒီယာမှာ တက်နေတဲ့ မင်းတို့တွေ့တဲ့အတိုင်းပဲလေနော့၊ ဟုတ်ပြီနော် ပြောလို့မရဘူး"
လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လာတဲ့ စာရွက်စာတမ်းတွေမှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ YRTA အနေနဲ့ YBS စတင်အကောင်အထည်ဖော်ဖို့ အတွက် ငွေကျပ် သန်း ၁၀၀ သုံးစွဲမှာဖြစ်တဲ့အတွက် ဘဏ်လုပ်ထုံးလုပ်နည်းအတိုင်း ညှိနှိုင်းဆောင်ရွက်လိုကြောင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၄ ရက် ရက်စွဲနဲ့ ဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး မျိုးအောင်ဌေး လက်မှတ်နဲ့ စာတစ်စောင်ပါဝင်ပါတယ်။
လိုအပ်တဲ့ငွေကြေးအတွက် ကုမ္ပဏီ ၃ ခုဖြစ်တဲ့ Omni Focus ကုမ္ပဏီလီမိတက်၊ Central Yangon Network ကုမ္ပဏီ လီမတက်နဲ့ Keen Support ကုမ္ပဏီလီမိတက် တို့ကို ကားအစီးရေ ၅၀၀ ဝယ်ယူဖို့ ကျပ်ငွေ ဘီလီယံ ၅၀ ကျော် ကို ဧရာဝတီဘဏ်က ထုတ်ချေးထားတာကို လစဉ်အတိုးအရင်း ပေးဆပ်ဖို့ ပါဝင်ပါတယ်။
အဲဒီကုမ္ပဏီ ၃ ခုဟာ ဧရာဝတီဘဏ်ကို လစဉ်အတိုးအရင်းပေးဆပ်ဖို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကစပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့အထိ ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဧရာဝတီဘဏ် တာဝန်ရှိသူ ဒါရိုက်တာ ဦးနေလင်းထွဋ် ကိုဆက်သွယ်ချိန်မှာ မေးမြန်းချင်သည့် အကြောင်းအရာအား တောင်းဆိုချိန်မှာ RFA သတင်းဌာနအနေနဲ့ သတင်းအတွက် လိုအပ်တဲ့အချိန် မလောက်ခဲ့တဲ့အတွက် ဆက်သွယ်မှု မပြုလုပ်တော့ဘဲ ဧရာဝတီဘဏ်ရဲ့ ထုတ်ပြန်ချက်ကိုသာ ပြန်လည်ရေးသား ဖော်ပြလိုက်တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့က အာမခံချေးယူပေးထားတာဖြစ်ကြောင်း၊ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပြီး ညှိနှိုင်းမှု အဆင်မပြေရင်တော့ တရားစွဲဆိုမှုတွေ ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်း စီးပွာ၊ စီမံ၊ ဘဏ္ဍာရေးရာ ကော်မတီဝင် တစ်ဦးဖြစ်တဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။
"ဝန်ကြီးချုပ်ကြီး ဖြေရှင်းပေးရင်တော့ ရတာပေါ့ဗျာ၊ အစိုးရအဖွဲ့ကဖြေရှင်း ကျတော် အနှစ်သာရ ပြောရရင်တော့ အစိုးရအဖွဲ့က ဖြေရှင်းမပေးတဲ့အတွက် အပ်နဲ့ထွင်းရမှာကို ပေါက်ဆိန်နဲ့ထွင်းရမယ့် အနေအထားဖြစ်တယ်၊ အချိန်ကြာလာတာပေါ့ဗျာ အစတည်းက သူတို့ အစိုးရအဖွဲ့ကိုလည်း တင်ပြတယ်၊ ဘဏ်ကလည်း တင်ပြတယ်၊ အခက်အခဲတွေကို YRTA ကိုတင်ပြနေတယ်၊ အဲဒီတင်ပြတာတွေကို အချိန်မီ အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းပေးနေရင် ဒီပြဿနာ လွှတ်တော်ကို ရောက်လာစရာအကြောင်းကို မရှိဘူး၊ အတိုးပေးမယ့် ကုမ္ပဏီကလည်း အဆင်မပြေဘူး မပေးနိုင်ဘူး ဘဏ်ကလည်း အတိုးယူချင်တာပေါ့၊ ဟိုဘက်ကလည်း မပေးနိုင်ဘူး၊ ဒါကိုပြေလည်အောင် မဖြစ်ဘူးဆိုရင်တော့ နှစ်ဦးနှစ်ဖက် တရားရုံးကို ရောက်သွားနိုင်တာပေါ့"
ဧရာဝတီဘဏ် က ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ရက်စွဲနဲ့ ပေးပို့ထားတဲ့ အကြောင်းကြားစာမှာ ပါဝင်တဲ့ Omni Focus ဟာ ချေးငွေ အတိုးအရင်း လစဉ်ပေးဆပ်ကြောင်း ကျန်ရှိနေတာကိုလည်း လစဉ်အကျေပေးဆပ်ဖို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က အကြောင်းပြန်ထားကြောင်း ပါဝင်ပြီး တရားစွဲဆိုမှုကိုလည်း ဖြေရှင်းသွားမှာဖြစ်ကြောင်း ပြည်မြန်မာ သတင်းဂျာနယ် တစ်ခုတည်းကို ပေးခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဦးကျော်နေဝင်းက အခုလို ဖြေကြားထားပါတယ်။
"ကျတော်တို့ဒီကိစ္စနဲ့ ပတ်သက်လို့ ကျတော်တို့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲပါတယ်၊ နည်းလမ်းအတိုင်းဘဲ ဖြေရှင်းမလား တရားနည်းလမ်းအတိုင်းဘဲ ဖြေရှင်းမလား၊ ကျတော်တို့ဘက်က အသင့်ရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါသည်ဖြေရှင်းရမယ့် ကိစ္စတစ်ခုဖြစ်လာပြီ၊ ဂုဏ်သိက္ခာပိုင်းနဲ့လည်း ဆိုင်တယ်၊ မူလပထမအစကနေ ကျတော်တို့ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်၊ ဖြေရှင်းဖို့လည်း ကျတော်တို့အားလုံး ပြင်ဆင်ပြီးသားဖြစ်ပါတယ်၊ ခုနကကျတော် တင်ပြခဲ့သလိုပါပဲ ကျတော်တို့ အကောင့်ထဲကို ထည့်လိုက်တဲ့ မှားယွင်းစွာထည့်လိုက်တဲ့ ပိုက်ဆံကို ကျတော်တို့ကို အသိမပေးဘဲ ပြန်ထွက်သွားတဲ့ကိစ္စကို ကျတော်တို့ တရားစွဲဆိုသွားဖို့ ရှိပါတယ်၊ ဘာဖြစ်လို့လဲဆို ဒါအကြောင်းကြားရမှာဖြစ်သလို ဒီကိစ္စကို ကျတော်တို့ အဆုံးစွန်ထိတင်ပြပြီးတော့ ဆက်လက်ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်"
ဦးကျော်နေဝင်းရဲ့ ဖြေကြားမှုမှာ သတင်းရေးသားတဲ့ ဟစ်တိုင်သတင်းဌာနကိုလည်း မှန်ကန်သတင်းဌာန မဟုတ်ကြောင်း မှန်ကန်မှုမရှိတဲ့ သတင်းတွေကို ဆက်လက်ရေးသားမယ်ဆိုရင်သတင်းမီဒီယာ ကောင်စီကို တိုင်ကြားသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်မှုကို RFA သတင်းထောက်ထံ ဦးကျော်နေဝင်းက Viber မှတစ်ဆင့် ပို့ပေးတဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့က စတင်ပြီး အရင် မထသ စနစ်ကနေ YBS စနစ်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ အဲဒီလို ပြောင်းလဲခဲ့ပေမယ့် ယာဉ်လုပ်သားတွေရဲ့ ခရီးသွားတွေအပေါ် ဆက်ဆံရေး မပြေပြစ်တာနဲ့ ယာဉ်စည်းကမ်းဖောက်ဖျက်မှုတွေကြောင့် ဝေဖန်မှုတွေ ရှိနေသလို ယာဉ်လိုင်းတိုးချဲ့ ဖွင့်လှစ်တာတွေလည်း ရှိနေပါတယ်ခင်ဗျာ။
RFA Burmese
https://www.rfa.org/burmese
Monday, February 4, 2019
ပြည်ပသို့  ဒေါ်လာ တစ်သောင်းထက် ငွေပိုလွှဲလျှင် ဗဟိုဘဏ်မှ ခွင့်ပြုချက် ယူရမည်ဟုဆို
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
   နေပြည်တော်၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ)
    ပြည်ပသို့  ကုန်သွယ်မှု အတွက် မဟုတ်သော ငွေလွှဲပေးပို့ ခြင်းများအတွက် တစ်ကြိမ်လျှင် အများဆုံး အမေရိကန်ဒေါ်လာ တစ်သောင်းအထိ သတ်မှတ်ထားရှိရာ ၎င်းထက်ပိုများသော ငွေပမာဏကို လွှဲပြောင်း ပေးချေလိုပါက ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို ရယူရမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဘိုဘိုငယ်က ယနေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
“ပြည်ပ ခရီးစဉ်များ၊ ဆေးကုသမှု၊ ပညာသင်စရိတ်နှင့် စာမေးပွဲကြေးများ၊ ညီလာခံနှင့် ဆွေးနွေးပွဲ တက်ရောက်ခြင်း၊ ပြည်ပတွင် နေနထိုင်သည့် မိသားစုဝင်များ၏ နေထိုင်စားသောက်မှု ကုန်ကျစရိတ် တို့ အတွက် အများဆုံး အမေရိကန် ဒေါ်လာ တစ်သောင်းအထိ ပမာဏကို သတ်မှတ်ထားသည့် အထောက်အထားများ တင်ပြလာပါက စိစစ်ပြီး လွှဲပို့ နိုင်ပါတယ်၊ အမေရိကန် ဒေါ်လာ တစ်သောင်း၊ သို့ မဟုတ် ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေထက် ပိုများသော ပမာဏကို လွှဲပြောင်းပေးချေလိုပါက ဗဟိုဘဏ်သို့  တင်ပြပြီး ခွင့်ပြုချက်ရယူရမှာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် ပလောင်အုပ်ချုပ်ခွင့်ရ ဒေသ မန်တုံမဲဆန္ဒနယ် ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး၏ အမေးကို ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားသုံးငွေ စီမံခန့် ခွဲမှု ဥပဒေ၏ စည်းမျဉ်း အပိုဒ် (၂၉)အရ ထိုကဲ့သို့  ဆောင်ရွက်ရမည် ဖြစ် ကြောင်း လည်း ဗဟိုဘဏ် ဒုတိယ ဥက္ကဌက ပြောခဲ့သည်။ ထိုဥပဒေအရ ကုန်သွယ်မှုအတွက် ငွေလွှဲ ပေးပို့ ခြင်းများကိုမူ ငွေကြေးပမာဏ ကန့် သတ်ထားခြင်း မရှိကြောင်း၊ နိုင်ငံခြား သုံးငွေ စီမံခန့် ခွဲမှု အပိုဒ် (၂၇) အရ နိုင်ငံခြား သုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း လိုင်စင်ရ ဘဏ် ၃၅ ခုရှိကြောင်း၊ ၎င်းတို့ မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေးထားသော နိုင်ငံပိုင် ဘဏ် သုံးခု၊ ပြည်တွင်း ပုဂ္ဂလိက ဘဏ် ၁၉ ခု၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့  ဖြစ်ကြကြောင်း၊ နိုင်ငံခြားသို့  ငွေလွှဲလိုပါက အဆိုပါ ဘဏ်များနှင့် ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့ အပြင် တရားမ၀င် ငွေလွှဲပေးပို့  ခြင်းများအား ထိန်းကျောင်းရန် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ ၏ အတွေ့ အကြုံများအား ရယူလျက် စည်းမျဉ်းတစ်ရပ် မူကြမ်း ပြုစု ရေးဆွဲထားပြီး ဖြစ်ကြောင်း၊ ထိုမူကြမ်းအပေါ် သက်ဆိုင်ရာ အဖွဲ့ အစည်းအသီးသီးနှင့် ကော်မတီ အဆင့်ဆင့်တို့ မှ တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ ၏ အတည်ပြုချက်ကို ရယူကာ ၂၀၁၉ ခုနှစ်အတွင်း ပြီးစီးရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ စည်းမျဉ်းများ ထုတ်ပြန်ပြီးပါက နိုင်ငံခြားငွေ လွှဲပြောင်း လက်ခံခြင်း လုပ်ငန်း လိုင်စင် ထုတ်ပေးခြင်း၊ အဆိုပါ လိုင်စင်ရရှိသည့် ကုမ္ပဏီများမှတာဝန်ရှိသူများကို ပြည်ထဲရေး ၀န်ကြီးဌာန FIU (Financial Intelligence Unit) က ပို့ ချသည့် ငွေကြေး ခ၀ါချမှုနှင့် အကြမ်းဖက် ငွေကြေးထောက်ပံ့မှု ကာကွယ်ရေး ဆိုင်ရာ သင်တန်းများသို့  တက်ရောက်စေခြင်းတို့ ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဗဟိုဘဏ် ဒုတိယ ဥက္ကဌက ပြောခဲ့သည်။
(Xinhua)
Friday, February 1, 2019
ဘဏ်အကောင့်ထဲမှားဝင်လာတဲ့ငွေ ၁၃ သိန်း
ဒီကနေ့ ထူးထူးခြားခြားတစ်ခုဖြစ်တယ်။ (ထီပေါက်ချင်တာလားမသိ 😁)
လစာငွေလွှဲဖို့ သူဌေးက အကောင့်နံပါတ်တောင်းတော့ မမှတ်မိတာနဲ့ CB pay ကိုဖွင့်ပြီး Account no. ပြန်ကြည့်တယ်။
မထင်မှတ်ထားတဲ့ အဖြစ်အပျက်ပါပဲ။
ငွေ ၁၃ သိန်း ကျွန်တော့်အကောင့်ထဲဝင်နေတယ်။
ပထမဆုံးဝင်လာတဲ့ အတွေးက ငါ့မှာ ၁၃သိန်းဆိုတဲ့ပမာဏက ဘယ်ကမှဝင်စရာမရှိဘူးပဲ။
့ဒုတိယဝင်လာတဲ့အတွေးက ဒီပိုက်ဆံလွှဲလိုက်တဲ့ ကာယကံရှင်ခမျာ ဘယ်လောက်အထိစိတ်ပူနေရှာလဲ။
ကျတော်ကိုယ်တိုင်လည်း ကိုယ့်ချွေးနှဲစာပိုက်ဆံဆိုရင် တစ်ထောင်လောက်လမ်းမှာကျပျောက်ရင်တော့ အဲ့လမ်းကို ငါးခါလောက် အသွားအပြန်လုပ်ပြီးရှာခဲ့ဖူးတာပဲ။ တက္ကသိုလ်ကျောင်းသားဘဝက တကယ့်အဖြစ်အပျက်ပါ။ ကျောင်းသားဘဝတုန်းက ပိုက်ဆံဆိုတာ လဆန်း ၁ရက်နေ့ကနေ လကုန် ၃၀ ရက်နေ့အထိ တွက်ပြီးသုံးခဲ့ရတာမို့ ကပ်စေးနည်းတာမဟုတ်ပေမဲ့ ကိုယ့်ဝမ်းနာကိုယ်သာအသိ နေခဲ့ရတာမို့ပါ။
ဖြတ်ကနဲဝင်လာတဲ့ ကိုယ်ချင်းစာတရားက တိုက်တွန်းလို့ လွှဲလိုက်တဲ့ ဘဏ်ကို စုံစမ်းကြည့်တော့ တာမွေ(သြဘာ)ဘဏ်ခွဲက တဲ့။
ဘဏ်ဖုန်းနံပါတ်စုံစမ်းပြီး ဖုန်းဆက်တော့ သူတို့လည်းမသိဘူး တဲ့။ လွှဲတာက Japan ကတဲ့။
၁။ မှားပြီးရောက်လာမှာစိုးတာရယ်
၂။ မှန်တယ်ဆိုရင် ဘယ်သူလွှဲတာလည်း ဆိုတာသိချင်တာရယ် ကြောင့် လွှဲတဲ့သူသိအောင်လုပ်ပေးပါလို့ ပြောလိုက်တယ်။
ဘဏ်ဝန်ထမ်းက စုံစမ်းပြီးသိရတာနဲ့ပြန်ဆက်ပေးပါမယ် တဲ့။
နောက်ထပ်နာရီဝက်လောက်ကြာတော့ ဖုန်းအသစ်တစ်လုံးဝင်လာတယ်။
လစာကို အကောင့်မှားပြီးလွှဲလိုက်တာပါ။ တဲ့။
ဖုန်းဆက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တဲ့။
ကာယကံရှင်ရဲ့အကောင့်ကို ပြန်လွှဲပေးလိုက်ပါ့မယ်တဲ့။
တစ်ဖက်က ဖုန်းချသွားတော့မှ စိတ်ထဲမှာ တာဝန်တစ်ခုကို ကျေပွန်သွားသလိုခံစားရပြီး ပေါ့ပါးသွားတယ်။
အဆောင်က သူငယ်ချင်းကို ပြန်ပြောပြတော့ သူကမေးတယ်။
မုန့်ဖို့းဘယ်လောက် ရလိုက်သလဲ တဲ့။
ကျွန်တော်မှာ အဖြေမရှိလို့ ပြုံးနေလိုက်ပါတယ်။
ဆက်တွေးနေမိတာတော့ Sympathy နဲ့ Self Respect ဆိုတဲ့ စကားလုံးတွေ အကြောင်းပါပဲ။
(တတိယဝင်လာတဲ့အတွေးကတော့ ကျွန်တော်တို့ရဲ့ ဘဏ်အကောင့်ထဲက ပိုက်ဆံတွေကို ဘဏ်ဝန်ထမ်းတွေက ကြိုက်သလို ရွှေ့ပြောင်းနိုင်တယ် ဆိုတဲ့အတွေးပါပဲ။ ဝင်ထားတဲ့ ၁၃ သိန်း သူတို့ဘာသာပြန်ထုတ်သွားတယ်။ ကျွန်တော်လည်း ဘာ Approve မှ လုပ်မပေးလိုက်ရ 😬)
သန်းထိုက်အောင်
Tuesday, January 29, 2019
အလွန်အရေးကြီးလို့ ကမ္ဘောဇဘဏ်က တရားဝင်ထုတ်ပြန်ကြေငြာလိုက်သော သတိပေးစာ
ဒီတိုက်​ခိုက်​မှုကို ကာကွယ်​ရန်​ မိမိစီသို့​ပေးပို့လာ​သော linkများအား စစ်​​ဆေးခြင်းမပြုပဲ ဝင်​ရန်​ မ​သေချာပါက မိမိ​ငွေအပ်​နှံထား​သောဘဏ်​အား ဖုန်းဆက်​အတည်​ပြု​ပေးရန်​ မိမိအားlink​ပေးပို့​သော အ​ကောင့်​ သို့မဟုတ်​ ဖုန်းနံပါတ်​များအား မှတ်​ထားရန်​ မိမိလက်​ကျန်​​ငွေကို စစ်​​ဆေး​ပေး​နေရန်​တို့ပဲ ဖြစ်​ပါတယ်​။
ကမ္ဘောဇဘဏ်မှ တရားဝင် ပေးပို့သော email မှာ (KBZ Bank ) ဖြစ်ပြီး “ ” နောက်တွင် kbzbank com ဆိုသော domain နှင့် အဆုံးသတ်ပါသည်။
KBZ
Unicode ဖြင့်ဖတ်ရန်
အားလုံးစိုးရိမ်​ခဲ့တဲ့အရာ​ရောက်​လာပါပြီ။ မြန်မာနိုင်​ငံရှိဘဏ်​အသုံးပြုသူ​တွေရဲ့ အ​ကောင်​့​တွေဟာ Crackerနဲ့ Hacker​တွေရဲ့. ပစ်​မှတ်​ဖြစ်​လာပါပြီ မကြာမီရက်​ပိုင်​း
နှင်​့လပိုင်​း​လောက်​က မြန်​မာနိုင်​ငံ ဘဏ်​တစ်​ချို့ရှိ ဘဏ်​အသုံးပြု သူအ​ကောင်​့များကို ဟက်​ကာများမှ Phishing နှင်​့ တစ်​ခြား​သော နည်​းလမ်​း​ပေါင်​းစုံနဲ့တိုက်​ခိုက်​လာကြပြီး ဘဏ်​ထဲမှ ​ငွေ​ကြေးများထုတ်​ယူမှုများဖြစ်​​ပေါ်​နေပါတယ်​။
တိုက်​ခိုက်​သူဟာ ဘဏ်​အသုံးပြုသူများဆီသို့ message facebook Mail Viber Whatsappစသည်​တို့မှတစ်​ဆင့်​ု​​linkအတုများကို ဘဏ်​​ခေါင်​းစဉ်​များတပ်​ပြီး​
ပေးပို့ပါတယ်​ ဘဏ်​အ​ကောင်​့သုံးစွဲသူမှ ဘဏ်​မှပို့သည်​ထင်​မှတ်​ပြီး မိမိရဲ့ passwordနဲ့ဝင်​​ရောက်​လိုက်​တဲ့အခါ ဟက်​ကာ မှမိမိရဲ့ passwordကိုသိရှိသွားခြင်​းဖြစ်​ပါတယ်​။
ဒီတိုက်​ခိိုက်​မှုကို ကာကွယ်​ရန်​ မိမိစီသို့​ပေးပို့လာ​သော linkများအား စစ်​​ဆေးခြင်​းမပြုပဲ ဝင်​ရန်​ မ​သေချာပါက မိမိ​ငွေအပ်​နှံထား​သောဘဏ်​အား ဖုန်​းဆက်​
အတည်​ပြု​ပေးရန်​ မိမိအားlink​ပေးပို့​သော အ​ကောင်​့ သို့မဟုတ်​ ဖုန်​းနံပါတ်​များအား မှတ်​ထားရန်​ မိမိလက်​ကျန်​​ငွေကို စစ်​​ဆေး​ပေး​နေရန်​တို့ပဲ ဖြစ်​ပါတယ်​။
တိုက်​ခိုက်​သူသည်​ ဘဏ်​ကိုအဓိကထားတိုက်​ခိုက်​တာမဟုတ်​ပဲ အသုံးပြုသူကိုသာ ပစ်​မှတ်​ထားတိုက်​ခိုက်​တာဖြစ်​လို့ အကယ်​၍တိုက်​ခိုက်​ခံရသူသည်​ ဘဏ်​အ​
ကောင်​့ထဲရှိ​ငွေများ ခိုးယူခံရပါက တိုက်​ခိုက်​ခံရသူနှင်​့သာဆိုင်​ပြီးဘဏ်​များနှင်​့ မဆိုင်​သဖြင်​့ ဆုံးရှုံး​ငွေများပြန်​ရဖို့ အခွင်​့​ရေးနည်​းပါးလှပါတယ်​။
ယခုကဲ့သို့တိုက်​ခိုက်​ခံရမှုဟာ တခြားဘဏ်​​တွေမှာ ဖြစ်​​ပေါ်​နေတယ်​လို့ လွန်​ခဲ့​သော လပိုင်​းထဲက ့​ဖော်​ပြ ​ပေးခဲ့​ပေမဲ့ ယုံကြည်​တဲ့သူ နည်​းပါးခဲ့ပါတယ်​။ ဒါ့ပြင်​တိုက်
​ခိုက်​မှုများလည်​းရှိလာငဖြင်​့ ကျွန်​​တော်​တို့ postကိုပြန်လည်​ရုတ်​သိမ်​းခဲ့ပါတယ်​။ ယ​နေ့​တော့ က​မ္ဘောဇဘဏ်​မှ ယခုတိုက်​ခိုက်​မှုဟာ တကယ်​ဖြစ်​​နေ​ကြောင်​း တရားဝင်​​ကြော်​ငြာခဲ့သဖြင်​့ ကျွန်​​တော်​တို့ ပြန်​လည်​​ဖော်​ပြခြင်​းဖြစ်​ပါတယ်​။
KBZ ဘဏ်မှ ကြေညာထားချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
လေးစားရပါ​သော KBZ Online Banking အသုံးပြုများ
လတ်တလောအချိန်တွင် ကမ္ဘောဇဘဏ်၏ Online Banking အသုံးပြုသူများထံသို့ ကမ္ဘောဇဘဏ်မှပေးပို့သော Email ပုံစံအသွင်ဆောင်၍ Email
အဆုံးသတ်တွင် ကမ္ဘောဇဘဏ်၏ ရုံးချုပ်လိပ်စာကိုပင်ထည့်သွင်းရေးသားလျက် ထင်ယောင်ထင်မှားပြုကာ Customer ၏အကောင့်ကိုတခြားသူတစ်ဦးမှ နိုင်ငံ
ရပ်ခြားတစ်နေရာမှနေ၍ ၀င်ရောက်အသုံးပြုနေပါသည်ဟု ဆိုသော လိမ်လည်ဖြားယောင်း မဟုတ်မှန်သော နှိုးဆော်ချက်များအား ပေးပို့လျက် customer များ
အားထိတ်လန့်စိုးရိမ်မှုများဖြစ်ပေါ်စေကာ Username နှင့် Password ကိုအသုံးပြု၍ Login ၀င်ရောက်စေပြီး မိမိတို့၏အကောင့်အား စစ်ဆေး အတည်ပြုပေးခိုင်းသည့် Phishing email များကို မသမာသူများမှ အဆက်မပြတ် ပေးပို့လျက်ရှိပါသည်။
KBZ ဘဏ်၏ domain လိပ်စာနှင့်ဝင်ရောက်လာသော မေးလ်မဟုတ်လျှင် လုံးဝမနှိပ်ပါနှင့်။
ကမေ႓ာဇဘဏ်မှ တရားဝင် ပေးပို့သော email မှာ (KBZ Bank ) ဖြစ်ပြီး “ ” နောက်တွင် kbzbank com ဆိုသော domain နှင့် အဆုံးသတ်ပါသည်။
အဆိုပါ အချက်များအား သတိမပြုမိပဲ ထိုကဲ့သို့သော email များကိုနှိပ်မိသွားခဲ့လျှင် အကောင့်ကို ချက်ချင်း ပိတ်နိုင်ရန် ဘဏ်သို့အချိန်မှီအကြောင်းကြားသင့်ပါသည်။
အသေးစိတ်သိရှိလိုသည်များအတွက် KBZ Bank Online Banking Call Center 01 370108 ၊ 01 370109 များသို့ နေ့စဉ် မနက် ၆ နာရီမှ ည ၁၀ နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
KBZ
Saturday, January 19, 2019
လားရှိုးမြို့ရှိ ပုဂ္ဂလိကဘဏ်၏ ဒုတိယမန်နေဂျာမှငွေကျပ်သိန်းပေါင်း(၃)သိန်းကျော်လိမ်လည်ထွက်ပြေးတိမ်းရှောင်
ချယ်ရီလှိုင် / baganthar
(Unicode)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရှိသည့် ကမ္ဘောဇဘဏ်ခွဲ(၂)မှ လက်ရှိတာဝန်ထမ်းဆောင်နေသော ဒုတိယမန်နေဂျာ ဒေါ်တင်နီလာစိုး နှင့်အတူ ယခင်အဆိုပါဘဏ်ခွဲတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးကြ
သောမောင် မျိုးဇော်ကို(ခ) တော်ကီ၊မောင်ဝင်းကြွယ်တို့ သုံးဦးပူးပေါင်းကာ ဘဏ်ချေးငွေလုပ်ဆောင်မှုများအား အကြောင်းပြအယုံသွင်းပြီး လူတစ်စု ထံမှ ငွေကျပ်သိန်းပေါင်း( အရင်း+အတိုး) သုံးသိန်းကျော်အား လိမ်လည်ယူဆောင်သွားကာ ထွက်ပြေးသိမ်းရှောင် လျက်ရှိ ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ လားရှိုးမြို့၊ရပ်ကွက်(၁၂)၊လားရှိုးကြီးလမ်းဆုံမီးပွိုင့်အနီးတွင်ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်ခွဲ(၂) တွင် ဒုတိယမန်နေဂျာရာထူးတာဝန်ထမ်းဆောင်နေသော ဒေါ်တင်နီလာစိုး သည် ယခင် ဘဏ်
ခွဲ(၂)၊စီမံဌာနတွင်တာဝန်ထမ်း ဆောင်ခဲ့ဖူးသော မောင်မျိုးဇော်ကို(ခ)တော်ကီ၊ကွန်ပျူတာဌာနတွင်တာဝန်ထမ်းဆောင်ခဲ့ဖူးသော မောင်ဝင်းကြွယ် တို့ပူး ပေါင်းကာ ဘဏ်ချေးငွေကိစ္စရပ်များနှင့်ဘဏ်ခွဲဒုတိယ
မန်နေဂျာရာထူးတာဝန်များကို အကြောင်းပြ၊အယုံသွင်းပြီး လားရှိုးမြို့ တွင် မော်တော်ယာဉ်ဝယ်/ရောင်းလုပ်ငန်းလုပ်ကိုင်နေကြသော ကိုကိုထွန်း၊ကိုအောင်လွင်ဦး၊ကိုဇွဲရန်နိုင်နှင့် ကိုကျော်မင်းဦး တို့ထံမှ ငွေသား
ကျပ် သိန်းပေါင်းခြောက်သောင်းငါးထောင်ကျော် တို့ကိုအကြိမ်ကြိမ်ငွေပေး၊ ငွေယူလုပ်ကိုင်ကာ ယခုလ ဇန်နဝါရီ လ(၁၄)ရက်နေ့တွင်မူဖုန်းအဆက်အသွယ်၊လူ အဆက်အသွယ်ပြတ်တောက်ကာ ရှောင်ပြေးသွားကြကြောင်း သိရှိရပါသည်။
ယခုကဲ့သို့လက်ရှိတာဝန်ထမ်းဆောင်နေသော ဒုတိယမန်နေဂျာတစ်ယောက်၏လုပ်ပိုင်ခွင့်များကိုပြသခြင်း ၊ ဘဏ် ၏ယူနီဖေါင်းကို ၀တ်ဆင်ကာယုံကြည်အောင်ပြောဆိုခြင်း၊ချေးငွေလုပ်ငန်းကိစ္စရပ်များကို
အကြောင်းပြကာ ယင်းဘဏ်ခွဲ(၂) တွင်အကြိမ်ကြိမ်အခါခါ ငွေသွင်း၊ငွေထုတ်ခြင်းများကို ယုံကြည်အောင်ပြုလုပ်ခဲ့ခြင်းများကြောင့် ယခုကဲ့သို့ ငွေပမာဏ များစွာ လိမ်လည်ခံခဲ့ရခြင်းကို ငွေကျပ်သိန်းပေါင်းသုံး
သောင်း ဆုံးရှုံးခဲ့ရသည့် ကိုအောင်လွင်ဦး မှရှင်းလင်းပြောပြသည်မှ ကျွန်တော်တို့နဲ့ အဲ့ဒီ မျိုးဇော်ကို(ခ)တော်ကီ ကကားဝယ်ရောင်းလုပ်ရင်းခင်မင်ခဲ့ကြတာပါ၊လုပ်ငန်းလုပ်ရင်းနဲ့ ကမ္ဘောဇဘဏ်ခွဲ(၂)က
ဘဏ်ခွဲဒုတိယမန်နေဂျာ မတင်နီလာစိုး နဲ့မိတ်ဆက်ပေးပြီး အဲ့ဘဏ်ရဲ့ ချေးငွေကိစ္စရပ်တွေမှာ အသုံးပြုဖို့ဆိုပြီး ကျွန်တော်တို့ဆီကနေ အတိုးပေးမယ်ဆိုပြီး ငွေစချေးယူခဲ့ပါတယ်၊အဲ့ဒီဘဏ်ခွဲမှာပဲ ငွေသွင်းခြင်း၊
ငွေထုတ် ခြင်းတွေကို ကျွန်တော်တို့ယုံကြည်အောင် အကြိမ်ကြိမ်အသွင်း၊အထုတ်ပြုလုပ်ခဲ့ပါတယ်၊မတင်နီလာစိုး ရဲ့အဓိကယုံကြည် အောင်ပြောဆိုတာကတော့ ဘဏ်ချေးငွေရဲ့လုပ်ဆောင်ချက်တွေပါ၊သူကလက်ရှိ
လည်း ဒုတိယမန်နေဂျာတာဝန်ထမ်းဆောင် နေတဲ့သူ၊ပြီးတော့ ဘဏ်ယူနီဖေါင်းကိုဝတ်ပြီးလည်းဘဏ်အပြင်မှာ ကျွန်တော်တို့နဲ့ လုပ်ငန်းကိစ္စခဏ၊ခဏဆွေးနွေးတဲ့သူ ဆိုတော့ ကျွန်တော်တို့လည်း ယုံကြည်ပြီး
လုပ်ငန်းဆက်လုပ်ခဲ့တာ ငွေပမာဏက တဖြေးဖြေးများလာခဲ့တာပါ ကျွန်တော် မိသားစု၊မိတ်ဆွေ၊သူငယ်ချင်းတွေရဲ့ငွေတွေပါ ကျွန်တော်က တာဝန်ယူပြီး သူ့ကိုပေးလိုက်တာ ငွေသားအရင်းကြီးကို ပဲ ကျပ်သိန်း
ပေါင်းသုံးသောင်းကျော်ပါတယ်၊လုပ်ငန်းလုပ်လို့ရလာတဲ့ အတိုး၊အမြတ်တို့ကို ထည့်ပေါင်းလိုက်ရင် ကျွန်တော် ရဖို့ရှိတဲ့ ငွေက ကျပ်သိန်းပေါင်းသုံးသိန်းလောက်ရှိနေပါပြီ၊သူ့တို့ဘက်က မရိုးသားတဲ့အရိပ်အယောင်
တွေမြင်လို့ ကျွန်တော့်ငွေတွေကိုပြန်တောင်းတော့ အခုလ ဇန်နဝါရီလ (၁၄)ရက်နေ့မှာ ဖုန်းလည်းဆက်သွယ်လို့မရ၊လူလည်းရှာလို့ မရတော့ဘဲ ရှောင်ပြေးသွားကြတာပါ လို့ ပြောပြပါသည်။
အဆိုပါ ငွေဆုံးရှုံးမှုများတွင် အဓိက တာဝန်ယူကာ ငွေထုတ်ပေးခဲ့သူ လေးဦး ဟုသိရှိရသော်လည်း ၄င်းတို့မှ တဆင့် မိတ်ဆွေများ၊မိသားစုဝင်များနှင့်လုပ်ငန်းအတူတူလုပ်ကိုင်ကြသော လူများထံမှ တာဝန်ယူ၊
တာဝန်ခံကာ ငွေများ အားရင်းနှီးမြုပ်ခဲ့ကြသည့်အတွက် ယခုငွေဆုံးရှုံးမှုတွင် ရန်ကုန်၊ပုသိမ်၊မန္တလေး၊လားရှိုးအစရှိသည့် မြို့များမှ လူပေါင်း ၂၀၀ ကျော်လည်း ပါ၀င်နေကြသည်ဟုလည်းသိရှိရပါသည်။
ယခုငွေကြေးလိမ်လည်ခံရသည့် လူလေးဦးတွင် ရင်းနှီးမြုပ်နှံမှုအတွက်ငွေသားသီးသန့်ဆုံးရှုံးမှုမှာ ကိုကိုထွန်း မှ ငွေကျပ်သိန်းပေါင်း (၁၃၀၀၀)၊ကိုအောင်လွင်ဦး မှ ငွေကျပ်သိန်းပေါင်း(၃၀၀၀၀)၊ကိုဇွဲရန်နိုင် မှ
သိန်းပေါင်း(၇၀၀၀)နှင့် ကိုကျော်မင်းဦး မှသိန်းပေါင်း(၁၅၀၀၀) စုစုပေါင်းသွေသား(အရင်း)ကျပ်သိန်းပေါင်း( ၆၅၀၀၀)ကျော်ရှိပြီး ၄င်းတို့ရရှိမည့် အရင်း+အမြတ် စုစုပေါင်းမှာမူ ငွေကျပ်သိန်းပေါင်း သုံးသိန်း
ခြောက်သောင်းငါးထောင်ကျော်ရှိနေသည့်အတွက် လားရှိုးမြို့ တွင် စံချိန်တင် ငွေကြေးလိမ်လည်မှုအဖြစ် မြို့နေလူထုကြားတွင်စိတ်ပါစင်စားမှုမြှင့်တက်လျက်ရှိနေသည်ကိုလည်း စုံစမ်း သိရှိရပါသည်။
ယင်းကဲ့သို့ ဘဏ်ခွဲတစ်ခု၏ ဒုတိယမန်နေဂျာကိုယ်တိုင် ငွေကြေးလိမ်လည်မှုတွင်ကိုယ်တိုင်ကိုယ်ကျပါ၀င်နေမှု အပေါ် ဘဏ်ခွဲ(၂)၏တာဝန်ခံမန်နေဂျာ ဒေါ်နန်းမိုဟွမ် ထံသို့သွားရောက်မေးမြန်းစုံစမ်းရာ ဒေါ်နန်း
မိုဟွမ် မှ ဒုတိယမန် နေဂျာ ဒေါ်တင်နီလာစိုး က ပြီးခဲ့တဲ့ တနင်္လာ (ဇန်နဝါရီလ-၁၄)နေ့ကတည်းက ခွင့်မဲ့ပျက်ကွက်နဲ့ရုံးမလာတော့ပါဘူး၊ အဲ့ဒါ ကြောင့် ရန်ကုန်ရုံးချုပ်ကို ရုံးစည်းမျဉ်းစည်းကမ်းချိုးဖောက်မှု
ဖြစ်စဉ်အနေနဲ့သတင်းပို့ထားပါတယ်၊ဒီနေ့ (ဇန်နဝါရီလ-၁၈) မှသူ့အိမ်ကိုလိုက်သွားပြီး သူ့အမျိုးသားနဲ့တွေ့ပြီး အကျိုးအကြောင်းမေးကြည့်တဲ့အခါ တိကျရေရာတဲ့အဖြေတော့မရခဲ့ ပါဘူး၊ ငွေကြေးအရှုပ်အရှင်းတွေ
ကို ကျွန်မ အနေနဲ့ ဘာမှမသိခဲ့ပါဘူး၊ဒီနေ့လူမှုကွန်ရက်facebook ပေါ်မှတွေ့ရမှ ကျွန်မအေနနဲ့သိခဲ့ရတာပါ ၊အခုလို ငွေကြေးရှုပ်ထွေးမှုကိစ္စမှာ သူတို့အချင်းချင်း ဘဏ်ပြင်ပမှာဖြစ်တဲ့ကိစ္စတွေမို့ ကျမ တို့
ဘဏ်အနေနဲ့ တာဝန် ယူဖြေရှင်းသွားဖို့တော့ အခုချိန်ထိမရှိသေးပါဘူး၊ ရုံးချုပ်ကိုတင်ပြထားပါတယ် လို့ပြန်လည်ဖြေရှင်းပေးခဲ့ပါသည်။
ယခုကဲ့သို့ ပြဿနာဖြစ်ပွားနေမှုအပေါ် ဘဏ်အနေဖြင့် တာဝန်ယူမှုဖြေရှင်းပေးရန်မရှိသည့်အပေါ် ငွေကျပ် သိန်း တစ်သောင်းသုံးထောင်ကျော်နစ်နာခဲ့ရသည့် ကိုကိုထွန်း မှ ၄င်းခံစားနေရသည်ကိုပြောပြသည်မှာ
ကျွန်တော်အနေနဲ့ ဘဏ် တာဝန်ရှိသူတွေကိုမေးခြင်ပါတယ် ဘဏ်ခွဲတစ်ခု၊တစ်ခုတိုင်းမှာ ငွေထုတ်တဲ့ပမာဏကို ကန့်သတ်ထားရှိတယ်လို့သိရပါ တယ်၊ဥပမာ ကမ္ဘောဇ ဘဏ်ခွဲ(၁)မှာငွေထုတ်ယူဖို့သိန်းငါး
ဆယ်အထိပဲကန့်သတ်ထုတ်ပေးပြီး၊ဘဏ်ခွဲ(၂+၃)မှာတော့ သိန်းနှစ်ရာအထိသတ်မှတ်ထားပြီး အခု ဘဏ်ခွဲ(၂)မှာကြတော့ ကျွန်တော်တို့ကို ဘာအကန့်သတ်မှမရှိဘဲ ထုတ်ပေးနေ တာဟာ ဘဏ်စည်းမျဉ်း
စည်းကမ်းတွေနဲ့ကိုက်ညီမှုရှိရဲ့လား၊ကျွန်တော်တို့ဆိုရင် ဘဏ်ခွဲ(၂)မှာငွေတစ်ခါလာထုတ်ရင် အနည်းဆုံးကျပ်သိန်းသုံးထောင် ကနေ သိန်းခြောက်ထောင်အထိ အခါခါအလီလီလာထုတ်ဖူးပါတယ်၊ဒီလို
အခြေအနေကို ဘဏ်ခွဲတစ်ခုလုံးကိုတာဝန်ယူရတဲ့ ဘဏ်တာဝန်ခံမန်နေဂျာ ကမသိဘူးဆိုတာမျိုးနဲ့တော့ ကျွန်တော်တို့ ကျေနပ်တဲ့အဖြေ တစ်ခုမဟုတ်ပါဘူး၊ကျွန်တော့်လက်ရှိအခြေအနေအရ ကျွန်တော်တာဝန်
ယူပြီးမိတ်ဆွေတွေ၊အမျိုးတွေဆီကတဆင့်ခံပြီး ယူ ထားတဲ့ငွေတွေအတွက် ကျွန်တော့်ပိုင်ဆိုင်မှုတွေကိုရောင်းချနေရတဲ့အပြင် မိဘပိုင်ခြံတစ်ဝက်ကိုတောင်ရောင်းချပြီးပြန်ရှင်း ပေးရမယ့်အခြေအနေနဲ့ပါ လို့ရှင်းလင်းပြောပြခဲ့ပါသည်။
ဇန်နဝါရီလ(၁၈)ရက်ညရှစ်နာရီခွဲအချိန်ထိ လားရှိုးနယ်မြေစခန်းတွင် လားရှိုးမြို့၊ရပ်ကွက် ၁၂ နေ ဒေါ်လီစိန် မှ ၄င်းထံမှ မျိုးဇော်ကို(ခ)တော်ကီ၊၀င်းကြွယ်နှင့် ဒေါ်တင်နီလာစိုး တို့ မှ ငွေချေးယူမှုစာချုပ်စာတမ်း
ဖြင့်လာရောက် ချေးယူ သွားသော ဇန်နဝါရီလ(၂)ရက်နေ့တွင်ပထမအကြိမ်ငွေကျပ်သိန်းလေးထောင်၊ ဇန်နဝါရီလ(၆)ရက်နေ့တွင် ဒုတိယအကြိမ် ငွေကျပ်သိန်းသုံးသောင်း ကိုပြန်လည်ရလိုမှုဖြင့်လည်းကောင်း
လားရှိုးမြို့၊ရပ်ကွက်(၉)နေ ဒေါ်တောင်ဘူ မှလည်း ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလ(၇)ရက်နေ့တွင် ငွေကျပ်သိန်းငါးရာ အားစာချုပ်စာတမ်းဖြင့်လာရောက်ချေးငှားယူသွားပြီးပြန်လည်မပေး ဘဲ ရှောင်ပြေးနေသော မျိုးဇော်ကို(ခ)တော်ကီ အပါ အဆိုပါသုံးဦးအားအရေးယူပေးရန်လာရောက်တိုင်းတန်းထားကြသည်ဟု လည်း နယ်မြေရဲစခန်းမှတာဝန်ရှိသူထံမှသိရှိရပါသည်။
ယင်းကဲ့သို့ မျိုးဇော်ကို(ခ)တော်ကီ၊၀င်းကြွယ်နှင့်ဒေါ်တင်နီလာစိုး တို့အနေဖြင့် ငွေချေးယူမှုများနှင့်ငွေအလွဲ အပြောင်းများတွင် စာချုပ်စာတမ်းများဖြင့် လက်မှတ်ထိုးကာယူဆောင်မှုများရှိသကဲ့သို့ အချင်းချင်း
ယုံကြည်မှုဖြင့် အလွတ် သဘောပေးခဲ့မှုများလည်းရှိခဲ့သည့်အတွက် ငွေကြေးဆုံးရှုံးမှုပမာဏမှာ အတိအကျအားဖြင့်သတ်မှတ်ရန်ခက်ခဲနေသော လည်း လက်ရှိ စုံစမ်းရသမျှ ငွေကြေးဆုံးရှုံးမှုပမာဏမှာ
အနည်းဆုံးငွေသားသီးသန့်ပေးချေမှုများမှာ ကျပ်သိန်းပေါင်း တစ် သိန်းကျော်အထိ ရှိလာပြီဟုလည်းသိရှိရပြီး ယခုထက်ပိုမိုသော ငွေပမာဏအတိုင်းအတာတစ်ခုအထိ ရောက်ရှိလာနိုင် ကြောင်းကိုလည်း မြို့နေပြည်သူလူထုအကြားထင်ကြေးပေးလျက်ရှိကြောင်းစုံစမ်းသိရှိရပါသည်။
အဆိုပါ ငွေအမြောက်အများကိုလိမ်လည်ကာထွက်ပြေးသိမ်းရှောင်နေကြသော မတင်နီလာစိုး၊ မျိုးဇော်ကို(ခ) တော်ကီ နှင့် ၀င်းကြွယ်တို့အား ဥပဒေအရ အရေးယူဆောင်ရွက်ရန်အတွက် လားရှိုးမြို့၊နယ်မြေ
ရဲစခန်းတွင်၂၀၁၉ ခုနှစ်၊ဇန်နဝါရီလ(၁၇)ရက်နေ့၊ည ၅းဝ၅ အချိန်တွင် နမစ(လရ) (ပ)၁၀/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ -၄၂၀ ဖြင့်လည်းကောင်း ၂၀၁၉ ခုနှစ်၊ဇန်နဝါရီလ(၁၈)ရက်၊ည(၆း၄၀)အချိန်တွင်
နမစ(လရ) (ပ)၁၂/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ -၄၂၀ ဖြင့်လည်းကောင်း ည(၈း၂၀)တွင် နမစ(လရ) (ပ)၁၃/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ -၄၂၀ ဖြင့်လည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိသည်ဟုလည်းသိရှိရပါသည်။
Credit-ချယ်ရီလှိုင်
Wednesday, January 16, 2019
အပေါင်ပစ္စည်းမပါတဲ့ ချေးငွေအတိုးနှုန်းကို ၁၆ ရာနှုန်းထက်ပိုမယူဖို့ ဗဟိုဘဏ် ထုတ်ပြန်
အပေါင်ပစ္စည်းမပါတဲ့ ချေးငွေအတိုးနှုန်းကို ၁၆ ရာနှုန်းထက်ပိုမယူဖို့ ဗဟိုဘဏ် ထုတ်ပြန်
ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အာမခံ ပစ္စည်းမပါဘဲ ချေးတဲ့ချေးငွေကို ဗဟိုဘဏ်အတိုးနှုန်းအထက် ၆ ရာနှုန်းပေါင်းပြီး အမြင့်ဆုံးအတိုးနှုန်းအနေနဲ့ ၁၆ ရာခိုင်နှုန်းထက်ပိုမကောက်ခံရဘူးလို့ နိုင်ငံတော် ဗဟိုဘဏ်က ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီလို အာမခံ အပေါင်ပစ္စည်းမပါတဲ့ချေးငွေကို အမြင့်ဆုံး ၁၆ရာခိုင်နှုန်းဆိုတဲ့ အတိုးနှုန်းသတ်မှတ် ချက်ဟာ ချေးငွေအပေါ် ကောက်ခံရမယ့် အတိုးနှုန်း စီမံခန့်ခွဲမှုစရိတ်၊ ကတိခံကြေးအပါအဝင် အားလုံးအပါအဝင်ကို ဆိုလိုတာဖြစ်ပြီး မည်သည့်နည်းနဲ့မဆို အမြင့်ဆုံး အတိုးနှုန်းကိုကျော်လွန်ပြီး မကောက်ခံရဘူးလို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
အပေါင်ပစ္စည်းပါတဲ့ ချေးငွေအတွက်တော့ အမြင့်ဆုံးအတိုးနှုန်းအနေနဲ့ ၁၃ ရာနှုန်းအထိပဲ ကောက်ခံရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီထုတ်ပြန်ချက်ဟာ လာမယ့် ဖေဖော်ဝါရီ ၁ရက်နေ့ကစပြီး အကျုံးဝင်မှာဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com/burmese
Monday, January 14, 2019
တစ်နှစ်ကို .. ၈.၅%
တစ်လကို .. ၀.၇%
တစ်လအတွက် အတိုးက
ငွေ ၁၀၀ ကို .. ပြား ၇၀
ငွေ ၁၀၀၀ ကို .. ၇ကျပ်
ငွေ ၁၀၀၀၀ ကို .. ၇၀
ငွေ ၁၀၀၀၀၀ ကို .. ၇၀၀
ငွေ ၁၀ သိန်းကို … ၇၀၀၀
ငွေ ၁၀၀ သိန်းကို … တစ်လ ၇သောင်း
ငွေ သိန်း၁၀၀၀ ဆို .. တစ်လ ၇သိန်း
စာရင်းသေ တစ်နှစ် အပ်ရင်တော့ တစ်နှစ်ကို ၁၀% ရပါမယ်
တစ်လကို …
တစ်လ အတွက် ..
၁၀ သိန်း ကို = ၈၃၃၃
၁၀၀ သိန်း ကို = ၈၃၃၃၃
Dr Nang Myint ThweZy;
===============================
ဘဏ်တိုး အကြောင်း သိထားရန်
တစ်နှစ်က်ို .. ၈.၅%
တစ်လကို .. ၀.၇%
တစ်လအတွက် အတိုးက
ငွေ ၁၀၀ ကို .. ပြား ၇၀
ငွေ ၁၀၀၀ ကို .. ရကျပ်
ငွေ ၁၀၀၀၀ ကို .. ၇၀
ငွေ ၁၀၀၀၀၀ ကို .. ၇၀၀
ငွေ ၁၀ သိန်းကို … ၇၀၀၀
ငွေ ၁၀၀ သိန်းကို … တစ်လ ရသောင်း
ငွေ သိန်း၁၀၀၀ ဆို .. တစ်လ ရသိန်း
ငွေ သိန်း ၁၀၀၀ ကို .. တစ်နှစ်ကို ၈၅သိန်းရပါမယ် ..
စာရင်းသေ တစ်နှှစ် အပ်ရင်တော့ တစ်နှစ်ကို ၁၀% ရပါမယ်
၁ဝသိန်း ကို .. တစ်နှစ် ၁သိန်း သိန်း၁၀၀ ကို .. တစ်နှစ် ၁ဝသိန်း ..
သိန်း ၁၀၀၀ ကို .. တစ်နှစ် သိန်း ၁၀၀ အတိုးရပါမယ် ..(တစ်နှစ် အတွင်းလုံးဝမထုတ်ရ )(တစ်နှစ် မပြည့်ဘဲ ပြန်ထုတ်ရင် တစ်ပြားမှ မရတော့ပါ )စာရင်းသေကို ..
၁လ .. ၃လ .. ၆လ .. ၉လ .. ၁၂လ ..အမျိ ုးမျိ ုး ထားလို့ ရပါတယ် ..
အတိုးနှုန်း နဲနဲ စီ လျော့သွားပါမယ် .. လ မပြည့်ဘဲ ပြန်ထုတ်ရင်တော့ အတိုး တစ်ပြားမှ မရပါဘူး ..
၁လ – ၃လ – ၆လ – ၉လ – ၁နှစ် အတွင်း လုံးဝမထုတ်တာ သေချာရင်တော့ .. ၁လ – ၃လ – ၆လ – ၉လ – ၁၂လ စာရင်းသေ ငွေ အပ်တာက အတိုးပိုရပါတယ် ..
လကြာလေလေ .. အတိုးပိုပိုမျ ားလေလေပါ ..ဘဏ် တစ်ခ ုနဲ့ တစ်ခု ..
အတိုးနှုန်း အနည်းငယ်ကွဲလွဲမှု ရှိပါတယ် .. မိမိ အပ်မည့် ဘဏ် ဝန်ထမ်းများကို သေချာ မေးကြည့်နိုင်ပ ါတယ် ..အတိုးလစဉ် ထုတ်ပေးလား ?
အစိုးရ ဘဏ်က တစ်နှစ်မှ တစ်ခါသာ – တစ်နှစ်စာအတိုးထုတ်ပေးပါတယ် … အပြင်ဘဏ်တွေကတော့ ၃လ တစ်ခါ ၃လစာ အတိုးထုတ်ပေးပါတယ် .. လစဉ် အတိုးရချင်ရင်တော့ .. မိမိ ငွေကို ၃ ပုံပုံပြီး ၁လစီ ၃လဆက်တိုက်ခွဲထည့်လိုက်ပေါ့ ။
ဒါမှ မဟုတ် အသွင်း အထုတ် မလုပ်ဘူးဆိုရင်တော့ .. စာရင်းသေ တစ်လ ထည့်ထားရင် အတိုးလည်းပိုရ တစ်လပြည့်တိုင်း အတိုးရော အရင်းပါ ပြန်ထုတ်ပေးပါတယ် ..
“Fixed account & Saving account “တစ်နှစ် အတွင်းလုံးဝ မထုတ်ရတဲ့ .. Fixed account “စာရင်းသေ -တစ်နှစ် ” အပ်ရင် အတိုး ၁၀% ရပါတယ် ..သိန်း ၁၀၀၀ ကို တစ်နှစ် သိန်း ၁၀၀ ရပါတယ် ။
တစ်နှစ် မပြည့်မချင်း လုံးဝ မထုတ်ရပါဘူး …
တစ်နှစ်ပြည့်ဖို့ ၁ ရက် အလိုမှာ ထုတ်ရင်တောင် အတိုး တစ်ပြားမှ မရတော့ပါဘူး ။
ရိုးရိုး စုငွေ Saving account ဆိုရင်တော့ ၈၅ သိန်းဘဲ ရပါတယ် ..
တစ်လကို …
Fixed account ၁နှစ်ထားရင် ..
တစ်လ အတွက် ..
ငွေ ၁၀၀ ကျပ် ကို – ၈.၃၃ ပြား၁သိန်း ကို = ၈၃၃
၁၀ သိန်း ကို = ၈၃၃၃
၁၀၀ သိန်း ကို = ၈၃၃၃၃
၁၀၀၀ သိန်း ကို = ၈.၃၃၃၃၃ သိန်း ရပါမယ် ..
ရိုးရိုး ငွေစု စာအုပ် Saving account ဆိုရင် ..
တစ်နှစ်ကို – 8.25 or 8.5 % ဘဲရတာမို့ ..
တစ်လကို 0.6875% or 0.7083% မို့ ..
တစ်လ အတွက် ၁ဝဝကျပ် = ၆. ၈၇ ပြား or ၇.၀၈ ပြား ၁ သိန်း = ၆၈၇.၅ / ၇၀၈ ကျပ်
၁၀ သိန်း = ၆၈၇၅ / ၇၀၈၃ ကျပ်၁၀၀ သိန်း = ၆၈၇၅၀ / ၇၀၈၃၃ ကျပ်၁၀၀၀ သိန်း = ၆.၈၇၅ / ၇.၀၈၃၃၃ သိန်း ရပါမယ်
Dr Nang Myint ThweZy;
Sunday, December 23, 2018
ဧရာဝတီဘဏ်နဲ့ ဒေါ်နွယ်နွယ်ယုဝေဖြစ်စဉ်
ဧရာဝတီဘဏ်နဲ့ ဒေါ်နွယ်နွယ်ယုဝေဖြစ်စဉ်
................................................................
AYA bank နဲ့ ဆရာဝန်မမတို့အဖြစ်အပျက်
http://www.themeltingpot4u.com/2018/12/aya-bank.html
AYA bank နဲ့ ဆရာဝန်မမတို့အဖြစ်အပျက်
AYA bank နဲ့ ဆရာဝန်အမျိုးသမီးတို့အဖြစ်အပျက်
  • ယနေ့ ဗဟိုဘဏ်ကပေးတဲ့အဖြေ
  • တစ်သောင်းတန်ကိစ္စအမြန်ဖြေရှင်းသင့်ပြီ
  • တစ်သောင်းတန်အစစ်ဟုတ်မဟုတ်စစ်ဆေးပေးပါရန်
  • ဘဏ်​​တွင်​ ​ငွေသွားလွှဲရာမှ ၁၀၀၀၀ ကျပ်​တန်​ အတု အရွက်​ (၅၀) ​တွေ့ရှိ၍ ဖမ်းဆီးခံရ
  • ဘုန်းကြီးအသွင်ဆောင်ကာ ခလေးခိုးနေသည့် ဂိုဏ်း 
  • Thursday, December 20, 2018
    ယနေ့ ဗဟိုဘဏ်ကပေးတဲ့အဖြေ
    ယနေ့ ဗဟိုဘဏ်ကပေးတဲ့အဖြေ
    ငွေစက္ကူ အတုများ လက်ဝယ်ကိုင်ဆောင် တွေ့ရှိသူကို 
    အရေးယူ မှုများ ပြုလုပ်နေရခြင်းမှာလည်း တည်ဆဲ 
    ဥပဒေများအရ ဆောင်ရွက် နေခြင်း ဖြစ်ပြီး ယင်းအခြေ
    အနေမှ ကျော်လွှားရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ် 
    ဥပဒေကို ပြင်ဆင်ရမည် ဖြစ်ကြောင်း။
    ငွေစက္ကူအတု များ ထုတ်လုပ်ရာ နေရာများ ကို လိုက်လံ
    ရှာဖွေဖော်ထုတ်ရန်မှာ ဗဟိုဘဏ်၏ တာဝန်မဟုတ်ဘဲ ရဲတပ်ဖွဲ့၏တာဝန်သာဖြစ်ကြောင်း။ 
    Sunday, June 25, 2017
    ဒေါ်လာသန်း ၁၂၀၀ မြန်မာကို ကမ္ဘာ့ဘဏ် ပေးမည်
    World Bank ကမ္ဘာ့ဘဏ်
    ရှေ့လာမယ့် ၂ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက် ကမ္ဘာ့ဘဏ် အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း တထောင့်နှစ်ရာ ဘဏ္ဍာရေးအကူအညီ ပေးသွားမယ့်အပြင် နည်းပညာအကူအညီနဲ့ လိုအပ်တဲ့အကြံဉာဏ် တွေလည်း ပေးသွားမယ့်အကြောင်း ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ထားပါတယ်။
    မြန်မာနိုင်ငံတွင်း လက်ရှိဆောင်ရွက်နေတဲ့ ကျေးလက် ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အာဟာရပြည့်ဝရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့လုပ်ငန်းတွေ တိုးမြင့်ဆောင်ရွက်နိုင်ဖို့နဲ့၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် လုပ်ငန်းတွေကို မြန်မာအစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ တိုးမြင့်လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။
    ၂၀၁၅ ခုနှစ်က ချမှတ်ခဲ့တဲ့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ လက်ရှိ မြန်မာနိုင်ငံ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်တွေကို ပြန်လည် သုံးသပ်ခဲ့ပြီးတဲ့နောက် အခုလို ကမ္ဘာ့ဘဏ်ရဲ့အကူအညီနဲ့ နောက်ထပ် ၂ နှစ်တာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ တိုးမြင့် လုပ်ဆောင်သွားဖို့ မြန်မာအစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့ သဘောတူခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ကစလို့ မြန်မာအစိုးရ အနေနဲ့ လူထုဗဟိုပြု စီမံကိန်းတွေ ဖော်ဆောင်ပြီး စာသင်ကျောင်းတွေနဲ့ လမ်းတံတားတည်ဆောက်တာတွေလို့ အခြေခံအဆောက် အအုံတွေ ပိုမို ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်တာ တွေ့ရတဲ့အတွက်လည်း အခုလို နောက်ထပ် ၂ နှစ် သက်တမ်းတိုး ကူညီမှာဖြစ်တဲ့အကြောင်း ဇွန်လ ၂၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    မြန်မာအပါအ၀င် ကမ္ဘတလွှားက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုရဲ့ အသီးအပွင့်တွေကို ပြည်သူအားလုံး မျှဝေခံစားနိုင်ရေးအတွက် ဖွံ့ဖြိုးရေး အကူအညီတွေပေးနေတဲ့ ကမ္ဘာ့ဘဏ် အုပ်စုကိုတော့ အဖွဲ့ငါးဖွဲ့နဲ့ ဖွဲ့စည်းထားတာပါ။ အစိုးရတွေအတွက် ဘဏ္ဍာရေးနဲ့ နည်းပညာအကူအညီ တွေ ပေးနေတဲ့ IBRD နဲ့ IDA အဖွဲ့၊ ပုဂ္ဂလိကကဏ္ဍအတွက် အကူအညီပေးတဲ့ IFC နဲ့ MIGA အဖွဲ့အပြင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးတဲ့ ICSID အဖွဲ့တွေပဲ ဖြစ်ပါတယ်။
    VOA (မြန်မာပိုင်း)
    https://burmese.voanews.com
    Friday, June 23, 2017
    ပိတ်ထားတဲ့ ဘဏ်စာရင်းတွေ တရုတ်ပြန်ဖွင့်ပေး
    တရုတ်မြန်မာ နယ်စပ်ရွှေလီဂိတ်
    တရုတ်အစိုးရက ပိတ်ထားရတဲ့ ဘဏ်စာရင်းတွေ ပြန်ဖွင့်ပေးဖို့ ဆန္ဒပြတဲ့နေ့ ဇွန်လ ၂၃ ရက်နေ့ ညနေမှာ မြန်မာ ကုန်သည်တွေရဲ့ ဘဏ်စာရင်း တော်တော် များများကို ပြန်ဖွင့် ပေးလိုက် ပါတယ်။
    မြန်မာကုန်သည်တွေရဲ့ အပိတ်ခံ ထားရတဲ့ ဘဏ်စာရင်း ၉၀ ရာခိုင်နှုန်း လောက်ကို တရုတ်အစိုးရက ပြန်ဖွင့် ပေးလိုက်ပြီး ပေးရမယ့် အတိုးတွေ ကိုလည်း ထည့်ပေး လိုက်တယ်လို့ အပိတ်ခံရသူတွေထဲမှာ ပါတဲ့မူဆယ် အခြေစိုက် ဆန်ကုန်သည် ကိုမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။
    ဘဏ်စာရင်းတွေ ပြန်ပွင့် သွားတယ်ဆိုတာကို ကုန်သည်တွေက ကွန်ပျူတာတွေပေါ်မှာ ဘဏ်စာရင်းတွေကို စစ်ကြည့်ရင်းသိခဲ့ကြတာလို့ သူက ပြောပါတယ်။
    Online လောင်းကစားနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို စုံစမ်းဖို့ ဆိုပြီး တစ်နိုင်ငံလုံးက မသင်္ကာစရာ ဘဏ်စာရင်း ပေါင်း ၅၀၀ ကျော်ကို တရုတ်ဗဟို အစိုးရက ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ ကစတင် ပိတ်ခဲ့ရာမှာ တရုတ်နိုင်ငံ ဘဏ်တွေမှာ ဘဏ်စာရင်း ဖွင့်ထားတဲ့ မူဆယ် အခြေစိုက် ကုန်သည်တွေရဲ့ ဘဏ်စာရင်း ၃၀၀ ကျော်လည်း အပိတ် ခံခဲ့ရ ပါတယ်။
    နောက်ပိုင်းမှာ နှစ်ဖက် တာဝန်ရှိသူတွေ ညှိနှိုင်းခဲ့ပြီး အပိတ် ခံရတဲ့ မြန်မာကုန်သည် တွေရဲ့ ဘဏ်စာရင်း ၉၀ ရာခိုင်နှုန်းကျော်ကို ပြန်ဖွင့် ပေးလိုက် တာပါ။
    အရင်က အလားတူ ဘဏ်စာရင်း အပိတ်ခံရတဲ့ အခါ အနည်းဆုံး ၆ လလောက် ကြာမှပြန်ဖွင့် ပေးလေ့ရှိပါတယ်။
    ဒီတစ်ကြိမ်မှာ တစ်ပတ်အတွင်းပြန်ဖွင့်ပေးတာက နှစ်နိုင်ငံ ပြည်သူတွေရဲ့ အကျိုးစီးပွား ထိခိုက်မှာ စိုးရိမ်မှုနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး ထိခိုက်မှာ စိုးရိမ်တဲ့ အတွက် မြန်မြန်ဆန်ဆန် ဖွင့်ပေးတာ ဖြစ်နိုင်တယ်လို့ မူဆယ် ၁၀၅ မိုင်က ကုန်သည်တစ်ယောက်ဖြစ်တဲ့ ပဲ၊ ပြောင်း၊ နှမ်းနဲ့ လယ်ယာထွက်ကုန် ကုန်စည်ဒိုင် ဒုတိယ ဥက္ကဌ ဒေါ်ဖြူဖြူက သုံးသပ် ပါတယ်။
    BBC Burmese
    http://www.bbc.com/burmese
    Thursday, June 22, 2017
    ရွှေလီရှိ ဘဏ်အကောင့်အချို့ကို ပိတ်သိမ်းထားခြင်းသည် လောင်းကစားနှိမ်နင်းမှု ဆောင်ရွက်နေခြင်းကြောင့်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနထုတ်ပြန်
    တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ရွှေလီမြို့မှာ မြန်မာနိုင်ငံသားအချို့ ဖွင့်ထားတဲ့ ဘဏ်အကောင့်တွေကို ပိတ်သိမ်းတာဟာ လောင်းကစားပြဿနာ နှိမ်နင်းနေတာကြောင့် ဖြစ်တယ်လို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇွန်(၂၂)ရက် နေ့စွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
     ဘဏ်အကောင့်တွေမှာ လောင်းကစား ကိစ္စရပ်ပါဝင်တာကြောင့် တရုတ်နိုင်ငံရဲ့ ဥပဒေအရ ပိတ်သိမ်းထားတာဖြစ်ပြီး အခုရက်ပိုင်းမှာပဲ တရုတ်နိုင်ငံလုံခြုံရေးဝန်ကြီးဌာနဟာ ယူနန်ပြည်နယ်ကလောင်းကစားဝိုင်းတွေမှာပါဝင်တဲ့ အမှုတွေကို ဖြေရှင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
    အဲဒီအပြင် တရုတ်-မြန်မာနှစ်နိုင်ငံရဲ့ လုံခြုံရေးဌာနတွေက နယ်စပ်ဖြတ်ကျော်တဲ့ တရားမ၀င်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လည်း နှစ်နိုင်ငံတာဝန်ရှိသူတွေက ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့သိရပါတယ်။ အခုလို ဘဏ်အကောင့်ပိတ်သိမ်းလိုက်တဲ့ ကိစ္စရပ်တွေကြောင့် ပုံမှန်ဆောင်ရွက်နေတဲ့ တရုတ်- မြန်မာ နယ်စပ်ဒေသရဲ့တရားဝင်ကုန်သွယ်ရေးကို ထိခိုက်မှုမရှိနိုင်ဘူး လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
    တရုတ်နိုင်ငံအစိုးရအနေနဲ့အခုကိစ္စရပ်တွေဖြေရှင်းရာမှာ မြန်မာအစိုးရနဲ့ အပြန်အလှန်အချင်းချင်းဆက်သွယ်ပူးပေါင်းဆောင်ရွက်နေပြီး အခုဖြစ်ပေါ်နေတဲ့ လောင်းကစားပြဿနာတွေကို ကောင်းမွန်စွာဖြေရှင်းနိုင်ရင် တရုတ်- မြန်မာနယ်စပ်ဒေသမှာ တည်ငြိမ်မှုတွေ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
     တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကုန်သွယ်မှု ဘဏ်စာရင်းတွေကို ယာယီပိတ် လိုက်တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ရွှေလီမြို့ ပြည်သူ့အစိုးရ ဒုတိယမြို့တော်ဝန်နဲ့ တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုအရ တရုတ်နိုင်ငံရှိ ပြည်နယ်အချို့မှာ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေနဲ့ တရားမ၀င်ငွေကြေးလွှဲပြောင်းတာတွေ ရှိနေတဲ့အတွက် တစ်ဘက်နိုင်ငံ ရွှေလီမြို့ပေါ်ရှိ ဘဏ်ခွဲတွေက ဘဏ်စာရင်း (၃၄၉) ခုကိုစစ်ဆေးဖို့ ယာယီ ပိတ်ထားခဲ့တာဖြစ်ပြီး အဲဒီယာယီပိတ်ထားတဲ့ ငွေစာရင်းတွေမှာ မြန်မာနိုင်ငံသားပိုင် ငွေစာရင်း (၁၃၂) ခုပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကို ရောက်ရှိနေတဲ့ Sky Net သတင်းအဖွဲ့က ပေးပို့တာဖြစ်ပါတယ်။
    Central News Bureau
    https://www.facebook.com/skynetcnb/
    Friday, May 26, 2017
    အမရဘဏ်ကို ဝန်ကြီးဌာန တောင်းပန်
    သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို မေလ ၂၄ ရက်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်စင်တာ ၂ မှာ တွေ့ရစဉ်။ Photo: Win Ko Ko Latt/ RFA
    ယူနိုက်တက်အမရဘဏ်မှာ ဘာသာရေးအဖွဲ့အစည်းတွေ ငွေကြေးအပ်နှံထားမှုရှိတယ်ဆိုပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က နေပြည်တော်မှာ သတင်းထောက်တွေ ကို ဖြေကြားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ယူနိုက်တက်အမရဘဏ်ဘက်ကို ဝန်ကြီးဌာနက တောင်းပန်လိုက်ပါတယ်။
    ဘာသာရေးအဖွဲ့အစည်းတွေက ယူနိုင်တက်အမရဘဏ်မှာ ငွေကျပ် သိန်း ၃၀၀၀ အပ်နှံထားတယ်ဆိုတာ စီစစ်တွေ့ရှိရတယ်လို့ ဝန်ကြီး သူရဦးအောင်ကို က နေပြည်တော်မှာကျင်းပနေတဲ့ ၂၁ ပင်လုံဖွင့်ပွဲရက်မှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
    ဝန်ကြီး ပြောကြားမှုတွေဟာ လုံးဝမှန်ကန်မှုမရှိဘူးလို့ အမရဘဏ်ဘက်က ကြေညာချက်ထုတ် ငြင်းဆိုခဲ့ ပြီး နောက်ပိုင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဘက်က ပြန်လည်တောင်းပန်ခဲ့တာလည်း ဖြစ်ပါတယ်။
    အဲဒီကိစ္စအပေါ် ယူနိုက်တက်အမရဘဏ်ကို တောင်းပန်ခဲ့ပြီး ဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာနက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
    အဲလိုဖြေကြားခဲ့ရာမှာ စိတ်ဆန္ဒစောစွာနဲ့ အမရဘဏ် အမည်ကို ဥပမာပေးခဲ့ခြင်းသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။
    ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဗဟိုဘဏ်ကတဆင့် မေးမြန်းတဲ့အခါ ဗဟိုဘဏ်က အကြောင်းပြန်ခဲ့တာကို ဝန်ကြီး သူရဦးအောင်ကို က ပြန်လည်ပြောပြခဲ့တာပါ။
    ဘာသာရေးအဖွဲ့တွေကို လှုပ်ရှားနိုင်အောင် ထောက်ပံ့တဲ့ငွေဟာ ကျပ်သန်းငါးထောင်ခန့်ရှိတယ်ဆိုပြီး သတင်းရ ထားတယ်လို့လည်း ၀န်ကြီးက ပြောခဲ့ပါတယ်။
    ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့တွေရဲ့ ဘဏ်အသီးသီးမှာ အပ်နှံငွေတွေနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ကို မေလ ၂ ရက်နေ့က သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မေးမြန်းခဲ့ပေမဲ့ ဒီနေ့အထိ သတင်းအချက်အလက် ပြန်ကြား တာ မရှိသေးဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
    RFA Burmese
    http://www.rfa.org/burmese
    Friday, May 27, 2016
    ဗဟိုဘဏ်မှ စိုက်ပျိုးစရိတ် ကျပ်ဘီလီယံ ၅၀၀ ချေးယူမှုကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်
    ချစ်မြိုင်
    Photo-BBC
    ............
    ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်ရန်လိုအပ် သော ဘဏ္ဍာငွေအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က မြန်မာနိုင်ငံဗဟိုဘဏ်မှ ငွေကျပ်ဘီလီယံ ၅၀၀ ချေးယူခွင့်နှင့်စပ်လျဉ်း၍ မေ ၂၃ ရက်နေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
    အဆိုပါ စိုက်ပျိုးစရိတ်ချေးယူခွင့်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက အကြံပြုထောက်ခံဆွေးနွေးကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ဆောင်ရွက် သွားမည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။ ယင်းသို့ဆွေးနွေးရာတွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက တောင်သူများအား စိုက်ပျိုးစရိတ်ထုတ်ချေးရန် ဗဟိုဘဏ်မှ ချေးယူမည့် ကျပ်ဘီလီယံ ၅၀၀ အတွက် ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေခြင်းနည်းလမ်းဖြင့် ဖြည့်ဆည်းရမည်ဖြစ်၍ ငွေကြေး ဖောင်းပွမှုအပေါ်တွင် ဖိအားများဖြစ်လာနိုင်ကြောင်း၊ ချေးငွေကို တောင်သူလယ်သမားများ လက်ဝယ်သို့ မှန်ကန်မြန်ဆန်စွာရောက်ရှိရေးနှင့် ယခုဘဏ္ဍာနှစ်၏ သတ်မှတ်သက်တမ်းအတွင်း ပြန်လည်ပေးဆပ်ပါက ငွေကြေးဖောင်းပွမှု လျော့နည်းမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။
    ''ဗဟိုဘဏ်က ထုတ်ချေးပေးတဲ့ ချေးငွေဖြစ်တဲ့အတွက် ငွေကြေးပမာဏကို တိုးလာစေတဲ့ တိုက်ရိုက် သက်ရောက်မှုရှိပြီးတော့ ငွေကြေးဖောင်းပွမှုအပေါ်မှာ ဖိအားများမှာဖြစ်ပါတယ်။ ဗဟိုဘဏ်က ချေးတဲ့ချေး ငွေဟာ (Printing Money) လို့ခေါ်တဲ့ ထုတ်ဝေမှုနဲ့ ဘီလီယံ ၅၀၀ ကို ဖြည့်ဆည်းပေးရမယ်ဆိုတဲ့အကြောင်း တင်ပြလိုပါတယ်။ ဒါကြောင့် ငွေကြေးဖောင်းပွမှုအပေါ်မှာ ဖိအားများမယ်ဆိုတဲ့အကြောင်း တင်ပြချင်ပါတယ်'' ဟု ဒေါ်ခင်စောဦးက ပြောသည်။
    လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒေါ်သက်သက်ခိုင်နှင့် ဦးသန်းစိုးတို့ကလည်း ဗဟိုဘဏ်မှ ထိုကဲ့သို့ ချေးငွေရယူလိုက်သဖြင့် ယင်းချေးငွေအား မည်သည့်နည်းလမ်းဖြင့် ထုတ်ချေးမည်ဆိုသည့် အကြောင်းရင်းနှင့်ဖြစ်ပေါ်လာသည့် ငွေကြေးဖောင်းပွမှုအကျိုးဆက်စသည့် ကိစ္စရပ်များကို ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးခဲ့ကြရာ ကျပ် ဘီလီယံ ၅၀၀ ထပ်မံရိုက်နှိပ်မှုကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လာခြင်းရှိ၊ မရှိ ကိစ္စသည် ပြည်သူလူထုအကြား စိုးရိမ်ပူပန်စရာကိစ္စဖြစ်လာသည်။
    မေ ၂၅ ရက် နိုင်ငံခြားငွေလဲလှယ်နှုန်းအရ အမေရိကန်တဒေါ်လာ သည် ၁၁၇၄ ကျပ် ပေါက်ဈေးရှိရာ မေ ၂၆ ရက်နေ့တွင် ၁၁၈၈ သို့ ခုန်တက်သွားသည်။ သို့ရာတွင် ဘဏ္ဍာရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်းက ''ဘီလီယံ ၅၀၀ ကို ကျွန်တော်တို့ကို ထုတ်ချေးမယ်။ အဲဒီပမာဏ အထိ ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေချေးရမယ်ဆိုတာ အပြည့်အဝမှန်ကန် မှုမရှိပါဘူး။ တကယ်လိုအပ်လို့ ချေးခဲ့ရင်တောင် ဘီလီယံ ၅၀၀ ကို တချိန်တည်း တပြိုင်တည်း ချေးယူမှုမဟုတ်ဘဲ လိုအပ်သလောက်ကိုသာ အလီလီချေးယူတဲ့ ပုံစံမျိုးနဲ့ ရယူမှာဖြစ်ပါတယ်။ ပထမတခုကို ချေးယူပြီးရင် နောက်ပြန်ဝင်လာတာနဲ့ ပြန်ထေမိတဲ့အခါ နောက်တခုထပ်လိုချင်မှ လိုတော့မှဖြစ်တယ်။ အရင်ယူ ထားတာကိုလည်း တနှစ်အတွင်း အချိန်မီ ပြန်ဆပ်နိုင်အောင်ကြိုးစားမယ်။ ဒီလိုစနစ်နဲ့သွားရင် ငွေစက္ကူတွေရိုက်နှိပ် ချေးယူရမယ်။ ငွေစက္ကူတွေ ဖောင်းပွမှုဖြစ်မယ်ဆိုတဲ့ ဖိအားတွေ စိုးရိမ်စရာ မလိုတော့ပါဘူး'' ဟု ပြောသည်။
    ဆက်လက်ပြီး ဦးမောင်မောင်ဝင်းက ''ဘီလီယံ ၅၀၀ လုံးလုံးလည်း ယူချင်မှယူဖြစ်မှာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ရဲ့အခြေအနေကို မူတည်ပြီး လုံးဝမလိုအပ်ရင် လုံးဝမယူပါဘူး။ မနှစ်ကလည်း ဗဟိုဘဏ် ကနေ ဘီလီယံ ၄၀၀ ချေးယူမယ်လို့ ကြိုတင်ညှိနှိုင်းခဲ့ပေမယ့် မယူဖြစ်ခဲ့ပါဘူး''ဟု ရှင်းပြသည်။
    ''ငွေကြေးဖောင်းပွမှုပိုမိုဆိုးရွားလာစရာအကြောင်း မရှိဘူး။ ဘတ်ဂျက်ဥပဒေမှာ အစိုးရက ကျပ် ၄ ထရီလီယံချေးခွင့်ရှိတယ်လို့ ပြောပြီးသားပါ။ အဲဒီ Limit ထဲက ဒီထက်မကျော်တဲ့အတွက် ငွေကြေး ဖောင်းပွမှုဆိုးရွားလာစရာမရှိဘူး။ နှစ်အချက်က ဗဟိုဘဏ်ကအတိုး ၄ ရာခိုင်နှုန်းနဲ့ပဲချေးမှာ။ အရင်တုန်းက မြန်မာ့စီးပွားရေးဘဏ်က ၈ ရာခိုင်နှုန်းနဲ့ ချေးတယ်။ ၈ ရာခိုင်နှုန်းမှာ စိုက်ဘဏ်က ၄ ရာခိုင်နှုန်း တင်လိုက်တယ်။ ကျေးရွာဘဏ်က ၂ ရာခိုင်နှုန်း အတိုးတင်လိုက်တယ်။ လယ်သမားက ၁၄ ရာခိုင်နှုန်းအတိုးပေးရတယ်။ လယ်သမားကအရမ်း နစ်နာတယ်။ အခု ဗဟိုဘဏ်က လုပ်ခြင်းအားဖြင့် လယ်သမားက အတိုး ၄ ရာခိုင်နှုန်း သက်သာသွားမယ်။ လယ်သမားတွေအတွက် ကောင်းတယ်။ အရင်တုန်းက မြန်မာ့စီးပွားရေးဘဏ်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ၄ ရာခိုင်နှုန်းနဲ့ ချေးနေရတယ်။ ဒါတွေကို စိစစ်ပြီးပေးနိုင်ရင်တော့ အခြေအနေကောင်းသွားမယ်။ ငွေဖောင်းပွမှု ဆိုးရွားစွာသက်ရောက်မှု မရှိဘူး'' ဟု စီးပွားရေးပညာရှင်တဦးက သုံးသပ်ပြသွားသည်။
    ချစ်မြိုင်
    Photo-BBC
    News Watch(စောင့်ကြည့်သတင်းဂျာနယ်)
    https://www.facebook.com/NewsWatchJournal
    Friday, March 4, 2016
    ဒေါ်လာဈေးအကျကြမ်းမှု ဗဟိုဘဏ်စောင့်ကြည့် ထိန်းသိမ်းရန်လိုအပ်ကြောင်းဆို
    ရန်ကုန်မြို့ရှိ ငွေလဲလှယ်ရေး ဈေးကွက်တစ်ခုတွင် အမေရိကန်ဒေါ်လာများ လဲလှယ်နေစဉ် (ဆင်ဟွာ)
        ဒေါ်လာဈေးနှုန်းများ တစ်ဒေါ်လာလျှင် ကျပ်၁၂၄၇ မှ ကျပ် ၁၂၀၀ အောက်အထိ ကျဆင်းသွားပြီး အတက်အကျကြမ်းသည့် အတွက် ဗဟိုဘဏ်ဘက်မှ စောင့်ကြည့် ထိန်းသိမ်းရန်လိုအပ်ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ ဦးသန်းလွင်က ဆင်ဟွာကိုပြောသည်။
    ယနေ့မတ်လ၄ရက်နေ့တွင် ဒေါ်လာဈေးသည် နံနက်ဘက်တွင် ကျပ် ၁၂၁၀ လောက်မှ ၁၁၈၅ ကျပ် အထိ အနိမ့်ဆုံး ကျဆင်းခဲ့ပြီး ညနေ ၅ နာရီ ခန့်တွင် တစ်ဒေါ်လာကို ၁၂၀၅ ကျပ်အထိ ဈေးပြန်မြင့်လာခဲ့သည်။ ဗဟိုဘဏ် မှ ယနေ့တစ်ဒေါ်လာပေါက်ဈေး ကျပ် ၁၂၃၄ ဖြင့် ဈေးဖွင့်ခဲ့သည်။
    ဦးစန်းဝင်းက “ဈေးကတော့ ထပ်မကျနိုင်ဘူးထင်တယ်။ ညနေဈေးပြန်တက်ရတာကလည်း အိတ်စပို့သမားတွေ ကလုံးဝမကိုက်တော့ ထုတ်မရောင်းကြတော့ဘူး။ အဲ့ဒီ့မှာ ဈေးက နည်းနည်းပြန်တက်လာတာ’’ ဟုပြောသည်။
    (Xinhua)
    ..................
    ထိုင်းနိုင်ငံ လက်နက်အရောင်းဆိုင်အား အာရှ နိုင်ငံသား  ရန်ကုန်မြို့ရှိ ငွေလဲလှယ်ရေး စျေးကွက်တစ်ခုတွင် အမေရိကန်ဒေါ်လာများ လဲလှယ်နေစဉ် (ဆင်ဟွာ)
        ရန်ကုန်၊မတ် ၄ ရက် (ဆင်ဟွာ)
        ဒေါ်လာစျေးနှုန်းများ တစ်ဒေါ်လာလျှင် ကျပ်၁၂၄၇ မှ ကျပ် ၁၂၀၀ အောက်အထိ ကျဆင်းသွားပြီး အတက်အကျကြမ်းသည့် အတွက် ဗဟိုဘဏ်ဘက်မှ စောင့်ကြည့် ထိန်းသိမ်းရန်လိုအပ်ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ ဦးသန်းလွင်က ဆင်ဟွာကိုပြောသည်။
    ဦးသန်းလွင်က “ကမ္ဘာမှာလည်းဒေါ်လာစျေးက ကျနေတယ်။ မြန်မာမှာတော့ ကောလဟာလ တွေပါရှိတော့ စျေးက ပိုကျသွားတယ်။ ဒီလိုအနေအထားမှာ ဗဟိုဘဏ်က ထိန်းကျောင်းပေးဖို့ လိုအပ်တယ်။ ဒေါ်လာစျေးအရမ်းကျရင် ဗဟိုဘဏ်က လိုက်ဝယ်ပေးတာမျိုး ၊ ဒေါ်လာစျေးအရမ်းတက်ရင် ဗဟိုဘဏ်က ထုတ်ရောင်းတာမျိုးလုပ်သင့်တယ်။ ဗဟိုဘဏ်က စျေးကွက်ထဲဝင်လာရင်တော့ အတက်အကျကြမ်းတာ တွေက ရပ်တန့်သွားမှာ ဖြစ်တယ်’’ ဟုပြောသည်။
    ၄ရက်အတွင်း ဒေါ်လာစျေးက တစ်ဒေါ်လာလျှင် ၁၂၄၇ ကျပ် မှ ၁၁၈၅ ကျပ် လောက် အထိ အနိမ့်ဆုံးကျဆင်းခဲ့ခြင်း ဖြစ်သည်။
    ဒေါ်လာ စျေးကွက်ကို စောင့်ကြည့်လေ့လာသူဦးစန်းဝင်းက “ ဒီနေ့ကျတာကတော့ အကြမ်းဆုံးပဲ။ ဗဟိုဘဏ်ကတော့ ပုဂ္ဂလိကဘဏ်တွေကို ခေါ်တွေ့တယ်လို့ကြားတယ်။ တကယ်ကတော့ အခုလို အတက်အကျကြမ်းတဲ့ အချိန် ဗဟိုဘဏ်အနေနဲ့ ပြင်ပပေါက်စျေးကို မျက်ခြည်ပြတ်မခံပဲ ထိန်းကျောင်း ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။’’ ဟုပြောသည်။
    ယနေ့မတ်လ၄ရက်နေ့တွင် ဒေါ်လာစျေးသည် နံနက်ဘက်တွင် ကျပ် ၁၂၁၀ လောက်မှ ၁၁၈၅ ကျပ် အထိ အနိမ့်ဆုံး ကျဆင်းခဲ့ပြီး ညနေ ၅ နာရီ ခန့်တွင် တစ်ဒေါ်လာကို ၁၂၀၅ ကျပ်အထိ စျေးပြန်မြင့်လာခဲ့သည်။ ဗဟိုဘဏ် မှ ယနေ့တစ်ဒေါ်လာပေါက်စျေး ကျပ် ၁၂၃၄ ဖြင့် စျေးဖွင့်ခဲ့သည်။
    ဦးစန်းဝင်းက “စျေးကတော့ ထပ်မကျနိုင်ဘူးထင်တယ်။ ညနေစျေးပြန်တက်ရတာကလည်း အိတ်စပို့သမားတွေ ကလုံးဝမကိုက်တော့ ထုတ်မရောင်းကြတော့ဘူး။ အဲ့ဒီ့မှာ စျေးက နည်းနည်းပြန်တက်လာတာ’’ ဟုပြောသည်။
    (Xinhua)
    http://www.xinhuamyanmar.comငါးဦး ၀င်ရောက်လုယက်